နိုင်ငံတကာသတင်း

တူးလုစ် (Toulouse) သေနတ်သမား သေဆုံး

ပြင်သစ်နိုင်ငံ တူးလုစ် (Toulouse) မြို့မှာ လူ ၇ ယောက်ကို သတ်ပစ်ခဲ့တဲ့သူလို့ သံသယ ရှိရတဲ့ သေနတ်သမား နေအိမ်ကို ဝင်ရောက် စီးနင်းပြီးတဲ့ နောက်မှာ အဲဒီ သေနတ်သမား ဟာ သေဆုံးသွားပြီလို့ ပြင်သစ်အာဏာပိုင် တွေက ပြောလိုက်ပါတယ်။ ၃၂ နာရီကြာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာ ကနေ ပြင်သစ် ရဲတပ်ဖွဲ့ က သူနေတဲ့ နေရာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီနောက် အပြန်အလှန် ပစ်ခတ် ကြပြီးတဲ့ နောက် ၂၄ နှစ် အရွယ် မိုဟာမက်မေရာ ဟာ ပြတင်းပေါက် က နေ ခုန်ချသွားတယ် လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ပြောပါတယ်။ အဲဒီ လို ဝင်ရောက် စီးနင်းတဲ့ အတွက် ရဲ နှစ်ယောက် ဒဏ်ရာ ရသွားခဲ့ တယ်လို့ ပြောပါတယ်။
မနက် ကိုးနာရီခွဲမှာ ရဲ အထူးတပ်ဖွဲ့က အိမ်ထဲ ကို ဝင်ရောက် စီးနင်းခဲ့ပြီးတော့ မေရာ ဟာ ရေချိုးခန်းထဲက ထွက်လာပြီးတော့ အပြင်းအထန် ပြန်လှန် ပစ်ခတ်ခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့က သူတို့ ဟာ သူတို့ ကာကွယ်တဲ့ အနေနဲ့ ပြန်ပစ်ခတ် ခဲ့တာလို့ ပြောပါတယ်။ မေရာ ဟာ ပြတင်းပေါက် က ခုန်ချတဲ့ အချိန်မှာလည်း သေနတ်နဲ့ ဆက်ပြီး ဖြစ်ခတ်နေကြောင်း ဒါပေမဲ့ အောက် ကို ရောက်တဲ့ အချိန်မှာတော့ မေရာ ဟာ သေဆုံးနေပြီလို့ ပြောပါတယ်။
အစောပိုင်းမှာတုန်းကတော့ အဲဒီ သေနတ်သမားက သူဟာ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်သူဖြစ်တယ်လို့ ပြောခဲ့ပြီး၊ လက်နက်ကိုင်ပြီးတော့ သေဆုံးချင်တယ်လို့လည်း ပြောခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်နိုင်ငံသားဟာ ပြင်သစ်နိုင်ငံ တူးလုစ် (Toulouse) မြို့ကနေ မော်တော်ဆိုင်ကယ်နဲ့ ထွက်မပြေးခင်မှာ  ကလေး သုံး ယောက်နဲ့ ဂျူးတရားဟောဆရာ တစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့တပတ်ကလည်း အဲဒီသေနတ်နဲ့ပဲ ပြင်သစ်စစ်သား သုံး ဦးကို တူးလုစ်နဲ့ အနီးနားက မြို့တခုမှာ သတ်ဖြတ်ခဲ့တယ်လို့ ပြင်သစ်ရဲက ပြောပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှု ဂါဇာတွင် ၁၈ဦး သေဆုံး

ဂါဇာစီးတီး - ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မတ်လ ၁၁ ရက်နေ့ နေ့လယ်အထိ သေဆုံးသူ ၁၈ ဦးနှင့် ဒဏ်ရာရသူ ၃၀ ရှိနေပြီဖြစ်ကာ အစ္စရေး လူမျိုးလေးဦး ဒဏ်ရာ ရရှိထားကြောင်း ပါလက်စတိုင်း ဆရာဝန်များအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

လူရမ်းကား အမေရိကန်တပ်သား၏ အာဖဂန်နစ္စတန် လူသတ်ပွဲတွင် အာဖဂန်နိုင်ငံသား ၁၆ဦး သေဆုံး

အာလ်ကိုဇိုင်း(အာဖဂန်နစ္စတန်) - မတ်လ ၁၁ ရက် အရုဏ်မတက်မီ ပြုလုပ်ခဲ့သော အမေရိကန်လူရမ်းကား စစ်သည်တစ်ဦး အရမ်းကာရော ပစ်ခတ် သတ်ဖြတ်မှုကြောင့် မိန်းမသားများနှင့် ကလေးငယ်များ အပါအ၀င် အာဖဂန် နိုင်ငံသား ၁၆ ဦး သေဆုံးသွားပြီး နှစ်နိုင်ငံ အကြား ဆက်ဆံရေး အကျပ် အတည်းသစ် ဖြစ်ပေါ် လာခဲ့ရသည်။

လိင်ပြောင်းထားသည့် လေယာဉ်မယ်များ အလုပ်ခွင်ဝင်

ဘန်ကောက် - လေယာဉ်ပျံသန်းမှု အစီအစဉ် ဂျီတီ ၂၁၀ အပေါ်မှာ သပ်ရပ်သည့် ၀တ်စုံဝတ်ဆင်၍ မျက်နှာကို မိတ်ကပ်ခြယ်သထားပြီး ဆံကေသာကို အပေါ်သို့ပင့်ကာ သိမ်းထားသည့် မျူးသည် အခြား လေယာဉ်မယ် များနှင့် မခြားတူနေပါသည်။

ဆယ်ကျော်သက်အရွယ် အာဖဂန်မိန်းကလေးများ ကိုယ့်ကိုယ်ကိုယ် မီးရှို့သေကြောင်းကြံနေကြ

ဟီရတ်- သူ့ကိုယ်သူ မီးရှို့သတ်ခဲ့သော ၁၆ နှစ်အရွယ် အာဖဂန် အမျိုးသမီးလေး အတ်တီဖာကို ဆေးရုံသို့ ပို့ထားကြသည်။ တစ်ကိုယ်လုံး ထူထဲသော ပတ်တီးများ ပတ်ထားသည်။ နာကျင်လွန်း၍ အလ္လာရှင်မြတ် ကို ကျယ်လောင်စွာ တမ်းတ နေရှာသည်။ အရိုးပြိုင်းပြိုင်းထနေသော သူ့ခန္ဓာကိုယ်ပေါ်တွင် အရေပြား အစားထိုး ကုသပေးရမည်ဖြစ်သည်။

ဆီးရီးယား ရေနံဒုတိယ၀န်ကြီး သူပုန် တပ်ဖွဲ့များဘက်သို့ ကူးပြောင်းသွား

ဒမတ်စကတ်- ဆီးရီးယား ရေနံ ဒုတိယ ၀န်ကြီးသည် မတ်လ ၈ ရက်နေ့က ရာထူး မှနုတ်ထွက်ပြီးနောက် သူပုန်တပ်ဖွဲ့ များနှင့် ဆက်သွယ်သည့် ထိပ်တန်း အရာရှိကြီး ဖြစ်လာခဲ့သည်။

ဂျပန်နိုင်ငံမှ အသက် ၇၀ အရွယ် အဘိုးအို လန်ဒန် အိုလံပစ် မြင်းစီးပြိုင်ပွဲ ၀င်ပြိုင်မည်

တိုကျို - ဂျပန်နိုင်ငံမှ မြင်းအလှစီး သမား ဟီရိုရှီဟိုကက်ဆုသည် လာမည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် အသက် အရွယ်အကြီးဆုံး ပြိုင်ပွဲဝင်ဖြစ်ရန် အလားအလာ ရှိနေပြီဖြစ်ကြောင်း၊ ယခုနှစ် အိုလံပစ်အားကစားပွဲတွင် အောင်မြင်မှုများရရှိရန် အိပ်မက်မက် နေပြီဖြစ်ကြောင်း အသက် ၇၀ အရွယ် ဖြစ်သူ ၎င်းကပြောသည်။

ရီပတ်ဘလီကန်သမ္မတလောင်း ပဏာမရွေးပွဲ အခြေအနေ

ဝါရှင်တန် - နိုဝင်ဘာလတွင် ကျင်းပတော့မည့် အမေရိကန်သမ္မတရွေး ကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရက် အိုဘားမားနှင့် ယှဉ်ပြိုင်ရန် အတွက် အတိုက်အခံ ရီပတ်ဘလီကန်ပါတီကိုယ် စားပြုသမ္မတလောင်း ရွေးချယ်ပွဲ ပြည်နယ်အသီးသီးတွင် ပြုလုပ်လာခဲ့ရာ "Super Tuesday" ခေါ်ပြည်နယ် ၁၀ ပြည်နယ်၌ တစ်ပြိုင်နက် ကျင်းပပြုလုပ် သည့်ပွဲကို မတ်လ ၆ ရက် အင်္ဂါနေ့က ကျင်းပခဲ့ရာ မမျှော်လင့်သော ဖြစ်ရပ် များ ထွက်ပေါ် လာခဲ့သည်။

အီရန်ကို မတိုက်ရန် အစ္စရေးထောက်လှမ်းရေး အကြီးအကဲဟောင်းက တိုက်တွန်း

ဝါရှင်တန် - အစ္စရေး မော့ဆက် ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ ဟောင်းက အီရန်၏ နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်မှုမပြု လုပ်ရန် သတိပေးခဲ့သည်။ ၎င်းက လိုအပ်သည့်အခါတွင် အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ၀င်ရောက် ကြားဝင်ရန် ယုံကြည်သည်ဟုဆိုသည်။

ယူတူး သူလျှိုလေယာဉ် 'ကန်' လေတပ် ဆက်သုံးနေဦးမည်

ဝါရှင်တန်- စစ်အေးတိုက်ပွဲကာလ ကျော်ကြားခဲ့သည့် ယူတူး (U-2) သူလျှို လေယာဉ်အား အနားမယူစေသေးဘဲ ၂၀၂၅ ခုနှစ်အထိ ဆက်လက်ပျံသန်း အသုံးပြုနေဦးမည်ဖြစ်ကြောင်း အမေရိ ကန်လေတပ်က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြောသည်။

ဆီကြော်စာများက သက်ကြီးအမျိုးသမီးများအား လေသင်တုန်းဖြတ်မှု ပိုများ

ဝါရှင်တန်- အကြော်စာများ၊ အကင် စာများတွင်တွေ့ရသော ဆီမျိုးကို ပမာဏများများ စားသုံးသော သက်ကြီး အမျိုးသမီးများသည် အဆီအစားနည်း သော အမျိုးသမီးများထက် လေသင် တုန်းဖြတ်နိုင်ခြေ ပိုများကြောင်း အမေ ရိကန်ပြည်ထောင်စု လေ့လာရေးတစ်ခု က မတ်လ ၁ ရက်နေ့၌ ဖော်ပြခဲ့သည်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံးအရက် အမှန်အကန် စုဆောင်းသိမ်းဆည်းထားသည့်ပစ္စည်းဖြစ်လာ

ဘရီဒါ (နယ်သာလန်)- စီးပွားရေး ပညာရှင် ဘေးဗန်ဒါဘန့်သည် ပြင်သစ် သို့ ကုန်းလမ်းဖြင့်သွားသည့် ခရီးတွင် ၁၉၁၇ ခုနှစ်မှ ၁၉၃၀ ပြည့်နှစ်ကြား ထုတ်လုပ်သော ၎င်း၏ ပထမဆုံး ကော့ညက်အရက် နှစ်ပုလင်းကို လွန်ခဲ့ သည့်နှစ်ပေါင်း ၄၀ က ၀ယ်လာစဉ် ၎င်းအနေဖြင့် ယင်း အရက်သည် ယနေ့ ယူရိုငွေကြေး သန်းများစွာတန်သည့် စုဆောင်းသိမ်းဆည်းထားသည့် ပစ္စည်း ဖြစ်သည်ကို ၎င်းသိပ်သိပုံ မရခဲ့ပေ။

လူသားချင်းစာနာရေးအကြီးအကဲ ဆီးရီးယားရောက်

ဒမတ်စကတ်- အမေရိကန်ပြည်ထောင် စုက ဆီးရီးယားသောင်းကျန်းမှုသို့ မသေလောက်သော အကူအညီပေးရန် အချိန်ယူစဉ်းစား နေကြောင်း ထုတ်ဖော် ပြောနေစဉ် ဆီးရီးယားနိုင်ငံ၏ ရေနံ ဒုတိယ၀န်ကြီးက မတ်လ ၈ ရက်နေ့၌ နုတ်ထွက်ရာတွင် ၎င်းသည် သူပုန် တပ်ဖွဲ့များနှင့် ပူးပေါင်းသည့် အဆင့် အမြင့်ဆုံးအရာရှိတစ်ဦး ဖြစ်လာသည်။

ဆော့လွန်းသောကလေးများ ဓာတ်စာကျွေးထိန်းသိမ်း

ဝါရှင်တန်- ADHD ခေါ် အာရုံစူးစိုက် မှု အလွန်နည်းပြီး တက်ကြွလွန် လက္ခဏာရှိသော ကလေးများအား ကုထုံးနှင့် ဆေးဝါး ကျွေးကုသ၍ မရပါက ပိုမိုသင့်လျော်သည့် ဓာတ်စာများ ကျွေးရုံမျှဖြင့် ဂနာမငြိမ်သည့် တက်ကြွ လွန်လက္ခဏာများ လျော့ပါးသွားနိုင် ကြောင်း ဇန်န၀ါရီလ ၉ ရက်နေ့ထုတ် Pediatrics ဂျာနယ်ပါ ဆန်းစစ်ချက် တစ်ခုကဆိုသည်။

အစားအစာကို အတိုင်းအချင့်ဖြင့်စားခြင်းဖြင့် ဦးနှောက်အိုမင်းရင့်ရော်မှုမှ သက်သာစေနိုင်

ဝါရှင်တန်- တိကျသော အတိုင်းအချင့် ဖြင့် စားသောအစာသည် ဇရာ၏ ဖိစီးမှုဒဏ်မှ ဦးနှောက်ယိုယွင်းမှုကို ကယ်တင်နိုင်သည့် မော်လီကျူးဆိုင်ရာ ဖြစ်စဉ်ကို ရှာဖွေတွေ့ရှိကြောင်း ဒီဇင် ဘာလ ၁၉ ရက်နေ့၌ ထုတ်ပြန်သည့် အီတလီသိပ္ပံပညာရှင်များ အဆိုအရ နည်းနည်းစားသောက်ခြင်းသည် စိတ်ကို နုပျိုစေသည်ဟု သိရသည်။

ပြည့်တန်ဆာမှု ဒဏ်ငွေရှစ်ဆင့်ချမှတ်

ကိုလံဘို- ပြည့်တန်ဆာမှုတွင် အပြစ် ရှိသည်ဟု ၀န်ခံခဲ့သော တရုတ်အမျိုးသမီး တစ်ဦးအား သီရိလင်္ကာနိုင်ငံရှိ ရာဇ၀တ် တရားသူကြီး တစ်ဦးက ၁၈၄၁ ခုနှစ် ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ဒဏ်ငွေ ၁၀ ရူပီး (အမေရိကန် ရှစ်ဆင့်) ကို ချမှတ်လိုက်ကြောင်း မတ်လ ၇ ရက်နေ့ သတင်းတစ်ခု၌ ဖော်ပြထားသည်။  

NLABR & Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment