မြန်မာသတင်းများ မတ် ၁၀ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ရေဒီယို ရုပ်သံ ဟောပြောချက် ဆင်ဆာဖြတ်
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက် အပါအ၀င် ဒီမိုကရက်တစ် နိုင်ငံရေးပါတီများ၏ ရေဒီယို၊ ရုပ်သံများမှ ဟောပြောမည့် အကြောင်း အရာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြတ်တောက် ပယ်ချမှုများ ပြုလုပ်နေကြောင်း
“မြန်မာနိုင်ငံက စစ်အစိုးရ အဆက်ဆက်မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပုံတွေ၊ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်း ခဲ့ပုံကိစ္စတွေ တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့်မပြုဘူး”ဟု RFA မြန်မာပိုင်းအစီအစဉ်သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ကြောင်း“ဥပဒေစိုးမိုးရေး မရှိခဲ့တာပေါ့နော်။ နောက်ပြီးတော့ အဲဒီ စစ်အစိုးရ အဆက်ဆက်က ဥပဒေတွေကို ပြည်သူတွေကို နှိပ် ကွပ်ဖို့ သုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ အဲဒီစာ တပိုဒ်တော့ ဖြတ်တာပါ”ဟု ဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည် သည် ပါတီ၏ မူဝါဒရေးရာများနှင့် ပတ်သက်၍ ပို့ချမည့် မူကြမ်းအား ကော်မရှင်ထံတင်ပြခဲ့ရာ၌ ဥပဒေ ပြင်ဆင်ရေး ကိစ္စများပါဝင်သည့်အတွက် ဖြတ်တောက်ခံရကြောင်း၊ ထိုစာပိုဒ်အား ပြန်လည်ရေးသားပြီး ကော်မရှင်ထံ ထပ်မံ တင်ပြထားကြောင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ မူဝါဒများ၌ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံသားများ၏ အခြေအနေကွာဟနေမှုကို နှိုင်းယှဉ်ပြထား ကာ မိမိတို့နိုင်ငံ၏ လိုအပ်ချက်များအား ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းသည့် အကြောင်းအရာများ ထည့်သွင်းရေးသား ခဲ့ရာ အားလုံးကို ကော်မရှင်က ပယ်ချခဲ့ကြောင်း
“မွေးကင်းစ ကလေးကနေ အသက်အရွယ်အိုမင်းပြီး သေဆုံးတဲ့အထိ အခွင့်အရေး ရရှိတာတွေ၊ ကျန်းမာရေး၊ ပညာရေး က အစ ပြုပြင်ဖို့ လိုအပ်တယ် ဆိုတာကို သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး ဆိုပြီး ပယ်ချလိုက်တယ်”ဟု ဦးသုဝေ က ဆိုကြောင်းကော်မရှင်က ခွင့်ပြုနိုင်မည့် မူဝါဒများဖြင့် ထပ်မံတင်ပြထားကြောင်း၊ ကော်မရှင်၏ လုပ်ရပ် အပေါ် နားလည်ရ ခက်ခဲကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှမှု ရှိမရှိကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း
အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီကမူ ၎င်းတို့၏ မူဝါဒများနှင့် ပတ်သက်၍ ဖြတ်တောက်ခံရမှု မရှိဟု ဆိုကြောင်းဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက မဲဆွယ်ဟောပြောနေကြကာ၊ လစ်လပ် နေရာ ၄၈ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ကော်မရှင်က ထုတ်ပြန်ထားကြောင်း
နိုင်ငံရေးပါတီများသည် မိမိတို့ဟောပြောလိုသည့် မူဝါဒ သဘောထား လုပ်ငန်းစဉ်များကို စာမျက်နှာ ၇ မျက်နှာဖြင့် အနည်းဆုံး ၇ ရက် ကြိုတင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။ ထိုတင်ပြချက်အား လိုအပ်သလို စိစစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ညှိနှိုင်း၍ ခွင်ြ့ပုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်ကြောင်း ပါတီ တခုအတွက် ၁၅ မိနစ် ဟောပြောချိန် ရမည်ဖြစ်ကြောင်း
နိုင်ငံရေးပါတီ တခုခု၏ စည်းရုံးဟောပြောမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ ဖွဲ့စည်းပုံဥပဒေနှင့် တည်ဆဲဥပဒေများ အား လိုက်နာလေးစားမှု မရှိခြင်း၊ လူမျိုးရေး၊ ဘာသာရေး လူပုဂ္ဂိုလ် တဦးဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားရေးကို ထိခိုက်စေခြင်း စသည်တို့အား ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်သည့် ကြေညာချက်က ဆိုကြောင်း
ထို စည်းကမ်းသတ်မှတ်ချက်အား မလိုက်နာသည့် ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခံရ မည်ဖြစ်ပြီး ပါတီလည်း ဖျက်သိမ်း ခံရနိုင်ကြောင်းယင်း ရေဒီယို၊ ရုပ်သံ ဟောပြောခွင့်ဆိုင်ရာ ကြေညာချက်သည် ယခင် နအဖ စစ်အစိုးရ လက်ထက်၂၀၁၀ ရွေးကောက်ပွဲ ကြေ ညာချက်နှင့် ထပ်တူ ဖြစ်ကြောင်းနအဖ စစ်အစိုးရ ဦးဆောင်ကျင်းပသည့်၂၀၁၀ ရွေးကောက်ပွဲ၌ ရေဒီယို၊ ရုပ်မြင်သံကြားများမှ ဟောပြောကြမည့် ဒီမိုကရက် တစ် ပါတီ အများစု၏ တင်ပြသည့် အချက်အလက်များ ပယ်ဖျက်ခံရမှုများ ရှိခဲ့ကြောင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီများ ရေဒီယိုနှင့် ရုပ်သံ ဟောပြောမှု အစီအစဉ်ကို မတ် ၇ ရက်နေ့က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည)နှင့် လားဟူ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီတို့၏ ဟောပြောမှုဖြင့် စတင်ခဲ့ကြောင်း သိရသည်။
ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ကြောင်း မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရကြောင်း ကြောင်း
ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့ကြောင်း လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်ကြောင်း ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -
“ကျနော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ တင်ခဲ့ပါတယ်။ စာပိုဒ်တပိုဒ်ကို ဖြုတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ရေးထားတဲ့ စာပိုဒ်ပါ။ အဲ့ဒီဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျနော်တို့ အစားထိုး ထပ်တင်တယ်။ အချိန်ကနည်းတော့ ကျနော်တို့ဘက်ကလည်း Fax နဲ့ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ။”
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အလားတူပဲ - ဒီိမိုကရက်တစ် ပါတီ မြန်မာအဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ကြောင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ယှဉ်ပြီး သုံးသပ်ပြထားတာတွေ ပြောခွင့်မပြုခဲ့ကြောင်း
ဒါ့အပြင် ဒီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အဟန့် အတား အကန့်အသတ်တွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ကတော့ - ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ မမှန်မကန် လုပ်ဆောင်တာတွေ တွေ့ရသလို - အထူးသဖြင့် - မဲဆန္ဒရှင်စာရင်းတွေထဲမှာ ကွယ်လွန်ပြီးသား လူတွေရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ ကြာသာပတေးနေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်းကတော့ - မဲစာရင်းကွာဟမှုတွေကို သက်ဆိုင်ရာကော်မရှင်ထံ အချိန်မီ အကြောင်းကြားပေးနေပြီး - ကော်မရှင်တွေ ဘက်ကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ထဲကနေ ပြင်ဆင်မှုတွေ လုပ်ပေးနေကြောင်း ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော အာဆီယံကပါ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေကြောင်း မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ဒီဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး - မရုပ်သိမ်းရေးကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်လို့ ပြောဆိုထားကြောင်း ဒါ့အပြင် အာဆီယံကလည်း - ဒီကြားဖြတ် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး အကဲခတ်အဖွဲ့တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတာ ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဆန္ဒပြတောင်းဆိုမှု အလုပ်ရှင်လိုက်လျော
လုပ်အားခနစ်နာမှုတွေအတွက် မနေ့က မတ်လ ၈ ရက်နေ့က စပြီး အလုပ်ခွင်ထဲမဝင်ဘဲ ဆန္ဒပြ ခဲ့ကြတဲ့ လှိုင်သာယာစက်မှုဇုန် ၂ က ကိုရီးယားလူမျိုးပိုင်၊ မြန်မာဆန်နီဖိနပ်စက်ရုံက အလုပ်သမား ၁,၅၀၀ လောက်ဟာ သူတို့ရဲ့ဆန္ဒပြမှုတွေကိုဒီကနေ့မှာအဆုံးသတ်လိုက်ပြီဖြစ်ကြောင်းမြို့နယ်အလုပ်သမားကြီးကြပ်ရေးကော်မတီက ဝင်ရောက်ညှိနှိုင်းပေးခဲ့တာကြောင့် ဆန္ဒပြတာတွေ ပြီးဆုံးသွားခဲ့တာ ဖြစ်ကြောင်း
လုပ်အားခနစ်နာမှုတွေအတွက် ဆန္ဒပြနေတဲ့ လှိုင်သာယာ စက်မှုဇုန်၊ မြန်မာ-ဆန်နီ ဖိနပ်စက်ရုံက အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ ကျေလည်မူရရှိပြီး မတ်လ ၉ ရက်နေ့မှာ ဆန္ဒပြမှု ပြီးဆုံးသွားခဲ့ ကြောင်း အလုပ်သမားခေါင်းဆောင် ကိုသန်းက ပြောပြကြောင်း
“တောင်းဆိုချက် ၁၀ ချက်ထဲမှာ အဓိက-က Day-ကြေး ၈၅ ကျပ်ကနေ ၁၂၀ အထိ တိုးပေးဖို့၊ နိုင်ငံတော်ရုံးပိတ်ရက်တွေမှာ လစအပြည့်နဲ့ ခံစားခွင့်ပေးဖို့၊ ရက်မှန်ကြေးဆုကြေးတွေ တိုးမြှင့်ပေးဖို့၊ ကျွမ်းကျင်မှုကြေးတွေ တိုးမြှင့်ပေးဖို့ပါ။ အဲဒါတွေက အဓိကအချက်တွေပါပဲ။ မနက် ၉ နာရီလောက်မှာ မြို့နယ် ကြီးကြပ်ရေးကော်မတီက ရောက်လာပြီးတော့ ညှိနှိုင်းဆွေးနွေးတယ်။ နေ့လည် ၁၂ နာရီမှာ သဘောတူညီချက်ရတယ်။
သဘောတူညီချက်က ဘာလဲဆိုလို့ရှိရင် စက်ရုံပိုင်ရှင်ဘက်ကနေပြီးတော့ ဒေးကြေး တနာရီ လုပ်ခကို ၁၀၀ အထိ တိုးပေးလိုက်တယ်။ ရက်မှန်ကြေးကို ၅,၅၀၀ ကနေပြီးတော့ ၇,၀၀၀ အထိ တိုးပေးလိုက်တယ်။ ကျွမ်းကျင်ကြေးကို အလုပ်သမားအားလုံးကို ၂,၀၀၀ အထိ တိုးပေးတယ်။ ဝင်ငွေခွန်ကောက်တာက ၁၀၀၀ လောက်အထိ တိုးကောက်လိုက်တယ်၊ အဲဒီအပေါ်မှာ မကျေနပ်လို့ မနေ့ နေ့လည်က အလုပ်ခွင်မဝင်ဘဲ ပြန်လာကြတာပေါ့။
ဒီနေ့မနက်မှာ ဆန္ဒပြပြီး စနစ်တကျတောင်းဆိုတာပေါ့။ တလကို ၈၀၀၀ လောက် ပိုရသွားတာပေါ့ဗျာ။ နှစ်ဘက် တော်တော်လေး ညှိနှိုင်းရတယ်။ ၁၂ နာရီလောက်မှာ ပြီးသွားတယ်။”
အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေကို တောင်းဆိုခဲ့ပြီး တနာရီ လုပ်အားခကို ၁၂၀ ကျပ်ထိ တိုးပေးဖို့ တောင်းဆိုတာအပြင် ရက်မှန်ကြေးတွေ တိုးပေးဖို့ စတဲ့ တောင်းဆိုချက်တွေ အပြည့်အ၀ မရပေမဲ့ ထိုက်သင့်တာကိုရတဲ့အတွက် ကျေနပ်လိုက်ရကြောင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ အလုပ်သမားတဦးကလည်း ပြောပြကြောင်း
“ဒီနေ့သွားပြီးတော့ လေဘာရုံးကလူတွေနဲ့ရော အကုန်လုံး ညှိတယ်၊ သမီးတို့တောင်းတဲ့ အချက်တွေကို သူတို့တွေက ညှိပေးတယ်။ တနာရီလုပ်အားခ ဒေးကြေးက ၁၅ ကျပ် တိုးပေးတယ်။ ကျွမ်းကျင်မှုကြေး ၂၀၀၀ တိုးပေးတယ်။ အရင်တုန်းက ရုံးပိတ်ရက်တွေ မထည့်ပေးဘူး။ အခု ထည့်ပေးရမယ် ပေါ့နော်။ တောင်းဆိုတဲ့ဟာတွေ အထိုက်အသင့်ရတယ်။ ”
ပြီးခဲ့တဲ့လကပဲ အလားတူ လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၂၀၀၀ နီးပါးလည်း ဆန္ဒပြမှုဖြစ်ခဲ့ပြီး ဆန္ဒပြမှုတွေကို အလုပ်ရှင်က လိုက်လျှောပေးခြင်းမရှိတာကြောင့် အလုပ်ရှင်၊ အလုပ်သမားကိစ္စ ဖြေရှင်းပေးတဲ့ဝါဏိဇ္ဇရုံးအထိ ရောက်ခဲ့ပေမဲ့ အလုပ်သမားတွေဘက်က ကျေနပ်လောက်တဲ့ လုပ်အားခမရရှိခဲ့ဘူးလို့ ဆိုကြောင်း ဒီအတွက် ဥပဒေကြောင်းအရ ဆက်လက် အရေးဆိုဆိုဖို့အတွက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်းစက်မှုဇုန်တွေက အလုပ်သမားတွေဟာ တနေ့ကို ၈ နာရီထက်ပိုလုပ်နေရပြီး လုပ်အားခ နစ်နာတဲ့ အပေါ် အရေးဆိုတာမျိုးတွေ မကြာခဏဖြစ်ခဲ့ပြီး အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်းအပြည့်အ၀ လိုက်လျောပေးတာမျိုးတွေ မရှိခဲ့ကြောင်း
အခုလိုက်လျောမှုကိုတော့အလုပ်သမားတွေဘက်က ကျေနပ်လိုက်ရပြီး စားဝတ်နေရေး အခက်အခဲကြောင့် ရက်ရှည်အလုပ်ပျက်မှုတွေ မရှိဖို့အတွက် တခြားနည်းလမ်း ရွေးချယ်စရာမရှိကြောင်းလည်းသိရသည်။
KIO နှင့် အစိုးရအကြား တပ်ရုပ်သိမ်းရေး သဘောတူညီမှု မရနိုင်သေး
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း KIO နယ်မြေအတွင်းရှိ အစိုးရတပ်ဖွဲ့များ ရုပ်သိမ်းရေး သဘောတူညီမှု မရသေးဘဲ ဆက်လက် ဆွေးနွေးကြရဦးမည် ဖြစ်ကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောကြောင်း
ဆွေးနွေးမှု ဒုတိယနေ့အဖြစ် သောကြာနေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဆွေးနွေးခဲ့ကြရာ KIO ဘက် မှ တောင်းဆိုထားသော နိုင်ငံရေး ဆွေးနွေးရန်၊ ပင်လုံကဲ့သို့သော ညီလာခံ ကျင်းပရန်တို့ကို သဘောတူညီမှု ရရှိခဲ့သော်လည်း တပ်ရုပ်သိမ်းရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စောင့်ကြည့်ပေးရန်တို့ကိုမူ သဘောတူညီ မှု မရသေးခြင်း ဖြစ်ကြောင်း
“လက်မှတ်ထိုးဖို့ကိစ္စမှာ KIO ဘက်ကနေ အဆိုတင်ပြချက်ကို တချို့နှစ်ဖက်လက်ခံတယ်။ တပ်ကိစ္စကတော့ အသေးစိတ် ဆွေးနွေးရမှာမို့ အဲဒီကိစ္စ ဆွေးနွေးဖို့ လိုအပ်နေလို့” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောကြောင်း
ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းတခုခုမှ စောင့်ကြပ်သည့် အခြေအနေအောက်တွင် နှစ်ဖက်သဘောတူ လက်မှတ် ရေးထိုးရန် တောင်းဆိုချက်ကိုလည်း အစိုးရ ကိုယ်စားလှယ်ဘက်မှ လက်မခံနိုင်ကြောင်း
ဆွေးနွေးမှု ဒုတိယနေ့အဖြစ် သောကြာနေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဆွေးနွေးခဲ့ကြရာ KIO ဘက် မှ တောင်းဆိုထားသော နိုင်ငံရေး ဆွေးနွေးရန်၊ ပင်လုံကဲ့သို့သော ညီလာခံ ကျင်းပရန်တို့ကို သဘောတူညီမှု ရရှိခဲ့သော်လည်း တပ်ရုပ်သိမ်းရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စောင့်ကြည့်ပေးရန်တို့ကိုမူ သဘောတူညီ မှု မရသေးခြင်း ဖြစ်ကြောင်း
“လက်မှတ်ထိုးဖို့ကိစ္စမှာ KIO ဘက်ကနေ အဆိုတင်ပြချက်ကို တချို့နှစ်ဖက်လက်ခံတယ်။ တပ်ကိစ္စကတော့ အသေးစိတ် ဆွေးနွေးရမှာမို့ အဲဒီကိစ္စ ဆွေးနွေးဖို့ လိုအပ်နေလို့” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောကြောင်း
ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းတခုခုမှ စောင့်ကြပ်သည့် အခြေအနေအောက်တွင် နှစ်ဖက်သဘောတူ လက်မှတ် ရေးထိုးရန် တောင်းဆိုချက်ကိုလည်း အစိုးရ ကိုယ်စားလှယ်ဘက်မှ လက်မခံနိုင်ကြောင်း
“ဦးအောင်သောင်းတို့ကနေ ရှင်းပြတာကတော့ ပြည်တွင်းရေးကိစ္စမှာ ပြည်ပနိုင်ငံ သြဇာတခုခု စောင့်ကြပ်မှု
အောက်မှာ လက်မှတ်ထိုးတာ မသင့်တော်ဘူး။ နိုင်ငံတော် သိက္ခာကျတယ်လို့ ပြောတယ်။ လက်မခံနိုင်ဘူး လို့ပဲ ပြောတယ်။ ကျနော်တို့ ဆက်ပြီး ဆွေးနွေးရဦးမယ်”ဟု ဆက်ပြောကြောင်း
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ
ဆွေးနွေးမှုတွင် အမေရိကန်နှင့် အင်္ဂလိပ် သံအရာရှိများနှင့် UNHCR ကိုယ်စားလှယ်တို့ တက်ရောက် လေ့လာ ခွင့် ရခဲ့ကြဖူးကြောင်းဦးဆွမ်းလွပ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ရွှေလီမြို့တွင် ရောက်ရှိနေသောပြည်တွင်း ပြည်ပ သတင်းထောက်များကို သောကြာနေ့ ညနေက သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ကြောင်းစနေနေ့ ထပ်မံတွေ့ဆုံမှုတွင် တစုံတရာ သဘောတူညီမှု ရမည်ဟု မျှော်လင့်ထားပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးမှု အားရသော်လည်း ကျေနပ်မှု မရသေးကြောင်းသိရသည်။
ဗီယက်နမ် ကုမ္ပဏီ ၆၀ ကျော် မြန်မာပြည် လာမည်
ဗီယက်နမ်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၆၀ ကျော်သည် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ပြောကြောင်း
၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှလေ့လာစရာများ ရှိနေသည်ကြောင်း
၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှလေ့လာစရာများ ရှိနေသည်ကြောင်း
"လာမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ Schedules တွေ မရှိသေးပါဘူး။ သူတို့ဆီ ကလည်း ကျနော်တို့က We have to learn from them လေ။ သူတို့က ကျနော်တို့ရှေ့က အရင်သွားနေပြီးတော့ပြုပြင်ပြောင်းလဲမှု လုပ်ထားတာကိုး။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုက အခုမှလုပ်တော့ သူတို့ထက် နောက်ကျနေပြီ။ သူတို့ဆီက ယူစရာလေးတွေ အများကြီးရှိပါတယ်" ဟု UMFCCI ၏ တွဲဖက် အတွင်းရေးမှူး (၁) ဒေါက်တာ မောင်မောင်လေး က ပြောကြောင်း
အဆိုပါ ကုမ္ပဏီ ၆၀ ကျော်၏ စီးပွားရေး လုပ်ငန်းရှင်များကို ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူး Le Thanh Hai က ဦးဆောင်မည်ဟုလည်း Viet Nam News အင်တာနက် စာမျက်နှာတွင်
ဖေါ်ပြပါရှိကြောင်း ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက် ကုန်နှင့် သစ်တောထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့နေသည်ဟုလည်း ဗီယက်နမ် ကုန်သွယ်မှု အဖွဲ့၏ စီးပွားရေးပညာရှင် Pham Tat Thang ကို ကိုးကား၍ အဆိုပါ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၊ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၅၀၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုကြောင်း
ဧပြီလ ပထမပတ်တွင်လည်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၄၀ ခန့် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး နေပြည်တော်တွင်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိကြောင်း
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး ပညာရှင်များ၊ အစိုးရ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။
အဆိုပါ ကုမ္ပဏီ ၆၀ ကျော်၏ စီးပွားရေး လုပ်ငန်းရှင်များကို ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူး Le Thanh Hai က ဦးဆောင်မည်ဟုလည်း Viet Nam News အင်တာနက် စာမျက်နှာတွင်
ဖေါ်ပြပါရှိကြောင်း ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက် ကုန်နှင့် သစ်တောထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့နေသည်ဟုလည်း ဗီယက်နမ် ကုန်သွယ်မှု အဖွဲ့၏ စီးပွားရေးပညာရှင် Pham Tat Thang ကို ကိုးကား၍ အဆိုပါ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၊ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၅၀၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုကြောင်း
ဧပြီလ ပထမပတ်တွင်လည်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၄၀ ခန့် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး နေပြည်တော်တွင်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိကြောင်း
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး ပညာရှင်များ၊ အစိုးရ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။
စစ်တပ်က ဗိုလ်မှူးချုပ်တဦးကို နိုင်ငံခြားရေးဌာနပို့ပြီး သံအမတ်ကြီးတာဝန်ယူခိုင်း
ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးချုပ်မျိုးမြင့်သန်းအား နိုင်ငံခြားရေးဌာနသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် ထိုအရာရှိ သံအမတ်ကြီးရာထူး ရသွားကြောင်း နိုင်ငံခြားရေး ဌာန ရုံးတွင်းပေးစာတစောင်အရ သိရသည်။
အိန္ဒိယ-မြန်မာ ဆက်ဆံရေးဆိုင်ရာ အစီရင်ခံစာ ထုတ်ဝေ
ဒီမိုကရေစီ အင်အားကြီး အိန္ဒိယနိုင်ငံ အနေဖြင့် အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် စီးပွားရေး၊ စစ်ရေး အရသာမက မြန်မာ့နိုင်ငံရေး၊ လူမှုရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်နေကြောင်း ယနေ့ ထုတ်ဝေသည့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး အစီရင်ခံစာတရပ်က ဆိုသည်။ နယူးဒေလီ အခြေစိုက် Burma Center Delhi က ထုတ်သည့် အဆိုပါ အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ ၏ ၁၉၉၀ မှ ၂၀၁၁ ခုနှစ်အတွင်း ပြောင်းလဲ ကျင့်သုံးလာသော မြန်မာနိုင်ငံနှင့် စီးပွားရေး၊ စစ်ရေးအရ ဆက်ဆံရေးများ အပေါ် မြန်မာ့အရေး စိတ်ဝင်စားသည့် အိန္ဒိယလွှတ်တော် အမတ်များ၊ အရှေ့တောင် အာရှအရေး လေ့လာသူများ၏ သုံးသပ်ချက်များ ပါဝင်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ချီးမြှင့်
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ပေးအပ်ချီးမြှင့် သည်။ ယမန်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင်ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံစဉ် ယင်းဆု ကို ပေးအပ်ခြင်း ဖြစ်သည်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံ သည်။ John Baird ၏ ယခု ခရီးစဉ်သည် ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး တဦးအနေနှင့် ပထမဆုံး ခရီးစဉ်ဖြစ်သည်ဟုလည်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်
ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပ ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်သည်။ ကြိုတင်မဲနှင့် ပတ်သက်၍လည်း ဥပဒေအရ ခွင့်ပြုထားသူမှ အပ ကျန်ပုဂ္ဂိုလ်များအားလုံး မဲရုံများတွင်သာ မဲပေးရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ တွေ့ဆုံညှိနှိုင်း စည်းဝေးပွဲ၌ ပြောကြားခြင်း ဖြစ်သည် ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်၌ ဟောပြော မည့်နေရာ အခက်ကြုံ
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၀ ရက်နေ့ သွာမည့် မွန်ပြည်နယ် မော်လမြိုင်မြို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် မြို့နှင့် ၅ မိုင်ခန့်အကွာရှိ သွေးသောက်ရွာ အားကစားကွင်းတွင်သာ ဟောပြောခွင့်ရရှိကြောင်း သတင်းရသည်။ မူလက သံလွင်ဥယျာဉ် တွင် ဟောပြောခွင့်ရရှိရန် ပြည်နယ်ကော်မရှင်သို့ ခွင့်တောင်းသော်လည်း အဆင့်မြင့် ဥယျာဉ် တည်ဆောင်မည် ဖြစ်သည့်အတွက် ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချခံရကြောင်း မော်လမြိုင်မြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် မည့် NLD အဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်က ပြောကြောင်းသိရသည်။
ရေတပ် ကာချုပ် တရုတ်နိုင်ငံသွား
ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က တရုတ်နိုင်ငံသို့ သွားရောက်သည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Wu Shengll ၏ ဖိတ်ကြားချက်အရ မတ်လ ၈ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
မော်ဒန်ဂျာနယ်အမှု မတ်လ ၂၃ တွင် ကြားနာမည်
“လမ်းကတော့ BOT စနစ်အရ ကုမ္ပဏီကို ပေးထားတယ်။ ဒီလို ပေးထားတာကို အင်ဂျင်နီယာကနေပြီးတော့ ပိုက်ဆံ ကောက်ခံခိုင်းတယ်ဆိုပြီး သူတို့ အင်ဂျင်နီယာကို မသက်ဆိုင်ဘဲနဲ့ ဂျာနယ်ထဲမှာထည့် စွပ်စွဲတယ်ဆိုပြီး အသရေဖျက်မှုနဲ့ တရားစွဲတာပါ” ဟု မော်ဒန်ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးမြင့်သွင်ကပြောကြောင်း
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြခဲ့သော “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်းဆောင်းပါးကြောင့် သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက တာဝန်ခံအယ်ဒီတာ ဦးဝေလျှံနှင့် သတင်းထောက် မသက်စုအောင်တို့ကို တရားစွဲဆိုခြင်း ဖြစ်ကြောင်း
သပိတ်ကျင်းမြို့နယ်တရားရုံးက ဆင့်ခေါ်စာပေးပို့သဖြင့် မော်ဒန်ဂျာနယ် တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တို့ ယခုလ ၆ ရက်နေ့က သပိတ်ကျင်းသို့ သွားရောက်ခဲ့ပြီး အာမခံယူခဲ့ကြကြောင်း
တရားရုံးသို့ တရားလို ဒေါ်နွဲ့နွဲ့ရီက လျှောက်ထားခဲ့သည့် ဦးတိုက်လျှောက်လွှာတွင် သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဆောက်လုပ်ရေးဌာန ညွှန်ကြားရေးမှူးတို့၏ ညွှန်ကြားချက်များကို ရည်ညွှန်းကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားစွဲဆိုခိုင်းကြောင်း
မော်ဒန်ဂျာနယ်အနေဖြင့် သတင်းနှင့်ပတ်သက်သည့် အသံဖိုင်များ ဓာတ်ပုံမှတ်တမ်းများ ရုံးတော်သို့ တင်ပြကာ အမှုရင်ဆိုင်သွားမည်ဟု မော်ဒန်ဂျာနယ်၏ အထက်မြန်မာပြည်တာဝန်ခံ ဦးကျော်ရင်မြင့်ကပြောဆိုကြောင်း
“သတင်းကလည်း သတင်းအမှန် အဖြစ်အပျက်ကလည်း အမှန်ပဲဆိုတော့ ကျနော်တို့ ဂျာနယ်တိုက်မှာ အသံအရရော ဓာတ်ပုံမှတ်တမ်းတွေအရရော အထောက်အထား အကုန်ရှိပါတယ်။ အဲဒါတွေ တင်ပြပြီးတော့ ရင်ဆိုင်သွားမှာပါ”ဟု ၎င်းကပြောကြောင်းအဆိုပါအမှုနှင့် ပတ်သက်၍ မော်ဒန်ဂျာနယ်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဆန်း၊ မန္တလေးမှ ရှေ့နေဦးမြင့်သွင်နှင့် အထက်တန်းရှေ့နေ ဦးနိုင်နိုင်ထွန်းတို့ လိုက်ပါဆောင်ရွက်ပေးနေကြောင်း
အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရသော “လမ်းလွှဲလေးတော့ ကောင်းစေချင်” သတင်းဆောင်းပါး နှင့်ပတ်သက်၍ ဦးကျော်ရင်မြင့်က “သပိတ်ကျင်းမြို့နယ်မှာ တည်ဆောက်ထားတဲ့ တံတားတွေက မခိုင်မာဘူး။ အဲဒီတံတားတွေကို မြေကြီးကနေပတ်ပြီးတော့ ဆောက်လုပ်ရေးဌာနက လမ်းကလေး ဖောက်ပေးတယ်။ အဲဒီဖောက် ပေးတဲ့လမ်းကနေပြီးတော့ အလေးချိန်များတဲ့ ကုန်ကားကြီးတွေက ပတ်လမ်းကနေ သွားရတယ်။ တံတားပေါ်က ဖြတ်မသွားရဘူး” ဟု ရှင်းပြကြောင်း ဆက်လက်၍ “အဲဒီလို လုပ်ထားတဲ့အခြေအနေမှာ ပတ်လမ်းတွေက မကောင်းတဲ့အခါကျတော့ ကုန်တွေပါတဲ့ ကားကြီးတွေက မှောက်တာတွေဘာတွေ ဖြစ်တယ်။ ဖြစ်တော့ ကုန်ကားသမားတွေက ပတ်လမ်းကို ကောင်းစေချင်တယ်လို့ ပြောတာ” ဟု ပြောကြောင်း
အဆိုပါ သတင်းအား မော်ဒန်ဂျာနယ်နည်းတူ တခြားပြည်တွင်းဂျာနယ် ၄ စောင်က ရေးသားခဲ့သော်လည်း ဆောက်လုပ်ရေးက မော်ဒန်တစောင်တည်းကိုသာ တရားစွဲခြင်းမှာ ၄င်းတို့ဌာန၏ ချို့ယွင်းချက်များအား ရေးသားနေမှုကို ဟန့်တားလို၍ ဖြစ်နိုင်ကြောင်း ဦးကျော်ရင်မြင့်ကလည်း မြန်မာနိုင်ငံတွင် ရေးဆွဲနေဆဲဖြစ်သည့် မီဒီယာဥပဒေတွင် သတင်းသမားများအား အလွယ်တကူ တရားမစွဲနိုင်ရန် ကာကွယ်ပေးသည့်အချက် ထည့်သွင်းရေးဆွဲသင့်ကြောင်း
ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒု ဥက္ကဋ္ဌ ဦးဇင်လင်းက မြန်မာနိုင်ငံတွင် မီဒီယာသမားများအား အနှောက်အယှက်ပေး တိုက်ခိုက်နိုင်သည့် ဥပဒေများ အသက်ဝင်ဆဲ ဖြစ်၍ မီဒီယာလွပ်လပ်ခွင့်အတွက် ယင်းဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်ရန်လိုကြောင်း သတင်းရရှိသည်။
မန်းငြိမ်းမောင် စိတ်ဓာတ်အခြေအနေ ရှေ့နေ သံသယရှိ
ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ ပုဒ်မ ၁၇၁ တရားမ၀င် အသင်းဆက်သွယ်မှု၊ ပုဒ် ၁၂၂ က နိုင်ငံတော် ပုန်ကန်မှုနဲ့ အမိန့်ချဖို့ ရှိနေပါတယ်။ အမှုအမြန်ပြီးဖို့နဲ့ ၀န်ခံဖို့အတွက် မန်းငြိမ်းမောင်ကို ဖိအားပေးခံရမှုတွေလည်း ရှိနေတယ်လို့ ယူဆရကြောင်း ဒီအတွက် စိတ်ကျန်းမာရေးလည်း ထိခိုက်နေပုံရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောကြောင်း
ပြီးခဲ့တဲ့နှစ် ဇူလို်င်လက တရုပ်ပြည်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ဦးမန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က ပြောကြောင်း
“အင်္ဂါနေ့မှာ အမိန့်ချမယ်။ ၁၇/၁ ကတော့ ၃ နှစ်ပေါ့။ ၁၂၂/၁ ကတော့ အမြင့်ဆုံးကတော့ အမြင့်ဆုံးက သေဒဏ်၊ အနိမ့်ဆုံးက တသက်တကျွန်းပဲ၊ အဲဒါကို ၂ မှုပေါင်းပြီးတော့လည်းပဲ တပေါင်းတည်းကျခံစေ-လို့လည်း အမိန့်ချနိုင်တယ်ပေါ့။
နှစ်ဘက် လျှောက်လဲချက်ပေးတဲ့ အခါကျတော့ တို့ဘက်ကတော့ ဘာ့ကြောင့်လွှတ်ပေးသင့်တယ် ဆိုတဲ့ ဥပဒေကောက်ချက်ရယ်၊ နောက်တချက်ကတော့ ဒီအမှုမှာ ဒီအချိန်ကြီးမှာ ဒီလို ပြင်းထန်တဲ့ အမိန့်တွေ မပေးသင့်ဘူးဆိုတဲ့ အကြောင်းချင်းရာရယ်၊ အဲဒီ အကြောင်းအချက် ၂ ခုနဲ့ ဥပဒေ အကြောင်းအရာနဲ့ အကြောင်းချင်းရာ အဲလို ခွဲခြားပြီးတော့-တော့ လျှောက်လဲချက်တော့ ပေးလိုက်တာပဲလေ။”
အယူခံခွင့်ရှိပေမယ့် အခုတရားစွဲဆိုမှုဟာထူးခြားမှုရှိနေပြီး ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဥပဒေပြဌာန်းချက်တွေနဲ့ မညီတာကို တွေ့ရတယ်လို့ ရှေ့နေဖြစ်သူက ဆိုကြောင်း
“ဒီတရားစွဲဆိုတဲ့အခါမှာလည်း နိုင်ငံတော်ပုန်ကန်မှုလို အမှုကြီးကို တရားစွဲဆိုမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်၊ တရားစွဲဆိုခွင့်အမိန့်ပါရတယ်။ အခု ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုးထားတယ်။ အဲဒီမှာ သမ္မတကနေပြီး သူ့ကို အာဏာပေးထားတယ်ဆိုတဲ့ အမိန့်စာ ပေးမထားဘူး။ ဒါကတော့ ဥပဒေအရ တရားစွဲမရတဲ့အကြောင်းပေါ့လေ။ နောက်တကြောင်းကတော့ ဘာလဲ ဆိုလို့ရှိရင် ၂ မှုပေါင်းပြီးတော့ သက်သေပြချက်တွေကို တမှု တပြိုင်တည်းတွဲထားတယ်။ အဲလို ၂ မှု သက်သေခံချက်တွေကို တပြိုင်တည်းတွဲထားမယ် ဆိုလို့ရှိရင် ဒီလိုအမှုမျိုး စစ်မယ်ဆိုလို့ရှိရင် တရားဥပဒေအရ မူလအစကပင် ပျက်ပြယ်လျှက်ရှိတယ် ဆိုပြီးတော့ ဒီလို ဥပဒေကတော့ ပြောထားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအချက် ၂ ချက်ပေါ်မှာ မူတည်ပြီးတော့ လွှတ်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ဘက်ကတော့ လျှောက်လဲချက်တော့ ပေးထားတယ်။
KNU အဖွဲ့ကြီးက ၆ ဖွဲ့လောက် ကွဲထွက်သွားတယ်။ ခွဲထွက်သွားပြီးတော့ တချို့အဖွဲ့တွေကဆိုရင် ဥပမာ သေနတ်တွေလည်းကိုင်ထားတယ်၊ ငြိမ်းချမ်းရေးလည်း လက်မှတ်ထိုးထားတယ်။ သို့သော် ၁၇/၁ ကို မဖျက်ပေးထားဘူး။ ၁၇/၁ မဖျက်ပေးဘဲနဲ့ ဒီလို ကိုယ့်သေနတ်တွေကိုယ်ကိုင်ပြီး ဒီလိုပဲ နေလို့တော့ မရဘူးလေ။ အဲဒီတော့ ဟိုအဖွဲ့ကိုတော့ ဥပဒေတမျိုး၊ ဒီအဖွဲ့ကို ဥပဒေတမျိုး ပြောလို့မရဘူး။ အခု KNU နဲ့လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတာပဲ။ အဲလိုဆိုရင် သူ့ကိုလည်း အဲဒီအခွင့်အရေးပေးရမှာပေါ့။ သူ့ကျတော့ တရားစွဲတယ်၊ ကျန်တဲ့လူတွေကျ တရားမစွဲဘူးဆိုတော့ ဘယ်တရားမျှတမှု ရှိမလဲ။”
အမှုကို အမြန်ပြီးဖို့အတွက် ၀န်ခံမှုလုပ်ဖို့ ဦးမန်းငြိမ်းမောင်က လိုလားနေပုံရပြီး စိတ်ပိုင်း ဆိုင်ရာအရ ဖိအားပေးခံနေသလို ပုံစံမျိုးတွေ တွေ့နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။
“မြန်မြန်ပြီး ပြီးတာပေါ့-တဲ့။ ကျနော်တို့ကပဲ အမှုကို ကြာအောင်လုပ်နေသလိုလို အဲဒီပုံစံမျိုး သူ့ကို အဲဒီ အတွေးမျိုးတွေ ဝင်ပြီး အတွေးတွေ ဝေနေအောင် ဘယ်သူက ဖိအားပေးသလဲ၊ ဘယ်သူကပြောသလဲတော့ ကျနော်လည်း အတိအကျတော့ ပြောလို့ မရဘူး။ သူ့ခေါင်းထဲမှာပဲ အဲဒါတွေ ဝင်နေတယ်။ အဲဒါ မကောင်းဘူးပေါ့။
အုန်းကျော်မြင့်တုန်းကတော့ အဲဒီအတွေ့အကြုံရှိထားတယ်။ အုန်းကျော်မြင့်က ဟိုဘက်က ထောက်လှမ်းရေးကလည်း သူ့ကို စည်းရုံးလိုက်ရော-ဘာပြောလဲဆိုတော့ တရားရုံးက ကျနော် ပထမ ထွက်ထားတဲ့ ထွက်ချက်တွေက-ရှေ့နေသင်ပေးလို့ ဖြစ်ရတာပါ-တဲ့။ ကျနော့်သဘောနဲ့ မဟုတ်ပါဘူး ဆိုတော့ ဦးကိုယုက ပါဝါအမြန်ရုပ်ပစ်ရတယ်။ ပြီးလည်းပြီးရော အုန်းကျော်မြင့်ကို တခါတည်း သေဒဏ်ချပစ်လိုက်တာပဲလေ။
အဲဒီတော့ အခုလည်းပဲ သူ့ကို ပြောပြတယ်။ ကျနော်တို့က ခင်ဗျားကို စေတနာထားပြီး လိုက်ပေးနေ တာ။ ခင်ဗျား- အုန်းကျော်မြင့်လို ဖြစ်မယ်နော်လို့- ကျနော်က အဲဒါတော့ သူ စိတ်မကျန်းမာဘူး-လို့ အဲဒီလို ခံစားရတယ်။”
ဦးမန်းငြိမ်းမောင်ဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်က KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ဦုးမန်းငြိမ်းမောင်ကို အသုံးချမှုတွေရှိခဲ့တယ်လို့ ဆိုကြောင်း ဒါပေမဲ့လည်း တရားခံဘက်က ထောင်မှူးတွေကို သက်သေတွေအဖြစ် တောင်းဆိုတဲ့အခါမှာ သက်သေတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားကြောင်းဦးမန်းငြိမ်းမောင်ကို ဖမ်းဆီးထားစဉ်အတွင်းမှာ မြန်မာအစိုးရဘက်က KNU ရဲ့ အားနည်းချက် အားသာချက်တွေကို ဦးမန်းငြိမ်းမောင်ထံကနေ အချက်အလက်ရယူခဲ့ပြီး KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ကြိုးစားမှုတွေရှိခဲ့တယ်လို့လည်း ဦးမန်းငြိမ်းမောင်ရဲ့ထွက်ဆိုချက်တွေမှာ ပြောဆိုခဲ့ကြောင်းသိရသည်။
KNU နှင့် DKBA ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
ဆွေးနွေးပွဲတက်ရောက်သူ KNU တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က
“အတိတ်ကာလက DKBA ခွဲထွက်သွားတဲ့ ကိစ္စတွေမှာ နှစ်ဘက်အားနည်းချက်ကြောင့်ဖြစ်ခဲ့ပြီး အချင်းချင်း သတ်ဖြတ် ကြတာတွေဟာ သမိုင်းမှာ အမည်းစက်တခုဖြစ်ခဲ့တယ်၊ အဲဒီအပေါ်မှာ သင်္ခန်းစာယူပြီးတော့ အနာဂတ်ကာလမှာ ညီညီညွှတ်ညွှတ်နဲ့ ညှိနှိုင်း လုပ်ဆောင်ကြဖို့ ဆွေးနွေးကြတာပါ”
ဆွေးနွေးပွဲကို DKBA ကလို့ထူးဘော စစ်ဌာနချုပ်အခြေစိုက် ဆုံစည်းမြိုင်ရွာတွင် ကြာသာပတေးနေ့က ကျင်းပခဲ့ကြပြီး KNU မှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ၊ ဒုတိယ စစ်ဦးစီးချုပ် ဖလော်ခို တို့ ဦးဆောင်တက်ရောက်ကြောင်း၊ DKBA မှ ဗိုလ်ချုပ် စော လားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေးက ဦးဆောင် တက်ရောက်ဆွေးနွေးကြကြောင်း
ထိုဆွေးနွေးပွဲသို့ နိုင်ငံတကာရောက် ကရင်တိုင်းရင်းသား အချို့လည်း တက်ရောက်ခဲ့ကြပြီး ကရင်နှစ်ဖွဲ့က ၎င်းတို့ အနေဖြင့် ကရင် အမျိုးသားအလံ တခုတည်းအောက်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေ ဆွေးနွေးခဲ့ကြသည်ဟု ဆိုကြောင်းနှစ်ဘက်တပ်များအကြား အတိတ်ကာလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကြားကာလတွင်လည်း နားလည်မှုလွဲမှားကာ ကြိုကြား တိုက်ပွဲများ ရှိခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကို ယခုဆွေးနွေးပွဲမှ သင်ပုန်းချေလိုက်ပြီဖြစ်ပြီး အနာဂတ်ကာလတွင် နှစ်ဖွဲ့ အကြား တိုက်ပွဲပဋိပက္ခများ ရှိတော့မည်မဟုတ်ဘဲ တရားဝင်အပစ်ရပ်စဲလိုက်ပြီဖြစ်၍ ညီနောင်တပ်များကဲ့သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာမှုများရှိတော့မည်ဖြစ်ကြောင်း
နှစ်ဘက်တပ်များအကြား ကွဲထွက်ပြီးနောက် ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးမှုမျိုးမရှိခဲ့ဘဲ အောက်ခြေအဆင့်များဖြင့် ကြိုကြား တွေ့ဆုံခဲ့မှုများသာ ရှိခဲ့ကြောင်း
DKBA နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံ ကလည်း
“ဗဟိုအဆင့်အနေနဲ့ တရားဝင်တွေ့ဆုံတာ ဒါပထမဆုံးပါ။ အရင်ကမတွေ့ခဲ့ဖူးသေးဘူး။ ဒီတွေ့ဆုံပွဲဟာ တကယ့်ကို ရာဇဝင် သမိုင်း တွင်တဲ့ နေ့တနေ့ပေါ့။ ကျနော်တို့ နှစ်ဖွဲ့အကြား ပြန်လည်ပြီးတော့ နားလည်မှုယူတဲ့နေ့လို့ ပြောလို့ရပါတယ်”
DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့်ပူးပေါင်းကာ KNU ကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ KNU မှ ခွဲထွက်လာ သည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့လည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်ထဲတွင်ပင် ယခင်စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ခဲ့သော်လည်း၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရက နယ်ခြေားစောင့်တပ် အသွင်ပြောင်းမှုကို လက်မခံခဲ့သဖြင့် ငြိမ်းချမ်းရေးပျက်ပြားကာ အစိုးရနှင့် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။
KNU အနေဖြင့် ယခုလ ၆ ရက်နေ့က ၂၀၀၇ ခုနှစ်တွင် ၎င်းတို့ထံမှ ခွဲထွက်သွားသော ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့်လည်း နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ထို့အတူ DKBA ကလည်း ဗိုလ်ချုပ်ထိန်မောင် အဖွဲ့နှင့် မကြာမီရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း နားလည်မှုရယူခဲ့ကြသည့် အဆိုပါ ၃ ဖွဲ့သည် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားကြပြီး ဖြစ်ကြောင်း၂၀၁၀ သြဂုတ်လ ၁၈ ရက်နေ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းပြီး မြန်မာအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် အမှုထမ်းနေကြသည့် ဥက္ကဋ္ဌ စောသာထူးကျော်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး စောချစ်သူ တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိပြီး ကြိုးစားဆက်သွယ်သွားကြမည်ဟုလည်း KNU နှင့် DKBA တို့အနေဖြင့် ဆိုကြောင်းKNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်ကြောင်းသိရသည်။
အာရှ စီးပွားရေးမျက်နှာစာ မြန်မာ ရောက်နိုင်
“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်တွေရှိပြီး အာရှမှာ မြန်မာဟာ နောက်ထပ် ထိပ်တန်း စီးပွားရေးမျက်နှာစာကို ရောက်လာနိုင်တယ်”ဟု ဒေါက်တာသိန်းဆွေက ဆိုကြောင်း
ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ချင်းမိုင် တက္ကသိုလ်တွင်ကျင်းပ ရာ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် ဒေါက်တာ သိန်းဆွေက မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ လူကြောင့်သာ ဆင်းရဲနေကြောင်းနှင့် သယံဇာတကျိန်စာသင့် နေသည်ဟု ဆိုသော ယခင်အစိုးရအဆက်ဆက် သယံဇာတကိုသာရောင်းချပြီး တိုင်းပြည်ဝင်ငွေရရေး အားကိုးခဲ့ပုံ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ မြန်မာနှင့် အာဆီယံ ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ စသဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုအခြေ အနေများကိုလည်း ထည့်သွင်းဆွေးနွေးကြောင်း
တရုတ်၊ ထိုင်းနှင့် စင်္ကာပူတို့သည် အဓိက မြန်မာတွင် ရင်းနှီးမြုပ်နှံသူများ ဖြစ်ပြီး အဓိကအားဖြင့် ရေနံ၊ သဘာဝ ဓာတ် ငွေ့၊ ရေအား လျှပ်စစ်၊ အထည်ချုပ်၊ သတ္တုမိုင်းလုပ်ငန်းနှင့် နိုင်ငံခြား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာမှုကြောင့်လည်း ရင်းနှီးမြုပ်နှံလိုသူများ တိုးပွားလာကြောင်း သို့သော် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အားကောင်းခိုင်မာသည့် ဥပဒေများ ပြန်ဌာန်းသွားရန် လုပ်ဆောင်ရမည် ဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး ဖြစ်စဉ် အရေးကြီးကြောင်း၊ ရုပ်ပိုင်း အခြေခံ အဆောက်အအုံ ကျယ်ပြန့်စွာတည်ဆောက် ရေး၊ ဘဏ်စနစ် ခိုင်မာမှု ပါဝင်သည့်၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အာမခံနိုင်သည့် အခင်းအကျင်းမျာသည် အရေးကြီးကြောင်း
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိ စနစ်တွင် လိုအပ်ချက်များရှိနေသေးပြီး လာဘ်ပေးလာဘ်ယူ မှုများ တိုက်ဖျက်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ကိစ္စ၊ အခွန်ဆိုင်ရာကိစ္စ စသည်တို့သည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း
မတ်လ ၁ ရက်က အစိုးရသက်တမ်း တနှစ်ပြည့် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်“ကျနော်တို့အစိုးရ လက် ထက် မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောဆိုထားကြောင်း အစိုးရသစ်က ယခင် အမေရိကန် ၁ ဒေါ်လာ ၆ ကျပ် ပြား ၄၀ နှင့် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်း ထားကို လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ နှုန်းရှင်အဖြစ် သတ်မှတ်ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ ၀န်းကျင် ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြကြောင်း ထိုသို့ စီးပွားရေး တိုးတက်ပြောင်းလဲနိုင်ရန် နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် Burma Partnership အဖွဲ့မှ မခင်ဥမ္မာက ပြုပြင်ပြောင်းလဲမှုများသည် အောက်ခြေအဆင့်အထိ သက်ရောက်မှု မရှိသေးကြောင်း၊ တိုင်းရင်းသား ဒေသများတွင် ယခုအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပုံနှင့် စစ်ပွဲများဖြစ်နေကြောင်း၊ လက်တွေ့ အပြောင်းအလဲ တခုလုံးအတွက် လိုအပ်နေသည့် အဓိက အချက် ၃ ချက် ကို ထောက်ပြ ပြောဆိုကြောင်း
“ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အသိအမှတ်ပြုပြီး ခြွင်းချက်မဲ့ လွှတ်ပေးဖို့လိုတယ်။ နိုင်ငံလုံး ဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန် ငြိမ်းချမ်းရေး ရဖို့ အတွက် လုပ်ဆောင်ဖို့လိုတယ်။ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို လွှတ်တော်ပြင်ပက လုပ်ဆောင်ဖို့လိုတယ်”ဟု သူက ဆိုကြောင်း
ထိုင်းနိုင်ငံအခြေဆိုက် ဗဟု အဖွဲ့မှ ဦးအောင်နိုင်ဦးကလည်း ၁ နှစ်တာ အတွင်း မြန်မာ့ ပြောင်းလဲမှုသည် မြန်ဆန်ကြောင်း၊ အပေါ်ယံဟု မယူဆကြောင်းေ
“ကျနော်တို့မှာ ဥပဒေချမှတ်လိုက်ပေမယ့် ချက်ချင်း အလုပ်မဖြစ်တာတွေ ရှိတယ်။ ဖွဲ့စည်းပုံက ပေးထားပေမယ့် ဖွဲ့ စည်းပုံက ဟာကို လုပ်ရမှန်းမသိတာတို့၊ မလုပ်တတ်တာတို့ မလုပ်ရဲတာတို့ စတဲ့အရင်က စနစ်တွေက ရှိနေသေးတယ် လေ။ ကျနော်တို့ နိုင်ငံ ပြောင်းလဲဖို့က အနည်းဆုံး အနှစ် ၂၀ လောက်ကြာမယ်”ဟု ဦးအောင်နိုင်ဦးက ဆိုကြောင်း
The Nation သတင်းစာမှ Mr. Supalak ကလည်း မခင်ဥမ္မာ ဆွေးနွေးချက်များကို ထောက်ခံလိုက်ပြီး ၄င်း၏ မြန်မာ ခရီးစဉ် အသစ်တွင်ပြောင်းလဲမှုဆိုင်ရာ တချို့ကို သတိထားမိခဲ့ပုံနှင့် ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို လေ့လာ သင်္ခန်းစာယူနိုင်ရေး ဆွေးနွေးတင်ပြသွားကြောင်း
အဆိုပါ Burma Now Assessing the Reforms အမည်ရ ဆွေးနွေးပွဲတွင် Reforms in Burma: Overview of New Political and Economic Dynamics ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းဆွေ က ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း
ကျန်လူများ ဖြစ်သော ဦးအောင်နိုင်ဦးက An Exile’s Personal Interpretation of Burma’s Reforms Upon Returning Home ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ဥမ္မာက Examining Changes in Burma from an Activist’s Perspective ခေါင်းစဉ် ဖြင့် လည်းကောင်း၊ The Nation သတင်းစာမှ Mr Supalak Ganjanakhundee Implications of Burma’s Reforms for Thailand and the Region ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားခဲ့ကြကြောင်းဆွေးနွေးပွဲသို့ တက်ရောက်သူ ၈၀ ခန့်ရှိပြီး အများစုမှာ အနောက်နိုင်ငံများနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ဝင်စားသူများဖြစ်ကြောင်းသိရသည်။
NLD စည်းရုံးရေး ဥပဒေချိုးဖောက်ဟု ရန်ကုန်တိုင်း ကော်မရှင်ဝေဖန်
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် က ပြောပကြောင်း ဒါပေမယ့် NLD ပါတီဘက်ကတော့ ပါတီလှုပ်ရှားမှုတွေဟာ ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တုံ့ပြန်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲတွေ အတွက် နိုင်ငံရေးပါတကြီးတွေ မဲဆွယ်စည်းရုံးရာမှာ ဥပဒေနဲ့ မကိုက်ညီတဲ့ လှုပ်ရှားမှုတွေ ရှိတာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အတော်သတိကြီးကြီးထားပြီး လုပ်ငန်းတွေ လုပ်ရတယ်လို့ ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးကိုကို က VOA မြန်မာပိုင်းကို ပြောကြောင်း
NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်ဝင်းက
ကြားဖြတ် ရွေးကောက်ပွဲမှာ မဲရုံတွေမှာ မဲပေးတာတွေကို သတင်းသမားတွေ ဘယ်လို သတင်းယူခွင့် ရှိမယ်၊ မြန်မာပြည်အခြေစိုက် နိုင်ငံတကာ သံရုံးတွေနဲ့ တခြားအရာရှိတွေ ဘယ်လိုလေ့လာခွင့်ရှိမယ် ဆိုတာနဲ့ ပတ်သက်လို့လည်း ခုချိန်အထိ ပြည်ထောင်စုကော်မရှင်က တစုံတရာ ထုတ်ပြန်ချက် အကြောင်းကြားတာ မရှိသေးဘူးလို့လည်းပြောကြောင်းသိရသည်။
ABSDF ငြိမ်းချမ်းရေး ဆွေးနွေးတော့မည်
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် စေလွှတ်လိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ရှေ့ပြေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ဧပြီလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ABSDF တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ရှေ့ပြေးအဖွဲ့အဖြစ် ABSDF တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်ဦး ဦးဆောင်သော ၆ ဦးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အစီစဉ်များ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း
အဖွဲ့ ဒုတိယ ဥက္ကဌ ဦးမျိုးဝင်း က“ငြိမ်းချမ်းရေးခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို သူတို့ စလုပ်နေကြပါပြီ၊ ဒီနေ့ မနက်အထိတော့ ဘားအံမြို့မှာပဲ ရှိပါသေး တယ်။ တွေ့ဆုံဆွေးနွေးပွဲကတော့ ရန်ကုန်မှာလုပ်မှာပါ”
ABSDF ရှေ့ပြေးအဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ဒု ဗိုလ်မှူးကြီးဟောင်း စောခင်စိုးအပါအ၀င် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖော်ဝါရီ ၉ ရက်နေ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသေးကြောင်းအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးရာတွင် ကိုယ်ပိုင် ပြဌာန်း ခွင့်နှင့် နယ်မြေသတ်မှတ်ရေးများကို ဆွေးနွေးခဲ့ကြသော်လည်း ABSDF ကမူ ၎င်းတို့အခြေခံဆွေးနွေးမည့် အချက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးကြောင်း
သို့သော် ABSDF နှင့် ဆက်နွယ်ပြီးအကျဉ်းကျနေသော အကျဉ်းသားများ အပါအဝင် နိုင်ငံအတွင်း အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် အစိုးရနှင့် ဆွေးနွေးသွားမည်ဟု ဦးမျိုးဝင်း က ပြောဆိုကြောင်း
ရန်ကုန်မြို့တွင် အစိုးရနှင့်ဆွေးနွေးကြမည့်အချိန်တွင် ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေရှ့်နှင့် အိန္ဒိယ နယ်စပ်ဒေသများတွင် အခြေ စိုက် သည့် ABSDF အဖွဲ့ခွဲများမှ ကိုယ်စားလှယ်များလည်း လိုက်ပါသွားကြမည်ဟု သိရသည်။ တွေ့ဆုံဆွေးနွေးမည့် နေ့ရက်နှင့် အချိန် တို့ကို သတ်မှတ် ထားနိုင်ခြင်းမရှိသေးကြောင်း
၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ABSDF ကို စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အ ရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၂၃ နှစ် ကျော် ရှိပြီ ဖြစ်ကြောင်း ABSDF နှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU က ယခုနှစ်ဇန်နဝါရီနှင့် မတ်လပိုင်းများ၌ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးကြပြီးဖြစ်ကြောင်း တချိန်တည်းတွင်ပင် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့အကြား အပစ်မရပ်နိုင်သေးတော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နေလျက် ရှိကြောင်းသိရသည်။
Lwin Pw
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment