နိုင်ငံတကာသတင်း

မြောက်ကိုရီးယား ဒုံးပျံအစီအစဉ် ကုလအတွင်းရေးမှူးချုပ် သတိပေး

အာကာသထဲကို ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ မြောက်ကိုရီးယားက စီစဉ်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ဒီကိစ္စကိုလည်း ရှေ့တစ်ပတ်ထဲ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြိ့က နျူကလီယား လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ကြောင်းနျူကလီယားလက်နက် တပ်ဆင်ပစ်လွှတ်နိုင်ဖို့ စမ်းသပ်ချက် တစ်ခုအဖြစ် အများက မြင်နေကြတဲ့ ဒုံးပျံပစ်လွှတ်မယ့် အစီအစဉ်ဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ကြောင်း
ဒီအစီအစဉ်ဟာ တာဝေးပစ်ဒုံးပျံ နည်းပညာတွေ အသုံးမပြုဖို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ပြောသွားကြောင်း
မြောက်ကိုရီးယားကတော့ ဧပြီလလယ်မှာ ပစ်လွှတ်ဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဆိုးလ်မြို့က လုံခြုံရေး အစည်းအဝေးပွဲ အတွင်း အချေအတင် ဖြစ်နေရတဲ့ နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တောင်ကိုရီးယားက ကြိုးစားလာမယ်ဆိုရင်တော့ စစ်ကြေညာတာလို့ သဘောထားမှာ ဖြစ်တဲ့အကြောင်း လည်း မြောက်ကိုရီးယားက ဒီတစ်ပတ် အစောပိုင်းမှာပဲ သတိပေးထားကြောင်းပြီးခဲ့တဲ့လထဲမှာတုန်းကတော့ ယူရေနီယံ သန့်စင်မှုတွေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဆိုင်းငံ့ထားဖို့ မြောက်ကိုရီးယားက သဘောတူထားတာပါ။ ဒီလိုပဲ မြောက်ကိုရီးယားမှာ အကြီးအကျယ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ အမေရိကန်ထံက ရရှိဖို့အတွက် အပြန်အလှန်အနေနဲ့ ကုလသမဂ္ဂ နျူကလီယားလက်နက် စုံစမ်းစစ်ဆေးသူတွေကို ပြန်လည် လာရောက်ခွင့်ပေးဖို့ သဘောတူထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က နှင်ထုတ်ခံထားရတဲ့ စုံစမ်းစစ်ဆေးသူတွေ ပြန်လည် သွားရောက်နိုင်ရေး မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ အကြို ဆွေးနွေးမှုတွေ ရှိနေတဲ့အကြောင်း ကြာသပတေးနေ့ကပဲ ပြောဆိုခဲ့ကြောင်း သိရသည်။

ရေအရင်းအမြစ် ပြဿနာ တည်ငြိမ်မှု ထိခိုက်မှာ အမေရိကန်စိုးရိမ်

လူ့အသိုင်းအဝိုင်းအတွက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုတွေအတွက် ရေရရှိရေးဟာ မရှိမဖြစ် အရေးကြီးတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ နောင်လာမယ့် ဆယ်စုနှစ်အတွင်း ရေကြောင့် ပေါ်ပေါက်လာမယ့် စိန်ခေါ်မှုတွေက မတည်ငြိမ်မှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ကြောင်း

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ရေအရင်းအမြစ် ရရှိရေး အခရာကျတဲ့အကြောင်း ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် “ကမ္ဘာ့ရေနေ့” အဖြစ် ဝါရှင်တန်မြို့တော်မှာ ပြောလိုက်တာပါ။ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးဟာဆိုရင်လည်း ကျန်းမာရေးကိစ္စအပေါ် သက်ရောက်မှုတွေ အကြီးအကျယ်ရှိတယ်လို့ ပြောကြောင်း
ကမ္ဘာတဝှမ်း ရေရရှိရေးဟာ စိုးရိမ်စရာ ကိစ္စတခု ဖြစ်နေရသလို ဒီအထဲက အမေရိကန်မှာဆိုရင်လည်း တိုင်းပြည် အနောက်တောင်ဘက်က ကန္တာရဒေသမှာ လိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်ရတဲ့ အခက်အခဲတွေ၊ အရှေ့ပိုင်းမှာ ဆိုရင်လည်း ရေလွှမ်းမိုးတဲ့ ပြဿနာတွေကို ဖြေရှင်းနေရတာတွေလို အခြေအနေတွေကိုလည်း အလေးထား ပြောသွားခဲ့ကြောင်းတချိန်တည်းမှာပဲ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီရဲ့ အစီရင်ခံစာထဲမှာတော့ ရေပြဿနာကြောင့် လာမယ့် ဆယ်စုနှစ်အတွင်း ဒေသတွင်း တင်းမာမှုတွေ အရေးကြီးတဲ့ ကိစ္စရပ်တွေကို အာရုံမစိုက်နိုင်တဲ့ အဖြစ်မျိုးတွေ ကြုံရနိုင်တယ်လို့ ဖော်ပြလိုက်ကြောင်းအစီရင်ခံစာကတော့ အမေရိကန် လုံခြုံရေး အကျိုးစီးပွားအတွက် လာမယ့် နှစ်ပေါင်း ၃ဝ အတွင်း ကမ္ဘာ့ရေပြဿနာက ဘယ်လို ရိုက်ခတ်နိုင်သလဲဆိုတာကို ဆန်းစစ်ဖို့ ရည်ရွယ်ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း သိရသည်။


ထိုင်ဝမ်သမ္မတဟောင်း ချန်ရွှေဗျန်းသည်ထောင်မှ လွတ်ရန်စိတ်အား ထက်သန်နေပြီးဖြစ်နိုင်ပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုမည်ဖြစ်ကြောင်း အဓိကအတိုက်အခံ ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုသည် ခြစားမှုကြောင့် အကျဉ်းကျခံရသည်ကို ၀န်ခံရာရောက်သည်ဟု သမ္မတဟောင်းက မယူဆကြောင်း  ချန်အစိုးရအဖွဲ့မှ အမျိုးသားပေါ်လစီ အကြံပေးအရာရှိဟောင်းဟွမ်ယူးစွေ က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် နှောင်းပိုင်းက Taipei Penitentiary ရှိ သမ္မတဟောင်းထံသို့ သွားရောက်တွေ့ဆုံစဉ် ချန်၏ ပြောကြားချက်ကို ကိုးကား၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား အများအပြားမှာ အပြစ်မရှိကြောင်း ဟွမ်က ပြောကြားခဲ့သည်။

ချန်၏သား ချီချွန်ကမူ သမ္မတ မာယင်ကျိုး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖခင်ဖြစ်သူ လွတ်မြောက်ရေး အယူအဆကို ပယ်ချခဲ့ပြီး နောက်တစ် ကြိမ် တရားခွင်စစ်ဆေးမှုဖြင့် လွတ်မြောက်ရေးကို လိုလားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော်လည်း နောက်တစ်ကြိမ် တရားခွင်စစ် ဆေးနိုင်ရေး မျှော်လင့်ချက်မှာ နည်းပါးကြောင်း ချန်က သိရှိနေသည်ဟု ထိုင်ဝမ်၏ တရားရေးဆိုင်ရာ မမျှတမှုနှင့် ပတ်သက်သည့် ဖိုရမ်တစ်ခုတွင် ဟွမ်က ပြောကြားခဲ့သည်။

ချန်သည် အပြစ်ရှိကြောင်း တွေ့ရသည့် ခြစားမှုတစ်ခုအတွက် ထောင်ဒဏ် ၁၉ နှစ် ကျခံနေရပြီး နောက်ထပ် အမှုအနည်းငယ်အတွက် နောက်ဆုံးပြစ်ဒဏ်ချမှတ်မှုများကို စောင့်နေရသည်။ အသက် ၆၁ နှစ်အရွယ်ရှိ ချန်သည် အသက် ၈၅ နှစ် ၀န်းကျင်ရှိသည့်တိုင် ထောင်မှ လွတ်မြောက်ရန် မလွယ်ကူပေ။ အကယ်၍ ကမ်းလှမ်းလာပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံရန် ၎င်း၏ မိတ်ဆွေအများအပြားက ချန်ကို တွန်းအားပေးနေကြောင်း ဟွမ်က ပြောကြားခဲ့သည်။
သို့သော်လည်း မာယင်ကျိုး အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရန် သို့မဟုတ် အမှုပြန်လည်စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ဟွမ်က ပြောကြားခဲ့သည်။



Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment