ကမ္ဘာ့သတင်းများ 22/03/2012
နိုင်ငံတကာသတင်း
တရုတ်ရှေ့နေတွေ ကွန်မြူနစ်ပါတီကို သစ္စာခံကျမ်းကျိန်ရမည်
တရုတ်ကွန်မြူနစ်ပါတီကို သစ္စာစောင့်သိ ရိုသေကြောင်း တရုတ်ရှေ့နေတွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ်လို့ တရားရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ်အဖြစ်နဲ့ အမိန့်ထုတ်ပြန်လိုက်တာမို့ အာဏာရှင် တရုတ်အစိုးရကို ဝေဖန်သူတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေတွေက အမျက်ဒေါသထွက်ခဲ့ကြကြောင်းပထမဆုံးရှေ့နေလိုက်ပါခွင့် လျှောက်ထားတဲ့ရှေ့နေတွေနဲ့ ရှေ့နေလိုင်စင်သက်တမ်း ထပ်ပြီး တိုးမယ့် သူတွေ အခုလို ကျမ်းသစ္စာကျိန်ဆိုရမယ်လို့ တရားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ် စာမျက်နှာမှာ ဗုဒ္ဓဟူးနေ့က တင်လိုက်တာ ဖြစ်ကြောင်း
ရှေ့နေအပါအဝင် တရားရေးဝန်ထမ်းတွေအနေနဲ့ တရုတ်မူ၊ တရုတ်ဟန် ဆိုရှယ်လစ်စနစ်ကို သစ္စာစောင့်သိဖို့ ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်ကြောင်း ဒါ့အပြင် အမိမြေကိုသစ္စစောင့်သိဖို့၊ ပြည်သူကို သစ္စာစောင့်သိဖို့အပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆိုရှယ်လစ်စနစ်ကို ဦးဆောင်နေမှု ခိုင်မြဲအောင်လုပ်ဖို့ပါ ပါဝင်ကြောင်း ကွန်မြူနစ်ပါတီရဲ့နိုင်ငံရေးနဲ့ တရားဥပဒေကော်မတီတို့ကြား ဦးတည်မှုတွေ ရှုပ်ထွေးနေတာဟာ ကာလကြာမြင့်နေပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်တွေဟာ မကြာခင်နှစ်တွေအတွင်းမှာပဲ လူ့အခွင့်အရေးဆိုင်ရာ အမှုတွေမှာ လိုက်ပါဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး ရှေ့နေတွေကိုရော လှုပ်ရှားသူတွေကိုပါ ဖိအားတွေ ပိုပြီး ပေးလာခဲ့ကြတာ ဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန်ဓားစာခံ ဆိုမာလီပြန်ပေးလက်မှ လွတ်မြောက်
ဆိုမာလီယာနိုင်ငံမှာ ၆ လကျော် ပြန်ပေးအဆွဲခံခဲ့ရတဲ့ ဗြိတိန်အမျိုးသမီးက သူလွတ်မြောက်လာခဲ့တဲ့ အတွက် အလွန်စိတ်ချမ်းသာရပေမယ့် သူ့ခင်ပွန်းသည် ပြန်ပေးသမားတွေလက်ထဲမှာ သေဆုံး သွားခဲ့တဲ့အတွက် ဝမ်းနည်းပူဆွေးရတယ်လို့ ပြောကြားလိုက်ကြောင်းပြန်ပေးအဆွဲခံရသူ Judith Tebbutt က ဗုဒ္ဓဟူးနေ့အစောပိုင်းကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး တဲ့နောက် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း သားဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံရတဲ့အတွက် ပျော်မဆုံးအောင် ဖြစ်ခဲ့ရပေမယ့် ခင်ပွန်းသည်သေဆုံးခဲ့ရတဲ့ကိစ္စအတွက်ဝမ်းနည်းကြေကွဲနေရတဲ့သူမရဲ့မိသားစုရဲ့လွတ်လပ်မှုကို အလေးထားကြဖို့လည်း မေတ္တာရပ်ခံလိုက်ကြောင်းသူ့ခင်ပွန်းသည် David Tubbutt ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ကင်ညာနဲ့ဆိုမာလီယာ နယ်စပ်ဒေသတောင်ဘက်မှာရှိတဲ့ အပမ်းဖြေဟိုတယ်လ်တလျောက်မှာပဲ ပြန်ပေးအဆွဲခံခဲ့ရတာ ဖြစ်ကြောင်း ဒီအချိန်မှာပဲ သေဆုံးခဲ့ရတာဖြစ်ပြီး သူတို့ကို ပြန်ပြီးလွှတ်ပေးဖို့အတွက် ပြန်ပေးငွေ ဒေါ်လာ ၁ သန်း ပေးခဲ့ရတယ်လို့ သတင်း မီဒီယာတွေက ဖော်ပြကြောင်းဒါပေမယ့် ဗြိတိသျှအစိုးရကတော့ ပြန်ပေးသမားတွေကို ငွေမပေးခဲ့ပါဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
အီလီနွိုက် (Illinois) မှာ ရွန်မနီအနိုင်ရ
Mitt Romney က အခုလို Illinois ပြည်နယ်က Republican ကိုယ်စားလှယ် ၅၄ ယောက်ရဲ့ ထောက်ခံမှုကို အနိုင်ရ လိုက်တာဟာ Republican သမ္မတလောင်းအဖြစ် အပြီးသတ်အရွေးခံရဖို့ ကိုယ်စားလှယ်စုစုပေါင်း ၁,၁၄၄ ယောက် ထောက်ခံမှု လိုအပ်ချက်ပြည့်မီဖို့ နီးစပ်လာတာဖြစ်ပါကြောင်း Mitt Romney ဟာ လောလောဆယ် Republican ကိုယ်စားလှယ် ၅၀၀ ကျော်ရဲ့ ထောက်ခံမှုရရှိထားပြီး Rick Santorum ကတော့ ၂၀၀ ၀န်းကျင်ရဲ့ ထောက်ခံမှုရ ရှိထားပါတယ်။ တကယ်လို့ သူအရွေးခံရရင် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ Democrat သမ္မတ အိုဘာမားကို စိန်ခေါ် ယှဉ်ပြိုင်ရမှာဖြစ်ပါကြောင်း လာမယ့် စနေနေ့မှာတော့ တောင်ပိုင်းက ဘာသာရေး အစဉ်အလာထိန်းသူ Conservatives အများစုရှိတဲ့ Louisiana ပြည်နယ် Republican သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာတော့ Rick Santorum ကနိုင်ခြေရှိနေတာတွေ့ရတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြကြောင်း သိရှိရသည်။
သေနတ်သမား လက်နက်ချဖို့ ပြင်သစ်ရဲ ညှိနှိုင်း
ပြင်သစ်နိုင်ငံ Toulouse မှာ ကလေး ၃ ယောက်နဲ့ ဂျူးတရားဟောဆရာတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိခံရသူက သူ့ကိုယ်သူ အဖမ်းခံဖို့ကိစ္စကို ပြင်သစ်ရဲက ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သူဟာ အယ်ဂျီးရီးယန်းနွယ်ဖွား၊ ပြင်သစ်လူမျိုး အသက် ၂၄ နှစ်အရွယ် Mohammed Merah ဖြစ်တယ်လို့ ရဲက အတည်ပြုကြောင်း ရဲတပ်ဖွဲ့အနေနဲ့ သူ့ကို အရှင်ဖမ်းယူဖို့ စီစဉ်ဆုံးဖြတ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီး Claude Gueant က ပြောကြောင်း အဲဒီလူဟာ al-Quida နဲ့ပတ်သက်ပြီး အာဖဂန်မှာ အဖမ်းခံရဖူးတယ်လို့ သူကိုယ်တိုင်က ပြောထားပကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်းကတော့ သူ့အိမ်ကို ရဲက ဝင်စီးမှုမှာတော့ အိမ်ထဲမှာ ပိတ်မိနေတဲ့ သူ့ဘက်က ပြန်လည် ပစ်ခတ်တာကြောင့် ရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း
နိုင်ငံတကာမှာ ပြင်သစ်က ဝင်ရောက်စွတ်ဖက်တဲ့ကိစ္စတွေနဲ့ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်း ကလေးငယ်တွေ သတ်ဖြတ်ခံရတဲ့ကိစ္စအပေါ်မှာ အဲဒီလူဟာ ဒေါတတကြီးဖြစ်ပြီး အဲဒီအတွက် လက်စားချေချင်လို့ဖြစ်တယ်လို့ ပြောတဲ့အကြောင်း ပြင်သစ် ပါလက်စတိုင်း ဝန်ကြီးချုပ် Salam Fayyad ကတော့ ဒီသတ်ဖြတ်မှုကို ပြစ်တင်ဝေဖန်ပြီး ပါလက်စတိုင်းတွေကို အသုံးချပြောဆိုပြီး ခုလို ရာဇဝတ်မှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ ပြောပါတယ်။ တူးလုစ်မှာ အသတ်ခံရတဲ့ ကလေးငယ် ၃ ဦးဟာ အသက် ၄ နှစ် ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးတွေ ဖြစ်ကြကြောင်း သေဆုံးသူ အလောင်းတွေကိုတော့ အစ္စရေးမှာပဲ မြှုပ်နှံဖို့ ပို့လိုက်ပါပြီ။ ဂျေရုဆလင်မြို့အပြင်က Givat Shaul သင်္ချိုင်းမှာလုပ်တဲ့ ဈာပနကိုတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe အပါအဝင် ထောင်နဲ့ချီတဲ့ ဝမ်းနည်းပူဆွေးသူတွေ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment