မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ  မတ် ၀၈ ရက်၊ ၂၀၁၂
အထူးသတင်း.............
ယမန်နေ့ ညနေ 33း0 ၀န်းကျင်ခန့်တွင် တောင်ငူမြို့ ဒေါ်အောင်ဆန်းဆုကြည်ဟောပြောပွဲတွင်
စင်အောာက် လူထုကြားတွင် ဂျင်ကလိ လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား-----အမျိုးသားတစ်ဦး ရင်ဝတွင်ဒဏ်ရာရရှိခဲ့၊ ထိုကိစ္စအတွက် ကိုအဖွဲ့ချုပ်မှ ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည်
ယနေ့ည 7း15 အချိန်ခန့်တွင် ရန်ကုန်နေပြည်တော်လမ်း 86 မိုင်တိုင် အရောက်တွင် ဒေါ်အောင်ဆန်းဆုကြည် လုံခြုံရေး ယာဉ်တန်းအား လမ်းဘေး မမြင်ကွယ်ရာမှ လောက်စလုံး(အမာ) ဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ကားနှင့်တစ်စီးခြားတွင် အဆိုတော်လင်းလင်းနှင့် လူငယ် ၆ ယောက် လိုက်ပါလာခဲ့သော အစ်ဆူဇူး ဒယ်ဘယ်ကက် ကား လုံခြုံရေးကား မှန်ကွဲပြီး လုံခြုံရေးကားပေါ်ပါ လူငယ်များ ဖူးယောင်ဒဏ်ရာရရှိ။ ကားရှေ့မီးကြီးအား ရည်ရွယ်ပစ်ခတ်ဟူခန့်မှန်းရ.....။ ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု သိရပါသည် ။
ကျာင်းသားတပ်မတော် (ABSDF) ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ထွက်ခွာ
မတ်လ ၇ ရက်၊ ၂၀၁၂ ခုနှစ်
ဦးအောင်သောင်း ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မကြာမီ တွေ့ဆုံ ဆွေးနွေးနိုင်ရန်အတွက် အစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့မှ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။
ABSDF အဖွဲ့၏ အတွင်းရေးမှူး (၁) ကိုမြင့်ဦး ဦးဆောင်သည့် ၆ ဦးပါ ရှေ့ပြေးအဖွဲ့ကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်သည့် စောထယ်နဆင်က မော်တော်ယာဉ် ၂ စီးဖြင့် လာရောက်ကြိုဆိုခြင်းဖြစ်ပြီး ဘားအံမြို့တွင် ၂ ရက် ရပ်နားပြီးနောက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဟု စောထယ်နဆင်က သတင်းထောက်များကို ပြောသည်။
ပုဂ္ဂိုလ်ရေးပေါ် မူတည်တဲ့ နိုင်ငံရေး စနစ်မှ သည် ...
ကျွန်တော့် ဆီမှာ လာ "တတ် (Tag)" ထားတဲ့ "ဒီလိုခေါင်းဆောင်နဲ့ ဘုရားတောင် မခွဲခြားတတ်တဲ့ လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်မဟုတ်တဲ့ အရပ်သားအာဏာရှင် ပေါ်လာမှာကိုလည်း ကျွန်တော်မလိုလားပါဘူး ကျွန်တော့်သူငယ်ချင်းရဲ့ ဘုရားစင်မှာ ဗုဒ္ဒဘုရားပုံနဲ့ ဒေါ်စုပုံက ယှဉ်တွဲလျက် ဗုဒ္ဒဘာသာမှာ တခြားမိန်းမတွေကိုသာ ခွဲခြားတာ ဒေါ်စုတော့ ချွင်းချက် အားလုံးက အမေအမေနဲ့ ကိုယ့်အမေရင်းကိုတော့ နေ့စဉ်စော်ကားလျက် ဒေါ်စုကတော့ ............. အာဏာရှင် ဖြစ်လာတော့မှာပဲ" ဆိုတဲ့ ပြောဆိုချက်နဲ့ ပြန်လှန် ဆွေးနွေးနေကြတာတွေကို ကျွန်တော် သတိထားမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လွန်ကဲနေတာကို သတိပေးလိုပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ တောင်းဆိုမှုကြောင့် အာဏာရှင် လက်သစ် ဖြစ်လာနိုင်တယ် ဆိုတာကို စိုးရိမ်မှုလို့ ကျွန်တော် မြင်ပါတယ်။ ဒါကို ပြန်လှန် ဆွေးနွေးနေကြရာမှာတော့ သဘောထား အမြင် မတူသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူတွေက ဆွေးနွေးနေကြတာကိုလည်း တွေ့ရပါတယ်။ 
ဒါ့အပြင် အခြားနေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်က NLD တစ်ခုလုံး ကိုယ်စား တစ်ယောက်တည်း လိုက်ပြီး စည်းရုံနေရတာရယ်၊ အခြား လူတွေက ဒေါ်အောင်ဆန်းစုကြည်လိုမျိုး လုပ်နိုင်ရေ မရှိတာတွေရယ် မူတည်ပြီး၊ အားမလို အားမရ ဖြစ်တာတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်သာ မရှိတော့ရင် ဘယ်လို လုပ်မလဲဆိုတဲ့ စိုးရိမ်မှုတွေရယ်ကိုပါ တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆွေးနွေးလိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်နဲ့ လက်ရှိ ရောက်နေတဲ့ နေရာကို ပြောလိုပါတယ်။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ကြားဖြတ် ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး လူထုစည်းရုံးရေးကို လုပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD စည်းရုံရေး တစ်ခုတည်း လုပ်နေတယ်လို့ မမြင်ပါဘူး။ ဒီလို လုပ်နေတာတွေ ပြီးသွားရင် (တနည်း) ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလို လူထုကြားထဲ သူကိုယ်တိုင် စည်းရုံးရေးကို လုပ်တော့မှာ မဟုတ်ပါဘူး။ အခု အချိန်က လိုအပ်လို့ လုပ်နေရတယ်လို့ မြင်ပါတယ်။ ဆိုလိုတာက အခု စည်းရုံးရေးတွေဟာ ပါတီ စည်းရုံးရေးထက် ပိုတဲ့ လူထု စည်းရုံရေး ခရီးစဉ်တွေပါ။ လူထုတွေ နိုင်ငံရေးထဲ ပါဝင်လာအောင် အခုလို လုပ်နိုင်သူဟာ လောလောဆယ်မှာ သူနဲ့ ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်တို့လို လူမျိုးပဲ ရှိပြီး ကိုမင်းကိုနိုင်ရဲ့ စည်းရုံရေး စွမ်းအင်ဟာ သူရဲ့ တဝက်လောက်ပဲ ရှိနိုင်ပါတယ်။ (ခန့်မှန်းကြည့်တာပါ။ မသေချာပါဘူး။ သို့သော် သူ့ထက် နည်းတာတော့ သေချာပါတယ်။)
နောက်ပြီး ကိုမင်းကိုနိုင်က သူ့လို တရားဝင် ကြီးကြီးကျယ်ကျယ် လိုက်ပြီး ပြောဆိုလို့ မရနိုင်သေးပါဘူး။ ဆိုလိုတာက ကိုမင်းကိုနိုင်ကို ဦးသိန်းစိန် အစိုးရက ဖမ်းလို့ ရနိုင်စရာ ဖြစ်သွားနိုင်ပါတယ်။ အခုလို လူသိန်းချီတဲ့ ပွဲဖြစ်လာမယ်ဆိုရင် ဥပဒေအရ အကြောင်းပြပြီး ဖမ်းလို့ ရနိုင်စရာ ရှိလာနိုင်ပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တချက်ခုတ်၊ ၂ ချက်ပြတ်တဲ့ နည်းနဲ့ နိုင်ငံလှည့်ပြီး စည်းရုံနေရတာ ဖြစ်တာကြောင့် NLD က အခြား အမတ်တွေလောင်းတွေက သူ့လို မလုပ်နိုင်ကြပါဘူး။ မဖြူဖြူသင်းဟာ မင်္ဂလာတောင်ညွန့်မှာ စည်းရုံးရေ ဟောပြောပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်လောက် သဲသဲလှုပ် မအောင်မြင်ပါဘူး။ စည်းရုံးရေး ဟောပြောတာ အောင်မြင်အောင် လုပ်ဖို့ အများကြီး လုပ်ရပါတယ်။ ဟောပြောမယ့် လူဟာ ပြဇာတ်ကသလို အကြိမ်ကြိမ် လေ့ကျင့်ရပါတယ်။ မှန်ရှေ့မှာ ကြည့်ပြီး လေ့ကျင့်ဖို့ လိုရင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ လေ့ကျင့်ယူလို့ ရတဲ့ အရည်အချင်းတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒေါက်တာ ဘမော် စကားပြောဟန်ကို အတုယူပြီး မှန်ရှေ့မှာ ခဏ ခဏ လေ့ကျင့်တာကြောင့် သခင်စိုးတို့က အမြင်ကတ်ပြီး "ဘမော်" အသေးစားလေးလို့ နောက်ပြောင်ခဲ့ဖူးပါတယ်။ စကားပြောဟန်၊ စကားလုံး ရွေးချယ်မှု၊ နိုင်ငံရေး လေ့လာမှု ကိုယ်ခံအား၊ နိုင်ငံရေး အမြင်၊ အဝတ်အစား၊ နောက်က အထောက်အပံ့၊ .. စတာတွေ သေချာ လုပ်နိုင်မှ အောင်မြင်တဲ့ စည်းရုံရေး ဖြစ်နိုင်ပါတယ်။ ဒါကို ကျောင်းမှာ ဘာသာရပ် တစ်ခုကို သင်ယူသလိုကို ပြုပြင်ရမယ့် အထိ လိုအပ်တယ်ဆိုရင် လုပ်ရမှာ ဖြစ်ပါတယ်။ အခုတော့ NLD က အခြား အမတ်လောင်းတွေဟာ အဲဒီလို ပြင်ဆင်မှု မတွေ့ရသေးပါဘူး။
ဒီတော့က လူထုက ထောက်ခံပြီးသား ဒေါ်အောင်ဆန်းစုကြည်ကပဲ တာဝန်ယူပြီး လူထုစည်းရုံးရေး လုပ်ရပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်တဲ့ အဝတ်အစားတွေက အစ သတိထားပြီးကြည့်ပါ။ သေချာ စဉ်းစားပြီး နောက်ကနေ ပြင်ဆင်ပေးနေသူ ရှိတယ် ဆိုတာ သေချာပါတယ်။ စကားလုံးတွေ၊ နိုင်ငံရေး အမြင်တွေကတော့ နဂိုကတည်းက လေ့ကျင့်ပြီးသားလို ဖြစ်နေပါတယ်။ နိုင်ငံရေး သြဇာကလည်း ရှိပြီး၊ မျိုးရိုးကလည်း ပြည့်စုံပါတယ်။ ဒီတော့ ပြည်သူလူထုက သဲသဲလှုပ် ဖြစ်လာရတော့တာပါပဲ။ ဒါဟာ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု (personalization) ဘက်အထိကို ရောက်လာသလို ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လမ်းစဉ်ကတော့ တော်လှန်ရေး လမ်းစဉ် (Revolution) ထက် နိုင်ငံရေး ဖြစ်ပေါ် တိုးတတ်မှု (Political evolution) ပုံစံကို သွားနေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒုတိယ လမ်းစဉ်အရ အာဏာရ အစိုးရဆိုလျှင် မူဝါဒ ချမှတ်ပြီး ပြုပြင်လို့ ရနိုင်စရာ ရှိပေမယ့် .. အာဏာ မရှိတဲ့ ပါတီအတွက် လူထု ထောက်ခံအားကို ရယူပြီးမှ နောက်တဆင့်ကို သွားရတာ ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကို ရွေးတာကြောင့် လူထု အင်အားကို အခုလို စုစည်းနေတာ ဖြစ်ပါတယ်။ လက်တလောမှ သူ့နေရာကို အစားထိုးပြီး အခြားသူကို ဒီအလုပ်တွေ လွှဲပေးလို့ ရနိုင်စရာလည်း မမြင်သေးပါဘူး။ ဒါကြောင့် အခုလို ခရီးထွက် စည်းရုံးနေတာကို ကြားဖြတ် ရွေးကောက်ပွဲကာလအထိ လုပ်နေရတာ ဖြစ်ပါတယ်။ ပြီးသွားရင် လုပ်မှာ မဟုတ်တော့ပါဘူး။
အဲဒီအခါ NLD ရဲ့ မူဝါဒ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ဟာ ပုဂ္ဂိုလ်ရေးအစွဲကို ဖယ်ခွာရေး (de-personalization) လုပ်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအစွဲကို ဖယ်ခွာရေး (de-personalization) ကို မလုပ်လို့ကို မရပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန် ဖြစ်သလို၊ NLD တဖွဲ့လုံးရဲ့ တာဝန် ဖြစ်ပါတယ်။ အဲဒီလို မလုပ်ရင်တော့ အထက်ပြောခဲ့တဲ့ စိုးရိမ်မှုတွေလို "အာဏာရှင်" ဖြစ်လာမယ်ဆိုတဲ့ အမြင်တွေ ပိုများလာနိုင်သလို .. မော်စီတုန်း၊ ကင်ဂျုံအိတို့ကို လူတွေက ကိုးကွယ်သလို ဖြစ်လာမှာကိုလည်း စိုးရိမ်ရပါတယ်။ (ဒီနေရာမှာ brain-wash လုပ်ထားတယ် ပြောပြော .. သူ့နိုင်ငံက လူတွေက အဲဒီ လူတွေကို ဘုရားလောက် နီးနီးကို ကိုးကွယ်ကြတာကို နှိုင်းယှဉ်တာ ဖြစ်ပါတယ်။ အာဏာရှင်ပုံစံကို နှိုင်းယှဉ်တာ မဟုတ်ပါဘူး။) ဒါကြောင့် NLD မှာ ပုဂ္ဂိုလ်ရေး အစွဲကို ဖယ်ခွာရေး (de-personalization) လုပ်ဖို့ တာဝန် ရှိပါတယ်။
ဒီလိုလုပ်ဖို့ NLD ဟာ ပါတီ ဖွဲ့စည်းပုံ၊ ပါတီတွင်း အဖွဲ့ဝင်တွေကို စနစ်တကျ အလုပ် လုပ်ကိုင်စေရေး၊ အဖွဲ့ဝင်တွေကို လေ့ကျင့်ပျိုးထောင်ရေး၊ ပါတီရဲ့ အထက်အောင့် အဆင့်ဆင့် စနစ်တကျ ဖြစ်ရေး၊ မျှတတဲ့ ပါတီတွင်း ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး .. စတဲ့ စနစ်ကျတဲ့ ပါတီ (institutionalization) တွေကို လုပ်သွားရမှာ ဖြစ်ပါတယ်။ လူထုကိုလည်း ပါတီနဲ့ ဘယ်လို ထိတွေ့နိုင်မလဲဆိုတဲ့ ပါတီဆက်သွယ်ရေးစနစ်၊ ပါတီရဲ့ သတင်းထုတ်ပြန်ချက်၊ ပါတီမူဝါဒ .. စတာတွေကို ပွင့်ပွင့်လင်းလင်း တိတိကျကျ ဖြစ်အောင် ပြထားဖို့ လိုပါတယ်။ ပါတီတွင်း ပါတီခေါင်းဆောင်နဲ့ အရေးကြီးတဲ့ နေရာတွေကို ရွေးကောက်တဲ့အခါ ပြည်သူတွေက ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ ငွေစာရင်း ကို ထင်သာမြင်သာ ရှိဖို့ကတော့ ပြောစရာတောင် လိုမယ် မထင်ပါဘူး။
အဲဒီလို NLD ပါတီကို စနစ်တကျ အဖွဲ့အစည်း ဖြစ်အောင် လုပ်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက ချစ်ခင်မှုနဲ့ နိုင်ငံတကာက လေးစားမှုကိုတော့ လျော့ကျအောင် လုပ်လို့ မရပါဘူး။) ပုဂ္ဂိုလ်ရေးပေါ် မူတည်တဲ့ နိုင်ငံရေး စနစ်ကနေ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်သစ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ စနစ်ကျတဲ့ ပါတီ အဖြစ် ပြောင်းလဲဖို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ NLD တဖွဲ့လုံးမှာ တာဝန်ရှိနေပါသေးကြောင်း .. ။
လေးစားစွာဖြင့်  ကိုထိုက်
တရားမျှတသော ရွေးကောက်ပွဲ လို့ သင်ယူဆပါသလား
အခုတလော ကြားနေရတဲ့ သတင်းတွေကတော့ မကောင်းဘူး။ ဖျာပုံမှာ တစ်မျိုး၊ မြောင်းမြက တစ်မျိုး၊ ဗန်းမော်က တစ်မျိုး၊ မင်္ဂလာတောင်ညွန့်က တစ်မျိုး အမျိုးမျိုးကို ကြားနေရတယ်ဗျာ။ တစ်ခုကတော့ ဒီလို ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်ရဲ့ အရေးကြီးသော အခန်းဂဏ္ဍ တစ်ရပ်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော စာရင်းတွင် မိမိတို့ အမည်ပါမပါ ကြည့်ရှု့ရန်၊ မပါရှိပါက ပုံစံဖြည့်သွင်းရမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အော်လံဖြင့် လိုက်အော်နေသည်။ ထို့ပြင် မြေဖြူဖြင့် ရေးထားသော ဆိုင်းဘုတ် ထောင်ထားသည်။ ဆိုင်းဘုတ် တွင် မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့ဟုရေးထားပြီး အော်လံဖြင့် လိုက်အောင်ရာတွင် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ ညနေ ၅ နာရီကျော်ပါက တာဝန်ယူမည်မဟုတ် ဟု အော်သွားသည်ကိုတွေ့ရသည်။ ရေးထားသော ဆိုင်းဘုတ်တွင် ၁ ရက်နေ့ ဟုရေးထားပြီး အော်သော အခါ ဘာလို့ မတ်လ ၃ ရက်နေ့ ဖြစ်နေရသနည်း။
တိုင်းပြည်တစ်ခု၏ ရွေးကောက်ပွဲ ပြလုပ်သော အချိန်ကို ဤကဲ့သို့  မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့ ဟုထားလိုက်ပါ။ တစ်ပတ်သာ အချိန်အတိုင်းအတာ တစ်ခုဖြစ်သည်။ သို့သော် အော်လံဖြင့် လိုက်လံ အော်ရာတွင် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ ဆိုလျှင် ၅ ရက်သာ အချိန်ရသည်။ မတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့သည် စနေ၊တနင်္ဂနွေ ဖြစ်နေသည်။ တကယ်တမ်းဆိုလျှင် ၃ ရက်သာ အချိန်ရသည်။
တိုင်းပြည်၏ အရေးကြီးသော အစိတ်အပိုင်းကို ဘာဖြစ်လို့များ နိုင်ငံပိုင် သတင်းစာများဖြစ်သော မြန်မာအလင်း၊ ကြေးမုံတို့တွင် မဖော်ပြသနည်း။ထို့နောက် နိုင်ငံပိုင် ရုပ်သံလိုင်းများ ဖြစ်သော မြဝတီ၊ မြန်မာအသံတို့တွင် မကြေညာသနည်း။ ဒါ စဉ်းစားစရာ အချက်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော နိုင်ငံများတွင် ရွေးကောက်ပွဲ ပြုလုပ်လျှင် မိမိတို့နေထိုက်ရာ အိမ်များကို စာပို့အကြောင်းကြားသည်။ နိုင်ငံတွင်း သတင်းစာများတွင် ထည့်သွင်းဖော်ပြသည်။ နိုင်ငံပိုင် ရုပ်သံလိုင်းများ၊ ပုဂ္ဂလိက ရုပ်သံလိုင်းများတွင် ကြေညာချက် များထည့်သွင်းဖော်ပြသည်။ နိုင်ငံတွင်းနေထိုင်သော နိုင်ငံသားအားလုံး မသိရ မရှိလေအောင် ကြေညာချက်များ ထုတ်ပြန်သည်။
သို့သော်မြန်မာနိုင်ငံတွင်ကား ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေပြီဟု ပြောနေသော်လည်း ယခု လက်ရှိအချိန်ထိ စစ်အာဏာရှင် စနစ်မကုန်သေးသည်မှာ အထင်းသားပင် ဖြစ်သည်။ မည်သို့ပင် ယူနီဖောင်းချွတ်၍ အရပ်သားဝတ်စုံ ဝတ်ပြီးနေသော်လည်း လက်ရှိအမြင်မှာ အာဏာရှင် စနစ်အောက်တွင်သာ ရှိသေးသည်။
ရပ်ကွပ်ရုံးများတွင် ကြံဖွံမှာ လူများကြီးစိုးနေသည်မှာ သိသူများ ရှိသလို မသိသူများ လဲ ရှိနိုင်ပါသည်။ သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွပ်ရုံးများတွင် ဥက္ကဌများသည် ကြံဖွံမှ လူများ ဖြစ်နေသည်။ ရွေးကောက်ပွဲ ကော်မရှင် သည် ဘက်လိုက်လုပ်ဆောင်၍ မရသော အဖွဲ့အစည်း ဖြစ်သည်။ သို့သော် ယခုတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌများ ကိုယ်တိုင်က မမှန်မကန်လုပ်ဆောင်နေပေတော့သည်။
ကျနော်ရေးသော စာအား ကျနော်တာဝန်ယူသည်။ သို့သော် ဆဲဆိုခြင်းကိုတော့ လက်မခံပါ။ အချက်ကျကျ ပြန်လည်ဖြေရှင်းနိုင်သည်။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသည် တရာမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု သင် ထင်မြင်ပါသလား?
နယူယောက်မြို့ က ဗမာတရုတ်တွေက မြန်မာနိုင်ငံကို စီးပွားရေး ဆန်ရှင်ကို ရုပ်သိမ်းဘို့ တောင်းဆိုတာကို ကန့်  ကွက်။
နယူးယောက်မြန်မာသံရုံးနှင့်နယူးယောက်တရုတ်မြန်မာအသင်းတို့၏အမေရိကန်ဆန်ရှင်ရုတ်သိမ်းရေးလှုပ်ရှားမှု
မိမိတို့အမေရိကန်ရှိမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများမှလည်းထိုလှုပ်ရှားမှုကိုတုန့်ပြန်သည့်အနေဖြင့် ယခုအချိန်သည်အမေရိကန်၏အရေးယူပိတ်ဆို့မှုများ လုံးဝဖယ်ရှားရန်အချိန်မတန်သေးကြောင်းကိုအိမ်ဖြူတော်နှင့် သက်ဆိုင်ရာလွှတ်တော်အမတ်များထံစာရေးအကြောင်းကြားကြရန်တိုက်တွန်းလိုက်ပါသည်။
WE FIGHT WE WIN
ကျနော်နာမည်ကဇော်နိုင်၊တရုတ်နာမည်ကကျူးဝေဆင်း။မိကျောင်းကန်ရပ်ကွက်၊သင်္ကံန်းကျွန်းမှာမွေးတယ်။ကျနော်အဖေက ကျူးဆော့ဥာဏ်။၁၉၃၉ခုနှစ်က ကွမ်တုံး မေရှန်း ကဗမာပြည်လာခဲ့တယ်။အမေနာမည်က လီမွိုင်
ဗလပွနဲ့ စစ်တပ် အကျိုးပြုဖြစ်နေလို့ ဒေါ်စု ကိုယ်တိုင်ပြင်နိုင်ဘို့ ကြိုးစားဆဲပါ။ နိုင်ငံရေးအကျဉ်းသားအားလုံးမလွတ်သေးပါ။
ပြည်တွင်းစစ် ရှိနေသးတယ်။ယာယီ အပစ်ရပ်ထားတာဘဲရှိတယ်။ငြိမ်းချမ်းရေးမရသေးပါ၊လူ့ အခွင့်အရေးတွေ ချိုးဖောက်နေဆဲပါ။ ဆန်ရှင်ကိစ္စမှာ အနောက်နိုင်ငံတွေက သူတို့ ဘယ်အခြေမှာဘယ်လို လုပ်မယ်ဆိုတာ မူရှိပြီးသားပါ။ခင်းဗျာတို့ ဝင် အာချောင်လို့ လဲ နားမထောင်တာ
သိ သိကြီးနဲ့  အချောင်သမားစိတ်နဲ့ ဝင် မရှုပ်ပါနဲ့ ။
မြန်မာပြည်ဖွား တရုတ်ဆိုတာ ရိုးသားရတယ်။ကိုယ်မွေးတဲ့ တိုင်းပြည်ကို သစ္စာရှိရတယ်။
မြန်မာတရုတိအားလုံးကို ခင်မင်လေးစားလျှက်  ကျူးဝေဆင်း   ခ  ဇော်နိုင်
NLABR  Web-site:                 www.nlabr.com 
Lwin Pwin Blog:                   http://wanna23-23.blogspot.com/
0 comments:
Post a Comment