AFP

 မြန်မာအလုပ်သမားတွေခေါ်ယူဖို့ မလေးရှားကစဉ်းစား

အိမ်ဖော်တွေအပါအ၀င် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း မလေးရှား ၀န်ကြီးချုပ်က ပြောသွားကြောင်းမလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်။ ၂၀၁၁ ခုနှစ် ခန့်မှန်းချက်များအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်ကိုင်နေကြကြောင်းနှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာဘက်က တောင်းဆိုချက်အပေါ် စဉ်းစားဖို့ သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကို အိမ်ဖော်လုပ်ငန်းအတွက် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဆက်လက်ဆွေးနွေးစရာတွေ ရှိနေသေးကြောင်း၊ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးဖြစ်ကြောင်း၊ မလေးရှားယဉ်ကျေးမှုနဲ့ အံဝင်အောင်နေတတ်မယ်ဆိုရင် မြန်မာရဲ့အဆိုပြုချက်ကို လက်ခံဖို့ မခက်ခဲကြောင်း
မလေးရှားမှာ အိမ်ဖော်တွေ အနိုင်ကျင့် အနှိပ်စက်ခံရတဲ့ ပြဿနာတွေ မကြာခဏ ပေါ်ပေါက်လေ့ရှိ ကြောင်းပြီးခဲ့တဲ့နှစ်က အိမ်ဖော်ကိစ္စနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရနဲ့ ပြဿနာဖြစ်ခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားအစိုးရက သူ့နိုင်ငံသားတွေ မလေးရှားကို အိမ်ဖော်အဖြစ် မလွှတ်တော့ကြောင်း အဲဒါကြောင့် မလေးရှားမှာ နိုင်ငံခြားသားအိမ်ဖော်တွေ အသည်းအသန် လိုအပ်နေတာဖြစ်ကြောင်း
လက်ရှိအားဖြင့် မလေးရှားမှာ 6P အစီအစဉ်နဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားပေါင်း နှစ်သိန်းခွဲလောက် ရှိနေကြောင်း မြန်မာအစိုးရကို ပြောဆိုခဲ့တယ်လို့လည်း မလေးရှား ၀န်ကြီးချုပ်က ပြောကြောင်း သိရှိရသည်။


Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment