မြန်မာသတင်းများ မတ် ၁၆ ရက်၊ ၂၀၁၂
ရွှေလီ ရေကာတာ စီမံကိန်း ပလောင်လူငယ်များ ဆန့်ကျင်ဆန္ဒပြ
ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသော ရေကာတာများနှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြပွဲကို ယမန်နေ့က ပလောင် တိုင်းရင်း သား လူငယ်များက တရုတ်-မြန်မာ နယ်စပ် ရွှေလီ မြစ်ကမ်းစပ်၌ ပြုလုပ်ကြသည်။ ပလောင် လူငယ် ၂၀ ခန့် က “၀ိုင်းဝန်း လက်တွဲပြီး မြစ်ရွှေလီကို ကာကွယ် ကြစို့”ဟူသော စာတန်းပါ တီရှပ်များဝတ်ဆင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်ကြောင်း ပလောင် ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး က ထုတ်ပြန်ထားသည်။ ရွှေလီမြစ်ပေါ်တွင် အစိုးရက ရေအား လျှပ်စစ် စီမံကိန်း ၃ ခု ကို တည်ဆောက်နေကြောင်းသိရသည်။
ရှေ့နေများကောင်စီ ဥပဒေ ပြင်ဆင်မည်
မြန်မာနိုင်ငံ၌ တရားရေးမဏ္ဍိုင် ထိန်းကျေားင်းတည့်မတ်ရေးနှင့် အရည်အချင်းပြည့်သည့် ရှေ့နေကောင်းများ ပေါ်ထွန်းရေးအတွက် ရှေ့နေများကောင်စီ ဥပဒေ(Bar Council Act)ကို ပြင်ဆင်ရန်ဆောင်ရွက်နေကြောင်း အမျိုးသားလွှတ်တော်တွင် ယမန်နေ့ကဆွေး နွေးသည်။ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှန်(၃) ဦးဉာဏ်လင်း၏ “တရားရေး မဏ္ဍိုင် ထိန်းကျောင်း တည့်မတ် နိုင်သော အရည်အချင်းပြည့်ဝသည့် ရှေ့နေကောင်းများ ပေါ်ထွန်းလာရေး အတွက် အစီအမံများ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်း” အဆိုကို ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြန်လည်ဆွေးနွေးရာတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်ကြောင်းသိရသည်။
ဝန်ကြီးဌာနများ၏ တရားစွဲမှု မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းဖြစ်
အစိုးရ၀န်ကြီးဌာနများ၏ သတင်းမီဒီယာများအပေါ် ဥပဒေကြောင်းအရ အရေးယူမည့် လုပ်ရပ်များသည် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်သော လုပ်ရပ်များဖြစ်ပြီး နိုင်ငံ၏ တိုးတက်ရေးကို ကန့်သတ်လိုက်ခြင်းပင် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ်နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံအပြီး ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။
တိုင်ရီ အလုပ်သမားအရေး တိုင်း ဝါဏိဇ္ဇရုံး အထိ တက်
တိုင်ရီဖိနပ် စက်ရုံ အလုပ်သမားမျာနှင့် ပိုင်ရှင်အကြား ပြေလည်စေရေး မြို့နယ် ဝါဏိဇ္ဇရုံး၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသော အလုပ်သမားများက ရန်ကုန်တိုင်းဝါဏိဇ္ဇပဋိပက္ခရုံးသို့ ယမန်နေ့က ထပ်မံ တိုင်ကြား လိုက်ကြောင်း အလုပ်သမားများ၏ နစ်နာမှုများကို လှိုင်သာယာ မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခရုံးက မတ်လ ၁ ရက်နေ့တွင် ဖြေရှင်းဆုံးဖြတ်ပေးခဲ့ရာ တွင် ယခင်က တလလျှင် အချိန်ပိုကြေး ၁၈ ရက်နှုန်းဖြင့် ရှင်းပေးခြင်းအား ၈ ရက်လျှော့ချ လိုက်သဖြင့် အလုပ်သမားများက မကျေမနပ်ဖြစ်ကာ တိုင်း ဝါဏိဇ္ဇပဋိပက္ခရုံးအထိ တက်တိုင်ရခြင်းဖြစ်ကြောင်း အလုပ်သမားများအရေးကို ကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောပြကြောင်း တိုင်ရီ အလုပ်သမား ၁၄၀၀ ကျော်ကို ကိုယ်စားပြုသော အလုပ်သမားခေါင်းဆောင် ၄၅ ဦးမှ ဦးဆောင်ကာ တိုင်ကြားထားမှုကို ရန်ကုန်တိုင်း ဝါဏိဇ္ဇပဋိပက္ခရုံးက ယမန်နေ့ကလက်ခံလိုက်ကြောင်း၊ အလုပ်သမားများဘက်မှလည်း ဥပဒေအရ ဆောင်ရွက် ပေးနိုင်ရန် ရှေ့နေ ၇ ဦး ပါဝါတင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာအစိုးရ ရင်ကြားစေ့ရေး ကြိုးပမ်းမှု လိုက်လျောညီမှုမရှိ
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အခြေအနေဟာ အစိုးရရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး ဖြစ်ပေါ်လာအောင် ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့အချက်နဲ့ လိုက်လျောညီထွေ မရှိကြောင်း ဒေသခံပြည်သူတွေရဲ့ အရေးအတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ - မြန်မာနိုင်ငံ မှာ ရောက်ရှိနေတဲ့ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ က ပြောကြားခဲ့ပါကြောင်း ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ဟာလည်း အရေးကြီး တယ်လို့ - ဒီကနေ့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထပ်မံ ပြောကြားသွားခဲ့ကြောင်းကြာသပတေးနေ့ မွန်းလွဲပိုင်းက ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် မစ်ချဲ က - အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတာ ပြေလည်မှုတွေ မရရှိသေးတဲ့ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေအရေးအပါအ၀င် မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စ - ဒီ နှစ်ချက်ကို အဓိက အလေးထား ပြောကြားခဲ့ကြောင်း တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ မကြာသေးခင် ကာလ တွေက တိုးတက်မှုတွေကို တွေ့မြင်ရတယ်ဆိုပေမဲ့ - အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာနဲ့ ပတ်သက်ပြီး မစ္စတာ မစ်ချဲ က - ဒီသတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောကြား သွားခဲ့ကြောင်း သိရသည်။
ကချင်စစ်ပြေး ဒုက္ခသည်များအတွက် အမေရိကန်က ဒေါ်လာ ၁.၅ သန်းလှူ
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ဒုက္ခသည်များ အတွက် အမေရိကန် ပြည်ထောင်စုက အမေရိကန်ဒေါ်လာ၁.၅ သန်း ကူညီမည် ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ “အမေရိကန်ပြည်ထောင်စုအနေနဲ့ ကချင် ရွှေ့ပြောင်းနေထိုင်တဲ့သူတွေအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဆီကနေတဆင့် ကူညီသွားဖို့ရှိပါတယ်” ဟုပြောကြားသွားခဲ့ကြောင်း သိရသည်။
စုဝေးခွင့်ဥပဒေ ပြန်ပြင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
မြန်မာနိုင်ငံမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ပြင်ဆင်ဖို့လိုတယ်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Human Rights Wtach က ပြော ကြားလိုက်ကြောင်းလွတ်လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကြာသပတေးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုလိုက်ကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပေးလိုက်တဲ့ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးမှုတွေ၊ စီတန်းလမ်းလျှောက်တာတွေ လုပ်ဆောင်ဖို့အတွက် အာဏာပိုင်တွေထံ ခွင့်ပြုချက် လျှောက်ထားဖို့နဲ့ ဖောက်ဖျက်သူတွေအနေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့ကြောင်း
အရင်တုန်းက ဆန္ဒပြ လှုပ်ရှားမှုတွေကို တားမြစ်ထားတာကို ဥပဒေသစ်က အခုအခါ ခွင့်ပြုလိုက်ပေမဲ့ ကြွေးကြော်သံတွေ တိုင်မယ် ဆိုရင်လည်း ကြိုတင် ခွင့်ပြုချက် ယူရတာမျိုးလို ထိန်းချုပ်မှုတွေ ရှိနေတုန်းပဲလို့လည်း ပြောကြောင်း မြန်မာနိုင်ငံမှာ တွေ့မြင်လာနေရတဲ့ အပြောင်းအလဲတွေအပေါ် စိတ်အားတက်ကြွနေပေမဲ့လည်း အရင်က မရှိဖူးတာတွေ ရှိလာရုံနဲ့ အစိုးရကို အမှတ်ပေးမနေကြဘဲ ဥပဒေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်း ဖြစ်အောင် ဖိအားပေးသင့်တယ်လို့လည်း Human Rights Wtach အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ကြေညာချက်ထဲမှာ တိုက်တွန်းသွားကြောင်း ဒါကြောင့်လည်း မြန်မာနိုင်ငံက လွှတ်တော်တွင်းမှာ ဒီဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဖို့နဲ့ တချိန်တည်းမှာပဲ ပြည်ထဲရေး ဝန်ကြီးဌာနလို အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေတွေရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ Human Rights Wtach အဖွဲ့က တောင်းဆိုထားကြောင်း သိရသည်။
မြန်မာအဖွဲ့အားနည်းမှုကြောင့် ရေပိုင်နက်ဆုံးရှုံးရဟု ကနဦးပါခဲ့ဝင်သူသုံးသပ်
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား နှစ်ပေါင်း (၃၈) နှစ်ကျော် အငြင်းပွားနေတဲ့ နှစ် နိုင်ငံ ရေပိုင်နက် ပြသနာ ကို မတ်လ (၁၄) ရက်နေ့က ဂျာမဏီ နိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးက အဆုံးသတ် လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ကြောင်း နှစ်နိုင်ငံ အငြင်းပွား နေတဲ့ ရေပြင်ပိုင်နက် နယ်နမိတ်ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖက်က ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက် ကျော်ပြီး ခံစားခွင့် ရှိတဲ့အကြောင်း နိုင်ငံတကာပင်လယ်ပြင်ရေပိုင်နက် ခုံရုံးက ဥက္ကဌ ဂျိုဆေး လူးဝစ်ဂျီးဆပ်စ် က အမိန့်ချခဲ့ကြောင်း
နိုင်ငံတကာ ပင်လယ်ရေပြင် ပိုက်နက် ဆိုင်ရာ ခုံရုံးအနေနဲ့ အချက်အလက်တွေကို လေ့လာ သုံးသပ်ပြီး ဆုံးဖြတ်ချက် ချလိုက်တာက နှစ်နိုင်ငံခြား ပြင်ဆင် သက်မှတ်တဲ့ ရေပြင် နယ်နမိတ် ပိုက်နက် မျဉ်းကြောင်းဟာ စီးပွားရေး ဇုံ ရေပိုက်နက် နယ်နမိတ် အရ ရော ကမ်းလွန်ရေတိမ်ပိုင်း နဲ့ ပတ်သက်တဲ့ ဆိုင်ရာ နဲ့ပါ ပင်လယ် ရေပြင် မိုင် (၂၀၀) အတွင်း ရှိရမယ် ဆိုတာနဲ့ အပိုဒ် (၃၃၇) က နေ (၃၄၂) အရ ဘင်္ဂလားဒေ့ရှ်ဘက်က ရေပြင် မိုင် (၂၀၀) ကျော်ပြီး နောက် တတိယ နိုင်ငံရဲ့ ရေပြင် ပိုက်နက် နယ်နမိတ်နဲ့ ထိတွေ့တဲ့ အထိ ရပိုင်ခွင့် ရှိကြောင်းဒီဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ်က သူတို့ ပိုင်ဆိုင်တယ် ဆိုတဲ့ နေရာတွေ တော်တော် များများ ရသွားတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ (၁၉၇၄) ခုနှစ် က နှစ်ဘက် သဘောတူ စာချွန်လွှာဟာ အခိုင်အမာ ဖြစ်တယ်ဆိုပြီး အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ သူတို့ ပိုင်တဲ့ရေပိုင်နက် လို့ လက်ခံထားပြီးမှ မြန်မာတို့ ဖက်က သူ့တိုပိုင်တာ ဖြစ်တယ်ဆိုပြီး ပြောဆိုနေတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က တရားရုံးမှာ လျှောက်လဲတင် ပြခဲ့တာ ဖြစ်ဲ့ကြောင်း မြန်မာနိုင်ငံရဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ရှေနေ့ချုပ် ဦးထွန်းရှင်ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်မချခင် တရားရုံးမှာ အခုလို နောက်ဆုံး လျှောက်လဲချက် ပေးခဲ့ကြောင်းမြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ရှေနေချုပ် ဦးထွန်းရှင်က နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးမှာ မြန်မာနိုင်ငံဖက်က ပိုင်ဆိုင်မှု နယ်နမိတ်တွေကို လျှောက်လဲချက်ပေးခဲ့တာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ နိုင်ငံခြားရေးဌာန ၀န်ကြီး ဒီပြွန်မူနီ (Dipu Monti) ကတော့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြောင်း
အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ ကမ်းလွန်သဘာဝ ဓါတ်ငွေတွေ ထွက်လာ ပြီးတဲ့နောက် သူပိုင် ကိုယ်ပိုင် တယ်လို့ အငြင်းပွားခဲ့တာ ဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ နှစ် နိုင်ငံကြား အခြေအနေ အတော် တင်းမာ ခဲ့ပြီး နောက် အခုလို နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးကို အမှု ရောက် လာတာဖြစ်ပါတယ်။ ဒီအမှု ကို (၂၀၁၁) ခုနှစ် စက်တင်ဘာမှာ စတင် စစ်ဆေးတာ နေတာဖြစ်ပါတယ်။ အခု တရားရုံးရဲ့ ဆုံးဖြတ်ချက် ဟာ နောက်ဆုံး အဆင့် ဖြစ်တာမို့ မြန်မာနိုင်ငံဘက် က ဘာမှ ထပ် လုပ်ပိုင်ခွင့် မရှိ တော့ပါဘူး။ ဒီအဖြေ ဟာ ဘင်္ဂလားဒေ့ရှ် အတွက် အောင်မြင်မှု တခုဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက်တော့ အင်မတန် နစ်နာမှုကြီး ဖြစ်တယ်လို့ အခု ပြသနာ ဖြစ်တဲ့ နေရာမှာ ကိုးနှစ် ကျော်ကြာ တာဝန် ထမ်းဆောင် ခဲ့ဘူးတဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ကြောင်းနိုင်ငံတကာ ပင်လယ်ပြင် ဆိုင်ရာ စာချုပ်ကို ဘဂ်လားဒေ့ရှ် ဟာ ၂၀၀၁ ခုနှစ်က လက်မှတ် ထိုးတာာဖြစ်ပြီး မြန်မာကတော့ ၁၉၉၆ မေလ ကတည်းက လက်မှတ် ထိုးထားတာ ဖြစ်ပါကြောင်း အခု မြန်မာနိုင်ငံ နဲ့ ပြဿနာဟာ အဆုံးသတ် စီရင်ချက် ချပြီးပြီ ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနိုင်ငံ နဲ့ အငြင်းပွားနေတာကို ဆက်ပြီး ဖြေရှင်းရအုံးမှာ ဖြစ်ကြောင်း သိရသည်။
ထောင်တွင်းဖန်တီးမှု အနုပညာပြပွဲ ပြီးဆုံး
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ထောင်တွင်းဖန်တီးမှု အနုပညာတွေကို ပထမဆုံး ခင်းကျင်းပြသတဲ့ ၂၀၁၂ Amnesty Prison Art Show နောက်ဆုံးနေ့ အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရေးဆွဲတဲ့ ပန်းချီပုံတူတွေ အများဆုံး ရောင်းချရခဲ့ကြောင်း မိမိနဲ့ တခြားနိုင်ငံရေး အကျဉ်းသားဟောင်းတွေ ထောင်ထဲနေရတဲ့ကာလတွေမှာ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေ၊ ချည်ထိုးပန်းချီအပါအဝင် အနုပညာလက်ရာတွေကို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် အတိုင်းမသိ ခံစားမိရပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေရေးဆွဲတဲ့ ပန်းချီကားမူရင်းအတိုင်း ဗင်နိုင်းကင်းဗတ်စ်နဲ့ ပုံနှိပ်ပြီး တစ်ကားကို ကျပ် ၂ သောင်းနဲ့ ပန်းချီကား ၃၀ ကျော် ရောင်းခဲ့ရပြီး ကိုမင်းကိုနိုင်၊ကိုပြုံးချို၊ကိုဌေးကြွယ်နဲ့ကိုမြင့်ဝင်းမောင်တို့ ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားတွေအများဆုံး ရောင်းရတယ်လို့ဆိုပါကြောင်းပန်းချီကားရေးဆွဲတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ပုံတွေပါဝင်တဲ့ ပိတ်သားနဲ့ လုပ်ထားတဲ့ ပို့စ်ကဒ်တွေကိုလည်း ၂ ထောင်နဲ့ ရောင်းချကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က စီစဉ်တဲ့ ဒီပြပွဲကို မတ်လ ၉ ရက်က စတင် ကျင်းပခဲ့ပါတယ်။ ဒီနေ့ပွဲကို သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တက်ရောက်လာပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပန်းချီ အနုပညာရှင်တွေ၊ တခြားစိတ်ဝင်စားသူတွေ နှစ်ရာနီးပါး လာရောက် အားပေး ကြည့်ရှုကြတယ်လို့ သိရပါတယ်။မကြာခင် ပြည်ပခရီး ထွက်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဝေးတော့တဲ့ ကာလအတွင်း ပြည်ပခရီးထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေပညာရပ်ဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံတဲ့ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုလိုက်ကြောင်းမကြာခင်ကာလမှာ ပြည်ပခရီးထွက်ခွာဖို့ အခြေအနေတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အဲဒီလို အခြေအနေပေးလာရင် အခု ဆုချီးမြှင့်တဲ့ ဟောင်ကောင်တက္ကသိုလ်ကို ခဏတာပဲဖြစ်ဖြစ် လာရောက် လည်ပတ်မှာဖြစ်ကြောင်း ဒါ့အပြင် မြန်မာ့အရေးမှာစိတ်ပါဝင်စား ထောက်ခံကူညီတဲ့အတွက် ဟောင်ကောင်တက္ကသိုလ်ကို ကျေးဇူးတင်ကြောင်းဆက်လက်ပြီး “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်တာဟာ တရား ဥပဒေစိုးမိုးရေးအတွက်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ တရားစီရင်ရေးကဏ္ဍ နှစ်ပေါင်းများစွာ ချွတ်ချော်ပျက်စီးနေတာကြောင့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဥပဒေပြဋ္ဌာန်းရေးနဲ့ တရားစီရင်ရေး ခိုင်ခိုင်မာမာဖြစ်ပေါ်လာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားသွားပါမယ်” လို့ ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပကြောင်း သိရပါတယ်။
မဲစာရင်း ပြဿနာစုံ မြို့နယ်ပေါင်းစုံ ကြုံတွေ့ရ
ပဲခူးတိုင်း က၀မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) အထုံကျေးရွာအုပ်စုက ကျေးရွာတွေမှာ ခုချိန်ထိ မဲစာရင်းတွေ မကပ်သေးဘူးလို့ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ခနာရွာ ကျေးရွာအုပ်ချုပ်ရေးမှူးကို မဲစာရင်း မကပ်သေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ သွားမေးတဲ့အခါ မြို့နယ်က ညွှန်ကြားချက် မရသေးဘူးလို့ ဖြေကြားကြောင်းအထုံကျေးရွာ အုပ်စုမှာ ညောင်ပင်ကန်၊ ညောင်တပင်၊ ကမ်းမြှောင်၊ ခနာ၊ ခနီး၊ ခဲနန် စတဲ့ ကျေးရွာတွေ ပါတယ်လို့ ဆိုပါတယ်။ မဲစာရင်း ကပ်ထားမှ ဘယ်သူတွေ ဘယ်မဲရုံ သွားရမယ်၊ ကိုယ့်အမည်စာရင်း ပါမပါ စတာတွေ ကြိုတင်သိနိုင်မှာမို့ အချိန်မီ သိချင်နေကြတယ်လို့ ပြောကြောင်းအလားတူ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှာလည်း မဲစာရင်းတွေ ကွာဟနေပြီး အမှားအယွင်းတွေ ရှိနေကြောင်း မဲဆန္ဒရှင်စာရင်း ၅၀၀၀ ကျော် ကွာဟနေတယ်လို့ ဆိုကြောင်း ဒါ့အပြင် ခုချိန်ထိ မဲစာရင်းအပြည့်အစုံ မိတ္တူကူးခွင့် မရသေးဘူးလို့လည်း အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ပြောကြောင်း၂၀၁၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ပြီး ကြိုတင်မဲတွေနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။ ခုလာမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိလျက် မဲမပေးရမှာ စိုးရိမ်တယ်လို့လည်း မဲစာရင်းမှာ စာရင်းပါမလာသူတွေနဲ့ မဲစာရင်း လွဲချော်မှားယွင်းနေတာတွေကို ထောက်ပြသူတွေက ပြောကြကြောင်းအလားတူဧရာဝတီ တိုင်းအတွင်းက မဲဆန္ဒရှင်စာရင်းတွေမှာလည်းပြဿနာတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။
ကမ္ဘာအေးတွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘာ အေးအိမ်ရာတွင် ယခုလ ၁၂ ရက် နေ့က မီးလောင် မှုဖြစ်ပွားခဲ့ရာ ကျပ် ၉၈ သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟုသိရသည်။ရွှေ့ပြောင်းပေးမည့် တာမွေဈေးနေရာသစ်သို့ ဈေးသူဈေးသား အများစု မရွှေ့ပြောင်းလို
တာမွေယာယီဈေးအား သက်ဆိုင်ရာက ရွှေ့ပြောင်းခိုင်းခြင်းကို ဈေးသူဈေးသား အများစု ကန့်ကွက်နေကြပြီး အသစ် ပြောင်းရွှေ့ရ မည့်နေရာတွင် ရောင်းဝယ် ဖောက်ကားမှု စည်ကားပြီးဖြစ်သည့် ဈေးကြီးနှစ်ခုရှိနေပြီးဖြစ်ခြင်းနှင့် ဈေးကို မှီခိုမည့်အိမ်ခြေ များများစားစားမရှိခြင်း စသည်တို့ကြောင့် မပြောင်းလိုခြင်းဖြစ် ကြောင်း သိရသည်။ငှက်ရိုင်းများမှ ကြက်ငှက် တုပ်ကွေး ကူးစက်ခံရပြီးနောက် ဆက်လက်စောင့်ကြည့်နေ
ချောင်းဦးဒေသတွင် ငှက်ရိုင်းများမှ ကြက်ခြံအချို့ကို ကြက်ငှက်တုပ်ကွေး ရောဂါပိုးကူးစက်ခံရမှု ဖြစ်ပွားခဲ့ပြီး နောက် ငှက်ရိုင်းများ လာရောက်လေ့ရှိ သည့် ဒေသများတွင် စောင့်ကြည့်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
တစညပါတီမှ ကိုယ်စားလှယ်လောင်းပလပ်ခံရမှု လူ့အခွင့်အရေးကော်မရှင်သို့ တင်ပြမည်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်း ပါဝင်ယှဉ်ပြိုင်ခွင့် ပလပ်ခံရမှုအပေါ် လူ့အခွင့်အရေးကော်မရှင်အထိ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။နွားထိုးကြီးမြို့နယ်တွင် ပထမဦးဆုံး မွေးမြူရေးဇုန် တည်ဆောက်ရန် စီစဉ်နေ
မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်လာမည့် မွေးမြူရေးဇုန်တစ်ခုကို လာမည့်ဘဏ္ဍာ နှစ်မတိုင်မီ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်တွင် တည်ဆောက် ရန်စီစဉ်နေသည်ဟု မန္တလေးတိုင်းဒေသ ကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဌာန၀န်ကြီး ဦးမြင့်သန်းက ပြောကြောင်း သိရသည်။ဒိုဟာသို့ လေကြောင်း ပြန်စမည်
ကာတာအဲဝေးသည် လာမည့် အောက်တိုဘာလမှစတင်ခါ ရန်ကုန် မြို့သို့ အပတ်စဉ် လေကြောင်းခရီးစဉ်ကို လေကြောင်းလိုင်း တည်ရှိရာ ဒိုဟာမြို့ မှတစ်ဆင့် ပြန်လည်ပျံသန်းပြေးဆွဲမည် ဟု သိရသည်။အုတ်ဖို-ဥတို ကျေးလက်လမ်းမ ဖောက်လုပ်
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှ ရန်ကုန် - ပြည်လမ်းသို့သွားသော အုတ်ဖို- ဥတိုကျေးလက်လမ်းမကို အောင်သောင်း ကုမ္ပဏီမှဦးစီး၍ ဖောက် လုပ်လျက်ရှိကြောင်း သိရသည်။နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်း တည်နေရာကို အတိအကျ တွေ့ရှိပြီ By Flower News Journal
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကို ပြီးခဲ့သည့် နှစ်များအတွင်းက သြစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ သြစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။
“သြစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းက ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။ “ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်အချိန် ကုန်းပေါ်ကို ပြန်ရောက်မလဲဆိုတာ စိတ်ဝင်စားမိတယ်” ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။
ကျော်မြတ်ဇံ kmzan@yangonmedia.com
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment