မြန်မာသတင်းများ မတ် ၂၂ ရက်၊ ၂၀၁၂
ကမ္ဘာ့ ကဗျာနေ့တွင် သင်္ကြန်သံချပ် ပြန်လည်ဖော်ထုတ်
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် ပိတ်ပင်ခံခဲ့ရသည့် မြန်မာ့ရိုးရာသံချပ် တိုင်ဖောက် သရုပ်ဖော်ခြင်းကို ယမန်နေ့ က ကျရောက်သည့် ကမ္ဘာ့ကဗျာနေ့ အခမ်းအနားတွင်ပထမဆုံး ပြန်လည် ဖော်ထုတ်လိုက်ကြောင်း သံချပ်ဆိုသည်မှာ ခေတ်ကို ထင်ဟတ်ဖော်ပြသည့် ကြေးမှုန်ပြင်တခုဖြစ်ပြီး ယခုမျိုးဆက်သစ်များကိုလည်း အမွေ အဖြစ် ထားရစ်ခဲ့လိုကြောင်း၊ သံချပ်နှင့် သင်္ကြန်သည် ခွဲမရကြောင်း၊ ပြည်သူ့ရင်ခုံသံများကို တဆင့် သံချပ်ဖြင့်ပြောဆို ခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း လိုလားကြောင်း ရန်ကုန်မြို့ ယုဒဿန်ရိပ်သာတွင် မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂက ပထမဆုံး ကျင်းပသည့် ကမ္ဘာ့ကဗျာနေ့ အခမ်းအနား ကို နံနက် ၁၀ နာရီမှ စတင်ကျင်းပရာ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နိုင်/ကျဉ်းဟောင်း များ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ကဗျာ စာပေ လောကသားများ စသည်ဖြင့် လူ ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။ ယခုအခမ်းအနားသို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု(UNESCO)အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ms Irina Bokova ကလည်း ဗီဒီယို ရုပ်သံဖြင့် သ၀ဏ်လွှာ ပေးပို့သည်။ ကမ္ဘာ့ ကဗျာနေ့အဖြစ် UNESCOက ၁၉၉၉ ခုနှစ်က စတင်၍ မတ်လ ၂၁ ရက်နေ့ ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂရဲ့ ပထမဆုံး ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့၊ ယုဒသန်ရိပ်သာမှာ ကျင်းပပါတယ်။ ဒီအခမ်းအနားမှာ နှစ်ပေါင်း ၂၀ ကျော် ပိတ်ပင်ခံထားရတဲ့ သင်္ကြန် သံချပ်တွေကို ရွတ်ဆိုကြပြီး၊ တစ်ခန်းရပ် ပြဇာတ်တွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။အခမ်းအနားမှာ ဆရာကြီး ဒဂုန် တာရာ ပေးပို့တဲ့ သ၀ဏ်လွှာဖတ်ကြားပြီး၊ ကဗျာဆရာ မင်းသုဝဏ်နဲ့ ဆရာကြီး တင်မိုးတို့ရဲ့ ကဗျာတွေကို ရွတ်ဆိုကြသလို၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကလည်း ကဗျာတစ်ပုဒ် ရွတ်ဆိုခဲ့ပါတယ်။မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ အနေနဲ့ အခမ်းအနား အခုလို ကျင်းပခွင့်ရတာနဲ့ ပတ်သက်ပြီး၊ ကဗျာဆရာများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဆရာသစ္စာနီက အနုပညာရှင်တွေ အားလုံးလည်း လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့် ရသင့်ပါတယ်လို့ ပြောပါတယ်။ဒီအခမ်းအနားကို စာရေးဆရာ၊ ကဗျာဆရာ၊ စာပေအနုပညာရှင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းတွေက လူစုစုပေါင်း ၃၀၀ ကျော် တက်ရောက်လာကြောင်း သိရပါတယ်။ ကုလသမဂ္ဂပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ကဗျာနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
မြစ်ဆုံရွာသားများကို ပြန်ထွက်သွားရန် အမိန့်ထုတ်
ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကြောင့် နေရပ်မှ ထွက်ခွာပေးခဲ့ပြီး ပြန်လည် လာရောက် နေထိုင်သည့် ရွာသားများအား အာဏာပိုင်များက ပြန်လည် ထွက်ခွာသွားရန်ဖိအားပေး ပြောဆိုနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) ၏ တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာ အစိုးရ စစ်တပ်မှ ထရပ်ကား ၅ စီးနှင့် ဌာနဆိုင်ရာ ကားကြီးများသည် မြစ်ဆုံဒေသ တန်ဖဲကျေးရွာသို့ လွန်ခဲ့သည့် မတ် လ ၁၇ ရက်နေ့က ရောက်ရှိလာပြီး နေရပ်ပြန်လည်ဖယ်ရှားပေးရန် အမိန့်ဖြင့် ဖိအားပေးကြောင်းဖော်ပြထားသည်။ တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီ၏ ဒေါ်လာ ဘီလျံပေါင်းများစွာ ငွေကြေးရင်းနှီးမြုပ်နှံတည်ဆောက်ခဲ့သည့် မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းအတွက် စီမံကိန်းနယ်မြေရှိ ရွာပေါင်း ၆၇ ရွာကို ယမန်နှစ်က အဓမ္မဖယ်ရှားခဲ့ကြောင်းအဆိုပါ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်စေပြီး ဧရာဝတီမြစ်ကြီး ပျက်သုဉ်းမည့်အရေး စိုးရိမ်မှု၊ ကန့်ကွက် မှုများ မြင့်တက်လာပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်ဘာလက စီမံကိန်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ယင်းနောက် ဖယ်ရှားခံရသော ကျေးရွာသားများက မူရင်းနေရပ်သို့ ပြန်လည်ဝင်ရောက်အခြေချနေထိုင်ကြခြင်းဖြစ် သည်။ ထို့နောက် မတ်လ ၁၄ ရက်နေ့ကလည်း ၄င်းတို့၏ နေအိမ်များ ဖျက်ဆံခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကချင် ပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစောင်ကိုလည်း တင်ပြခဲ့ကြောင်းယခုကဲ့သို့ အာဏာပိုင်များက ပြန်လည်မောင်းထုတ်မှုများသည် CPI ကုမ္ပဏီက မြန်မာအစိုးရကို မြစ်ဆုံဆည်စီမံကိန်း ပြန်လည်သဘောတူ စတင်ရန် ဖိအားပေးမှုနှင့်လည်း တိုက်ဆိုင်နေကြောင်း
မကြာသေးခင်ကလည်း တရုတ်ကုမ္ပဏီ ဖြစ်သည့် CPI နှင့် ဖက်စပ် လုပ်ကိုင်သည့် ယခင်က ဘိန်းဘုရင် လော်စစ်ဟန် ၏ သားဖြစ်သူ ဦးထွန်းမြင့်အောင် ခေါ် စတီဗင် လော ပိုင်ဆိုင်သည့် အေးရှားဝါးလ်ဒ် ကုမ္ပဏီတို့သည် တန်ဖဲကျေးရွာ သို့ ရောက်ရှိလာကြပြီး ကက်သလစ် ခရစ်ယန် ဘုရားကျောင်းကို နေရာသစ်သို့ ပြောင်းရွှေ့ပေးရန် တရားဟောဆရာ ကို တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ ဘုရားကျောင်းသည် သတင်းအချက်အလက်များ၏ ဆုံမှတ်ဖြစ်၍ ပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံခြင်းဖြစ်နိုင်ကြောင်း ၂၀၀၉ ခုနှစ်ကတည်းက တန်ဖဲရွာသား ၁၀၇၅ ဦးသည် နေရပ်ဖယ်ရှားပေးရန် ဖိအားပေးမှုများကို ကြံ့ကြံ့ခံကြောင်း၊ အေးရှားဝါးလ်ဒ်၏ လုပ်ငန်းခွင် စီမံကိန်းနယ်မြေတွင် ပါဝင်သွားသောကြောင့် ၄င်းတို့၏ အဆောက်အဦးများနှင့် ပြည့် နေပြီး ယခုအခါ ၄င်းတို့၏ နေအိမ်မှာမှလည်း ဆက်လက်၍ နေထိုင်မရတော့ကြောင်း၊ ထို့အပြင် အထက်တန်းကျောင်း ရှေ့တွင်လည်း “အစိုးရမြေ၊ ထွက်သွား”ဟု ဆိုင်းဘုတ်ထောင်ကာ သတိပေးစာတန်းရေးထားကြောင်း
တန်ဖဲရွာသို့ မတ်လ ၁၇ ရက်နေ့က အာဏာပိုင်များ ရောက်လာပြီးနောက်ပိုင်း မြစ်ဆုံဆည်စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ တရုတ်လုပ်သမားများ၏ စခန်းများနှင့် လှုပ်ရှားမှုများ ပိုမိုတွေ့လာရကြောင်း ထို့အပြင် ဆည်စီမံကိန်း နယ်မြေတွင်လည်း ကင်းလှည့်နေသည့် မော်တော်ယာဉ်များကို မြင်တွေ့ရ ကြောင်း ဒေသခံ များက သတင်းပို့ထားကြောင်းလိုင်ဇာ အခြေဆိုက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကလည်း တရုတ်-မြန်မာနယ်စပ် မြို့တမြို့တွင်လည်း ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာသည့် တရုတ်နိုင်ငံမှ ထရပ်ကား အစီး ၄၀၀ခန့်ရောက် ရှိလာကြောင်း အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် ထရပ်ကားများသည် တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်း သို့ ၀င်ရောက်ရန်ပြင်ဆင်နေပြီး ဆောက်လုပ်ရေး ပစ္စည်းများသည် မြစ်ဆုံဆည်စီမံကိန်းအတွက် အသုံးပြုမည်၊ မပြု မည်ကို သဲကွဲစွာ မသိရကြောင်း မကြာသေးမီက တရုတ်အစိုးရက မြန်မာအစိုးရထံ ၄င်းတို့နှင့်ပူးပေါင်းလုပ်ဆောင်ထားသည့် စီမံကိန်းများ အတွက် အာမခံရန် ပြောဆိုမှု သတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း ယခုကဲ့သို့ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း ပြန် လည် စတင်မည့် လက္ခဏာများ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
NLD ကိုယ်စားလှယ်လောင်း နှင့် အဖွဲ့ နေပြည်တော်တွင် လေးခွဖြင့် ပစ်ခတ်ခံရ
နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒီချုပ် ကိုယ်စားလှယ်လောင်း စည်းရုံးရေးဆင်းပြီး အပြန်တွင် လောက်လေးခွဖြင့် ပစ်ခတ်ခံရမှုကြောင့် အောင်နိုင်ရေး အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်း၌ အတွင်းဒဏ်ရာရရှိခဲ့ကြောင်းမတ်လ ၁၈ ရက်နေ့ ည ၇နာရီ ခန့်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးမင်းသူနှင့်အဖွဲ့သည် ဥတ္တရသီရိ မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အပြန်တွင် အမှောင်တွင်းမှ လောက်လေးခွဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး တွဲဖက်အသုံးပြုသည့် လောက်စာလုံးမှာ သုံးမြှောင့်သဏ္ဌာန် ပြုပြင်ထားသည့် သစ်သားတုံးကလေး ဖြစ်ကြောင်းပစ်ခတ်ခံရသူသည် နေပြည် တော် ပျဉ်းမနားမြို့ ဘိုကုန်းရပ်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ရှိ မပွင့်ဖြူပြုံး ဖြစ်ပြီး ဦးခေါင်းနောက် ပိုင်း ညာဘက်ခြမ်းတွင် အတွင်းဒဏ် ရာ ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံ၊ ဦးနှောက်နှင့် အာရုံ ကြော အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းအထက်ပါ ဖြစ်ရပ်နှင့် ပတ် သက်၍ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်နေ NLDထောက်ခံပြည်သူတစ်ဦးက ”အခု ချောင်းမြောင်း ပစ်ခတ်တဲ့ ကိစ္စ ကို ဘယ်လို အရေးယူမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါ တယ်” ဟု သုံးသပ်ကြောင်းထိုသို့ ပစ်ခတ်ခံရသည်နှင့် တစ်ပြိုင်နက် နေပြည်တော် ၄ မြို့ နယ် အောင်နိုင်ရေးအဖွဲ့ နာယက ဦးအေးသောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့်တိုင်တန်းပြီးတောင်ညို အပိုင် ရဲစခန်းတွင်လည်း (ပ) ၁၂/ ၂ဝ၁၂၊ ပုဒ်မ ၂၉၄ ဖြင့် လည်း ကောင်း၊ (ပ) ၁၃/၂ဝ၁၂၊ပုဒ်မ၃၂၅ဖြင့်လည်းကောင်းအမှုဖွင့်ထားကြောင်းအောင်နိုင်ရေးအဖွဲ့ဝင်တစ် ဦးကပြောကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ စောင့်ကြည့်ရန် နိုင်ငံတကာကို ဖိတ်ခေါ်
ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ရန် အမေရိကန်၊ ဥပရေပ သမဂ္ဂ (အီးယူ) နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (ASEAN) ကိုယ်စားလှယ်များအား မြန်မာအစိုးရက ဖိတ်ကြား ထားကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး၏ ပြောခွင့်ရသူ အန်ဒရီယန် နုဇ်မင်း(Adrienne Nutzman) က ထိုသို့ ပြောဆိုကြောင်း AP သတင်းက ရေးသားထားသည်။ အမေရိကန်နှင့်ဥရောပ အဖွဲ့အား ဖိတ်ခေါ်ထားသော်လည်း မည်သည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင် မည်မျှပါဝင်မည် ဆိုသည်ကိုမူ သံရုံးပြောခွင့်ရသူမှ တိတိကျကျ ပြောဆိုမှု မရှိသေးကြောင်းလည်း AP သတင်းက ဆိုကြောင်းမြန်မာနိုင်ငံတွင် ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်ရေး အဖွဲ့ တချို့ကို ခွင့်ပြုမည်ဟု သိရသော်လည်း မည်သည့်ပုံစံဖြင့် လာရောက်ခွင့်ပေးမည်ကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးကြောင်းတပြိုင်တည်းမှာပင် ကြားဖြတ်ရွေးကောက်ပွဲ အကြို သွားရောက်ခဲ့သည့် ဘန်ကောက်အခြေစိုက် The Asian Network For Free Election (ANFREL) အဖွဲ့ခေါင်းဆောင် Ms.Somsri Hananuntasuk အား မြန်မာအစိုးရ က ယမန်နေ့က ပြည်နှင်ဒဏ် ပေး လိုက်ကြောင်း သိရသည်။မဟာအောင်မြေတွင် လူ ၁၀၀၀ ကျော် မဲစာရင်းပျောက်
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ၁၀ ရက်သာ လိုတော့ချိန်တွင် မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်၌ မဲပေးခွင့်ရှိပါလျက် မဲစာရင်းတွင် နာမည်မပါသူ ၁၀၀၀ထက်မနည်း ကျန်ရှိနေကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် မဟာအောင်မြေ မဲစာရင်းတွင် နာမည်မပါသူ ၁၄၀၀ ခန့်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စုစည်းတင်ပြခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က နောက်တိုးမဲအဖြစ် ယခုလ ဒုတိယပတ်အတွင်းက ထုတ်ပြန်ပေးခဲ့ကြောင်း၊ သို့သော် မဲစာရင်းတွင် နာမည်မပါသူ ၁၀၀၀ ကျော် ဆက်လက် ကျန်ရှိနေသည့်အတွက် ထပ်မံ ပြင်ဆင်ပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရနှင့် တပ်မတော် အပေါ် SSA သံသယရှိ
သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA–S) တို့အကြား အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရထားသော်လည်းအစိုးရတပ်က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အစိုးရနှင့် တပ်မတော်အပေါ် သံသယဝင်နေကြောင်း ယခုလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၊ လမ်ဖာ့ တောင်းကုန်းပေါ်တွင် တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသော SSA–S တပ်ရင်း ၁၀၈ ကို မိုင်းဖြတ်အခြေစိုက် အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၈ လက်အောက်ခံ (ခမရ) ၅၇၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ကာ တောင်ကုန်းကို သိမ်းပိုက်လိုက်ကြောင်း ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များက မိနစ် ၄၀ ကျော်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အစိုးရဘက်မှ ၁ ဦးကျဆုံး၊ ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း၊ SSA–S ဘက်က ထိခိုက်ဒဏ်ရာ မရရှိသော်လည်း လူအင်အား၊ လက်နက်အင်အားအရ ဆုတ်ခွာ ပေးလိုက်ရကြောင်းအစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီး မြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြကြောင်းသဘောတူညီချက်များထဲတွင် SSA-S ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဘက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံ ရေး ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရေးတို့ ပါဝင်ပြီး ၎င်းအချက်များ အားလုံးကို မူ အားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း နယ်မြေသတ်မှတ်ရေး ဆွေးနွေးရာတွင် သဘောတူညီချက် လွယ်ကူစွာမရရှိဘဲအချိန်ကြန့်ကြာမှုဖြစ်ခဲ့သေးကြောင်းထိုသို့သဘောတူညီမှုများပြုလုပ်ခဲ့ကြပြီး တလကျော်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း SSA တပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်းရာမှ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း
အစိုးရတပ်များက မနေစေလိုသော အဆိုပါနေရာများမှာ တရုတ်၊ လာအိုနှင့် ထိုင်းနယ်စပ်ဒေသများနှင့် နီးကပ်လျက်ရှိပြီး မိုင်းလား တပ်ဖွဲ့များနှင့်လည်း နီးကပ်ဆက်နွယ်နေသဖြင့် နယ်မြေစိုးမိုးရေးအရ SSA-S တပ်ဖွဲ့ဝင်များကို ရှင်းလင်းလိုသည်ဟု ယူဆမိကြောင်း နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်းကို ညှိနှိုင်းဖြေရှင်းပေးရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်း ဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို လိပ်မူကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် SSA-S က စာရေးသားပေးပို့ခဲ့ပြီး ၁၀ ရက်အကြာ တွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့မှ အမှတ် ၂ လျှပ်စစ် စွမ်းအား ဒု ၀န်ကြီး ဦးခင်မောင်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း ထိုသို့တွေ့ဆုံရာတွင် တိုက်ပွဲများထပ်မဖြစ်စေရန် အစိုးရတပ်များကို သွားရောက် ညှိနှိုင်းပေးမည်ဟု ကတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
အမေရိကန်နဲ့ EU ရွေးကောက်ပွဲ အကဲခတ် ပုဂ္ဂိုလ်တွေကို မြန်မာ အစိုးရကဖိတ်ခေါ်
မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ အမေရိကန်ပြည်ထောင်စုနဲ့ EU နဲ့ ASEAN နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာအစိုးရက ခွင့်ပြုလိုက်ပါပြီဖြစ်ကြောင်း ဒီအပေါ်မှာ ကျေနပ် အားရမိပေမယ့် ရွေးကောက်ပွဲ အကြိုကာ မသမာမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ စိုးရိမ်မိတယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်ကြောင်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမေရိကန်-မြန်မာ နှစ်ဘက် ဆက်ဆံရေးကိုပါ အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ပြောလိုက်ကြောင်း သိရသည်။
ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ မြန်မာ ဖိတ်ခေါ်ချက် အမေရိကန်ကြိုဆို
မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ အမေရိကန်အစိုးရကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ ပထမအဆင့်နဲ့ ကြိုဆိုခဲ့ကြောင်း ရရှိတဲ့အခွင့်အရေးကို အကျိုးအရှိဆုံး အသုံးချနိုင်ဖို့အတွက် အမေရိကန်အနေနဲ့ အာဆီယံအပါအဝင် လေ့လာခွင့်ရတဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Victoria Nuland) က ပြောလိုက်ကြောင်း အခုလို ရွေးကောက်ပွဲကို လေ့လာဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာအဆင့်အတန်းနဲ့ယှဉ်ရင်တော့ အပြည့်အဝ ပွင့်လင်းမှု မရှိသေးဘူးလို့ ပြောကြားခဲ့တဲ့အကြောင်း သိရှိရသည်။
ရွေးကောက်ပွဲ စောင့်ကြည့်ရန် အမေရိကန် ကိုယ်စားလှယ် လွှတ်မည်
ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုကို အမေရိကန်က ကြိုဆိုလိုက်ပြီး ကိုယ်စားလှယ်၂ ဦး နှင့် သတင်းထောက် ၃ ဦးကို မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲကို နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် အညီ ကျင်းပရန်လည်း မြန်မာအစိုးရအား တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောဆိုလိုက်သည်။
မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ တိုးများ ဖြစ်ပေါ်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်အပြင် အစိုးရအနေနဲ့ပါ တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းတွေ ပြုလုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။ တချို့ဖြစ်စဉ်တွေဟာ နေပြည်တော် နယ်နမိတ်အတွင်းမှာ ဖြစ်တာမို့ အကျဉ်းတန်တဲ့ ဖြစ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စတွေ ဖြစ်ပြီး ဒါဟာ ပြစ်မှုကျူးလွန်တာ ဖြစ်တယ်ဆိုတာ ကျူးလွန်သူနဲ့ အများပြည်သူ သိရှိအောင် ပြည်ထောင်စု ကော်မရှင်တင်မက အစိုးရကပါ တရားဝင် သတိပေးစာ ထုတ်ပြန်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ လွတ်လပ်လာ
နွေရာသီ မွန်စာပေ သင်တန်းကို ယခုနှစ်တွင် မွန်ဒေသအသီးသီး၌ လွတ်လပ်စွာ သင်ကြားခွင့် ရပြီဖြစ်ကြောင်း
ယခင်နှစ်များက သင်ကြားခွင့် ရရန် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အာဏာပိုင် အဆင့်ဆင့်သို့ တင်ပြရပြီး သင်ကြားချိန်တွင်လည်း ခေါ်ယူမေးမြန်း စစ်ဆေးမှုများ ရှိသော်လည်း ယခုနှစ်တွင် တင်ပြစရာ မလိုသည့်ပြင် သင်သည့်နေရာများကိုလည်း စီစဉ်ပေးကြောင်း ယခင်နှစ်များတွင် ဘုန်းတော်ကြီးကျောင်းရှိ ဇရပ်များ၊ ဓမ္မာရုံများ၊ နေအိမ်များနှင့် အချို့ကျေးရွာများတွင် အရိပ်ကောင်းသည့် သစ်ပင်အောက်၌ နွေရာသီ မွန်စာပေကို သင်ကြားခဲ့ရကြောင်းနွေရာသီ မွန်စာပေ သင်ကြားမှုကို ၁၉၄၁ ခုနှစ်မှ စ၍ မွန်ဘုန်းတော်ကြီးများက ဦးဆောင်ကာ စတင်သင်ကြားခဲ့ပြီး မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီနှင့် ဘုန်းတော်ကြီးများက ယနေ့တိုင် လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြကြောင်း
ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်း ကော်မတီ (ဗဟို) စာရင်းဇယားအရ ၂၀၁၁ ခုနှစ် နွေရာသီ မွန်စာပေ သင်တန်း တက်ရောက်သည့် သင်တန်းသား ဦးရေ ၆၀,၀၀၀ (ခြောက်သောင်း) ကျော် ရှိကြောင်း
လွတ်လပ်ရေး ရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းစာများတွင် မွန်စာပေ သင်ကြားခွင့် ရရှိခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မွန်ပညာရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းပေးကာ မွန်ကျောင်းဆရာများကို ခန့်အပ်ပေးပြီး မူလတန်းအဆင့်တွင် မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့ကြောင်း
မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှ စပြီး မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွင်သာ နားလည်မှု ယူကာ အချိန်ပိုင်းအနေနှင့် အနည်းငယ် သင်ကြားခွင့် ရရှိခဲ့ကြောင်း
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ အစိုးရကျောင်းများ၌ မွန်စာပေ သင်ကြားမှုကို အလုံးစုံ ပိတ်ပင်ခဲ့ပြီး လူဦးရေ ၃ သန်းခန့် ရှိသည့် မြန်မာနိုင်ငံ အောက်ပိုင်းတွင် နေထိုင်သည့် မွန်လူမျိုးများမှာလည်း အခြားတိုင်းရင်းသားများ နည်းတူ မိခင်စာပေ သင်ကြားခွင့် ဆိတ်သုဉ်းခဲ့ကြောင်း
သို့သော်လည်း မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်ပညာရေးဌာနက ပါတီအုပ်ချုပ်ရေး ဒေသတွင် ၁၉၇၂ ခုနှစ်မှ စပြီး မွန်စာပေကို စတင်သင်ကြားခဲ့ကာ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဗဟိုပညာရေး အဖွဲ့ငယ်ကို ဖွဲ့စည်းခဲ့ကြောင်းအိန္ဒိယ ရှေးဟောင်း ဗြာဟ္မီ အက္ခရာမှ ဆင်းသက်လာပြီး မြန်မာ အက္ခရာ အပါအဝင် ထိုင်း၊ ခမာ၊ လော စာပေ အက္ခရာများ၏ အခြေခံအက္ခရာ ဖြစ်သည့် မွန်စာပေကို မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းနှင့် ထိုင်းနိုင်ငံအတွင်းရှိ မွန်လူမျိုး အများအပြားကလည်း သင်ယူလျက် ရှိကြောင်း သိရှိရသည်။

မွန်နဲ့ တနင်္သာရီမှ သံလွင်တိုင်း(မ်) သတင်းဂျာနယ် ထွက်မည်
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းမှ သတင်းများကို ဦးစားပေးဖော်ပြမည့် သံလွင်တိုင်း(မ်) လစဉ်ထုတ် သတင်းဂျာနယ် တစောင်ကို ဧပြီလအတွင်း စတင်ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း
သံလွင်မြစ်ကို အခြေခံ၍ အမည်ရွေးချယ်ထားပြီး မြန်မာစာဖြင့် ထုတ်ဝေမည့် သံလွင်တိုင်း (မ်) ဂျာနယ် ထုတ်ဝေခွင့်ကို ၂ဝ၁၂ ခု ဇန်နဝါရီလက လျှောက်ထားခဲ့ပြီး နောက်အပါတ်တွင် ခွင့်ပြုချက် ကျနိုင်မည်ဟု အယ်ဒီတာ နိုင်မင်းမင်းနွယ် က ပြောကြောင်း ဂျာနယ်တိုက်ကို မော်လမြိုင်မြို့တွင် ထားရှိမည်ဖြစ်ပြီး တစောင် ၅ဝဝ ကျပ်ဖြင့် စောင်ရေ ၃,ဝဝဝ မှ ၅,ဝဝဝ အကြား ထုတ်ဝေကာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကိုသာ အဓိကထား ဖြန့်ဝေသွားမည်ဖြစ်ကြောင်း လက်ရှိ ဂျာနယ်အများစုသည် ရန်ကုန်ကိုအခြေစိုက်ထားပြီး နယ်သတင်း ဖော်ပြမှု အားနည်းသဖြင့် မွန်ပြည်နယ်တွင်း သတင်းများ အသားပေး၍ နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေမည်ဟု ဆိုကြောင်း မြို့နယ် သတင်းထောက် ၁၀ ဦး ခန့်ထားပြီး ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် နိုင်ချမ်းသွဲ့၊ အယ်ဒီတာ အဖွဲ့ဝင် ဆရာဇေ၊ နိုင်အောင်ထူး၊ နိုင်ရာဇာနှင့် နိုင်မင်းမင်းနွယ် တို့က တာဝန်ယူကြမည် ဖြစ်ကြောင်း
နိုင်ချမ်းသွဲ့နှင့် ဆရာဇေတို့မှာ တိုင်းရင်းသားတန်းတူရေး တိုက်ပွဲဝင်နေသည့် မွန်ပြည်သစ်ပါတီ - NMSP အဖွဲ့ဝင်ဟောင်းများ ဖြစ်သော်လည်း ဂျာနယ်ထုတ်ဝေမှုမှာမူ မည်သည့် နိုင်ငံရေး၊ လူမှုရေးအဖွဲ့များနှင့်မျှ မဆက်စပ်ဟု ဆိုကြောင်း သံလွင်တိုင်း(မ်) သတင်းဂျာနယ် လစဉ်ထုတ်ဝေသည့်အခါ စာပေစိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တင်ရန် လိုမလို မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန အဆိုအရ ဂျာနယ် ၁၇၃ စောင်နှင့် မဂ္ဂဇင်း ၁၂၄ စောင်မှာ ကြိုတင် ခွင့်ပြုချက် တင်စရာမလိုဘဲ ထုတ်ဝေနိုင်ပြီဟု သိရသည်။

ရန်ကုန်တိုင်း အောင်နိုင်ရေး ဦးအောင်သိန်းလင်း ကြိုးပမ်း
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများကို တရွာဝင်တရွာထွက် ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများကို တနင်္လာနေ့က သွားရောက်ခဲ့ပြီး
ကော့မှူးမြို့နယ်ကိုလည်း အလေးထား စည်းရုံးနေရကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းဖြစ်သည့် ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း က ပြောကြောင်း သိရှိရသည်။
ကော့မှူးမြို့နယ်ကိုလည်း အလေးထား စည်းရုံးနေရကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းဖြစ်သည့် ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း က ပြောကြောင်း သိရှိရသည်။
ထိုင်းစက်မှု ကုမ္ပဏီ ၁၆ ခု မြန်မာ လုပ်ငန်းရှင်များနှင့် ဆွေးနွေးမည်
ထိုင်းစက်မှုလုပ်ငန်း မြှင့်တင်ရေးဌာန Thailand Department of Industrial Promotion ၏ ဦးဆောင်မှုဖြင့် ထိုင်းစက်မှုကုမ္ပဏီ ၁၆ ခုတို့ ကြာသာပတေးနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ
မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ခန့်နှင့် ဆွေးနွေးမည်ဟု တွေ့ဆုံပွဲကို ကမကထ ပြုလုပ်ပေးသည့် Global Business Link Co.Ltd (GBL) ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမောင်မောင်ကျော်က
“အဓိက ကတော့ သူတို့ဆီက ကုမ္ပဏီက ထုတ်ကုန်တွေပေါ့။ ကျနော်တို့ဒီက လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီးတော့
ဆွေးနွေးကြမှာပေါ့။ သူတို့ဆီက ဘာလိုချင်လဲ၊ ကျနော်တို့ဆီက ဘာလိုချင်လဲပေါ့။ သူတို့ဆီက Product ကတော့ အမျိုးစုံပါတယ်။ ကျနော်တို့ဆီက ဘာတွေမှာမလဲ။ ကျနော်တို့ဆီက ဘာတွေ ရောင်းမလဲ။ ဒါတွေကို ကျနော်တို့ဆွေးနွေးဖို့ရှိပါတယ်” ဟု ဦးမောင်မောင်ကျော်က ပြောကြောင်း
ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၃၆ ယောက် ကိုယ်စားပြုလိုက်ပါလာမည့် ထိုင်းကုမ္ပဏီများမှာ ဆေးဝါးနှင့် အလှကုန်များ၊ဆောက်လုပ်ရေး လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းများ၊ ထရပ်ကားအမိုးအဖြစ် အသုံးပြုသည့် တာပေါ်လင်စများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ စတီးနှင့် သံထည်များ၊ ဓာတ်ခွဲခန်းသုံး လက်အိတ်များ၊ စားသောက်ကုန် ပစ္စည်းများ၊ ကြွေထည်များ၊ တံဆိပ်ရိုက် လုပ်ငန်းများ၊ ပလတ်စတစ် ပစ္စည်းများ စသည့် ကုမ္ပဏီများ ဖြစ်ကြကြောင်း
လက်ခံတွေ့ဆုံကြမည့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အယောက် ၁၀၀ ခန့်မှာလည်း အဆိုပါ လုပ်ငန်းများနှင့် ပတ်သက် ဆက်နွယ်နေသည့် ကုမ္ပဏီများမှ ဖြစ်သည်ဟု သိရသည်။ ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ကန်တော်ကြီးကန်ရိပ်သာလမ်းရှိ Kandawgyi Palace Hotel တွင် နံနက် ၉ နာရီမှ မှ ညနေ ၄ နာရီထိ ကျင်းပမည် ဖြစ်ကြောင်း
၂ဝ၁၁ ခုနှစ် စက်တင်္ဘာလအတွင်းကလည်း ထိုင်းနိုင်ငံမှ Siam Commercial Bank ၏ ဥက္ကဋ္ဌဖြစ်သူ Madam Kannikar Chalitapon သည် ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၄၀ ကို ဦးဆောင်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လာရောက် ဆွေးနွေးခဲ့ဖူးကြောင်း အဆိုပါဆွေးနွေးမှုအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံရန်နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း သတင်းရရှိသည်။

KNPP နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်
KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ လာမည့် ဧပြီလ အတွင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ထုတ်ပြန်သော KNPP ၏ ကြေညာချက်တွင် အပစ်အခတ်ရပ်စဲပြီးနောက် အစိုးရ တပ် မတော် အနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ စစ်ရေးအမြတ်ထုတ်မှု မလုပ်ရန်၊ ကရင်နီ လူထုအပေါ် ဖိနှိပ် ချုပ်ချယ်မှုအမျိုးမျိုးကို ရပ်ဆိုင်းရန်၊ မတရားထုတ်ပြန်ထားသည့် ဥပဒေနှင့်မညီသော အမိန့်များကို ရုပ်သိမ်းရန် တို့ကိုလည်း တောင်းဆိုထားသည်။ အစိုးရ နှင့် KNPP တို့သည် ပြီးခဲ့သည့် မတ်လဆန်းက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေး၍ သဘောတူ လက်မှတ်ရေးထိုးမှုများ ပြုလုပ် ထားသည်။
စိတ်ရောဂါဆေးရုံ အပို့ခံရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ပြန်လွတ်
အာဏာပိုင်များက ဖမ်းဆီးပြီး စိတ်ရောဂါကု ဆေးရုံသို့ ပို့ဆောင်ခြင်း ခံရသည့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် NLD စည်းရုံး ရေး မှူး နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်ကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ဦးအောင်မြင့်နှင့် သမီးဖြစ် သူ သည် မတ်လ ၁၅ ရက်နေ့က နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲလာတက်ရင်း ရန်ကုန်မြို့နယ် ဗဟန်းမြို့နယ်တွင် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဒဂုန် ဆိပ်ကမ်း၌ ဟောပြော
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေးအတွက် ရန်ကုန်တိုင်း ဒဂုန်မြို့သစ် ဆိပ်ကမ်းမြို့နယ်သို့ ယမန်နေ့ ညနေပိုင်းက သွားရောက်ခဲ့သည်။ သောင်းနှင့်ချီ၍ ကြိုဆိုကြသည့် ဒေသခံလူထုကို ဟောပြောခဲ့ကြောင်း၊ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် နှင့် တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်များကိုလည်း သွားရောက်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာများ ကော့မှူးမြို့တွင် ပျံ့နှံ့နေသည်ဟု NLD က ဖေါ်ပြထားကြောင်း ‘မောင်ပြောက်ကျား’၊ ‘ကော့မှူးမောင်လုပ်သား’ဆိုသော အမည်ပါရှိသည့် A4 အရွယ် လက်ကမ်းစာစောင်များကို ဒလ-ကော့မှူး ကားလမ်းတလျှောက် အမည်မသိသူများက တနင်္လာနေ့ညပိုင်းတွင် ဖြန့်ကျဲသွားခြင်း ဖြစ်သည်ဟုဒေသခံများ အပြောအရ သိရသည်။
ကျေးရွာ ဖွံ့ဖြိုးရေးအကြောင်းပြ ကြံခိုင်ဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်း
မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနဲ့ အဖွဲ့ဟာ ကျေးရွာဖွံ့ဖြိုးရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာသူ ရွာသားတွေကို စုရုံးစေပြီး၊ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းခဲ့ကြောင်း အဲဒီ ဟောပြောပွဲအတွက် ဝေဠုဝန် ဘုန်းကြီးကျောင်းမှာ ဟောပြောဖို့ အစီအစဉ်ကို ဆရာတော်က ခွင့်မပြုတဲ့အတွက် မင်းရပ်၊ တလိုင်းမော် မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဟောပြောပွဲကို ဆရာတော်က ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ ဆန္ဒအရ ဘုန်းကြီးကျောင်းမှာ လုပ်ခွင့်မပေးနိုင်ကြောင်း၊ ဒါ့အပြင် ဟောပြောပွဲမှာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရေးကို သွယ်ဝှက်ပြီး ပြောဆိုတာ ရှိသလို ဒေသခံတွေဖြစ်မှ ဒေသအကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အခုရွေးကောက်ပွဲမှာ မိမိတို့ပါတီ အနိုင်ရသည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ နောက်လေးနှစ်အထိ၊ မိမိတို့ရဲ့ အုပ်ချုပ်ရေးအောက်မှာပဲ ရှိနေမှာဖြစ်တယ်လို့ ခြိမ်းခြောက် ပြောဆိုတာလည်း ရှိတယ်လို့ဆိုကြောင်း ဟောပြောပွဲ ပြုလုပ်ခွင့်ရသွားတဲ့ မင်းရပ်၊ တလိုင်းမော် မူကြိုကျောင်းအတွက် သွတ်ပြား ၈၀၊ ဘိလပ်မြေ အိတ် ၃၀၊ သစ် ၅ တန်၊ မူလတန်းလွန်ကျောင်းအတွက် ဘိလပ်မြေအိတ် ၁၀၀၊ ငွေ ၈၅ သိန်းနဲ့ မင်းရပ်မြောက်ပိုင်း အမက အတွက် ဘိလပ်မြေ အိတ် ၁၀၀ ပေးသွားတယ်လို့ သိရပါတယ် ။မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် နီးကပ်လာပြီဖြစ်၍ မြ၀တီမြို့မှ အပြန်ကားများတွင် မွေးရပ်မြေသို့ ပြန်လာသူများနှင့် ပြည့်သိပ်လျက်ရှိကြောင်း၊ မော်တော်ယာဉ်များအနေဖြင့် ခရီးသည်ရရှိရေးအတွက် ဆောင်ရွက်ကြသော် လည်း ဘုရင့်နောင်လမ်းတစ်လျှောက်နှင့် နှစ်နိုင်ငံချစ်ကြည် ရေး တံတားအနီးတို့တွင် ယာဉ်တန်း အဆင်းနေ့ နံနက်တိုင်း သုံးနာရီခန့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ်သမား အဖွဲ့တွင် ဦးဆောင်သူ တစ်ဦးကလည်း ''တစ်နေ့ကို ၃၀၀၀ ဆိုရင် နည်းပါတယ် ကျွန်တော်တို့က မနက်ပိုင် ၇ နာရီကနေပြီး ၁၁ နာရီ ၄၀ မိနစ်အထိ တစ်ကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်ကနေ ညနေ ၅ နာရီ အထိ တစ်နေကုန် လုပ်ရပါတယ်။ ငွေ ၃၀၀၀ က အလွန်းနည်းပါတယ်လို့ ကျွန်တော်က ပြောတော့ မပေးနိုင်ဘူး မလုပ်ချင်ရင် ထွက်ကြလို့ ပြောပါတယ်ဟု ဆိုကြောင်း သတင်းရရှိပါသည်။
The Shadow of Lord Buddha စာအုပ်ကို ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြန်ဆိုခဲ့ပြီး အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ စံချိန်စံညွှန်း စာလုံးပေါင်းသတ်ပုံများဖြင့် အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။ညီတော်အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်းစာအုပ်သည် ဂေါတမ မြတ်စွာဘုရား၏ ဒုတိယဗောဓိဝါတော် ၂၅ ၀ါအတွင်း မြတ်စွာဘုရား ၏အနီးတွင် အမြဲမပြတ်ရှိနေခဲ့သည့် ညီတော်အာနန္ဒာ၏ မှတ်တမ်းသဖွယ် ရေးသားထားသည့် စာအုပ်ဖြစ်ကာ မူရင်းရေးသားသူမှာ ၀ဏ္ဏသီရိဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် ၀န်းကျင်တွင် ပထမဦးဆုံး ထုတ်ဝေခဲ့ကြောင်း သိရသည်။
ဒေသတွင်းနိုင်ငံများရှိ မြို့ကြီးများ၏ နေ့အပူချိန်များအနက် မြန်မာနိုင်ငံ အမြင့်ဆုံးသို့ ရောက်ရှိ
ဒေသတွင်း နိုင်ငံများရှိ မြို့ကြီးများ၏ နေ့အပူချိန်များအနက် မြန်မာနိုင်ငံအမြင့်ဆုံးသို့ ရောက်ရှိ၊ ဒေသတွင်း နိုင်ငံများ၏ မြို့ကြီးများအနက် မြန်မာနိုင်ငံ၏နေ့အပူချိန် မှာ အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက် နေ့ နေ့အပူချိန်များ အနေဖြင့် မြန်မာ နိုင်ငံမှ နေပြည်တော်နှင့် ရန်ကုန်မြို့ တို့တွင် အမြင့်ဆုံးနေ့အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၃၁ ဒီဂရီစင်တီဂရိတ်၊ ဖိလစ် ပိုင်နိုင်ငံ မနီလာမြို့တွင် ၃၁ ဒီဂရီ စင်တီဂရိတ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ၃၀ ဒီဂရီစင်တီဂရိတ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ၃၀ ဒီဂရီစင်တီဂရိတ်၊ စင်ကာပူတွင် ၂၉ ဒီဂရီစင်တီဂရိတ်၊ လာအိုနိုင်ငံ ဗီ ယန်ကျင်းတွင် ၂၉ ဒီဂရီစင်တီ ဂရိတ်၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ၂၅ ဒီဂရီစင်တီဂရိတ် စသည်ဖြင့် အသီးသီးရှိနေသည်ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ချေးငွေ အတိုးနှုန်းအား ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ချပေးမည်ဟု သိရ
၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ် ချေးငွေ အတိုးနှုန်းအား ၈ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ချ သတ်မှတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စုံစမ်းသိရှိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများအား အတိုးနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် သတ် မှတ်ကောက်ခံခဲ့ရာမှ ၂၀၁၁ ခုနှစ် စက် တင်ဘာလ ၁ ရက်နေ့တွင် အတိုး နှုန်း ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၂ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့ တွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းသို့ လည်းကောင်း လျော့ချသတ်မှတ်ပေးခဲ့ပြီး အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ သတ်မှတ်မှုမှာ လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
''အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းက ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းချေးတဲ့ ချေးငွေတွေအားလုံးပေါ်မှာ အကျုံးဝင်မှာဖြစ်ပါတယ်''ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူက ဆိုသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မိုးစပါးတစ်ဧကလျှင်ကျပ် ၂၀၀၀၀ နှုန်း၊ နှစ်ကြိမ်ခွဲ ထုတ်ချေးပေးခဲ့ပြီး နွေစပါးစိုက်ရာသီတွင် တစ်ဧက ကျပ် ၄၀၀၀၀ အား တစ်လုံးတစ်ခဲ ထုတ်ချေးခဲ့ကာ လာမည့် နှစ်မိုးစပါး စိုက်ရာသီတွင် တစ်ဧက ကျပ် ၄၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု သိရသည်။
မြန်မာ့မီဒီယာများ အရည်အသွေး ပိုမြင့်ရန် အဆင်သင့် ဖြစ်နေကြပြီ
စကင်ဒီနေဗီးယန်း အလှူရှင်သုံးနိုင်ငံ (နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်) အနက် ဆွီဒင်နိုင်ငံက မြန်မာနိုင်ငံတွင် သတင်း မီဒီယာ လုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေရန် အတွက် ရန်ပုံငွေ ကူညီပေးလျက် ရှိသည်။ ထို့အပြင် ယခုအခါ မြန်မာနိုင်ငံတွင် ကျင်းပနေသည့် သတင်းမီဒီယာ ဖွံ့ဖြိုးစေရေးဆိုင်ရာ ညီလာခံ ‘Conference on Media Development in Myanmar’ အတွက်လည်း ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည်။
ဆွီဒင်နှင့် မြန်မာနိုင်ငံအကြားတွင် အရေးပါသည့် ဘုံတူညီမှု တခု ရှိနေသည်။ နှစ်နိုင်ငံစလုံး၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများသည် လွတ်လပ်စွာဖော်ပြပြောဆိုခွင့်နှင့် ပတ်သက်၍ အထူး အလေးပေးထားပြီး လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေခွင့်ကိုလည်း လေးစားကြသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အရ နိုင်ငံသားတိုင်းသည်... မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားပြောဆိုခွင့် ရှိသည်ဟုဖော်ပြထားသည်။ ဆွီဒင်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ထောက်တိုင်လေးခုအနက် ထောက်တိုင် နှစ်ခုသည်လည်း လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့် ဖြစ်သည်။ ထောက်တိုင်တခုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားတခုမှာ ပုံနှိပ်ထုတ်ဝေခွင့် ဖြစ်သည်။
သို့အတွက်ကြောင့် ဆွီဒင်နိုင်ငံနှင့် Sida အဖွဲ့အစည်း (ဆွီဒင်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) က မြန်မာနိုင်ငံတွင် သတင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အလေးပေး လုပ်ဆောင်နေသည်မှာ အံ့သြဖွယ် မဟုတ်ပါ။ ယခုအခါ ရှင်းလင်းလာသည့် အချက်မှာ အရပ်သားပြည်သူများအတွက် လုပ်ကိုင်ဖွယ်နေရာများ ပွင့်လင်းလာ နေပြီ ဖြစ်ရာ လွတ်လပ်သည့်၊ သီးခြား အမှီအခိုကင်းသည့်၊ ရေရှည် တည်တံ့ရန် စွမ်းနိုင်သည့် သတင်း မီဒီယာများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းများစွာ ပံ့ပိုးဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်။ မိမိတို့အနေဖြင့် နိုင်ငံတွင်းနှင့် ပြင်ပတွင် သတင်းစာပညာ ဖွံ့ဖြိုးစေရေးအတွက် သင်တန်း၊ ဆွေးနွေးပွဲများစွာအတွက် ပံ့ပိုးပေးခဲ့ပြီး ၎င်းသင်တန်း များမှနေ၍ သတင်းအစီရင်ခံစာ ရေးသားသည့် အရည်အချင်းများ အမှန် ဖွံ့ဖြိုးတိုးတက်စေ မည် ဖြစ်သည်။
မြန်မာနိုင်ငံ သမ္မတက သူ၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် "စတုတ္ထမဏ္ဍိုင်များအနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ၊ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်း ဆောင်ရွက်သွားနိုင်စေရန် အမျိုးသား စာနယ်ဇင်းကောင်စီ ကိုလည်း ထူထောင်ဆောင်ရွက်ဖို့ စီမံနေပြီ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့ပါသည်။ ဤအချက်သည် မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ် သတင်းစာ လွတ်လပ်ခွင့် အစဉ်အလာနှင့်လည်း လျော်ညီသည့် အချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉ ရာစုကပင် မင်းတုန်းမင်းက သတင်းစာများ လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချိနိုင်ရန် လွတ်လပ်ခွင့်ဥပဒေ ပြုပေးခဲ့သည့် အစဉ်အလာ ရှိခဲ့ပါသည်။
Sida အဖွဲ့က သမ္မတကြီး၏ သတင်းမီဒီယာ (စာနယ်ဇင်း) ကဏ္ဍအပေါ် မြော်မြင်ချက်များအတိုင်း လွတ်လပ်မှုနှင့် တာဝန်ယူမှုကို သေချာထိန်းကျောင်းနိုင်သည့် စတုတ္ထမဏ္ဍိုင်ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် လေးလေးနက်နက် ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ နိုင်ငံတခု၏ ဒီမိုကရေစီ အဆင့်အတန်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်တို့ အထူးတလည် ဆက်စပ်ပတ်သက်မှု ရှိနေသည်မှာလည်း အထင်အရှားပင် ဖြစ်ပါသည်။ စာနယ်ဇင်းများက အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် အထူးအရေးပါသည့် အခန်းကဏ္ဍ ရှိသလို ဤသို့ ပံ့ပိုးပေးခြင်းဖြင့် ယခု အစပျိုးဆောင်ရွက်နေသော တိုင်းရင်းသားအင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည်လည်း စစ်မှန်သော ငြိမ်းချမ်းရေးသဘောတူညီ ချက်များအဖြစ် ပေါ်ထွန်းလာခြိမ့်မည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသား အားလုံးအတွက် စီးပွားရေး၊ လူမှုရေးအခြေခံ ကောင်းများ ဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။ ယခု စာနယ်ဇင်းညီလာခံသည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွင် အခန်းကဏ္ဍသစ်တရပ် မှတ်တမ်းတွင်ရစ်မည်ဖြစ်ပါသည်။ ဒီမိုကရေစီသို့ လျှောက်ရာလမ်းတွင် သတင်းမီဒီယာ၏ အခြေခံကဏ္ဍ၊ စာနယ်ဇင်း ဥပဒေသစ်၊ သတင်း မီဒီယာ လုပ်ငန်းများ ရေရှည်တည်တံ့ ရပ်တည်နိုင်ရေး၊ စာနယ်ဇင်းသမားများ၏ ကျွမ်းကျင်မှု အရည်အသွေးများ စသည့် ပြဿနာများကို ယခု ညီလာခံတွင် ဆွေးနွေးကြလိမ့်မည် ဖြစ်ပါသည်။ ယခုညီလာခံမှ အများအကြံဉာဏ်များဖြင့် မြန်မာနိုင်ငံသားများအတွက် ပို၍ အကျိုးဖြစ်ထွန်းစေမည့်၊ ခေတ်မီ သတင်းမီဒီယာ ဥပဒေတရပ် ပေါ်ထွက်လာစေရေး အတွက် အထောက်အပံ့ ဖြစ်စေလိမ့်မည်။ လွတ်လပ်သည့် သတင်းမီဒီယာများ၊ စာနယ်ဇင်းသမားများ ပိုမို အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြှင့်သင်တန်းများ ပို၍ကျယ်ပြန့်စွာ များမကြာမီ စတင်နိုင်လိမ့် မည်ဟု မျှော်လင့်မိပါတော့သည်။
Bengt Ekman ရေးသားသည့် Burma ready for more professional media development ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။ ဘင် အက်မင်း (Bengt Ekman) သည် ဆွီဒင်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Sida) မှ မြန်မာ နိုင်ငံဆိုင်ရာ တာဝန်ခံ မန်နေဂျာ ဖြစ်ပါသည်။ Cooperation Agency (Sida).

Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment