မြန်မာသတင်းများ မတ် ၃၀ ရက်၊ ၂၀၁၂
ရွေးကောက်ပွဲ ပြည်တွင်း ပြည်ပ စောင့်ကြည့်မည်
မြန်မာအစိုးရက လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများမှ လေ့လာစောင့်ကြည့်သူ ၁၅၉ ဦးနှင့် သတင်းသမားပေါင်း ၃၀၀ ခန့် ပြည်ဝင်ခွင့် ပြုခဲ့ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများမှာ ကုလသမဂ္ဂ အပါအ၀င် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဂျပန်၊ အာဆီယံနိုင်ငံ များ၏ အစိုးရ ကိုယ်စားလှယ်များဖြစ်ကြောင်းရွေးကောက်ပွဲ သတင်းယူရန် နိုင်ငံတကာ သတင်းသမားပေါင်း ၆၀၀ ခန့် ဗီဇာ လျှောက်ထားခဲ့ရာ မြန်မာအာဏာပိုင်များ က ၃၀၀ ခန့် ကို ပြည်ဝင်ခွင့် ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ဖော်ပြသည်။သို့သော် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် လာရောက်မည့် သြစတြေးလျ နိုင်ငံမှ လေ့လာရေး အဖွဲ့ဝင် ၅ ဦးထဲက လွှတ်တော် အမတ်၂ ဦးကို မြန်မာ အာဏပိုင်များက ငြင်းပယ်လိုက်ကြောင်း ABC သတင်း ဌာနက ရေးသားသည်။ယခင်သတင်းပတ်ကလည်း လွတ်လပ်သော ရွေးကောက်ပွဲများ ဆိုင်ရာ အာရှကွန်ရက်(ANFREL)၏ ညွှန်ကြားရေးမှူး Somsri နှင့် အဖွဲ့ဝင်နှစ်ဦးသည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ အာဏာပိုင်များက ပြည်နှင်ဒဏ်ပေး၍ ပြန်လည် နှင်ထုတ်ခဲ့ကြောင်းမြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများ၏ လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ် များနှင့် သတင်းသမား ၁၀၀ ခန့်အား တွေ့ဆုံ၍ ဆောင်ရန်၊ ရှောင်ရန်များကို မနေ့ကရှင်းလင်းပြော ကြားကြောင်း
နိုင်ငံတကာနှင့် ပြည်တွင်း သတင်းမီဒီယာများ၏ သတင်းထောက်များအနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု လုပ်ငန်း စဉ်အတွင်း တရားဝင်သတင်းယူခွင့် အမည်နှင့် သတင်းဌာန ပါဝင်သည့် ကတ်ပြားများကိုလည်း မြန်မာအစိုးရက စီစဉ်ပေးထား ကြောင်းသို့သော် သတင်းမီဒီယာသမားများ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားကြောင်းမဲ ပေးမှု၊ မဲ ရေတွက်မှုများကို လေ့လာနိုင်သော်လည်း မဲရုံကို အဝေးမှ ဓာတ်ပုံရိုက်ခွင့်သာ ပေးထားပြီး မဲရုံတွင်း ၀င်ရောက်၍ မှတ် တမ်းဓာတ်ပုံ ရိုက်ခွင့်၊ ကင်မရာယူဆောင်ခွင့် မရှိကြောင်းမည်သည့် ပါတီ၊ ကိုယ်စားလှယ်ကိုမှ ထောက်ခံ သို့မဟုတ် ကန့်ကွက် စေသည့် သဘော မသက်ရောက်စေရဟုလည်း ဆိုထားကြောင်းသိရှိရသည်။
ပြည်ပစောင့်ကြည့်သူနှင့် မီဒီယာတွေ မဲရုံနားကပ်ခွင့်မရ
ဧပြီလ ၁ ရက်နေ့ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရမယ်ဆိုတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ထပ်မံ အာမခံလိုက်ပါကြောင်း ဒါပေမဲ့လည်း နိုင်ငံတကာ လေ့လာအကဲခတ်ရေးအဖွဲ့တွေကတော့ - ဒီကြားဖြတ် ရွေးကောက်ပွဲကို လေ့လာရမယ့်နေရာမှာ အကန့်အသတ်တွေ ရှိနေတဲ့အတွက် တကယ်တမ်း လွတ်လပ် ပွင့်လင်းပြီး တရားမျှတပါ့မလားဆိုတာ စိုးရိမ်စိတ် ရှိနေကြပုံ ပေါ်ကြောင်း သိရှိရသည်။
ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ မလေးရှား တိုက်တွန်းမည်
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားကြဖို့ နိုင်ငံကြီးတွေကို ကြိုးစားတိုက်တွန်းမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ကြောင်းပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးရင်လည်း အခြေအနေတွေကို လေ့လာသုံးသပ်ပြီး တဖြည်းဖြည်းချင်း လျော့ချသွားသင့်တယ်လို့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇက်က နေပြည်တော်မှာ သတင်းထောက်တွေကို မနေ့က ပြောလိုက်ကြောင်းမြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေဟာ နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုကြောင်း၊ ဦးသိန်းစိန်ဟာ အပြောင်းအလဲ လိုလားသူအဖြစ် မိမိမှတ်ယူကြောင်း၊ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်မျှတမယ်ဆိုရင် နိုင်ငံတကာက ပိုပြီးယုံကြည်လာမှာဖြစ်ကြောင်း၊ မိမိအနေနဲ့ကတော့ မြန်မာ့ အပြောင်းအလဲတွေအတွက် အားရမိကြောင်း မစ္စတာ နာဂျစ် ရာဇက်က ပြောကြောင်းဒါ့အပြင် မြန်မာနိုင်ငံမှာ သဘာဝသယံဇာတနဲ့ လူ့လုပ်အားတွေ ကြွယ်ဝကြောင်း၊ တစ်ချိန်တည်းမှာ ကမ္ဘာ့စီးပွားရေးနဲ့ ချိတ်ဆက်မိဖို့လိုကြောင်း၊ ဆက်သွယ်ရေးစနစ်နဲ့ ဘဏ်လုပ်ငန်းစနစ်တွေ ခေတ်မီဆန်းသစ်ဖို့ လိုအပ်နေကြောင်း
မလေးရှားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်း၊ သစ်လုပ်ငန်းတွေ ပူးတွဲဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံမှာ လာရောက်အခြေစိုက် လုပ်ကိုင်နေသူ မလေးရှားလုပ်ငန်းရှင်ပေါင်း ၂၀၀ လောက်ရှိပြီး၊ မြန်မာနိုင်ငံ မလေးရှားအသင်းကိုလည်း ဖွဲ့စည်းထားကြောင်း၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာရေးမှာ မလေးရှားက အဓိကအခန်းက ပါဝင်ခဲ့ကြောင်း ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ တာဝန်ယူဖို့အတွက်လည်း မလေးရှားကပဲ ဆော်သြခဲ့တာ ဖြစ်ကြောင်းသိရှိရသည်။
လွှတ်တော်အသီးသီး၏ အဖွဲ့စည်းများ ပြည်ထောင်စုအဆင့် မဟုတ်ဟု သတ်မှတ်
အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့မှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွင် ထည့်သွင်းထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု အထက်လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းဝါနုက ပြောကြောင်း
လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း၊ ကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိမရှိ အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ဇန်နဝါရီလအတွင်း သမ္မတမှ တင်သွင်းလွှာပေးပို့၍တောင်းဆိုမှုကို ဗုဒ္ဓဟူးနေ့တွင် ခုံရုံးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း
အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့၏ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေအသီးသီး၏ ပုဒ်မ ၂ (ဇ) တွင် “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရ အဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်” ဟု ပြဋ္ဌာန်းထားကြောင်း ဒေါ်နန်းဝါနု ကမူ “နိုင်ငံတော်သမ္မတ က တင်သွင်းသည့် တင်သွင်းလွှာမှာ တည်ဆဲဥပဒေတရပ် ဖြစ်သော လွှတ်တော် အသီးသီးဆိုင်ရာ ဥပဒေများပါ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုရန် တင်ပြခြင်း မဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဟူသည့် စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုရန်သာ ဖြစ်သည်” ဟု ပြောကြောင်း
ထို့ကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သို့မဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တရပ်ရပ်ကို ကိုယ်စားပြု၍ ထိုအဖွဲ့အစည်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လွှတ်တော်တွင်း ရှင်းလင်းတင်ပြသူကိုသာ ပြည်ထောင်စုအဆင့်နှင့်ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များဖြစ်ကြောင်း ခုံရုံးမှ ဆုံးဖြတ်ခဲ့ကြောင်း
ခုံရုံး၏ ဆုံးဖြတ်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ (ဂ)၊ ပုဒ်မ ၉ဝ၊ ၉၁၊ ၉၃ (ခ)၊ ၉၇ (ဃ) (၁)၊ ပုဒ်မ ၁ဝဝ၊၁ဝ၁၊ ၁ဝ၃ စသည့် ပုဒ်မပေါင်း ၁၄ ခုကို ကိုးကား၍ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတကပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုရမည်ဖြစ်ပေသည်” ဟု ခုံရုံးမှ ဆုံးဖြတ်ခဲ့ကြောင်း
လယ်/ဆည်ဝန်ကြီးဌာန၊ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာနများမှ ဝန်ကြီးများ၏ လုပ်ဆောင်ချက်များကို လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ စသည့် သက်ဆိုင်ရာ ကော်မတီအသီးသီးမှ ခေါ်ယူမေးမြန်းမှုများ ရှိခဲ့ခြင်းကြောင့်လည်း ဝန်ကြီးများက လွှတ်တော် ကော်မတီဝင်များအပေါ် ကြည်ဖြူမှုမရှိဟုလည်း ဒေါ်နန်းဝါနုက ပြောကြောင်း
ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ အသီးသီးတို့ထံပေးပို့ထားပြီးဖြစ်ပြီး “ဒီကိစ္စကို ကျမတို့ ဥက္ကဋ္ဌ (ဦးရွှေမန်း) က ဘယ်လိုလုပ်မယ်ဆိုတာတော့ မမှန်းနိုင်သေးဘူး” ဟု ဒေါ်နန်းဝါနုက ဆက်ပြောကြောင်း
ဗုဒ္ဓဟူးနေ့ တွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ကြားနာမှုတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒေါ်နန်းဝါနု (ဥပဒေကြမ်းကော်မတီဝင်)၊ ဦးဘရှိန် (ဥပဒေကြမ်းကော်မတီဝင်) ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သန်းသန်းရီ၊ ဦးမြသိန်းတို့ တက်ရောက်ခဲ့သည့်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဘက်မှ ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ
ဖြစ်သည့် ဒေါ်ခင်လှမြင့် ဒေါက်တာတင်အောင်အေး၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း အပါအဝင် အဖွဲ့ဝင် ၉ ဦး တက်ရောက်ခဲ့ကြောင်းအထက်နှင့် အောက် လွှတ်တော်အသီးသီးတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အပါအဝင် စီးပွားရေး နှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အားကစားနှင့် ယဉ်ကျေးမှုပြည်သူ့ဆက်ဆံရေးကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ အစိုးရ၏ အာမခံချက်များနှင့် ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီ စသည့် ကော်မတီပေါင်း ၁၉ ခုကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းထားကြောင်းသိရှိရသည်။

ရှမ်းမြောက်ပိုင်း ပေါက်ကွဲမှုများ ရွေးကောက်ပွဲ မထိခိုက်နိုင်
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော်လည်း တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲများအား ဆက်လက်ကျင်းပသွားဖွယ် ရှိကြောင်း ကြာသပတေးနေ့ နံနက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦးနှင့် တွေ့ဆုံစဉ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၃ တွင် ပါဝင်သည့် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်နှင့် တန့်ယန်းဒေသများ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောဆိုကြောင်း လားရှိုး NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင် က ပြောကြောင်း
သိန္နီ-မူဆယ် လမ်းမကြီးပေါ်ရှိ မြစ်ကူးတံတားနှင့် သိန္ဒီ-ကွန်လုံ တံတားတို့တွင် မတ်လ ၂၇ ညနှင့် ၂၈ ရက် မနက်လင်းအားကြီးများအချိန် ဗုံးပေါက်ကွဲမှုများကြောင့် ဒေသတွင်း ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်
နေကြောင်း နိုင်ငံပိုင် သတင်းစာများတွင်မူ အဆိုပါ ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သူက လုပ်ဆောင်ကြောင်းနှင့် ဘာကို ရည်ရွယ်လုပ်ဆောင်ကြောင်း ထုတ်ဖော်ကြေညာခြင်း မရှိသေးကြောင်းရှမ်းပြည်နယ်မြောက်ပိုင်းရှိ အမျိုးသားလွှတ်တော် အမှတ် ၃ မဲဆန္ဒနယ်မြေ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ခုရှိပြီး လူမျိုးစုံနေထိုင်သည့် ဒေသဖြစ်တာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း

ပါဝင်တီယှဉ်ပြိုင်မည့်ပါတီများမှာ NLD၊ SNDP၊ ကြံ့ခိုင်ရေးပါတီ၊ လားဟူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီတို့ ဖြစ်ကြကြောင်းရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့်ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းကချင်ပြည်နယ်အတွင်းမှ ဗန်းမော်၊ မိုးကောင်းနှင့် ဖားကန့် မဲဆန္ဒနယ် ရွေးကောက်ပွဲများကိုမူ လုံခြုံရေး အခြေအနေ များကြောင့် ရွှေ့ဆိုင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။
‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ အိန္ဒိယသံချပ် ထွက်ရှိ
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ၁၄ ခွေမြောက်ဖြစ်သည့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ သံချပ်ခွေအား ကြာသပတေးနေ့ နံနက် ၁၁ နာရီက နယူးဒေလီမြို့တွင် စတင်ဖြန့်ချိလိုက်ကြောင်း၆၄ မိနစ်ကြာစီဒီခွေကို၂ဝ၁၂ခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ကာလအတွင်းပြည်သူအများနားဆင်နိုင်ရန်အတွက်ဖြန့်ချိလိုက်ခြင်းဖြစ်ကြောင်းအိန္ဒိယရှိ သံချပ်ဝါသနာရှိသူများက ၁၉၉၆ ခုနှစ်ကတည်းက သံချပ်များ ရေးထိုး တိုင်တည်လာကြသည်မှာ ၁၅ နှစ် အတွင်း ၁၄ ခွေ ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ကြောင်း
နှစ်စဉ်နှစ်တိုင်း ပင်တိုင်ကဏ္ဍတခုဖြစ်သည့် လူထုဘဝ အခြေအနေကဏ္ဍတွင် ပါဝင်ရေးသားခဲ့သူလည်းဖြစ်၊ ဒိုးပတ်ဝိုင်းခေါင်းဆောင်လည်းဖြစ်သည့် မုတ်သုန် (ယောရပ်ရွာ)ကလည်း “ပြည်သူလူထု တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခြေခံပြီးတော့မှ ရေးရတာပါ။ ရေးတာတွေကတော့ အများကြီးပဲဗျ။ အသံ သွင်းဖြစ်တာကတော့ ပညာရေး၊ ကျန်းမာရေး၊ ရေမီး မလာတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ အကုန်ထည့်ရေးထားတာပဲ။ ရေးထားတာခြောက်မျက်နှာလောက် ရှိတာကိုး။ ရှည်လွန်းတယ်ဆိုပြီး ဖြတ်ပစ်လိုက်တာ” ပြောကြောင်းလက်ရှိ နိုင်ငံရေး အဖြစ်အပျက်များအား စောင့်ကြည့်ရေးသားနေရသဖြင့် ၂ဝ၁၂သံချပ်များထုတ်ဝေနိုင်ရေးအတွက်နှောင့်နှေးကြန့်ကြာခဲ့ရကြောင်းလည်း
ယခုနှစ်သံချပ်များအား အသံသွင်း စီဒီခွေအပြင် ရုပ်သံ ဗီစီဒီခွေအဖြစ်လည်း ထုတ်ဝေဖြန့်ချိသွားမည်ဟု သိရသည်။

မြစ်ကြောင်းနဲ့ မြစ်ကမ်းများမှာ ဓာတ်သတ္တု ရှာဖွေစမ်းသပ်ထုတ်လုပ်မှု တားမြစ်
တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတော်ရဲ့ သဘာဝအမွေအနှစ်ဖြစ်တဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းမြစ် လေးသွယ်ရဲ့ သဘာဝပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ဖို့ မြစ်ကြောင်းနဲ့ မြစ်ကမ်းက ပေ ၃၀၀ အတွင်း ဓာတ်သတ္တု ရှာဖွေ စမ်းသပ်ထုတ်လုပ်တာ တားမြစ်လိုက်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်က မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ မြန်မာ့သတ္တုတွင်း ဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုလည်း ကြေညာချက်မှာ ပါရှိတာကို ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြကြောင်းသိရှိရသည်။ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ဒီကေဘီအေ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုကို မိခင်အဖွဲ့အစည်းအဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ဦးဆောင်မှုအတိုင်း လိုက်ပါမှာဖြစ်ကြောင်း လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်း ဒါ့အပြင် ကလိုထူးဘော ဒီကေဘီအေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသွားမယ်လို့လည်း DKBA ပြောရေးဆိုခွင့်ရှိသူ စောဂုန်အောင်က ပြောကြောင်း သိရှိရသည်။မဲကြိုလက်မှတ် အင်န်အယ်လ်ဒီ ပါတီက အမြန်ဆုံးရိုက်နှိပ်ဖြန့်ဝေမယ်
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှာ ရွေးကောက်ပွဲ ဆန္ဒမဲထည့်တဲ့အခါ နံမည်ရှာရတာ လွယ်ကူအောင် လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက ထုတ်ပေးထားတဲ့ ကတ်ပြားလေးတွေကို ရွေးကောက်ပွဲကော်မရှင်က အခုရက်ပိုင်း ပြန်လည်သိမ်းယူနေတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီကပဲ အမြန်ဆုံးရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ မန္တလေး အင်န်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောကြောင်း၊
"လူနံမည်ပါမယ်။ မဲရုံနံပါတ်၊ မဲစာရင်းနံပါတ်၊ မှတ်ပုံတင်ပါမယ်။ မဲကြိုလက်မှတ် ပေးထားတယ်ဆိုတာက မဲရုံရောက်တဲ့အခါ မဲစာရင်းနံပါတ် အလွယ်တကူရှာလို့ရအောင်ဗျာ။ အဲဒါပေးထားတဲ့ ရပ်ကျေးကော်မရှင်က အခုပြန်သိမ်းတယ်။ အဲဒီကတ်ပြားလေးနဲ့အတူ နိုင်ငံသားစိစစ်ရေး ကတ်ပြားလေးနဲ့ တပါတည်း ယူလာပါဆိုပြီး ကတ်ပြားမှာရေးထားတာ၊ မဲရုံလာမယ်ဆိုရင် မှတ်ပုံတင်ပြပြီးတော့ ဒီကတ်ပြားလေးမှာရှိတဲ့ နံပတ်လေးကို မဲရုံမှာ မဲစာရင်းကိုင်တဲ့လူက ရှာပြီး ချက်ခြင်း လက်မှတ်ထိုးခိုင်းလိုက်ရုံပဲ။ ပြီးရင် မဲကတ်ပြား ထုတ်ပေးတာနဲ့ သွားပြီးထည့်လိုက်မယ်။ အချိန်အရမ်းသက်သာတာပေါ့ဗျာ"
အဲဒီကတ်ပြားကို ပြန်သိမ်းလိုက်တာကြောင့် မဲထည့်ရာမှာ အချိန်ကြာသွားနိုင်တဲ့အတွက် မြို့နယ်ကော်မရှင်နဲ့ ဆွေးနွေးတဲ့အခါ အကြိုကတ်ပြားတွေ ထုတ်မပေးတော့ဘူးလို့ ပြောတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီက တာဝန်ယူကာ အမြန်ဆုံး ရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ ဆက်ပြောကြောင်း၊
" ကျွန်တော်တို့က အဲဒီမဲကြိုကတ်ပြားတွေကို အားဂျင့်ရိုက်ပြီးတော့ ရပ်ကျေးရုံးတွေကနေတဆင့် အဖွဲ့ချုပ်ဝင်တွေကနေ ရပ်ကွက်ထဲကို ဆင်းပြီး မဲဆန္ဒရှင်တွေရဲ့ မဲကြိုကတ်ပြားတွေကို ပေးနိုင်အောင် ဆောင်ရွက်သွားမယ်။ တစ်ရက်၊ နှစ်ရက်အတွင်း လုပ်ရမှာ။ ၃၁ ရက်နေ့ လက်ထဲမှာ ဒါတွေရှိနေရမှာပေါ့။ ကျွန်တော်တို့က သူတို့အိမ်တွေအထိ လိုက်ပေးမှာ။ အဖွဲ့နဲ့ပတ်သက်တဲ့ဟာ တစ်ခုမှ မပါဘူး။ အဲဒီကတ်ပြားမှာ ကာယကံရှင်မဲဆန္ဒရှင်ရဲ့ အမည်ရယ်၊ မဲရုံအမှတ်ရယ်၊ မဲစာရင်းနံပါတ်ရယ်၊ သူတို့အဖရယ်၊ မှတ်ပုံတင်ရယ် ဒါပဲထည့်ရိုက်ထားတာ"
အဲဒီမြို့နယ်အတွင်းမှာ အင်န်အယ်လ်ဒီ ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအ၀င် ၅ ပါတီ နဲ့ တစ်သီးပုဂ္ဂလ ၃ ဦး ၀င်ရောက် အရွေးခံကြမှာဖြစ်ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်ငွေ မရှိတာကြောင့် လတ်တလောမှာ သမ္မတရုံးရဲ့ အထောက်အပံ့နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်က လွှတ်တော်ကို တင်ပြတဲ့ ဘတ်ဂျက်တင်ပြချက်ကို လူ့အခွင့်အရေးကော်မရှင်ဟာ ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်း မဟုတ်တာကြောင့် တင်ပြငွေကို ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့တာ ဖြစ်ကြောင်း၊ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သတင်းမီဒီယာ ၁၃ ဖွဲ့နဲ့ တွေ့ဆုံခဲ့ကြောင်း၊လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ကျပ်သန်း ၅၀၀ တင်ပြခဲ့တာဖြစ်ပြီး အခုမရရှိသေးတာကြောင့် သမ္မတရုံးက အသေးသုံးစရိတ်များကို ထုတ်ပေးနေတာ ဖြစ်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောကြောင်း၊အခုလို ဘတ်ဂျက်များ မရရှိပေမဲ့ ကော်မရှင် ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်ဖက်ကလည်း ဘတ်ဂျက်ရရှိရေးအတွက် လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေပြီး သမ္မတရဲ့ သဘောတူညီချက်ရပါက လွှတ်တော်မှ အတည်ပြုချက် ရယူသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက သတင်းမီဒီယာ ၁၃ ဖွဲ့ကိုပြောသွားကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်ကို ၂၀၁၂ခုနှစ်၊ဧပြီလ ၂ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူး ဦးမောင်မောင်လတ်က ပြောကြားခဲ့သည်။
အလှည့်ကျမီးပေးစနစ်တွင် လူနေရပ်ကွက်များအတွက် တစ်ရက်လျှင် ၆နာရီမီးလာပြီးနောက် ၆နာရီ ကြာမီးပြန်ပျက်သည့် စနစ်ဖြင့် အလှည့်ကျမီးပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူးဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ဧပြီလ ၂ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ A၊ B၊ C သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅နာရီကနေ ၁၁နာရီအထိ နှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁နာရီ အထိ နှစ်အုပ်စု၊ ည ၁၁နာ ရီကနေ မနက် ၅နာရီအထိ ၂အုပ်စုကို အလှည့်ကျမီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက်(၂၄နာရီ)မှာ မီး ၆နာရီလာ၊၆နာရီပြန်ပျက်၊ ၆နာရီပြန် လာ၊ ၆နာရီပြန်ပျက်တဲ့စနစ်မျိုးဖြစ်မှာပါ။၂၄နာရီ လျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။ အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံ ရုံ၊ ရဲစခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံတွေစတဲ့ အရေးကြီးနေရာတွေပါပါမယ်။ စက်မှုဇုန်တွေကိုတော့ နှစ်ပိုင်းခွဲပြီးမီးပေးပါမယ်။ မနက် ၆နာရီက ၁၁နာရီတစ်ပိုင်း၊ ၁၁နာရီက ညနေ ၄နာရီတစ်ပိုင်း ခွဲပြီးပေးမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ခန့်မှန်းခြေဇူလိုင်လအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရန်ကုန်တွင် အလှည့်ကျ လျှပ်စစ်မီးပေးဝေမှု ဧပြီ ၂ ရက်စမည်
ရန်ကုန်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို ဧပြီ ၂ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌဦးမောင်မောင်လတ်ကပြောသည်။မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁ နာရီတစ်ကြိမ်၊နေ့လည် ၁၁ နာရီမှညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ပေးဝေသွားမည် ဖြစ်သည်။ထို့ကြောင့် အုပ်စုတစ်စု မှာ တစ်ရက်လျှင် ၆ နာရီကြာမီး ပေးချိန်နှစ်ကြိမ်ရမည်ဖြစ်သည်။ အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့်အလှည့်ကျစနစ်အားလုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြောသည်။
နှစ်စဉ်တွင် ဇူလိုင်လမှသာ လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်ကို ပြန်လည်စတင်သော်လည်း ယခုနှစ်၌ ဇူလိုင်လမတိုင်ခင်တွင် လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်အား ပြန်လည်ကျင့်သုံးနိုင်ဖွယ်ရှိသည်။ သို့သော်အလှည့်ကျမီးပေးဝေမှုအား H အုပ်စုအဖြစ် အရေးကြီး သောနေရာများအား ထိုစနစ်ကျင့်သုံးမည်မဟုတ်ဘဲထိုအုပ်စုဝင်များမှာ လုံခြုံရေးဆိုင်ရာနေရာများ၊ ဆေးရုံများ၊ ပုဂ္ဂလိကဘဏ်များအပါအ၀င် ဘဏ်အားလုံး၊ ဘူတာကြီး၊ ဆက်သွယ်ရေး၊ လေဆိပ်၊ သံရုံး၊ စည်ပင်ရေစက်များ၊ နိုင်ငံပိုင်စက်ရုံ၊ CNG ပေးဝေရာ နေရာများ၊ ရဲဌာနများအား တစ် နှစ်ပတ်လုံး မီးအပြည့်ပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

နေပြည်တော်မဲဆန္ဒနယ်တွင်ကြုံတွေ့နေရသောညစ်ပတ်ဆုတ်ပဲ့မှုများ
နေပြည်တော်အမတ်လောင်းဦးမင်းသူ၏ဇနီးအပါအဝင်အမျိုးသမီး(၆)ယောက်အမျိုးသား(၁၂)ယောက်ပေါင်း(၁၈)ယောက်ကိုထိုနေ့ည၉:၄၅ခန့်ကစည်ပင်ဧည့်ရိပ်သာမှနှင်ထုတ်ခံရပါတယ်။ဖြစ်ကြောင်းကုန်စဉ်မှာဦးမင်းသူ၏ဇာတိဖြစ်သောမိုးကုတ်မြို့မှဦးမင်းသူ၏ဇနီးမနန်းအပါအဝင်ကိုမင်းသန့်(မိုးကုတ်NLDလူငယ်စည်း)ဦးဆောင်၍ဦးမင်းသူအောင်နိုင်ရေးအတွက်(၂၇)ရက်နေ့တွင်မိုးကုတ်မြို့မှကျား(၁၂)မ(၆)လိုက်ပါလာ၍နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင်တည်းခိုနေရာ(၂၈)ရက်နေ့တွင်တည်းခိုရာနေရာသို့ည၉:၄၅ခန့်တွင်ပြန်လည်ရောက်ရှိကြရာအုပ်ချုပ်ရေးမှူးမှစည်ပင်ဧည့်ရိပ်သာသည်စည်းမျဉ်းစည်းကမ်းများအရနိုင်ငံရေးပါတီများအားမငှားရမ်းနိုင်ကြောင်းပြောဆို၍အခန်းခများပြန်လည်အမ်းပေးပြီးနှင်လွတ်ခဲ့ပါတယ်။ကိုမင်းသန့်မှတည်းခိုမည့်ဧည့်သည်များသိရှိအောင်ရေးသားထားသောဧည့်သည်စည်းမျဉ်းစည်းကမ်းဆိုင်းဘုတ်များလက်ကမ်းစာရွက်များရှိကပြရန်ပေးရန်ပြောကြားသောအခါတွင်မရှိကြောင်းသာပြောကြား၍နှင်လွတ်ခဲ့ပါသည်။မည်သို့မျှပြောကြား၍မရသောအခါပျဉ်းမနားမြို့သို့ပြောင်းရွှေ့တည်းခိုခဲ့ကြရာည၁၀:၃၀ကျော်မှအစဉ်ပြေခဲ့ကြရပါသည်။
(၂၇)ရက်နေ့တွင်တည်းခိုခဲ့ကြသည်မှာဧည့်ရိပ်သာရုံနံပါတ်(၄)တည်းခိုဆောင်(၆၄)ဖြစ်ပါတယ်။
ထိုနည်းတူနောက်ထပ်ကြုံတွေ့ခဲ့ရသည်မှာမန္တလေးတိုင်းမှအောင်နိုင်ရေးကား(ခွတ်ဒေါင်းကြယ်ဖြူကား)နေပြည်တော်(၄)မြို့နယ်အတွက်လှည့်လည်ဖျော်ဖြေစည်းရုံးစဉ်လုံခြုံရေးရဲ(၇၀)ခန့်ရောက်ရှိလာ၍ဖျော်ဖြေခွင့်မပေးနိုင်ကြောင်းပြောဆိုတားမြစ်ခဲ့ပါသည်။တားမြစ်မှုကိုမလိုက်နာရင်နှိမ်နင်းဖြိုခွဲရမည်ဖြစ်ကြောင်းပြောဆို၍တင်းမာမှုများဖြစ်ခဲ့ရာဦးမင်းသူမှပင်ဖြေရှင်းပေးခဲ့ရပါတယ်။
တရားမျှတလွတ်လပ်တဲ့ရွှေးကောက်ပွဲတခုဖြစ်ဖို့ဆိုရာမှာအထက်ပါအတိုင်းပြုလုပ်နေကြမည်ဆိုပါက
လွတ်လပ်မှုမျှတမှုကင်းမဲ့ရာရောက်ပြီးအပြောတမျိုးအလုပ်တမျိုးနဲ့ဥပဒေအထက်မှာဘဘကြီးတွေရှိကြသေး
တယ်ဆိုတာကိုဖေါ်ပြရာရောက်နေပါတယ်။
ကမ္ဘာကိုမှတ်ကျောက်တင်ခံမယ့်ပွဲ
လွှတ်တော်ကိုယ်စားလှယ် ၄၈ နေ ရာအတွက် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ မီဒီယာများ၏ စိတ်ဝင်စားမှုအထူး မြင့်တက်နေသည်။ ဤအချက် ကို မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲအကြို သတင်းများမှာ ကမ္ဘာ့ သတင်းများတွင် ဦးစားပေးဖော်ပြ ခံနေရခြင်းနှင့် နိုင်ငံတကာမှ သတင်းထောက်များက ပုံစံမျိုးစုံ ဖြင့်လာရောက်၍ ရွေးကောက်ပွဲ အကြိုသတင်းများရယူရန်ကြိုး ပမ်းမှုများက ထင်ရှားစေသည်။
"ဘာလို့ နိုင်ငံတကာမီဒီယာ က စိတ်ဝင်စားလဲဆိုရင် အချက် နှစ်ချက်ရှိပါတယ်။ တစ်အချက်က တော့ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်လို့ပေါ့။ သူမကို တစ်ကမ္ဘာ လုံးက ချစ်ခင်မြတ်နိုးပြီးလေးစားအတုယူရတဲ့သူဖြစ်လို့ အားလုံးရဲ့ အာရုံက သူ့ဆီမှာ ရှိနေတယ်။
နောက်တစ်ချက်က ကြားဖြတ်ရွေး ကောက်ပွဲက အစိုးရသစ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ အစိုးရအသစ် က နိုင်ငံရေးအကျဉ်းသားတွှေ တ်ပေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေ တယ်။ ရွေးကောက်ပွဲက သေးပေမယ့် တရားမျှတလွတ်လပ်မလား ဆိုတာ ကြည့်ရမယ်။ တကယ်လို့ သာ ဒီစမ်းသပ်မှုအောင်မြင်ရင် ဥရောပက ပိတ်ဆို့မှုတွေ မြန်မြန် ဆန်ဆန် ရုပ်သိမ်းလိမ့်မယ်။ နောက်အမေရိကန်က ပိတ်ဆို့မှုတွေ ရုပ် သိမ်းလာလိမ့်မယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲက အရမ်းအရေး ကြီးတယ်"ဟု တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင်နှင့် ရိုက်တာသတင်း ဌာန သတင်းထောက် အင်ဒရူး မာရှယ်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်နေရာ ပေါင်း ၁၁၅၉ အတွက် ပါတီများ၊ ကိုယ်စားလှယ်လောင်းများက အပြိုင်နွှဲခဲ့ကြသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပြည်သူ့လွှတ်တော်နေရာ ၄၀၊ အမျိုးသားလွှတ်တော် ၆ နေရာနှင့်တိုင်းဒေသကြီးလွှတ်တော် နှစ် နေရာ စုစုပေါင်း ၄၈ နေရာသာရှိ သည်။ ထိုအထဲမှ ၃ နေရာ ရွှေ့ဆိုင်း၍ ၄၅ နေရာသာ ကျန်သည်။
အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် ဒီမိုကရေစီအရေး အထူးစိတ်ဝင်စားသော နိုင်ငံများ ကလည်း ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲကို စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်နေသည်။
မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှုများထားရှိသော ဥ ရောပသမဂ္ဂက ကြားဖြတ်ရွေး ကောက်ပွဲမှာ တရားမျှတလွတ် လပ်လျှင် ၎င်းင်းတို့၏ ပိတ်ဆို့အရေး ယူမှုများကို ပယ်ဖျက်ပေးရန် သေချာသလောက်ရှိနေသည်။ အလားတူ အမေရိကန်ကလည်း မြန်မာအစိုးရက ကြားဖြတ် ရွေး ကောက်ပွဲကို တရားမျှတ လွတ် လပ်စွာ ကျင်းပပေးနိုင်လျှင် ၎င်းင်း တို့၏ ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ချင်း ဖြေလျှော့ရန် မီးစိမ်းပြထားသည်။
ဂျပန်အစိုးရကလည်း ၎င်းင်းတို့ မျှော်မှန်းသော အဖြေထွက်လျှင် မြန်မာနိုင်ငံသို့ ODA အကူအညီ များပြန်လည်ပေးမည်ဟု ဂျပန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။ ၎င်းင်းတို့ မျှော်မှန်း သောအဖြေမှာ တရားမျှတ လွတ် လပ်သော ကြားဖြတ်ရွေးကောက် ပွဲဖြစ်၏။
"ကြားဖြတ် ရွေးကောက်ပွဲက အဓိကပဲ။တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေတယ်"ဟု ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
"၄၈ နေရာက နေရာနည်း သော်လည်း အရမ်းအရေးကြီးပါ တယ်။ အရေးကြီးတယ်ဆိုတာ ဒါကတိုင်းပြည်ရဲ့ ပုံရိပ်ပဲလေ။ ကျွန်တော်တို့ကိုယ်တိုင်က Free & Fair Election ဖြစ်ဖို့ ပြောနေ တာ။ ကျွန်တော်လည်း တွေ့သမျှ နယ်ကပြည်ခိုင်ဖြိုးတွေကိုလွှတ် တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ Free & Fair Election ဖြစ်အောင်လုပ်ကြ၊ မဟုတ်တာမ လုပ်ကြနဲ့။ တွေ့တဲ့ပြည်ခိုင်ဖြိုးုင်းဝင်ရောက်ယှဉ်ပြိုင်မယ့် လူ တိုင်းကို ပြောနေတာ။ Free & Fair Election ဖြစ်ဖို့က လိုကိုလို တယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ"ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးမောက်က ကြားဖြတ်ရွေးကောက် ပွဲ အရေးကြီးပုံကို မှတ်ချက်ပေး သည်။ ဦးအေးမောက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၂၄ ရက်က အမှာစကား ပြောကြားရာ၌ ကြားဖြတ်ရွေး ကောက်ပွဲကို တရားမျှတလွတ် လပ်ရန် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲကို ကော်မရှင်က လွတ်လပ်တရား မျှတသန့်ရှင်းရန် အစွမ်းကုန် ဆောင်ရွက်နေပြီး၊ အစိုးရက လည်း မှတ်ကျောက်တင်ခံရန် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ အစိုးရသစ် လက်ထက်၌ ပထမဆုံးကျင်းပ မည့် ဤရွေးကောက်ပွဲကို တစ်ကမ္ဘာ လုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြမည်ဖြစ်၍ နိုင်ငံတကာမှ စောင့်ကြည့်မည့် ကြားဖြတ်ရွေး
ကောက်ပွဲ လွတ်လပ်တရားမျှတ ပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် မိမိတို့နိုင်ငံသားအားလုံးက ပံ့ပိုး ကူညီ ရန်လိုကြောင်းလည်း သမ္မတ က ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရက ယခုတစ်ကြိမ်ရွေး ကောက်ပွဲအတွက် နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က လည်း မဲစာရင်းကွာဟမှုများဖြစ် ပေါ်နေသော မဲဆန္ဒနယ်များ တွင် နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍ မဲစာရင်း ပြင်ဆင်ဖြည့် စွက်ပေးနေသည်။ ထို့အပြင် ယခု အကြိမ်တွင် ရွေးကောက်ပွဲဝင် မည့် နိုင်ငံရေးပါတီအများအ တွက် ကန့်သတ်ချုပ်ချယ်မှုများ မရှိသလောက် နည်းပါးခဲ့ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ပြောသည်။ ထိုအခြေအနေ များမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မကြုံခဲ့ရပေ။
သို့သော် ရွေးကောက်ပွဲ အကြိုကာလတွင်ကြုံတွေ့ရသော အဖြစ်အပျက် အချို့ကြောင့် နိုင်ငံ ရေးပါတီများပူပန်နေသောအချက်များလည်းရှိနေသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ပါဝင်သော ဒေသအချို့၌ ယခု ရက်ပိုင်းအတွင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းများနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအပုပ်ချသော လက်ကမ်းစာစောင်နှင့် စာအုပ်ငယ်များ ပျံ့နှံ့နေသည်။
မည်သူက စတင် ဖြန့်ချိသည်မသိရသော်လည်း Myanmar Express အွန်လိုင်းစာမျက်နှာပေါ်မှ ကိုယ်စားလှယ် လောင်းတစ်ဦးကို လူမှုရေးဖောက် ပြန်သည်ဟု စွပ်စွဲချက်ဖြင့် ပုတ် ခတ်ဝေဖန်သည့်စာများကို ကူးယူ ၍ မြို့နယ်အချို့၌ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
မတ်လလယ်တွင် နေပြည် တော်သို့ စည်းရုံးရေးဆင်းသော ဒီချုပ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မှ အမျိုးသမီးငယ်တစ်ဦးမှာ လေးခွဖြင့် အပစ်ခံရ၍ ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် ပြည် ခိုင်ဖြိုးပါတီတာဝန်ရှိသူက အောင်နိုင်ရေးစည်းရုံးဟောပြောမှုတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွားကြီးဟူ၍လည်းကောင်း၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောင်ထွက်လူဆိုးလူမိုက်အဖွဲ့ ဟူ၍ လည်းကောင်း၊ ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်လောင်းအား နွားထိုးသားဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။ ထို့သို့ ဥပဒေနှင့် မညီ လုပ်ကိုင်မှုကြောင့် နွားထိုးကြီး မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်ကော်မရှင်သို့ ကန့် ကွက်တိုင်ကြား၍ မြို့နယ်ပြည် ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ နောင်တွင်ဥပဒေနှင့်အညီဟော ပြောမည့်အကြောင်း ခံဝန်လက် မှတ်ရေးထိုးခဲ့ရကြောင်း ယခုတစ် ပတ်ထုတ် True News ဂျာနယ် တွင် ဖော်ပြထားသည်။
တိုက်ဆိုင်မှုမှာ မဲဆန္ဒနယ် အချို့တွင်ဖြစ်ပွားခဲ့သော ခြိမ်း ခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးအပုပ် ချမှုများ စသည်တို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်နှင့် အဖွဲ့ဝင်များမှာ ပစ်မှတ် ဖြစ်နေသည်။
ပါတီများ၏ အဓိကပူပန်မှု များမှာလည်းမဲစာရင်းလွဲမှားမှု များနှင့် ထပ်တိုးမဲများဖြစ်သည်။ "ပြီးခဲ့တဲ့ သုံးလေးရက်မှာ ခရိုင် ကော်မရှင်က ကျွန်တော်တို့ကို ခေါ်တွေ့တယ်။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာ ကြိုတင်မဲ နာမည် ပျက်ခဲ့တယ်။ အခုကျတော့ ကြို တင်မဲမရှိတော့ဘူး။
ကြိုတင်မဲ မရှိပေမယ့် နောက်တိုးမဲဆိုတာ တစ်ခုပေါ်နေတယ်။ ကော်မရှင် ကို နောက်တိုးမဲဆိုတဲ့ စာရင်းတွေ လာပေးတယ်တဲ့။ မဲစာရင်းမှာ မပါတဲ့ နောက်တိုးမဲတွေကို ခွင့်ပြု ရမယ်လို့ပြောတယ်။ နောက်တိုးမဲ က ဘယ်လောက်တောင် ရှိလည်း ဆိုရင် ကျွန်တော်တို့ရဲ့ မင်္ဂလာ တောင်ညွန့်မဲဆန္ဒနယ်မှာဆိုရင် ၄၀၀၀ လောက်ရှိတယ်။ ရဲတွေရဲ့ နောက်တိုးမဲကလည်း တောင်ညွန့် မှာ ၉၀ လောက်ရှိတယ်။ ဒဂုံဆိပ်
ကမ်းမှာလည်း နောက်တိုးမဲက အရပ်သား ၁၀၀၀ လောက်၊ ရဲ တွေက ၁၁၀ လောက်ရှိတယ်။ ဆို တော့ နောက်တိုးမဲတွေက အများ ကြီးပဲ"ဟုမင်္ဂလာ တောင်ညွန့်မြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမို ကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
အမျိုးသားဒီမိုကရေစီ အင် အားစုပါတီခေါင်းဆောင်ဦးခင် မောင်ဆွေကလည်း မဲဆန္ဒနယ် တွင် ပါဝင်သော မြို့နယ်အချို့သို့ မဲဆန္ဒနယ်ပြင်ပအခြားမြို့နယ် များမှ လူဦးရေစာရင်းများ ပြောင်း လာခြင်းများရှိသည်ဟုဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲအကြို ကာလ၌ သတင်းမီဒီယာများက ပါတီကြီးအချို့ကိုသာ ဦးစားပေး ဖော်ပြပြီး ဘက်လိုက်မှုများရှိနေ သည်ဟု ဦးခင်မောင်ဆွေက မှတ် ချက်ပြုသည်။
"သတင်းလွတ်လပ်ခွင့်တွေ ကို ပြောနေပြီးတော့မှ သူတို့ကိုယ် တိုင်က ပြည်သူတွေကို သတင်း လွတ်လပ်ခွင့်ပိတ်ပင်တဲ့အနေနဲ့ ပါတီကြီး အချို့ကိုပဲ စန်းတင်ပြီး တော့ ကျန်တဲ့ပါတီတွေကို ချန် ထားတာမျိုးရှိတယ်။ အဲဒီလို ပုံစံ မျိုးမဖြစ်အောင်လည်း စောင့်စည်း ဖို့လိုတယ်လို့ ပြောချင်ပါတယ်"ဟု ဦးခင်မောင်ဆွေကပြောသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကိုကြီးကလည်း ကြားဖြတ်ရွေး ကောက်ပွဲတွင် တရားမျှတလွတ် လပ်မှုမှာရလဒ်ထက်အရေးကြီး ကြောင်း မှတ်ချက်ပေးသည်။
"ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာဆိုတာ မပြောပလောက်ပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ထူးခြားတဲ့ရွေးကောက် ပွဲဖြစ်ပါတယ်။ နိုင်တဲ့မဲအရေအတွက်ထက် ပိုအရေးကြီးတာက ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အုတ်မြစ်ချဖို့အတွက် သမ္မတ ကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပါဝင်တဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ် စဉ်အဲဒါကို စပြီးစမ်းသပ်မယ့် တာထွက်ခြေလှမ်းဖြစ်တယ်။ အဲဒီ ခြေလှမ်းဟာ ဘယ်လောက်ပွင့် လင်းမှု၊ ထင်သာမှုရှိသလဲ၊ ဘယ် လောက်တရားမျှတမှုရှိသလဲဆို တဲ့ ဒီမိုကရေစီအနှစ်သာရက ရွေးကောက်ပွဲမှာ အောင်နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက်ထကိုအရေးကြီးပါတယ်"ဟု မတ်လ ၂၃ ရက်တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များမှာ
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် ကွန်ရက် ဖွဲ့စည်းထားသည်။ရွေးကောက်ပွဲတရားမျှတ လွတ်လပ်လျှင် အထက်တွင် ဆိုခဲ့ သည့်အတိုင်း အမေရိက၊ ဥရောပ၊ ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ အကူအညီများစွာရမည်ဖြစ် သည်။ ထို့အပြင် အစိုးရအဓိက လိုလားသော နိုင်ငံတကာအသိုင်း အ၀ိုင်း၏ အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ခေတ်နောက်ကျပြီး အထီးကျန် နေခဲ့ရသော နိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ခေါင်းမော့ရင်ကော့နိုင် မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူများကပြောသည်။
တပ်မတော်အုပ်ချုပ်မှုမှ ဒီမို ကရေစီနိုင်ငံသို့ ကူးပြောင်းနေ သော ခြေလှမ်းများမှာလည်း နိုင်ငံ တကာ၏ အားပေးထောက်ခံမှု များနှင့်အတူ ပိုမိုခရီးရောက်လာ မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲကြားဖြတ် ရွေးကောက်ပွဲမှာ တရားမျှတ လွတ်လပ်မှုမရှိခဲ့လျှင်မူ....
"လွှတ်တော်နိုင်ငံရေးတည် တံ့နေသမျှကာလပတ်လုံးက တော့ နောက်ကြောင်းပြန်လှည့်ဖို့ တော့ ခက်တယ်ဗျ။ သို့သော်လည်းပဲ ရှေ့တိုးဖို့လည်းမလွယ်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ကြား ဖြတ်ရွေးကောက်ပွဲ မအောင်မြင် ဘူး၊ တရားမျှတမှုမရှိဘူးဆိုရင်နိုင်ငံတကာပိတ်ဆို့မှုတွေဆက်ရှိ ပြီး၊ အကူအညီပေးတာတွေကော ရပ်သွားမှာပဲလေ။ အဲတော့ ဒုံရင်း ဒုံရင်းပြန်ဆိုက်မယ်"ဟု ဦးခင် မောင်ဆွေက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးအေး မောက်ကလည်းကြားဖြတ်ရွေး ကောက်ပွဲ တွင် မည်သည့်ပါတီက နိုင်၍ မည်သည့်ပါတီက ရှုံးသည် ဆို ခြင်းထက် တရားမျှတလွတ်လပ် သော ရွေးကောက်ပွဲဖြစ်ရန်မှာ အရေးကြီးကြောင်း နိုင်ငံရေး လေ့လာသူများ၏အဆိုကို ထောက်ခံပြောကြားသည်။
"အဲဒီလိုပြောတာ အရမ်းမှန်ပါတယ်။ ထောက်လည်း ထောက်ခံတယ်။ အဲဒီအတိုင်း (တရားမျှတလွတ် လပ်သောရွေးကောက်ပွဲဖြစ်ရန်) လည်းဖြစ် စေချင်တယ်။ ဖြစ်အောင်လည်းပဲ ကျွန်တော်တို့ ပါတီအဖွဲ့ဝင်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း၊ သွားတိုင်း င်္Fair (တရားမျှတ)ဖြစ်အောင်လုပ်ကြ။ အနိုင်နဲ့အရှုံးက အဓိက မဟုတ်ဘူး။ ခင်ဗျားတို့ တကယ် Fair ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ စာရိတ္တမဏ္ဍိုင်မှန်ကန်တယ်ဆိုတာ အဓိကပဲဆိုတာ ရှင်းပြပါတယ်။ တော်တော်များများနားလည်ကြပါတယ်"ဟု ဦးအေးမောက်က သူ၏
အတွေ့အကြုံကို ပြောကြောင်း သိရှိရသည်။

Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment