ကမ္ဘာ့သတင်းများ 30/03/2012
နိုင်ငံတကာသတင်း
တိဘက်သတင်းလွှင့်သူတွေကို တရုတ်ခြိမ်းခြောက်
တရုတ်အာဏာပိုင်တွေဟာ တိဘက် အခြေအနေဖော်ပြတဲ့ သတင်းအချက်အလက် ဖြန့်ဝေသူတွေကို ညှင်းပမ်းနှိပ်စက်မယ်လို့ ဗြောင်ခြိမ်းခြောက်နေကြောင်း နယ်စည်းမခြား သတင်းသမားများ အဖွဲ့က ပြောကြားလိုက်ကြောင်းအနောက်မြောက်ပိုင်း ဂျဲန်စု Gansu ခရိုင်၊ Gan Lho တိဘက် ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေက တရုတ်အာဏာပိုင်တွေဟာ ဒီအကြမ်းဘက်ရေး မူဝါဒကို ပွင့်ပွင့်လင်းလင်း ပြောကြားနေတယ်လို့ ပြင်သစ်အခြေစိုက် သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့အဖွဲ့ကြီးက ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ကြောင်းတိဘက်ဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေ ဖြန့်ဖြူးဝေငှသူတွေဟာ ရိုက်နှက်တာနဲ့ ညှင်းပမ်းနှိပ်စက်တာ ခံရမယ်လို့ ခြိမ်းခြောက်ထားတဲ့ သတိပေးစာတွေကို နယ်မြေရဲတွေက လူအများ မြင်သာတဲ့နေရာတွေမှာ ကပ်ထားတယ်လို့လည်း ဖော်ပြထားကြောင်း
ဒီစာတွေကို အဝေးရောက် တိဘက်တွေအခြေချရာ အိန္ဒိယနိုင်ငံ၊ Dharamsala အခြေစိုက်၊ တိဘက် Post International သတင်းနဲ့ တိဘက်သတင်း ၀က်ဘ်ဆိုက် စာမျက်နှာတွေမှာ ဖော်ပြထားကြောင်း
ဒီလို လုပ်ဆောင်တာဟာ တိဘက် ဖိနှိပ်ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့ အချက်အလက်တွေ ဖြန့်ဝေမယ့်သူတွေ ကြောက်ရွံ့အောင် တရုတ်အစိုးရက ခြိမ်းခြောက်တာမို့ နိုင်ငံတကာ ညှင်းပမ်းနှိပ်စက်မှုနဲ့ လူမဆန်တဲ့၊ ရက်စက်တဲ့ အပြစ်ပေးမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာပဋိဉာဉ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တရုတ်နိုင်ငံက ချိုးဖောက်တာဖြစ်တယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့က ပြောကြောင်းဒါ့ကြောင့် ညှင်းပမ်းနှိပ်စက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Juan Mendez အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုလိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယား Cyber Warfare နဲ့ ဓါတုလက်နက်အန္တရာယ် အမေရိကန်စိုးရိမ်
မြောက်ကိုရီးယားနိုင်ငံက သမာရိုးကျနည်းလမ်းတွေနဲ့ မဟုတ်ဘဲ Cyber Warfare လို့ခေါ်တဲ့ ကွန်ပျူတာ ကနေ တိုက်ခိုက်တာတွေ၊ ဓါတုဗေဒ လက်နက်နဲ့ တိုက်ခိုက်တာမျိုးတွေ လုပ်လာနိုင်ချေ ပိုပြီးများလာနေ တဲ့အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းတပ်မှူးကြီး က ပြောလိုက်ကြောင်း
မြောက်ကိုရီးယားဘက်က ကွန်ပြူတာတွေကို Hack လုပ်ပြီး ထိုးဖောက်ခိုးယူတာတွေ၊ ဇီဝလက်နက်တွေ အဆင့်မြင့်တိုးတက်လာတာတွေကို မြောက်ကိုရီးယားရဲ့ ကြီးမားတဲ့ တပ်အင်အားနဲ့ ပေါင်းလိုက်ရင်၊ တောင် ကိုရီးယားနိုင်ငံအတွက် တကယ့်ကိုခြိမ်းခြောက်မှု အန္တရာယ်ကြီး ဖြစ်နေတယ်လို့ ဗိုလ်ချုပ်ကြီး James Thurman က လွတ်တော်လက်နက်ကိုင် တပ်ဖွဲ့ရေးရာ ကော်မတီကို ပြောလိုက်ကြောင်း
မြောက်ကိုရီးယားနိုင်ငံကို စားနှပ်ရိက္ခာတွေ အကူအညီပေးနေတာကို အမေရိကန်အစိုးရက ရပ်တန့်ဖို့ ဆုံး ဖြတ်လိုက်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေက ပြောလိုက်ကြောင်းမြောက် ကိုရီးယားနိုင်ငံက ရှေ့လကျရင် ဒုံးကျည်တစင်းကို လွှတ်တင်ဖို့ စီစဉ်နေတာကြောင့် အဲဒီလိုဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပြောကြောင်း
အာရှပစိဖိတ်လုံခြုံရေးဆိုင်ရာ ယာယီလက်ထောက်ကာကွယ်ရေးဝန်ကြီး Peter Lavoy က - ဒုံးကျည် လွှတ်တင်မယ့်ကိစ္စဟာ မြောက် ကိုရီးယားက နိုင်ငံတကာကို သူတို့လိုက်နာမယ်လို့ ကတိပြုထားချက်တွေကို လျစ်လျှူရှုလိုက်တာကို ပြသနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကြားနာပွဲအတွင်းမှာ ပြော လိုက်ကြောင်းအမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၊ တရုတ် နဲ့ ရုရှားတို့က မြောက်ကိုရီးယားကို သူတို့ရဲ့ဒုံး ကျည်လွှတ်တင်မယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ တိုက်တွန်းခဲ့ကြပကြောင်း မြောက်ကိုရီးယားကတော့ ဧပြီလ ဒုတိယပတ်အတွင်းမှာ လွှတ်တင်မယ်လို့ ကြေငြာထားကြောင်း
ပြီးခဲ့တဲ့လက သဘောတူညီချက်မှာတော့ ၊ မြောက်ကိုရီးယားက သူတို့ရဲ့ နျူးကလီးယားစီမံကိန်းကို တစိတ် တပိုင်းရပ်တန့်ပြီး၊ ဒုံးကျည်လွှတ်တင်ဖို့ကိစ္စကို ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြောင်းအပြန်အလှန်အားဖြင့် အမေရိကန်ဘက်က စားနှပ်ရိက္ခာတွေ အကူအညီပေးသွားဖို့ သဘောတူထားတာကြောင်း သိရသည်။
အာရပ်ထိပ်သီးတွေ ဆီးရီးယားအရေးဆွေးနွေး
အီရတ်နိုင်ငံဘက်ဂ်ဒက်ဂ်မြို့မှာ ကျင်းပနေတဲ့ထိပ်သီးညီလာခံကနေ ဆီးရီးယားအရေးအထူးကိုယ်စားလှယ် ကိုဖီအာနန် ရဲ့ ငြိမ်းချမ်းရေးဦးဆောင်လုပ်ငန်းတွေကို အထောက်အကူပေးဖို့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို အာရပ်ခေါင်းဆောင်တွေ စဉ်းစားဆွေးနွေးခဲ့ကြကြောင်း
ဒီထိပ်သီးညီလာခံမှာ အတည်ပြုချက်ရဖို့ အာရပ်နိုင်ငံများအဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေရေးဆွဲတဲ့ မူကြမ်းမှာ အတိုက်အခံ ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပေးပြီး ပြည်သူတွေကို အကြမ်းဖက်နှိပ်ကွပ် နေတာတွေ ရပ်တန်းကရပ်ဖို့ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို တောင်းဆိုလိုက်ကြောင်းဆီးရီးယားနိုင်ငံက သူ့ရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ပေမဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေဆဲဘဲလို့ ကိုဖီအာနန်ကပြောကြောင်း
အစိုးရတပ်တွေက ဆီးရီးယားနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဒေသတွေကို အင်အားသုံး တိုက်ခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဗုဒ္ဓဟူးနေ့က ပြောဆိုကြောင်းHama ဒေသက တိုက်ပွဲတွေမှာ အရပ်သား ၄ ယောက်၊ အစိုးရတပ်ဖွဲ့ဝင် ၄ ယောက်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးခဲ့ပါတယ်။ ဆီးရီးယားအစိုးရဟာ ငြိမ်းချမ်းရေးကို လက်တွေ့ မဆောင်ရွက်ဘူးဆိုတာ ရှင်းလင်းမြင်သာပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဋ္ဌာနပြောခွင့်ရ Victoria Nuland ကပြောဆိုပြီး သမ္မတအာဆတ်ရဲ့ လုပ်ဆောင်ချက်တွေကို တရားဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်လို့ ထပ်လောင်း သတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment