မြန်မာသတင်းများ မတ် ၂၄ ရက်၊ ၂၀၁၂
သမ္မတကိုယ်တိုင် မတရား မဲဆွယ်ဟု NLD ပြော
သမ္မတ ဦးသိန်းစိန်သည် ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူများကို မဲဝယ်သော ပုံစံဖြင့် ငွေနှင့် လိုအပ်ချက်များ ထောက်ပံ့ပေးပြီး မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန် လိုက်သည်။ ယမန်နေ့က NLD ၏ ထုတ်ပြန်ကြေညာချက်၌ သမ္မတဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ် အောင်ချမ်းသာကျေးရွာမှ လယ်သမားများအား ကြိုတင်ထုတ်ပေးငွေများ ထုတ်ပေးရာတွင် “ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ၊ ပြန်တောင်းဖို့ပဲရှိတော့တယ်” ဟု ပြောဆိုခဲ့ရာ လယ်သမားများက “ဟုတ်ကဲ့ သိပါတယ်” ဟု ပြန်လည် ပြောကြားခဲ့ကြောင်း 7 Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃ ကို ကိုးကားဖော်ပြထားပြီး ယင်းသို့ ပြောကြားချက်မှာ မဲဆွယ် စည်းရုံးရေးဟု အများက ယူဆကြောင်း NLD က ထောက်ပြထားကြောင်းနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃) တွင် ပါတီတခုသည် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း ဇမ္ဗူသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲ၌ ထိုစဉ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းစိန် ဝင်ရောက်အရွေးခံပြီး အောင်နိုင်ခဲ့သော မြို့နယ် ဖြစ်ကြောင်းအစိုးရက ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများကို အကန့်အသတ်ဖြင့် ဖိတ်ခေါ်လိုက်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မဲစာရင်းမမှန်ကန်မှု၊ လွဲချော်မှုနှင့် မလျော်ကန်သော မဲဆွယ်စည်းရုံးမှုများ ရှိနေခြင်းကြောင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဟု မပြောနိုင်သေးကြောင်း
“နိုင်ငံတကာ လေ့လာစောင့်ကြည့်တဲ့သူတွေကို ဖိတ်ခေါ်တာနဲ့ပတ်သက်လို့ ကြိုဆိုတယ်။ ဒါပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ လောလောဆယ် မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ မဲရုံတွေ၊ ကော်မရှင်အချို့ရဲ့ လုပ်ပုံကိုင်ပုံတွေက မမျှတဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုကြောင်း
ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်တွင် မဲစာရင်းများ စစ်ဆေးလျက် ရှိနေသော်လည်း ရွေးကောက်ပွဲနီးကပ်လာချိန်အထိ ၁၀၀ ရာခိုင်နှုန်း မစစ်ဆေးနိုင်သေးကြောင်း၊ အများဆုံး ၈၀ ရာခိုင်နှုန်းသာ စစ်ဆေးနိုင်ဖွယ်ရှိကြောင်း အထူးသဖြင့် တောင်တွင်းကြီး မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာလိုတော့သော်လည်း ယခုအချိန်အထိ ကျေးရွာအများစုတွင် မဲပေးနိုင်သူစာရင်းများ ထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ဖြစ်နေရခြင်းမှာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်များ၏ မရိုးသားသော လုပ်ရပ်ဖြစ်ကြောင်း
“အဆိုးဆုံးက တောင်တွင်းကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းမရဘူး။ မဲစာရင်း မစစ်ဆေးနိုင်တဲ့ နေရာတွေ အတော်များတယ်။ အချို့ရွာတွေက ကားလမ်းမပေါက်ဘူး။ နောက်ပြီး လုပ်တဲ့ကိုင်တဲ့သူတွေရဲ့ လုပ်ကိုင်မှုပေါ်မှာလည်း မူတည်တယ်။ အောက်ခြေယန္တရားက မလည်ဘဲ ကျပ်နေတာကြောင့်လို့ ထင်တယ်” ဟု ၄င်းက ပြောကြောင်းလတ်တလော မဲစာရင်းမမှန်ကန်မှု၊ မဲသမာမှုများနှင့် ပတ်သက်ပြီး NLD က မတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တွင် ကြေညာချက်များ အသီးသီးထုတ်ပြန်ထားကြောင်းမတ်လ ၂၁ ရက်နေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မဲဆန္ဒနယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တနေရာတည်းတွင်သာ မဲစာရင်းကြေညာ၍ ဝေးကွာသော ကျေးရွာများမှ မဲဆန္ဒရှင်များ အချိန်မီ သိရှိနိုင်ရန်ခက်ခဲခြင်း၊ မဲဆန္ဒနယ်မြေအတွင်း အမှန်တကယ်နေထိုင်ပြီး မဲဆန္ဒနယ်ပေးနိုင်သော အရည်အချင်းရှိသူ ဖြစ်သော်လည်း မဲစာရင်းတွင် မပါဝင်ခြင်း၊ ကွယ်လွန်ပြီးသူများ မဲစာရင်းတွင် ပါဝင်နေခြင်းတို့ကို ဖော်ပြထားကြောင်း
ထို့အပြင် ရေကြည်မြို့နယ်၌ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရာတွင် ကွင်းလျှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက ကျေးရွာပြည်သူများကို ဆင့်ခေါ်စာထုတ် ခေါ်ယူခဲ့ခြင်း၊ ယင်းဆင့်ခေါ်စာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ဟု မမှန်မကန် ဖော်ပြဆင့်ခ်ါခဲ့ခြင်း၊ ပုသိမ်မြို့နယ်၊ မကွေးတိုင်း တောင်းတွင်းကြီးမြို့နယ်၊ မကွေးမြို့နယ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အပါအ၀င် မြို့နယ်များတွင် မလျော်ကန်သော မဲဆွယ်စည်းရုံးမှု၊ မဲစာရင်းမသမာမှုများရှိနေခြင်းတို့ ပါဝင်ကြောင်း
မကွေးမြို့နယ် မဲဆန္ဒတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ဟောပြောပွဲအတွက် ခွင့်ပြုမိန့်တောင်းခံရာ တာဝန်ရှိသူက “မင်းတို့ကြိုက်တဲ့ သင်္ချိုင်းမှာ သွားလုပ်” ဟု ရိုင်းစိုင်းစွာ တုံ့ပြန်ကြောင်း၊ ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ဟောပြောခွင့်တောင်းရန် စီစဉ်ရာတွင်လည်း တာဝန်ရှိသူများက ဟောပြောပွဲ မကျင်းပနိုင်ရန် သောင်ပြင်ကို တူးဆွခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဇမ္ဗူသီရီမြို့နယ် အောင်ချမ်းသာ ရပ်ကွက်၌ ငွေကျပ် နှစ်သိန်းခွဲ သွင်းသူတိုင်း လျှပ်စစ်မီးရသော်လည်း NLD ဆိုင်းဘုတ် ထင်ထားသော ဦးကြည်၏ နေအိမ်တခုတည်းသာ လျှပ်စစ်မီး မရကြောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်၏ ညွှန်ကြားချက်ကြောင့် မပေးခြင်း ဖြစ်ကြောင်းသိရသည်။
ဖွဲ့စည်းပုံနှင့် မညီသည့် အစိုးရ လုပ်ရပ်များ ဦးရွှေမန်း ထောက်ပြ
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ထောက်ပြ ပြောဆိုလိုက်ကြောင်းထို့ကြောင့် အခြေခံဥပဒေနှင့် အညီလုပ်ဆောင်ရန် သောကြာနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ကာ ဦးရွှေမန်း က တိုက်တွန်းလိုက်ကြောင်း အစိုးရအဖွဲ့တခုလုံး လစာခံစားခွင့် လျှော့ယူခြင်း၊ အစိုးရ ပင်စင်စားများကို လစာ တိုးမြှင့်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း စသည့် လုပ်ဆောင်ချက်များတွင် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း မရှိခဲ့ဟု ဦးရွှေမန်း၏ သဝဏ်လွှာတွင် ပါရှိကြောင်း ယင်းအပြင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာ တိုးမြှင့်ပေးခဲ့ရာတွင်လည်း လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း မရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံနှင့် မညီဟု လွှတ်တော်အမတ်များကပြောကြောင်းထိုစဉ်အခါက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာတိုးမြှင့်ပေးအမိန့်ကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ လက်မှတ် ထိုးထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် ၁၂/၂ဝ၁၁ ဆုံးဖြတ်ချက်အရ လစာတိုးပေးရန် ဆုံးဖြတ်ခြင်းဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆/၂ဝ၁၁ ဖြင့် ထုတ်ပြန်ခဲ့ကြောင်းသူရဦးရွှေမန်း ထောက်ပြသည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင်ဖွဲ့စည်းမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာချက်အမှတ် ၃၄/၂ဝ၁၁ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး အဆိုပါအမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှ လက်မှတ်ထိုးထားကြောင်းအခြေခံဥပဒေပုဒ်မ ၂ဝ၂ အရ "နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း ဖြည့်စွက်ခြင်း ပြုနိုင်သည်" ဟု ပြဋ္ဌာန်းထားကြောင်းအစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အထက်ဖေါ်ပြပါ ကွဲလွဲချက်များကို ဧပြီလ ၂၃ ရက်နေ့တွင် ညှိနှိုင်းဖွယ်ရှိပြီးအောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်လုံး ထိုနေ့တွင် ကျင်းပနိုင်ရန် ခေါ်ယူထားကြောင်း နေပြည်တော်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက စတင်ကျင်းပနေသည့် လွှတ်တော်အရပ်အရပ် အစည်းအဝေးများကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
မော်ဒန်ဂျာနယ်အမှု နှစ်ဖက်သဘောတူ ကျေအေး
အပါတ်စဉ်ထုတ် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက်တို့အား အသေရေဖျက်မှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲဆိုသည့် အမှုအား နှစ်ဖက်ကျေအေး လိုက်ကြကြောင်း
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက မော်ဒန်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးဝေလျှံနှင့် သတင်းထောက် မသက်စုအောင် တို့အပေါ် တရားစွဲဆိုထားသည့်အမှု များအား နှစ်ဖက်ကျေအေးလိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ယက် ၈၈ တို့ ဦးဆောင်ဖွဲ့
ရွေးကောက်ပွဲ အားနည်းချက် အားသာချက်များကို လေ့လာနိုင်ရန် ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များ ပါဝင်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်အဖွဲ့ကို သောကြာနေ့တွင် ဖွဲ့စည်းလိုက် သည်ဟု ၈၈ မျိုးဆက် ကျောင်းသူ မမီးမီးက ပြောကြောင်း
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်အဖွဲ့သည် မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲဝင် ပါတီများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကို လေ့လာကာ အားနည်းချက်၊ အားသာချက်များကို စိစစ်၍ သတင်းထုတ်ပြန်သွားမည်ဟုလည်း မမီးမီး က
"ရွေးကောက်ပွဲမှာ မဲပေးတဲ့လူတွေရဲ့ အားနည်းချက်၊ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ အားနည်းချက်၊ မဲဆွယ်စည်းရုံးတဲ့ ပါတီတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကျမတို့ အသေအချာ လေ့လာပြီးတော့ သတင်းထုတ်ပြန်သွား မှာ ဖြစ်ပါတယ်။ နောင်လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ လေ့လာနိုင်အောင်လို့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု မမီးမီး က ပြောကြောင်း
ကွန်ယက်အဖွဲ့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရာဒေသများတွင် အဖွဲ့ဝင်များ ထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ အတွေ့အကြုံများအပေါ် လေ့လာသွားမည်ဟုလည်း ကွန်ယက်၏ သောကြာနေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားကြောင်း"ရွေးကောက်ပွဲတွင် လွတ်လပ်သော အရပ်ဖက် လူ့အဖွဲ့အစည်းတရပ် အနေဖြင့် ဘက်လိုက်မှု ကင်းသော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများကို မဲပေးပိုင်ခွင့်ရှိသူ ပြည်လူထု၏ သဘောထားများအား အဓိကအခြေခံကာ လုပ်ဆောင်သွားမည်"
ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့်လည်း ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်များကို ရယူဖလှယ်၍ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ကျင်းပ
တော့မည့် ရွေးကောက်ပွဲအတွင်း မဲစာရင်းမှားယွင်းနေမှုများကို ရည်ညွှန်းကာ ယခုကဲ့သို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်အဖွဲ့ ပေါ်ပေါက်လာသည်မှာ ကောင်းမွန်သည့် လက္ခဏာတရပ်ဟုပြောသည်။
"စောင့်ကြည့်ဖို့ကောင်းတယ်။ဘာဖြစ်လို့ စောင့်ကြည့်ဖို့ ကောင်းလဲဆိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က လွတ်လပ်ပြီးတရားမျှတဖို့ ပြောပေမယ့် အောက်ခြေမှာက တရားမမျှတမှုတွေ ဖြစ်နိုင်တဲ့ အလားအလာတွေတွေ့နေရတယ်။ အဲဒါကြောင့် စောင့်ကြည့်တဲ့လူ များလေ ကောင်းလေပါပဲ" ဟု ဦးသုဝေ က ပြောကြောင်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ ပြောခွင့်ရ ဦးဟန်ရွှေကလည်း "ရွေးကောက်ပွဲ အတွက်တော့ ဘယ်သူပဲဖြစ်ဖြစ်ပါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မဖြစ်၊ တရားမျှတမှုဖြစ်အောင် အားလုံး တာဝန်ယူ ဆောင်ရွက် ကြမယ်၊ လုပ်ကြမယ် ဆိုတာကတော့ ကောင်းတဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ကောင်းတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ခံပါတယ်"
ကွန်ယက်အဖွဲ့ဝင်များကိုယ်တိုင်မဲဆန္ဒနယ်များအတွင်း လေ့လာစောင့်ကြည့်သွားမည် ဖြစ်သလို ပြည်တွင်းဂျာနယ်များ၊ အွန်လိုင်း မီဒီယာများ၏ သတင်းဖေါ်ပြချက်များကိုလည်း လေ့လာကာ သတင်းထုတ်ပြန်သွားမည်ဟု ကြေညာ ချက်ထဲတွင် ဖေါ်ပြထားကြောင်းအဆိုပါ ကွန်ယက်အဖွဲ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကိုကိုကြီး၊ မမီးမီး၊ ကိုလှမျိုးနောင် တို့အပြင် Generation Wave မှ ကိုအံ့ဘွယ်ကျော်တို့လည်း ပါဝင်ကြောင်းဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စောင့်ကြည့် လေ့လာနိုင်ရန် အမေရိကန်၊ ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ သတင်းထောက်များကို မြန်မာအစိုးရမှ ဖိတ်ခေါ်ထားသည်။ ထိုသို့ ဖိတ်ခေါ်မှုအား “ကြိုဆိုရမည့် ခြေလှမ်းတရပ်” ဖြစ်ကြောင်း အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း
အာဆီယံ ပါလီမန်အမတ်များနှင့် သတင်းထောက်များကိုလည်း ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်နိုင်ရန်
မြန်မာအစိုးရက ဖိတ်ခေါ်ထားကြောင်းသို့သော် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် အာရှ လွတ်လပ်သော ရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေး ကွန်ယက် ANFREL အမှုဆောင် ဒါရိုက်တာ Somsri Hananuntasuk နှင့်အဖွဲ့ကိုမူ အာဏာပိုင်များက လက်မခံဘဲ အင်္ဂါနေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါသွားစေခဲ့ကြောင်း

ရွေးကောက်ပွဲ တရားမျှတရုံနဲ့ မြန်မာ့ပြုပြင်ရေး မပြီးဆုံးသေး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ရာက ပြန်လာအပြီးမှာပဲ မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲတွေအတွင်း လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးပေမယ့် ဒါတစ်ခုတည်းနဲ့ ပြုပြင်ပြောင်းလဲရေး ပြီးပြည့်စုံပြီလို့ မဆိုနိုင်ကြောင်း ကြာသာပတေးနေ့မနက်က အမေရိကန်နိုင်ငံခြားရေးရုံးမှာ သီးသန့်တွေ့ဆုံမေးမြန်းတဲ့အခါ သံအမတ်ကြီးမစ်ချဲလ်က ရွေးကောက်ပွဲလုပ်တဲ့နည်း တစ်ခုတည်းမှာ လွတ်လပ်ပြီးတရားမျှတရုံနဲ့ မပြီးဘဲ ရွေးကောက်ပွဲတွေမတိုင်ခင် မဲဆွယ်စဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ လွှတ်တော် ကျင်းပချိန်တွေမှာပါ နိုင့်ထက်စီးနင်း ပြုလုပ်မှုတွေ၊ မကောင်းကြံစည်မှုတွေ ကင်းရှင်းဖို့ အရေးကြီးတယ်လို့ ဆိုလိုက်ကြောင်းဒါ့အပြင် ဝါရှင်တန်မြို့တော်မှာ ကြာသာပတေးနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ၊ သြစတြေးလျသံရုံးမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ အသွင်ကူးပြောင်းရေးကာလ ချိန်ခွင်လျှာ-ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ သံအမတ်ကြီး မစ်ချဲကပဲ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေ ပြီးပြည့်စုံနိုင်ဖို့ အမေရိကန်အနေနဲ့ လက်တွဲဖော် မိတ်ဆွေအဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အရေးကြီးတယ်လို့ ထောက်ပြလိုက်ကြောင်းမစ္စတာမစ်ချဲလ်က ဆက်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကြား သေနင်္ဂဗျူဟာအရ အရေးပါလာတဲ့ မြန်မာနိုင်ငံမှာ အခု စတင် ပြောင်းလဲလာမှုတွေဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေထဲက အကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်နေတယ်လို့လည်း ချီးကျူးလိုက်ကြောင်း ဒီပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်သွားနိုင်ဖို့ အလားအလာ နည်းနေတယ်လို့လည်း ဆိုလိုက်ပါတယ်။ ဒါ့အပြင် မစ္စတာ မစ်ချဲလ်ကပဲ အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ကြီးစိုးတဲ့ အုပ်ချုပ်မှုကနေ ဒီမိုကရေစီကို အသွင်ကူး ပြောင်းခဲ့တာနဲ့ ဆင်တူတဲ့မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်အနေနဲ့ အရင်က သူ့အုပ်ချုပ်ရေးကို သူ့ကိုယ်သူ အထင်ကြီးဂုဏ်ယူခဲ့ပေမယ့် အခုတော့ မှားခဲ့တာတွေကို နားလည်ဝန်ခံမှု ရှိလာပြီး ဒါတွေကို ပြောင်းသွားဖို့ လုပ်နေတာဟာ ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်တယ်လို့ ထောက်ပြလိုက်ကြောင်း သိရသည်။
မြန်မာအပေါ် သတိရှိရှိနဲ့ စနစ်တကျကူညီဖို့လို
မြန်မာနိုင်ငံက အခြေအနေတွေဟာ ရှေ့လျောက် တိုးတက်လာမယ်ဆိုရင်၊ အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူထားတာတွေကို လျော့ချသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ်မစ်ချယ်လ်က မနေ့က ပြောလိုက်ကြောင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အကူအညီတွေ ဘယ်လိုထိရောက်အောင် ပေးမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊ သြစတြေးလျသံရုံးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မစ္စတာမစ်ချယ်လ်က-" မြန်မာအပေါ် ပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက အပြောင်းအလဲတွေ လုပ်ဖို့ရှိတယ် ဆိုတာကလည်း၊ သမ္မတရဲ့ဗီတိုအာဏာနဲ့ လျော့ချခွင့် ရှိတယ်ဆိုတဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းက ပြောတာပါ။ မြန်မာနိုင်ငံကို ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ် ခြောက်ကြိမ်ရှိပါပြီ။ ဒီခရီးစဉ် အားလုံးနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်မှာ တင်ပြ အစီရင်ခံထားပါတယ်။ မြန်မာ့အရေးကိစ္စမှာ အထူးကိုယ်စားလှယ် တစ်ဦးအနေနဲ့ အမေရိကန်အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးနဲ့ အဆင့်လိုက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေပါတယ်"လို့ ပြောဆိုခဲ့ကြောင်း
ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ကိစ္စမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စတစ်ခုတည်းအပေါ်မှာပဲ အခြေခံမှာမဟုတ်ဘူးလို့ မစ္စတာမစ်ချယ်လ်က ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကိုပံ့ပိုးမယ့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ သတိရှိရှိနဲ့ နည်းဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ဒီဆွေးနွေးပွဲမှာ မစ္စတာ မစ်ချယ်လ်နဲ့အတူ တင်ပြတဲ့ ပရောဂျက် 2049 Institution က သုတေသန ပညာရှင် Kelley Currie ကလည်း၊ မြန်မာပြည်မှာ လက်ရှိ နိုင်ငံတကာအလှူရှင်အဖွဲ့တွေ အချင်းချင်း၊ မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်နေတယ်လို့ ထောက်ပြသွားကြောင်း
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံတကာ အလှူရှင်အသိုင်းအ၀ိုင်းရဲ့ ဆောင်ရွက်ချက် မှတ်တမ်းတွေဟာ ကောင်းမွန်တယ် ဆိုတာမျိုး မတွေ့ရပကြောင်းဒါကြောင့် ကမ္ဘောဒီးယားမှာ နိုင်ငံတကာ NGO အဖွဲ့တွေ လုပ်စားတဲ့ အခြေအနေမျိုး၊ မြန်မာနိုင်ငံမှာ ဖြစ်လာမှာကို စိုးရိမ်နေတဲ့ အသံတွေကို ကြားကြကြောင်းတိုင်းပြည်ဟာ အရင်ကထက်စာရင် ပွင့်လင်းလာတယ် ဆိုပေမယ့် အောက်ခြေအဆင့်တွေမှာ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်လို့လည်း Kelley Currie ဆိုပါတယ်။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ ပြုပြင်ပြောင်းလဲမှုနဲ့အတူ လူထုအခြေပြု အဖွဲ့အစည်းတွေကို စနစ်တကျ အကူအညီပေးဖို့ အကြံပြု တိုက်တွန်းသွားကြောင်း သိရသည်။
ရွေးကောက်ပွဲ စောင့်ကြည့်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
မြန်မာအစိုးရ ရိုးသားသင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပြောဆို
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပွင့်လင်းမှုဟာ ခြွင်းချက်မရှိတဲ့ ပွင့်လင်းမှုမျိုး ဖြစ်သင့်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ANFREL ခေါ် ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့၊အကြီးအကဲ Somsri Hananuntasuk က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Somsri နဲ့ အဖွဲ့ဝင်နှစ်ဦးတို့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြရာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက Somsri ကို မြန်မာအာဏာပိုင်တွေက တိုင်းပြည်က နှင်ထုတ်ခဲ့ပြီး၊ သူ့လက်ထောက်နှစ်ဦးကို ဗုဒ္ဒဟူးနေ့မှာ နှင်ထုတ်ခဲ့ပါတယ်။ဝါရင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ အမျိုးသမီး Somsri နဲ့ အဖွဲ့ဟာ မတ်လ (၁၅) ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ဧပြီ (၁) ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြင်ပက လွတ်လပ်တဲ့ လေ့လာသူတွေကို မြန်မာအစိုးရက လာရောက် ကြည့်ရှုခွင့်ပြုမယ့် ကိစ္စအပေါ် လာရောက်စုံစမ်းတာ ဖြစ်ပါတယ်။ရန်ကုန်မြို့ ရွေးကောက်ပွဲကော်မရှင်က တဆင့် နေပြည်တော်ကို တရားဝင် စုံစမ်းမေးမြန်းခဲ့ပေမယ့် တစုံတရာ ပြန်ကြားချက် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ဆုံး သူတို့ရဲ့ ပြည်ဝင်ခွင့်ဗီဇာ မှားယွင်းနေတယ်လို့ ပြောဆိုပြီး နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို နှင်ထုတ်ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အီးယူ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ကုလသမဂ္ဂတို့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ နှစ်ဦးစီနဲ့ သတင်းထောက် သုံးဦးစီကိုသာ လက်ခံမယ်လို့ နေပြည်တော်က ကြေညာခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေကလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်နိုင်တယ်လို့ ဆိုပါတယ်။ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Somsri က မြန်မာအစိုးရဟာ ပွင့်လင်းမြင်သာမှု ရှိမယ်၊ ရိုးသားမယ်ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှုခွင့် ပြုသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဘန်ကီမွန်း မြန်မာ သွားရောက်ဖွယ်ရှိ
သြစတြေးလျ ကလည်း ရွေးကောက်ပွဲလေ့လာရေး လာမည်
ကြားဖြတ်ရွေးကောက်ပွဲ လေ့လာရေးအတွက် သြစတြေးလျ နိုင်ငံက ကိုယ်စားလှယ် ၅ ဦး မြန်မာနိုင်ငံသို့ လွှတ်မည်ဟု သြစတြေး လျ နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်သည်။ ယင်းကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းစဉ်ကို အမေရိကန် အပါအ၀င် တခြားနိုင်ငံက ကိုယ်စားလှယ်များနှင့် ပူးတွဲဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟုလည်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး Bob Carr ကပြောဆို ကြောင်း ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေကို မြန်မာအစိုးရက ဖိတ်ကြားလိုက်တာဟာ ပြုပြင်ပြောင်းလဲရေးတွေရဲ့ အပြုသဘောဆောင်တဲ့ နောက်ထပ် ခြေလှမ်းတခုဖြစ်တယ်ဆိုပြီး သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုပကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ခုံရုံးဆုံးဖြတ်ချက် ရေနံလုပ်ကွက်များ မထိခိုက်ဟု အစိုးရ ပြော
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ရေပိုင်နက်အပေါ် ခုံရုံး၏ ဆုံးဖြတ်ချက်အရ ရေနံရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မည့် ရေပြင်ဧရိယာ မြန်မာနိုင်ငံ ပိုမိုရရှိကြောင်း အစိုးရက ပြောဆိုလိုက်သည်။ရေပိုင်နက် အငြင်းပွားမှု ကိစ္စတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ရေကြောင်းဥပဒေဆိုင်ရာ ခုံရုံး (International Tribunal for Law of the Sea – ITLOS) ၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှ ရှာဖွေနေသည့် ရေနံလုပ်ကွက်များနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ ထိခိုက်မှု မရှိကြောင်း ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်းက ရှင်းလင်းတင်ပြသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးများ အခိုးခံရ
မြန်မာ အာဏာပိုင်များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးအတွက် ကာရံထားသည့် နယ်စပ် ခြံစည်းရိုး ဘတ်ဝါယာ (သံဆူးကြိုး) များမှာ မသမာသူများ၏ ဖြတ်တောက် ခိုးယူခံရပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှောင်ခိုဈေးကွက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ နယ်စပ်လုံခြုံရေးအတွက် ကာရံနေသည့် ယင်းခြံစည်းရိုးမှာ ပြီးလုနီပါးဖြစ်နေကြောင်း၊ အိန္ဒိယနယ်စပ် တြိဂံ နယ်မြေအထိ ကာရံမည်ဖြစ်ကြောင်းနှင့် ကီလိုမီတာ ၃၀၀ ၀န်းကျင်အထိ အရှည်ရှိမည်ဖြစ်ကြောင်း နစက နှင့် နီးစပ်သူများက ပြောကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည် ရေပြင်နှင့် မြေပြင်ပိုင်နက်များတွင် အခါအားလျော်စွာ ငါး၊ သစ်၊ ၀ါး၊ အုပ်ချပ် နှင့် တခြားသယံဇာတများကို မကြာခဏ ခိုးယူမှုများ ပြုလုပ်နေကြောင်း နစက များအနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို လာဘ်ငွေယူ၍ ရခိုင်ပြည်နယ်အတွင်း ၀င်ခွင့်ပေးခြင်းများလည်းရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ယခု ကာရံနေသည့် ခြံစည်းရိုးသည် တချို့နေရာများတွင် ၎င်းတို့ဘက်သို့ ပိုက်နက်ကျူးကျော်ကာရံနေခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဆိုကြောင်းဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်က စတင်၍ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထိုအငြင်းပွားမှုကို၂၀၀၉ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာတရားရုံး International Tribunal for Law of the Sea (ITLOS)မှ ဖြေရှင်းပေးရန်တင်ပြခဲ့ရာ ပြီးခဲ့သည့် မတ်လ ၁၄ ရက်က တရားရုံး ဆုံးဖြတ်ချက် ချခဲ့ကြောင်းITLOS တရားရုံး ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရေမိုင် ၂၀၀ ရရှိသွားပြီး စီးပွားရေးဇုန် အဖြစ် သတ်မှတ်ပိုင်ခွင့် လည်း ရရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ လစ်လပ်မဲ ဆန္ဒနယ် သုံးနေရာဖြစ်သော ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်တို့တွင် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံရေး အခြေအနေအရ ရက်ရွှေ့ပြောင်း လိုက်သည်ဟု သတင်းရရှိသည်။ မည်သည့်ရက်တွင် ပြန်လည်ကျင်းပမည်ဆိုသည်ကိုမူ မသိရှိရသေးပါ။
ဧပြီလ ၁ ရက်နေ့၌ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာ ယခုကဲ့သို့ ရွှေ့ ဆိုင်းလိုက်သောကြောင့် ၄၅ နေရာ တွင်သာ ကျင်းပတော့မည်ဖြစ်သည်။

မိုကောင်းမဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း
၁။ ဦးမိုးမြင့်မြတ် (NDF)
၂။ ဒေါ်ခင်ကြည် (NLD)
၃။ ဦးစိုင်းသန်းတင့်အောင် (SNDP)
၎။ ဦးထွန်းထွန်းအောင် (USDP)
၅။ ဒေါက်တာတူးဂျာ (တစ်သီးပုဂ္ဂလ)
ဗန်းမော်မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း
၁။ ဦးဘမြင့် (NLD)
၂။ ဦးတင်ဌေး (တစည)
၃။ ဦးမြင့်စိုး (USDP)
ဖားကန့်မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း
၁။ ဒေါ်ဘောက်ဂျာ (NDF)
၂။ ဦးစိုင်းသိန်းထွန်း (USDP)
၃။ ဦးဒါရှီလဆိုင်း (NLD)
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment