မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ မတ် ၁၀ ရက်၊ ၂၀၁၂


မန္တလေး မှာ ဒီလို ရှိတယ်...

မန္တလေးနန်းတော်အရှေ့ဘက်မုခ်အဝင် စစ်ဆေးရေးဂိတ်ပေါက်မှ
မန္တလေးနန်းတော်အတွင်းသို့ ဝင်ရောက်လေ့လာရန်လာရောက်ကြသော Tour ကားများ
အပါအဝင် မည်သည့်ကားကိုမဆို -ဗိုလ်ချုပ်အောင်ဆန်းပုံပါလာလျှင်သော်လည်းကောင်း၊
ဒေါ်အောင်ဆန်းစုကြည်ပုံပါလာလျှင်သော်လည်း ကောင်း အဖြုတ်ခိုင်းခြင်း၊မှောက်ခိုင်းခြင်း၊ ၄င်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD ၏ မည်သည့်စတစ်ကာကိုမဆို ကပ်လာခြင်း၊ တတ်ဆင်ခြင်းများရှိလာပါက အားလုံးကိုဖြုတ်ပစ်ခိုင်းခြင်း စသည်တို့ကို လုပ်ဆောင်နေပါသည်။ NLD သည်
တရားဝင်မှတ်ပုံတင်ထားပြီးသော ပါတီဖြစ်ပြီး၊ သက်ဆိုင်တို့နှင့်ပူးပေါင်းဆောင်ရွက်နေပြီဟုဆိုသော်လည်း
ယခုကဲ့သို့ကန့်သတ်ခံနေရမှုများရှိနေသေးကြောင်း ဧည့်လမ်းညွှန်များအထူးသတိပြုနိုင်ကြစေရန် သတင်းပြန်ကြားလိုက်ပါသည်။

သောင်းနိုင်ဦး  သတင်းနှင့်ပြန်ကြားရေးကော်မတီ မန္တလေးဇုံ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း

တက္ကသိုလ်၊ ကောလိပ်များ ပညာသင်နှစ် တစ်နှစ်တိုးရန် အတည်ပြု

ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၏ ဘွဲ့ကြိုသင်တန်း ပညာသင်နှစ်များကို တစ်နှစ်စီ တိုးမြှင့်သင်ကြားရန် တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီမှ အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ လာမည့် ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်များ၏ ပညာသင်နှစ်ကို တိုးမြှင့်ရန် အတည်ပြုလုပ်ခြင်းဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်အသီးသီးရှိ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီ အစည်းအဝေး တက်ရောက်ခဲ့သော ပါမောက္ခချုပ်တစ်ဦးက ပြောကြားသည်။ “တက္ကသိုလ် ပညာသင်နှစ်တွေ တစ်နှစ်စီတိုးဖို့ အတည်ပြုလိုက်တယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေအလိုက် သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ရေးဆွဲနေကြတယ်။ လာမယ့်နှစ်ကစပြီး တစ်နှစ်စီ တိုးမှာပါ” ဟု ၎င်းက ပြောသည်။ တက္ကသိုလ် ပညာသင်နှစ်များကို လွန်ခဲ့သော ဆယ်နှစ်ကျော်မှ စတင်၍ တစ်နှစ်စီ လျှော့ချခဲ့ပြီးနောက် ယခုအခါ ပညာသင်နှစ်များ ပြန်လည်တိုးမြှင့်ရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။ တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ဘွဲ့ကြိုသင်တန်းများတွင် ပညာသင်နှစ်တစ်နှစ် တိုးမြှင့်သင်ကြားရေးအတွက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို တင်သွင်းကြမည်ဖြစ်ရာ နိုင်ငံတော်ရှိ တက္ကသိုလ်အသီးသီး၌ ကမ္ဘာ့အဆင့်မီ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများဖြင့် သင်ကြားရမည်ဖြစ်သဖြင့် နိုင်ငံတော်၏ အမျိုးသား ပညာရည်မြင့်မားမှုအတွက် အားတက်ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိပညာသင်နှစ်မှစတင်၍ ကွန်ပျူတာတက္ကသိုလ်များ၏ ပညာသင်နှစ်ကို သုံးနှစ်မှ လေးနှစ်သို့ တိုးမြှင့်ထားခဲ့ပြီးဖြစ်ကာ အခြားတက္ကသိုလ်၊ ကောလိပ်များတွင် လာမည့် ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုသင်တန်း တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ဘွဲ့ဒီဂရီရရှိရန် တစ်နှစ်ပိုမိုကြာမြင့်၍ ပညာသင်ယူရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့ထုတ် 7 Day News ဂျနယ်တွင် ဖော်ပြထားပါသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဆက်ဆံရေး အဖုအထစ်မရှိဟု ကိုမင်းကိုနိုင်က ပြောကြား......(Myanmar Times)

၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဖုအထစ်များရှိနေသည်
ဟူသော သတင်း များအပေါ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက မတ်လ ၄ ရက်နေ့
တွင် ငြင်းဆိုလိုက်သည်။
"ဒီကနေ့အထိ ဒေါ်အောင်ဆန်း စုကြည်နဲ့သော်လည်းကောင်း၊ သူတို့ အဖွဲ့အစည်းနဲ့သော် လည်းကောင်း ကျွန်တော်တို့ဘက်က အမြင်မှာ ဘာအဖု အထစ်မှ မရှိပါဘူး။ ရေရှည်မှာ လက်တွဲ လို့ ရပါတယ်"ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က အဖွဲ့၏ရုံးခန်းတည်ရှိရာ သင်္ဃန်းကျွန်း မြို့နယ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တို့ တွေ့ခဲ့သမျှထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်တွေ အမြဲတမ်းရခဲ့ပါတယ်။ သူလည်း ကျွန်တော်တို့ပြောသမျှကို နားထောင်ပေးခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားထဲမှာ ပြဿနာစိုးစဉ်းမျှ မရှိပါဘူး။ အောက်ခြေ တွေမှာတော့ လူ့အဖွဲ့အစည်းရဲ့ သဘာဝ ဖြစ်တဲ့ ဆွေးနွေးချင်စရာ၊ ပြောစရာတွေ ရှိကောင်းရှိပါမယ်။ သို့သော်အချက် အလက်အရ ဘယ်အချက်ကို ပြောတယ် ဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး"ဟု ၎င်းကပြောသည်။


ပစ်ခတ်ခံရကြောင်းသတင်းအတည်ပြုပါပြီ.................. 7Day News Journal 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး-နေပြည်တော် မဲဆွယ်စည်းရုံးရေး ခရီးစဉ် အပြန်လမ်းခရီးတွင် မိုင်တိုင် ၈၅ ၊ ၇ဖာလုံ နှင့် ၈၆မိုင်အကြား ဒညင်းကုန်းကျေးရွာအနီး အရောက်တွင် ခဲနှင့်ပစ်ခတ်ခံရပြီး ယာဉ်တန်းထဲမှ အဆိုတော်လင်းလင်းပါသော စတုတ္တမြောက်ယာဉ်ကိုထိမှန်ကာကား ၏ နောက်ညာဘက်မှန် ကွဲခဲ့ကြောင်း သိရသည်။ ... ဇန်န၀ါရီ ၅ရက်နေ့ ည၈နာရီ မိနစ်၂၀အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ကာ ပြည်ထဲရေးဌာနမှ ထိုကဲ့သို့ပစ် ခတ်ခံရခြင်းမှာ ပထမဆုံးမဟုတ်ကြောင်း ယခင်ကလည်း သံရုံးကားနှင့် လူကြီးယာဉ်တန်းများကိုပါ ထိုနေရာတွင် ပစ်ခတ်ခံရဖူးကြောင်း ၊ ယခုအခါ အမှု့မှန်ပေါ်ပေါက်စေရန် သေသေချာချာ သွားရောက်စစ် ဆေးသွားမည်ဟု ပြောဆိုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သာမြင့်က အတည်ပြုပြောကြားသည်။

မွန်ဘုရင်မ ရှင်စောပု၏မွေးနေ့ မွန်အမျိုးသမီးများနေ့အဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ကျင်းပ by Popular News

ပထမအကြိမ် မွန်အမျိုးသမီးများနေ့အခမ်းအနားကို မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီတွင် မော်လမြိုင်ဖက်တန်းရပ် အရှေ့ တပ်မြေလမ်းရှိမွန်ဓမ္မာရုံခန်းမ၌ကျင်းပရာ ပင့်သံဃာတော်များ၊ သီလရှင်များနှင့် မွန်အမျိုးသမီး ၂ဝဝ ခန့်တက်ရောက်ကြောင်းသိရသည်။ ယင်းနေ့မှာ မွန်ဘုရင်မဗညား ထော(ခေါ်) ရှင်စောပု၏မွေးနေ့ ဖြစ်သော တပေါင်းလဆန်း ၁၂ ရက်နေ့ကို မွန်အမျိုးသမီးများနေ့ အဖြစ်သတ်မှတ်၍ကျင်းပခြင်းဖြစ် ကြောင်း၊ မွန်တစ်မျိုးသားလုံး အ ခွင့်အရေးနှင့် အမျိုးသမီးအခွင့်အ ရေးကို ပြည့်စုံလွတ်လပ်စွာ တည် ရှိခြင်းနှင့်အတူ မိမိတို့၏ကံကြမ္မာ ကို မိမိတို့ဖန်တီးစီရင် ပိုင်ခွင့်ရှိမည့် သမိုင်းကို ဖော်ညွှန်းပေးသကဲ့သို့ ဖြစ်ကြောင်း မွန်အမျိုးသမီးများနေ့ ထုတ်ပြန်ချက်မှဖော်ပြထားသည်။ အခမ်းအနား၌ ရှေးဦးစွာပင့် သံဃာတော်များမှ နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ငါးပါးသီလချီးမြှင့်ပေးခဲ့ပြီး နောက် မွန်အမျိုးသမီးများနေ့အခမ်း အနားအဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ မိမိုးမိုးအေးက အခမ်းအနား ကျင်းပရခြင်းအကြောင်းများကို ရှင်း လင်းပြောကြားခဲ့သည်။ ယင်းနောက် မွန်ဘုရင်မရှင်စောပု၏ အတ္ထုပ္ပတ္တိကို ရှင်းလင်းပြောကြားပြီးနောက် မွန်အမျိုးသမီးများနေ့ ကြေညာချက်စာ တမ်းကို မိကျဲကျဲညီက ဖတ်ကြား တင်ပြ ခဲ့ကြောင်း သိရသည်။ ၄င်းအပြင် မွန်အမျိုးသမီးတို့ ၏ အခန်းကဏ္ဍသည် မွန်အမျိုးသား ရည်မှန်းချက်ကို လျှောက်လှမ်းရာ၌ မြန်မြန်ဆန်ဆန်နှင့် လွယ်ကူချော မွေ့စွာ ရောက်ရှိစေသည့် အဓိကအင်အားစု တစ်ရပ် ဖြစ်ကြောင်း ၊မွန်အမျိုးသမီးဘဝနှင့် ယှဉ်ကာ အသိဥာဏ်နှင့် အရည်အသွေးကို တိုးတက်စေသော၊မြင့် မားစေသော၊ ထိရောက်စေသော အင်အားစုကြီး တစ်ရပ်အဖြစ် ရောက်ရှိရန် လူမှုအဖွဲ့အစည်း အသီးသီးမှ တတ်သိပညာရှင်များက ကူညီလက်တွဲခေါ်ခြင်း၊ ဝိုင်းရံမြှင့် တင်ခြင်းတို့ကို လိုအပ်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ပါရှိ သည်။

မိုဘိုင်းတယ်လီဖုန်းများ ရောင်းချမည့်အစီအစဉ်အား ထုတ်ပြန်ကြေညာ

စီမံကိန်းအရ တိုးချဲ့တပ်ဆင်သည့် မိုဘိုင်းလ်ဖုန်းများအား ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်များအားလုံး၌ GSM မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပါမည်။ ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး (၇)ခု၌ (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့မှအပ) GSM မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပါမည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရ
န်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့များ၌ GSM မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပါမည်။ ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့မှအပ) WCDMA မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပေးမည်ဖြစ်ပါသည်။ ၂၀၁၂ ဧပြီလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့တို့၌ WCDMA မိုဘိုင်းဘ်ဖုန်းများ စတင်ရောင်းချမည်ဖြစ်ပါသည်။ CDMA 450 MHz နှင့် CDMA 800 MHz မိုဘိုင်းလ်ဖုန်းများမှာ တည်ဆောက်ထားသည့် လိုင်းအင်အား ပြည့်နေပြီးဖြစ်သဖြင့် လောလောဆယ်တွင် ရောင်းချပေးနိုင်ခြင်း မရှိသေးပါ။ ရောင်းချပေးနိုင်မည့်ကာလကို ထပ်မံအသိပေး ကြေညာသွားမည် ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှစ၍ ရောင်းချမည့် GSM မိုဘိုင်းလ်ဖုန်းများသည် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်များအတွင်းသို့ လောလောဆယ်တွင် ယူဆောင်၍ ဆက်သွယ်ပြောဆို ရရှိနိုင်ခြင်း မရှိသေးပါ။ ကျန်ရှိသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ GSM/ UMTS Station ရှိသည့် နေရာများတွင်မူ ဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်ပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် GSM/ UMTS Network အား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway များ တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများ ပြီးစီးမည့် ၂၀၁၂ ခုနှစ် မေလ ပထမပတ်တွင် နေရာဒေသမရွေး ယူဆောင်ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ပါသည်။ ရောင်းချရာဒေသတွင် ဒေသတွင်းရှိ အမှန်တကယ် သုံးစွဲလိုသော ဒေသခံ ပြည်သူများလက်ဝယ်သို့ ရောက်ရှိရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာများနှင့် ၄င်းဒေသတွင် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများ ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

မြောင်းမြ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မန်းဂျော်နီ ၀င်ရောက် အရွေးခံမည်

လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လစ်လပ်မဲဆန္ဒနယ် (၄၈)နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ၀င်ရောက်အ ရွေးခံမည် ဖြစ်သည်။

မန်းဂျော်နီ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့် မြောင်းမြမြို့နယ်တွင် ကရင်လူမျိုးအများအပြား နေထိုင်ရာဒေသဖြစ်ပြီး ၎င်း၏ပြိုင်ဘက်မှာ ပြည်ထောင်စုအားကစားဝန်ကြီး ဦးတင့်ဆန်း၏သားလည်းဖြစ်၊ ACE ကုမ္ပဏီအကြီးအကဲနှင့်မြန်မာနယ်ရှင်နယ်လိဂ်မှနေပြည်တော်ယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင်တစ်ဦးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးဖြိုးကိုကိုတင့်ဆန်း ဖြစ်သည်။

ဦးတင့်ဆန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေး ခရီးစဉ်များတွင် လူထုဟောပြောပွဲ များ ကျင်းပပြုလုပ်နိုင်ရန် ဘောလုံးကွင်းများ အသုံးပြုခွင့်ပေးရန် တောင်းခံမှုကို အသုံးမပြုရန် တားမြစ်ပိတ်ပင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မန်းဂျော်နီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရန် အထူးသတိဝီရိယထား ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ကြသည်။ယခုအချိန်တွင် မန်းဂျော်နီသည် NLD ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် စခင်ဇော်လင်းဦးနှင့်အတူ စည်းရုံးလုပ်ဆောင် လျှက်ရှိရာ မြောင်းမြမြို့နယ်အတွင်းရှိ ကရင်လူထုမှ တက်ကြွစွာ ပံ့ပိုးအားပေးလျှက်ရှိသည်ဟု သိရသည်။
မန်းဂျော်နီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးအဖွဲ့ဝင်တစ်ဦးက “အခု ဧရာဝတီတိုင်းမှာ အရွေးခံမယ့်နေရာတွေမှာ သူ (မန်းဂျော်နီ)လိုက်သွားတယ်။ NLD လည်း ဖြစ်တယ်။ ကရင်လည်းဖြစ်တယ်ဆိုတော့ အများကြီး ထောက်ခံပါတယ်။ ၇၅ရာခိုင်နှုန်း လောက်တော့ ရမယ်ထင်တာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် မန်းဂျော်နီနှင့်အပြိုင် မြောင်းမြမြို့နယ်တွင် ၀င်ရောက်အရွေးခံမည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး ကိုကိုတင့်ဆန်းက စာသင်ကျောင်းများ တည်ဆောက်ပေးခြင်း၊ လယ်သမားများအား ချေးငွေထုတ်ပေးခြင်း စသည့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်လျှက်ရှိသလို မန်းဂျော်နီအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြောင်းမြမြို့နယ်ရှိ ပြည်သူများ၏ အသံများကို လွှတ်တော်တွင် တောင်းဆိုပေးသွားမည်ဟု ပြောကြောင်း ၎င်းစည်းရုံးရေးအဖွဲ့ဝင်က ပြောသည်။မန်းဂျော်နီကို ၁၉၄၂ခုနှစ်၊ ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အရှေ့မြို့နယ်၊ ဆင်ဂေါင်းကြီးကျေးရွာတွင် အဖ လယ်သမားကြီး ဦးကျော်ဦး၊ အမိ ဒေါ်ခြောက်တို့ မွေးဖွားခဲ့ပြီး မကြာခင်၌ ဆင်ဂေါင်ကြီးကျေးရွာ မီးရှို့ခံရကာ ၀ဲကြီးရွာသို့ မိသားစုများ ထွက်ပြေးခဲ့ရပြီး ၀ဲကြီးရွာ ဘုန်းတော်ကြီး ဦးဇောတိကထံတွင် စတင် ပညာသင်ကြားခဲ့သည်။
သူသည် မူလတန်းပညာကို ပုသိမ်မြို့ St.Joseph’s Convent တွင်လည်းကောင်း၊ အလယ်တန်းပညာကို ရန်ကုန်မြို့ St.Paul ကျောင်း တွင်လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းကို ပုသိမ်မြို့ Catholic Boy’s Central School, Mayamchaung တွင် အောင်မြင်ခဲ့ ပြီးနောက် B.A ဘွဲ့ကို ရန်ကုန်တက္ကသိုလ်နှင့် Dip in Education ဒီပလိုမာကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဆက်လက် ဆည်းပူးခဲ့ သည်။ထို့နောက် ဇလွန်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ပုသိမ်အရှေ့မြို့နယ်၊ ကျုံပျော်မြို့တို့ တွင် အလွတ်ပညာသင်ဆရာ၊ အလယ်တန်းပြဆရာ၊ အထက်တန်းပြဆရာနှင့် ကျုံပျော်မြို့နယ် ပညာရေးမှူးရုံးတွင် လက်ထောက်မြို့နယ် ပညာရေးမှူး စသည့် တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။
၁၉၉၀ခုနှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မြေမှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျုံပျော်မြို့နယ် စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌ၊ ဧရာဝတီတိုင်း စည်း ရုံးရေးအဖွဲ့ဝင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို ဦးစီးအဖွဲ့ဝင်ဖြစ်သကဲ့သို့ ယခုအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းအောင်နိုင်ရေးအဖွဲ့ တာဝန်ခံတစ်ဦး ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ခဲ့ရာတွင် ပါတီဖွဲ့စည်းရေး အဆိုပြုသူ ခေါင်းဆောင် ၂၁ဦးတွင် ကရင်လူမျိုး ၂ဦးဖြစ် သည့် ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စခင်ဇော်လင်းတို့ ပါဝင်သည်။
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုဦးစီးအဖွဲ့ဝင်တွင် ပါဝင်သည့် ဒေါ်နန်းခင်ထွေးမြင့်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၃)တွင် NLD ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့ရာ မှ မဲအနိုင်ရရှိခဲ့သူ ဖြစ်သည်။

ကမ္ဘာ့ ပညာတတ်နှုန်း အမြင့်ဆုံး ၁၀ နိုင်ငံ မှ အာရှ ၃ နိုင်ငံပါဝင်

တောင်ကိုရီးယား

* ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၉ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
* နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၅ဒသမ ၃ ( ပဉ္စမအမြင့်ဆုံး)
* နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၉၁၀၁ ( အမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၃)

လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၃ ဒသမ ၇ (တိုးတက်မှုနှုန်းအန
ိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄)

ပညာရေး ကဏ္ဍအသုံးစရိတ်သည် ဂျီဒီပီ၏ ၇ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ ပညာရေး အသုံးစရိတ် အားလုံး၏ ၂၃ ရာခိုင်နှုန်းကို တက္ကသိုလ်၊ ကော့လိပ်ပညာရေးတွင် အသုံးချသည်။ ပညာရေး အသုံးစရိတ်အားလုံး၏ ၅၉ ဒသမ ၆ ရာခိုင်နှုန်းသည် အစိုးရထံမှ လာသည်။ (ဒုတိယအနိမ့်ဆုံးနှုန်းဖြစ်သည်)

ဂျပန်

> ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၄၄ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။

* နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၃ ဒသမ ၂ ( တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၀ ဖြစ်သည်)
* နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၇ )
* လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၀ ဒသမ ၄၆ (အနိမ့်ဆုံး နိုင်ငံ များတွင် နံပါတ် ၆)

ကမ္ဘာပေါ်တွင် တက္ကသိုလ်၊ ကော့လိပ်ပညာတတ်နှုန်းအတွင် တတိယ အမြင့်ဆုံးဖြစ်သည်။ ဂျီဒီဘီ၏ ၁ဒသမ၅ ရာခိုင်နှုန်းကို အဆင့်မြင့်ပညာရေးကဏ္ဍအတွက် အသုံးပြုသည်။ OECD နိုင်ငံများတွင် အနိမ့်ဆုံးစာရင်းတွင် အမှတ်စဉ် ၁၇ ဖြစ်သည်။

အစ္စရေး

* ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၄၅ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာတတ်မြောက်သည်။
* နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း N/A (not available)
* နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၈၅၉၆ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၂ )
* လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၁၉ ဒသမ ၂ ( တိုးတက်မှုနှုန်းအမြင့်ဆုံး)

ပညာရေးကဏ္ဍအသုံးစရိတ်၏ ၇၈ ရာခိုင်နှုန်းကို အစိုးရက ထည့်ဝင်သည်။

ပျော်ရွှင်ဘွယ်ကောင်းတဲ့ နိုင်ငံရေးတခုဆီ သို့---

နိုင်ငံခြားသား စာရေးဆရာတယောက်က ကျနော့်နိုင်ငံအကြောင်းကို စိတ်ဝင်တစားမေးရှာတယ်။ “ ဒီကနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုထင်သလဲ” တဲ့။ ကျနော်ကလည်း ရိုးရိုးလေးပြန်ဖြေလိုက်ပါတယ်။ အယ်လ်ဘတ်ကမူးရဲ့     The Plague ဝတ္ထုကို ဖတ်နေရသလိုမျိုးပါပဲလို့။ ကျနော်ဘာပြောတယ် ဆိုတာကို သူက ချက်ချင်းသဘောပေါက်ပါတယ်။ ကမူးရဲ့ The Plague ဝတ္ထုထဲက မြို့ကြီးတမြို့ဆီမှာ ပလိပ်ရောဂါကြီး ကျရောက်လာတဲ့အခါ၊  လူတွေ ရဲ့ ခရီးဆုံးပန်းတိုင် နဲ့ ပိုင်ဆိုင်ရရှိကြတဲ့အခြေအနေတွေ ပေါ်မှာ တုန့်ပြန်ကြတဲ့ လူ့သဘော၊သဘာဝတွေကို နှိုင်းယှဉ်ဖေါ်ပြထားခဲ့တယ်။ အချိန်ရရင် ပြန်ဖတ်ကြည့်ပါ။ ဒီကနေ့ မြင်တွေ့နေရတဲ့ နိုင်ငံရေးပါတီတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ သတင်းသမားတွေနဲ့ မျှော်လင့်ချက်ထားလွန်းတဲ့ ပြည်သူတွေရဲ့ ပုံရိပ်တွေဟာ အယ်လ်ဘတ်ကမူးရဲ့ The Plague ဝတ္ထုကြီးထဲက မှာ ဖတ်ဖူးခဲ့တဲ့ ပုံရိပ်တွေအတိုင်းပါပဲ။ တခါတလေတော့လည်း နိုင်ငံရေး ဆိုတဲ့အရာကို စာပေအနုပညာတခုလို ပေါ့ပေါ့ပါးပါးခံစား ကြည့်ချင်တော့တယ်။
ဒီတပတ် လွတ်လပ်တဲ့အာရှအသံ ( RFA) ရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ် ( မတ်လ ၆ ရက်၊ ၂၀၁၂) မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
 သောတရှင်များခင်ဗျား
ရုရှားစာရေးဆရာ လီယိုတော်စတွိုင်းရဲ့  “ဘုရားသခင်ရဲ့ နိုင်ငံတော် ဆိုတာ မင်းရဲ့အတွင်းမှာသာ ရှိတယ်” လို့ အမည်ရတဲ့ ဝတ္ထုတပုဒ်အကြောင်းကို ကြားဘူးမိကြပါလိမ့်မယ်။ သူ့ရဲ့ စာအုပ်ဟာ အကြမ်းဖက်မှုတွေ နဲ့ ချုပ်ကိုင်လွှမ်းမိုးထားတဲ့ လူ့အဖွဲ့အစည်းကို စည်းစံနစ်ကျတဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေ၊ အဖွဲ့အစည်းတွေဖွဲ့ပြီး  ပြန်လည်တုန့်ပြန်ကြဖို့ ဆော်သြထားတာကြောင့် ရုရှားအုပ်ချုပ်သူလူတန်းစားတွေက ပိတ်ပင်တားဆီးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉ ရာစုကုန်ခါနီးမှာ ဂျာမဏီနိုင်ငံမှာ ပထမဆုံးထုတ်ဝေနိုင်ခဲ့ပါတယ်။ သူရဲ့ စာပေအရေးအသားတွေဟာ မဟာ့တ္တမ ဂန္ဒီ နဲ့ မာတင်လူသားကင်း တို့အပေါ်မှာ ထူးထူးခြားခြားသြဇာသက်ရောက်ခဲ့ပါတယ်။ တကယ်တော့ ရုရှား စာပေအနုပညာရှင်တွေဖြစ်တဲ့ ဒေါ့တိုယက်စကီး၊အလက်စန္ဒား ပွတ်ရှ်ကင်၊ အန်တာ ချက်ကော့ လို ထင်ရှားကျော်ကြားတဲ့စာရေးဆရာတွေ
အပါအဝင် ပြဇာတ်ရေးဆရာတွေ၊ သရော်စာရေးသူတွေဟာ ၁၉ ရာစု က စပြီး ဆိုဗီယက်ယူနီယံ ပြိုကွဲခါနီးကာလနဲ့ ကွန်မြူနစ်အစိုးရအလွန် ကာလတွေ အထိ ပြည်သူလူထုအတွက် သမိုင်းပေးတာဝန်ကျေစွာ ရပ်တည်ခဲ့သလို၊ သူတို့ရဲ့ စာပေတွေဟာ တကမ္ဘာလုံးမှာရှိတဲ့ လွတ်မြောက်ရေးလှုပ်ရှားသူတွေဆီကို အထောက်အကူပြုခဲ့ ဘူးပါတယ်။
“ရုရှားမှာ စီးပွားရေးချွတ်ခြုံကျပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင်၊ အစိုးရရဲ့ မူဝါဒတွေကို သရော်တဲ့စာပေအနုပညာရှင် တွေက ပထမဆုံးထွက်ပေါ်လာတယ်။ ၁၉ ရာစုမှာ ထွက်ပေါ်ခဲ့တဲ့ “မိုက်မဲတဲ့မြို့” ဆိုတဲ့ ဇာတ်လမ်းလေးတခုမှာ  လူတွေဟာ သူတို့ ရရှိလိုက်တဲ့ ကံကြမ္မာလေးကို ရိုးရိုးစင်းစင်းလေး လက်ခံလိုက်ကြတယ်။ မြို့ထဲမှာ ရှိတဲ့လူတွေအားလုံးနီးပါး ဟာ သောက်စား မူးယစ်ပြီး တယောက်ကို တယောက် အပြန်အလှန်သတ်ဖြတ်ကြတယ်။  ဝရုန်းသုန်းကားဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို သရော်ထားခဲ့တယ်။ ဒါကြောင့်လည်း လူကြိုက်များခဲ့ကြတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေ အာဏာချုပ်ကိုင်ထားတဲ့ ကာလမှာလည်း ဒီအတိုင်းပဲ။ ရုရှားတွေရဲ့ ယဉ်ကျေးမှု တရပ်ဖြစ်တဲ့ ဗော်ဒဂါ အရက်သောက်ခြင်းကို ဆန့်ကျင်ရှုတ်ချတဲ့ စီမံကိန်းတွေကိုချမှတ် အကောင်အထည်ဖေါ်ခဲ့တဲ့ မစ်ဟိုင်းဂေါ်ဗာချော့၊ သောက်စားမူးယစ်၊ ကခုန်တာကို အားပေး လှုံ့ဆော်တဲ့ ဘောရစ်ယဲ့ဆင် တို့ကို သရော်ခဲ့တဲ့ စာပေ၊ကာတွန်းတွေကို လူတွေ သဘောကျခဲ့ကြတယ်”
ရုရှားလူမျိုးတွေအတွက်တော့ သရော်စာတွေဆိုတာ  ရင်းနှီးကျွမ်းဝင်နေကျ ဘာသာဗေဒတခုဖြစ် ခဲ့ကြပါတယ်။                  
ဒါပေမဲ့ ၂၀၀၀ ခုနှစ်မှာ ရုရှားခေါင်းဆောင် ဗလာတီမီယာ ပူတင် တက်လာချိန်က စပြီး သရော်စာ တွေဟာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။ ပူတင်တယောက်၊သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်အနည်းငယ်အတွင်းမှာ သတင်းစာ အယ်ဒီတာချုပ်တွေ ကိုယ်တိုင် သူတို့သတင်းစာမှာ ပင်တိုင်ရေးဆွဲပေးတဲ့ နာမည်ကြီး ကာတွန်းဆရာတွေကို ဆင့်ခေါ်ပြီး၊            “ ကျနော်တို့အနေနဲ့ ပူတင် ရဲ့ ကာတွန်းပုံတွေ ရေးဆွဲခြင်းကို ဆက်လက်ခွှင့်ပြုတော့မှာ မဟုတ်ဘူး။ သူက အရေမထူ ဘူး၊ အန္တရာယ်ရှိတယ်” လို့ သတိပေးတားမြစ်ခဲ့ပါတယ်။ သူတို့ မျှော်လင့်ထား သလိုပါပဲ ပူတင်ရဲ့ ပထမ သက်တမ်းမှာ အစိုးရကို ဝေဖန်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ  နိုင်ငံရေးသရော်မှု အခန်းကဏ္ဍတွေကို ပယ်ဖျက်ပစ်ခဲ့ရပါတယ်။ “ပူတင်” အစိုးရရဲ့ သတင်းဋ္ဌာနတွေကို အတင်းအဓမ္မ ဝယ်ယူ သိမ်းပိုက်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ တဘက်မှာတော့ ရုရှားပြည်ထောင်စုဟာ ပြည်နယ်ခွဲထွက်ခွင့်တောင်းနေတဲ့ အစ္စလာမ်ဘာသာဝင် လက်နက်ကိုင် အုပ်စုတွေ နဲ့ စစ်ပွဲတွေ ကြုံတွေ့နေရသလို၊ အကြပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရတဲ့ ကာလပဲဖြစ်ပါတယ်။ “ဗလာဒီမာ ပူတင်” ဟာ ပြည်သူတွေ အလိုရှိနေတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ဆီက ရရှိတဲ့ ငွေအရင်းအနှီးတွေ၊ ပြည်သူလူထုရဲ့ တယောက်ခြင်းဝင်ငွေတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေဟာ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ရုရှားပြည်သူတွေဟာ အစိုးရနဲ့ ပတ်သက်တဲ့ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဝေဖန်မှုမပြုတော့ပဲ၊ “ပူတင်” အပေါ်မှာ ယုံကြည်မှုအပြည့်ထားခဲ့ကြပါတယ်။                            
       ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံသွားမှုတွေဟာ  သရော်စာနဲ့ ရင်ပါး ကျွမ်းဝင်နေတဲ့ ရုရှားလူတန်းစားတွေ ကို ဟာသ မလုပ်တတ်အောင် ပိတ်ဆို့တားဆီး နေသရောင်ရောင်ထင်ရပါတယ်။
“  မကြာသေးခင်လတွေ လောက်က စပြီး အင်တာနက်တွေမှာ နိုင်ငံရေးဟာသတွေ နဲ့ ပြည့်နှက် လာခဲ့တယ်။ သရော်စာတွေနဲ့ဝေးနေပြီလို့ ထင်တဲ့ ရုရှားပြည်ထောင်စုဟာ “ဗလာဒီမာ ပူတင်” ကို ပြုံးရယ်နိုင်စွမ်း မရှိလောက်အောင် လှောင်ပြောင်ခဲ့ကြတယ်။ ချမ်းသာကြွယ်ဝတဲ့ လူတန်းစားတွေ အပါအဝင်၊ လူလတ်တန်းစား ပညာတတ်တွေဟာ ပူတင်အစိုးရ ကို အင်တာနက်စစ်ပွဲ စတင်လိုက်ကြတော့တယ်။ သူတို့ဟာ ရုရှားနိုင်ငံကို ပြောင်းလဲပစ်မဲ့ နိုင်ငံရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ကြတယ်။”
ရုရှားပြည်သူတွေကတော့ သူတို့ဟာ ရုရှားရဲ့ မိရိုးဖလာ နိုင်ငံရေးဟောင်းတခုကို လက်မခံသလို၊ နိုင်ငံရေးအပေါ်မှာ ဟိတ်ကြီးဟန်ကြီး သရုပ်ဆောင်နေတဲ့ “ဗလာတီမာ ပူတင်” အပါအဝင်၊ နိုင်ငံရေးသမားတွေကို လေးလေးနက်နက် သဘောမထားကြဖို့အတွက် ဟာသ သင်္ကေတတွေကို ဖေါ်ဆောင်ပြကြလေ့ရှိပါတယ်။အနုပညာနဲ့ ယဉ်ကျေးမှု မဂ္ဂဇင်း တစောင်ဖြစ်တဲ့ အဖစ်ရှာ မဂ္ဂဇင်း အယ်ဒီတာ တယောက် ရဲ့ အဆိုအရတော့
“ ဆန္ဒပြပွဲတခုကို ရဲတွေလာရောက်ပြီး ခေါင်းဆောင်ကို မေးတယ်။ စစ်ဆေးဖို့ကြိုးစားမယ်လို့ ခြိမ်းခြောက် ပြောဆိုတဲ့ အခါတိုင်း၊ ဆန္ဒပြသူတွေက မသိချင်ရောင်ဆောင်ပြီး ရဲတွေရဲ့ ကို့ရိုးကားယားနိုင်မှုတွေ၊ မိုက်မဲမှုတွေ ကို ရီမောနေကြတယ်။ တကယ်တော့ ဒါဟာ ဆန္ဒပြပွဲပဲလေ။ ဒါပေမဲ့ ဆန္ဒပြပွဲစစ်စစ် မဟုတ်သရောင်လုပ်ကြပြန်တယ်။ သူတို့က အာဏာပိုင်တွေအပေါ် ဟာသတွေ ပျက်လုံးတွေ ထုတ်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ လေးနက်မှုကိုလည်း မြင်တွေ့နေရတယ်။”
ရုရှားပြည်ထောင်စုရဲ့ အင်တာနက်စာမျက်နှာတွေမှာတော့  အစိုးရ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်မှုတွေကို ပြန်လည်တုန့်ပြန်တဲ့ ဟာသတွေ ရောက်ရှိလို့လာခဲ့ပါပြီ။ ဒေသတခုမှာဆိုရင် “ပူတင်ရဲ့ ပါတီဟာ မဲအရေအတွက် ၁၄၆ % ကျော်ဖြင့် အနိုင်ရသွားကြောင်း၊ အာဏာရပါတီ ဖြစ်တဲ့ ညီညွတ်သော ရုရှားများ ပါတီ ရဲ့ မိန်းမတွေဟာ ( Orgasms) တွေကို အတုလုပ်တာမဟုတ်ပါဘူး။ မှားယွင်းအောင်သာ လုပ်ခြင်းဖြစ်ပါတယ်”  ဆိုတဲ့ သရော်စာတွေနဲ့ ရုရှားရွေးကောက်ပွဲတွေကို တုန့်ပြန်ကြပါတယ်။ မကြာသေးမှီက ဆန္ဒပြပွဲတခုမှာ ဆိုရင် ကွန်ဒုံ တခုကို ခေါင်းစွပ်လို ပေါင်းထားတဲ့ ဗလာဒီမာပူတင်ရဲ့ ပုံကို ကိုင်စွဲကြပြီး၊ ပူတင်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို ပြက်ရယ်ပြုခဲ့ကြ ပါတယ်။ ပူတင်အတွက် မဲထည့်ကြမဲ့အိမ် ဆိုတဲ့ သရုပ်ပြ သီချင်း ဗွီဒီယိုတခုထဲမှာတော့ စိတ်ရောဂါသည်တွေဟာ “ တိုင်းပြည်မှာက ရောင်းချလို့ရတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ဆီက ပိုက်ဆံတွေဘယ်ရောက်သွားသလဲ” ဆိုတဲ့ အူကြောင်ကြောင်မျက်နှာတွေ၊ နားမလည်နိုင်တဲ့ အဖြေတွေ က  ပြည်သူလူထုကို ရယ်မော မေးခွန်းထုတ်စေခဲ့ပါတယ်။
သောတရှင်များခင်ဗျား
“ နိုင်ငံရေးတွေ၊ ရွေးကောက်ပွဲတွေကို သိတ်ပြီး လေးလေးနက်နက်မှတ်ယူတွေးမနေပါနဲ့ဗျာ။ ခြစားအကျင့်ပျက်တဲ့ လူလိမ်နိုင်ငံရေး သမားတွေကို ထောင်ထဲ ဆွဲထည့်တာထက်၊ ဟာသလုပ် ပြက်ရယ်ပြုနေတာ က ပိုကောင်းမယ်ထင်တယ်” လို့ ရုရှားအနုပညာရှင် သရော်စာရေးသူတွေက ဆိုလေ့ရှိပါတယ်။ သူတို့ရဲ့ ဟာသဥာဏ်တွေဟာ ဗလာဒီမာပူတင် အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့  မတ်လ (၄) ရက် ရွေးကောက်ပွဲအပေါ်မှာ တားဆီးနိုင်ချင်မှ တားဆီးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာတခုကတော့၊ သူတို့ရဲ့ ပြက်ရယ်ပြုမှုတွေဟာ ရုရှားပြည်သူတွေကို စုစည်းမှုတခုအဖြစ် ဖန်တီးပေးနေပြီး ပူတင်အစိုးရရဲ့ မူဝါဒအမှားမှန်သမျှကို စောင့်ကြည့်နေမှာ အမှန်ပါ။ “ တကယ်တော့ ဟာသတွေချည်းလုပ်နေတာ မဟုတ်ပါဘူးဗျာ။ ရယ်မောနေတဲ့ လူထုဟာ ဆုံမှတ်တခုဆီကို သွားနေကြတာပါ” တဲ့။ သောတရှင်တို့လည်း ပျော်ရွှင်ဘွယ်ကောင်းတဲ့ နိုင်ငံရေးတခုဆီကို ရွေ့လျားနိုင်ကြပါစေ။
အောင်မိုးဝင်း

 Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့်မံမီရုပ်တွေနေတဲ့အရပ်(၂) မျိုးမြင့်ချို

"ပြည်တွင်းမှာလတ်တလောဖြစ်ပေါ်တိုးတက်မှုတွေနှင့်စပ်၍ ကျနော့်အမြင်သဘောထား" ဆိုတော့ ကျနော်က လတ်တလောဖြစ်ပေါ်တိုးတက်မှုတွေဟာ ပီပြင်ခိုင်မာပြီးစိတ်ချရတဲ့အခြေအနေမဟုတ်သေးကြောင်း၊ စစ်အာဏာ သိမ်းဖို့လိုတယ်လို့ယူဆလိုက်တာနဲ့ ရှိနေတဲ့အစိုးရက တိုင်းပြည်ကိုချက်ခြင်း တပ်လက်အပ်လိုက်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တပ်ကနံမည်ပျက်ခံပြီး အာဏာသိမ်းနေစရာပင်မလိုတော့ကြောင်း၊ ဒါဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်တာကြောင့် တရားဝင်မှုရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည့် လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်းသော ယူနီဖေါင်းဝတ်စစ်ဗိုလ်အမတ်တွေနဲ့တင် လွှတ်တော်ကိုလည်း စိတ်ကြိုက်ပုံဖော် ထိန်းညှိထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့တွင်းမှာလည်း အရေးပါသည့်ဝန်ကြီးနေရာတွေကို ယူနီဖေါင်းဝတ်စစ်ဗိုလ်တွေလက်ထဲမှာသာထားကြောင်း၊ ကာ/ချုပ်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)မှတပါး သမ္မတကိုဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးကိုဖြစ်စေ မနာခံပဲနေလို့ရနေကြောင်း၊ ဘတ်ဂျက်ခွဲဝေရာတွင်လည်း စစ်အသုံးရိတ်ကို ကာ/ချုပ်တင်ပြသမျှခွင့်ပြုရမည်ဖြစ်ပြီး နိုင်ငံတော်စာရင်းစစ်ချုပ်က ဘာမှ ဝင် စစ်ဆေးရန်အခွင့်မရှိကြောင်း၊ ကာ/လုံတွင်လည်း ကာ/ချုပ်၏အခန်းကဏ္ဍက ကြီးကြီးမားမားရှိနေကြောင်း၊ သမ္မတ၊ အစိုးရနှင့်လွှတ်တော်က ဘာတွေပဲဆုံးဖြတ်ဆုံးဖြတ် အချုပ်မှာတော့ ကာ/လုံ က သဘောတူခွင့်မပြုလျှင် မည်သည့်ဥပဒေမှအတည်ဖြစ်မလာနိုင်ကြောင်း၊ ကာ/လုံမှာလည်း စစ်ဗိုလ်၆ ဦး၊ အရပ်သားဟုဆိုနိုင်မည့် အရပ်ဝတ်စစ်ဗိုလ်ဟောင်း ၅ ဦးနှင့် အရပ်သားစစ်စစ် တဦးထဲသာပါကြောင်း၊ မဲခွဲဆုံးဖြတ်ရမည့်အခြေအနေရောက်တိုင်း တပ်က အသာစီးယူထားပြီးဖြစ်ကြောင်း၊ "ဖွဲ့စည်းပုံဥပဒေဖြင့်ပြဋ္ဌာန်းထားပြီးသားစစ်အာဏာနှင့်စစ်အုပ်စုအကျိုးစီးပွားကိုကာကွယ်သည့်ဥပဒေများအား" ပြင်ရန်မဆိုနှင့်ထိပါးလို့ပင်မရနိုင်သေးကြောင်း၊ ပြောရမည်ဆိုလျှင် အရပ်သားအစိုးရဟုဆိုမည့်အစား စစ်အာဏာကာကွယ်ရေးဖွဲ့စည်းပုံနှင့်၊ အရပ်ဝတ်-စစ်အထိန်းချုပ်ခံအစိုးရဟုသာ ဆိုရဦးမည်ဖြစ်ကြောင်း သဘောထားပေးပြောဖြစ်၏။
         "စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ ဦးသိန်းစိန်အစိုးရက ဘာတွေလုပ်ပေးစရာလိုဦးမလဲ" ဆိုတော့ တစ်တချက်က ထောင်ထဲမှာကျန်နေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်လိုကြောင်း၊ နောက်ထပ်ဖမ်းလိုက်လွှတ်လိုက် သံသရာတွင်လည်မနေစေရန် အာမခံချက်တိတိကျကျပေးရန်လိုကြောင်း၊
လွတ်ပြီး နိုင်/ကျဉ်းတွေကိုလည်း ဗမာ့နိုင်ငံရေးဖြစ်စဉ်၏အဆင့်တိုင်းတွင် အကန့်အသတ်မထားပဲ လွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့် ရရန်လိုကြောင်း။ နှစ်တချက်က လူမျိုးစုများနှင့်လုပ်နေသည့် အပစ်အခတ်ရပ်စဲရေးများကိုလည်း မှန်မှန်ကန်ကန်လုပ်ရန်လိုကြောင်း၊ ခွဲပြီး၊ ကြိတ်ပြီး၊ ဖိအားပေးဆွေးနွေးတာတွေမလုပ်ဖို့လိုကြောင်း၊ ပွင့်လင်းမြင်သာပြီး အဓိပ္ဗါယ်ရှိသည့် အနေအထားဖြစ်ရန်လိုကြောင်း၊ စစ်တမျက်နှာကို အားပြည့်တိုက်နိုင်ရေးအတွက် အခြားတမျက်နှာမှာ ယာယီပြေအေးထားသည့် အနေအထားမဖြစ်ရန်လိုကြောင်း၊ မူမှန်ပြီး နှစ်ဘက်လက်ခံနိုင်မည့် အပစ်အခတ်ရပ်စဲရေးမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးသို့သွားရန်လိုကြောင်း၊ သုံးတချက်က သတင်းစာလွတ်လပ်ခွင့်နှင့်နိုင်ငံသား အခွင့်အရေး၊ လူထု၏စီးပွားရေး၊ ကျန်းမာရေးနှင့်ပညာရေးဘဝများ တိုးတက်ကောင်းမွန်အောင် ပြည်တွင်းပြည်ပ၊ ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့်လက်တွဲကာ အပြည့်အဝပူးပေါင်း လုပ်ဆောင်ရန်လိုကြောင်းများကို ပြောဖြစ်ခဲ့၏။
         နောက်တော့ အခြားသူများနှင့် ဆိုင်ရာဆိုင်ရာမေးခွန်းတွေမေးကြ ဖြေကြ၏။ အွန်လိုင်း (Skype) မှနေ၍ (Professor David Williams) နှင့်လည်း မေးကြဖြေကြ၏။ သူ့အဖြေတွေက အချက်အလက်စုံပြီး ထောင့်စေ့ကာ၊ ပညာရှင်ဆန်သည်ထင်ရ၏။ တချို့ဝေါဟာရတွေ ကျနော်နားမလည်သဖြင့် မီသလောက်ကောက်မှတ်ပြီး နောက်မှ အဘိဓါန်လှန်ရှာဖြစ်သေး၏။ နောက်တော့ ကျနော့်ဆီတပတ်ပြန်လည်လာပြန်၏။ ဒီတကြိမ်တော့ အမေရိကန်အစိုးရ၏ "ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှု" (Targeted Economic Sanction) အပေါ်သဘောထားနှင့် "ဗမာပြည်ကို သွားလည်သင့် မလည်သင့်" ဖြစ်၏။ ကျနော်က ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှုသည် လက်ရှိအစိုးရအား ပြုပြင်ပြောင်းလဲရေးလုပ်ရန်ဖိအားအဖြစ် ဆက်ရှိနေသေးရန်သင့်ကြောင်း၊ အပြောင်းအလဲလုပ်သည့်အတိုင်းအတာ အလျှောက် ပိတ်ဆို့မှုကိုလည်း တဆင့်ချင်းလျှော့ချသွားရေးဆိုသည့် အမေရိကန်အစိုးရ၏ပေါ်လစီကိုလက်ခံကြောင်း ပြန်ဖြေ၏။ "ဗမာပြည်သွားလည်သင့်မလည်သင့်"ကိုတော့ လက်ရှိအစိုးရအနေဖြင့် သူတို့လက်ခံနိုင်သည့် သတင်းဋ္ဌာန များနှင့်သတင်းသမားများသာ ဝင်ခွင့်ပေးသေးကြောင်း၊ သတင်းသမားခြင်းအတူတူမှာတောင် အချို့ကိုကန့်ပြီး အချို့ကိုဟပေးထားကြောင်း၊ သတင်းသမားတွေအနေဖြင့် နေရာတကာသွားဖို့သိတ်မလွယ်ကြောင်း၊ အကယ်၍ သာမန်လူများ ကမ္ဘာလှည့်ခရီးသည်အနေဖြင့်သွားမည်ဆိုလျှင် အနည်းဆုံး ကင်မရာတလုံးတော့ယူသွားနိုင်သဖြင့် သာမန်ပြည်သူတွေနှင့် တိုက်ရိုက်ထိတွေ့မေးမြန်းကြည့်ပြီး လူထုဘဝနှင့်ခံစားချက်တွေ မှတ်တမ်းတင်ယူလာပြီး အခြားသူများကို တဆင့်ပြန်ပြောပြလို့ရနိုင်ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအများစုမှာ အစိုးရနှင့်နီးစပ်သူများလက်တွင် ရှိသည်မှန်သော်လည်း ထိုလုပ်ငန်းများတွင်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများ၊ အလုပ်သမားလည်းရှိသေးသဖြင့် ထိုသူများအတွက်အလုပ်အကိုင်နှင့်ဝင်ငွေကို တဘက်တလမ်းမှ ဖြည့်ရာရောက်ကြောင်း၊ ကျနော့်အနေဖြင့် ကမ္ဘာလှည့်ခရီးသည်တွေကို ပြည်သူ့သတင်းသမား (Citizen Journalists) တွေအဖြစ်မြင်ကြောင်းပြောပြီး သွားလည်ကြရန်တိုက်တွန်းလိုကြောင်းလည်း ပြောခဲ့၏။ ဤသို့ဖြင့်တယောက်တလှည့် မေးကြမြန်းကြ၊ ဖြေကြကြားကြနှင့် အခမ်းအနားလည်းပြီးသွား၏။ ပြီးတော့ အုပ်စုလိုက်ဓါတ်ပုံရိုက်ကြ၊ တယောက်ချင်းစီသီးသန့် စကားပြောကြ၊ ကျေးဇူးတင်ကြောင်း ဝမ်းသာကြောင်းတွေပြောကြ၏။ အားလုံး လေးလေးနက်နက် ပြုံးပြုံးရွှင်ရွှင်ဖြင့်။
         ထို့နောက် Field Museum တွင် လုပ်နေသည့် Christian Holst ၏ ဓါတ်ပုံပြပွဲနှင့်ပြတိုက်သွားရန် အစီအစဉ်ဆွဲ၏။ သည်ပြတိုက်ကြီးမှာ အီဂျစ်ပြည်ကသယ်လာပြီးပြထားသည့် မံမီဆေးရည်စိမ်ရုပ်အလောင်းအစစ်တွေရှိ၏။ ရှီကားဂိုးရောက်လို့ ပြတိုက်တွေသွားကြမည်ဆိုလျှင် Field Museum သည် ထိပ်ဆုံးမှအမည်ပေါက်သည့်ပြတိုက် ဖြစ်၏။ လာသူတိုင်းကလည်း အခြားအရာတွေထက် ဤမံမီရုပ်တွေကိုမှ ပိုစိတ်ဝင်စားလေသလားထင်ရအောင်ပင် ထိုပြခန်းတွင်လူစည်၏။ ကျနော်တို့အား ပြတိုက်လမ်းညွှန်လုပ်ပေးမည့် ရှီကားဂိုးရှေ့နေတယောက်ကို ခဏစောင့်ရ၏။ သူ ရောက်လာတော့ လိုက်ပို့ပေးသူက "သူက ရှီကားဂိုးကရှေ့နေကျော်တယောက်ပေါ့ဗျာ၊ ခုတော့ ခင်ဗျားတို့အတွက်  ပြတိုက်လမ်းညွှန်ကောင်းလုပ်ပေးပါလိမ့်မယ်" ဟုပြောကာမိတ်ဆက်ပေး၏။ ထိုသူက "ဓါတ်ပုံဆရာ (Christian Holst) ၏ (Blood/Red Stone-Burma Rubies) ဓါတ်ပုံပြပွဲကိုအရင်သွားမည်ဆိုကာ ပြတိုက်ကြီး၏နောက်ခံသမိုင်း၊ ပြတိုက်ရှိနိုင်ငံတကာပြခန်းများ၊ လောလောဆယ်ကျင်းပနေသည့်ပြပွဲများ၊ ပြတိုက်တွင်ကြည့်စရာ အမယ်ပေါင်းသန်းချီရှိသော်လည်း အပေါ်တင်ပြီးပြခွင့်မရသေးသည့်အရာများ မြေအောက်ခန်းတွင်ထားကြောင်း"တွေ စုံတကာစေ့အောင် ကရားရေလွှတ်ပြောတော့၏။ သည်တော့မှ ဟိုလူပြောသည့် "ရှေ့နေကျော်နဲ့လမ်းညွှန်ကောင်း"ဆိုတာ ဒါများလားဟု တွေးမိ၏။ သူ့နောက်ကလိုက်ရင်း ဓါတ်ပုံပြပွဲသို့ရောက်လာကြ၏။ ဓါတ်ပုံဆရာက ကျနော်တို့ကိုကြိုရင်း တနေရာကိုလက်ညှိုးထိုးကာ "မျိုး..ဒီစာသားတွေကမှန်ရဲ့လား" ဆိုသဖြင့် ဘာများပါလိမ့်ဆိုကာကြည့်လိုက်တော့ ပိုစတာငယ်တခုတွင် "ဗမာ့ပတ္တမြား"ဆိုပြီး မြန်မာလိုအပီ ရေးထားတာတွေ့ရ၏။ ရှီကားဂိုးက အမေရိကန်ပြတိုက်ကြီးတွင် မြန်မာစာကိုမြင်တော့ စိတ်ထဲကြည်နူးဝမ်းသာဖြစ်ရ၏။ ပိုစတာအပေါ်ကစင်ကလေးတွင် မှန်သေတ္တာလေးတခု။ ထိုအထဲတွင် ရဲရဲနီကာကြည်တောက်နေသည့် ကျောက်မျက်တုံးကလေးတွေ ပြန့်ပြန့်ကျဲကျဲ။ ကျနော်က အစစ်တွေလားဟုမေးတော့ "မဟုတ်ပါဘူး၊ ဓါတုဗေဒကျောက်တွေပါ၊ အစစ်တွေ ဒီလောက်များများဆို ငါဘယ်လိုလုပ် တတ်နိုင်မှာတုန်းကွာ၊ မင်းတို့နိုင်ငံက ပြည်တန်ပတ္တမြားတောင် ထွက်တဲ့တိုင်းပြည်မဟုတ်လား၊ အဲသလိုတိုင်းပြည်မျိုးမှာ လူဖြစ်ရတာဂုဏ်ယူစရာပါ။၊ ဒါပေမယ့် ခက်နေတာက အဲဒီ အဖိုးတန်သယံဇာတတွေကရတဲ့ဝင်ငွေကို မင်းတို့ပြည်သူတွေမခံစားရတာ ကိုတော့ ငါ စိတ်မကောင်းဖြစ်မိတယ်၊ လူတွေ သွေးနဲ့ချွေးနဲ့ရင်းပြီးမှရတဲ့ ဒီကျောက်မျက်တွေကို လူတစုကခံစား ချယ်လှယ်နေတာဆိုတော့ ဒီ ကျောက်မျက်ကအရောင်ဟာ ငါ့အတွက်တော့ ပတ္တမြားရောင်မဟုတ်ပဲ သွေးရောင်တွေလို့မြင်နေတယ်၊ ဒါဟာ ပတ္တမြားရောင်ဆိုရင်လည်း အနီရောင်သက်သက်ကြီးလိုပဲငါခံစားရလို့ ငါ့ဒီပြပွဲကို "သွေး/အနီရောင် ကျောက် (ဗမာ့ပတ္တမြား)" လို့အမည်ပေးခဲ့တာပဲ"ဟုရှင်းပြ၏။ ဓါတ်ပုံကြီးအချို့ကို နံရံတွင်ချိတ်ထားပြီး ပုံသေးတွေကိုတော့ ဖန်သားပြင် ၃ခုပေါ်တွင် အောက်ခြေစာတမ်းထိုးများဖြင့် Slideshow ပြထား၏။ ကျနော်တို့လည်း ဓါတ်ပုံတွေကြည့်လိုက် သိချင်တာတွေမေးလိုက်နှင့် တနာရီနီးပါးကြာသွား၏။ သည်တော့မှ လမ်းညွှန်ဆရာရှေ့နေကျော်က "မံမီနဲ့အခြားပြခန်းတွေကို မင်းတို့စိတ်ကြိုက်အချိန်ယူပြီး ကြည့်ကြပါဦး၊ လိုက်တော့မပို့တော့ဘူးနော်၊ ပြန်ခါနီးကျရင် ပြောပါ၊ တည်းတဲ့နေရာပြန်ပို့ပေးမယ်" ဆိုပြီး ကျနော်တို့ကိုထား၍တနေရာထွက်သွား၏။ ကျနော်တို့လည်း မံမီဆေးရည်စိမ်ရုပ်အလောင်းတွေရှိရာပြခန်းသို့ ချီတက်ကြ၏။
(ဆက်ပါဦးမယ်) မျိုးမြင့်ချို မတ်ခ်ျ ၃ ရက် ၂၀၁၂

ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊ အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ ပန်းခြံတွေမှာရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါတယ်၊

ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊ သူတို့တွေရဲ့မြင်ကွင်းတွေဟာ

INTERNET မှာVIDEOများ၊ ဓါတ်ပုံများအဖြစ်နဲ့ ပျံ့နှံ့နေပါတယ်၊၊ စင်္ကာပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို
ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသော မြန်မာ
အမျိုးသမီးများ (မှတ်ချက်-ပျက်စီးနေသောမိန်းမဆိုးများကိုသာ
ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး
စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သော
မိန်းကလေးများ၊ မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့်
အိနြေ္ဒသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့်
မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ)

အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ
ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော
ငွေကြေးမတတ်နိုင်သော အမျိုးသမီးများသည် အခကြေးငွေယူပြီး လုပ်ကိုင်စားသောက်ပါတယ်၊၊ အဲ့လိုအကျင့်ပျက်မိန်းကလေး­တွေကြောင့် နိုင်ငံဟာ တော်တော်သိက္ခာကျပါတယ်၊၊ passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့
၊၊ အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက်ကိုယ်တိုင်ပြောတာပါ ၊၊ ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊ သိပ်ပြီးရွံစရာကောင်းသော လုပ်ရပ်များဖြစ်ပါတယ်၊၊ သက်သေအနေနဲ့ ဓါတ်ပုံပေါင်းများစွာ၊ video ပေါင်းများစွာရှိပါတယ်၊၊ ဒါ့ကြောင့် မြန်မာ
အမျိုးသမီးကောင်းများစွာထဲက အဲ့ဒီအကျင့်ပျက်၊မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ
ထိန်းသင့်ပါပြီ၊၊ ရှက်သင့်ပါပြီ၊၊
ခုဆိုရင် မြန်မာအမျိုးသမီးတွေဟာ ၀တ်စားဆင်ယင်မှုက အစ ရဲတင်းလာကြပါပြီ။ ကိုရီးယားကား၊ နိုင်ငံခြားမှ ရုပ်ရှင်ကားများကိုကြည့်ပြီး အတုခိုးမှားကာ လိုက်ပြီးဝတ်စားဆင်ယင်မှုကို အတုယူကြပါတယ်.. တကယ်အတုယူစရာကောင်းတာတွေကိုတော့ အတုမယူကြဘဲ အတုမယူသင့်တာတွေကို အတုယူကြပါတယ်..ကဲ.. ဒီလိုပြောလို့ မြန်မာ့ယဉ်ကျေးမှုနဲ့မညီဝတ်ဆင်ကြတယ်ဆိုတော့ ဒါဆို ကျွန်မတို့က ထမီနဲ့ရင်ဖုံးအင်္ကျီဝတ်ပြီး အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊ လာမရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပ္ပါယ်ချင်း၊၊ သို့သော် ခေတ်နဲ့အညီဝတ်စားတာကို မတားမြစ်ပါဘူး။
ဘယ်ဥပဒေကမှလည်းမပိတ်ပင်ပါဘူး.. ခေတ်နဲ့တော့ညီပါ.. ခေတ်ဆန်ချင်လည်းဆန်ပါ.. လူမြင်မကောင်းအောင်တော့မလုပ်ကြပါနဲ့ပေါ့..
လူမြင်ကောင်းတယ်ပဲထား.. မြန်မာ့ယဉ်ကျေးမှုကတော့ ပျက်ပြားသွားမှာပါ.. နောက်ဆိုရင်
ထမီဆိုတာတောင် ဘယ်လိုမှန်းသိမှာမဟုတ်တော့ပါဘူး..အရင်တုန်းက မိန်းကလေးတစ်ယောက်က
ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကိုလှည့်ပြီး လုံခြုံသေသပ်စွာနဲ့ဝတ်ပါတယ်၊၊ အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး
ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာအထိုးခံရပါတယ်၊၊အဲလောက်ထိ
နဂိုခေတ်ကမိန်းကလေးများ အိနြေ္ဒသိက္ခာနဲ့ပြည့်စုံတာပါ.. ခုတော့ အဲ့လိုမဟုတ်ဘူး၊၊
ဟိုနားဖော် ဒီနားဖော်နဲ့၊၊ တစ်ချို့ဆို ပေါင်အထက်မှာဝတ်တယ် ၊၊ သူတို့ကိုသူတို့တော့ ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ်နေကြတာလဲပါပါတယ်၊၊

ယောင်္ကျားလေးများကလည်း ထိန်းသင့်ပါတယ်၊၊ ကိုယ့်ရဲ့နှမများလိုသဘောထားပြီး စောင့်ထိန်းသင့်ပါတယ်၊၊ တွေ့သမျ­ှမိန်းကလေးတွေကို ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲက ဆွဲထုတ်ရမယ့်အစား၊ ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊ တစ်ချို့ဆို
ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားမတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ ကောင်းပါတယ်။ သိပ်ပြီးအောက်တန်းကျပါတယ်၊၊ လက်တော့ပ်မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊ ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊ တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ်.. ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီး ပြောတယ် ဖျက်စီးတယ်။ အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်း အောက်တန်းကျကြပါတယ် ၊၊ "
ငါတို့ကယောင်္ကျားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား " ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့ မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊
တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး ချက်တင်ဆိုတဲ့နွံထဲမှာ နစ်နေတာတွေ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို ခွေးကမွေးတဲ့အောက်တန်းစားများအဖြစ် သတ်မှတ်ပြီး ရှောင်သင့်ပါတယ်..မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ အဲ့လိုပြောစားလာတဲ့
ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ပြီးတော့ မိန်းကလေးတွေကလဲ
အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့ ....
တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း
ဓါတ်ပုံပေါင်းများစွာဟာ လည်း အင်တာနက်မှာ မမြင်ချင်အဆုံးပါပဲ..တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံလုပ်ပြပါတယ် ... ဒါတွေက
ယောင်္ကျားလေးတွေကိုယ်တိုင် ၀န်ခံကြတာပါ..တချို့ မိန်းကလေးတွေရဲ့
အရှက်နည်းမှုတွေကို ဝေဖန်ကြတာပါ.. အဲလိုမိန်းမမျိုးတွေကို ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊ အဲ့ဒါလား
မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေ ဆိုပြီးတော့ ကိုယ်ကိုယ်တိုင်
မြန်မာဖြစ်ရတာကိုတောင် အော့နှလုံးနာပါတယ်...
အဲ့တော့ မြင့်မြတ်တဲ့မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလည်း ရှောင်ကြဉ်ပါ ၊၊ ပြီးရင်ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလည်း သတိထားပြီး ရှောင်ကြဉ်ပါ၊၊ အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ ဆိုတာကို အသိပေးပါတယ်နော်...
မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံရဲ့
ဂုဏ်ကိုမြှင့်တင်ဖို့အတွက်က ဒီလိုဟာမျိုးတွေနဲ့မပတ်သက်မိဖို့လိုပါတယ်.

နောက်ဆုံးရာသီပေါ်ရက်မမှတ်မိသော အမျိုးသမီးများ မီးဖွားရာတွင် သက်ရောက်မှုများရှိ
7 days News Journal   ၀တ်ရည်အောင် ရန်ကုန်၊ ဖေဖော်ဝါရီ-၂၃အတွဲ (၁၀)၊ အမှတ်(၅၀)
နောက်ဆုံးရာသီပေါ်ရက်ကို  မမှတ်မိသော အမျိုးသမီးများသည် ခန့်မှန်းမွေးရက်ကျော်သည့်အတွက် ဗိုက်နာအောင် ဆေးထည့်ရခြင်း၊ မွေးကင်းစကလေးဆောင်တွင် ဆေးရုံတက်၍ ကုသရခြင်းများ ပိုမိုများပြားကြောင်း ပြုလုပ်ထားသည့် သုတေသနစာတမ်းများမှ သိရသည်။
ထိုစာတမ်းသည် နောက်ဆုံးရာသီပေါ်ရက်အား မမှတ်မိသော ကိုယ်ဝန်ဆောင် အမျိုးသမီးများ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များအား လေ့လာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး သုတေသနကို ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆရာဝန်သုံးဦးက   ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) ၂၀၀၈ မှ ၂၀၁၀ ပြည့်နှစ်အထိ လေ့လာထားခြင်းဖြစ်ကာ ပြီးခဲ့သည့်လအတွင်း  ပြု လုပ်ခဲ့သည့် ဆေးသုတေသနညီလာခံတွင် အဆိုပါ စာတမ်းအားဖတ်ကြားခြင်းဖြစ်သည်။
နောက်ဆုံးရာသီပေါ်ရက်အား မမှတ်မိသော ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် လေစုပ်၊ ညှပ်ဆွဲ၍ မွေးဖွားရခြင်း၊ ခွဲစိတ်၍မွေးဖွားရခြင်း အချို့ရှိခဲ့ပြီး ကလေး၏ ကိုယ်အလေးချိန်နှင့် ကလေးကျန်းမာမှု၊ မွေးမွေးချင်း ကလေးသေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှုများမှာ သိသာသော ကွာခြားမှုများ မရှိကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။
 “နောက်ဆုံးရာသီပေါ်ရက်ကို မမှတ်မိတဲ့ ကိုယ်ဝန်ဆောင်တွေက ရာသီမမှန်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်တားဆေးသုံးတဲ့ သူတွေနဲ့ ကလေးနီးခြင်းတို့နဲ့သက်ဆိုင်တယ်” ဟု သုတေသနပြုခဲ့သည့် ကျွမ်းကျင်သူများကအဆိုပါ စာတမ်းဖတ်ပွဲတွင် ပြောကြားခဲ့သည်။ထိုသုတေသနတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၆၈ ဦးကို  လေ့လာခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ နောက်ဆုံးရာသီပေါ်ရက်အား  မမှတ်မိသည့် အမျိုးသမီးမှာ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထိုကဲ့သို့ မမှတ်မိခြင်းတွင်လည်း ပညာအရည်အချင်းနည်း သော၊ မိသားစုဝင်ငွေနည်းသော ကလေးများသော အမျိုးသမီးများတွင် ပိုမိုတွေ့ရပြီး ကိုယ်ဝန်ဆောင်ကာလတွင် မည်သည့် ဆိုးကျိုးမှ ဖြစ်ပွားလေ့မရှိကြောင်း သိရသည်။

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုတာ

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုတာ           
 တလောက ဂျော့ဆိုရော့ ဗမာပြည်လာပြီးနောက်မှာ  အရှေ့ဥရောပမှာ ဆိုရော့ဘယ်လိုမွှေခဲ့တယ် ဗမာပြည်ကို အနောက်ကျွန်ဘဝသွင်းတော့မယ်ကာကွယ်ရမယ် တားဆီးကြဆိုတဲ့  အလွန်အကျွံဖြဲခြောက်ထားတဲ့ ကွန်မြူနစ်ဝါဒသက်ဝင်နေသေးသူတယောက်ရဲ့(ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုတာဘာညာ) ဘာသာပြန်ဆောင်းပါးလေး မိတ်ဆွေတယောက် အီးမေးပို့ထားလို့ဖတ်မိတယ်။အင်ဂလိပ်လို ဖတ်ချင်သူတွေအတွက် လင့်ကဒီမှာပါ။
http://www.mindfully.org/WTO/2003/George-Soros-Statesman2jun03.htm
           ဘာသာပြန်ဆရာလေးက ကျနော့ကို ဘလော့ထားလို့ ဖဘက မြန်မာ လင့်ထည့်မပေးနိုင်တာ ခွင့်လွှတ်ပါ။
         Americanisation လို့ဘဲ ခေါ်ခေါ် လစ်ဘရယ်ဒိမိုကရေစီလို့ဘဲ ကင်ပွန်းတပ်တပ် လူထုကသာလက်မခံရင် ဒီ အရှေ့ဥရောပ ဆိုရှယ်လစ်အုပ်စုကြီးပြိုကျသွားစရာ ပါတီစုံစနစ်ကိုပြောင်းသွားစရာမရှိဘူးလို့ မြင်ပါတယ်။ ဆိုဗီယက်တွေလဲ အနောက်မကောင်းကြောင်း ဝါဒဖြန့်ခဲ့တာ နှစ် ခြောက်ဆယ်ကျော်ခဲ့တာဘဲ။ ရှင်းရှင်းပြောရရင် မြန်မာတွေ ၁၉၃၀ကျော်ကစ ၁၉၉၀ အစောပိုင်း ထိ  တိမ်းညွတ်ခဲ့တာ ဆိုရှယ်လစ်ဝါဒပါ။ တရုတ်အောင်အောင်မြင်မြင် တည်ရှိနေရခြင်းဟာလည်း ဆိုရှယ်လစ်စီးပွါးရေး မူဝါဒတွေကို စွန့် ခဲ့လို့သာပါ။ လူနေမှုအဆင့်မြင့်လာရင်  နိုင်ငံရေး လွတ်လပ်ခွင့်တွေ မျိုးဆက်သစ်တွေတောင်းလာရင် ဘယ်လိုကိုင်တွယ်မလဲဆိုတာကြည့်ရအုံးမှာပါ တီယန်နန်မင် လိုမျိုးဘဲဖြစ်ဖြစ် ငြင်သာစွာဘဲဖြစ်ဖြစ် တရုတ်လဲ ရွှေ့ရမှာ အနှေး အမြန်ပါဘဲ။ လက်တွေ့အကောင်အထည်ဖော်ရာမှာ အလုပ်မဖြစ်လို့ သာ နိုင်ငံတွေမွဲ ပြည်သူတွေ  မွဲပြီး တော်လှန်ရေးတွေ တောက်လျှောတ်ဖြစ်ပြီး ဇီဝိန်ချုပ်သွားတာပါ။ ဆိုလိုတာက အနောက်ရဲ့ လက်တံဟာ အရှေ့ဥရောပ အုပ်စုကြီးပြိုကျသွားမှုမှာပါခဲ့တယ်။ မလွဲမသွေဖြစ်မဲ့အုံကြွမှူတွေကို အရှိန်မြန်စေခဲ့တာ ထောက်ကူခဲ့တာမှန်ပေမဲ့ လူထုရဲ့ ထောက်ခံမှုကျဆင်းစေတဲ့ မကျေနပ်မှုတိုးပွါးစေတဲ့ ချစားမှု အာဏာအလွဲသုံးစားမှုတွေ ပေါ်လစီအမှားတွေ စတာတွေကသာ အဓိကအကြောင်းရင်းဖြစ်ပါတယ်။
         တဆက်တည်းပြောချင်တာက ရှစ်ဆယ့်ရှစ်က ပွင့်လင်း လူ့အဖွဲ့အစည်းလို့ ဆိုတာလဲ  ဂျော့ဆိုရော့ စနက်မကင်းသယောင် ဒေါ်စု မဲဆွယ်ပွဲတွေဟာလဲ သူ့အထောက်အပံ့ပါသယောင် မှတ်ချက်များလည်း အရေးများလည်း ဖတ်လိုက်ရပါတယ်။ ပြည်ပမှ အဝေးရောက်သုံးသပ်သူတချို့ဟာ လက်ရှိ လုပ်ကိုင်နေတဲ့လူထု ခေါင်းဆောင်များကိုအထင်တသေးနဲ့ အနောက်ကျွန်လို့စွတ်စွဲ တံဆိပ်ကပ်လိုဟန်ရှိပါတယ်။ အရင်ကလဲ ကွန်မြူနစ် တံဆိပ်ကပ်ပြီး ဘိုခင်ညွန့်ကဆော်ခဲ့ဘူးသလို အနောက်မယ်တော်ကြီးလို့လဲ ယခင်စစ်အစိုးရက သမုတ်ခဲ့ဘူးပါတယ်။ ပြောရရင်  ရှစ်ဆယ့်ရှစ်မျိုးဆက် နဲ့ ဒေါ်စုဟာ အနစ်နာခံခဲ့ကြသလို တိုင်းပြည်မနာဖို့ စေ့စပ်ညှိနှိုင်းဖြေရှင်းရေးကို ဘာအာဃာတမှမထားလုပ်နေကြတာပါ။ ပြူပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ လက်ရှိခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းတွေနဲ့ဆွေးနွေးတာအညံ့ခံတာမဟုတ်ပါဘူး။ တယူသန်အပြုတ်တိုက်ရေးကို အော်ပြီး  ပြည်သူတွေမြေစာပင်ဖြစ်တာ မကြည့်ရက်လို့ရတဲ့အခွင့်အလမ်းကို ဖမ်းကိုင်ပြီး  နှစ်ဘက်ဆွေးနွေးတာပါ။ နိုင်ငံရေးအရ စွန့်စားတာပါ။လိုအပ်ရင် ထိပ်တိုက်ရင်ဆိုင်ဖို့လဲ ဝန်လေးမှာမဟုတ်ပါဘူး။မကူညိချင်တောင် မနှောင့်ရှက်သင့်ပါဘူး။စစ်ကျွန်ဘဝကလွတ်အောင်လုပ်ရင်း  ပြည်သူတွေကို အနောက်ကျွန် အဖြစ်မခံသလို တရုတ် ရပ်ရှားကျွန်လဲ အဖြစ်ခံမှာမဟုတ်ပါဘူး။သူတို့တတွေဟာ ခြောက်လဲမကြောက်  မြှောက်လဲမမြောတ်သူတွေပါ။ ၁၉၈၈ အရေးတော်ပုံကစ နိုင်င်ငံတ၀ှမ်းကို ကိုင်လှုပ်ခဲ့တဲ့ သူတို့အမည်ဂုဏ်ပုဒ်တွေအပေါ်မှာ သာယာနေတဲ့ လူတွေ မဟုတ်ဘူးဆိုတာကိုတော့ သမိုင်းကို ပြန်လေ့လာနိုင်ပါတယ်။
        မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်မြင့်လာတာပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်မြင့်လာတာကို ဒိလိုလှန့်လုံး ခြောက်လုံးတွေနဲ့ အဝေးကသင်းကြန်အမြောက်ပစ်လဲ အရှိန်ရပ်သွားမှာမဟုတ်သလို ဖုန်တောင် ထမှာမဟုတ်ဘူးလို့ ဆိုပါရစေ။ ကျနော်တို့တတွေ ဘယ်သူသွေးထိုးလို့မှ မဟုတ်ပါဘူး။ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဘဲ လိုချင်ပါတယ်။ မြောက်ကိုရီးယားလို့ တံခါးပိတ် နိုင်ငံကိုပြန်သွားဖို့ မစဉ်းစားတော့ကြောင်းပါခင်ဗျာ။   (နီလင်း)

*****ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ ကွဲအောင်လုပ်ဖို့ အထိ သူ့မှာ အကြံအစည်ရှိနေ*****

လွှတ်တော်ဆွမ်းဆန်စိမ်းအတွင်း ကြွက်ချေးအောင်သောင်း by-စည်းလုံးခြင်းရဲ့ အင်အား

အစိုးရအဖွဲ့ထဲမှာ လိုက်မွှေနေတယ်လို့ လူပြောများနေတဲ့ ယခင် စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း အကြောင်းကို အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများထံမှ သတင်းထပ်မံ ပေးပို့လာပါတယ်။

တောင်သာသား ဦးအောင်သောင်းဟာ OTS - 30 ကျောင်းဆင်း ဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ ရရှိခဲ့ပါတယ်။ န၀တခေတ် မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ် နမခ တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်သွားချိန်တွင် မန္တလေး တိုင်းစစ်ဌာနချုပ်ရှိ နန်းတွင်း ဧည့်ရိပ်သာမှာ ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့အတူ လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကုန်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေးရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။
သူ့ရဲ့ အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှု ခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနှင့် ကုသမှု ပါရဂူဆရာဝန်များအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့်ခွင့် ရခဲ့ပါတယ်။ န၀တခေတ် စက်မှု (၁) ၀န်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေးရေ၀န်ကြီးမှ စက်မှု (၁) ၀န်ကြီးအဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ် ကုမ္ပဏီနှင့် အဂတိ လိုက်စားမှု လုပ်နေတာကို ထောက်လှမ်းရေး ခြေရာခံ လိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့ ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့ ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ် ယူလိုက်တယ်လို့ သိရပါတယ်။ စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု (၁) စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ်တက်လာတော့ စက်မှု (၁) ကို ဖြုတ်လိုက်တာမို့ ၀န်ကြီး ဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့ ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာအပ်ထားတာ ဖြစ်ကြောင်း သိရှိရပါတယ်။ သူ့သား ဦးနေအောင်က တော့ အောင်ရီဖြိုး ကုမ္ပဏီ စတင် တည်ထောင်ပြီး နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္မဏီအကောင့်တွေနဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။

လက်ရှိကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ထဲမှာ သူအရင်တုန်းက လာဘ်စားခဲ့တာ အရေးယူခံရမှာစိုးလို့ နေရာတစ်ခုရအောင်ယူပြီး ကုပ်ကပ်နေတယ်လို့ သိရှိရပါတယ်။ ယခင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်ပြုတ်တဲ့ကိစ္စမှာလည်း သူ့လက်ချက်မကင်းကြောင်း ဆိုပါတယ်။ ဦးအောင်သောင်းဟာ ဘယ်လောက်အထိ လိမ်ညာလာဘ်စားသလဲဆိုရင် ကျောက်ဆည်မှာ စွပ်ကျယ်စက်ရုံဖွင့်ပွဲလုပ်ရာမှာ စက်ရုံက ကောင်းစွာမလည်နိုင်သေးတာမို့ တရုတ်နယ်စပ်ကနေ စွပ်ကျယ်တွေဝယ် ပြီးရင် စက်မှု (၁) တံဆိပ်တပ်ကာ သူ့စက်ရုံကနေ ထုတ်တဲ့ပုံစံမျိုးလုပ်ကာကာ လိမ်ညာခဲ့ပါတယ်။ ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန် မတူကြောင်း အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ ကွဲအောင်လုပ်ဖို့ အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့ ကြားသိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့် သမ္မတကတော့ သူ့ကို မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ တဆင့် တင်ပြလိုက်ရပါတယ်။

မြန်မာ့သဘာဝ ဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံကျော်လောက် စာရင်းပျောက်တဲ့ကိစ္စ နှင့် မြန်မာ့လေယာဉ်အရောင်းအ၀ယ်

မြန်မာ့သဘာဝ ဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံကျော်လောက် စာရင်းပျောက်တဲ့ကိစ္စ မီဒီယာသတင်းတွေထဲ ပျံ့လွင့် ခဲ့ပါတယ်။ ရလိုက်တဲ့ ဒေါ်လာတွေကို လက်ရှိပေါက်ဈေးနဲ့ (တဒေါ်လာ ၆ ကျပ်နှုန်းနဲ့) ဖြတ်ပြီး ကျန်တာတွေ ဗိုလ်ချုပ်များအိတ်ကပ်ထဲ ရောက်ကုန်ပြီလို့ ပြောကြ ပါတယ်။
ဓာတ်ငွေ့ကရတဲ့ ဒေါ်လာတွေ ဘယ်ကိုများ စီးထွက်ကုန် သလဲလို့ တွေးနေတုန်း အစိုးရက ရုရှဆီကနေ စစ်လေယာဉ် ဒေါ်လာသန်း (၆၄၁) ဖိုး မှာ ခဲ့ ကြောင်း တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာ သန်း (၂၀) စီတန်တဲ့ MIG 29 အမျိုးစား တိုက်လေယာဉ်အစီးပေါင်း (၂၀) နဲ့ တစီးကို ဒေါ်လာ (၈) သန်း ကျော်တန် ရဟတ်ယာဉ် (၈ စီးကနေ ၁၀စီးအထိ)နအဖ မှာယူ် ပီးယခင် ၂၀၀၁ ခုနှစ် တုန်းကလည်း ထိုင်းနယ်စပ် စစ်ရေးပြဿနာပြီးပြီးချင်း MIG29 တိုက်လေယာဉ်(၁၂)စီး နအဖတို့ဝယ်ယူခဲ့ပါတယ်။ရုရှလေယာဉ်တွေကိုတရုတ်လုပ်J-10နဲ့FC-1 မျိုးအစားတရုတ်စစ်လေယာဉ်တွေနေရာမှာအစားထိုးသွားမှာဖြစ်ကြောင်းသိရပါတယ်။ 
ဒါကလည်းတရုတ်တို့ဆီကပေါချောင်ကောင်းတွေနဲ့အလုပ်မဖြစို့တာသဘောပေါက်လာကြတာ ဖြစ်ပါလိမ့်မယ်။ ရုရှမော်ဒယ် တွေကို ပုံတူကူး ပေါချောင်ကောင်း တရုတ်လေယာဉ်ထက်စာရင် မူရင်း ရုရှလေယာဉ်စစ်စစ်တွေ ဘက်ကို နအဖတို့ တခါပြန်ပြီး ဦးလှည့်လာခြင်းပါ။ ရုရှလုပ် MIG 29 လေယာဉ် ၀ယ်ယူလိုက် တာကြောင့် နဂိုတရုတ်လုပ် J-10 /FC-1 လေယာဉ်တွေဝယ်မယ့် အစီအစဉ်လည်း ပျက်သွားပါတော့တယ်။
အီလူးရှင်း (Ilyushin)၊ တူပိုလက် (Tupolev)၊ ဆူခွိုင်း (Sukhoi)၊ အန်တို နော့ (Antonov)၊ မီကိုယန် (Mikoyan) လေယာဉ်ကုမ္ပဏီ အစုရှယ်ယာများကိုပါ ရုရှနိုင်ငံပိုင် လေကြောင်းကော်ပိုရေးရှင်းက ၀ယ်ယူခဲ့ပါတယ်။ MIG ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ (၁၁) ဘီလီယံဖိုးရှုံးခဲ့ပြီး အကြွေး (၄၄) ဘီလီယံ ရူဘယ် (အမေရိကန်ဒေါ်လာ ၂၅ သန်း) တင်နေပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အယ်ဂျီးရီးယားနိုင်ငံကလည်း MIG 29 လေယာဉ် (၃၄) စီး ဒေါ်လာ (၁၁) သန်းဖိုး ကန်ထရိုက်စာချုပ် ပျက်ခဲ့ပြီး လေယာဉ် (၁၅) စီး ပြန်ပို့ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်အင်ဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ လက်နက် တင်သွင်းသူတွေကို ပေးဖို့ MIG ကုမ္ပဏီဟာ ဒေါ်လာ သန်း (၈၀) လောက် အကြွေးတင်နေပါသေးတယ်။
ဒါကြောင့် ရုရှလေကြောင်းကော်ပိုရေးရှင်းက မြန်မာအစိုးရကို ၂၀၀၉ နိုဝင်ဘာလအတွင်း ခရီးသည်တင်လေယာဉ် (၂) စီး အလကား ပေးခဲ့ပြီးနောက် MIG 29 လေယာဉ် (၂၀) နဲ့ ရဟတ်ယာဉ်တွေ အရောင်းအ၀ယ် ဖြစ်သွားတာကတော့ ရိုးရိုးရှင်းရှင်း ရောင်းဝယ်ခြင်းမျိုး မဟုတ်နိုင်ပါဘူး။ MIG 29 တိုက်လေယာဉ်တွေ မြန်မာကို ရောင်းချ ပေးတာဟာ ၂၀၀၈ ခုနှစ် အယ်ဂျီးရီးယားကို (၃၄) စင်း ရောင်းချပေးပြီးတဲ့နောက် ဒုတိယမြောက် အများဆုံးရောင်းချခြင်း ဖြစ်ပါတယ်။ 
ရုရှ MIG 29 တိုက်လေယာဉ်တွေကို အရည်အချင်း ထပ်မမြှင့်တင်နိုင်ခဲ့တာ ၁၉၉၀ လွန် ရုရှကွန်မြူနစ်စနစ် ပျက်ပြီးကတည်းကပါ။ အခု MIG 29 လေယာဉ်တွေအားလုံးဟာ ဆိုဗီယက်ခေတ်လုပ် ၁၉၈၃ ခုနှစ်မော်ဒယ်တွေသာ အများစုဖြစ်ကြပါတယ်။ များမကြာမီကမှ ရုရှတို့ နောက်ထပ်ထုတ်လုပ်တဲ့ (Sukhoi) SU-27၊ MIG 31 လေယာဉ်တွေနဲ့အတူ MIG 29 ကို ပြပွဲထုတ်ပြသပြီးနောက် မကြာခင် နအဖတို့ကို အခုလို ရောင်းချပေးခဲ့တာပါ။ ၂၀၀၈ ခုနှစ်က ၀ယ်ယူတဲ့ အစီးရေ (၃၄) စီးမှာ MIG 29 လေယာဉ် (၁၅) စင်းကို အယ်ဂျီးရီးယားတို့ ပြန်ပို့ခဲ့တာကလည်း သူတို့မျှော်မှန်းထားသလို အရည်အချင်းမမီတာကြောင့်လို့ သိရပါတယ်။
ခေတ်မမီတော့တဲ့ MIG 29 လေယာဉ်တွေဟာ သိပ်မကြာသေးခင် ၂၀၀၈ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တုန်းက အရှေ့ဆိုက်ဗေးရီးယားမှာ ဒုတိယအကြိမ်မြောက် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အခုလေယာဉ်ကိစ္စလို နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စမှာလည်း မြန်မာတို့အပေါ် ရုရှတွေ မရိုးသားခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် မေ (၁၅) ရက်နေ့မှာ ရုရှအဏုမြူစွမ်းအင်အေဂျင်စီ (Rosatom) နဲ့ မြန်မာတို့ (၁၀) မီဂါဝပ် နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ နှစ်ဘက်သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ကမ်းလှမ်း ခဲ့ပေမယ့် ၂၀၀၅ ခုနှစ် သဘောတူ စာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်း မြန်မာတို့ဘက်က ကျသင့်ငွေတွေ အပြည့်အ၀ မပေးချေနိုင်လို့ (ငွေသားမဟုတ်ဘဲ ပစ္စည်းတွေနဲ့ ပေးချေလို့) ရုရှားဘက်က နောက်ဆုတ်သွားခဲ့ကြောင်းသိရပါတယ်။
အခုလည်းပျက်တော့မယ့်MIGကုမ္ပဏီကလေယာဉ်တွေမြန်မာဘက်ထိုးရောင်းတာဟာ ယ်ဂျီးရီးယားမ၀ယ်တဲ့လက်ကျန်တွေပါ။အမြတ်မရှိရင်ရုရှတို့ကဘာမှမလုပ်ပါဘူး။ ကန်ထရိုက်စာချုပ်ကို ငွေနဲ့မပေးချေဘဲ ကုန်ပစ္စည်းနဲ့ ပေးချေတဲ့ စနစ်မျိုးကိုလည်း ရုရှတွေ လက်မခံတတ်ပါဘူး။
ရုရှဘက်က ၀ယ်ခဲ့တဲ့ Mil Mi 17 ရဟတ်ယာဉ်တစီး အရည်ချင်းမမီ စက်ချွတ်ယွင်းပြီး ပျက်ကျလို့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး သီဟသူရစစ်မောင်၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဗိုလ်ချုပ်လွန်းမောင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွန့် တို့အပါအ၀င် စစ်သည်(၂၉) ဦး သံလွင်မြစ်ထဲပျက်ကျပြီး (၁၄) ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ဖြစ်ပွားခဲ့ပါသေးတယ်။ ခေတ်မမီတော့တဲ့ လေယာဉ်တွေ ၀ယ်ယူတဲ့အတွက် အကျိုးခံစားရတာ လေချုပ်ကြီး မြတ်ဟိန်းနဲ့ (ကကနက်ချုပ်) ဗိုလ်ချုပ်ကြီးတင်အေး(ဦးတင်အေး) အပါအ၀င် နအဖဗိုလ်ချုပ်တွေသာ ဖြစ်ပါလိမ့်မယ်။ ဒါတွေကို မောင်းနှင်ကြမယ့် လေသူရဲတွေ အကျိုးရှိမရှိ ဆိုတာကိုတော့ MIG 29 တိုက်လေယာဉ်တွေ စစ်ဆင်ရေးကောင်းကင်ပေါ်ရောက်မှ သိကြရမှာပါပဲ။ ။
(ဥာဏ်ကြီးရှင်Wise Guy)

ကိုမျိုး (မြန်မာစာ) : 'အကန်းတစ်ယောက်၏ညနေခင်း'

ဟိုယခင်က 'အကန်းတစ်ယောက်၏ညနေခင်း' ဆောင်းပါးရေးခဲ့သူ စာနယ်ဇင်းသမား ကျွန်
တော်သည် မျက်စိကန်းသူဟု ဆိုပါက တစ်ဖက်သာကန်းသူအဖြစ်ကျွန်တော် ခပ်ဖွဖွလေးသာ ဆိုပါတော့မည်။
အကြောင်းကတော့ကျွန်တော် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရှုတ်ချလိုသူ ရှိနေ၍ပင်......................
x x x x x x x
ညနေခင်း ရုံးဆင်းပြီးစ တိတ်ဆိတ်သွားချိန်မို့ တဒေါက်ဒေါက်မြည်သံက သိသာလွန်းလှသည်။
ထိုအသံသည် ကျွန်တော့်ရုံးခန်းဆီဦးတည်လာနေကြောင်း သတိပြုမိလိုက်သည့်အခိုက်မှာပင် အခန်း
တံခါး ပွင့်ဟလာပြီး ဝှိုက်ကိန်း(မျက်မမြင်သုံး လမ်းလျှောက်တုတ်)တစ်ချောင်းနှင့် လူငယ်တစ်ဦးကို
တွေ့ရသည်။ ''မျက်မမြင်တစ်ဦးပါလား''။ တကယ်ဆို ကျွန်တော်နှင့်မျက်မမြင်တို့ ပတ်သက်ဆက်စပ်မှု
မရှိခဲ့သည်မှာ ကြာပြီဆိုနိုင်လောက်၏။ မှတ်မှတ်ရရဆိုရလျှင်ဒ‘ါရိုက်တာ မအိအိခိုင်၏ 'ရတနာ'အမည်ရ
ရုပ်ရှင်ဇာတ်ကားကြီးအား မျက်မမြင်တွေကို ပြသပေးခဲ့ကြစဉ်က နောက်ဆုံးဖြစ်မည်ထင်။ ဟုတ်ပါသည်၊
ကျွန်တော်တို့တစ်တွေ မျက်မမြင်တွေကိုရုပ်ရှင်ပြသခဲ့ဖူးသည်။''မျက်မမြင်တွေ ရုပ်ရှင်ကြည့်
နိုင်လို့လား၊ဟုတ်ပါ့မလားမောင်ကာဠုရယ်'' ဟူ၍မေးလာလျှင်း`ဒါထက်တတ်သေး'ဟုလေးတော်တင်ခန်းက
ကာဋုဒါယီ ရွှေမန်းဦးတင်မောင်လေသံဖြင့်ပင် ကျွန်တော်ပြန်ညွှန်းချင်ချင်။ ထိုစဉ်ကကိုသူရ(လူရွှင်တော် ဇာဂနာ) ၏ အကြံအစည်၊ မအိ၏အကူအညီတောင်းခံမှုတွေဖြင့် ကျွန်တော်ကပရဟိတကျောင်းတွေ၊ လူမှုဝန်ထမ်း
ဦးစီးဌာန သင်တန်းကျောင်းတွေကိုရတနာဇာတ်ကား အထူးပွဲ ပြသနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးရသည်။
ကျွန်တော့်မိတ်ဆွေကျောင်းအုပ်ကြီးဒေါ်ယုယုဆွေ၏ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းက မျက်မမြင်
ကျောင်းသူ၊ ကျောင်းသားတွေပါဖိတ်ခေါ်ပြသပေးနိုင်ခဲ့ရာ ဇာတ်ကားအပြီးအင်တာဗျူးလုပ်ကြသည့်
အခါမျက်မမြင်တွေက ထိုဇာတ်ကားမှာ အအ (ဆွံ့အနေသူ)အဖြစ်သရုပ်ဆောင်သွားသူ နိုင်ငံကျော်
အကယ်ဒမီမင်းသားကြီးဦးကျော်သူကို ချီးမွမ်းခန်းဖွင့်ကြသည်။မျက်စိမမြင်ရသူတွေက ဇာတ်
ကားမှာ စကားတစ်ခွန်း တစ်ပါဒမှမဟဘဲ သရုပ်ဆောင်သွားသူကိုချီးကျူးသတဲ့။ မျက်မမြင်တို့အစွမ်း
အံ့မခန်း မဟုတ်ပါလား။ ကြာတော့ ကြာခဲ့ပါပြီ။
ကျွန်တော့်မိတ်ဆွေမယု (ဒေါ်ယုယုဆွေ)ပင်လျှင် မျက်မမြင်ကျောင်း၊ကျောင်းအုပ်တာဝန်
ကနေ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ကိုပြောင်းလဲ ထမ်းဆောင်နေပြီဖြစ်၏။
ယခု ကျွန်တော့်ရုံးခန်းတံခါးဝရောက်လာသူ မျက်မမြင်လူငယ်မှာထိုစဉ်က ဆုံဖူးတွေ့ဖူးသူတွေထဲ က
များလားဟူ၍တွေးရသည်။ အတွေးမဆုံးမီ ပေါ်ပြူလာနယူးစ်ဂျာနယ်၏မိတ်ဆွေ ဒေါ်ပပဝတီက လူငယ်၏
နောက်နားမှရှေ့သို့ ထွက်လာကာအကြောင်းစုံ ရှင်းပြရင်း လူငယ်နှင့်မိတ်ဆက်ပေးလာသည်။ မျက်မမြင်
လူငယ်မှာ ဒဂုံတက္ကသိုလ်၌ IR (နိုင်ငံတကာ ဆက်ဆံရေး)ပညာ တက်ရောက်သင်ယူနေသူ
တက္ကသိုလ်ကျောင်းသား မောင်ကောင်းထက်စံဖြစ်ကြောင်းနှင့် စာပေဝါသနာပါ၍ဂျာနယ်တိုက်ကြီး တစ်တိုက်သို့
ရောက်ဖူးသည်ရှိအောင် လာရောက်လေ့လာလိုခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ အံ့ပါပေ။ မျက်မမြင်က
ဂျာနယ်တိုက်ကို ရောက်ဖူးလို၊ လေ့လာလိုသတဲ့လား။ ဒေါ်ပပဝတီ(သခင်ဝတင်၏သမီး)သည် မျက်
မမြင်ကျောင်းတွေမှာ မေတ္တာဖြင့်လိုက်လံစာဖတ်လုပ် အားပေးနေသူပရဟိတသမားတစ်ဦးဖြစ်ကြောင်း
ယနေ့မှ သိရသလို မျက်မမြင်တစ်ဦးကို ယခုလို ဂျာနယ်တိုက်အရောက်ခေါ်ချလာလိမ့်မည်ဟုလည်း မထင်
မှတ်ထားလေတော့ ကျွန်တော်အံ့သြပေရောပေါ့။မောင်ကောင်းထက်စံ အမည်ရအနှီ မျက်မမြင်လူငယ် တက္ကသိုလ်
ကျောင်းသားအား ကျွန်တော် တအံ့တသြရှိရင်းဖြင့်ပင် အနီးကထိုင်ခုံမှာထိုင်စေဖြစ်ခဲ့သည်။ မျက်မမြင်ဟု
ဆိုမည့်သာဆိုရသည်၊ သူကအကင်းပါး၍ စကားလည်း အပြောကောင်းသား။ ယနေ့ ညနေ ဒဂုံ
တက္ကသိုလ်ကျောင်း အဆင်းအပြန်မှာ ဒေါ်ပပဝတီက ပေါ်ပြူလာဂျာနယ်၊ပေါ်ပြူလာသတင်းဂျာနယ်တိုက်သို့ သွားရန်
အကြောင်း ရှိသည်ဆိုခြင်းကြောင့်မြို့ထဲမှာ အချိန်းအချက်ပြုကာ လိုက်လာခဲ့ခြင်းဟု သူကဆိုသည်။ ခဝဲခြံ
မျက်မမြင်ကျောင်းကနေ မြောက်ဒဂုံရှိဒဂုံတက္ကသိုလ်သို့ ဘတ်စ်ကားအဆင့်ဆင့် ပြောင်းစီးပုံအကြောင်း
စကားစပ်၍ ပြောပြတော့ သူ၏နိစ္စဓူဝရင်ဆိုင်ရသည့် ကိစ္စတွေအတွက်ကျွန်တော် နားထောင်ရင်း ရင်မောရ
သား။ ထင်ထားသည့်အတိုင်းလည်းထိုမျက်မမြင်လူငယ်လေးမှာကျောင်းအသွား ကားတိုက်ခံခဲ့ရဖူးသည်ဟူ
၏။ သို့သော်လည်း သူက မျက်မမြင်ဘဝကို စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ကျွန်တော်တို့လို လူကောင်း
ပကတိတွေပင် ပြန်လည်အတုယူလောက်သည့် ခိုင်ကျည်သော စိတ်ဓာတ်တွေကို ထင်ဟပ် ပြောကြား
နေပြန်သည်။
''ကျွန်တော်က ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဂျမိုင်ကောင်မျက်မမြင်ကျောင်းကနေ ရန်ကုန်
မခမမ အသင်းက ခဝဲခြံမျက်မမြင်ကျောင်းကို ရောက်လာတာပါ။ကချင်ပြည်နယ်မှာပဲ ဆယ်တန်း
အောင်ပါတယ်။ဒ ‘ီကနေ့ထိတော့တစ်တန်းမှ မကျခဲ့ဖူးသေးပါဘူး။မကျအောင်လည်း ကြိုးစားရပါ
တယ်။ အရင်က ကချင်ပြည်နယ်ကအထက်တန်းကျောင်းမှာ မျက်မမြင်
တွေကို ကျောင်းတက်ပြီး ဖြေဆိုစေတာမျိုး မရှိခဲ့ပါဘူး။ဒ ‘ီလို ဖြေခွင့်ရအောင် ကျွန်တော် ကြိုးစားခဲ့ရပါ
တယ်။ ၉ တန်းကို အပြင်ဖြေအနေနဲ့အောင်ခဲ့ပြီး ဆယ်တန်းမှာ ကျောင်းကနေဖြေဖို့ ပညာရေးမှူးကို သွား
ဆွေးနွေးရတယ်။ တော်တော်လေးကြိုးစားပြီးမှ ကျွန်တော် ကျောင်းတက်ခွင့်ရတယ်။ အဲဒီမှာ ကျွန်တော့်
ခံယူချက် ချမှတ်ရတာကဒ ‘ီစာမေးပွဲကို ငါကျလို့မဖြစ်ဘူး၊ ကျသွားရင်ငါ တစ်ယောက်တည်း ကျတာ
မဟုတ်ဘဲ နောက်နောင် မျက်မမြင်တွေကို ကျောင်းမှာ ဖြေခွင့်ရလည်း မထူးပါဘူး ကျတာပါပဲ
ဆို ပြီး မျက်မမြင် ကျောင်းတွေတွင်းကဖြေခွင့်မရတော့မှာမျိုး မဖြစ်စေရဘူး။
ငါကြိုးစားမှဖြစ်မယ်လို့ကြိုးစားခဲ့တယ်။ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်တယ်။ ဘောဂနဲ့ သမိုင်း။
သမိုင်းကို ကချင်ပြည်နယ်တစ်ခုလုံးမှာ အမှတ်အများဆုံးနဲ့ အောင်တာ။မျက်မမြင်တစ်ယောက်အနေနဲ့
တိုင်းမှူးရဲ့ ဂုဏ်ပြုမှုကို ခံရတယ်''သူ့စကားကြောင့် ဂုဏ်ယူမှုကကိုယ့်ရင်ကို ကူးစက်ကာ ရဲရင့်ပြတ်
သားသော သူ့စိတ်ဓာတ်တွေကိုထင်သာ မြင်သာလာရသလို သူ့ကိုလေးစားသွားမိမလို
ဖြစ်ရသည်။''ကျွန်တော်IRတက်တာ သံအမတ်ကြီးဖြစ်ဖို့ မဟုတ်ပါဘူးဆရာ။မျက်မမြင်ဆိုတော့ သံတမန်လည်း
မဖြစ်နိုင်မှန်းသိပါတယ်။ဒါပေမဲ့ မျက်မမြင်ဆိုတာ၊ဒုက္ခိတဆိုတာ လောကအတွက် ဝန်ထုပ်ဝန်ပိုး အမှိုက်စ
တွေ မဟုတ်ဘူးဆိုတာ ပြချင်လို့ပါ။နိုင်ငံတကာဆက်ဆံရေးတွေသိတော့တတ်တော့ လူတွေနဲ့ဆက်ဆံရာမှာ
အထောက်အကူ ပြုနိုင်တယ်လို့တွေးမိလို့ပါ။ မျက်မမြင်လည်း လူတောထဲဝင်ဆံ့နိုင်တယ်လို့ ကျွန်တော်တို့
ကြိုးစားပြရမယ် ခံယူလို့ပါ။'မခမမ' က ဆရာဦးသိန်းလွင်ဆိုရင်ဘယ်နေရာဘယ်ဌာနမဆို ဝင်ဆံ့တယ် မဟုတ်လား''
သြော်...မျက်မမြင်ချာ တိတ်က သူ့ကိုလေးစားဖို့ ကျွန်တော့်နှလုံးသားကိုလာနှဲ့နေပါရော့လား။
လူတန်းစားခွဲခြားစိတ် ကျွန်တော့်ထံမှာ မရှိပေမယ့် မျက်မမြင်ထဲမှာဆရာဦးသိန်းလွင်လောက်သာ ကျွန်တော်
လေးစားဖြစ်ခဲ့သည်။ မခမမအသင်း အထွေထွေအတွင်းရေးမှူးဆရာဦးသိန်းလွင်၏ ဘဝ ဇာတ်
ကြောင်းကိုတော့ အဆိုကျော် အေးချမ်းမေ(နော်လယ်ထူး)၏ အစ်မသရုပ်ဆောင်နော်လယ်ဖောတို့ရိုက်သည့် video
ဇာတ်ကားကြောင့် သိရှိခဲ့ရဖူးသည်။နဂိုမျက်စိအကောင်း ကိုယ်အင်္ဂါအစုံအလင် ပညာတတ် လူငယ်တစ်
ယောက်အဖြစ်ကနေ ဓာတ်ခွဲခန်းပေါက်ကွဲမှုကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရ၊ မျက်စိကွယ်ခဲ့ရသူဖြစ်ပေမယ့်
ဦးသိန်းလွင်မှာ အတွေးအခေါ်တွေမချို့ယွင်းသလို လောကကောင်းကျိုးတွေကို သာမန်ထက်ပင် ပိုမိုမြင်တတ်၊ စွမ်းဆောင်တတ်သည့်ပုဂ္ဂိုလ်အဖြစ် ကျွန်တော် လေးစားခဲ့ခြင်းပင်။နှစ်ထပ်ကွမ်း ဒုက္ခိတဟုဆိုရမည့် မသန်စွမ်း
ဘဝနှင့်မျက်မမြင်ဘဝတို့ကို တစ်ပြိုင်တည်းရထားသူ နှစ်ထပ်ကွမ်း ဒုက္ခိတကြီးကို ယခု ကျွန်တော့်ရှေ့က မျက်
မမြင်လူငယ်လေးကအားကျအတုယူသည် ဆိုလျှင်ကျွန်တော်ထောက်ခံရပါတော့မည်။''တချို့က မျက်မမြင်တို့
ဒုက္ခိတတို့ဆိုရင် လာဘ်တိတ်တယ်လို့မြင်ကြတယ်။ အဲဒီလိုမြင်တဲ့အထဲမှာကျွန်တော့်ဆွေမျိုးအရင်းတောင်ပါခဲ့
တယ်။ ကျွန်တော့်အစ်မက ကျွန်တော့်ကိုချီပြီး . .အိမ်ကို သွားတတ်တယ်။ တစ်နေ့မှာ . .က လာဘ်
တိတ်တယ်ဆိုပြီး နောက်ဘယ်တော့မှ နင့်မောင်လေးခေါ်မလာနဲ့လို့ပြောလို့ အစ်မကတော်တော်စိတ်
မကောင်းဖြစ်သွားပြီး အဲဒီအိမ်လည်းဘယ်တော့မှမသွားတော့ဘူး။ လူ့လောကမှာဝင်ဆံ့ဖို့ဆိုရင် ပညာတတ်မှဆိုတဲ့
အတွေးနဲ့ စာကြိုးစားခဲ့တာပါ။''ထိပြန်ပါပြီ။ မောင်ကောင်းထက်စံ၏ စကားတွေ၊ ပစ်လွှတ်
ချက်တွေက ကျွန်တော့်နှလုံးသားကိုတည့်တည့်ပါပဲ။ လောကမှာ ဒုက္ခိတတွေကို အမှိုက်လို့၊ ဝန်ထုပ်ဝန်ပိုးလို့၊
လာဘ်တိတ်စေသူလို့ မြင်သူတွေထဲ ကျွန်တော်လည်းပါကောင်း ပါခဲ့ဖူးနိုင်သည်။ ထိုအမြင်မျိုး ကျွန်တော့်
မိတ်ဆွေတွေ၊ ဆွေမျိုးမိသားစုတွေထဲလည်း ရှိကောင်းရှိနေနိုင်၏။ လူ့ဘောင်လောကတစ်ခွင် ရှက်စရာ
ကောင်းသော အမြင်သေးသိမ်မှုမျိုးတွေ ပျောက်အောင် မွန်မြတ်စိတ်ထားရှင်တွေ ဘယ်လိုကြံဆောင်ပေး
နိုင်ပါမည်နည်း။ ကျွန်တော် အားကိုးတကြီး တိုက်တွန်းလိုပါသည်။လူ့လောကမှာ ကံအကြောင်းမလှ၍
ဒုက္ခိတဘဝ ရောက်နေကြသော်လည်း လှသောနှလုံးသားဖြင့် လူ့အဖိုးတန်တွေဖြစ်အောင် ကြိုးစား
ကြံဆောင်နေသူ တွေလည်းရှိကြောင်း ကြေညာမောင်းခတ်စေလိုသည်။ ကျွန်တော်တို့ထက် ပိုစွမ်းနိုင်ဆောင်သူတွေက လူသားတိုင်းသိအောင် ဆောင်ရွက်ပေးစေလို၏။ ကျွန်တော့်ကလောင်
ကဖြင့် သေးလွန်းလှပါသေးသည်။သိမ်ငယ်မိသောအခိုက်မှာ တစ်ခါကရွှေမြန်မာဂျာနယ်မှာ ကျွန်တော်
ရေးခဲ့သော 'အကန်းတစ်ယောက်၏ညနေခင်း' ဆောင်းပါးကို အမှတ်ရသည်။ သူငယ်ချင်း ဆရာမင်းခိုက်
စိုးစန်တို့၊ ဆရာမ ရှင်ဒေ ဝီတို့ကိုအကြောင်းပြု၍ သူတို့၏ ကောင်းမှုအလှူတစ်ခုဖြစ်သော အင်းစိန်ခဝဲခြံ
မျက်မမြင်ကျောင်းကအလှူ စာနယ်ဇင်းရှင်းလင်းပွဲသို့အရောက် ခံစားရသောအကြောင်းလေးကို ဆောင်းပါး
လုပ် ရေးခဲ့ခြင်းပင်။ ထိုစဉ်က မျက်မမြင်တွေအနေဖြင့် လောကကောင်းကျိုးဆောင်ရွက်နေမှုတွေကို မြင်
တွေ့၍ စာနယ်ဇင်းသမား ကိုယ့်အဖြစ်နှင့်ယှဉ်နှိုင်းကာ ညနေခင်းတိုင်း ကုမ္ပဏီပရိုမိုးရှင်းပွဲ၊ မော်ဒယ်
မွေးနေ့ပွဲတွေဖြင့် အချိန်ကုန်လေ့ရှိသော စာနယ်ဇင်းသမား ကျွန်တော့်ကိုယ်ကျွန်တော်အကန်းတစ်ယောက်
အဖြစ် ပျစ်ပျစ်နှစ်နှစ် အပြစ်တင်ဆိုကာ ရေးခဲ့သည်။ အများက ချီးကျူးသော မျက်မမြင်များအကြောင်း
ရေးသားခဲ့မှု ထိုဆောင်းပါးအတွက်ကျွန်တော် ဂုဏ်တက်ချင်သလိုလိုစိတ်ကြီးဝင်ခဲ့ဖူးကြောင်းလည်း ဝန်ခံ
လို၏။ သည့်နောက် ကျွန်တော်သူတို့အကြောင်း ဘာမျှမရေးဖြစ်ခဲ့တော့ကြောင်း ယခုမှ သတိရ
တော့၏။ ကျွန်တော်တစ်ယောက်တော့ အယ်ဒီတာစားပွဲထိုင်ကာဝါးလုံးခေါင်းထဲ လသာနေခဲ့ပြီဆိုကြ
လေမလား။ နာလိုခံခက်စကားတွေအတွက် ကျွဲမြီးတိုစရာတော့ မမြင်ပါ။ ယနေ့ ကျွန်တော် မမျှော်လင့်ဘဲ
တွေ့လိုက် ဆုံလိုက်ရသူ မောင်ကောင်းထက်စံမှာ မွေးကတည်းကမျက်စိနှစ်ကွင်း အလင်းမရဘဲ၊ လူ့
လောကအလှကို မမြင်ဖူး၊ မတွေ့ဖူး၊မခံစားဖူးသော်လည်း လောကကြီးကို အလှဆင်နိုင်ဖို့ ကောင်းကျိုးတွေ
သယ်ပိုးဖို့ကို မြင်နိုင်စွမ်းရှိနေသည်ကြောင့် ကျွန်တော် အံ့သြရ၊ စိတ်များပင် သိမ်ငယ်သလိုရှိခဲ့ရသည်
မဟုတ်ပါလား။
x x x x x x x
ဟိုယခင်က 'အကန်းတစ်ယောက်၏ညနေခင်း' ဆောင်းပါးရေးခဲ့သူ စာနယ်ဇင်းသမား ကျွန်
တော်သည် မျက်စိကန်းသူဟု ဆိုပါက တစ်ဖက်သာကန်းသူအဖြစ်ကျွန်တော် ခပ်ဖွဖွလေးသာ ဆိုပါတော့မည်။
အကြောင်းကတော့ကျွန်တော် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရှုတ်ချလိုသူ ရှိနေ၍ပင်။မြင်သင့်မြင်ထိုက်
သော အတွေးအမြင်တွေ မရှိ၊ သိအောင် မြင်အောင်လည်းမကြည့်နိုင်သူ စာနယ်ဇင်းသမား ထိုသူအား စုံလုံးကန်းသွားသော အကန်းတစ်ယောက်အဖြစ် လက်ညှိုးငေါက်ငေါက်ထိုး၍ကျွန်တော်ဆိုချင်ပါသည်။
ထိုသူက အယ်ဒီတာစားပွဲထိုင်ကာမတုန်မလှုပ်ရှိနေသေးသော်'သောက်ကန်း' ဟုတွန်းထိုးဆိုကာ
အမည်သညာမှည့်ဆိုသမုတ်လိုက်ပါတော့မည်။သို့သော် အကြောင်းမသိသူတွေကတော့ထိုသူအား
ကိုမျိုး(မြန်မာစာ)ဟုသာဆက်လက်ခေါ်နေနိုင်ကောင်း၏။
Popular News Journal , Vol 1 ,No 26
ကိုမျိုး (မြန်မာစာ)

ဘယ်သူက အာလူး- ဘယ်သူက ခွပ်ဒေါင်းဆိုတာ

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မှာမိုလို့ ဒီအပေါ်မှာ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေတဲ့ ကြားက ၀င်အရွေးခံမယ့် ပါတီတွေကလည်း မဲဆွယ်ကြ၊ ဝေဖန် လေကန်ရေး သမားတွေကလည်း ရွေးကောက်ပွဲ ၀င်လဲ ထူးမှာ မဟုတ်ကြောင်း၊ လိမ်လည်မှုသာ ဖြစ်ကြောင်း ရေပက်မ၀င် ဝေဖန် နေကြပါတယ်။ 
ဘာပဲပြောပြော အင်အယ်လ်ဒီ ပါတီကဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ ပါတီ အတွက် လှည့်လည် စည်းရုံး မဲဆွယ်တရားဟော တာတွေ အင်တာနက်မှာ၊ ပြည်ပ ရေဒီယို အသံလှိုင်းတွေမှာ ကြားနေရပါတယ်။
အဖျက်အမှောင့် လုပ်ငန်း အဖြစ် အင်အယ်လ်ဒီ ပါတီ ဆိုင်းဘုတ် နေပြည်တော်မှာ အဖျက်ဆီးခံရတာ၊ တရားပွဲပျက်အောင် မန္တလေးနဲ့  ဧရာဝတီတိုင်း မြို့  အချို့မှာ တရားဟောဖို့ နေရာ အခက်အခဲ ဖြစ်စေတာ၊ လမ်းခရီးမှာ အုတ်တွင်းနယ် မိုင်တိုင် အမှတ် ၈၆ မှာ ညနေ ရ နာရီ ခွဲလောက်က လေးဂွ နဲ့ ချောင်း အပစ်ခံရတာတွေ ရှိပါတယ်။ ပြည်ပက တချို့ သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နအဖ နဲ့ ပူးပေါင်းရပါ့မလား၊ အမေရိကန် ကွန်ထရိုးနဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ သွားရပါမလားဆိုပြီး ဝေဖန် နေတာတွေ လည်း တွေ့ နေရတယ်။ဒေါ်အောင်ဆန်းစုကြည် သဘောတားကတော့ ရှင်းပါတယ်။ သူမ ရွေးကောက်ပွဲဝင်ရခြင်း ရည်ရွယ်ချက်နဲ့တကွ ပြည်ပ သတင်းသမားတွေကို ထုတ်ဖော်ပြောဆိုတာတွေ ကြည့်ရင် သိနိုင်တယ်။ အထင်ရှားဆုံးထဲက သူမ ထုတ်ဖော်ပြောဆို တာတွေ ပြန်ကြည့်ရင် -
 ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူးမှာ--
 ၀ါ။ ။ အခုပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ အစ်မ စိုးရိမ်မိပါသလား။
 စု။ ။ ကျမ အစိုးရိမ် မလွန်ပါဘူး။ ဒါပေမယ့် နောက်ကြောင်းပြန်လှည့်သွားနိုင်ခြေ တစ်ခုရှိတယ်လို့ ကျမ သတိထားပါတယ်။ ဒီဖြစ်နိုင်ချေကို မှိန်ဖျော့သွားရအောင် ကျမတို့ တော်တော်ကြိုးစားပမ်းစားလုပ်ရမယ် လို့ ကျမ ထင်ပါတယ်။ အခုဒီလုပ်ငန်းစဉ်ကို အမေရိကန်က အားပေးလုပ်ဆောင်နေတာကို ကျမ တကယ့်ကို လေးစားချီးကျူးမိပါတယ်။ မြန်မာနိုင်ငံအတွင်းက ကျမတို့တွေလည်း ဒီလုပ်ငန်းကြီးရဲ့ အဓိက အခန်းကဏ္ဌ ကပါဝင်မှဖြစ်မယ်လို့ ကျမထင်ပါတယ်။
 ၀ါ။ ။ တချို့ကပြောကြတယ်၊ အစိုးရက အခုလိုပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာက တရုတ်ရဲ့ သြဇာသက်ရောက်မှု နိုင်ငံမှာ အင်မတန်များလာနေပြီလို့ ယုံကြည်လို့၊ နောက်ပြီး အမေရိကန်နဲ့နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကို တန်ပြန်သြဇာ ထိန်းညှိတဲ့ ဟန်ချက်တစ်ခုအဖြစ် အလိုရှိလို့ လို့ပြောကြတယ်။ အစ်မရဲ့ အမြင်ကရော။
 စု။ ။ တရုတ်နဲ့ဆက်ဆံရေး နဲ့ဒါ ဆက်စပ်မှု မရှိပါဘူး။ ဗမာ့တပ်မတော်က အရာရှိအမြောက်အမြားဟာ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်း ရှိဖို့ အမြဲတမ်းအလိုရှိခဲ့ကြတာပါ။ အရင်တုန်းကလည်း ကျမတို့မှာ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါ တယ်။ တချို့ ဗိုလ်ချုပ်တွေဆို အမေရိကန်မှာ သင်တန်းတွေတက်ခဲ့ကြတာပါ။ အလုပ်သမား ၀န်ကြီး ဆိုရင် Fort Benning မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။
 နောက် တရုတ် အမေရိကန် ဆက်ဆံ ရေးနဲ့ ပတ်သက်ပြီး သူပြောတာတွေထဲက ---
မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့် ဆိုပြီး 2012-02-14 Rfa ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ကို လေ့လာကြည့်ရင် ----
တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
 တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ ကွမ်တုံပြည်နယ်အခြေစိုက် Southern People Weekly ခေါ် ဒက္ခိဏ လူထုမဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုခဲ့ကြောင်း The Wall Street Journal သတင်းစာကြီးက ဖော်ပြလိုက်တာပါ။
 မြန်မာနိုင်ငံဟာ အနာဂတ်မှာ တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ အားထုတ်သွားမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်သူတွေအနေနဲ့ မိမိတို့အပေါ် ပိုမို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ ကုမ္ပဏီတွေဟာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားမယ်လို့ မျှော်လင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ဘက်က ပွင့်ပွင့်လင်း ပြောဆိုပြီး သူသွားမယ့် လမ်းစဉ်ကို ချပြနေသလောက် ကွယ်ရာကနေ လက်သီးပုန်း ထိုးနေသူတွေကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို သုံးပြီး လူထု အားနဲ့ တိုက်ရင် စစ်အာဏာရှင် ပြုတ်ကျနိုင်တယ်လို့ ထောက်ပြ ပြောဆို နေကြပါတယ်။
 ခက်ကတာက အဲလိုထောက်ပြ ဝေဖန်နေတဲ့ လူတွေကိုယ်တိုင်က လွှတ်တော်ပ နိုင်ငံရေး သုံးပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ နှစ်( ၄၀ )နီးပါး၊ အနုနည်းအဖြစ် ပြည်သူကို ရှစ်လေးလုံးကစပြီး ပြည်သူ၊ ကျောင်းသား၊ ရဟန်းသံဃာကို မြှောက်ပေး၊ ဒေါ်အောင်ဆန်း စုကြည်ကို ၀န်းရံတယ်ဆိုပြီး အသုံးချ လို့ နည်းပေါင်းစုံနဲ့ နှစ်(၂၀) ကျော် တိုက်လိုက်ကြတာ စစ်အစိုးရက ပြုတ်မကျတဲ့ အပြင် စစ်သား ၁၉၄၈ တုန်းက စစ်သား ၁-သိန်း ရှိရာကနေ လက်ရှိ (၂၀၁၂)မှာ စစ်သား ၅ သိန်း အထိ အင်အား ကြီးလာတဲ့ အထိ ဖြစ်ခဲ့တယ်။သခင်အားရ ကျွန်ပါးဝ ဆိုတဲ့စကားလို အမေရိကန် တပ်ကြီး ၀င်လာရင် နအဖ စစ်အစိုးရနဲ့ ပေါင်းတိုက်မယ်ဆိုပြီး အော်သူတွေ ကလည်း အော်ခဲ့ကြတယ်။
 ဒါပေမယ့် အော်သူ ဆရာကြီး ဖိုးသံကျယ်နဲ့ သူ့ နောက်လိုက် တွေက လက်ရှိ အချိန်မှာ အမေရိကန် ထက်လွှတ်တော် အမတ်၊ အောက်လွှတ်တော် အမတ်၊ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကယ်လင်တို့ မြန်မာ ပြည်ကို ချောင်းပေါက်အောင် လာနေတာကို နိုင်ငံတကာရောက် အနီကြောင်တွေ ဘယ်မှာမှ ကန့် ကွက် ဆန္ဒ ပြတာ မမြင်ရတာ ထူးဆန်းနေတယ်။
 အနီကြောင်တွေ အားကိုးနေတဲ့ ဆရာ့ ဆရာကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားကိုလည်း ပြန်ကြည့်ပါဦး။ ရုရှားက ပူတင်ကိုယ်တိုင် မဲ မနိုင် -နိုင်အောင် ညစ်ပတ်ပြီး လွှတ်တော်ထဲက မခွါနိုင်အောင် လုပ်နေတယ်။
လွှတ်တော် ပြင်ပ ရောက်တာနဲ့ အာဏာလက်လွှတ်ရရင် ပူတင် ဘာဖြစ်သွားမလဲ။
 တရုတ်မှာလဲ ကွန်မြူနစ် ပါတီကြီးကို ဟန်ပြ ပါတီ ငယ်တွေ ရံပြီး ရွေးကောက်ပွဲ လုပ်ပြနေတယ်။ ဒီမိုကရေစီနိုင်ငံပါလို့ အော်ဟစ် ပြနေတယ်။
ဒါပေမယ့် ပြည်သူ အကျိုးကို တိုးတက်အောင် လုပ်ချင်တဲ့ ပါတီငယ်တွေကို အင်အားချိနဲ့ အောင် အမျိုးမျိုး လုပ်နေတာ မြင်နိုင်တယ်။
အခုတောင် လောလော လတ်လတ် နိုင်ငံရေးသမာေးတွကို ဖမ်းချင်သလို ဖမ်းနိုင်တဲ့ ဥပဒေသစ် ထုတ် လိုက်ပြန်ပြီ။
 ပြည်ပရောက် ရဲရဲနီနီ -ရန်ငါစည်းပြတ် တွေလည်း တပ်ပေါင်းစု မူနဲ့ သာလျှင် စစ်အစိုးရနဲ့ ဆွေးနွေးမယ် ပြောနေကြပြီးတော့ လက်တွေ့ မှာကြတော့ ကရင်ကတမျိုး၊ မွန်ကတမျိုး၊ အေဘီက တချိန်၊ လူ့ ဘောင်သစ်က တချိန် ၊ဒေါက်တာ နိုင်အောင်တို့က တစ်ရက်၊ မိုးသီးဇွန်က တနေရာ၊ အကွဲကွဲအပြားပြားနဲ့ တိုးတိုးတဖုံ၊ တိတ်တိတ် တသွယ် ပြည်တွင်း ၀င်ဖို့၊ ငြိမ်းချမ်းရေး ရဖို့ ဆိုပြီး ဆွေးနွေးပွဲတွေ လုပ်နေတာ မြင်ရတယ်။
 အထုပ်ကြီးကြီး ပိုင်တဲ့ လူတွေကလည်း ဆွေးနွေးပွဲ လုပ်ပြီး ပြည်တွင်း ၀င်ဖို့ အကွက်ချောင်းကြ၊ အ၈င်္လိပ် လို ဘွတ်ဘက်ရွှတ်ရှက် ပြောတတ်တဲ့ ၈၈ နောက်ပိုင်း ပြည်ပမှာ ထွက်ပြီး ဘွဲ့လေး ရထားတဲ့ ဒီမိုကြောင် တွေကလည်း အင်ဂျီအို ခွင်ဆက်မိဖို့ အတွက် နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဆိုတဲ့ စကားပုံလို သူ့ထက်ငါ လက်ဦးအောင် (ဟန်ဆောင်ကာ မူပို) မာန်မတင်း နိုင်ဘဲ မီးရထား ၀န်ကြီး ဦးအောင်သောင်းနဲ့ အလုအယက် စကားပြောနေကြပြီ။
ရဲဘော်ကြီး ကျော်သန်းကတော့ တပ်နီတော်တွေကြည့်ပြီး စေတနာ ဒေါသတွေ ပွင့်အန်တာလဲ တွေ့ ရတယ်။
 ပြည်သူအပေါင်းတို့ရေ။ --အေပြီလ ၁-ရက်နေ့ ဟာ လက်တကမ်း အလိုမှာ ပဲ ရှိပါတော့တယ်။
ဘယ်သူက အာလူး- ဘယ်သူက ခွပ်ဒေါင်းဆိုတာ သိလောက်ပါပြီ။ ဘယ်သူနဲ့ လက်တွဲရင် ထမင်းဝပြီး၊ ဘယ်သူနဲ့ ပေါင်းမိရင် ဗိုက်မှောက် ရမယ်၊ ဘယ်သူကို ဆရာတင်မိရင် အသက်ပါပျောက် ရမယ် ဆိုတာလဲ ခန့် မှန်း မိလောက်ကြပါပြီ။ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးပါလို့ လက်တို့ ပြောဖို့ လိုမယ်မထင်ပေါင်။

ရွေးကောက်ပွဲ လက်နက်ဖြင့် တိုင်းပြည် အပြောင်းအလဲ တာဝန်ကျေပြွန်အောင် လုပ်ဆောင် နိုင်ကြပါစေဟု ဆုမွန်ရည်လျှက်-----
 --ဖိုးသောကြာ  ထောင်ထွက် - နိုင်ငံရေး ဒုက္ခသည်(ပြည်ပ)
မျိုးတုန်းဖွယ် အန္တရယ်နဲ့ ကြုံတွေ့ နေရတဲ့ မြန်ကျမာတွေ ကျောက်စိမ်းသွားကြည့်ရတော့မယ်ဗျ .. နောင်လာနောင်သား တွေကျောက်စိမ်းကို သုံးစွဘို့မေ့ပြာနဲ့ မြင်ဘူးဘို့ပင်မလွယ်တော့ . . ..
ဖားကင်္န့ ဒေသ ကျောက်စိမ်းလုပ်ကွက် များ အား လက်ရှိအစိုးရသက်တမ်းအတွင်း မှာ အရှိန်မြှင့်လုပ်ကိုင်နေ. . . ကချင်ပြည်နယ်ဖားကန့်ဒေသကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အရှိန်မြှင့်တူးဖော်နေရတဲ့ အကြောင်းကို ကျောက်စိမ်းကုမ္မဏီ ဝန်ထမ်းတရုတ်အမျိုးသားတစ်ဦး ယခုလိုပြောပါတယ် . . . ကျွှန်တော်တို့ က နောက်အစိုးရတက်မလာခင် အပြုတ်ကိုလုပ်ဖို့ စီမံကိန်းရှိတယ် ။ ဒါကြောင့်မို့အရင်ကလုပ်ကွက်တစ်ခုဆို ဘက်ဟိုး လေးငါးစီးသုံးပေမဲ့ အခုဆို အကန့်အသတ်မရှိသုံးပြီးလုပ်နေရတာလေ ။ လုပ်ကွက်တစ်ခုမှာ စက်ယန္တရားသုံးစွဲတာတွေကန့်သတ်ထားတယ်မဟုတ်လားလို့ မေးတော့ ဘယ်လိုဘဲသတ်မှတ်သတ်မှတ် ပိုက်ဆံပေးရင် ရပြီလေတဲ့ ။ လက်ရှိဒီမှာ ရှိတဲ့ဌာနဆိုင်ရာနဲ့အဆင်ပြေရင်ဒီနယ်မြေမှာ ကြိုက်တာလုပ်လို့ ရပြီလေတဲ့ ။ ဒါကတော့ ဝန်ထမ်းတစ်ဦးကပြောပြသွားတာပါ ။ ဝန်ထမ်းဆိုပေမဲ့ ကိုယ်စားလှယ်ကြီးပါ ။ ဖားကန့်ဒေသမှာ ကျောက်စိမ်းများ အာလူးခင်းဖော်သလို ဒရစပ် စက်ယန္တရား အမြှောက်အများ သုံးပြီး လုက်ကိုင်နိုင်မှုမှာ မြင်ရသူမြန်မာနိုင်ငံသားများ သိရှိဘို့ တင်ပြလိုက်ပါတယ်ဗျာ ။ သဘာဝအရင်းအမြစ်များကို နှမျောရကောင်းမှန်းမသိ ရောင်းစားသူက ရောင်းစား ၊ မစာမနာ ဝယ်ပြီး ရက်ရက်စက်စက် လုပ်သူက လုပ် ။ သူတို့ကတော့ ဟုတ်နေကြတာပဲဗျာ ။ မြန်မာပြည်တစ်ခုတည်းသာ ထွက်တဲ့ ကျောက်စိမ်း ဈေးကြတော့ နှိမ်လိုက်တာ ဗျာ ။ တရုတ်ပြည် ရွှေလီ ၊ကြယ်ဂေါင် ၊ ရင်ကျန်း မြို့တွေမှာ ဟင်းရွက် ကန်ဇွန်းရောင်းသလိုရောင်းနေလေရဲ့ ။ ကျောက်စိမ်းတုံးကို ခြေထောက်နဲ့ကန်ပြီး ဒါဘယ်လောက်လို့ ဈေးမေးတဲ့ တရုတ်ကလဲ ရှိသေးဗျာ ။ မြင်ကွင်းတွေကတော့ ရင်နာစရာတွေကြီးပဲဗျာ ။ အရင်းစစ်တော့ ကိုယ့်လူက စပြီးမဟုတ်တာဗျ ။ သဘာဝ တွင်းထွက်တွေကို မိဘအမွေရတဲ့ ပညာမရှိသော သူဌေးသားလို တစ်ခုပြီးတစ်ခုရောင်းစားနေတဲ့ အုပ်ချုပ်သူ လူတန်းစား စစ်ဗိုလ်လက်တစ်ဆုတ်စာကြောင့် ဒီလိုဖြစ်ရတာပါ ။ အာဏာတည်မြဲရေး ၊ဆွေဝရေး မျိုးဝရေးလောက်သာသိတဲ့ လူ့အောက်တန်းစားတစ်ချို့ကြောင့် ဒီလိုဖြစ်ရတာလို့ပဲ မြင်မိပါတယ် ။ ကျောက်စိမ်းတွေ နှစ်စဉ် ဘယ်လောက်ထွက်နေပါစေ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံသားတွေ ဘာတစ်ခုမှမခံစားရ ပါ ။ ရုပ်ဆိုးအကျီးတန်သွားတာပဲရှိပါတယ် ။ ပျက်စီးသွားတဲ့ သဘာဝတောတောင်တွေ ၊လမ်းပန်းဆက်သွယ်ရေးတွေ ၊ဒါတွေဟာ တစ်နေ့တစ်ခြား ဆိုးဝါးလာတာဟာ လက်တွေ့ပါ ။ ဒါတွေကို အမျိုးသားရေး မြစ်ဆုံးကိစ္စလိုမျိုး ဆန်ရှင် လုပ်သွားကြဘို့ fb မိတ်ဆွေများကို တိုက်တွန်းချင်ပါတယ် ။ များများရှယ်ပေးကြဘို့ကို လည်း တိုက်တွန်းချင်ပါတယ် ။ by zawmoehetet

လွှတ်တော်တွင်း လွှတ်တော်ပ ဟန်ချက်ညီရေး ကြိုးစားပေး(ဦးဖိုးသာအောင်)

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် အချိန်မရွေး စစ်တပ်က ညစ်ပတ်ပြီး အာဏာပြန်သိမ်းနိုင်သည်။
ပုဒ်မ ၄၀၁ နှင့် လွှတ်လိုက်သည့် နိုင်/ကျဉ်းများကိုလည်း အချိန်မရွေးပြန်ပြီး ဖမ်းနိုင်သည်၊
 ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ကြိုင်တင်မဲနှင့် မတရားအနိုင်ယူပြီး စစ်ဗိုလ်၂၅ ရာနှုန်းက အလိုအလျှောက်ပါဝင်ပြီး အစိုးရသစ်ဆိုတာကို အဓမ္မဖွဲ့စည်းထားသည်။
အရပ်ဖက် ရာထူးကြီးများနှင့် အရေးကြီး နေရာများအားလုံးကို စစ်ဗိုလ်နှင့် စစ်ဗိုလ်ထွက်များက နေရာယူထားကြသည်။
 ဆိုက္ကားလိုင်းမှ လေယာဉ်လိုင်းအထိ၊
ပေါက်ပင်မှ ကျွန်းပင်အထိ၊
ချောင်းဖြတ် ကူးတို့မှ ပင်လယ်ဖြတ် သင်္ဘောလိုင်းအထိ၊
ငါးဇင်ရိုင်းမှ ဝေလငါးဖမ်းလုပ်ငန်းအထိ၊
ကျောက်စရစ်ခဲမှ ကျောက်စိမ်းနှင့် ပတ္တမြားအထိ၊
ရေမှ ရေနံအထိ၊
နှာစေချောင်းဆိုး ပျောက်ဆေးမှ အိတ်(ချ)အိုင်ဗွီဆေးအထိ၊
လက်ကိုင်စကားပြော ဟွန်းခွက်မှ မိုဘိုင်းဖုန်းအထိ၊
မြန်မာပြည် တပြည်လုံးလုပ်ငန်းပေါင်းစုံကို စစ်တပ်အကြီးအကဲများနှင့် စစ်တပ်အသိုင်းအဝိုင်းတို့က အားလုံးကို လက်ဝါးကြီးအုပ် ခြေဝါးကြီးအုပ်ပြီး ခွဲဝေရယူထားကြသည်။
ပြည်တွင်းစစ်ကို မွေးထားသည်၊ နိုင်ငံခြားကျူးကျော်စစ်ကို ခုခံရန်အကြောင်းပြပြီး စစ်သားအင်အားကို တိုးချဲ့ထားသည်၊
အူဝဲကအစ စစ်တပ်ထဲကို အဓမ္မဆွဲခေါ်ခဲ့ကြသည်၊
အနောက်အင်အားနှင့် အပေးအယူလုပ်ဖို့ နျူကလီးယားကို လုပ်ဟန်ဆောင်ကြသည်၊
လော်စစ်ဟန်၊ ခွန်ဆာတို့မှအစ ဘိန်းရာဇာများကို မွေးပြီး စစ်ရေး စီးပွားရေး အမြတ်ထုတ်ခဲ့ကြသည်။
ရှစ်ဆယ့်ရှစ်လူထုအုံကြွမှုကြောင့် ဗိုလ်နေဝင်းသည် မဟာဗျူဟာပြောင်းလဲကျင့်သုံးလိုက်သည်၊
အရှေ့အနောက် လှေနံနှစ်ဘက်နင်း ပေါ်လစီအရ အနောက်ဘက်ကို အစဉ်အမြဲ ဖိနင်းခဲ့သည့် ပေါ်လစီမှ အရှေ့တရုတ် ရုရှားဘက်ကို ဖိနင်းလိုက်ပြန်သည်၊
ရုတ်မက်(၇) ချက်သည် ၎င်းအရှေ့အားကိုး ပေါ်လစီအရ ဖြစ်ပေါ်လာပြီး အနောက်အုပ်စုကိုလည်း နိုင်ငံရေးခြိမ်းခြောက်မှု တရပ်ဖြစ်စေခဲ့သည်။
တစ်တိုင်းတစ်ပြည်လုံး ငြိမ်ဝပ်ပိချပ်ပြား ဖြစ်ကာ ပြည်တွင်းက အတိုက်အခံ နိုင်ငံရေးသမားများ ထောင်နန်းစံကြရပြီး အချို့က ပြည်ပကို လွင့်စင်ထွက်ပြေးကြရသည်၊
ရုတ်မက်(၇)ချက်အတိုင်း ညီလာခံခေါ်သည်၊ ၉၀ ရွေးကောက်ပွဲ လုပ်ပေးသည်၊ အင်အယ်ဒီ နိုင်ပါသည်၊
သို့သော် ခေါင်းဆောင်တွေ ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ပစ်လိုက်သည်၊
အင်အယ်ဒီပါတီသည် ဆိုင်းပုဒ်တောင် ပျောက်ရရှာသည်၊
ကျောင်းသားခေါင်းဆောင် ကြီး ငယ် လတ် တွေ ထောင်နှစ်ရှည်ကျကြရသည်၊
လူ့အခွင့်အရေးသမားတွေလည်း ထောင်ကျပါသည်။
ဒါတွေကို ကြည့်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အားလုံးကို စစ်အစိုးရဟောင်းမှ သိမ်းပိုက်ချုပ်ကိုင်ခဲ့သည်မှာ ယနေ့စစ်ဦးစီးအစိုးရအထိပင် ဖြစ်နေပါသည်၊ 
အဲဒီ တဘက်စောင်းနင်းအခြေအနေကြီးကို မည်သူတွေက၊ မည်သည့်အဖွဲ့အစည်းတွေက ပြန်လည်တည့်မတ်နိုင်ခဲ့ပါသနည်း၊
ယနေ့ အခြေအနေကို ထားပါအုံး၊ နောက်နှစ်ပေါင်းခြောက်ဆယ်လောက်ကတည်းက မြန်မာပြည်သည် လုံးဝလွတ်လပ်ရေးမျိုး မရခဲ့သေးပါဆိုပြီး လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲနေသူများကရော သူတို့ရည်ရွယ်ချက် အောင်မြင်ပါပြီလား၊
ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်းနှင့် စစ်အာဏာရှင်လုံးလုံး နိုင်ငံဘဝမှ လွတ်မြောက်အောင် မည်သူတွေ ဆောင်ရွက်နိုင်ခဲ့ကြပါ သနည်းဟု မေးခွန်းထုတ်သော် မည်သူကမှ မဆောင်ရွက်နိုင်သေးပါဟု အဖြေထွက်ပါလိမ့်မည်၊
ဒါက မည်သူမျှ မငြင်းနိုင်သည့် အဖြေမှန်ပါ။
သို့သော် ဤ၍ ဤမျှ ခိုင်မြဲတည်တန့်နေသည့် စစ်အာဏာရှင်စနစ်ဆိုးသည် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မာတည်တန့်နေပြီလားဟုမေးလျှင် လှုပ်စ ယိမ်းစ တိမ်းစပြုလာပါသည်၊ ရှေ့ဆက်ပြီး ဆွဲနှုတ်နိုင်သည်အထိ သံဓိဌာန်ချနိုင်သည့် အင်အားစုများ ဖြစ်ထွန်းပေါ်ပေါက်နေသည့် အချိန်အခါမျိုးပင် ဖြစ်နေပါသည်၊ မြန်မာ့စစ်အာဏာရှင်စနစ်ကြီး ဘာကြောင့်ယိမ်းယိုင်စ ပြုလာရသနည်း၊ ဒါကို အဓိကနားလည်ဖို့ လိုပါသည်။
အေးခဲလွန်းလှသည့် ရာသီတွင် ဓါတ်ဆီမထည့်သည့် ဓါတ်မီးချစ်ကို မီးတောက်အောင် ချစ်နေ၍ မရနိုင်ပါ၊
မီးချစ်ကျောက်နှင့်တူသည့် အတိုက်အခံခေါင်းဆောင်များ၊ ဘီးနှင့်ဖိပြီး ချစ်သည့် လူထုအားတို့ ပေါင်းစပ်သော်လည်း မီးစာကို မီးမကူးပါ။
ဓါတ်ဆီနှင့် တူသည့် ပြည်ပအကူညီက လိုနေပါသည်၊
ပြည်ပက အကူအညီကလည်း ပေးချင်တိုင်းပေး၍ မရပါ၊
ရာသီသွေ့ချောက်တဲ့ အခြေအနေတစ်ခု ဖြစ်မှသာ ပေး၍ ရနိုင်ပါသည်၊ အားလုံးညီညွှတ်သည်ထားအုံး သူတို့အတွက်လည်း အပေးအယူမျှတဖို့ လိုပါသေးသည်၊
အဲဒါတွေအားလုံးကို ကြည့်တတ် ညှိတတ်ဖို့နှင့် ချိန်ကိုက်လှုပ်ရှားဖို့ အရည်အချင်းရှိရန်လည်း ခေါင်းဆောင်များ အပေါ်မူတည်နေပါသည်၊
အဘက်ဘက်မှ ပြည့်စုံပြီဆိုလျှင်ဖြင့် ဒီဓါတ်မီးချစ်ကြီး မီးဟုန်းဟုန်းတောက်နိုင်သကဲ့သို့ စစ်အာဏာရှင် စနစ်ကြီးလည်း ပျိုလဲပျက်သုန်းရမည်သာ ဖြစ်ပါသည်။
ယခု ဘယ်အခြေအနေမျိုးမှာ ရှိနေပါသနည်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အင်အယ်ဒီပါတီသစ်သည် ပြန်လည်ရှင်သန်ထမြောက်လာပါသည်၊
မြို့နယ်တိုင်းလိုလိုတွင် အင်အယ်ဒီပါတီရုံးများ ပြန်လည် ဖွင့်လှစ်လှုပ်ရှားလာကြပြီ၊
ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခွင့်ရသည်၊ နိုင်/ကျဉ်းများ အများစုလွတ်ကုန်ကြပြီ၊
မီဒီယာများ လွတ်လပ်စပြုလာပြီ၊ စာပေ ဟောပြောပွဲနှင့် ရှစ်ဆယ့်ရှစ်မျိုးဆက်တို့ စကား ပြောခွင့်ရစပြုလာကြပြီ၊
ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်(ဖ)တို့ ဝင်လာပြီး ငွေကြေးကိစ္စ ညှိနေကြပြီ၊
ကာချုပ် မင်းအောင်လှိုင်က နောက်ကြောင်းပြန် အာဏာသိမ်းတာမျိုး မဖြစ်တော့ပါဟုဆိုသည်၊
တရုတ်က အမြတ်ထုတ်ဖို့လုပ်သည့် မြစ်ဆုံစီမံကိန်းကို ရပ်လိုက်ရသည်၊
လက်နက်ကိုင်အဖွဲ့အများက အပစ်ရပ်သူရပ်ပြီး ဆွေးနွေးပွဲ တက်နေကြပြီ၊
လက်နက်ကိုင်ရော လက်နက်မဲ့ရော ပြည်ပနှင့် နယ်စပ်အဖွဲ့အစည်းများ စိန်အောင်မင်းနှင့်တွေ့ပြီး ပြည်တော်ဝင်ဖို့ လုပ်ကုန်ကြပြီ၊
ပြည်ပက စင်ပြိုင်တို့၊ အမတ်အဖွဲ့တို့၊ အယ်အေတို့၊ အက်(ဖ်)တီယူးဘီတို့၊ ရှေ့နေအဖွဲ့တို့ ယူရိုအော့ဖစ်တို့နဲ့ အခြား ငွေတောင်းစားအဖွဲ့များလည်း မဖြီးမဖြန်းနိုင်ကြတော့ဘဲ နိုင်ငံရေး လုပ်စားသံများ ငြိမ်သက်စ ပြုလာကြပြီ၊ ပျောက်ကွယ်ကြမည်သာ ဖြစ်သည်။
အယ်အယ်ဒီသစ်က လွှတ်တော်တွင်းကို ဝင်မည် အရည်အချင်းနှင့် အလုပ်လုပ်မည်၊
တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံမှ လူထုအကျိုးကို ဆန့်ကျင်သည့် ဥပဒေများကို ပြင်ဆင်ရေးတို့ကို လုပ်ကြမည်၊
လုပ်ခွင့်ရမှာလား မရမှာလားဆိုတာကို ဝေဖန်မေးခွန်းထုတ်နေသူများသည် ဦးနှောက်နည်း၍ နုသူများပင် ဖြစ်လိမ့်မည်၊
အဘယ်ကြောင့်ဆိုသော် နဂိုလ်ကတည်းက စစ်ဦးစီးအစိုးရအကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအရဆိုလျှင် ဒေါ်စုနှင့် အင်အယ်ဒီသည် လွှတ်တော်တွင်းကို ရောက်လာစရာ အကြောင်းမရှိပါ၊
အာဏာရှင်ဝါဒ ရှိနေသေးသည့် အစိုးရများသည် “ မူ ” အထက်မှာ လူရှိနေသေးသည်ဆိုတာ မမေ့အပ်ပါ၊
မည်သို့ဆိုစေ အင်အယ်ဒီသစ်သည် လွှတ်တော်ရောက် တရားဝင်ပါတီ ဖြစ်တော့မည်။
ဒီနေရာမှာ ဆရာကြီး ဆရာလေးများက ထောက်ပြဝေဖန်ကြပါသည်၊ ဒေါ်စုနှင့် အင်အယ်ဒီသစ်သည် စစ်ဦးစီးအစိုးရ၏ ထွက်ပေါက်ပိတ်တော့မည့် အခြေအနေအတွက် ထွက်ပေါက်ပွင့်သွားအောင် အသုံးချခံလိုက်ရပြီဆိုတာ မျိုးပါ၊
ဒီလိုဆိုရင် သေသေချာချာ စဉ်းစားကြည့်ပါ၊
ဒေါ်စုနှင့် အင်အယ်ဒီသစ်က ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ ထွက်ပေါက်ပွင့် စီမံကိန်းအတိုင်း အသုံးချခံမယ်ဆိုပြီး လွှတ်တော်ထဲကို ဝင်လိုက်တာလား၊
ပြည်သူ့မျက်နှာကို မကြည့်ဘဲ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ အုပ်စုရဲ့ မျက်နှာကို ကြည့်ပြီး လွှတ်တော်ထဲကို ဝင်ကြတာလား၊မစဉ်းစားနိုင်သူများအတွက် အဖြေထုတ်ပေးရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုမျက်နှာ ကိုသာ အစဉ်အမြဲကြည့်သည်၊
လူထုကောင်းစားရေးအတွက် လက်တွေ့ကျကျတွေးခေါ်ပြီး အလုပ်လုပ်နေသည်ဆိုတာပါပဲ၊ လုံလောက်မည် ထင်ပါသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးကို ဝေဖန်သုံးသပ်တဲ့အခါမှာ အချို့က ပြောနေကြသည် လွှတ်တော်ပြင်ပ နိုင်ငံရေး တိုက်ကွက်များနှင့် လူထုအားကို ပေါင်းစပ်ပြီး တစ်လျှောက်လုံး လှုပ်ရှားခဲ့ကြတာ မဟုတ်ပါလား၊
အတိုက်အခံခေါင်းဆောင်တွေရော ငယ်သားတွေပါ ထောင်ကျခံ၊ အသေခံ၊ အနစ်နာ ပေါင်းများစွာ ခံပြီး တိုက်ပွဲဝင် လှုပ်ရှားခဲ့ကြတာ မဟုတ်လား၊
လွှတ်တော်ပ နိုင်ငံရေးကြောင့်ပင် မ.ဆ.လ၊ န.ဝ.တ၊ န.အ.ဖ စစ်အာဏာရှင် အစိုးရများ အပြောင်းအလဲဖြစ်ခဲ့ကြတာမဟုတ်ပါလား၊
၉၀ ရွေးကောက်ပွဲတို့၊ အင်အယ်ဒီပါတီတို့ ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပါလား၊
နောက်ဆုံး မြစ်ဆုံရေကာတာ ကိစ္စသည်ပင်လျှင် လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မဟုတ်ပါလား စသည်ဖြင့် ထောက်ပြဝေဖန်နေကြပါသည်၊
ဒါကြောင့် လွှတ်တော်ပ နိုင်ငံရေးနည်းသည်သာ စိတ်အချရဆုံးနှင့် အောင်ပွဲဝင် လမ်းစဉ်ကြီးသာ ဖြစ်ပါသည်ဟု ယုံကြည်နေကြပါတော့သည်၊
သို့ယုံကြည်သည့်အတိုင်းလည်း ဆက်လက်လှုပ်ရှားကြပါလိမ့်မည်၊ 
ဟိုယခင် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက လွှတ်တော်ပက သပိတ်စုံတိုက်ပွဲများ၏ အကျိုးရလာဒ်ကား ကြီးမားစွာ ရှိခဲ့ပါသည်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းနှင့် ဗိုလ်နေဝင်း လက်ထက်တစ်လျှောက်လုံး မှာလည်း တရုတ်ဗမာ အရေးအခင်း မှအစ ဦးသန့်၊ မှိုင်းရာပြည့်၊ ကျွန်းဆွယ်၊ အလုပ်သမား သပိတ်များသည်လည်း လွှတ်တော်ပ နိုင်ငံရေးများပင် ဖြစ်ကြပါသည်၊
မ.ဆ.လ ခေတ် နောက်ဆုံးမှာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံသည်လည်း လွှတ်တော်ပတိုက်ပွဲပါ၊
ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် အကြမ်းမဖက်လူထုတိုက်ပွဲသဏ္ဍန်ကို လက်ခံယုံကြည်ပြီး ရှေ့ဆုံးက တိုက်ပွဲဝင်သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါသည်။
ထို့ကြောင့် လွှတ်တော်ပ တိုက်ပွဲ၏ အကျိုးရလာဒ်များနှင့် အားကောင်းချက်၊ အားနည်းချက်များအပြင် (က) သုံးလုံးပေါ်လစီဆိုသည့် -
--ကြောင်းကျိုးဆီလျှော်မှု၊
--အကန့်အသတ်နှင့်
--အကျိုးရလာဒ်
ဆိုတာတွေကို သင်္ခန်းစာရပြီး နားလည်လာကြရပါသည်၊
မှန်ပါသည် လွှတ်တော်ပ နိုင်ငံရေးဟူသည် မည်သည့်အခါမှာမှ မှေးမှိန်ပျောက်ကွယ်သွား မည်မဟုတ်ပါ၊
ဒီမိုကရေစီခေတ်သို့ ရောက်လျှင်လည်း လွှတ်တော်ပနိုင်ငံရေးမှာ ပိုမို၍အားကောင်း ရှင်သန်လာရမည် သာဖြစ်ပါသည်။
ဒါကြောင့် လူထုအုံကြွမှုတိုက်ပွဲပဲခေါ်ခေါ် ဂျင်းရှပ်နည်းဟုဆိုဆို၊ ဂန္ဒီနည်းပင်ပြောပြော (က) သုံးလုံးပေါ်လစီနှင့် ကိုယ်ညီမှု ရှိမရှိကို ပထမနားသည် ထားရပါမည် (က) သုံးလုံး ပေါ်လစီကို နားမလည်ခဲ့ကြသဖြင့် ဆုံးရှုံးခဲ့ရသည့် တိုက်ပွဲများ၊ ပေးဆပ်ကြရသည့် ဘဝများနှင့် အသက်ပေါင်းများစွာ ရှိခဲ့ဘူးကြပါသည်၊
 အမျှော်အမြင်နည်းပြီး နှလုံးသားမဲ့ ခေါင်းဆောင်များသည် တိုက်ရဲမှ အောင်ပွဲတို့၊ တိုက်ပွဲဟူသည်အရှုံးနှင့် အနိုင်နှစ်မျိုးပဲ ရှိသည်တို့၊ အမြတ်ဟူသည် အရင်းရှိမှ ရသည်တို့၊ ဘဝဆိုတာ ပေးဆပ်ခြင်းတို့၊ သေရဲ သတ်ရဲ အနိုင်ယူရဲရမည်တို့ သံဃာ့အားဘုရား မတတ်နိုင်တို့ ဆိုတဲ့ သဘောတရားတွေကို လူထုအထဲသို့ ရိုက်သွင်းပြီး သူ့နေရာနှင့်သူ အသုံးမချ တတ်ကြပဲ၊ တိုက်ပွဲမအောင်မြင်လျှင် လူထုကို လွှဲချတတ်သလို တိုက်ပွဲအောင်မြင်လျှင်တော့ ကိုယ့်ကိုယ်ကို အထင်ကြီးသွားတတ်ကြပါသည်၊
ယနေ့ လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုသည် မရှိမဖြစ်လိုအပ်နေပါသေးသည်၊
သို့သော် လွှတ်တော်ပ လှုပ်ရှားမှုသည် ယနေ့လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုများ အားလုံးကို အယုံအကြည်မရှိ သိမ်းကြုံးပြီးဆန့်ကျင်မယ်ဆိုလျှင် မှားပါလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် လွှတ်တော်တွင်း နိုင်ငံရေး၏ အားနည်းချက်များ ချွတ်ယွင်းချက်များနှင့် ဖောက်ပြန်ချက်များကို လွတ်တော်တွင်းသို့ဝင်ပြီး ပြုပြင်ပြောင်းလဲ ရန်လည်း အခွင့်သာနေသည့်ကာလမို့ ဖြစ်ပါသည်၊
ဒီတာဝန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီသစ် အပါအဝင် အခြားလွှတ်တော်တွင်းဝင် အတိုက်အခံ ပါတီအသီးသီးတို့မှ ကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်၊
ကမ္ဘာ့မဟာဗျူဟာ ပြောင်းလဲလာမှုနှင့်အတူ နိုင်ငံတကာ၏ နိုင်ငံရေးအခင်းအကျင်းအရ ရရှိလာသည့် အခွင့်အရေးကို လက်မလွတ်တန်းဆုတ်ကိုင်ပြီး လွှတ်တော်ဝင်နိုင်ငံရေးကို ဆောင်ရွက်ခြင်း ပင်ဖြစ်ပါသည်၊
အချို့က ဦးသန်းရွှေအကွက်အတိုင်း ဦးသိန်းစိန် ဟပေးသည့် ချက်ကွက်ကို ဒေါ်စုက ဝင်လိုက်ရသည်ဆိုသည်မှာလည်း လုံးဝမဟုတ်ပါ၊
ဒေါ်စု၏ နောက်မှာ လူထုရှိသည်၊ အင်အားကြီးတို့ ရှိနေသည်ကား အမှန်၊ သို့သော် လွှတ်တော်တွင်းပြုပြင် ပြောင်းလဲရေးလုပ်ငန်းမှာကား လွယ်ကူမည် မဟုတ်ဆိုတာကတော့ အများသိနိုင်ပါသည်၊
အရိုးစွဲနေသည့် အာဏာရှင်စိတ်ဓါတ်များ၊ လွန်ကျွံနေသည့် နိုင်ငံခြားစီးပွားရေး ဆက်ဆံမှုများ၊ ဝေခြမ်းပြီး အပိုင်စီးလက်ဝါးကြီးအုပ်ထားသည့် နိုင်ငံပိုင်နှင့် ပြည်သူလူထုပိုင် စီးပွားရေး လုပ်ငန်းပေါင်းစုံများ၊ ဒါတွေကိုအကာအကွယ်ပေး ရေးဆွဲထားသည့် ဖွဲ့စည်းပုံစသည်ဖြင့် အခိုင်အမာ ရှိနေသည်များကို “ ခု ရေတွင်းတူး ခုရေကြည်သောက် ” ဆိုတာမျိုး မဖြစ်နိုင်သေးပါ၊
သို့သော် ဒါတွေကိုကောင်းကောင်း သိနားလည်ပြီး မည်ကဲ့သို့ အဆင့်ဆင့်ပြုပြင်ပြောင်းလဲသွားရမည်ဆိုတာကိုလည်း သဘောပေါက်မှန်းဆနိုင်သည်နှင့်အတူ စွန့်စားထိုက်သည့် အချိန်အခါဖြစ်သောကြောင့် လွှတ်တော်တွင်း နိုင်ငံရေးကို ဝင်လိုက်ကြခြင်းသာဖြစ်ပါသည်၊
သို့သော် ဒေါ်စုပြောသည့်အတိုင်း ရာနှုန်းပြည့်အောင်မြင်မှုကို သေချာပေါက်သိ၍ စွန့်စားခြင်းမျိုးတော့မဟုတ်ပါ၊ 
မည်သည့်ဘက်မဆိုနိုင်ငံရေး အနိစ္စတရားကတော့ ရှိနေသည်သာဖြစ်သည်၊ ဒါကြောင့် လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားသူများ အနေဖြင့် ယနေ့လွှတ်တော်တွင်း နိုင်ငံရေး အခြေအနေကို ကောင်းစွာသတိပြုမိရန် အရေးကြီးလှပါသည်။
မကြာမီက ထောင်အသီးသီးမှ လွတ်မြောက်လာတဲ့ နိုင်/ကျဉ်းများထဲမှ ရှစ်ဆယ့်ရှစ်ကျောင်းသားများ၏ ရပ်တည်ချက် အသံများမှာ လွန်စွာအားရစရာကောင်းနေပါသည်၊
ရှစ်ဆယ့်ရှစ်တို့ အနေဖြင့် လွှတ်တော်ပ နိုင်ငံရေးကို ဥပဒေဘောင်အတွင်းမှ လှုပ်ရှားကြမည်၊ တပြိုင်နက်တည်းမှာ ဒေါ်စုနှင့် အင်အယ်ဒီသစ်၏ ရွေးကောက်ပွဲဝင်လမ်းစဉ်ကို ကြိုဆိုထောက်ခံ သည့်အပြင် အင်အယ်ဒီ၏ ရွေးကောက်ပွဲ အနိုင်ရရေးကိုပါ ဝင်ရောက် ကူညီပံ့ပိုးကြမည် ဆိုတာပါပဲ။
လွတ်မြောက် နိုင်/ကျဉ်း ရှစ်ဆယ့်ရှစ်မျိုးဆက် အများစု၏ အထက်ပါ သဘောထားသည် လွန်စွာမှ လေးစားစရာကောင်းလှပါသည်၊
ဒေါ်စုနှင့် အင်အယ်ဒီသစ်၏ လွှတ်တော်ဝင်နိုင်ငံရေးသည် အခြေအနေနှင့် အချိန်အခါအရ ဆီလျှော်ညီညွှတ်နေသည့်အပြင် မြန်မာ့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအတွက် အဓိကအခန်းကဏ္ဍလည်း ဖြစ်နေလို့ပါပဲ၊
တပြိုင်နက်တည်းမှာ ဒေါ်စုတို့၏ လွှတ်တော်တွင်းနိုင်ငံရေးပုံစံကို မထိခိုက်သည် လွှတ်တော်ပ နိုင်ငံရေး လူမှုရေး ဘက်ပေါင်းစုံလှုပ်ရှားမှုများသည်လည်း မရှိမဖြစ် လိုအပ်လှပါသည်၊
ဒီတာဝန်ကိုတော့ ယနေ့ အကျဉ်းလွတ် ရှစ်ဆယ့်ရှစ်မျိုးဆက်တို့က ထမ်းဆောင်ကြိုးပမ်းနေတာကို တွေ့နေရသဖြင့် လွှတ်တော်တွင်း လွှတ်တော်ပ လှုပ်ရှားမှုသည် ဟန်ချက်ညီနေသည်ကို တွေ့နေရပါတော့သည်။
ဒီပုံစံကို မကြိုက် မချစ် မနှစ်သက်သူများကလည်း သူတို့အယူအဆတွေကို ရေးကြသားကြ ဖော်ပြကြတာတွေလည်း တွေ့နေရပါသည်၊ မြန်မာ့နိုင်ငံရေးသည် ဂငယ်ကွေ့ ကွေ့တော့မယ်၊ စစ်အာဏာရှင် နိုင်ငံပဲပြန်ပြီး ဖြစ်သွားမယ် စသည်ဖြင့်ပေါ့၊
မည်သို့ပင်ဆိုကြပါစေ၊
ယနေ့ပြည်သူ၏ ဇွဲ သတ္တိစံချိန်သည် မြင့်တက်နေပြိး နောက်ကြောင်းပြန်မကျနိုင်သ၍ ဂငယ်ကွေ့လည်း မကွေ့နိုင်တော့ပါ၊
တရုတ် ရုရှားနှင့် အမေရိကန် အင်္ဂလန်တို့၏ အင်အားပြိုင်ဆိုင်မှုမှာလည်း မည်သို့မျှ အချိုးညီမဖြစ်နိုင်တော့ပါ၊ 
ဒါကြောင့် တချိန်က အနောက်အင်အားစု၏ ကျောထောက်နောက်ခံဖြင့် စစ်အာဏာရှင်စနစ်ဖြစ်တည်လာသော မြန်မာနိုင်ငံသည် ရှစ်ဆယ့်ရှစ်နောက်ပိုင်းတွင် အရှေ့တရုတ်နှင့် ရုရှားကို ကျောထောက်နောက်ခံပြုပြန်ပြီး စစ်အာဏာရှင်စနစ်ပင် ဆက်လက်တည်တန့်နေသည် မဟုတ်ပါလား၊
ဆိုလိုချင်သည်မှာ စစ်အာဏာရှင်စနစ်ဟူသည် အမှီသဟဲမရှိဘဲနှင့် မဖြစ်ထွန်းနိုင်ပါ။
ယနေ့ မြန်မာနိုင်ငံသည် ဂငယ်ကွေ့ ကွေ့ရန်ဆိုသည်မှာ စစ်ဦးစီးဦးသိန်းစိန်အစိုးရက တရုတ် (သို့မဟုတ်) အမေရိကန်ကို အမှီသဟဲပြုမှသာ ဖြစ်နိုင်ပါလိမ့်မည်၊ ဖွံ့ဖြိုးမှုအနိမ့်ဆုံးလည်းဖြစ် ကမ္ဘာ့ပထဝီဝင် အနေအထားမှာ မဟာဗျူဟာလည်း ကျနေသည့် မြန်မာနိုင်ငံမျိုးသည် မည်သည့်အခါမျှ အမှီသဟဲမှ ကင်းလွတ်ရန် မဖြစ်နိုင်ပါ၊
ဒါကြောင့် အဲဒီအမှီသဟဲကိုပင် ပြန်လည်အသုံးချပြီး နေတတ်ပါမှ ဖြစ်ပါလိမ့်မည်၊
လက်ရှိ စစ်ဦးစီး ဦးသိန်းစိန် အစိုးရသည် ဦးသန်းရွှေ၏ မဟာဗျူဟာအတိုင်း တရုတ်အမှီသဟဲကို လျှော့ပြီး အနောက်အမေရိကန် အမှီသဟဲကို ပြန်လည်ချဉ်းကပ်နေရချိန်လည်း ဖြစ်သည်၊
ဒီအချိန်တွင် အနောက်အုပ်စုက မြန်မာပြည်တွင် လူထု၏ ဆင်းရဲမွဲတေမှုအတိုင်း ထားခဲ့လျှင်လည်း မဖြစ်နိုင်တော့သလို စစ်ဦးစီးအစိုးရနှင့် တရုတ်တို့သည် ခွာမရအောင် နီးကပ်သွားလျှင်လည်း အန္တရယ်ရှိ လာနိုင်သည်ကို သတိပြုမိကြပါတော့သည်။
ဒါကြောင့် ဒေါ်စုနှင့် လူထုကို မြှောက်စားအားပေးရင်း တဘက်ကလည်း စစ်ဦးစီးအစိုးရကို အမှီသဟဲ ပြန်လည်ပေးပြိး ထိန်းညှိဖို့ အနောက်က ကြိုးစားနေသော ကာလပင်ဖြစ်သည်၊ ထိန်းညှိသည့်အတိုင်းလည်း မြန်မာ့နိုင်ငံရေး အရွေ့ကို မြင်စပြုလာနေပါပြီ၊
သို့သော် အာဏာသည် အာဏာရှင် တစ်စုတို့၏ လက်ထဲတွင်ပင် ရှိနေသေးသည်မှို့ သတိကြီးစွာ ကိုင်တွယ်နေရသော အခြေအနေပင်ဖြစ်ပါသည်၊
မြင်းရိုင်းကို ကြိုးရှည်ဖြင့် ဖမ်းမိနေသည့်အခါ ကြိုးကိုတိုအောင်ဆွဲလိုက် ခိုင်မြဲအောင် ရစ်လိုက် လုပ်နေရသည်နှင့် တူပါသည်၊ ဒီအခါမျိုးတွင် ကြိုးပြတ်သွားအောင် မြင်းကို မလှန့်သင့်ပါ။
ဒီအခြေအနေမျိုးတွင် ဒေါ်စုနှင့် အင်အယ်ဒီသစ်သည် လွှတ်တော်တွင်းတွင် ဝင်ရောက်နေရာယူထားကြမှာ ဖြစ်ပြီး ရှစ်လေးလုံးမျိုးဆက်တို့နှင့် အခြား အနုပညာရှင်များ၊ စာပေပညာရှင်များနှင့် ပြည်သူလူထုကလည်း လွှတ်တော်ပတွင် နေရာယူထားကြရန်သာ ဖြစ်ပါသည်၊ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ လှမျိုးနောင်တို့ ပြောသလို ဥပဒေပ မဟုတ်သည့် လွှတ်တော်ပ လှုပ်ရှားမှုများနှင့် လွတ်တော်တွင်းလှုပ်ရှားမှုများသည် ကောင်းကျိုးရှေးရှုသည့် ရည်ရွယ်ချက်တူ ဟန်ချက်ညီ ဆောင်ရွက်ကြတော့မည် ဖြစ်သဖြင့်လည်း နောက်ကြောင်းပြန် ဂငယ်ကွေ့ မဖြစ်နိုင်ကောင်းပါ။
သို့သော်လည်း တစ်ချိန်က ပြည်တွင်းပြည်ပ ဟန်ချက်ညီပျက်လုံးမျိုးတော့ လုံးဝမဟုတ်တော့ပါ၊
ယခု လွှတ်တော်တွင်း လွှတ်တော်ပ ဟန်ချက်ညီလှုပ်ရှားနိုင်မည်ဆိုလျှင်တော့ ဒီမိုကရေစီသည် လက်တစ်ကမ်းသာ ဖြစ်ပါလိမ့်မည်၊
အရေးကြီးတာက ယခုအချိန်တွင် လွှတ်တော်တွင်း လှုပ်ရှားမှုကို အသိအမှတ်မပြုနိုင်ကြဘဲ ဥပဒေပမှ ဆူပူလှုပ်ရှားမှု သက်သက်ကိုသာ အားကိုးကြမည်ဆိုရင်တော့ ပွဲပျက်ကိန်းရှိပြီး ဂငယ်ကွေ့ကွေ့သွားနိုင်ပါသည်၊
အာဏာမက် စစ်ဦးစီးအချို့၏ သဘောထားသက်သက်နှင့်တော့ မည်သို့မျှ နောက်ကြောင်းပြန်နိုင်မည် မဟုတ်ပါ၊
ဒါကြောင့် အဓိကကျသည့် လွှတ်တော်တွင်း ပါဝင်လှုပ်ရှားမှုကို အားပေးကြရမည့်အပြင် (က) သုံးလုံးပေါ်လစီနှင့် ညီညွတ်သည့် ဥပဒေပ မဟုတ်သည့် လွှတ်တော်ပ လှုပ်ရှားမှုများသည်လည်း ရှိနေကြရမည်သာ ဖြစ်ပါကြောင်း။ ။
ဦးဖိုးသာအောင်-နော်ဝေ

တာဝန်မဲ့ ခဲ့သူတွေကြောင့် ...တာဝန်မယူတတ်ကြတော့တာလား

 မေသင်္ကြန်ဟိန်မတ်လ ၈၊ ရန်ကုန်မြို့။
`တာဝန်မဲ့ သူတွေနဲ့ တွေ့ဆုံရတိုင်း ` ကျမ စိတ်အနှောက်အယှက်အမြဲ ဖြစ်ရပါတယ်။
ကျမ ပတ်ဝန်းကျင်မှာ၊ ကျမ နဲ့ခပ်လှမ်းလှမ်းက ရှိနေသူတွေမှာ ပြောရရင် နယ်ပါယ်အသီးသီးမှာတာဝန်ယူတတ်သူတွေထက် တာဝန်မဲ့သူတွေ၊ တာန်ဝန်ကြောက်သူတွေက  ပိုများနေတော့ ဒီကိစ္စဟာ အမျိုးသားရေးကိစ္စ တရပ်လို အရေးကြီးလာတယ်လို့လည်း မြင်လာမိတယ်။
ဒီကနေ့ လူငယ်နဲ့ လူရွယ်တွေ တော်တော်များများဟာ တာဝန်မဲ့နေကြတာ တွေ့မြင်နေရပါတယ်။ နယ်ပါယ်တိုင်းမှာပါပဲ။ကျမတို့ တိုင်းပြည်မှာ  လိုအပ်နေတာတွေလည်း အများကြီးပါ၊ အဲဒီလိုအပ်ချက်တွေထဲကမှ ကျမ မြင်မိတာကတော့ တာဝန်ယူခြင်း နှင့် တာဝန်သိစိတ် ကတော့ အခြားအရာတွေထက် ပိုပြီး လိုအပ်လှတာကို တွေ့မြင်နေရတယ်။အစုစပ်လုပ်ငန်းတွေမှာ တာဝန်မဲ့ တဲ့သူဟာ ကိစ္စတခုခု၊ ပြဿနာ တခုခု ဖြစ်လာရင် ဖြေရှင်းဖို့ထက် ရှောင်ပြေးကြတာလည်း ကြားနေရတာပါပဲ။ကိုယ့်အမှားကို အမှားရယ်လို့ ၀န်ခံပြီး တာဝန်ယူရမယ်ဆိုတဲ့ ရင့်ကျက်တဲ့ စိတ်မရှိတဲ့သူတွေကိုလည်း တွေ့မြင်နေကြရတာပါပဲ။ အထူးသဖြင့် ကိုယ်ပိုင်ကားတွေ၊ လိုင်းကားတွေကလည်း လူဝင်တိုက်မိရင်  အတိုက်ခံရတဲ့သူကို ဆေးရုံပို့ဖို့ထက် မောင်းပြေးတဲ့ သတင်းတွေကလည်း နေ့တိုင်း နီးပါး ကြားနေရတာပဲ။
ဒီလို အဖြစ်အပျက်တွေ ကြားထဲမှာ သာမန်ကိစ္စသေးငယ်တွေကိုတောင်မှ ပြောဆိုနေကြတဲ့ အသံတွေမှာတောင် တာဝန်မဲ့ခြင်းတွေ ပါနေတာ တွေ့ရပါတယ်။
`သူတောင် တာဝန်မယူတာ၊ ငါက ဘာကို တာဝန်ယူရမှာလဲ`၊ `အဲ ဒါ ငါနဲ့ မဆိုင်ဘူး`၊ `ဘာတာဝန်လဲ။ ဘာတွေလာကြောင်နေတာလဲ`၊ အသာနေစမ်းပါ၊ အေးအေးဆေးဆေး နေပါရစေ … ဆိုတဲ့ တာဝန်မဲ့ စကားတွေကို နေ့စဉ် ကြားနေရ၊တွေ့နေရတော့ စိတ်လည်း ပျက်မိပါတယ်၊ တာဝန်မဲ့သူတွေ များလှချည်လားလို့ တွေးရင်း ကြောက်လည်း ကြောက်မိပါတယ်။
ဘာကြောင့် တာဝန်ယူရမှာကို စိုးရွံ့ခဲ့၊ကြောက်ခဲ့ကြရသလဲ၊ တာဝန်ယူခြင်းရဲ့ နောက်ဆက်တွဲဟာ ဘယ်တုန်းကမှ အကောင်းမဖြစ်ခဲ့လို့လား။ ကျမတို့တိုင်းပြည်မှာ  နှစ်ပေါင်းများစွာ တာဝန်ယူတဲ့ သူဟာ လူမိုက်၊ လူကြောင်၊  ညံ့လို့ ခံရတာ ဆိုတဲ့လွဲမှားမှုတွေကိုဘာကြောင့် လူတွေမှာ အရိုးစွဲခဲ့ကြတာလဲ။ တာဝန်ကျေတဲ့ ၀န်ထမ်းတယောက် ကို အစိုးရကလည်း မမြှောက်စားခဲ့ဖူး၊လူ့အသိုငးအ၀ိုင်းကလည်း အသိအမှတ်မပြုခဲ့ဖူး၊ တာဝန်ကျေခြင်း၊ တာဝန်ယူရဲခြင်းဆိုတာ ကျမတို့ တိုင်းပြည်မှာ ဂုဏ်ယူစရာ ဖြစ်ခဲ့ရဲ့လား ဆိုတာလည်း စဉ်းစားကြည့်စရာပါပဲ။ အထူးသဖြင့် နယ်ပါယ်အသီးသီးက ရာထူး ကြီးကြီး ယူထားသူတွေကစ ရာထူးသာ ကြီးကြီး ယူထားကြတယ်၊ တာဝန်ကတော့ မယူချင်ဘူးဆိုတဲ့ သူတွေက ခပ်များများ ဖြစ်ကုန်တာလည်း ဘာကြောင့်ပါလဲ။
အများစုက တာဝန်ယူဖို့ တွန့်ဆုတ်နေကြတာ၊ တာဝန်မယူရဲကြတာ၊ တာဝန်ဆိုတာကိုတောင် မသိတာ၊ တာဝန်မဲ့တာကိုပဲ ဂုဏ်ပုဒ်တခုလို နားလည် ပြောဆိုနေကြတာ တွေဟာ တကယ်တော့ ကျမတို့ ခေတ်ဆိုး၊စနစ်ဆိုးရဲ့နောက်ဆက်တွဲ လက်ခံလိုက်ရတဲ့ အမွေဆိုးတွေထဲက တခုလို့ပဲ ကျမတော့ နားလည်မိပါတယ်။
တာဝန်မဲ့တဲ့သူတွေကိုတွေ့တိုင်း ကျမစိတ်ထဲမှာ တာဝန်မဲ့ခဲ့တဲ့ လူကြီးတွေကိုပဲ သွားပြီး မြင်ယောင်မိပါတယ်။ သူတို့တွေ တာဝန်မဲ့ခဲ့လို့၊ လူငယ်တွေကို တာဝန်မဲ့တဲ့ အမွေဆိုးပေးခဲ့တာလို့လည်း နားလည်မိပါတယ်။
လူတိုင်းဟာ  အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်တွင်းရေးမှာပဲ ဖြစ်ဖြစ် ဘယ်နေရာ၊ဘယ်အသိုင်းဝိုင်းမှာပဲ ဖြစ်ဖြစ်  သက်ဆိုင်သော တာဝန် အသီးသီါ် ရှိတယ်ဆိုတဲ့ အခြေခံအဆင့်ကစပြီး၊  လုပ်ငန်းခွင်မှာ တာဝန်ယူခြင်းအဆုံး နောက်ဆုံး အမျိုးသားရေး ကိစ္စတွေမှာ တာဝန်ယူခြင်းဆိုတဲ့ အဆင့်ထိ တဆင့်ပြီး တဆင့် တာဝန်ရမဲ့ နေရာမှာ အများစုက  ရာထူးတွေသာ ဂုဏ်ဒြပ်တွေသာ ယူခဲ့ကြပြီး
တာဝန်ယူသင့်တာတွေ မယူခဲ့ကြတွေ။ ကိုယ့်စကား ကိုယ်တောင် တာဝန်မယူခဲ့ကြတာတွေက  ကျမတို့တိုင်းပြည်ကို ဟိုးအောက်ဆုံးထိ ဆွဲချပစ်ခဲ့တာလို့လည်း နားလည်မိပါတယ်။

 တာဝန်မဲ့တဲ့သူတွေရဲ့ မျိုးဆက်တွေ၊ လက်ဆင့်ကမ်း ဆိုးမွေးတွေကြောင့် ယနေ့ လူငယ်နဲ့ လူရွယ်ပိုင်းတွေမှာ တာဝန်မဲ့သူတွေ များနေတာပဲ လို့လည်း တွေးလာမိပါတယ်။
တိုင်းပြည်မှာ ပြည်သူတွေ ပျက်ဆီးအောင် အစိုးရက လုပ်နိုင်သလို၊ ပြည်သူတွေ ပျက်ဆီးရင် တိုင်းပြည် ပျက်ဆီးရတာပဲ ဆိုတာကိုလည်းနားလည်ဖို့ လိုအပ်ပါတယ်။
ကျမတို့ မျိုးဆက်တွေကစပြီး လူငယ်တွေအဆုံး တာဝန်ယူဖို့ဆိုတာဟာ ရှေ့ကလူတွေလည်း မလုပ်ခဲ့ဖူး၊ ငါ့အလှည့်မှ လုပ်ရင် ငါခံရတော့မယ်လို့ ဆက်တွေးနေသေးရင် သွားပါပြီ။ ကျမတို့ရဲ့ အနာဂတ်တွေ။ နောင်လည်း ဆက်ပြီး တာဝန်မယူတတ်တဲ့ မျိုးဆက်တွေ ပွားလာခဲ့ရင် ကျမတို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုကြောက်စရာကောင်းပါတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အလွှာ၊ ဘယ်အသိုင်းအ၀ိုင်း၊ ဘယ်လို လုပ်ငန်း တာဝန်ယူရတဲ့ သူပဲ ဖြစ်ဖြစ် တာဝန်မယူတတ်တဲ့ သူတွေ၊ တာဝန်မဲ့သူတွေကိုလည်း  တာဝန်ယူတတ်အောင် လေ့ကျင့်ပေးဖို့ လိုတယ်လို့လည်း မြင်လာမိပါတယ်။
အခြေခံ အဆင့် ကျမတို့က အိမ်မိသားစုရဲ့ အိမ်သားတယောက်တာဝန်ကို ယူမယ်၊ လုပ်ငန်းခွင်မှာ သက်ဆိုင်ရာ တာဝန်တွေကို ယူမယ်၊ အမှားအယွင်းတွေ့ရင်လည်း နည်းလမ်းမှန်ကန်စွာနဲ့ ဖြေရှင်းပြီး တာဝန်ယူကြမယ်၊။
လူ့အဖွဲ့အစည်း အသိုင်းအ၀ိုငးမှာလည်း တတ်နိုင်တဲ့ တာဝန်တွေကို ယူဆောင်ပေးမယ်၊ နိုင်ငံသားတယောက်ရဲ့ တာဝန်ကို ယူမယ်၊နောက်ဆုံး အမျိုးသားအဆင့်ထိ တာဝန်ယူဖို့ လိုအပ်လာရင်လည်း တာဝန်ယူကြပါမယ်။ခုချိန်မှာတော့ကိုယ်တိုင်လည်း အရာရာကို တာဝန်ယူရမယ်ဆိုတဲ့ စိတ်ဓါတ်ကို ကိုယ့်ရဲ့ မျိုးဆက်သာမက ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ဖြန့်ဝေ ပေးဖို့ လိုနေပါတယ်။ကျမတို့တွေ ရှေ့က လူတွေလို တာဝန်မဲ့ သူတွေ ဖြစ်နေသေးရင် နောက် မျိုးဆက်၊နောင် အနာဂတ်ဟာလည်း တာဝန်မဲ့ခြင်းတွေနဲ့ပဲ ကုန်ဆုံးကြရဦးမှာပါပဲ။
ကိုယ်တိုင်လည်း တာဝန်ယူကြမယ်၊ သူများတာဝန်မဲ့ရင်လည်း တာဝန်ယူတတ်အောင် တိုက်တွန်းလေ့ကျင့်ပေးချင်ရင်…နောင် …နှစ် ဘယ်လောက် ကြာရင် တာဝန်မဲ့ သူတွေက နည်းနည်း၊ တာဝန်ယူတတ်သူတွေက များများဖြစ်နေတဲ့ ကျမတို့ တိုင်းပြည်ကို မြင်တွေ့ရနိုင်မလဲ။
ဘာပဲဖြစ်ဖြစ် ကျမတို့ တာဝန်ရဲရဲ ယူကြဖို့တော့ လိုနေတာ အမှန်ပဲ။

NLABR & Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment