မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ မတ် ၂၀ ရက်၊ ၂၀၁၂
တောင်းဆိုချက်များ ရမှသာ မိမိနိုင်ငံသို့ပြန်မည်ဟု ဒုက္ခသည်များပြော
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် နေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည်များ အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ ရရှိမှ သာ မြန်မာနိုင်ငံသို့ ပြန်သွားမည် ဖြစ်ကြောင်း “နော်ယာပါရာ” ဒုက္ခသည် စခန်းတွင် နေထိုင်သူ ဒုက္ခသည် ခေါင်းဆောင် တဦး က ပြောသည်။
“ကျနော်တို့ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယာယီခိုလှုံရန် အတွက် လာခြင်း ဖြစ်ပါတယ်။ အမြဲတန်း နေထိုင်ရန် လာခြင်း မဟုတ၊် နိုင်ငံရေးအခြေအနေ ကောင်းမယ်ဆိုရင် ပြန်သွားမှာဖြစ်တယ်” ဟု ပြောသည်။
နေရပ်သို့ ပြန်သွားနိုင်ရန် အချက် ၄ ချက်ပါဝင်သော တောင်းဆိုချက် တခုကို ဒုက္ခသည်များက တောင်းဆို ထားသည်။၎င်းတောင်းဆိုချက်များမှာ နိုင်ငံသားရပိုင်ခွင့်၊ နိုင်ငံသားနှင့် တိုင်းရင်းသားဖြစ်မှု၊ အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်ရရှိရေး၊ ရိုဟင်ဂျာလူမျိုးများအား ကွက်ပြီး ဖိနှိပ် ချုပ်ချယ်မှုကို ရုပ်သိမ်း ပေးရန် နှင့် ဆုံးရှုံးခဲ့သော ပစ္စည်းပစ္စယများ အတွက် လျော်ကြေး ပေးရန်တို့ ဖြစ်သည်။
အကယ်၍ အထက်တွင် ဖော်ပြထားသော အချက်လက်များကို ဖြည့်စွက်ပေးခြင်း မရှိပဲ အတင်းအဓမ္မ နေရပ်သို့ပြန်ပို့မည် ဆိုပါက ဒုက္ခသည်များ အနေဖြစ် စခန်း မှ ထွက်ခွါ သွားရန်သာ ရှိကြောင်း ဒုက္ခသည် စခန်း မှ တာဝန်ရှိသူ တဦးကပြောသည်။
မတ်လ (၁၃) ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ စားနပ်ရိက္ခာ နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ၀န်ကြီး မူဟာမတ်အဒူရာဇက်သည် ဥပရောပနိုင်ငံများဆိုင်ရာ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ EskoKentrschynshyi နှင့် တွေ့ဆုံခဲ့ပြီး ဒုက္ခများကို နေရပ်သို့ ပြန်လည် ပို့ဆောင်ရေးတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။
ဝန်ကြီးမှ ဒုက္ခသည် စခန်း ၂ ခုဖြစ်သော ကူတူးပါလောင် နှင့် နော်ယါပါရာ စခန်းနှစ်ခုတွင် ဒုက္ခသည် စုစုပေါင်း ၂၄၀၀၀ ရှိပြီး ဒုက္ခသည် စခန်းအနီး တ၀ိုက် နှင့် ဘင်္ဂလား- မြန်မာ နယ်စပ်တလျှောက်တွင် ၄င်း၊ တခြား ဘင်္ဂလားဒေရှ့်နေရာ အနှံ့အပြားတွင် ၄င်း၊ ၃ သိန်းမှ ၄ သိန်းအထိ နေထိုင် နေကြောင်း၊ ၄င်းတို့ကြောင့် မလိုလားအပ်သော လူမှုရေး ပြသနာများ ဖြစ်ပေါ်နေကြောင်း၊ စီးပွားရေးအရ လည်း ထိခိုက် နှစ်နာနေကြောင်း ပြောခဲ့သည်။ဝန်ကြီး၏ မေးခွန်း နှင့် ပတ်သတ်ပြီး EU အဖွဲ့က ဖြေကြားခဲ့သည်မှာ ရိုဟင်ဂျာ ဒုက္ခသည်များ မိမိနေရပ် သို့ ပြန်သွားရန် အတွက် Euro ယူရို သန်း ၁၀၀ ကိုအကူညီပေးမည် ဖြစ်ကြောင်းပြောဆိုသည်။
မြန်မာ အစိုးရ၏ နှိပ်စက်ဖိနှိပ် မှုကြောင့် ၁၉၉၀ ခုနှစ်မှစ၍ ထွက်ပြေးလာသည့် ဒုက္ခသည်များအား လူမှုရေး အရ ဆောင်ရွက် ပေးနေသော NGOs များကိုလည်း အကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ ယင်းအကူညီ ကို ဒုက္ခသည်များ၏ အခြေအနေကို လေ့လာစုံစမ်းပြီးမှသာ ပေးခဲ့ခြင်းဖြစ်သည်။
ဘင်္ဂါလာအစိုးရ၏ ပေါ်လစီမှာ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ပြန်ရန် အားပေးကူညီသည့် NGOs များကို သာ ဒုက္ခသည်စခန်း များတွင် သွားရောက် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်သော်လည်း၊ ၎င်း NGO များသည် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ၏ ခွင့်ပြုချက်များဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။
ဆက်လက်ပြီး ဒုက္ခသည်များ အရေးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးနေကြောင်း ၊ NGOs များ၏ ဒုက္ခသည်စခန်းများအတွင်း လုပ်ဆောင်ချက်များကို ကန့်သတ်ထားခြင်းမှာ နောက်ထပ်ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ၀င်ရောက်ခြင်းကို အားမပေး စေလိုကြောင်း ၎င်းဝန်ကြီးကပင် ပြောပြသည်။
အစည်းအဝေး တက်ရောက်သော ဥရောပနိုင်ငံများ အဖွဲ့တွင် စုစုပေါင်းပုဂ္ဂိုလ် ၇ ဦးပါဝင်ပြီး ဥရောပနိုင်ငံများ ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင် William, သံမှူး Fabrizir Senesi,လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအဖွဲ့ တာဝန်ခံ David Hill, အထူးကျွမ်းကျင်သူများ ဖြစ်ကြသော Oliver Brouant, Abdul Awal နှင့် Christopher Gadrey တို့ ပါဝင်သည်။
ဘင်္ဂါလာဒေရှ် နိုင်ငံ ၊ နေရာချထားရေး နှင့် ဒုက္ခသည်များဆိုင်ရာ ကော်မီရှင်အဖွဲ့ဝင် ဆာလာယုဒ္ဒိန် က မူ “ဒုက္ခသည်များကို ယခု နေရပ်သို့ ပြန်ပို့ရန် အစိုးရ၏ စီစဉ်နေခြင်းကို မသိရသေးကြောင်း၊ အကယ်၍ ပြန်ပို့မည်ဆိုပါက အတင်းအဓမ္မ ပို့မည်မဟုတ်ကြောင်း၊ ဒုက္ခသည်များ၏ ၆၀ ရာခိုင်းနှုန်းမှာ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သည့် ကလေးများသာဖြစ်ကြောင်း၊ ဒုက္ခသည်များ မိမိနိုင်ငံသို့ ပြန်သွားမည်ဆိုပါက ကလေးများ အတွက် ကောင်းမွန်မည်သာဖြစ်တယ်” ဟုပြောသည်။
ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၂၃ နှစ် ကြာသွားပြီးဖြစ်သည်။
“ကျနော်တို့ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယာယီခိုလှုံရန် အတွက် လာခြင်း ဖြစ်ပါတယ်။ အမြဲတန်း နေထိုင်ရန် လာခြင်း မဟုတ၊် နိုင်ငံရေးအခြေအနေ ကောင်းမယ်ဆိုရင် ပြန်သွားမှာဖြစ်တယ်” ဟု ပြောသည်။
နေရပ်သို့ ပြန်သွားနိုင်ရန် အချက် ၄ ချက်ပါဝင်သော တောင်းဆိုချက် တခုကို ဒုက္ခသည်များက တောင်းဆို ထားသည်။၎င်းတောင်းဆိုချက်များမှာ နိုင်ငံသားရပိုင်ခွင့်၊ နိုင်ငံသားနှင့် တိုင်းရင်းသားဖြစ်မှု၊ အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်ရရှိရေး၊ ရိုဟင်ဂျာလူမျိုးများအား ကွက်ပြီး ဖိနှိပ် ချုပ်ချယ်မှုကို ရုပ်သိမ်း ပေးရန် နှင့် ဆုံးရှုံးခဲ့သော ပစ္စည်းပစ္စယများ အတွက် လျော်ကြေး ပေးရန်တို့ ဖြစ်သည်။
အကယ်၍ အထက်တွင် ဖော်ပြထားသော အချက်လက်များကို ဖြည့်စွက်ပေးခြင်း မရှိပဲ အတင်းအဓမ္မ နေရပ်သို့ပြန်ပို့မည် ဆိုပါက ဒုက္ခသည်များ အနေဖြစ် စခန်း မှ ထွက်ခွါ သွားရန်သာ ရှိကြောင်း ဒုက္ခသည် စခန်း မှ တာဝန်ရှိသူ တဦးကပြောသည်။
မတ်လ (၁၃) ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ စားနပ်ရိက္ခာ နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ၀န်ကြီး မူဟာမတ်အဒူရာဇက်သည် ဥပရောပနိုင်ငံများဆိုင်ရာ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ EskoKentrschynshyi နှင့် တွေ့ဆုံခဲ့ပြီး ဒုက္ခများကို နေရပ်သို့ ပြန်လည် ပို့ဆောင်ရေးတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။
ဝန်ကြီးမှ ဒုက္ခသည် စခန်း ၂ ခုဖြစ်သော ကူတူးပါလောင် နှင့် နော်ယါပါရာ စခန်းနှစ်ခုတွင် ဒုက္ခသည် စုစုပေါင်း ၂၄၀၀၀ ရှိပြီး ဒုက္ခသည် စခန်းအနီး တ၀ိုက် နှင့် ဘင်္ဂလား- မြန်မာ နယ်စပ်တလျှောက်တွင် ၄င်း၊ တခြား ဘင်္ဂလားဒေရှ့်နေရာ အနှံ့အပြားတွင် ၄င်း၊ ၃ သိန်းမှ ၄ သိန်းအထိ နေထိုင် နေကြောင်း၊ ၄င်းတို့ကြောင့် မလိုလားအပ်သော လူမှုရေး ပြသနာများ ဖြစ်ပေါ်နေကြောင်း၊ စီးပွားရေးအရ လည်း ထိခိုက် နှစ်နာနေကြောင်း ပြောခဲ့သည်။ဝန်ကြီး၏ မေးခွန်း နှင့် ပတ်သတ်ပြီး EU အဖွဲ့က ဖြေကြားခဲ့သည်မှာ ရိုဟင်ဂျာ ဒုက္ခသည်များ မိမိနေရပ် သို့ ပြန်သွားရန် အတွက် Euro ယူရို သန်း ၁၀၀ ကိုအကူညီပေးမည် ဖြစ်ကြောင်းပြောဆိုသည်။
မြန်မာ အစိုးရ၏ နှိပ်စက်ဖိနှိပ် မှုကြောင့် ၁၉၉၀ ခုနှစ်မှစ၍ ထွက်ပြေးလာသည့် ဒုက္ခသည်များအား လူမှုရေး အရ ဆောင်ရွက် ပေးနေသော NGOs များကိုလည်း အကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ ယင်းအကူညီ ကို ဒုက္ခသည်များ၏ အခြေအနေကို လေ့လာစုံစမ်းပြီးမှသာ ပေးခဲ့ခြင်းဖြစ်သည်။
ဘင်္ဂါလာအစိုးရ၏ ပေါ်လစီမှာ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ပြန်ရန် အားပေးကူညီသည့် NGOs များကို သာ ဒုက္ခသည်စခန်း များတွင် သွားရောက် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်သော်လည်း၊ ၎င်း NGO များသည် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ၏ ခွင့်ပြုချက်များဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။
ဆက်လက်ပြီး ဒုက္ခသည်များ အရေးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးနေကြောင်း ၊ NGOs များ၏ ဒုက္ခသည်စခန်းများအတွင်း လုပ်ဆောင်ချက်များကို ကန့်သတ်ထားခြင်းမှာ နောက်ထပ်ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ၀င်ရောက်ခြင်းကို အားမပေး စေလိုကြောင်း ၎င်းဝန်ကြီးကပင် ပြောပြသည်။
အစည်းအဝေး တက်ရောက်သော ဥရောပနိုင်ငံများ အဖွဲ့တွင် စုစုပေါင်းပုဂ္ဂိုလ် ၇ ဦးပါဝင်ပြီး ဥရောပနိုင်ငံများ ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင် William, သံမှူး Fabrizir Senesi,လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအဖွဲ့ တာဝန်ခံ David Hill, အထူးကျွမ်းကျင်သူများ ဖြစ်ကြသော Oliver Brouant, Abdul Awal နှင့် Christopher Gadrey တို့ ပါဝင်သည်။
ဘင်္ဂါလာဒေရှ် နိုင်ငံ ၊ နေရာချထားရေး နှင့် ဒုက္ခသည်များဆိုင်ရာ ကော်မီရှင်အဖွဲ့ဝင် ဆာလာယုဒ္ဒိန် က မူ “ဒုက္ခသည်များကို ယခု နေရပ်သို့ ပြန်ပို့ရန် အစိုးရ၏ စီစဉ်နေခြင်းကို မသိရသေးကြောင်း၊ အကယ်၍ ပြန်ပို့မည်ဆိုပါက အတင်းအဓမ္မ ပို့မည်မဟုတ်ကြောင်း၊ ဒုက္ခသည်များ၏ ၆၀ ရာခိုင်းနှုန်းမှာ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သည့် ကလေးများသာဖြစ်ကြောင်း၊ ဒုက္ခသည်များ မိမိနိုင်ငံသို့ ပြန်သွားမည်ဆိုပါက ကလေးများ အတွက် ကောင်းမွန်မည်သာဖြစ်တယ်” ဟုပြောသည်။
ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၂၃ နှစ် ကြာသွားပြီးဖြစ်သည်။
Source :KPN
ဘင်္ဂလီတွေ မြန်မာပြည်ထဲတောင်မကဘူး... လွတ်တော်ထဲတောင် ဝင်ရောက် နေရာယူနေကြပြီ...by Ray Lynn
သို့ဥက္ကဌပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နေပြည်တော်
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊မတ်လ(၁၄)ရက်
အကြောင်းအရာ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆(က) (၄)ပါ ပြဌာန်းချက်များနှင့် ငြိစွန်းသည် လွှတ်တော်ကိုယ်စားလှယ်များ အား တာဝန်များမှ ပြန်လည် ရုပ်သိမ်းပေးပါရန် ပုဒ်မ ၃၉၆ (ခ)ပါ ပြဌာန်းချက် အရ တင်ပြလျှောက်ထားခြင်း။
မောင်တောမြို့နယ် မဲဆန္ဒရှင် စုစုပေါင်း (၂၅၇၄၄၁)၏ ၁%ရာခိုင်နှုန်းကျော်ဖြစ်သော ပူးတွဲစာရင်း၌ လက်မှတ်ရေးထိုးထားသည့် ပုဂ္ဂိုလ်များက အောက်ပါအတိုင်း လေးစားစွာ တင်ပြလျှောက်ထားအပ်ပါသည်။
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၂၀(ခ)၊ ပုဒ်မ-၁၅၂(ခ)နှင့် ပုဒ်မ-၁၆၉ (က)တို့တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ပတ်သက်၍ ‘‘နိုင်ငံသားမိဘ နှစ်ပါး မှ မွေးဖွါးသော နိုင်ငံသားဖြစ်သူ’’ ဖြစ်ရမည်ဟု ပြဌာန်းထားပါသည်။ သို့ရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၁၀ (င)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀(င)၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၀(င)တို့တွင်‘‘မွေးဖွါးစဉ်ကနိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ နှစ်ပါးစလုံးမှ ဖြစ်စေ မွေးဖွါးသည့် နိုင်ငံသား’’ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ကန့်သတ်ထားပါသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲကျင်းပချိန်တွင် ရွေးကောက်ခံသူသည်နှင့် ၎င်း၏မိဘနှစ်ပါးစလုံး သည် တနည်းနည်းဖြင့် နိုင်ငံသားများအဖြစ် ရရှိနေစေကာမူရွေးကောက်ခံသူမွေးဖွါးသည့်အချိန်ကရွေးကောက်ခံသူ ၏ မိဘတစ်ပါးပါးသည်နိုင်ငံသားအဖြစ်သို့မရောက်သေးပါကရွေးကောက်ခံပိုင်ခွင့်မရှိကြောင်းပြဌာန်းထားခြင်းဖြစ်ပါသည်။
၂။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၃တွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်။ ‘‘နိုင်ငံတော် တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ် ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ ချင်း၊ဗမာ၊ မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။’’
အထက်ပါပြဌာန်းချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၀န်ကြီးအဖွဲ့ မှ (၂၀-၉-၁၉၈၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ ၁၃/၈၃အရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်း (နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း)အပိုဒ်(၄)တွင် ‘‘၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ထိုကာလနောက်ပိုင်းတွင်နိုင်ငံခြားသားအများအပြားနိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထိုင်လာခဲ့ ကြသည်။ထို့ကြောင့်မြန်မာသက္ကရာဇ်၁၁၈၅-ခုနှစ်၊ခရစ်သက္ကရာဇ်၁၈၂၃ခုနှစ်မတိုင်မီကာလကိုပိုင်းခြား သတ်မှတ်ခြင်း ဖြစ်သည် ’’ ဟုထပ်ဆင့် ရှင်းလင်းထားပါသည်။ ထိုဥပဒေပုဒ်မ - ၅ အရတိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည် လည်းကောင်း မွေးရာပါ နိုင်ငံသားများဖြစ်ကြပါသည်။
၃။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၃တွင် ဖော်ပြထားသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စု မဟုတ်သော လူမျိုးများသည် လူမျိုးအရ မြန်မာနိုင်ငံသားများမဟုတ်ပါ။ ထိုအခြားလူမျိုးများအနေဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ-၁၁(ဃ)အရ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ပြစ်မှုအက်ဥပဒေ၊ ၁၉၄၈ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသား (ရွေးချယ်ရေး)အက်ဥပဒေများနှင့် အညီသာလျှင် ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်နိုင်ငံသားအဖြစ်ကိုရခွင့်ရှိကြပါသည်။ထိုဥပဒေများနှင့်ညီညွတ်သူများသည်ပင်လျှင်၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသား ဥပဒေ အာဏာတည်ပြီးနောက်တွင်ပုဒ်မ-၂၃အရဧည့်နိုင်ငံသားအဖြစ်ကိုသာ ရရှိကြမည်ဖြစ်ပါသည်။
၎။ အထက်ပါ တင်ပြချက်များအရ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသော ‘‘ဘင်္ဂလီ’’လူမျိုးများ သည် လူမျိုးအရ နိုင်ငံသားများမဟုတ်ကြောင်း ထင်ရှားနေပါသည်။ ထို ဘင်္ဂလီလူမျိုးများအနေဖြင့် နိုင်ငံသားအဖြစ် ရယူလိုပါက အပိုဒ်(၃)ပါ ဥပဒေပြဌာန်းချက်များနှင့်အညီသာလျှင် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
၅။ ထို ဘင်္ဂလီတချို့က ၎င်းတို့သည် နှစ်ပေါင်း ထောင်နှင့်ချီ၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်လာကြသော ‘‘ရိုဟင်ဂျာ’’လူမျိုး မြန်မာတိုင်းရင်းသားဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံများတွင်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း၌လည်း ကောင်း သမိုင်းလိမ်ဖြင့် ၀ါဒဖြန့်ချိတင်ပြနေကြပါသည်။ ထိုကိစ္စကို လူကြီးမင်းတို့က မျက်စိကြီး နားကြီးဖြစ်၍ ပိုမိုသိရှိ ကြလိမ့်မည်ဟု ယုံကြည်သဖြင့် အကျယ်ချဲ့၍ တင်ပြခြင်း မပြုလိုတော့ပါ။ သို့သော် ထိုသမိုင်းလိမ်ကိစ္စသည် ရခိုင်တိုင်း ရင်းသားများနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မြန်မာနိုင်ငံတော်တစ်ခုလုံး၏ အချုပ်အခြာအာဏာကို ထိပါးနေ သည့် ကိစ္စတရပ်ဖြစ်ကြောင်း လေးနက်စွာ တင်ပြလိုပါသည်။
၆။ ‘‘ရိုဟင်ဂျာ’’လူမျိုးဆိုသည်ကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၄ အရ တိုင်းရင်းသားမျိုးနွယ် စုဖြစ်သည်ဟု ကြေငြာဆုံးဖြတ်ထားခြင်း မရှိပါ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကလည်း မြန်မာနိုင်ငံအတွင်း၌ ‘‘ရိုဟင်ဂျာ’’ဟု ခေါ်သော တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ အတိအလင်း ကြေငြာခဲ့ပြီး ဖြစ်ပါသည်။
၇။ သို့ပါလျှက် ဘင်္ဂလီလူမျိုးများဖြစ်ကြသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်တို့က ‘‘ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးများ’’ကို တိုင်းရင်းသားနိုင်ငံသားများသို့ ထုတ်ပေးနိုင်သည့် နိုင်ငံသား စိစစ်ရေးကဒ်(ပန်းရောင်)ကို ထုတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးကော်မတီ ဒုဥက္ကဌထံသို့ (၁၁-၂-၂၀၁၂)ရက်စွဲပါ စာဖြင့် တင်ပြတောင်းဆို ဖော်ပြသည်ဟု သိရှိ ရပါသည်။
၈။ ရခိုင်ပြည်နယ်မောင်တော မဲဆန္ဒနယ်မှ-(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်သည် ယခုအခါ နိုင်ငံသား စီစစ်ရေးကဒ်ပြား အမှတ် ၁၂/ပဘတ(နိုင်)၀၂၉၉၅၁ ကိုင်ဆောင်ထားသော်လည်း ၎င်း၏ မိဘများဖြစ်သော ဘင်္ဂလီလူမျိုး(ဘ)ဦးနူရ်အာလမ်(၁၁/မတန(ယ)၀၉၂၂၂၆)နှင့် (အမိ) ဒေါ်ခေါ်တီဇာ (၁၁/မတန(ယ)၀၉၂၂၂၈)တို့မှမောင်တောမြို့နယ်၊ငါးခူရကျေးရွာတွင်(၂၉-၅-၁၉၆၄)နေ့ မွေးဖွါးခဲ့သူ ဖြစ်ပါသည်။၎င်းသည်တရားဥပဒေနှင့်အညီ မဟုတ်ဘဲ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အိမ်အမှတ် (၆)၊ အခန်း (၉)သို့ရောက်ရှိနေထိုင်လျှက်ရှိပြီးနိုင်ငံသားစီစစ်ရေးကဒ်ပြားကို တနည်းနည်း ဖြင့်ရယူထားသူသာဖြစ်ပါသည်။မည်သို့ပင်ဆိုစေ၎င်း၏မိဘများသည်ယခုတိုင်၁၁/မတန(ယ)ကိုသာ ရရှိထားသူများ ဖြစ်သဖြင့်နိုင်ငံသားမဟုတ်သူများ ဖြစ်ကြပါသည်။
(၂) မောင်တောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်း(ခ)ဇာယာဒ်ရော်မန် သည် ယခင်က အမျိုးသားမှတ်ပုံတင်လက်မှတ်များကိုင်ဆောင်ကြသည့်ဘင်္ဂလီလူမျိုး (ဘ) ဦးအိုဆီဒူရော်မံ (AK၀၄၇၂၇၇)နှင့်(အမိ)ဒေါ်ဇီနူဘာဟာရ်(AK၁၀၈၃၆၈)တို့မှမောင်တောမြို့နယ်၊ ဟာဘီကျေးရွာတွင် (၃-၄-၁၉၆၂)ခုတွင် မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ယခင်အမျိုးသားမှတ်ပုံတင်အမှတ်မှာ (MDW ၂၄၇၄၇၇)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)များကို ကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများ မဟုတ်ပါ။ သို့ရာတွင် တနည်းနည်းဖြင့် အမှတ်(၂၆)၊ ၆ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ နေထိုင်ခွင့် ရရှိနေပါသည်။
(၃) မောင်တောမြို့နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း(ခ)ဇာဟိန်းဂိရ် သည် ဘင်္ဂလီလူမျိုး (အဖ)ဦးရော်ရှီးအာမတ် (AK၀၁၅၆၁၈)နှင့် (အမိ)ဒေါ်ဒူဘာဟာရ် (AK ၀၁၅၆၁၉) တို့မှ မောင်တောမြို့နယ်၊စံပါယ်ကုန်းကျေးရွာတွင်(၂-၆-၁၉၅၀)နေ့၌ မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ ယခင်အမျိုးသားမှတ်ပုံတင်ကဒ်ပြားအမှတ်မှာ (AK 195265)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)ကို ကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများမဟုတ်ပါ။
၉။ ၁၉၄၉-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေတို့အရ ယခင်က ထုတ်ပေးခဲ့သော အမျိုးသားမှတ်ပုံတင်ကဒ်ပြားသည် ‘‘မည်သူ မည်ဝါ ဖြစ်ကြောင်း’’သက်သေခံအတွက်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ သား အဖြစ်အသိအမှတ်ပြု၍ ထုတ်ပေးခဲ့ခြင်းမဟုတ်ပါ။ ထို့အပြင်ဧည့်နိုင်ငံသားအဖြစ်သို့ပင် မရောက် ရှိသေးပါ။ အထက်ပါပုဂ္ဂိုလ်များအနေဖြင့်အထက်အပိုဒ်(၃)တွင်တင်ပြခဲ့သောဥပဒေများအရနိုင်ငံသားအဖြစ်ကို ရရှိထားသူများ လည်း မဟုတ်ကြပါ။ ထိုပုဂ္ဂိုလ် သုံးဦး၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်နေမှုသည် အထက် အပိုဒ်(၁)တွင် တင်ပြခဲ့သော ဥပဒေများနှင့် ငြိစွန်းနေသူများသာ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၁၀။ မြန်မာနိုင်ငံသားဖြစ်မှုသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်နေသဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး ၏ အကျိုးအတွက်သော် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခု၏ အကျိုးအတွက်သော် လည်းကောင်း၊ အလွဲအသုံးပြု ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့်စပ်လျဉ်း၍ အလွန်အန္တရာယ်များသော ဆောင်ရွက်ချက် တရပ်ဖြစ်ပါသည်။ ယခုပင်လျှင် နိုင်ငံတော်၏ တရားဝင်ရပ်တည်ချက်ကို မျက်ကွယ်ပြုပြီး မရှိသော လူမျိုးတစ်မျိုးကို ဖန်တီးလျက် ပြည်သူ့လွှတ်တော်သို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်တင်ပြလာနေကြပြီ ဖြစ်ပါသည်။
၁၁။ ယခုအခါ မည်သည့် (လ၀က)ဌာနကမှ မိမိတို့ကိုယ်ကို ‘‘ရိုဟင်ဂျာ’’လူမျိုးဖြစ်ကြောင်း ဖော်ပြလျှောက် ထားသူကို (ယ)ဖြစ်စေ (ဧည့်)ဖြစ်စေ (နိုင်)ဖြစ်စေလျှောက်ထားသော လျှောက်လွှာတွင် (ဘင်္ဂလီ)လူမျိုးဖြစ်ကြောင်း ဖော်ပြထားသူများက မိမိတို့သည် (ဘင်္ဂလီ)လူမျိုးမဟုတ်ဘဲ (ရိုဟင်ဂျာ) လူမျိုးဖြစ်သည်ဟု တင်ပြလာခြင်းမှာ သက်ဆိုင်ရာဌာနကိုလိမ်လည်ခြင်း၊မထီမဲ့မြင်ပြုခြင်းများပြုရာရောက်နေသည့်အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၉၆ (က) (ခ)ပါနိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ရာလည်းရောက်ပါသည်။
ထို့ကြောင့် အထက်ပါလွှတ်တော်ကိုယ်စားလှယ်(၃)ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၉၆ (က)(၄) နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်တာဝန်များမှပြန်လည်ရုတ်သိမ်းပေးပါရန်၊ ပုဒ်မ-၃၉၆(ခ) အရပူးတွဲပါ မောင်တောမြို့နယ်မဲဆန္ဒရှင်များကလျှောက်ထားတင်ပြအပ်ပါသည်။
(မူရင်းရေးထိုးထားသော လက်မှတ်များကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ပေးပို့ထားပြီးဖြစ်သည်)
လေးစားစွာဖြင့် မောင်တောမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ
ကာချုပ် မင်းအောင်လှိုင်တစ်ယောက် မိန့်ခွန်းပြောပါလိမ့်မယ်
ဒီနှစ် တပ်မတော်နေ့ (တော်လှန်ရေးနေ့) မှာ ကာချုပ် မင်းအောင်လှိုင်တစ်ယောက် မိန့်ခွန်းပြောပါလိမ့်မယ် ။ အဲဒီမိန့်ခွန်း နဲ့ ဟိုတလောက ဦးသိန်းစိန်ပြောသွားတဲ့ တစ်နှစ်ပြည့် မန့်ခွန်းကို ယှဉ်ကြည့်ပြီး တိုင်းရေးပြည်ရေး မိုးလေ၀သကို ခန့်မှန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီကာချုပ်မင်းအောင်လှိုင်က အဲဒီ ၂၇ ရက်နေ့မှာ ပြောမယ့်မိန့်ခွန်းကို သူကိုယ်တိုင် ရေးမှာလား။ သူများကို ရေးခိုင်းမှာလား။ ဒါမှ မဟုတ် တခြားတစ်ယောက် ရေးပေးတဲ့ မိန့်ခွန်းဆိုတာကို စာလုံးပေါင်းမလွဲ အသံထွက်မလွဲအောင် ဖတ်ရတဲ့ အဆင့်လားဆိုတာသိရတော့မှာပါ။
ကျနော်တို့ ဒီလိုထိုင်ကြည့်နေကြမယ့် အစား အဲဒီကာချုပ် ပြောမယ့် မိန့်ခွန်းမှာ ဘာတွေကို ထည့်သွင်းပြောကြားသင့်တယ် ၊ ဘာတွေကိုတော့ မပြောသင့်ဘူး ၊ ဘယ်လိုအပြောအဆိုတွေကိုတော့ လုံးဝရှောင်သင့်တယ် စသဖြင့် အားလုံးဝိုင်းပြီး ဘရိန်းစထရောင်းလေး
လုပ်ကြရင် ကောင်းမလားပဲ . . .
ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ တိန်းလုံတွင် တိုက်ပွဲဖြစ်ပွား
ယမန်နေ့ မတ်လ(၁ရ)ရက်နေ့  မနက်ပိုင်း(၉း၀၀)ခန့် မှ (၉း၄၅)နာရီချိန်ခန့် ထိ ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ တိန်းလုံ ( Ting Lung )ဒေသဘက်တွင်ရောက်ရှိနေသော မြန်မာအစိုးရတပ် ခမရ(၃၈၈)တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်မဟာ(၅)လက်အောက်ခံ မျိုးချစ်တပ်ဖွဲ့ ဝင်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲတွင် မြန်မာအစိုး၇တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း ထပ်မံသိရသည်။
နှစ်ဖက်တိုက်ပွဲများ နေ့ စဉ်ဖြစ်ပွားနေပြီး မြန်မာအစိုးရတပ်များ ကေအိုင်အေ နယ်မြေဘက်သို့ နေ့ စဉ် တပ်အင်အားတိုးချဲ့ နေလျက်ရှိနေရာ ယခုအခါ မြန်မာစစ်တပ်များဖြစ်သော စကခ အမှတ် (၂၁) ၊ စကခ အမှတ်(၃) ပူးပေါင်းတပ်များ ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ဒေါ့ဖုန်းယန် နှင့် ဂျာအိန်ယန် ကျေးရွာ ပါတ်ဝန်းကျင် ဒေသများသို့ အင်အား အလုံးအရင်း စစ်ကြောင်း ထိုး ၀င်ရောက်လျက် ရှိနေကြောင်း ကေအိုင်အေ ရှေ့ တန်းသတင်းရပ်ကွက်မှ သိရသည် ။
ယမန်နေ့ မတ်လ(၁ရ)ရက်နေ့  မနက်ပိုင်း(၉း၀၀)ခန့် မှ (၉း၄၅)နာရီချိန်ခန့် ထိ ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ တိန်းလုံ ( Ting Lung )ဒေသဘက်တွင်ရောက်ရှိနေသော မြန်မာအစိုးရတပ် ခမရ(၃၈၈)တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်မဟာ(၅)လက်အောက်ခံ မျိုးချစ်တပ်ဖွဲ့ ဝင်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲတွင် မြန်မာအစိုး၇တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း ထပ်မံသိရသည်။
နှစ်ဖက်တိုက်ပွဲများ နေ့ စဉ်ဖြစ်ပွားနေပြီး မြန်မာအစိုးရတပ်များ ကေအိုင်အေ နယ်မြေဘက်သို့ နေ့ စဉ် တပ်အင်အားတိုးချဲ့ နေလျက်ရှိနေရာ ယခုအခါ မြန်မာစစ်တပ်များဖြစ်သော စကခ အမှတ် (၂၁) ၊ စကခ အမှတ်(၃) ပူးပေါင်းတပ်များ ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ဒေါ့ဖုန်းယန် နှင့် ဂျာအိန်ယန် ကျေးရွာ ပါတ်ဝန်းကျင် ဒေသများသို့ အင်အား အလုံးအရင်း စစ်ကြောင်း ထိုး ၀င်ရောက်လျက် ရှိနေကြောင်း ကေအိုင်အေ ရှေ့ တန်းသတင်းရပ်ကွက်မှ သိရသည် ။
အသိမ်းခံ လယ်မြေ ပြန်ရလိုသူ လယ်သမား ၂၆ ဦး တရားစွဲခံရ by Tam Nway Lang
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ လယ်သမား ၂၆ ဦးကို စစ်တပ်မှ သိမ်းယူထားသော ပုဇွန်တာများနှင့် လယ်မြေများကို ပြန်လည် ရယူရန် ကြိုးပမ်းမူဖြင့် စစ်တပ် နောက်ခံ ပြုထားသော စီးပွားရေး သမား တစ်ဦးက တရားစွဲဆို လိုက်ကြောင်း သတင်း ရရှိသည်။တရားစွဲဆိုခံရသူ လယ်သမား ၂၆ ဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်းဒေသတွင် တည်ရှိသော ပေါင်းစား၊ နေပူခံ၊ ကျွန်းချောင်းနှင့် ကောင်းရီချောင်းကျေးရွာများမှ ဖြစ်ကြသည်။
" ရွာသား ၂၆ ဦးကို တရားစွဲတာက အနောက်ပိုင်းတိုင်း စစ်ဌာချုပ်က ပုဇွန်ကန်တွေကို လေလံရရှိထားတဲ့ ဦးစောအောင်သိန်းက တရားစွဲတာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ အရပ်သား အစိုးရ တက်လာပြီ ဖြစ်တဲ့အတွက် လယ်သမားတွေက သူတို့ဆီမှ စစ်တပ်က သိမ်းယူသွားတဲ့ ပုဇွန်တာတွေနဲ့ လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုသလို တစ်ဘက်မှာလည်း ကျိုးပေါက်နေတဲ့ လယ်မြေတွေကို ပြန်လည် ပြုပြင် ဆည်ဖို့ရာကနေ ဦးစောသိန်းအောင်က သူဌားရမ်းထားတဲ့ မြေတွေကို ဒီလို လုပ်ရမလားဆိုပြီး တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်" ဟု ပေါင်းစားကျေးရွာမှ လယ်သမားများ အကျိုးဆောင်ရွက်နေသူ လူငယ် တစ်ဦးက ပြောသည်။ တရားစွဲဆိုပြီးနောက် လယ်သမား ၂၆ ဦးအား ရသေ့တောင်မြို့နယ် လောင်းချောင်း ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၎င်းနောက်ပိုင်း အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။
" လယ်သမား ၂၆ ဦးကို မတ်လ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ရုံးတင်ပါတယ်။ တရားလိုပြ သက်သေ အဖြစ် ၁၆ ဦးကို စာရင်းမှာ ထည့်ထားပါတယ်။ အဲဒီနေ့မှာ တရားလို ဦးစောအောင်သိန်းနဲ့ အတူ တရားလိုပြ သက်သေ(၂)ဦး စုစုပေါင်း (၃)ဦးကို စစ်ဆေးခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ ထပ်မံ စစ်ဆေးမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။မတ်လ ၉ ရက် ပထမနေ့ တရားရုံးတွင် စစ်ဆေးစဉ် လယ်သမား ၂၆ ဦးနှင့် အတူ တရားရုံးသို့ တက်ရောက် နားထောင်သူ ၅၀ ခန့်ကို ရဲက ကန့်သတ် တားမြစ်မူနှင့် ရှာဖွေမူများ ရှိခဲ့သည်ဟု သိရသည်။
တရားရုံးအနီးသို့ တက်ရောက်နားထောင်သူများကို နားထောင်ရာ နေရာမှ ကိုက် ၂၀ အကွာထိ ရဲက မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။
" ရဲအဖွဲ့က တက်ရောက်နားထောင်သူတွေကို မောင်းထုတ်သလို တရားခံဘက်ကနေ အခမဲ့ အမှု လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ လူငယ်(၂)ဦးရဲ့ တယ်လီဖုန်း တွေကိုလည်း ဥပဒေကြောင်း အရ တရားသူကြီးမှ ပိတ်ခိုင်းတဲ့ အပြင် ယာယီ သိမ်းဆည်းထားတာတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် တရားလို ဦးစောအောင်သိန်း ဖုန်းကိုတော့ ယာယီပိတ်ခိုင်းတာက လွဲပြီး သိမ်းဆည်းတာတွေ မပြုလုပ်ဘူး" ဟု ပြောသည်။
တရားလို ဦးစောအောင်သိန်းသည် ရသေ့တောင်မြို့ပေါ်မှ ချမ်းသာသူ စီးပွားရေး သမားတစ်ဦး ဖြစ်ပြီး အနောက်ပိုင်း စစ်ဌာနချုပ်မှ သိမ်းထားသော ပုဇွန်ကန်နှင့် လယ်မြေများကို စစ်တပ်နှင့် ပူးပေါင်းကာ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
"သူက အနောက်ပိုင်း စစ်ဌာနချုပ်ကို တနှစ် ကျပ် သိန်း ၆၀ သွင်းရပြီး သူနဲ့ ရင်းနှီးတဲ့ ပုဇွန်ကန်တွေ လုပ်ပိုင်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ စစ်ဗိုလ်တွေကိုတော့ လာဒ်ငွေ အဖြစ် သိန်း ၄၀ ခန့်ပေးရတယ်လို့ သိရပါတယ်။ သူက လယ်သမားတွေကို အဲဒီ ပုဇွန်တာ(ကန်)တွေနဲ့ လယ်တွေကို တနှစ်ကို ကျပ် သိန်း ၂၀၀၊ ၂၅၀ နဲ့ အဲသလိုမျိုး ဌားရမ်းပါတယ်။ အဲဒီပုဇွန်တာတွေက ဖမ်းဆီးရရှိတဲ့ ပုဇွန်တွေကိုလည်း သူကိုဘဲ ရောင်းရပါတယ်။ အပြင်မှာ ပုဇွန် တပိသာကို ကျပ် ၁၇၀၀၀ ဆိုရင် သူ့ကို ၁၆၀၀၀နဲ့ ရောင်းရပါတယ်။ စပါးတွေကိုလည်း သူ့ကိုဘဲ ပေးသွင်းရပါတယ်" ဟု အဆိုပါ ကျေးရွာသား လူငယ်က ပြောသည်။
ကျေးရွာသားများ ပိုင်ဆိုင်သော ပုဇွန်တာ(ကန်)များနှင့် လယ်မြေများမှာ စုစုပေါင်း ဧက ၁၈၀၀ ခန့်ရှိပြီး ၁၉၉၆ ခုနှစ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းတွင် အဆိုပါ ပုဇွန်တာများနှင့် လယ်မြေများကို ပြန်ပေးရန် ရွာသားများက အထက်သို့ စာရေး တောင်းဆိုခဲ့သော်လည်း အထက် အာဏာပိုင်များမှ တစ်စုံတစ်ရာ အကြောင်း မပြန်ကြားရာမှ လယ်မြေများနှင့် ပုဇွန်တာများကို ပြန်လည် ပြုပြင်ရန် ဆည်ဖို့ရာမှ စစ်တပ် နောက်ခံ ပြုထားသော ဦးစောအောင်သိန်းမှ တရားစွဲဆိုခြင်း ဖြစ်သည်။
အဆိုပါ အမူနဲ့ ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။
" အမှန်က ဒီအမူမှာ ရွာသားတွေကို တရားစွဲဆိုရာမှာက အနောက်ပိုင်းတိုင်းက ဖြစ်ပါတယ်။ ဦးစောအောင်သိန်း မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းက တရားစွဲရင် ကျော်မကောင်း ကြားမကောင်း ဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် တိုင်းက သူရဲ့ (အလိုတော်ရိ လို့တော့ မပြောချင်ပါဘူး) လူယုံတော် ဦးစောအောင်သိန်းကို တရားစွဲခိုင်းတာ ဖြစ်ပါတယ်။ ဒီအမူရဲ့ နောက်ကွယ်က စစ်တပ် ပါနေတော့ တရားသူကြီးရော၊ တရားရေး ၀န်ထမ်းတွေကပါ တရားလိုဘက်ကို မျက်နာသာပေးတာကို တွေ့ရပါတယ်။ ရဲတွေလည်း ဒီအတိုင်းပါဘဲ။ ဒါကြောင့် အမူဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ မပြောနိုင်ပေမယ့် တရားလိုဘက်က အသာစီးရသွားနိုင်တဲ့ အခြေအနေမျိုးတော့ ရှိနေပါတယ်" ဟု ပြောသည်။
တရားစွဲခံရသူ ရွာသားများ အနေဖြင့် ပုဇွန်တာ (ကန်) များနှင့် လယ်မြေများကို မိဘ ဘိုးဘွား လက်ထက်ကတည်းက လက်ငုတ်လက်ရင်း အဖြစ် လုပ်ကိုင် စားသောက်လာကြသည်။ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့သည့် ၁၉၉၆ ခုနှစ် အချိန်မှ စပြီး အဆိုပါ ကျေးရွာသားများမှာ အထူး ဆင်းရဲသွားခဲ့ကြပြီး ယခုအခါ ဘ၀ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
" အခုလို ဆင်းရဲရတဲ့ အထဲမှာ တရားပါ စွဲခံနေရတဲ့ အတွက် လယ်သမား ၂၆ ဦး အပါအ၀င် ရွာသား ၈၀ လောက်မှာ အထူး ဒုက္ခရောက်နေကြပါတယ်။ ရသေ့တောင် တရားရုံးကို စက်လှေတွေနဲ့ လာရောက် ရုံးတက်နေကြရတဲ့ အတွက် အလုပ်အကိုင်ပျက် ဖြစ်နေသလို ပိုက်ဆံလည်း ကုန်နေကြရပါတယ်။ သူတို့ဘ၀ လုံးဝကို ခိုကိုးရာမဲ့ အခြေအနေ ဖြစ်နေပါတယ်" ဒေသခံ လူငယ်က ပြောသည်။
မတ်လ ၁၉ ရက်နေ့ တနင်္လာနေ့တွင် အမူကို ပြန်လည် စစ်ဆေးရန် ရုံးချိန်းထပ်မံ ရှိသည်။ လယ်သမား ၂၆ ဦးကို တပြိုင်တည်း တရားစွဲဆိုသော အမူမျိုး ရသေ့တောင်မြို့နယ်တွင် အရင် တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသဖြင့် ဒေသခံ ပြည်သူများက အဆိုပါ လယ်သမား အမူကို အထူးစိတ်ဝင်စားနေကြသည်ဟု သိရသည်။
ပြည်မြို့မှာ ကျင်းပခဲ့တဲ့ လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲစီစဉ်ကျင်းပသူတွေကို အာဏာပိုင်တွေက ခေါ်ယူစစ်ဆေး by Burma VJ Media Network By ဇာဏီ
မတ်လ ၅ ရက်နေ့က ပြည်မြို့မှာ ကျင်းပပြုလုပ်ခဲ့သည့် အဓမ္မ လယ်ယာမြေသိမ်းဆည်းခံရသည့် ပြဿနာများနှင့် အင်းမ အင်းအတွင်းရှိ ရေထိန်းဆည် စီမံကိန်းကြောင့် တောင်သူလယ်သမားများ ကြုံတွေ့နေရသော လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ကျင်းပခဲ့သူတွေကို ပြည်မြို့ အာဏာပိုင်များက ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်လို့ သတင်းရရှိပါသည်။ပြည်မြို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်တရားသူကြီး၊ ခရိုင်ရဲမှူးနှင့် ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး တို့မှ လယ်ယာမြေပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖိတ်စာဝေငှခြင်းနဲ့ ပတ်သတ်ပြီး မေးမြန်းစရာရှိသည် ဆိုပြီး ပွဲစီစဉ်သူများဖြစ်သည့် ကိုရဲထင်ကျော်၊ ဦးကျော်ဆွေ၊ ကိုနေထွန်းနှင့် ကိုအုန်းဟန်တို့ကို ဒီကနေ့ မတ်လ ၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီကနေ ၂း၃၀ နာရီ အထိ ခေါ်ယူစစ်ဆေးခဲ့သည်လို့ သိရှိရပါသည်။
"ကျနော်တို့အနေနဲ့ လူ့အခွင့်အရေး အမည်ခံပြီးတော့ ပန်းတောင်းနယ်၊ သဲကုန်းမြို့နယ်နဲ့ တခြားနယ်တွေမှာ ရွာသားတွေနဲ့ စုဝေးတယ်၊ ဟောပြောတာမျိုး လုပ်နေတယ်။ နောက်တခုက ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ပွဲလုပ်တာကို သူတို့ကို ခွင့်ပြုမိန့် မတောင်းဘူး၊ အသိပေး အကြောင်းကြားခြင်း မရှိဘဲ ပြုလုပ်တယ်။ အဲတာက အသင်းအပင်းဖွဲ့ခွင့်နဲ့ ပတ်သတ်တဲ့ ဥပဒေတွေ ရှိတယ်။ နောက်ပြီးတော့ လွတ်လပ်စွာ စည်းဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေတွေ ရှိတယ်။ အဲလိုမျိုး ပွဲလုပ်မယ်ဆိုရင် သူတို့ဆီကို ငါးရက် ကြိုပြီး အကြောင်းကြားရမယ်။ အဲလိုမလုပ်ဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုပြီး ခေါ်ယူပြောခဲ့တာပါ။ ကျနော်တို့ဘက်ကလဲ ပြန်လည်ခုခံပြောဆိုတာမျိုး ရှိပါတယ်။ အခုလို မတ်လ ၁၄ ရက်နေ့မှာမှ ခေါ်ယူစစ်ဆေးတာက အစကတည်းက သူတို့ဘက်က တစုံတရာ အရေးယူနိုင်ဖို့ အခွင့်အရေးရှိတယ်ဆိုရင် အဲဒီ မတ်လ ၅ ရက်နေ့ကတည်းက ကျနော်တို့ကို အတိအလင်း လာပြီး ကန့်ကွက်ရမယ်၊ တားဝရမ်းစာ ထုတ်ပေးရမယ်။ အဲလို မဟုတ်ဘဲနဲ့ ကိုးရက်လောက် ခြားပြီး ဒီနေ့မှ ခေါ်ပြောတယ်ဆိုတာ သဘာဝမကျဘူးလို့ ထင်ပါတယ်" လို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်ခဲ့သူ တဦးဖြစ်သည့် ကိုရဲထင်ကျော်က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ဒေသခံလယ်သမားတွေကိုလည်း အာဏာပိုင်တွေဘက်က အလားတူပဲ ခြိမ်းခြောက်မှုမျိုးများ ရှိခဲ့သည်လို့ သိရှိရပါသည်။ ပွဲစီစဉ်သူကျင်းပသူ တစ်ဦးဖြစ်သည့် ကိုရဲထင်ကျော်က ‘ဒီအလုပ်ရုံဆွေးနွေးပွဲ မတိုင်မှီကတည်းက အဲဒီနယ်ဘက်တွေကို ကျနော်တို့က သွားပြီး လယ်သမားတွေ လယ်ယာမြေပြဿနာ ကြုံတွေ့နေရတာကို သူတို့တွေနဲ့ အတူတူ ပူးပေါင်းဖြေရှင်းဖို့ စီစဉ်ကြတယ်၊ အဲဒီဘက်က ကွင်းလှတို့ ဒေါင်းတိုက်တို့ ရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ ပန်းတောင်းမြို့နယ်မှူးရယ်၊ ပန်းတောင်း ရဲမှူးရယ်က ရွာသားတွေကို ခေါ်တွေ့ပြီးတော့ " ဒီရဲထင်ကျော်တို့အဖွဲ့က တရားဝင် အဖွဲ့အစည်းမဟုတ်ဘူး၊ အခုလို ဟောပြောတဲ့လူဆိုရင် ထောင်ဒဏ် ၅ နှစ်၊ လက်ခံပေးတဲ့လူဆို ထောင်ဒဏ် ၃ နှစ် အဲလိုမျိုး ချလို့ရတယ်ဆိုပြီး ခြိမ်းခြောက်တယ် လို့ လယ်သမားတွေက ကျနော်တို့ကို အကုန် ပြန်ပြောပြတယ်"
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေအတွက် ချမှတ်ထားတဲ့ ဥပဒေကြမ်းအပေါ် အခြေခံပြီး ပွဲကျင်းပမယ်ဆိုရင် ငါးရက်ကြို ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး ကြိုတင် အကြောင်းမကြားဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့ ပြည်မြို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအံ့မော်က ပြောဆိုလိုက်ပါသည်။ လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ကျင်းပသူ တစ်ဦးဖြစ်သည့် ကိုရဲထင်ကျော်ကတော့ အခုလို ပွဲကျင်းပတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပုဒ် (၂၀) အပုဒ်ခွဲ (က) အရ ကျင့်သုံးခဲ့တာသာ ဖြစ်တယ်လို့ ဘားမားဗီဂျေမီဒီယာကို ပြောဆိုခဲ့ပါသည်။
ရှေ့ဆက်ပြီး အခုလို အလုပ်ရုံဆွေးနွေးပွဲမျိုးကို ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားတာ ရှိပါတယ်လို့ ပွဲစီစဉ်ကျင်းပခဲ့သူတစ်ဦးဖြစ်သည့် ကိုရဲထင်ကျော်က ပြောဆိုလိုက်ပါသည်။ " အခုက ကျနော်တို့က ကျေးရွာအလိုက် စုပေါင်းပြီးတော့ ပြောကြတယ် ဆိုကြတယ်။ အဲ့ဒီကနေ တဆင့် မြို့နယ်လုံးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်လာတယ်။ မြို့နယ်တွေ ပြီးသွားရင် ခရိုင်အဆင့်ကို တက်ရမယ်။ ခရိုင်ပြီးသွားရင် တိုင်းအဆင့် ပြုလုပ်မယ်။ အဆင့်အဆင့် တနိုင်ငံလုံးဆိုင်ရာ ကျင်းပသွားနိုင်ရမယ်။ နောက်ပြီး လယ်သမားတွေ ပတ်သတ်ပြီး အစုအဖွဲ့တွေလဲ ဖွဲ့စည်းရမယ်။ ကျနော်တို့ သေသည်အထိ လုပ်ဦးမှာပါ။ အဲအလုပ်ကတော့ ကျနော်တို့ ဘယ်တော့မှ လက်လျော့မှ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံ လယ်သမားအရေးအတွက် လူ့အခွင့်အရေး လုံခြုံမှု မရှိဘူးဆိုရင်တော့ ကျနော်တို့ တောက်လျှောက် လုပ်သွားဦးမှာပါ”လို့ ဘားမားဗီဂျေ မီဒီယာကို ပြောဆိုလိုက်ပါသည်။
ဗိုလ်ကြီးတဦးက ဆိုင်ကယ်နဲ့နောက်က ဝင်တိုက်ပြီး လက်သီးနဲ့ထပ်မံထိုးကြိတ် by Burma VJ Media Network
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၆း၃၀ အချိန်ခန့်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ဗိုလ်ချုပ်လမ်း သိမ်ကုန်းစေတီအနီးတွင် ဗိုလ်ကြီး ဌေးလင်းနိုင်မှ မော်တော်ဆိုင်ကယ်ကို အမြန်မောင်းလာရာကနေ ဆိုက်ကားတစီးကို နောက်မှ ဝင်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ပါသည်။ တိုက်မိသော ဆိုက်ကားဆရာအား ဗိုလ်ကြီး ဌေးလင်းနိုင်မှ လက်သီးဖြင့်ထိုးပြီး ထွက်သွားခဲ့ပါသည်။မော်တော်ဆိုင်ကယ် အတိုက်ခံရသော ဆိုက်ကားပေါ်မှ လိုက်ပါလာသူ ဒေါ်စန်းရီ မှာ ပေါင်၊ ဒူးနှင့် နံရိုးတွင် ဒဏ်ရာ များ ရသွားပြီး အနီးအနားမှ ဆိုင်ကယ်တစီးမှ အိမ်သို့ ပို့ပေးခဲ့ပြီး၊ ဂွမြို့နယ်ဆေးရုံတွင် ပြင်ပလူနာအဖြစ် ပြသခဲ့ပါသည်။ အတိုက်ခံရတဲ့ ဆိုက်ကားဆရာမှာ မျက်နှာတွင် ဖူးရောင်သွားပြီး ဆေးရုံသို့ သွားမပြရဲဘဲ ဆေးခန်းသွားပြစရာ ပိုက်ဆံလည်း မတတ်နိုင်ကြောင်း သိရှိရသည်။
အဆိုပါ ဗိုလ်ကြီး ဌေးလင်းနိုင် မှာ ဂွမြို့ ခလရ ၅၃၂ မှ ဗန်းမော် အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲရေးစခန်းသို့ပြောင်းသွားသူ ဖြစ်ပြီး ဂွမြို့သို့မင်္ဂလာဆောင်ရန် လာရောက်ခြင်း ဖြစ်ကြောင်းနှင့် ဂွမြို့ ခလရ ၅၃၂ တွင် တာဝန်ကျစဉ်ကလည်း အရပ်သားများကို လက်သီးဖြင့် ထိုးလေ့ရှိသူ တဦးဖြစ်ကြောင်း ဒေသခံတွေမှတဆင့် သိရှိရသည်။ ၎င်းဖြစ်ရပ်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး နှင့် ရဲစခန်းမှူးမှ သိသော်လည်း အမှု မဖွင့်ဘဲ ဒီအတိုင်းပဲ ထားထားတယ်လို့ သတင်းရရှိပါသည်။
ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌ ဦးထွန်းအောင်ကျော် ၏နိုင်ငံရေး ခရီးစဉ် by Tun Wai
ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌ ဦးထွန်းအောင်ကျော် ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံ့အရေးအတွက်လာရောက်ဆွေးနွေးခဲ့ရာတွင်-၁။ ဒေါ်အောင်ဆန်းစုကြည်၏လက်တွေ့ကျကျဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးကိုအားပေးကူညီသင့် ကြောင်း။
၂။ သို့ မှသာနှစ်၂၀ကျော်ကြာမတရားဖိနှိပ်ထားမှုကြောင့်အင်အားချိ့နဲ့နေသောဒီမိုကရေစီအင်အားစု များအင်အားစုစည်းနိုင်မည်ဖြစ်ကြောင်း။ ဒီမိုကရေစီ အင်အားစုများစုစည်းရန်အချိန်တခုကိုယူရမည် ဖြစ်ကြောင်း။
၃။ ယခုကြားဖြတ်ရွေးကောက်ပွဲသည်အဓိကတိုက်ပွဲမဟုတ်ကြောင်း၊ အခြေအနေအရစစ်အုပ်စုမှချပေး သောလမ်းကြောင်းကိုလိုက်၍ ၂၀၀၈ အခြေခံဥပဒေ ကိုမကြိုက်သော်လည်းအတွင်းမှပြောင်းလဲရေးကို မူချ၍ ၂၀၁၅ ကိုရည်မှန်းချက်ထားရမည်ဖြစ်ကြောင်း၊ ၂၀၁၅ သည် အဓိကအောင်နိုင်ရေး ရည်မှန်း ချက်အဖြစ်ထားရမည်ဖြစ်ကြောင်း။
၎။ ၂၀၁၄ သည် ၂၀၁၅ တွင်လွတ်လပ်တရားမျှတသည့်ရွေးကောက်ပွဲဖြစ်နိုင်မဖြစ်နိုင်ကိုမီးမောင်းထိုး ပြမည့် နှစ်ကြောင်း၊ ထိုနှစ်တွင် အစိုးရထိမ်းချုပ်မှုမှကင်းလွတ်သည့်လွတ်လပ်သောပုဂ္ဂလိကသတင်း စာများ၊ လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းများ (Civil Society)၊ ဖြစ်သည့်အလုပ်သမားသမဂ္ဂများ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ရှေ့နေအသင်းများ၊ လူမှုဖူလှုံရေးအသင်း များ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ လွတ်လပ်စွာရပ်တည်နိုင်ခွင့်၊ ဖွဲ့စည်းနိုင်ခွင့်၊ စည်းရုံးနိုင်ခွင့်၊ ရှိမရှိကိုကြည့်ပြီးဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း။
၅။ ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍မေးမြန်းလာမှုအပေါ်လက်ရှိအဖွဲ့ဝင်ခေါင်းဆောင်များနှင့် အဓိကခေါင်း ဆောင်မှုတာဝန်ကိုယူခဲ့သူအားလုံးတွင်အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုကာကွယ်သည့်အ နေနှင့်အဖြစ်မှန်ကိုရဲရဲဝံ့ဝံ့ဖေါ်ထုတ်ပြီးအများကိုတင်ပြရမည်ဖြစ်ကြောင်း။ဆွေးနွေးတင်ပြသွားခဲ့ပါသည်။
ထို့အပြင်မတ်လ ၁၃ရက်နေ့တွင်ဂျပန်အထက်လွှတ်တော်၊အောက်လွှတ်တော်တို့မှလွှတ်တော်အမတ် ၃ဦးတို့နှင့်တဦးခြင်းနာရီဝက်မှတနာရီအကြာဆက်တိုက်တွေ့ဆုံခဲ့ပြီးမတ်လ၁၄ရက်နေ့တွင်အောက် လွှတ်တော် အမတ်တဦးနှင့် တွေ့ပြီးဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှပုဂ္ဂိုလ်တဦးနှင့်လည်းတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်၍ဦးထွန်းအောင်ကျော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဂျပန်ဌာနခွဲ ဒုဥက္ကဌဦးသောင်းလှိုင် တို့က မြန်မာ့အေ၇းကိုကူညီဆောင်ရွက်နေသောPFBမှဦးရွှေဘနှင့်Emnesty International မှkumazawaSanPfbတာဝန်ခံNakanoSanတို့ အပါအ၀င်အကူအညီနှင့်ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြခဲ့ကြောင်းအောက်ပါအချက်များကိုပြောကြားခဲ့ပါသည်။
၁။ ဒီမိုကရေစီရေးလမ်းကြောင်းသည် အပြုသဘောဆောင်သောပြောင်းလဲမှုသို့ရွေ့လျှားနေကြောင်း လက်ခံသည်၊ သို့ရာတွင်အထက်အမိန့်ကိုအောက်မှလိုက်နာကျင့်သုံးမှုအားနဲနေသေးကြောင်းဥပမာ နှင့်တကွထောက်ပြခဲ့သည်။ ကချင်တွင်ဆက်လက်စစ်ပွဲဖြစ်ပွါးနေခြင်း။
၂။ ဂျပန်အစိုးရ မှ ODA ပြန်လည်ပေးရန်စဉ်းစားနေခြင်းအပေါ် Loan နှင့် Grant နှစ်မျိုးတွင် ချေးငွေ (Loan) သည်နိုင်ငံတော်မှပြန်လည်ပေးဆပ်ရမည့်ပြည်သူ့ငွေဖြစ်သဖြင့်တကယ့်ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်စီမံကိန်းများကိုသာဦးတည်၍ပေးရန်၊ အလကားပေးအပ်သည့်ဂရန့်ငွေကို လည်းအစိုးရစီမံကိန်းများသက်သက်ကိုသာမက ပြည်တွင်းအင်ဂျီအိုများထဲမှလူထုအကျိုးကိုစွမ်းစွမ်း တမံလုပ်နေသောအဖွဲ့များကိုဦးစားပေးထောက်ပံ့သွားရန်ပြောကြားခဲ့ခြင်း။ထို့ပြင်ODA ပေးရာတွင် ဒိုးယိုပေါက်ရှင်းလင်းမြင်သာမှုရှိဖို့၊ မည်သည့်စီမံကိန်းအတွက်မည်မျှပေးသည်၊ မည်သို့သုံးစွဲသည် တို့ကိုသိရှိနိုင်ဖို့လိုကြောင်းတိုက်တွန်းခဲ့ခြင်း။
၃။ဦးသိန်းစိန်ကပြည်ပရောက်မြန်မာများကိုတိုင်းပြည်ထူထောင်ရေးတွင်ပါဝင်ရန်ဖိတ်ခေါ်မှုအပေါ်ဘာ ကြောင့်မပြန်ကြသနည်းဟုမေးမြန်းလာမှုအပေါ်ရှင်းလင်းတင်ပြရာတွင်မြန်မာသံရုံးများတွင်ဗီဇာ လျှောက်ထားသူတိုင်းဗီဇာမရသလို၊ ဂျပန်ပေါ်လစီအရဒုက္ခသည်ရထားသူများအခြားနိုင်ငံများသို့ခရီး သွားလက်မှတ်ဖြင့်သွားလာနိုင်သော်လည်း မြန်မာနိုင်ငံသို့မည်သည့်အကြောင်းနှင့်ပြန်သည်ဖြစ်စေ၊ ဂျပန်နိုင်ငံသို့ပြန်မလာနိုင်တော့ကြောင်း။ ပြန်လာခြင်းကိုပိတ်ပင်ထားကြောင်း၊ ထိုအချက်သည်ဂျပန် ရောက်မြန်မာများအမိနိုင်ငံသို့ပြန်လည်စနည်းနာခွင့်ကိုပိတ်ပင်ထားခြင်းဖြစ်သဖြင့်ဂျပန်ပေါ်လစီကို ပြောင်းလဲသင့်ကြောင်း၊ အမိနိုင်ငံသို့ပြန်ပြီးစနည်းနာရာတွင်မိမိလုံခြုံရေးမရှိလျှင်ပြန်လာခွင့်ရှိရ မည် ဖြစ်ကြောင်းထိုမှသာဂျပန်ရောက်မြန်မာများရဲရဲတင်းတင်းအမိနိုင်ငံသို့ပြန်ရန်လမ်းပွင့်သွားမည်ဖြစ်သည် ဟုဆွေးနွေးတင်ပြခဲ့ပါသည်။
ဂျပန်လွှတ်တော်အမတ်များမှလဲလေးလေးစားစားမှတ်တမ်းများရေးမှတ်၍ ODA ငွေများကိုမြန်မာပြည် သူလူများစုအကျိုးကိုရှေးရှူ၍ပေးသွားရန်ကြိုးစားမည်ဟုပြောကြားခဲ့ကြပြီးမြန်မာနိုင်ငံငြိမ်းချမ်းစွာဖြင့်ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲသွားရန်အထူးလိုလားပါကြောင်း
ပြောကြားခဲ့ကြပါသည်။
ကိုထွန်းဝေ(ဂျပန်)
သူရဲကောင်းတွေ မွေးထုတ်တဲ့ လူ့အဖွဲ့အစည်း
တလောက ဆဲဗင်းဒေးနယူးစ် ရဲ့ ၂၀၁၁ ခုနှစ် သူရဲကောင်းဆုပေးပွဲကို ဖတ်လိုက်ရတော့ ပွင့်လင်းလာတဲ့ မြန်မာလူ့အဖွဲ့အစည်း တော်တော်လေး အားရမိတယ်။ ဒီလိုမျိုး ဂျာနယ်တခုရဲ့ သူရဲကောင်းဆု ရွေးချယ်ပွဲကို ပထမ ဆုံးဖတ်ရတဲ့ သတင်းလည်းဖြစ်ပါတယ်။ယဉ်ထိမ်းရဲ ဒုတပ်ကြပ် ကိုခင်မောင်မြင့်ကို သူရဲကောင်းဆု ချီးမြှင့်တာ ကျနော့်ပုဂ္ဂိုလ်ရေး အမြင်နဲ့ ပြောရရင် တော်တော်လေး ပီတိ ဖြစ်မိပါတယ်။ ကိုခင်မောင်မြင့်လို သူရဲကောင်းများများ ပေါ်ထွက်နိုင်ပါစေလို့ မျှော်လင့်မိတယ်။
ကျနော်တို့ ငယ်ငယ်တုန်းက ညအိပ်ရာပုံပြင်တွေ၊ ဆရာတွေရဲ့ သင်ပြချက်တွေထဲမှာ သူရဲကောင်းဆိုတာ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် စွန့်လွှတ်အနစ်နာ ခံတဲ့သူတွေ၊ တိုင်းပြည် ထူထောင်ခဲ့တဲ့ စစ်သူကြီးတွေ၊ ရှင်ဘုရင်တွေ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် သူရဲကောင်းဆိုတာ လည်း အငြင်းပွားဖွယ် ဖြစ်နေတတ်ပါတယ်။
ဒီနေရာမှာ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ တလမ်းမောင်း မြန်မာ့ပညာရေးစနစ်က ပြဌာန်းပေးလိုက်တဲ့ သူရဲကောင်းဆိုတာ အငြင်းပွားဖွယ် ဖြစ်လာတတ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ လူမျိုးတမျိုးရဲ့ ဧကရာဇ် သူရဲကောင်း၊ စစ်ဗိုလ်ချုပ်က တခြား လူမျိုးစုတခုရဲ့ ရန်သူဖြစ်နေတတ်ပါတယ်။
ဥပမာ အနေနဲ့ တင်ပြရရင် အနော်ရထာဘုရင်ဟာ ဗမာလူမျိုးတွေအတွက် ဗုဒ္ဓဘာသာကို ဆောင်ကြည်း ပေးခဲ့သူ၊ နိုင်ငံကို တည်ထောင်ခဲ့သူ သူရဲကောင်း အဖြစ် တင်စားခေါ်ဆိုနိုင်ပေမယ့် မွန်လူမျိုးတွေ အတွက်တော့ မကောင်းဆိုးဝါး ဘုရင်တပါး၊ မွန်တို့တိုင်းပြည် ရာမညကို ဖျက်ဆီးခဲ့တဲ့သူ ဖြစ်နေပါတယ်။
မက်ဆီဒိုဒိုးနီးယား ဘုရင်ကြီး အလက်ဇန္ဒားက သူလူမျိုးတွေအတွက်တော့ အင်မတန်မှ ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံပေါင်းမြောက်မြားစွာကို သိမ်းပိုက်ခဲ့တဲ့ သူရဲကောင်းတဦး ဖြစ်ပါတယ်။ သိမ်ပိုက်ခံခဲ့ရတဲ့ ပြည်သူတွေဘက်ကကြည့်ရင် အလက်ဇန္ဒားကြီးက မကောင်းဆိုးဝါး၊ စစ်သွေးကြွတဦး ဖြစ်နေပါတယ်။ သူရဲကောင်းဆိုတဲ့ စကားကိုပြောတိုင်း အချင်းများခဲ့တဲ့ အကြိမ်ကလည်း မနည်းပါဘူး။
အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဒေးဗစ်ဘင်ဂူရီယန် က နှစ်ပေါင်း ၂၀၀၀ ကျော် နိုင်ငံပျောက်နေခဲ့တဲ့ ဂျူးလူမျိုးတွေအတွက် သူရဲကောင်းအစစ်အမှန် ဖြစ်ပေမယ့် ပါလစ္စတိုင်း မူဆလင်တွေအတွက်တော့ မာန်နတ်အဖြစ် တွေ့မြင်ရမှာပါ။
ခေတ်သစ် သူရဲကောင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုမှုကလည်း ပြောင်းလဲသွားပါပြီ။ ၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် တိုင်းမဂ္ဂဇင်းရဲ့ အက်ဆေးကဏ္ဍမှာ လက်ရှိ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုယူနိုက The making of Hero ဆိုတာ ရေးခဲ့တယ်။ အဲဒီ အက်ဆေးလေးကို ဖတ်ပြီးတော့ အင်ဒိုနီးရှား သမ္မတရဲ့ အနုပညာဖန်တီးမှုနဲ့ အတွေးအခေါ်ကို မလေးစားဘဲ မနေနိုအောင် ဖြစ်ခဲ့ရပါတယ်။
အင်ဒိုနီးရှား သမ္မတဟာ သူငယ်ငယ်က ထင်မြင်ယူဆခဲ့တဲ့ သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေဟာ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီ ငလျင် လှိုင်းဒဏ် နောက်ပိုင်းမှာ တော်တော်ပြောင်းလဲသွားတယ်လို့ ရေးထားပါတယ်။ တိုင်းပြည်တည်ထောင်တဲ့ ဘုရင်ဧကရာဇ်တွေ၊ စစ်သူကြီးတွေသာ သူရဲကောင်းမဟုတ်ဘဲ သူ့နိုင်ငံမှာ သူရဲကောင်းတွေအများအပြားရှိပါလား သိလာရပါတယ်တဲ့။
ဆူနာမီ ဒဏ်ခံခဲ့ရတဲ့ အာချေးဒေသကို သွားရောက်ခဲ့တဲ့ ခရီးမှာ အမျိုးသမီးနဲ့ တဦးတည်းသောသား ဆူနာမီ ဒီလှိုင်းနဲ့အတူ ပါသွားခဲ့ပေမယ့်၊ ၀မ်းနည်းစရာတွေကို ဘေးချိတ်ပြီး အဲဒီဒေသခံတွေ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး ကိုယ်ဖိရင်ဖိ လုပ်ကိုင်နေတဲ့ ဒုဗိုလ်မှူးကြီးတဦးအကြောင်းကို ရေးဖွဲ့ထားပါတယ်။ ဆူနာမီလှိုင်းအပြီးမှာ သူ့နိုင်ငံမှာ ဂုဏ်ပြုမှု၊ ချီးမြှင့်မှု မခံရတဲ့ ပုန်းလျှိုနေတဲ့ သူရဲကောင်းတွေ အများရှိတယ်လို့ ရေးထားပါတယ်။
ဒုတပ်ကြပ် ခင်မောင်မြင့် အကြောင်း သတင်းထောက် တဦးရေးထားတဲ့ မှတ်ချက်လေးက စိတ်ဝင်စားစရာ ကောင်းပါတယ်။
“ ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေ့တိုင်းရှိနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ် ခင်မြင့်မောင်ဖြစ်ပါတယ်။
ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။
ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မြင့်မောင်ကို ရေးထားတာဖြစ်ပါတယ်”။
ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်း ပုံမှန်ဖြစ်လာဖို့ စတုတ္ထမဏ္ဍိုင်ဟာ တော်တော်အရေးပါတယ် ဆိုတာ ပြည်သူတွေသိအောင်လည်း လုပ်ဖို့ လိုပါတယ်။ ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်းက တောတွင်းဥပဒေ (Jungle Law) ကို ပြည်သူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ပြည်သူ့ ၀န်ထမ်းတွေရော၊ အုပ်ချုပ်ရေးပိုင်းက လူတွေပါ ကျင့်သုံးနေတာ ဆယ်စုနှစ် ၅ ခုလောက်ကြာခဲ့ပါပြီ။ အဲဒီအကျင့်စရိတ်တွေ ပပျောက်ဖို့အရေး စတုတ္ထမဏ္ဍိုင်မှာလည်း ကြီးမားတဲ့ တာဝန်ရှိပါတယ်။
အမေရိကားမှာ ၉/၁၁ ဖြစ်တော့ အသက်ကိုပဓာန မထားဘဲ သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်နေတဲ့ မီးသတ်သမား တွေကို ထပ်ခါတလဲလဲ ပြသနေတာဟာ အစိုးရက အမိန့်နဲ့ စေခိုင်းလို့ ပြသတာမဟုတ်ပါဘူး။ တကယ့် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ လူ့ သူရဲကောင်းတွေကို ပြည်သူတွေသိအောင် တင်ပြနေတာ ဖြစ်ပါတယ်။ မီးသတ်ရဲဘော်တွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုကို စတုတ္ထမဏ္ဍိုင်တွေက အသိအမှတ် ပြုပေးတာ ဖြစ်ပါတယ်။
စက်ဆန်းဂိုထောင် မီးလောင်မှု ဖြစ်တော့ သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ရဲ့ရင့်မှုကို ချီးကျူးမိပါတယ်။ သူတို့တွေက သူရဲကောင်းဆုနဲ့ ထိုက်တန်တဲ့ သူရဲကောင်းတွေပါ။ အငြင်းပွားမှု ဖြစ်နိုင်တဲ့ သူရဲကောင်းတွေ မဟုတ်ပါဘူး။ မီးသတ်ရဲဘော်တွေမှာ လူမျိုး၊ ဘာသာ ခွဲခြားမှုမျိုး မရှိပါဘူး၊ လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်လိုတဲ့စိတ် တခုတည်းသာ ရှိတဲ့ သူရဲကောင်းတွေပါ။
ဒီလိုသူရဲကောင်းတွေကို ဂုဏ်ပြုမှု လုပ်ပေးတဲ့ 7day news ဟာ တာဝန်ကျေတဲ့ စတုတ္ထမဏ္ဍိုင် တခုဖြစ်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော် တောတွင်း ဥပဒေတွေနဲ့ ယဉ်ပါးခဲ့ရပေမယ့် ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ သူရဲကောင်းတွေ အများကြီးရှိနေပါသေးတယ်။
စက်ဆန်းဂိုထောင် မီးလောင်မှုမှာ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်သွားတဲ့ မီးသတ်ရဲဘော်တွေ၊ ကိုခင်မောင်မြင့်လို ပြည်သူတွေကို ၀န်ဆောင်မှု ပေးနေတဲ့၊ ငုတ်လျိုးနေတဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်းတွေ ကိုမွေးထုတ်တဲ့ မြန်မာ့လူ့ဘောင်ကို မကြာခင်သော အချိန်မှာ တည်ထောင် နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။
မောင်ရမ္မာ
မဟာအောင်မြေမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် ၏ ကိုယ်ရေးမှတ်တမ်း by Shwe Zin
၁။ အမည် - ဦးအုန်းကြိုင်၂။ အခြားအမည် - မောင်ချစ်ဖွယ်၊ အောင်ဝင့်၊ အောင်တင့်၊ မောင်ချစ်စု(ကလောင်အမည်များ)
၃။ နိုင်ငံသားမှတ်ပုံတင်နံပါတ် - (၁၂/သဃက(နိုင်)၀၁၂၄၅၃)
၎။ ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့၊ သတင်းစာပညာဒီပလိုမာဘွဲ့၊ (World Press Institute) အမေရိကန်ပြည်ထောင်စု။
၅။ လက်ရှိအလုပ်အကိုင် - (အငြိမ်းစား) အယ်ဒီတာ၊ သတင်းစာဆရာ၊
၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်။
၇။ အသက် - ၁၃၀၆ ၀ါဆိုလဆန်း ၁၀ ရက် (၆၈ နှစ်)
၈။ ကိုယ်ရေးမှတ်တမ်းအကျဉ်း
မော်လမြိုင်ကျွန်းမြို့နယ်၊ ဗြန့်ကြီးမြစ်ကျိုးကျေးရွာတွင် အဖ-ဦးဘရှင်၊ အမိ-ဒေါ်စိန်တို့မှ မွေးဖွားသည်။ ၁၉၅၉-၆၀ ခုနှစ်တွင် မော်လမြိုင် ကျွန်းမြို့ အ.ထ.ကမှ တက္ကသိုလ်ဝင်တန်း အောင်မြင် သည်။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၆၂ ဇူလိုင် ၇ ရက် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ကြေးမုံသတင်းစာတိုက်တွင် အထက်တန်းစာရေးအဖြစ် တာဝန် ထမ်းဆောင် သည်။ ၁၉၆၇ ခုနှစ်တွင် လုပ်သားများ ကောလိပ်သို့ တက်ရောက်ပြီး ၁၉၆၉ ခုနှစ် တွင် ၀ိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၆၉ မှ ၁၉၇၈ ခုအထိ မန္တလေးမြို့ ဟံသာဝတီသတင်းစာတွင် အယ်ဒီတာ အဖြစ်လည်းကောင်း၊ ၁၉၇၈ မှ ၇၉ အထိ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ ၁၉၈၀ မှ ၁၉၈၈ အထိ ဗိုလ်တထောင်သတင်းစာတွင် အယ်ဒီတာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ဟံသာဝတီ သတင်းစာတွင် မောင်ချစ်ဖွယ်အမည်ဖြင့် လည်းကောင်း၊ ဗိုလ် တထောင် သတင်းစာတွင် အောင်ဝင့် အမည်ဖြင့် လည်းကောင်း၊ ရုပ်ရှင်အောင်လံမဂ္ဂဇင်းတွင် အောင်တင့် အမည်ဖြင့်လည်းကောင်း၊ စောင့်ကြည့်ဂျာနယ် တွင် မောင်ချစ်စု အမည်ဖြင့်လည်းကောင်း၊ နိုင်ငံတကာရေးရာ ဆောင်းပါးများရေးသားခဲ့သည်။
၁၉၇၂ ခုနှစ်တွင် ဒေါ်သန်းသန်းနှင့် အိမ်ထောင်ကျပြီး သမီးသုံးဦး၊ သားတစ်ဦးထွန်းကားသည်။
၁၉၇၇ ခုနှစ်မတ်လတွင် ဟံသာဝတီ (မန္တလေး) သတင်းစာတွင် အယ်ဒီတာအဖြစ် တာဝန် ထမ်းဆောင်စဉ် အိန္ဒိယနိုင်ငံမှ ၀န်ကြီးချုပ် အင်ဒီရာဂန္ဒီ အစိုးရ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကို သတင်းစာကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွားရောက် လေ့လာခဲ့ရသည်။ ၁၉၇၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ် တက္ကသိုလ် ကမ္ဘာ့သတင်းစာ သိပ္ပံ (World Press Institute) မှ ပညာသင်ဆု ရရှိပြီး သတင်းစာ ဒီပလိုမာသင်တန်း တက်ရောက်အောင်မြင်ခဲ့ သည်။
၁၉၈၈ ခု ဒီမိုကရေစီ အရေးတော်ပုံတွင် သတင်းစာတိုက် ပေါင်းစုံ သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သဖြင့် ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ရာထူးမှ အငြိမ်းစား ပေးခြင်းခံရသည်။ ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့ပြီး အဖွဲ့ချုပ်၏ ပြန်ကြားရေးဌာန မှတ်တမ်းလွှာအဖွဲ့တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ဒီဇင်ဘာလတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ်တာဝန်ပေးခြင်းခံရပြီး မန္တလေးတိုင်း စည်းရုံးရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မန္တလေးတိုင်း အောင်နိုင်ရေး ကော်မတီအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
မန္တလေး အရှေ့တောင်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရ သည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလတွင် မန္တလေးမြို့ ရှစ်လေးလုံး ဒုတိယနှစ်ပတ်လည် ဆွမ်းလောင်းပွဲ ပြုလုပ်သည့်ကိစ္စတွင် စည်းရုံးလှုံ့ဆော်သည်ဆိုကာ ပုဒ်မ ၅/ညဖြင့် ဖမ်းဆီးခြင်းခံရပြီး စစ်ခုံရုံးက ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။ ထိုနှစ်ဒီဇင်ဘာတွင်ပင်ဂန္ဒီညီလာခံ ကျင်းပ ခြင်းနှင့်ဂန္ဒီကြေညာချက် မူကြမ်း ပြုစုမှုဖြင့် ပုဒ်မ ၅/က၊ ခ၊ ဃ၊ ည တို့ဖြင့် စွဲချက်တင်ကာ စစ်ခုံရုံးကပင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံရပြန်သည်။
စုစုပေါင်း ထောင်ထဲတွင် ၁၄ နှစ်ကျော်ကြာနေခဲ့ရပြီး ၂၀၀၅ ဇန်န၀ါရီ ၃ ရက်တွင် ထောင်မှ ပြန်လွတ်သည်။ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် အဖွဲ့ချုပ်တွင် ပြန်လည် တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၈ နာဂစ်မုန်တိုင်းအပြီးတွင် အဖွဲ့ချုပ်၏ နာဂစ်မုန်တိုင်းဘေး ကယ် ဆယ်ရေး ကော်မတီဥက္ကဌအဖြစ် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေ ခိုက် ၂၀၀၈ စက်တင်ဘာလ ၂၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြန်သည်။ ပဲခူးထောင်၊ အင်းစိန် ထောင်တို့တွင် နှစ်လကျော်ကြာ ချုပ်နှောင်ထားခြင်းခံပြီးနောက် ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လည် လွတ်မြောက်လာသည်။ ၂၀၁၀ ခုနှစ်တွင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်းခံရ သည်။
နာဂစ်မုန်တိုင်းဒဏ်သင့်မြို့နယ်များမှ ဒုက္ခသည်များကယ်ဆယ်ရေး၊ ကူညီရေး၊ လူမှုရေးလုပ်ငန်းများကို စေတနာသန့်ရှင်းစွာ ထမ်းဆောင်နိုင်ခဲ့ပါသည်။
အထူးသဖြင့် နာဂစ်မုန်တိုင်းသင့် လပွတ္တာမြို့နယ်တွင် ရေကန် ၁၀၃ ခုကို ကန်ဆယ်ယူသန့်ရှင်းရေး လုပ်ပေးနိုင်ခဲ့သည်။ ဘိုကလေးမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရွာများတွင် သောက်သုံးရေသန့်ရရှိ ရေးအတွက် ကျေးရွာအချို့တွင် အ၀ီစိတွင်းများတူးဖော်ကာ ဆောင်ရွက်နိုင်ခဲ့သည်။ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။
ဝန်ခံကတိ
၁၉၉၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စဉ်က မဲဆန္ဒရှင်ပြည်သူများအား မြန်မာနိုင်ငံဒိမိုကရေစီ ရရှိရေးအတွက် ကိုယ်ကျိုးစွန့်လွှတ်ဆောင်ရွက်ပါမည်ဟု ကတိပြုခဲ့ပါသည်။ ကတိအတိုင်း မမှိတ်မသုန်နောက်မတွန့်ဘဲ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခု တစ်ကြိမ် ကျွန်တော့်အား မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်တင်မြှောက်တာဝန်ပေးမည်ဆိုပါက မကြောက်မရွံ့ တွန့်ဆုတ်ခြင်း မရှိဘဲ ကြိုးပမ်း သွားမည်ဟုကတိပြုပါသည်။
ဝါဒမှိုင်းတွေမမိကြပါစေနှင့် 
(ဆိပ်ကမ်းအထူးသတင်း)
ရန်ကုန်တိုင်းဒေသကြီး ...ဒဂုံဆိပ်ကမ်းမြို့ နယ်မဲဆန္ဒနယ် ၆၇(ကျူးကျော် ရပ်ကွက်) ရပ်ကွက် အပိုင်း၁ လေးလမ်း မှာ 28.2.2012 တစ်နာရီခွဲမှာ ပေါက်တူးဖြင့် ခုတ်မှု ဖြစ်စဉ်တခုဖြစ်ပွားခဲ့ ပါတယ် ...ဖြစ်ပွားမှုမှာ သာမန် ဖြစ်စဉ်တခု မဟုတ်ပဲ ...လူအများစိတ်ဝင်စားမှုဖြစ်ခဲ့ တာပါ..အကြောင်းအပြည့် အစုံကတော့  ပေါက်တူးဖြင့်  ခုတ်သူ မလှရီ က ကြံ့ /ဖွံ့ မှ ဖြစ်ပြီး အခုတ်ခံရသူ မညိုမီက NLD ကလို့ သိရှိရပါတယ် ...၀င်ရောက်ဖြန်ဖြေပေးသူ မစန္ဒာလင်းကတော့  ပေါက်တူးခုတ်မှုဒဏ်ကြောင့်  လက်ရောင်ရမ်းမှုဖြစ်ပွားခဲ့ ပြီး မညိုမီကတော့  ထိခိုက်ဒဏ်ရာမရရှိဘူးဟုသိရပါတယ်..အကြောင်းအရင်းဖြစ်စဉ်အပြည့် အစုံမှာတော့  မစန္ဒလင်းနှင့် မညိုမီတို့  စကားပြောနေစဉ် အဆိုပါ ပေါက်တူးဖြင့်  ခုတ်သူ မလှရီကတော့ 
ကိုယ်တွင်းမဖွယ်မရာများနှင့် နှိုင်းကာ NLD ပါတီကို ဆဲဆိုပြီး မညိုမီရှိရာသို့  ပေါက်တူးဖြင့် ဝင်ရောကိခုတ်ခံရပါသည်။ မညိုမီ အချိန်မှီရှောင်တိမ်းသဖြင့် ထိခိုက်ဒဏ်ရာရမှုမရှိပဲ မစန္ဒာလင်း လက်ထိခိုက်မှုသာရှိပါသည်။ မညိုမီသည် အခင်းဖြစ်ပွားရာကနေ သက်သေပေါက်တူးကို သိမ်းဆည်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံသို့  တိုင်ကြားခဲ့ ပါသည်။ ရပ်ကွက်တာဝန်၇ှိသူများမှ ဖြစ်စဉ်လက်ခံခဲ့ ပါသည်။ သို့ သော် ထိုအထဲမှာ ရပ်ကွက်ပုဂ္ဂိုလ်တဦးသည် မညိုမီအား ဖြစ်စဉ်မေးမြန်းရာမှ ထိုပုဂ္ဂိုလ်သည် မိမိနှင့် နောက်လူများရှိလျင် မညိုမီအား ပါးချည်ရိုက်မည်ဟု ချိန်းခြောက်းကြောင်း မညိုမီမှတဆင့် သိခဲ့ ရပါသည်။ ထိုဖြစ်စဉ်ကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲံ့ သည် ပြေလည်ရာပြေလည်းကြောင်းစီစဉ်သော်လည်း စီစဉ်မှုသည် တဖက်သက် ခံဝန် နောက်နောင် ရန်မဖြစ်စေရန်ဖြစ်ကြောင်းခံဝန်ကတိထိုးခိုင်းတာဖြစ်ကြောင်းသိရသည်။ ထိုဖြစ်စဉ်တွင် မလှ၇ီသည် တပါးသူ၏ အိမ်ေ၇ှ့ မြေကွက်လပ်တွင် သေစေရာသေစေလိုကြောင်း ပေါက်တူးဖြင့် ခုတ်မှုဖြင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်( NLD ) ကို ညစ်ညမ်းစွာဆဲရေးတိုင်းတယမှုဖြင့် လည်းကောင်း ...တွေ့ ရှိရသဖြင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၆၇(ကျူးကျော် ရပ်ကွက်) ရပ်ကွက် မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တာဝန်ရှိသူ ဒေါ်ယဉ်ယဉ်နွဲ့  ( မြို့ နယ်စည်းအဖွဲ့ ဝင်) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မြို့ နယ်ရုံး) ဥပဒေ ဌာနမှ ဦးသိန်းလှိုင်ထွန်း ( ဥပဒေရေးရာ ) ကလက်ခံပြီး ဥပဒေ ၄၅၀၊၃၂၄ အရငြိစွန်းသဖြင့်  တရားစွဲဆိုသွားမည်ဟု သတင်းရပါသည်။ မလှရီသည် ယခင်က ကို ....... ( နာမည်ကို စုံစမ်းဆဲ ) ကြံ့ /ဖွံ့ ရေပေးရေဝေးကော်မတီ ) နှင့် အတူ မညိုမှီကို သူမ၏နေအိမ်ခြံဝန်းထံသို့  ခေါ်ယူပြီး '' နင်တို့  NLD ထဲ ၀င်ထားလား ...၀င်ထားရင် ၀င်ထားတဲ့ သူကော စာရင်းပေး ...ငါတို့  အာဏာရလာရင် နင်တို့ ကို ဒီရပ်ကွပ်ကနေ လို့ မရအောင်လုပ်ပစ်မယ် ....နင်တို့ ကို ရေဝေပေးတာဘယ်သူလဲ...စာအုပ်တွေ ဝေပေးတာ ဘယ်သူလဲ....ပိုက်ဆံတွေထုတ်ချေးတာ ဘယ်သူလဲ " ဟု ပြောဆိုသည် ။ထိုအခါ မညိုမီသည် သူတို့ အား တကယ်လုပ်မည်လားဟု မေးမြန်းရာ သုံးကြိမ်သုံးခါတိတိ ထိုသို့ ပြောဆိုရာကို မညိုမှီက လက်မခံဘဲ NLD ပါတီသို့ ဝင်ရောက်ခဲ့ ကြောင်းကြားသိခဲ့ ရသည်။ ထို အချိန်မှစ၍ ကြံ့ ဖွံ့ မှ ရေပေးဝေရေးကားသည် NLD ပါတီဝင် အိမ်များအား ရေပေးဝေခြင်းမရှိတော့ ကြောငိးနှင့် ရေပေးဝေမှုအလားတူ ကိစ္စအား ၆၁ ရပ်ကွက်သည် လည်းပဲ ထိုနည်းအတူဖြစ်နေကြောင်းသတင်းရရှိပါသည်။ သမ္မတကြီးဉ်းသိန်းစိန်သည် ပြည်သူ့ အသံကို အမြဲနားစွင့် နေသော သမ္မတဖြစ်သောကြောင့်  နိုင်ငံအတွင်း မသမာ..အကျင့် ပျက် ...ခြစား...အာဏာပြနေသော သူများအား မည်သူမှငဲ့ ကွက်မှုမရှိပဲ အရေးယူပေးရန် သမ္မတကြီးနှင့် တကွ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း တို့ အားလေးစားစွာဖြင့်  တောင်းဆိုအပ်ပါသည်။ အထက်ပါအမှုများအားလည်း ကြံ့ ၊ဖွံ့  တာဝန်ရှိသူများ အမြန်ဆုံး တာဝန်ယူဖြေ၇ှင်းပေးပါရန် တောင်းဆိုပါသည်။ မြန်မာပြည်သူပြည်သားတယောက်အနေဖြင့် ပြောချင်ပါသည်။ပြည်သူလူထူကိုယ်စားပြောချင်ပါသည် ။ မြန်မာနိုင်ငံတွင် ကျူးကျော်ရပ်ကွက်အတွင်းနေသော ပြည်သူများကို ( ကျူး ) ဟု မသတ်မှတ်မသုံးနှုန်းစေချင်ပါ။ အခြေခံဥပဒေမူကြမ်းတွင် မြန်မာနိုင်ငံသားတယောက်သည် မြန်မာနိုင်ငံအတွင်း မည်သည့် နေရာတွင်မဆို အခြေတကျနေထိုင် ပိုင်ခွင့် ရှိသည် ဆိုသော ဥပဒေသည် ထိုသူမျးအား အမြဲတမ်းကာကွယ်ပေးပါ ဟု ပြောကြားချင်ပါသည်။
အမှန်တရားလွှတ်လပ်မှုနှင့်  ဒီမိုကရေစီလိုလားသူ
နေသော် ...... ( အမိမြေ )
ဆိပ်ကမ်းဖြစ်စဉ်အား မီဒီယာများသတင်းယူလိုပါက
ကိုညီညီ 09. 730079792....09 49328055
က်ုညီညီမင်း 09 73131539
ကိုနေသော် 09 73 222 591 ထံသို့ မေးမြန်းနိုင်ပါသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment