ကမ္ဘာ့သတင်းများ 21/03/2012
နိုင်ငံတကာသတင်း
အမေရိကန် မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်မှုရပ်ပစ်ဖို့ ပါကစ္စတန်တောင်းဆို
အမေရိကန် ပြည်ထောင်စု၊ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တို့နဲ့ ထိတွေ့ ဆက်ဆံတဲ့ လုပ်ငန်းတွေအတွက် တာဝန်ယူထားတဲ့ ပါကစ္စတန် လွှတ်တော်ရေးရာ ကော်မီတီ တရပ်က အမေရိကန်ရဲ့ မောင်းသူမဲ့ အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့နဲ့ (NATO) က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ယောက် မနှစ်က သေဆုံးခဲ့ရတဲ့ အဖြစ်အတွက် အမေရိကန်က တောင်းပန်ဖို့ တောင်းဆိုလိုက်ကြောင်းပါကစ္စတန် လွှတ်တော် ၂ ရပ် ပူးတွဲအစည်းအဝေးပွဲ အင်္ဂါနေ့က ကျင်းပချိန်မှာ ကော်မီတီ ဥက္ကဋ္ဌ Mian Raza Rabbani က ကြေညာချက်ကို ဖတ်ပြခဲ့ကြောင်း
အမေရိကန် ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်သွားဖို့နဲ့ ပါကစ္စတန် နိုင်ငံထဲမှာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့လည်း ကြေညာချက်မှာ တောင်းဆိုသွားကြောင်း
အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် တန်ဘိုးရှိတဲ့ အသက်၊ အိုးအိမ်တွေ ဆုံးရှုံးရသလို ဒေသခံလူထုကို အစွန်းရောက် စိတ်ဓာတ်တွေ ဖြစ်စေပြီး အကြမ်းဖက်ဝါဒနဲ့ အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကြီးထွားစေကြောင်း
အမေရိကန် အထက်လွှတ်တော်အမတ် Joe Lieberman ကတော့ ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ အမေရိကန် လုံခြုံရေးအတွက် အရေးကြီးတာမို့ ရပ်တန့်ဖို့ မသင့်ဘူးလို့ ပြောဆိုလိုက်သလို အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီဥက္ကဋ္ဌ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Dianne Feinstein ကလည်း အကြမ်းဖက်ဝါဒီတွေနဲ့ အစွန်းရောက် သမားတွေကို အမြစ်ဖြုတ်ဖို့ ပါကစ္စတန်က အပြင်းအထန် ကြိုးပမ်းတာမျိုး မရှိတဲ့အတွက် အသုံးပြုဖို့ လိုအပ်နေတုန်းပဲလို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အာရှမှာ အပြိုင်အဆိုင် လက်နက်တပ်ဆင်မယ့်အန္တရာယ် တရုတ်သတိပေး
ကမ္ဘာပေါ်မှာ အကြီးမားဆုံး လက်နက်တင်သွင်းတဲ့ ဒေသအဖြစ် အာရှ-ပစိဖိတ်ဒေသက ဥရောပရဲ့ နေရာကို အစားထိုး ဝင်ယူသွားပြီဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အာရှမှာ အပြိုင်အဆိုင် လက်နက်တပ်ဆင်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ တရုတ်နိုင်ငံက အင်္ဂါနေ့မှာပဲ သတိပေးလိုက်ကြောင်းလွန်ခဲ့တဲ့ ၅ နှစ်အတွင်း အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာတဝှမ်း သမားရိုးကျ လက်နက်တင်သွင်းမှု စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနရဲ့ ဒီတပတ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်က ဖော်ပြခဲ့ကြောင်း
ဒီအထဲကမှ လက်နက်တင်သွင်းမှုမှာ ထိပ်ဆုံးနေရာ ယူထားတဲ့ ၅ နိုင်ငံဟာ အာရှတိုက်က ဖြစ်တယ်လို့လည်း ဆိုကြောင်း ဒါပေမဲ့လည်း ဒေသတွင်း စစ်ရေး အပြိုင်အဆိုင် တည်ဆောက်မှုကြောင့် တရုတ်နိုင်ငံက လက်နက် တင်သွင်းမှုတွေ ပိုများလာရတယ်ဆိုတာဟာ မမှန်ဘူးလို့ အစိုးရပိုင် Global Times သတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကနေ ငြင်းချက် ထုတ်ခဲ့ကြောင်းတခြားနိုင်ငံတွေက မဟာဗျူဟာကျကျ တရုတ်နိုင်ငံကို ဆန့်ကျင်နေတာတွေကို အမေရိကန် ပြည်ထောင်စုက အားပေးနေတာကိုလည်း ရပ်တန်းကရပ်ဖို့ တိုက်တွန်းခဲ့သလို ဒေသတွင်းအပေါ် လုံခြုံရေး အမြင်တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား အလေးအနက်ထား ဆက်သွယ် ပြောဆိုဖို့ လိုတယ်လို့လည်း အယ်ဒီတာ့အာဘော်က ရေးသားခဲ့တာ ဖြစ်ကြောင်း သိရှိရသည်။
ဆီးရီးယားအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ရုရှ ထောက်ခံမည်
ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာငြိမ်းချမ်းရေး သံတမန်ကြီး Kofi Annan ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို လုံခြုံရေး ကောင်စီက ထပ်ဆင့်အတည်ပြုမယ့် ဆုံးဖြတ်ချက်ကို Russia နိုင်ငံက ထောက်ခံဖို့ ပြင်ဆင်ထားပြီလို့ ပြောဆိုလိုက်ကြောင်း ဒါပေမဲ့ လုံခြုံရေးကောင်စီအနေနဲ့ ရာဇသံပေးတဲ့အနေနဲ့မဟုတ်ဘဲ ကိုဖီအာနန်ရဲ့အဆိုပြုချက်ကို အခြေခံပြီး ပဋိပက္ခ ပြေလည်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြဖို့ စဉ်းစားသင့်တယ်လို့ Russia နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဒီကနေ့ ပြောဆိုလိုက်ကြောင်း
တကယ်လို့ ဆီရီးယားအစိုးရက ကိုဖီအာနန်ရဲ့ အဆိုပြုချက်ကို လက်မခံခဲ့ဘူးဆိုရင် ထပ်ပြီးအရေးယူနိုင်မယ့် အလား အလာနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံရဲ့ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ ဒီကနေ့မွန်းလွဲပိုင်းမှာ အချေအတင် ဆွေးနွေးကြမှာဖြစ်ကြောင်း အပစ်အခတ်ရပ်စဲရေးနဲ့ အစိုးရနဲ့ အတိုက်အခံအကြား ဆွေးနွေးကြပါရန် ကိုဖီအာနန်က ဆော်သြ နေတာ ဖြစ်ကြောင်းဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ကိစ္စ ဖြစ်နေတာကြောင့် လုံခြုံရေးကောင်စီရဲ့အဆိုပြုချက်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုနဲ့ ၂ ခါ ပယ်ချထာပြီးဖြစ်ပါကြောင်း တချိန်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားရဲ့ အခြေအနေဟာ သည်းခံနိုင်စရာမရှိသလို လက်ခံနိုင်စရာလည်းမရှိဘူးလို့ ပြောဆိုလိုက်ကြောင်းအင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ Mr. ဘန်ကီမွန်းက ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ်မှာ လုံခြုံရေး ကောင်စီ အနေနဲ့ ဆီးရီးယားအရေး ညီညွတ်ကြပါရန် ပန်ကြားလိုက်ကြောင်း သိရှိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment