ကမ္ဘာ့သတင်းများ  10/03/2012

 

နိုင်ငံတကာသတင်း


ကိုဖီအာနန် ဆီးရီးယားသမ္မတနှင့် တွေ့မည်

ကုလသမဂ္ဂအကြီးအကဲဟောင်း Mr. Kofi Annan ဟာ အရှေ့အလယ်ပိုင်း နိုင်ငံ Syria က အကြမ်းဖက်သမားတွေကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ Syria သမ္မတ  Bashar al Assad နဲ့ တွေ့ဆုံဖို့ ရှိကြောင်း  စနေနေ့ Damascus မှာ ခရီးတထောက်နားတဲ့ အခါ Mr. Anan ဟာ Syria ခေါင်းဆောင်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့က ပြောလိုက်ကြောင်းကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ Syria နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် Mr. Kofi Anana က သွားရောက်မှာ ဖြစ်ကြောင်း
 Syria မှာ လက်နက်ကိုင်သူပုန်တွေက အခြေအနေကို ပိုဆိုးစေလိမ့်မယ်လို့ သတိပေးရင်း နိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သူက တောင်းဆိုလိုက်ကြောင်း
Syria နိုင်ငံဟာ လူသားချင်းစာနာမှု အထောက်အကူတွေကို အနှောင့်အယှက်ကင်းကင်း ခွင့်ပြုပေးဖို့ ငြင်းပယ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်း အရာရှိတစ်ဦးက ပြောလိုက်ပြီးတဲ့ နောက်မှာ ခုလို အဆင့်မြင့်ဆွေးနွေးပွဲ အတွက် ပြောဆိုမှုတွေ ထွက်ပေါ်လာကြောင်း
အစိုးရရဲ့ နှိပ်ကွပ်မှု ခံနေရလို့ သားကောင်ဘ၀ရောက်နေတဲ့ ပြည်သူတွေကို ကုလသမဂ္ဂ အကူအညီ ပေးဖို့ ခွင့်ပြုရေးကိစ္စကို စဉ်းစားဖို့ အချိန်ပို ပေးဖို့အတွက် Syria အာဏာပိုင်တွေက တောင်းဆိုခဲ့ ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ  Valaerie Amos က သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ကြောင်း

အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာရတဲ့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူဖို့ အကန့်အသတ်ရှိတဲ့ အကဲဖြတ်လေ့ကျင့်မှုတွေလုပ်ဖို့ Syria အစိုးရက သဘောတူခဲ့ကြောင်း
ဒုက္ခသည် ပေါင်း ၁၁,၀၀၀ လောက်ရှိတဲ့ တူရကီနဲ့ Syria နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လှည့်လည်ကြည့်ရှုပြီးတဲ့နောက် Ms. Amos က ခုလို ပြောဆိုတာဖြစ်ကြောင်း သမ္မတ Assad ကို လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ Syria ပြည်သူထောင်ပေါင်းများစွာကို အစိုးရတပ်တွေ နှိမ်နင်းတဲ့အတွက် ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ Syari အတိုက်အခံအဖွဲ့တွေက သောကြာနေ့က ပြောဆိုကြောင်း
 ဒီသေဆုံးမှုတွေဟာ Homs မြို့မှာ အများဆုံးဖြစ်ပွားပြီး အဲဒီမြို့ဟာ အစိုးရတပ်တွေရဲ့ အဓိကနှိပ်ကွပ်မှု အခံရဆုံးမြို့တော်လည်း ဖြစ်ကြောင်း သိရှိရသည်။

ရှေးအကျဆုံး အရိုးစုကျောက်ဖြစ် ရုပ်ကြွင်း သြစတြေးလျမှာတွေ့

သြစတြေးလျနိုင်ငံတောင်ပိုင်းမှာ ရှေးအကျဆုံးဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ က  သတ္တ၀ါရဲ့ အရိုးရုပ်ကြွင်းကို ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့က အရင်က ရှေးအကျဆုံးလို့ သတ်မှတ်ထားတာထက် နှစ်ပေါင်း  ၁၀ သန်းလောက် ပိုပြီး ရှေးကျတဲ့  သတ္တ၀ါရဲ့  ရုပ်ကြွင်းကို တွေ့ရှိခဲ့ကြောင်းသတ္တ၀ါတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ ရေမြှုပ်လို နူးညံ့တဲ့ ကိုယ်ထည်အတွက် အရိုးလိုမာကျောတဲ့ အပိုင်းတွေပါလာတာဟာ အရေးပါတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တခုလို့  အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား (Califonia – Riverside) တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောကြောင်း
အခု သြစတြေးလီယား နိုင်ငံတောင်ပိုင်းမှာတွေ့ခဲ့တဲ့ အရိုးရုပ်ကြွင်းဟာ ရှေးခေတ်ပင်လယ်ကြမ်းပြင်မှာ ကျက်စားသွားလာတဲ့ ကိုရိုနာ ကော်လီနာ အကျူလာ မျိုးဖြစ်ကြောင်း ၁ လက္မ ၂ လက္မ လောက်ရှိတဲ့ ခွက်လို ခပ်ခုံးခုံး ကိုယ်ထည်ထိပ်က နှုတ်ခမ်းသားအလျှောက်မှာ  တပေလောက်ရှည်တဲ့ အပ်ချောင်းပုံ ဆူးလေးတွေ ပါတဲ့ သတ္တ၀ါမျိုးဖြစ်ကြောင်း ဒီဆူးလိုအချောင်းလေးတွေဟာ မရွေ့လျားနိုင်တဲ့ ဒီသတ္တ၀ါအတွက် ပံ့ပိုးပေးတဲ့ ကိုယ်အင်္ဂါတမျိုးဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြောင်း
ဒီရုပ်ကြွင်းတွေဟာ Cambrian သက်တမ်းလို့ ခေါ်တဲ့ သတ္တ၀ါမျိုးကွဲတွေ လျင်လျင်မြန်မြန် ဖြစ်ထွန်း လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၄၂ သန်း ကနေ ၄၄၈ သန်း ကာလ မတိုင်မီကတည်းက ရှိခဲ့တာဖြစ်ပြီး  သူ့သက်တမ်းကို  Edia cara သက်တမ်းလို့ သတ်မှတ်ကြောင်း
ဒီရုပ်ကြွင်းတွေကို ရာနဲ့ချီပြီး  တနေရာတည်းမှာ တွေ့ရတာကြောင့်  သူတို့ဟာ အုပ်စုလိုက်နေထိုင်တဲ့ သတ္တ၀ါမျိုးဖြစ်မယ်လို့ခန့်မှန်းကြပြီးကမ္ဘာပေါ်မှာပထမဆုံးသက်ရှိသတ္တ၀ါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာရာမှာ သိပ်အရေးပါတယ်လို့ ဆိုကြောင်း သိရှိရသည်။

အစ္စရေးက အီရန်ကို ချက်ချင်းတိုက်ခိုက်မှာမဟုတ် 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ရာဟုက အီရန်နိုင်ငံအပေါ် နိုင်ငံတကာကနေ ပိတ်ဆို့ အရေးယူမှုတွေ လုပ်တဲ့အပေါ် အလုပ်ဖြစ် မဖြစ်ဆိုတာကို စောင့်ကြည့်နေအုံးမှာ ဖြစ်ပြီး အစ္စရေးအနေနဲ့ လာမယ့်ရက်ပိုင်း ဒါမှမဟုတ် သတင်းပတ်တွေအတွင်း အီရန်ရဲ့ နျူကလီယား အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိသေးကြောင်း ကြာသာပတေးနေ့က အစ္စရေးရုပ်သံဌာနကို စကားပြောဆိုရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့သာ အဖြေရှာလိုကြောင်း၊ ဒါပေမယ့် အီရန်နိုင်ငံအနေနဲ့ နျူကလီယား လက်နက်ပိုင်ဆိုင်မှာကို လုံးဝလက်ခံမှာ မဟုတ်ကြောင်း မစ္စတာ နာတန်ရာဟုက ပြောကြောင်း
 မစ္စတာနာတန်ရာဟုဟာဝါရှင်တန်ကနေ ပြန်လာအပြီး နောက်တနေ့မှာအခုလို ပြောဆိုလိုက်တာ ဖြစ်ကြောင်း
အစ္စရေးအနေနဲ့ အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ် ရပ်တန့် သွားစေရေး အတွက် သံတမန်နည်းလမ်းနဲ့ ပိတ်ဆို့ အရေးယူတဲ့ နည်းလမ်းတွေသုံးပြီး ဟန့်တားနေမှု အပေါ် အချိန်တော့ ကြာကြာမပေးနိုင်ဘူးလို့လည်း သူက ပြောဆိုသွားကြောင်း အီရန်အရေးနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေးတို့ကြားမှာ ချဉ်းကပ်ပုံခြင်း ကွဲလွဲမှုရှိကြောင်း အစ္စရေးနိုင်ငံအနေနဲ့ အီရန်ရဲ့နျူကလီယား ခြိမ်းခြောက်မှုအပေါ် ၀ါရှင်တန်အစိုးရထက် ပိုမိုအလေးထားကြောင်း သူက ပြောဆိုသွားကြောင်း သိရှိရသည်။


Lwin Pwin 


Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment