မြန်မာသတင်းများ မတ် ၂၃ ရက်၊ ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဘန်ကီးမွန်း မြန်မာပြည်သွားရန်ရှိ
မြန်မာနိုင်ငံမှာ ကျင်းပဖို့ရာ ရက်ပိုင်းသာလိုတော့ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့အတွက် ကုလသမဂ္ဂ အပါအ၀င် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၊ အမေရိကန်ပြည်ထောင်စု နဲ့ EU ဥရောပသမဂ္ဂ က နိုင်ငံတကာ အကဲခတ်တွေ လာရောက်ဖို့ကို မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့ တဲ့အပေါ် နိုင်ငံတကာ က ကြိုဆိုခဲ့ ကြသလို အခုနောက်ဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် ကလည်း ကြိုဆိုလိုက်တာဖြစ်ပါတယ်။ အာရှ ၄ နိုင်ငံခရီး လှည့်လည်နေတဲ့ မစ္စတာ ဘန်ကီမွန်း က မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့မှာ မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက် တွေကို အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ (၁) ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအပြီး သိပ်မကြာခင်မှာပဲ သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တဲ့အကြောင်း ကိုလည်း မစ္စတာ ဘန်ကီမွန်း က သတင်းထောက်တွေကို ပြောကြား သွားခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပြီးချိန်က တကြိမ်၊ ၂၀၀၉ ခုနှစ်ကတကြိမ်၊ နှစ် ကြိမ်သွားရောက်ခဲ့ပြီးတော့ တကယ်လို့သာ ကြားဖြတ် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံကို သွားဖြစ်ရောက် ဖြစ်ခဲ့မယ် ဆိုရင်တော့ ဒါဟာ သူ့ရဲ့ တတိယမြောက် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် ဖြစ်လာမှာပါ။
တခါ ရှေ့တပတ်ထဲ မြန်မာနိုင်ငံ ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ မလေးရှား ၀န်ကြီးချုပ် နာဂျစ် ကလည်း မြန်မာနိုင်ငံက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် တွေအတွက် သူ့အစိုးရ အနေနဲ့ မြန်မာအစိုးရ ကို အတတ်နိုင်ဆုံး အားပေး တိုက်တွန်းသွားမှာ ဖြစ်တဲ့အကြောင်း ဒီပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာပဲ သတင်းထောက် တွေကို ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ရာ အခုဆိုရင် ကိုးရက်သာ လိုတော့ တာပါ။ ဒီ ကြားဖြတ် ရွေးကောက်ပွဲ ဟာ ဒါ့အပြင် မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲ လေ့လာအကဲခတ် ရေးအဖွဲ့တွေ လာရောက်ရေး ဖိတ်ကြားချက် အပေါ် အမေရိကန် ပြည်ထောင်စု ကလည်း ကြိုဆို ခဲ့ပြီးတော့ ဒီကြားဖြတ် ရွေးကောက်ပွဲ ဟာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ မှတ်တိုင် တခုဖြစ်တယ်ဆိုတာကို မနေ့တုန်းကပဲ ပြောဆိုသွားခဲ့တာပါ။ အလားတူ EU ဥရောပသမဂ္ဂရော၊ အာဆီယံ ကပါ အားလုံးက ကြိုဆို နေကြ တာဖြစ်ပါတယ်။
မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ (၄၈) နေရာထဲက (၄၇) နေရာကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတဲ့ NLD နဲ့ အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကြား အဓိကပြိုင်ဘက်တွေ ဖြစ်လာကြတော့မှာ ဖြစ်ပါတယ်။
အခု ဧပြီရွေးကောက်ပွဲ တရားမျှတမှု၊ လွတ်လပ်မှု ရှိမရှိ အခြေအနေ အပေါ်မူတည်ပြီးတော့ နိုင်ငံတကာ အနေနဲ့ကလည်း မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထား ပြောင်းလဲ ဖွယ်ရှိပါတယ်။ဒီ အခြေအနေပေါ်မှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်း မသိမ်း ဆိုတာကိုလည်း ထည့်တွက် စဉ်းစားမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုရော EU ဥရောပသမဂ္ဂ ဘက်ကပါ ပြောထား ပါတယ်။ မြန်မာ အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဘယ်လောက် ဆန္ဒရှိမရှိ၊ လက်တွေ့ ကျမကျဆိုတာဟာ ဒီရွေးကောက်ပွဲဟာ စမ်းသပ်မှုတရပ် ဖြစ်မယ်လို့လည်း နိုင်ငံတကာက ပြောထားပါတယ်။
ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောပွဲကျင်းပ
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဒေသခံကျောင်းသားနဲ့လူငယ်တွေ ဒီကနေ့ ဖွဲ့စည်းတဲ့ သွေးကူညီရေးအဖွဲ့ ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပြီး၊ ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးဆိုင်ရာ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောတာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။"ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ဆောင်ပုဒ်ကတော့ ငါတို့မြို့ကို ငါတို့ပိုင်သည် ဆိုတဲ့ဆောင်ပုဒ်၊ အဲဒီဆောင်ပုဒ်အောက်မှာပဲ နံပါတ် (၁) မြို့တိုင်းမြို့တိုင်းမှာ အသင်းအပင်းတွေရှိရမယ်။ နံပါတ် (၂) အဲဒီအသင်းအပင်းတွေဟာ ကွန်ယက်ဖြစ်နေရမယ်။ နံပါတ် (၃) အဲဒီကွန်ယက်လှုပ်ရှားမှု အမြဲရှိနေရမယ်။ နံပါတ် (၄) area ရှိရမယ်။ အဲဒီအချက် ၄ ချက်ပေါ် မူတည်ပြီးတော့ မြို့တစ်မြို့ချင်းစီရဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း တည်ဆောက်ကြဖို့ ဟောပြောခဲ့ပါတယ်"
အဲဒီပွဲကို ဒေသခံ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကော့မှူးမှ တနိုင်ငံလုံး အလုပ်လက်မဲ့ ပပျောက်ရေး ဒေါ်စု အလေးပေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်
ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ အလုပ်လက်မဲ့ အခြေအနေ ပပျောက်စေရန် အလေးထား လုပ်ဆောင်ပေးမည်ဟု ပြောကြားလိုက်ကြောင်း
ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွက် ဝိဇ္ဖောဒယကျောင်းရှေ့မှ ကွင်းပြင်တွင် ပြည်သူလူထု လေးသောင်းခန့်ကို ၂၅ မိနစ်ခန့်ကြာ ပထမဆုံး မဲဆွယ် စည်းရုံးရေးဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဂုန်မြို့သစ် မြေသိမ်းခံရမှု ၈၈ နှင့် လွှတ်တော်အမတ် လက်တွဲ
ရန်ကုန်တိုင်း ဒဂုန်မြို့သစ် အရှေ့ပိုင်းမှ အသိမ်းခံရတော့မည့် မြေကွက်များ ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က နစ်နာသူတို့နှင့်အတူ လက်တွဲ
ဆောင်ရွက်သွားမည်ဟု ပြော ဆိုကြောင်းမတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်းအတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,ဝဝဝ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ အသိမ်းခံရမည် ဖြစ်ကြောင်းအဆိုပါမြေကွက်များမှာ ဝန်ထမ်း မြေကွက်များ ဖြစ်၍ နစ်နာသူ ဒေသခံ ဝန်ထမ်းများက အကူအညီတောင်းသဖြင့် ၈၈ ကျောင်းသားများနှင့် လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း အသိမ်းခံ မြေကွက်များကို ၁၉၉၈ ခုနှစ်က ဝန်ထမ်းများအား ရောင်းချစဉ်က တန်ဖိုးဖြစ်သည့် ကျပ် ၁၂,ဝဝဝ သာပြန်လည်ပေးလျော်မည်ဖြစ်၍ ကာလပေါက်ဈေးနှင့်ယှဉ်ပါက လွန်စွာနစ်နာနေရကြောင်းသတ်မှတ်လျော်ကြေး ၁၂,ဝဝဝ ကျပ်ကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လာရောက်ထုတ်ယူရမည်ဟုကြေညာထားကြောင်း
မတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင် အဆိုပါကိစ္စအား ဦးခိုင်မောင်ရည်က မေးခွန်းထုတ်ခဲ့သဖြင့် အထောက်အထား များဖြင့် ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်းခံနေရာ ဒေသခံများထံ ၈၈ ကျောင်းသားများနှင့် အတူ မတ်လ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံ စုံစမ်းခဲ့သည်ဟု ဦးခိုင်မောင်ရည်က ပြောကြောင်းအဆိုပါကိစ္စနဲ့ပတ်သက်၍ နစ်နာသူများအား နည်းလမ်းနှစ်သွယ်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဟု ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြောင်းယင်းမြေယာကိစ္စ အသေးစိတ်ကို သူရဦးရွှေမန်းက သမ္မတကြီးထံ တင်ပြထားပြီး ဖြစ်ကြောင်းစုံစမ်းလေ့လာမှုအရ အဆိုပါ ပေ ၆ဝ၊ ပေ ၄ဝ ရှိ မြေကွက် ၈,ဝဝဝ ကျော်မှာ ၁၉၉၈ ခုနှစ်မှပင် အိမ်ဆောက်လုပ်ခွင့် ပါမစ်များ ရထားပြီး လက်ရှိတွင် အိမ်ထောင်စုပေါင်း ၈ဝ၇၉ စု နေထိုင်လျက်ရှိသည်ဟုသိရသည်။

မွန်အမျိုးသားကျောင်းများ လွှဲပြောင်း တာဝန်ယူရန် ခက်ခဲလျက်ရှိ
မွန်ပြည်သစ်ပါတီ ဧရိယာပြင်ပရှိ မွန်အမျိုးသားကျောင်းများကို မွန်စာပေနှင့် ယဉ်ကျေးမှု
ကော်မတီ (ဗဟို) သို့ လွှဲပြောင်းယူနိုင်ရန် ဆွေးနွေးနေ ရှိသော်လည်း တာဝန်ယူရန် ခက်ခဲလျက်ရှိကြောင်း မွန်ပြည်သစ်နှင့် ပြည်ထောင်စု အစိုးရတို့ ဖေဖော်ဝါရီလ အပစ်အခတ် ရပ်စဲပြီးနောက် လွှဲပြောင်းယူရန် မွန်ပြည်သစ်၏ ကမ်းလှမ်းချက်ကို မတ်လ ၁၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ပြုလုပ်သည့် မွန်စာ/ယဉ်၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေနွေးခဲ့ကြကြောင်းလွှဲပြောင်းပေးမည့် ကျောင်းများတွင် မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်ကော့ကရိတ်၊ ဘားအံမြို့နယ်ရှိ မွန်အမျိုးသားကျောင်းများအပြင် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့်ကျောင်း စုစုပေါင်း ၁၄၅ ကျောင်း ပါဝင်ကြောင်းအဆိုပါကျောင်းများကို တာဝန်ယူရန်မှာ ကြီးလေးသည့် တာဝန်တခု ဖြစ်ပြီး ကျောင်းဆရာ ဆရာမများ၏ လစာ အပါအဝင် အခြား ကုန်ကျမှုများအတွက် ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း မွန်ပြည်သစ် လက်အောက်ရှိ မွန်အမျိုးသား ပညာရေးဌာနမှ တာဝန်ရှိသူတဦးကလည်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို) အနေနှင့် မွန်အမျိုးသားကျောင်းများကို တာဝန်ယူနိုင်ရန်မှာ ဖြစ်နိုင်ခြေ နည်းကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) ကို မြို့နယ်အသီးသီးရှိ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ် အသီးသီးမှ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေ သင်ကြားရေးအဖွဲ့များ၊ တက္ကသိုလ် ပညာသင်ကြားမှုထောက်ပံ့ရေးအဖွဲ့၊ မွန်ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့၊ မွန်လူငယ်များ အစည်းအရုံး၊ မွန်သဘင်သည် များ အစည်းအရုံးနှင့် မွန်ဂီတ အစည်းအရုံး စသည့် အဖွဲ့အစည်းများဖြင့် ၂ဝဝ၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်းမကြာမီ ရက်ပိုင်းအတွင်း မွန်ပြည်သစ်မှ တာဝန် ရှိသူများ မော်လမြိုင်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး၊ ဧပြီလဆန်းပိုင်းတွင် မွန်စာ/ယဉ် ကော်မတီ ဗဟိုနှင့် အမျိုးသားကျောင်းကိစ္စ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၁၉၇၂ ခုနှစ်မှ စ၌ မွန်ပြည်သစ်ပါတီက မွန်အမျိုးသား ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး အတန်းပညာရေးစနစ်ဖြင့် မွန်စာပေကို သင်ကြားခဲ့ကာ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဗဟိုပညာရေး အဖွဲ့ငယ်ကို ဖွဲ့စည်းခဲ့ကြောင်း
၂ဝ၁ဝ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သော စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၁၁၆ ကျောင်းတွင် ကျောင်းသားဦးရေ သုံးသောင်းခွဲခန့် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

တန်ဖဲရွာသားများ ပြောင်းရွှေ့ရန် ရက်ချိန်းတိုး
မြစ်ဆုံရေကာတာ စီမံကိန်းအနီးရှိ တန်ဖဲကျေးရွာမှ ရွာသားများအား ပြောင်းရွှေ့ရန် ၁၀ ရက်ထပ်မံ အချိန်ပေးသဖြင့် လာမည့် ၂၇ ရက်နေ့တွင် နောက်ဆုံးထား ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း
ဒုသမ္မတ အမိန့်အရ မတ်လ ၁၇ ရက်နေ့မှာ ရွာသားများ အားလုံး အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ရန် ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက သတိပေးခဲ့ပြီး ဖြစ်ကြောင်း သို့သော် ကချင်ပြည်နယ်ဝန်ကြီး ဦးလဂျွန်ငံဆိုင်းမှာနေပြည်တော်သို့ ရောက်နေသဖြင့် စောင့်မည်ဟုဆိုကာ နောက်ထပ် ၁၀ ရက်အတွင်း အပြီးပြောင်းရွှေ့ရန် ပြီးခဲ့သည့်အပါတ်က ရက်ရွှေ့ပေးခဲ့ခြင်းဖြစ်ကြောင်း
တန်ဖဲရွာသားများမှာ ယခုရက်ပိုင်းအတွင်း အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့နေကြပြီု ဖြစ်ကြောင်း
ပြီးခဲ့သည့် ရက်သတ္တပတ်က တန်ဖဲကျေးရွာသား ၂၀၀ ကျော်က မပြောင်းရွှေ့လိုကြောင်း မေတ္တာရပ်ခံသည့်စာ တစောင် မတ်လ ၁၄ ရက်နေ့ကလည်း ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံစာ ပို့ခဲ့သေးကြောင်းမြစ်ဆုံရေကာတာ စီမံကိန်းဧရိယာအတွင်းရှိ တန်ဖဲကျေးရွာသားများကို အောင်မြင်သာကျေးရွာသို့ မပြောင်းရွှေ့ပါက သက်ဆိုင်ရာ အာဏာပိုင်များ၏ အမိန့်ကို မနာခံမှု ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို က မတ်လ ၇ ရက်နေ့က ရွာသားများကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး မန္တလေး သံဃာများ တောင်းဆို
နိုင်ငံတ၀န်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံ နေရဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဆရာတော် ၀ီရသူဦးဆောင်သည့် မန္တလေး သံဃာတော်များက တောင်းဆိုလိုက်သည်။ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ရင်ပြင်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝီရသူနှင့် သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် ဒေသခံ ၅၀၀ ကျော်တို့က ယနေ့တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းမှု ပြုလုပ်၍ တောင်းဆိုခြင်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ဒေသခံများက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုစာများကိုလည်း ဗီနိုင်းလ် ကားချပ်များပေါ်တွင် ရေးသားထားကြောင်း ၀တ်ပြုဆုတောင်းပွဲကို ဘုရားကြီး သြ၀ါဒါ ဆရာတော်များနှင့် တိုင်း သံဃမဟာနာယက ဆရာတော်များက ခွင့်ပြုခြင်းမရှိသည့်ကြား မှ ပြုလုပ်ခဲ့သည့်အတွက် ဖြစ်လာမည့် အကျိုးဆက်များအတွက်လည်း ပြင်ဆင်ထားကြောင်း ဦးဝီရသူက မိန့်ကြောင်း၊ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဆရာတော်ဝီရသူ အပါအ၀င် သံဃာတော်တချို့နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက်လာသော်လည်း အကျဉ်းသား ၈၀၀ ကျော် ဆက်လက် ကျန်ရှိနေသေးကြောင်း၊ ထိုအကျဉ်းသားများ ထဲမှ စိစစ်အတည်ပြုပြီးသူ ၄၁၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၏ စာရင်းတရပ်က ဖော်ပြကြောင်း၊ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ အဆိုအရ AAPP ၏ စာရင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာရင်းများမှ စုစည်းစိစစ် အတည်ပြုပြီးသည့် ကြွင်းကျန် နိုင်ငံရေးအကျဉ်းသား ၆၁၉ ဦး ရှိသည်ဟု သိရသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှု မြန်မာ့ သဘာဝသယံဇာတနဲ့ မြေယာကို မနစ်နာစေသင့်
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာပေမယ့် ဘဏ္ဍာရေးပိုင်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ဆိတ်သုဉ်းနေတဲ့အတွက် တိုင်းပြည်ရဲ့ သဘာဝကျိန်စာပိုပြီး ဆိုးဝါးသွားတယ်လို့ Arakan Oil Watch ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ ထုတ်ပြန်တဲ့ " မြန်မာ့သယံဇာတ ကျိန်စာ" ခေါင်းစဉ်နဲ့ "ရေနံနှင့်သဘာဝဓါတ်ငွေ့ ဘဏ္ဍာငွေ ပွင့်လင်းမြင်သာမှု ပြဿနာများ" ဆိုတဲ့ စာမျက်နှာ ၆၀ ပါအစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပေမဲ့ နိုင်ငံမတိုးတက်ဘဲ လူထု ဆင်းရဲနေတဲ့အတွက် သဘာဝ ကျိန်စာသင့်နေတဲ့နိုင်ငံ ဖြစ်နေတယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။မြန်မာနိုင်ငံဟာ ပြည်ပကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ရရှိနေပြီး၊ ၂ဝ၁၃ ခုနှစ် အစောပိုင်းမှာ တခြားလုပ်ကွက်သုံးခုက သဘာဝဓါတ်ငွေ့တွေ ထုတ်လုပ်ရောင်းချတဲ့အခါ လက်ရှိဝင်ငွေရဲ့ နှစ်ဆနီးပါး တိုးလာမယ်လို့ ခန့်မှန်းရတဲ့အကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။ဒါ့အပြင် လက်ရှိ စမ်းသပ်ရှာဖွေ တူးဖော်နေတဲ့ တခြားရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း (၄ဝ) ကျော်ကလည်း၊ နိုင်ငံ့ဘဏ္ဍာဝင်ငွေ အမြောက်အများ ရရှိလာတယ်လို့ ဖော်ပြပါတယ်။ ဒီလို ဘဏ္ဍာဝင်ငွေ အမြောက်အများ ရရှိနေပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပြီး၊ ပြည်သူတွေဟာ စွမ်းအင်နဲ့လောင်စာ ပြတ်လပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။
ဒီအစီရင်ခံစာနဲ့ အတူ BEWG မြန်မာ့ သဘာဝပတ်ဝန်းကျင် အလုပ်အဖွဲ့ကလည်း စွမ်းအင်၊ ဓာတ်သတ္တုတူးဖော်ရေးနဲ့ မြေယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု စံသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး၊ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတာတွေဟာ သဘာဝသယံဇာတနဲ့ မြေယာအခြေခံတဲ့ အငြင်းပွားမှုတွေကို မထိခိုက် မနစ်နာစေသင့်ဘူးလို့ ဖော်ပြပါတယ်။
မြန်မာ့သယံဇာတ ကျိန်စာသင့်မှု အဆုံးသတ်ရန် AOW ပြော
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေ သော်လည်း ပြည်သူအများစု အကျိုးခံစားခွင့် မရရှိသော ကျိန်စာသင့်နေမှုကို အမြန်ဆုံး အဆုံးသတ်ရန်ရခိုင့်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch – AOW) က တိုက်တွန်းပြောဆိုလိုက်သည်။ စစ်အစိုးရလက်ထက်မှ အရပ်သား အစိုးရအဖြစ်သို့ ပြောင်းလဲခဲ့ သော်လည်း ပြည်တွင်းထွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ရောင်းချ၍ရသော ဘဏ္ဍာငွေစာရင်းကို အများပြည်သူ သိသာထင်ရှားစေရန် ထုတ်ပြန်ပေးခြင်း မရှိသကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင်လည်း ဆောင်ရွက်ခြင်းမရှိဟု AOW က ယနေ့ထုတ်ပြန်သော “မြန်မာ့သယံဇာတ ကျိန်စာ” အစီရင်ခံစာတွင် ဖော်ပြထားကြောင်းသိရသည်။ပြည်သူ့ဆုံးဖြတ်ချက်ကို NLD လက်ခံမည်
ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပမယ့် ဧပြီလ ၁ ရက်နေ့မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အရှေ့ တောင်အာရှနိုင်ငံတွေကနေ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ၊ သတင်း မီဒီယာသမားတွေ လွှတ်ပေးပါလို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ဖိတ်ခေါ်ထားကြောင်းသိရသည်။
ရခိုင်ကမ်းလွန် အေ-၆ ၌ သဘာဝဓာတ်ငွေ့ခိုအောင်းမှု ထပ်မံတွေ့ရှိ
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော MPRL E&P Pte Ltd သည် မြန်မာ နိုင်ငံ၏ ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ် ကွက် အမှတ်အေ-၆၌ အစမ်းတွင်း အမှတ် Pyi Thar -1 STအား တူးဖော် ရာတွင် အနက်ပေ ၄,၂၇၀ ခန့်တွင် ပေ ၁၈၀ ခန့်ထူသော သဲကြော၏ အတွင်း အပေါ်ပိုင်းအထူ ပေ ၂၀ နှင့် အခြားသော သဲကြော အချို့တွင် သဘာဝဓာတ်ငွေ့ များ ခိုအောင်းနေသည်ကို တွေ့ရှိရကြောင်း MPRL E&P Pte Ltd မှ သတင်းထုတ်ပြန်ထားသည်။အမရာဟိုတယ်မှ မြတ်ဆုမွန် ဂေဟာသို့ လှူဒါန်း
နေပြည်တော်အခြေစိုက် အမရာဟိုတယ်မှ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာ၊ မြတ်ဆုမွန်ပရဟိတဂေဟာ သို့ ကျပ် ၆၀၀,၀၀၀ ခန့်ကို ယခုလ ၁၄ ရက်က သွားရောက်လှူဒါန်းခဲ့သည်ဟု အဆိုပါဟိုတယ် အထွေထွေမန်နေဂျာ ဒေါ်သိန်းသိန်းမြင့်က ပြောသည်။နေပြည်တော်တွင် မဲပေးနိုင်သူဦးရေ ၂၀၁၀ ခုနစ်ကထက် လျော့နည်းသွား
ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော်ရှိ မဲပေးနိုင်သူဦးရေသည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ ကထက် လျော့နည်းသွား သည်ဟု နေပြည်တော်ခရိုင်ရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ယခုလ ၁၉ ရက်နေ့ က ပြောသည်။အင်န်အယ်လ်ဒီ အတွက် အနုပညာရှင်များ၏ မဲဆွယ်ရေး ခရီးစဉ် မတ် ၂၆ ရက်နေ့ စမည်
မကြာမီကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အောင်နိုင် ရေးအတွက် အနုပညာရှင်များ ပါဝင် သော မဲဆွယ်စည်းရုံးရေး ခရီးစဉ်သည် မတ်လ ၂၆ ရက်နေ့တွင် စတင်ထွက်ခွာ မည်ဖြစ်ကြောင်းသိရသည်။မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များနှင့် တွင်ကျယ်စွာ ဆက်ဆံနိုင်၊ အမြင်ချင်း၊ အတွေ့အကြုံ ချင်း ဖလှယ်နိုင်ခွင့် ပိုမိုရရှိလာစေရန် နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (Int'l Parliamentary Union:- IPU) သို့ ၀င် မည်ဟု ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ (၁၆-၃-၂၀၁၂) တွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment