မြန်မာသတင်းများ မတ် ၂၁ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ်ငှားရမ်းအသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မြိတ်မြို့ကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် ရှပ်ပြေးရေယာဉ်ကို မငှားရမ်းဖို့ ရေယာဉ်ပိုင်ရှင်ကို အာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း မြိတ်အနောက်မြို့နယ်က လစ်လပ်တစ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာ ဖြစ်ပါကြောင်းဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောဖို့နေရာတွေ အတွက် ကျွန်းစုတွေ အတွင်းက ရွာကွင်းတွေမှာ စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ခရစ်ယာန်ညီလာခံ စစ်တပ်နှောက်ယှက်မှု ချင်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဇဘောင်းတယ်ကျေးရွာမှာ ချင်းတိုင်းရင်းသားတွေ စုဝေးပြီး ခရစ်ယာန်ဘာသာရေး ညီလာခံတစ်ခု ကျင်းပတာကို ဒေသခံစစ်တပ်က ဝင်ရောက်နှောက်ယှက်တာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဝေဖန်လိုက်ကြောင်း ချင်းပြည်နယ်တွင်း ဒေသပေါင်း(၈၀)ကျော်က ကိုယ်စားလှယ်ပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်တဲ့ အဲဒီညီလာခံကို မတ်လ လဆန်းပိုင်းတုန်းက ကျင်းပခဲ့တာဖြစ်ပြီး၊ ဒေသခံအစိုးရတပ် ခမရ(၁၄၀)က သွားရောက်နှောက်ယှက်ခဲ့တာ ဖြစ်ကြောင်း၊ တိုင်းရင်သားလူမျိုးများ တိုးတက်ရေးပါတီရဲ့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပူးဗန်ကျင်က ကြားဝင်ပြောဆိုတာကိုလည်း သေနတ်နဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့ကြောင်း CHRO အဖွဲ့အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောကြောင်း သိရပါတယ်။The Voice Weekly ဂျာနယ်ကို တရားစွဲဆို
ဝန်ကြီးဌာနတချို့ရဲ့ကျပ်သိန်းပေါင်း ထောင်နဲ့ချီတဲ့ အလွဲသုံးစားမှုတွေ စစ်ဆေးတွေ့ရှိကြောင်း သတင်းရေးသားထုတ်ဝေခဲ့တဲ့ The Voice Weekly ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှုပုဒ်မနဲ့ တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။သတ္တုတွင်းဝန်ကြီးဌာနက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တရားရုံးမှာ စွဲဆိုခဲ့ကြောင်း၊ The Voice ဂျာနယ် အနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်လည်တုံ့ပြန် ဆောင်ရွက်မှာဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြောင်းမတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်မှာ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) မုံရွာ ကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၀၀ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ရောင်းချခဲ့ကြောင်း၊ ဒါပေမယ့် ဦးပိုင်လီမိတက်က ငွေပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးချေခဲ့ကြောင်း စသည်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနမှ အလွဲသုံးစားမှုကို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာအရ ကိုးကားပြီး ထုတ်ဖော် ရေးသားခဲ့ကြောင်း
သတ္တုတွင်းဝန်ကြီးဌာနကလည်း The Voice Weekly မှာဖော်ပြတဲ့ သတင်းဟာ မှားယွင်းနေပြီး၊ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မယ်လို့ အစိုးရပိုင် သတင်းစာတွေက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အခုလို တရားစွဲဆိုခဲ့တာဖြစ်ကြောင်း The Voice Weekly ဂျာနယ်ရဲ့ထုတ်ဝေသူ၊ ဂျာနယ်တာဝန်ခံနှင့် သတင်းရေးသားသူ သတင်းထောက်တို့ကို တရားရုံးက ဆင့်ခေါ်ထားပြီး မတ်လ ၂၂ ရက်နေ့မှာ အမှုစတင် စစ်ဆေးမယ်လို့လည်း သိရပါတယ်။
အင်းစိန် အထည်အလိပ်စက်ရုံ လုပ်သားများ လျော်ကြေးငွေ မရသေး
စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံတစ်ရုံဖြစ်တဲ့ အင်းစိန် အထည်အလိပ်စက်ရုံ အမှတ် (၁၁) က ဝန်ထမ်း ၂၀၀ ကျော်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက လျော်ကြေးပင်စင်လျှောက်လွှာမှာ လက်မှတ် ရေးထိုးထားပေမယ့် အခုအချိန် အထိ ပင်စင်ဦးစီးဌာနက လျော်ကြေးငွေ ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ဘာမှ အကြောင်း မပြန်ဘူးလို့ သိရပါတယ်။ ဒီအထည်အလိပ်စက်ရုံကို မကြာခင် ဖျက်သိမ်းတော့မယ်လို့ သတင်းထွက်ခဲ့တဲ့ အတွက် စက်ရုံမှူးက ဝန်ထမ်းတွေကို လျော်ကြေးပင်စင်လျှောက်ဖို့ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဝန်ထမ်းတဦးက ပြောကြောင်းဒါပေမယ့် အထည်အလိပ်စက်ရုံကို လျော်ကြေးမယူတဲ့ ဝန်ထမ်း ၂၀ လောက်နဲ့ အခုချိန်အထိ ဆက်လက် လည်ပတ်နေပြီး ဘယ်အချိန် ဖျက်မယ်ဆိုတာကို မသိသေးဘူးလို့ စက်ရုံမှူး ဦးစိုးဝင်းထွန်းက ပြောကြောင်း လျော်ကြေး ပင်စင်လျှောက်လွှာ တင်ထားတဲ့ ဝန်ထမ်းတွေအနက် လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေက လျော်ကြေးငွေရမှာ ဖြစ်ပြီး၊ ၁၀ နှစ်အထက်တွေက ပင်စင်လစာ ရကြမှာ ဖြစ်ကြောင်း သိရပါတယ်။ကချင်ဒေသစစ်ပွဲ လူ့အခွင့်အရေး ချိုးဖောက်မှုရှိ
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို မြန်မာအစိုးရတပ်တွေ ထိုးစစ်ဆင်နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေကြောင်း၊ အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာတစ်စောင် ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ HRW အာရှရေးရာ ဒုတိယအကြီးအကဲ မစ္စတာ Phil Robertson က-"ကချင်ဒေသက စစ်ပွဲတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရက အများစု ချိုးဖောက်နေတာ ဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေကလည်း ကျူးလွန်နေပါတယ်။
HRW ကိုယ်စားလှယ်တွေက ကချင်ဒေသကို ၂ ကြိမ် သွားရောက်ခဲ့ပြီး ထွက်ပြေးလာကြသူ ဒေသခံကျေးရွာသားတွေကို မေးမြန်းထားတယ်"လို့ ပြောသွားကြောင်း
"ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုများနဲ့ အဓမ္မ ရွှေ့ပြောင်းခံရမှုများ” လို့ အမည်ပေးထားတဲ့ စာမျက်နှာ (၃၈) မျက်နှာပါ HRW ရဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင်ဒေသခံ (၇) သောင်း (၅) ထောင်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုကြောင်းမြန်မာအစိုးရဟာ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှုတွေကို တားမြစ်နေတာရှိပြီး၊ ကုလသမဂ္ဂက ပေးအပ်တဲ့ အကူအညီကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက တစ်ကြိမ်သာ ခွင့်ပြုခဲ့ကြောင်း မြန်မာ အစိုးရတပ်တွေဟာ ဒေသခံတွေကို ကချင်စစ်သားအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်တာတွေ၊ အသက် ၇ဝ ကျော် သက်ကြီးရွယ်အိုပါ မကျန် ပေါ်တာအဖြစ် ခိုင်းစေတာတွေ၊ ကချင်အမျိုးသမီးတွေကို မြန်မာစစ်တပ် အရာရှိတွေက အခြေစိုက်စခန်းတွေမှာ အဓမ္မပြုကျင့်တာတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းဒါ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့တပ်တွေမှာ ကလေးစစ်သား အသုံးပြုတာတွေ ရှိနေသလို ရှေ့တန်းစစ်မျက်နှာတွေမှာ မိုင်းထောင်တာတွေလည်း ရှိတဲ့အတွက် ဒေသခံတွေကို အန္တရာယ်ဖြစ်စေကြောင်းစားနပ်ရိက္ခာ ပြတ်လပ်တဲ့အတွက် မူလနေထိုင်ရာ ကျေးရွာတွေကို ပြန်ပြီး စားစရာရှာဖွေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာလည်း မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်တာကို ခံနေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းသိရသည်။
ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ် လူ့အခွင့်အရေး ဆက်ချိုးဖောက်
လူမသိသေးတဲ့ ဘေးဒုက္ခများလို့ ဆိုရမယ့် Untold Miseries လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၈၃ မျက်နှာပါ အစီရင်ခံစာ အသစ်တခုကို HRW အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး ကချင်ပြည်နယ်ဘက်မှာဖြစ်ပျက်နေတဲ့ အခြေအတွေကို အသေးစိတ် ဖော်ပြထားကြောင်းမြန်မာအစိုးရက ဖော်ဆောင်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ကချင်ပြည်နယ်ဘက်ဆီတော့ မရောက်သေးဘူးလို့ HRW က ဆိုပြီး ကချင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA နဲ့ တိုက်ခိုက်နေတဲ့ မြန်မာအစိုးရစစ်တပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲဖြစ်တယ်လို့ HRW က ဝေဖန် ပြစ်တင်လိုက်တာလည်းဖြစ်ကြောင်း
မြန်မာနိုင်ငံမှာ တစုံတရာ အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ မြန်မာအစိုးရစစ်တပ်က မတရားပြုမူလုပ်ဆောင်နေတာ တွေဟာ ကချင်ပြည်လို လူမျိုးစုတိုင်းရင်းသားဒေသတွေမှာ ကိုလိုနီခေတ်လွန် နောက်ပိုင်းကတည်းက ဖြစ်နေခဲ့တာတွေနဲ့ အတူတူ ဆက်ဖြစ်နေဆဲပါပဲလို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောကြောင်းအခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့ကြားကပဲ မြန်မာအစိုးရက လုပ်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ကို အလွယ်တကူပဲ ခပ်မြန်မြန် အသိအမှတ်ပြုခဲ့ကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပါအ၀င် နိုင်ငံတကာကိုလည်း HRW က ဝေဖန် ပြောဆိုခဲ့ကြောင်းHRW အဖွဲ့ရဲ့ အခုအစီရင်ခံစာကို ကချင်အရေးလုပ်ဆောင်နေကြတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးတွဲ လုပ်ဆောင် ပြုစုခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ ဘေးဒုက္ခအမျိုးမျိုး ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတဲ့ ကာယကံရှင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို လူပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ၊ အခင်းဖြစ်ခဲ့တဲ့နေရာတွေအပါအ၀င် အသေးစိတ် ဖော်ပြထားကြောင်း
မြန်မာအစိုးရစစ်တပ်ဟာ ကလေးငယ်တွေအပါအ၀င် အပြစ်မဲ့ ရွာသူရွာသားတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ တရားလက်လွတ် ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တာ၊ မုဒိန်းကျင့်တာ၊ ဒေသခံတွေကို အထမ်းသမား ပေါ်တာတွေအဖြစ် အတင်းအကျပ်စုဆောင်းပြီး စစ်တပ်ပစ္စည်းတွေကို သယ်ယူခိုင်းတာ၊ ရွာတွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေစဖြစ်ကတည်းကဆိုရင် သူတို့သိထားသလောက် အရပ်သား ၇၅,၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီလို့ဆိုကြောင်း
ဒါ့အပြင် မြန်မာအစိုးရစစ်တပ်ရော၊ KIA အဖွဲ့ရောဟာ ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုနေဆဲ၊ လူတွေ သေကျေ ဒဏ်ရာရစေတဲ့ မြေမြှုပ်မိုင်းဗုံးတွေကို အသုံးပြုနေဆဲပဲလို့လည်း HRW အဖွဲ့ရဲ့ လေ့ကျင့်ရေး၊ သုတေသနနဲ့ လှုံ့ဆော်စည်းရုံးရေး ဆိုင်ရာ တာဝန်ရှိသူ Matthew Smith က ပြောကြောင်း
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းမ်စ်လွန်းဒေါင်ကတော့ အသက် ၁၈ နှစ် အောက်ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာမရှိဘဲ အသက် ၁၈ နှစ်အထက်တွေကိုသာ စစ်သင်တန်းပေးနေတယ်လို့ ပြောကြောင်း
ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်နှစ်ဘက်စလုံးအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာပါလို့ မြန်မာအစိုးရကိုရော KIO အဖွဲ့ကိုပါ HRW က အကြံပေး တိုက်တွန်းထားကြောင်းသိရသည်။
ကချင်ဒုက္ခသည်များကို ကူညီရေး ထိရောက်စွာ မလုပ်နိုင်
စစ်ပြေးဒုက္ခသည် ၇ သောင်း ၅ ထောင်ခန့်အနက် လူဦးရေထက်ဝက်ခန့်ဆီသို့ အကူအညီများ မရောက်ရှိနိုင်အောင် အစိုးရတပ်နှင့် ကချင်တပ်ဖွဲ့များက အတားအဆီးပြုလုပ်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) က ယမန်နေ့က ပြောဆိုလိုက်သည်။ ကချင်ပြည်နယ်တွင် အစိုးရတက်များက ဖိနှိပ်မှုများ ဆက်လုပ်နေပြီး လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ထိရောက်စွာ မပေးနိုင်အောင် ပြုလုပ်နေသည်ဟု ယမန်နေ့က ထုတ်ပြန်သည့် HRW ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
ချင်းလွှတ်တော် အမတ်ကို စစ်တပ် ခြိမ်းခြောက်
ချင်းပြည်နယ် မတူပီ မြို့နယ်မှာ မတ်လ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ ဘာသာရေး ဆိုင်ရာ စည်းဝေးပွဲကို နယ်မြေ အခြေစိုက် မြန်မာအစိုးရ စစ်တပ်က အနှောင့်အယှက် ပေးခဲ့သလို တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်ကိုလည်း သေနတ်ထုတ်ပြီး ခြိမ်းခြောက်တဲ့ အဆင့်မျိုးထိ ဖြစ်ခဲ့ပါတယ်၊ ချင်းပြည်နယ်တွင်း အခုလို ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေ နဲ့အတူ တခြား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကြုံနေရတာ ဖြစ်တယ်လို့လည်း ချင်း လူ့အခွင့်ရေးအဖွဲ့က ထောက်ပြကြောင်း
ချင်းပြည်နယ် အနောက်တောင်ပိုင်း မှာရှိတဲ့ မတူပီမြို့ က စပေါင်းဂိတ် ( Sabawnget) ရွာမှာ မတ်လ (၈) နေ့က နေ မတ်လ (၁၃) ရက်နေ့ထိ ကျင်းပခဲ့တဲ့ ခရစ်ယာန် ဘာသာရေးစည်းဝေးပွဲတွင်း အခုလိုပြသနာ ဖြစ်ခဲ့ကြောင်းMara Evangelical Church ကနေပြီးတော့ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးစုပေါင်းပွဲကို ဒီနှစ် မတူပီမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကျင်းပ နေစဉ် မတ်လ (၁၀) ရက်နေ့မှာ ချင်းပြည်နယ် ထဲ အခြေစိုက်တဲ့ မြန်မာအစိုးရ စစ်တပ်က ရုတ်တရက်ဆိုသလို ကန့်သတ်ချက်တွေထုတ်ပြီး တားမြစ်တာ တွေ လုပ်လာကြောင်း ဒါ့ကြောင့် ဒီပွဲကို ရောက်နေတဲ့ တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေး ပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်းက မလုပ်ဖို့ ညိနှိုင်း တဲ့အခါ တာဝန်ရှိသူ ဗိုလ်ကြီး သေနတ် ထောက်ပြီး ပြန်ခြိမ်းခြောက် တာတွေ လုပ်ခဲ့တယ်လို့ ပြည်နယ်ကိုယ်စားလှယ် ဦးပူဗန်ကျင်း ကိုယ်တိုင် အခုလိုပြောပြပါတယ်။
“မီဇိုရမ်ပြည်နယ်၊ စိုင်းဟ က လာတဲ့ ကားတွေကို နှင်ထုတ်လိုက်တယ်။ ပြီးတော့လည်း ညနေမှာ ဧည့်စာရင်း ချက်ချင်း လုပ်ပြီးတော့ လုပ်မယ်လို့ ထုတ်ပြန်ထားတယ်။ ပြီးတော့လည်း ဝတ်ပြုကိုးကွယ်မှု အစီအစဉ်ကို ည မှာ အကြာကြီးမလုပ်ရဘူး။ ပိတ်ရမယ် လို့ သူတို့ ပြောလိုက်တယ်။ အဲဒီ ကိစ္စကို လူထုတွေက တော်တော် လည်း စိတ်ပူပန်နေကြတယ်။ လူတွေကလည်း လာပြောတယ်။ ဒါနဲ့ ကျနော် တပ်မှူး ဗိုလ်ကြီးဆီကို ကျနော် သွားပြီးတော့ "ဗိုလ်ကြီး အစည်းအဝေးက ကျနော်တို့ ကျင်းပနေပြီ။" သူတို့က အစတုန်းက ခင်ဗျားတို့ ဒီလို လုပ်တာ ဟာ ကောင်းတယ်။ ပွဲတဝက် မှ ခင်ဗျားတို့ ဒီလို လုပ်တာဟာ လူတွေက စိတ်မချမ်းသာပါဘူး။ ခင်ဗျားတို့ ပွဲကို တင်းကျပ်အောင် မလုပ်ပါနဲ့ လို့ ကျနော် သွားပြောလိုက်တယ်။ အဲဒီ အခါမှာ ဗိုလ်ကြီး မျိုးမင်းထိုက် က သေနတ်ကို ချိန်ပြီးတော့ "မင်းဘာကောင်လဲ။ ဘာတွေ ပြောနေလဲ။ မင်းကို သတ်ပစ်မယ်" ဆိုပြီး သေနတ်ကို ချိန်လိုက်တယ်။ "ဟာ ခင်ဗျား ဒီလို မလုပ်ပါနဲ့။ ကျနော် လွှတ်တော် ကိုယ်စားလှယ်တွေ" ဘာတွေ ဆိုတာ မကြားချင်ဘူး။ အဲဒါတွေက မပြောနဲ့ ဆိုပြီးတော့ သေနတ်ကို ချိန်တယ်လေ။”
ဒီလိုအခြေအနေ တွေကြောင့် ညတွင်းချင်း နယ်စပ် လုံခြုံရေး ၀န်ကြီးဆီကို ဦးပူဗန်ကျင်း ကိုယ်တိုင် ဖုန်းဆက် တိုင်ကြားခဲ့တယ် လို့လည်းပြောကြောင်းအခုလိုမျိုး ဘာသာရေး ဖိနှိပ် ကန့်သတ်မှု ပြသနာတွေကို ချင်းပြည်နယ် တွင်း မကြာခဏ ဆိုသလို ကြုံနေရကြောင်း ချင်း ဆင်းရဲနွမ်းပါးပြီး ဖံွ့ဖြိုးမှုလည်း နှောင့်နှေးနေတဲ့ ချင်းပြည်နယ်ထဲမှာ တခြားလူ့အခွင့်ရေး ချိုးဖောက်မှု တွေလည်း ရှိနေကြောင်းမြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖောက်မှု တွေဟာ နယ်မြေ တည်ငြိမ်မှု မရှိတဲ့ တိုင်းရင်းသား ဒေသတွေမှာ အဖြစ်များ နေတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်ရေးအဖွဲ့ ကထောက်ပြ နေကြကြောင်း အဲဒီလို အခြေအနေ ထဲကမှ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၁၂) ရက်နေ့ကဆိုရင်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနယ်နယ်ထဲမှာ ဒေသခံ လယ်သမားတဦးကို တရားမ၀င် နယ်စပ် ဖြတ်ကျော်ဝင်လာတဲ့ မြန်မာစစ်သား နှစ်ဦးက သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေး ဌာနက မြန်မာအစိုးရကို တောင်းဆိုထားတဲ့ ပြသနာမျိုး တွေလည်း ရှိနေကြောင်းသိရသည်။
ရွေးကောက်ပွဲလေ့လာဖို့ အာဆီယံကို မြန်မာဖိတ်ခေါ်
မကြာခင် ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကို မြန်မာအစိုးရ တရားဝင် ဖိတ်ခေါ်လိုက်ပါကြောင်းအခုလို အာဆီယံအသင်း ရွေးကောက်ပွဲကို လာရောက်လေ့လာမယ်ဆိုတဲ့ အခြေအနေကို တိုးတက်မှုတရပ်အနေနဲ့ မြန်မာ့ အရေး လေ့လာသူတွေကတော့ ရှုမြင်ပါကြောင်း ဒါပေမယ့် အာဆီယံက အစပြုပြီး အခြား နိုင်ငံတကာနဲ့ ပြည်တွင်း လေ့လာရေးအဖွဲ့တွေကို ခွင့်ပြုဖို့ကိုလည်း တဘက်က မျှော်လင့်နေကြ ကြောင်း
အာဆီယံအသင်းကြီးရဲ့ အတွင်းရေးမှုးချုပ်ရုံးက ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံနိုင်ငံ တနိုင်ငံချင်းက လွှတ်တော်အမတ်နှစ်ဦးစီကို လာမယ့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ဖို့ မြန်မာအစိုးရက တရားဝင် ဖိတ်ကြားလိုက်ပြီလို့ အာဆီယံအသင်းက ထုတ်ပြန်လိုက်ကြောင်း ဒီအဖွဲ့တွေနဲ့အတူ သတင်းမီဒီယာ ကိုယ်စားလှယ်တွေလည်း ပါဝင်ခွင့် ပေးထားကြောင်း လာမယ့် မတ်လ ၂၈ ရက်နေ့ အရောက် ရန်ကုန်ကို လာရောက်ဖို့ ဖိတ်ကြားထားကြောင်း အခုလို ဖိတ်ကြားမှုဟာ တိုးတက်မှုတခုလို့ မြန်မာ့အရေးလေ့လာသူတွေက မြင်ပါတယ်။ ဒါပေမဲ့လည်း အစိုးရသက်သက်တင်မဟုတ်ဘဲ အခြားအစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ အာဆီယံအတွင်း လူထုအခြေပြုအဖွဲ့အစည်းတွေကိုလည်း ခွင့်ပြုသင့်တယ်လို့ အင်ဒိုနီးရှား လွှတ်တော်အမတ် Eva Sundari က ပြောကြောင်းအာဆီယံတိုင်းပြည်တွေကို ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး မြန်မာအာဏာပိုင်တွေက ခွင့်ပြု လိုက်ချိန်မှာပဲ၊ မြန်မာသမတ ဦးသိန်းစိန်ဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုးနိုင်ငံ တွေဆီကို အာရှသုံးနိုင်ငံ ခရီး ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။
ပုသိမ်သင်္ဘောနစ်မြုပ် လူ၂၀ထက်မနည်း ပျောက်ဆုံး
ပုသိမ်မြို့ နဲ့ အုတ်ရှစ်ကွင်းကျေးရွာကို ပြေးဆွဲနေတဲ့ အမြန်ယာဉ်သင်္ဘောဟာ ဒီနေ့ မွန်းလွဲ ၃နာရီအချိန်လောက်က ငပုတောမြို့အနီးမှာ နစ်မြုပ်ခဲ့ပြီး ခရီးသည် ၄၀ ကျော် ပျောက်ဆုံးနေပကြောင်းအခုလို နှစ်မြုပ်တာဟာ အမြန်သင်္ဘောက သတ်မှတ်တန်ချိန် ထက် ပိုလွန် တင်ဆောင်ထားတာကြောင့်နဲ့ လှိုင်းထန်တာကြောင့် ဖြစ်တယ်လို့ ဒေသခံ တွေက ပြောကြောင်းလောလောဆည်မှာတော့ ဆေးရုံကို သယ်ဆောင်လာသူတွေ ထဲက အသက်၃၀ကျော်အရွယ်အမျိုးသမီးတယောက်သေဆုံးခဲ့ပြီး ကြက်ခြေနီ၊ ကျန်းမာရေး ဌာနနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေ ပါကြောင်း
နစ်မြုပ်သွားတဲ့ ပုသိမ်သူ ၁၁ သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေထဲမှာ ၁၀တန်း စာမေးပွဲ ဖြေဆိုပြီးပြန်လာတဲ့ ကျောင်းသူကျောင်းသား အများစုပါဝင်ပြီးလောလောဆည် သေဆုံးသူ ၂ယောက်ရှိကြောင်းနစ်မြုပ်သွားတဲ့ သင်္ဘောကိုတော့ ပြန်ဖော်နိုင်တဲ့အခြေအနေ မရှိသေးကြောင်းပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကလည်း ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းမှာစက်လှေ တိမ်းမှောက်ခဲ့တာကြောင့် ကျောင်းသူကျောင်းသားကလေးငယ်
၅ဦး သေဆုံးခဲ့ရကြောင်းသိရသည်။
၅ဦး သေဆုံးခဲ့ရကြောင်းသိရသည်။
“သူပြန်လွတ်လာတဲ့ အကြောင်းကို တခြား တစ်ယောက်က တစ်ဆင့် အကြောင်းကြား လာပါတယ်။ ကျွန်မတို့ KNU အနေနဲ့ ဒီလို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကို ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါတယ်။ အခု လောလောဆယ်မှာတော့ နေပြည်တော်ကို ဖိတ်ခေါ်လို့ နေပြည်တော် သွားနေတယ်လို့ သိရပါတယ်” ထို့အပြင် ဖဒို မန်းငြိမ်းမောင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းမှာ အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်တစ်ခုကို လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်းလည်း KNU ၏ တွဲဖက်အတွင်းရေးမှူး - ၁ ဗိုလ်မှူးစောလှငွေက
"ကျွန်တော်တို့ အဖွဲ့အစည်းအဆီကို တိုက်ရိုက်အကြောင်းကြားတာမျိုး မရှိဘဲ မီဒီယာတွေက တစ်ဆင့် ပြန်လွတ်လာတာကို သိရတာပါ။ နည်းနည်းတော့ နောက်ကျသွားတယ်။ ဇန်န၀ါရီလထဲမှာ တွေ့ကတည်းက လွှတ်ပေးမယ်လို့ ပြောခဲ့တာ ဟုတ်ပါတယ်။ သူတို့အနေနဲ့ သူတို့ပြောခဲ့တဲ့ အတိုင်း ယုံယုံကြည်ကြည်နဲ့ လုပ်သွားတယ်လို့ မြင်ပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်း လိုက်တယ်လို့ ယူဆပါတယ်။ နောက်ကျသွားတယ် ဆိုပေမယ့် အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တယ်လို့ သုံးသပ်ပါတယ် "ဟု ပြောကြောင်း
ဖဒို မန်းငြိမ်းမောင်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃/၁ ဖြင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချခဲ့ကြောင်း ထောင်ဒဏ်တစ်နှစ် အမိန့် ချမှတ်ခံခဲ့ရပြီးနောက် ပြန်လွတ်ရန် ၂၂ ရက် အလိုတွင် နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂/၁ ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ မတရားအသင်း ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန် မတ်လ ဒုတိယပတ်အတွင်း အမိန့်ချမှတ်ခဲ့ကြောင်း ဖဒို မန်းငြိမ်းမောင်သည် ယနေ့န့နက် ၇ နာရီခန့် အချိန်က အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၇ နာရီ မိနစ် ၅၀ အချိန်တွင် နေပြည်တော်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
ဖဒိုမန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော် ရောက်
ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မီတီဝင်ဦးမန်းငြိမ်းမောင်ကို နေပြည်တော်ကို ခေါ်ဆောင်ပြိး မီးရထားဝန်ကြီးဦးအောင်မင်းနဲ့ တွေဆုံနေပြီဖြစ်ကြောင်း၊ မကြာခင်မှာ နယ်စပ်ကို ပြန်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ဆက်သွယ်ရေး ကိုယ်စားလှယ်ကတဆင့် အကြောင်းကြားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောကြောင်း ထောင်ဒဏ် တသက်တကျွန်းကျပြီး၊ တပတ်မကြာခင်မှာပဲ သမတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ကေအန်ယူခေါင်းဆောင် ဦးမန်းငြိမ်းမောင်ကို မတ်လ၁၉ရက်နေ့ကပဲ မြန်မာအစိုးရတာဝန်ရှိသူတွေက နေပြည်တော်ကို ခေါ်ဆောင်သွားခဲ့ကြောင်း ကေအန်ယူရဲ့ ဦးဆောင်ကော်မတီဝင် ဦးစောဒေးဗစ်ထောက ပြောကြောင်းသိရသည်။
ကျောက်မီးသွေးသုံး စက်ရုံကြောင့် ဒေသခံများ ပြောင်းကြမည်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ဆောက်လုပ်ပြီးစီးလုနီးပါး ဖြစ်သည့် ကျောက်မီးသွေး
လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ လည်ပတ်ပါက အိုးအိမ်စွန့်ကာ ပြောင်းရွှေ့ကြမည် ဖြစ်ကြောင်း
စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် အေးရိပ်ငြိမ် ရပ်ကွက်မှ စက်ရုံအနီး နေထိုင်သည့် အိမ်ခြေ ၅ဝ ခန့်မှ မိသားစု ၇ဝ ခန့် ပြောင်းရွှေ့ရန် ပြင်ဆင်ကြခြင်း ဖြစ်ကြောင်း၎င်းတို့အနေနှင့် စက်ရုံလည်ပတ်ခြင်း ကိစ္စကို ကန့်ကွက်နေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ဆိုကြောင်း
လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် အေးရိပ်ငြိမ် နှင့် ရွှေပြည်သာ လူနေရပ်ကွက်ကြားရှိ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေ ၅ဝ ခန့်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ စက်ရုံနှင့် နှစ်ဖာလုံကျော် တွင် ကော့သောင်းမြို့မှ သောက်သုံးရေအဖြစ် ရယူနေသည့် ရေလှောင်ကန်လည်း ရှိကြောင်း
ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် လက်ထက်က ခွင့်ပြုချက် ရရှိပြီး ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေးလုပ်ငန်း ကုမ္ပဏီ လိမိတက် ပိုင်သည့် ထိုစက်ရုံကို ၂၀၁၁ ခု နှစ်လယ်ခန့်တွင် စတင်တည်ဆောက်ခဲ့ရာ ၉၅ ရာနှုန်း ဆောက်လုပ် ပြီးစီးပြီ ဖြစ်ကြောင်းထိုစက်ရုံကို ဧပြီလ ၁ဝ ရက်နေ့တွင် စမ်းသပ်ကာ ဇွန်လတွင် စတင် လည်ပတ်မည် ဖြစ်သည့်အတွက် ဒေသခံများ အနေနှင့် စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိရှိနားလည်ရန်အတွက် မတ်လ ၂၂ ရက်နေ့တွင် ပညာပေး လက်ကမ်းစာစောင်များ စတင်ဖြန့်ဝေသွားမည်ဟု DPM ပါတီ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက
ပြောကြောင်း၎င်းတို့ အနေနှင့် ဒေသခံများနှင့် ပူးပေါင်းပြီး လက်ကမ်းစာစောင် တသောင်းကို ကော့သောင်းမြို့အနှံ့ ဖြန့်ဝေသွားမည့် အပြင် ရပ်ကွက်တိုင်းတွင်လည်း နံရံကပ်စာစောင်များ ကပ်သွားမည်ဟု ဆိုကြောင်း စာဖြန့်ဝေခွင့် ရရန်အတွက် မတ်လ ၁၆ ရက်နေ့က ‘ကျောက်မီးသွေး စက်ရုံနှင့် စက်လျဉ်း၍ ဆိုးကျိုးများ ဖော်ပြထား သည့် စာရွက်စာတမ်းများ ဝေမျှခြင်း ကိစ္စ’ အကြောင်းအရာဖြင့် တိုင်းဝန်ကြီးချုပ်ရုံးသို့ လိပ်မူပြီး တင်ပြထားသော်လည်း အကြောင်းမပြန်လာသေးကြောင်းလည်း

စက်ရုံ တည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းတွင် တကြိမ်၊ ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် တကြိမ် ကော့သောင်း DPM ပါတီက စက်ရုံ ဆောက်လုပ်ခြင်း ကိစ္စကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် ဆောက်လုပ်လျက် ရှိပြီး ရပ်ကွက်အတွင်းတွင်လည်း ဓါတ်တိုင်များ စိုက်ထူရန်အတွက် တွင်းများ တူးဖော်လျက် ရှိကြောင်းစက်ရုံ လည်ပတ်ရန်အတွက် လိုအပ်သည့် ကျောက်မီးသွေးကို တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊
လေညာ သစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ယူကာ လိုအပ်မည့် ရေကို ထိုင်း-မြန်မာနယ်စပ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်မှ စုတ်ယူ သုံးစွဲမည် ဖြစ်ကြောင်းဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင်အထည်
ဖော်မည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းတွင် အစိုးရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့ကြောင်း
ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင် သည့် ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူ လမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြောင်းသိရှိရသည်။

ဆက်သွယ်ရေးကဏ္ဍ ၁၅၀ % ကျော် တိုးတက်ရန် ရည်မှန်း
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တိုးတက်မှု ရာခိုင်နှုန်း ၁၅၀ ကျော် ရည်မှန်း လုပ်ဆောင်ရမည်ဟု အမျိုးသား စီမံကိန်း ဥပဒေတွင် ဖေါ်ပြထားကြောင်းမတ်လ ၁၉ ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားသည့် အဆိုပါ ဥပဒေတွင် စီမံကိန်း၏ ကဏ္ဍပေါင်း ၁၄ ခုအနက် ဆက်သွယ်ရေးကဏ္ဍသည် တိုးတက်မှု ရည်မှန်းရာခိုင်နှုန်း ၁၅၀.၄ ဖြင့် အမြင့်ဆုံး ဖြစ်သည်။ ထိုအတွက် ကျပ်ငွေ သန်းပေါင်း ၉၈၀,၀၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ပါရှိကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံများနှင့် နှုန်းယှဉ်ပါက နိမ့်ကျလျက် ရှိသည် ကိုလည်း ကမ္ဘာ့ဘဏ်၏ မှတ်တမ်းများအရ သိရှိရကြောင်းမြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း အသုံးပြုနိုင်မှုမှာ လူ ၁၀၀ လျှင် ၁ ယောက်သာ အသုံးပြုနိုင်ချိန်တွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင်မူ လူအယောက် ၁၀၀ တွင် ဖုန်းအလုံးရေ ၁၀၁ လုံး ပိုင်ဆိုင်နေသည်ကိုလည်း ကမ္ဘာ့ဘဏ်၏ ၂၀၁၀ ဖေါ်ပြချက်များအ ရသိရှိရကြောင်း
အင်တာနက် အသုံးပြုမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၀.၂ ယောက်သာ ရှိချိန်တွင် ထိုင်းနိုင်ငံ တွင်မူ လူ ၁၀၀ တွင် ၂၀ ယောက် အင်တာနက် သုံးနိုင်နေကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၀၉ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံ၏ အင်တာနက် တပ်ဆင် အသုံးပြုနိုင်မှုတွင်လည်း ၂၀၁၀ ခုနှစ်အတွင်း လူဦးရေ ၁၀၀ လျှင် ၀.၀၃ ဦးသာ တပ်ဆင် အသုံးပြုနိုင်သေးကြောင်း ထိုင်းနိုင်ငံတွင်မူ လူဦးရေ ၁၀၀ လျှင် ၃.၈၇ ယောက် အင်တာနက် တပ်ဆင် အသုံးပြုနေကြပြီ ဖြစ်ကြောင်း
လက်ကိုင်ဖုန်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ ငါးနှစ်စီမံကိန်း ချမှတ်ပြီး ၂ဝ၁၂ ခုနှစ်မှစ၍ ဖုန်းပေါင်း သန်း ၃ဝ တပ်ဆင်ပေးသွားမည်ဟု ကြေညာထားကြောင်း မတ်လ ဒုတိယပတ်မှစ၍ SIM ကဒ်တခုကို ကျပ်ငွေ နှစ်သိန်း နှုန်းဖြင့်ရောင်းချပေးခဲ့သော်လည်း အဆိုပါ ရောင်းချမှုတန်ဖိုးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များလွန်းသည်ဟု ဆိုကာ ၅,ဝဝဝ ကျပ်တန် ဖုန်း SIM ကဒ်များ ရောင်းချ ပေးနိုင်ရန် တောင်းဆိုမှုများလည်း ရှိနေကြောင်းအဆိုပါ အမျိုးသား စီမံကိန်း ဥပဒေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၆.၇ ရာခိုင်နှုန်း တိုးတက်ရန်ဖြစ်ပြီး လယ်ယာကဏ္ဍတွင် ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၉ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ၈.၃ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်းတဦးချင်းစီ၏ ပျမ်းမျှ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ယခင်က ကျပ် ၇၄၀,၈၁၄ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ တွင် ကျပ် ၈၃၉,၅၅၁ ဖြစ်ပေါ်စေရန် ရည်ရွယ်ထားသည်ဟု ဆိုကြောင်းထို့အပြင် နှစ်အလိုက် ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ် ၉,၂၁၁,၁၄၃ သန်း၊ ပြည်တွင်းသွင်းကုန် ကျပ် ၆,၅၈၂,၈၀၀ သန်း တင်သွင်းရန် ရည်ရွယ်ထားကြောင်းအဆိုပါဥပဒေသည် ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အသက်ဝင်မည် ဖြစ်ကြောင်းသိရသည်။

ဦးသန့်သမီး ရွှေတိဂုံမှာ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ သမီးက ဦးဆောင်၍ ငြိမ်းချမ်းရေး
ခေါင်းလောင်းထိုးပွဲကို အင်္ဂါနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်ရှိ သာယာဝတီ ခေါင်းလောင်းကြီးတွင် ပြုလုပ်ခဲ့ကြောင်းထိုနေ့ထိုအချိန်မှာ အီကွေတာပေါ်တည့်တည့်သို့ နေလုံးကြီး တည့်မတ်မျှတစွာ ကျရောက်၍ ကမ္ဘာနှစ်ခြမ်း အလင်းနှင့်အမှောင် မျှတစွာ ကျရောက်သည့် Equinox နေ့ဖြစ်သဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးခြင်းဖြစ်ကြောင်း ဦးသန့်၏ သမီး ဒေါ်အေးအေးသန့် က ပြောကြောင်းEquinox ဆိုသည်မှာ လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး မျှတခြင်းနှင့် မှန်ကန်ခြင်းတို့ ပေါင်းစပ်ထားခြင်းဖြစ်ကြောင်းထိုသို့ တနှစ်လျှင် နှစ်ကြိမ်ကျရောက်သည့် Equinox နေ့များကို အချို့နိုင်ငံများတွင် ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ အဖြစ်လည်း ဆင်နွှဲကျင်းပလေ့ ရှိကြသည်။ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၂၂ ရက်နေ့တွင်လည်း Equinox ထပ်မံ ကျရောက်ဦးမည် ဖြစ်ကြောင်း မြန်မာ့နက္ခတ်ဗေဒအရလည်းဤနေ့ဤအချိန်တွင်ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဝေဒသုသေသနအသင်း ဥက္ကဋ္ဌ ဦးခင်အောင်ဘို က ပြောကြောင်းဦးသန့်အနေဖြင့် ထိုနေ့တွင် ခေါင်းလောင်းထိုးရခြင်းရည်ရွယ်ချက်မှာကမ္ဘာ့ငြိမ်းချမ်းရေးအပြင်ကမ္ဘာမြေကြီးထိန်းသိမ်းစောင့်ရှောက်ရေး

အတွက်လည်း ရည်ရွယ်ကြောင်း ဒေါ်အေးအေးသန့်မှာ အမေရိကန် ပြည်ထောင်စုတွင် U Thant Institute ကို တည်ထောင်ထားပြီး မြန်မာ့နိုင်ငံသို့ခေတ္တရောက်ရှိချိန် ယခုကဲ့သို့ ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရန်အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ ခွင့်ပြုချက် တောင်းခံခဲ့ရကြောင်း
အဆိုပါ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲသို့ တနင်္ဂနွေထောင့် အသင်းသားများ အပါအဝင် ဒေါ်အေးအေးသန့် မိသားစုနှင့် မိတ်ဆွေများ စုစုပေါင်း ၃၀ ခန့် လာရောက်ခဲ့ကြကြောင်းတနင်္ဂနွေထောင့်မှ အဆိုပါခေါင်းလောင်းမှာ သာယာဝတီမင်းကြီးက လှူခဲ့သော ခေါင်းလောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ၁၈၄၃ ခုနှစ်တွင် သွန်းလုပ်ကာ ကြေးပိဿာချိန် ၂၆ဝဝဝ (၄၂ တန်) ရှိသည်။ ခေါင်းလောင်းကြီး၏ အထက်ချိတ် နေရာတွင် မနုဿီဟရုပ်များဖြင့် ပုံဖော်ထားကာ အမြင့် ၇ ပေ၊ အဝအကျယ် ၆ ပေ၊ နှုတ်ခမ်းသား ၈ လက်မ၊ ထု ၁ ပေ ရှိကြောင်း ၁၉၇၁ ခုနှစ်တွင် ဦးသန့် ပထမဆုံးထိုးခဲ့သည့် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ ငြိမ်းချမ်းရေးခေါင်းလောင်း Peace Bell ကို ကမ္ဘာတဝန်းမှ ကလေးငယ်များ လှူဒါန်းထားသော အကြွေစေ့များဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ကြောင်း သိရ သည်။

တရုတ်ပြည်ရောက် မြန်မာများ ရာနှင့်ချီ အဖမ်းခံရ
တရုတ်မြန်မာနယ်စပ်တွင် ရဲအရာရှိတဦး နှင့် အမျိုးသမီးတဦး အသတ်ခံရပြီးနောက် တရုတ်အာဏာပိုင်တို့က ပြီးခဲ့သည့်တပတ်အတွင်း ရာနှင့်ချီသော မြန်မာပြည်သားများကို ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။လူသတ်မှုကျူးလွန်သူဟု ယူဆရသူ မြန်မာပြည်သား တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ မတ်လ ၁၂ ရက်နေ့မှ စတင်သည့် ရွှေလီမြို့ နှင့် ကျယ်ခေါင်မြို့ ဖမ်းဆီးမှုများကြောင့် ၇၀၀ ၀န်းကျင်အထိ အထိန်းသိမ်းခံခဲ့ရကြောင်း ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီ၊ ကျယ်ခေါင်ဒေသတို့တွင် ရာဇ၀တ်မှု ထူပြောနေသဖြင့် နယ်စပ်လူဝင်၊ လူထွက် အခြေအနေကို တရုတ် အာဏာပိုင်များက တင်းကျပ်ထားခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရွှေလီ ဒေသခံ ကုန်သည် တဦးက ပြောကြောင်းတရားဝင် နေထိုင်ခွင့် မရှိသူများကို ဖမ်းဆီးရမိပါက တရုတ်အာဏာပိုင်တို့က လနှင့်ချီ၍ ချုပ်နှောင်ထားလေ့ရှိကြောင်း သိရသည်။
မဲစာရင်းအမှားအယွင်း များပြားကြောင်း NLD ထုတ်ပြန်
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တပတ် နှစ်ပတ်မျှသာ လိုတော့ချိန်တွင် မဲစာရင်းများတွင် မှားယွင်း၊ မပြည့်စုံမှုများ အလွန်များပြားနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယမန်နေ့က ထုတ်ပြန်ကြေညာကြောင်းသိရသည်။
UBI ကိုယ်စားလှယ်ရုံး ရန်ကုန်တွင် ဖွင့်မည်
အိန္ဒိယနိုင်ငံမှ United Bank of India (UBI) က ၂၀၁၅ တွင် မြန်မာနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိစေရေး အထောက်အကူဖြစ်စေရန် ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရထံမှ မူအားဖြင့် သဘောတူချက်ရရှိပြီးဖြစ်ကြောင်း၊ မြန်မာဗဟိုဘဏ်နှင့်လည်း နားလည်မှု စာချွန်လွှာ ထိုးထားပြီးဖြစ်ကြောင်း UBI ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲမှု ဒါရိုက်တာ ဘာစကာ ဆင်းကို ကိုးကား၍ The Telegraph သတင်းတွင် ဖော်ပြထားသည်။ ကိုယ်စားလှယ်ရုံးကို လာမည့်ဘဏ္ဍာရေးနှစ် အစောပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သည်များအတွက် အဆင်ပြေစေနိုင်မည်ဟုသိရသည်။
အသုံးစရိတ် လျှော့ပြီး အခွန်တင်းကြပ်ရန် အစိုးရ ပြင်ဆင်
ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှုကို ကုစားနိုင်ရေးအတွက် အသုံးစရိတ်ကို လျှော့ချပြီး ဝင်ငွေတိုးလာစေရေး အခွန်တင်းကြပ်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ အဆိုအရ အစိုးရတင်သွင်းသည့် မူလ အစိုးရအသုံးစရိတ် တင်ပြမှုမှာ ကျပ်သန်းပေါင်း ၁၃,၀၄၀,၆၇၅ သန်း ရှိသော်လည်း လွှတ်တော်က ဖြတ်တောက်မှုကြောင့် ပြင်ဆင် တင်ပြလာသော အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၂,၄၈၃,၅၆၀ ရှိသည်ဟု သိရသည်။ မူလ အသုံးစရိတ်တွင် ဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၂,၅၁၇,၈၈၈ ရှိပြီး ယခု ပြင်ဆင်လိုက်သည့် အစိုးရ အသုံးစရိတ်တွင် လိုငွေသည် ကျပ်သန်းပေါင်း ၁,၉၅၃,၇၁၂ သာရှိတော့ကြောင်း က လွှတ်တော်ကိုယ်စားလှယ်များ ဆိုကြောင်းအစိုးရက မူလ တင်ပြခဲ့သော ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ထပ်မံ တင်ပြလာသော အသုံးစရိတ်သစ်အရ ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိတော့မည် ဖြစ်ကြောင်း သိရသည်။ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်သစ်များ ချပေးရန် စီစဉ်
မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေသည့် လူထု ဆက်သွယ်ရေးလုပ်ငန်းများ ခေတ်မီလာစေရေး နိုင်ငံခြား ရင်းနှီးမြုပ်နှံ မူများအား လမ်းဖွင့်ပေးရန် အစီအစဉ်များရှိကြောင်း မြန်မာနိုင်ငံတွင် လက်ရှိ အနေအထားအရ နိုင်ငံခြားသားများ တယ်လီဆက်သွယ်ရေး ၀န်ဆောင်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံ ခွင့်မရှိသော်လည်း တယ်လီဆက်သွယ်ရေးဆိုင်ရာ ဥပဒေသစ် ၄ မျိုးကို ရေးဆွဲနိုင်ရေး စီစဉ်နေကြောင်း ဥပဒေသစ်ကို မြန်မာနိုင်ငံရှေ့နေချုပ်ထံ တင်ပြထားပြီး ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊ ရှေ့နေချုပ်မှ စမ်းစစ် ပြီးနောက် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပြီး ပါလီမန်၏ အတည်ပြုချက်ရရန် လုပ်ဆောင်ထားကြောင်း The Wall Street Journal နှင့်တွေ့ဆုံရာ တွင် မြန်မာ့ဆယ်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်သက်ကို ကိုးကားပြီး မတ်လ ၁၉ ရက်နေ့ ထုတ် The Wall Street Journal က ရေးသားထား ကြောင်း သိရှိရသည်။တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိ စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ပြောကြား
တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိစည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြောကြား ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရှိရကြောင်းအဆိုပါဂျာနယ်မှ ငြိမ်းချမ်း ရေးအတွက် အားစိုက်နေရချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အားနည်း မသွားဘူးလား ဟူသော မေးမြန်းချက်အပေါ် ''မနည်းပါဘူး။ သေချာစီမံပြီးသားပါ။ မနည်းပါဘူး။ ကျွန်တော်တို့ အသားကျပြီးသား ဖြစ်ပါတယ်။ တစ်အိမ်ဆင်း တစ်အိမ်တက် ကိစ္စတွေ၊ ထိထိမိမိ စည်းရုံးနိုင်တဲ့ ကိစ္စတွေအားလုံးက ဆောင်ရွက်ပြီးသားပါ။ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေဆဲပါ'' စသည်ဖြင့် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြန်လည်ဖြေကြားထားသည်ကို သိရသည်။
ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင်
ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့်သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ကြောင်း အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (၃) အရ မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံး စားပြုမှု၊ သို့တည်းမဟုတ် လိမ်လည်မှုတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက် မနည်းသည့် ထောင်ဒဏ် ဖြစ်စေ၊ ထို့ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း
ထိုသို့ မည်သူမဆိုဟူသော စာသားဖြင့် ပြဋ္ဌာန်း ထားသောကြောင့် ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုပါက အခြားသူများနည်းတူ ပြစ်ဒဏ်ကျခံ ရမည်ဖြစ်ကြောင်း တပ်မတော်၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ဒေသန္တရ အာဏာပိုင်တစ်ဦးဦး၊ တည်ဆဲ တရားဥပဒေ တစ်ခုခုအရ ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ဘဏ်၊ အခြားအဖွဲ့ တစ်ခုခု၊ သမ၀ါယမအသင်း တစ်ခုခု၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက အမိန့်ကြော်ငြာစာဖြင့် ကြေညာသော အသင်းများ၊ စသည်တို့က ပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန် လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်း ထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်း တစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း ထို့အပြင် မှတ်ပုံတင်အက် ဥပဒေအရ မှတ်ပုံတင်ထားသည့် အသင်းတစ်ခုခုနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ (၂၆) အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထား သော အသင်းတစ်ခုခု၊ ပြည်သူတို့ ဆိုင်ရာ ယုံမှတ်အပ်နှံမှုအဖွဲ့တစ်ခုခု၊ အခြားအဖွဲ့အစည်းတစ်ခုခု စသည် တို့ကပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန်လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်းထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်းတစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သောပစ္စည်း များဖြစ်ကြောင်းအများနှင့်သက်ဆိုင် သော ပစ္စည်းကာကွယ်စောင့်ရှောက် ရေး ဥပဒေပုဒ်မ (၂) အရ သိရကြောင်း
အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ၁၉၆၃ ခုနှစ်တွင် ဥပဒေ အမှတ် (၁) ဖြင့်ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ပြီး ယင်းဥပဒေသည် ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးအက်ဥပဒေနှင့် အလား တူသော်လည်း သီးခြားဥပဒေဖြစ် ကြောင်း ပြည်သူပိုင်ပစ္စည်း၏အဓိပ္ပါယ် ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ (၂) တွင် ရှင်းလင်းဖော်ပြထားပြီး အများနှင့်သက်ဆိုင်သော ပစ္စည်း၏ အဓိပ္ပါယ်ကိုပုဒ်မ (၂) တွင် ရှင်းလင်း ဖော်ပြထားကြောင်း အဓိပ္ပါယ် ရှင်းလင်းချက်တွင် ပါရှိသော စကားရပ်များကို လေ့လာပါက ပြည်သူပိုင်ပစ္စည်းဟူသော စကားရပ်နှင့် အများနှင့် သက်ဆိုင်သော ပစ္စည်းဟူသော စကားရပ်သည် ကွာခြားကြောင်း ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) အရ ပေးနိုင်သောပြစ်ဒဏ်မှာ ၇ နှစ်အထိထောင်ဒဏ်အပြင် ငွေဒဏ်လည်း ပါဝင်ကြောင်း၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အရဆိုပါက ပေးနိုင်သောပြစ်ဒဏ် မှာ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက်မနည်းသည့်ထောင် ဒဏ်ဖြစ်စေ၊ ထို့ပြင်ငွေဒဏ်လည်း ပါဝင်သောကြောင့် ပြစ်ဒဏ်ပိုများ သည်ကိုတွေ့ရကြောင်း အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေ၏ ရည်ရွယ်ချက်မှာ အများ နှင့်သက်ဆိုင်သော ပစ္စည်းတစ်ခုခု နှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှု ကျူးလွန် သောသူများကို ထိရောက်စွာအပြစ် ပေးနိုင်ရန်ဖြစ်ကြောင်းအများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေးအက်ဥပဒေ တို့၏ ခြားနားချက်များမှာ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေက ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှုကို ရည်ညွှန်းကြောင်း ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေး အက်ဥပဒေက တရားမ၀င်ဘဲ လက်ဝယ်ထားရှိမှု၊ ခိုးမှု ၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှုကို ရည်ညွှန်းကြောင်း အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတစ်ခုခုကို ပြည်ထဲ ရေး၏ အခွင့်အမိန့်မရှိဘဲ မည်သည့် တရားရုံးကမှ စစ်ဆေးစီရင်ပိုင်ခွင့် မရှိကြောင်းအများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူခဲ့ရသည့် ဖြစ်စဉ် အများအပြားရှိခဲ့ကြောင်းလည်း တရားစီရင်ထုံးများအရ သိရပါသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment