မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ  မတ် ၁၄ ရက်၊ ၂၀၁၂

Myanmar gives Karen rebel 20-year term for treason
ကရင်သူပုန်ခေါင်းဆောင် မန်ဲးငြိမ်းမောင်အား မြန်မာအစိုးရက နိုင်ငံတော်ပုန်ကုန်မှုဖြင့် ထောင်ဒဏ်အနှစ် ၂၀ အပြစ်ပေး
   

March 13, 2012 09:10 AM EST | AP

YANGON, Myanmar — An ethnic rebel leader was sentenced to 20 years in prison for high treason Tuesday in Myanmar, whose new government is trying to reach a cease-fire agreement with the Karen and other longfractious ethnic groups.
The court in northern Yangon also gave Mahn Nyein Maung a three-year sentence for unlawful association, to be served concurrently, his lawyer Aung Thein said.
He is a central executive committee member of the Karen National Union, which has been seeking greater autonomy for more than half a century and has carried out an armed struggle for most of that time.
The military-backed but elected government began seeking cease-fires with ethnic rebel groups as part of political reforms started last year after decades of repression under military rule.
While the central government has been holding talks with the KNU, the group remains an illegal organization.
In January, President Thein Sein's government released hundreds of political prisoners under an amnesty to foster political reconciliation, but the KNU has said at least 60 of its members remain behind bars.
Aung Thein said the action against a Karen leader such as Mahn Nyein Maung "is inappropriate at a time when the government is vigorously engaged in peace talks with ethnic nationality groups."
Because the government has reached a tentative ceasefire agreement with the Karen National Union, the sentencing of a Karen leader could create misunderstanding and will not be helpful toward the government's "national reconciliation efforts with ethnic groups," he said.
The government and the Karen rebels are supposed to have further talks next month.
Mahn Nyein Maung is famous for his escape from a detention camp on Coco Island in the Andaman Sea, an adventure about which he afterward wrote a book.
He had been jailed in 1960 on political charges, but 10 years later, along with two other political prisoners, slipped away and made his way to the mainland on a makeshift raft -- only to be recaptured.

Mahn Nyein Maung was arrested last year by Chinese immigration officials and was sent to Thailand, where the KNU maintains offices. However, Thailand refused him entry and sent him back to China, which refused to allow him entry and deported him to Myanmar. He then served a six-month jail term for immigration violations, including carrying a fake passport, before being tried for treason.
The sentence for high treason was life imprisonment, which is treated as 20 years.

လူ့အခွင့်အရေး အပြည့်ရရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း။ 

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကင်းမဲ့၍ ဖြစ်ပေါ်လာခဲ့သည့် ကိုဖုန်းမော် ကျဆုံးခြင်းမှသည် လူ့အခွင့်အရေး အပြည့်အ၀ရှိသည့် အခြေအနေသို့ ခိုင်မာစွာရောက်ရှိရေးအင်အားစု အားလုံးက ပူးပေါင်း ဆောင်ရွက်သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပသည့် ၂၄ နှစ်မြောက် ရန်ကုန် စက်မှုတက္ကသိုလ် မတ်လ ၁၃ ရက်နေ့ အရေးအခင်းနှင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့လို့ ခေါ်ချင်တာက ဘာကြောင့်လဲဆိုတော့ နောက်ဆုံးတော့ ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ကိစ္စအ၀၀က ဘာနဲ့ ဆက်နွယ်နေသလဲဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးများ မရှိခြင်းနဲ့ ဆက်နွယ်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားသို့ အနည်းငယ်နောက်ကျသည့်အတွက် ပရိတ်သတ်ကို တောင်းပန် စကားဆိုပြီး လူငယ်ကျောင်းသားများ၏ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ရာမှ လူ့အခွင့်အရေး လှုပ်ရှားမှုများ မြင့်မားလာပုံနှင့် မြန်မာနိုင်ငံသားတိုင်း ကမ္ဘာ့လူသားများနည်းတူ လူ့အခွင့်အရေးများ အပြည့်အ၀ ခံစားခွင့်ရသင့်ကြောင်း ပြောကြားသည်။
 ထို့အပြင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး အရေးကြီးပုံ၊ လူ့အခွင့်အရေးဆိုင်ရာ အရှိန်မြင့်၍ ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြရန်လည်း ပြောကြားသွားသည်။
ယနေ့ အခမ်းအနားကို ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ နိုင်ငံရေး အကျဉ်းသားဟောင်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက “အခုလို အခမ်းအနား ကျင်းပတာဟာ တိုးတက်မှုတခုပါ။ အခမ်းအနားများမှသည် ပြည်သူ့ဆီသို့လို့ ကိုမင်းကိုနိုင်က ပြောတာ။ ဆိုလိုတာက အခမ်းအနားတွေ လုပ်နေရုံနဲ့ မလုံလောက်ဘူး။ တကယ့်တကယ် ပြည်သူတွေဆီအထိ ပြန့်နှံ့အောင် ကြိုးစားသွားရမှာကို အလေးအနက် ပြောသွားတာပါ” ဟု ပြောသည်။
၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဒီမိုကရေစီအင်အားစု အားလုံးက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သဘောတူ သတ်မှတ်ခဲ့ပြီး ယခင် နှစ်ပေါင်း ၂၃ နှစ်တာအတွင်း အမျိုးမျိုးသော ဖြိုခွင်းခံရမှုများကြောင့် အခမ်းအနားများလည်း ကျင်းပခွင့်မရခဲ့ကြောင်း၊
လူ့အခွင့်အရေးကို နိုင်ငံသားအားလုံး ခံစား ကျင့်သုံးစေနိုင်ရေးအတွက် အင်အားစု အားလုံးက ပြည်သူတရပ်လုံးနှင့် ထိတွေ့ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုကြောင်း ကိုမင်းကိုနိုင်က ယနေ့ အခမ်းအနားတွင် ပြောသည်။
ယနေ့ ကျင်းပသော အခမ်းအနားသို့ တက်ရောက်သူ ၂၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မြို့ကြီးများတွင်လည်း ယနေ့ ကျရောက်သော ကိုဖုန်းမော် ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားများကို အသီးသီးကျင်းပကြောင်း သိရသည်။
 အလားတူ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဥရောပ နိုင်ငံများရှိ  မြန်မာ့အရေး လှုပ်ရှားသူများကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ကို ကျင်းပကြပြီး ကျဆုံးသွားကြသော စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အတွက် အမျှအတန်း ပေးဝေခြင်း၊ မြန်မာနိုင်ငံ လွှတ်တော်များက ယနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခြင်းများ ပြုလုပ်ကြကြောင်း သိရှိရသည်။
 ၈၈ မျိုးဆက်ကျောင်းသားများက ၂၃ ကြိမ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အတွက် ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေး ကင်တာနာကလည်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်ကာ မြန်မာအစိုးရ၏ နိုင်ငံသားများ အခွင့်အရေးကာကွယ်ရန် မူဝါဒများ ချမှတ်လုပ်ကိုင်လာသည်ကို ကြိုဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ အပါအ၀င် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများသည် စိုးရိမ်ရသည့် အဆင့်တွင်ရှိဆဲဖြစ်ပြီး နောက်ကြောင်းပြန်လှည့်သွားမည့်အရေး စိုးရိမ်မိကြောင်း ပြောဆိုထားသည်။
 ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် စေ့စပ်ညှိနှိုင်းမှု လုပ်ဆောင်ကာ ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုက်တွန်းထားပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ စစ်မှန်မှုနှင့် ပတ်သက်ပြီး ယခုလာမည့် ဧပြီလ ၁ ကြားဖြတ်ရွေးကောက်ပွဲသည်လည်း အဓိကကျသည့် စမ်းသပ်မှုတခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
 ၁၉၈၈ ခုနှစ်က မဆလ အာဏာရှင် ဦးနေ၀င်းလက်ထက်က အရပ်သားနှင့် ကျောင်းသား ပဋိပက္ခကို နှိမ်နင်းခဲ့စဉ် ရန်ကုန် စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ၂ ဦးသည် လုံထိန်းများ၏ လက်ချက်ကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြသည်။ ကိုဖုန်းမော်သည် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းဝင်း၌ ပွဲချင်းပြီး သေဆုံးပြီး ကိုစိုးနိုင်သည် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
 ပထမဆုံး မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပရာ ထိုစဉ်က ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများနှင့် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး နှစ်စဉ် မတ်လ ၁၃ နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။

 အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချီးမြှင့်

မြန်မာနိုင်ငံမှာ ထူးချွန်တဲ့ သတင်းသမားတွေကို ပထမဆုံးအကြိမ် အဖြစ် ပေးအပ် ချီးမြှင့်တဲ့  အမျိုးသားသတင်းဆုရှင်တွေ စာရင်းကို  ဆုချီးမြှင့်ရေး ကော်မတီက  ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
 အကောင်းဆုံးသတင်းဆုရ `နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း´
အမျိုးသားသတင်းဆုမှာ အမျိုးအစား ၅မျိုးပါရှိပြီး အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနဲ့  အကောင်းဆုံး သတင်း ကာတွန်းဆုတို့ ဖြစ်ပါတယ်။
အကောင်းဆုံးသတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ နိုင်ငံအနာဂတ်သစ် အတွက် အစပျိုးခြင်း သတင်းရေးတဲ့ နန်းလွင်၊ နှင်းရတနာဇော်၊ အေးသီရီဝင်း၊ ၀င့်ဝဒီနဲ့ ကုမုဒြာဆက်စပ် သတင်းအဖွဲ့တွေက ရရှိသွားတယ်လို့ ဆုချီးမြှင့်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းငြိမ်းက ပြောပါတယ်။
အကောင်းဆုံး သတင်းဆောင်းပါးဆုကိုတော့ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်တဲ့ ဆဲဗင်းလ်ဒေး နယူးစ်ဂျာနယ်မှာပါတဲ့ လက်နက်ကိုင်စကားဝိုင်းပေါ်ရောက်ပြီလား ဆောင်းပါးရေးတဲ့ ငြိမ်းငြိမ်းနိုင်က ရရှိပြီး၊ အကောင်းဆုံး သတင်းဓာတ်ပုံ ဆုကိုတော့ ၂၀၁၁ ခုနှစ်ဇူလိုင်လ ၇ ရက်နေ့ ထုတ်တဲ့ ပေါ်ပြူလာနယူးစ် ဂျာနယ်ပါ အငြိမ်းစားများ သတင်း ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အောင်နိုင်စိုးက ရရှိသွားပါတယ်။ အကောင်းဆုံး သတင်းကာတွန်း ဆု ကိုတော့ ၂၀၁၁ ဇူလိုင်လ ၂၆ ရက်နေ့ ထရူးနယူးစ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲကလိုတော့ သတင်းကာတွန်း ရေးဆွဲတဲ့ သီဟ(စခန်းသစ်) က ရရှိသွားပါတယ်။
မူလက အကောင်းဆုံး ၅ ဆုရွေးချယ်မယ်လို့ ကြေညာထားပေမယ့် အကောင်းဆုံး အာဘော် ဆောင်းပါးဆုကိုတော့ ဆုရွေးချယ်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီ သတင်းအာဘော် ဆောင်းပါး ဆုအတွက် ဆန်ခါတင် အမည်စာရင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရာမယန ဆောင်းပါးလည်း ပါဝင်နေတယ်လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။
“အထူးခြားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမယနဆိုတာကို News Watch ဂျာနယ်က ပါလာတယ်။ ဒါပေမယ့် အဲဒီဟာက ဘာဖြစ်နေလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၄ ခုနှစ်လောက်က သူမ နေအိမ်မှာ ပြောခဲ့တဲ့ စကားဖြစ်နေတယ်။ ဒါ့အပြင်ကို နောက်ပိုင်း ၂နှစ်၊ ၃နှစ်လောက် ခြားပြီးတော့ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ စာအုပ်ထုတ်ခဲ့တဲ့ ဆောင်းပါးဖြစ်နေတယ်။ ကျနော်တို့ ပြောထားတာ ၂၀၁၁ ခုနှစ် အတွင်းမှာ ရေးထားတဲ့ ဆောင်းပါးပဲ ဖြစ်ရမယ်ဆိုတော့ အကျုံးမ၀င် ဖြစ်သွားတယ်။”
အကောင်းဆုံး ၄ ဆုအပြင် ၂၀၁၁ ခုနှစ်အတွက် ဖြည့်စွက်ဆု ၁ ဆု ဖြစ်တဲ့ ၁ နှစ်အတွင်း ထူးခြားတဲ့ အမျိုးသား သတင်းဓာတ်ပုံ ဆုကို ၂၀၁၁ ခုနှစ် သြဂုတ် ၂၀ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ မျက်နှာဖုံး သတင်းဓာတ်ပုံ အဖြစ် ဖေါ်ပြခဲ့တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံအောက်မှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲပြီးရိုက်ထားတဲ့ သတင်းဓာတ်ပုံ ရိုက်ကူးသူ မြန်မာ့သတင်းစဉ်က မောင်မောင်သန်း (ကော့မှုး) ကို ရွေးချယ်ခဲ့ပါတယ်။
နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း သတင်း ရေးသားခဲ့သူ တဦးဖြစ်တဲ့ သတင်းထောက် နန်းလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံမှုဟာ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို ရေးခဲ့ရတာပါလို့ ပြောပါတယ်။
“အဓိကတော့ ဒေါ်စုနဲ့ ကလင်တန် တွေ့တဲ့အကြောင်းကို ရေးထားတာ၊ ဘယ်လို အသေးစိတ် ဆွေးနွေးခဲ့တယ်၊ သူတို့ရဲ့ပုံစံတွေကို ထည့်ရေးထားတာ။ သူတို့ဘယ်လို တွေ့တယ်၊ ဆွေးနွေးချိန် ဘယ်လောက်ကြာတယ်၊ သူတို့ နှစ်ယောက်တွေ့တာက ကျမတို့ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တယ်။ နိုင်ငံအသစ် တခုအတွက်ကို အစပျိုးလိုက်တယ် ဆိုပြီး ခေါင်းစဉ်တင်ပြီး ရေးထားတာပါ။”
ဒီဆုဟာ ၂၀၁၁ ခုနှစ် ၁ နှစ်တာအတွင်း ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို စိစစ် ရွေးချယ်တာ ဖြစ်ပြီး ဆု ၁ ဆုအတွက် ကျပ်ငွေ ၁၀ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဆုပေးပွဲကို မတ် ၁၈ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ ဂုဏ်ပြု အခမ်းအနားနဲ့ ဆုချီးမြှင့်မယ်လို့  ဆုရွေးချယ်ရေး ကော်မတီကနေ စုံစမ်းသိရပါတယ်။

KIO နှင့် ပြည်ထောင်စုအဆင့် တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ဦးနှစ်ဖက် သဘောတူကြေငြာချက်ထုတ်ပြန် ။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KIO ဗဟိုကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့ ကျင်းချိန်ဟိုတယ်၌ မတ် ၈ ရက် မွန်းလွဲပိုင်းမှ မတ် ၁၀ ရက် ညနေပိုင်းအထိ တတိယ အကြိမ်မြောက် ပြည်ထောင်စုဆွေးနွေးမှုများပြုလုပ်သည်။
 ယခုဆွေးနွေးပွဲသည် ဇန္နဝါရီလ၁၉ ရက်နေ့ကပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေးမှုများအပေါ် အခြေခံ၍ ဆက်လက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
 ထိုသို့ အချိန်ယူဆွေးနွေးပြီးနောက် နှစ်ဦးနှစ်ဖက် သဘောတူ ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ကြေငြာချက် အပြည့်အစုံမှာ-
 ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KIO ဗဟိုကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အားရကျေနပ်မှု ရှိပါသည်။
 ၂။ နှစ်ဖက်ဆွေးနွေးမှုများမှာ တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်မှုများဖြစ်ထွန်းလာပြီး ယုံကြည်မှုများ ပိုမိုတည်ဆောက်နိုင်ခဲ့ပါသည်။
 ၃။ ဆွေးနွေးမှုများမှ ဆက်က်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။
 ၄။ နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ ရလဒ်အဖြစ် တစ်ဖက်နှင့်တစ်ဖက် စစ်ရေးအရှိန်များလည်း လျော့နည်းလာမည်ဟု ယုံကြည်ပါသည်။
 ၅။ ပြဿနာဖြစ်ပွားနိုင်သောဒေသများရှိ နှစ်ဖက်တပ်စခန်းများကိစ္စကို နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရသည်အထိ ဆွေးနွေးပြီး ရရှိပြီးသော သဘောတူညီချက်များကို ရက်သတ်မှတ်၍ ဆောင်ရွက်သွားရန် ဖြစ်သည်။
 တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးလက်ဆောင် Sky Net အစုံ(၂၀)ကို နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပေးအပ်ရာ  ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က လက်ခံရယူသည်။ ဆက်လက်၍ ဦးအောင်သောင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြသည်။
 တက်ရောက်ကြသူများ-
 ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ။
 ၁။ ဦးအောင်သောင်း(အဖွဲ့ခေါင်းဆောင်၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊တောင်သာမြို့နယ်)။
၂။ ဦးသိန်းဇော်(ဒု-အဖွဲ့ခေါင်းဆောင်၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊မြစ်ကြီးနားမြို့နယ်)။
၃။ ဦးလဂျွန်ငန်ဆိုင်း(ကချင်ပြည်နယ် ဝန်ကြီးချုပ်)
၎။ ဦးဘုန်းဆွေ (ဒုတိယဝန်ကြီး)
၅။ ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး)
၆။ ဦးအုန်းမြင့် (ပြည်ထောင်စုဝန်ကြီး၊သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန)
၇။ ဗိုလ်မှူးကြီးသန်းအောင်(ဝန်ကြီး၊ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ)
၈။ ဦးခက်ထိန်နန် (အမျိုးသားလွတ်တော်ကိုယ်စားလှယ်)
၉။ ဦးထွန်းသိန်း (ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊မံစီမြို့နယ်)
၁၀။ ဒုတိယဗိုလ်မှူးကြီးဇော်နိုင်ဦး(ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း))
၁၁။ ဗိုလ်မှူးကြီးဝင်းသိန်း(အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး)
၁၂။ ဗိုလ်မှူးကြီးမြင့်ဆွေ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး) 
KIO ကိုယ်စားလှယ်အဖွဲ့ ။
 ၁။ ဦးဆွမ်လဂမ်(အဖွဲ့ခေါင်းဆောင်၊ ဗဟိုကော်မတီဝင်)
၂။ ဦးလဖိုင်လ ( အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်)
၃။ ဦးလဇိန်ဂျီးနောင် ( အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်)
၎။ ဦးခွန်နောင် ( အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်)
၅။ ဦးနော်ဘူ ( အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်)
၆။ ဦးနော်တွဲ ( အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်)
၇။ ဦးမရန်ဇော်တောင် ( အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်)
၈။ ဦးဆင်းခေါ ( အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်) တို့ တက်ရောက်ဆွေးနွေးကြသည်။
 ကိုဝိုင်ဝိုင်ကေ

SYCB နှင့် NYF မှပဒိုမန်းငြိမ်းမောင် ပါဝင်သည့် ပြစ်ဒဏ်ကျ တိုင်းရင်းသားအဖွဲ့များအားလုံး လွှတ်ပေးရန် တောင်းဆို

မြန်မာနိုင်ငံတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပဒိုမန်းငြိမ်းမောင် အပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်သူများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန် ဂရက်(SYCB) နှင့် တိုင်းရင်းသားလူငယ်များ အင်အားစု (NYF)က ယနေ့ တောင်းဆိုလိုက်သည်။
မြန်မာအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ပူးတွဲသဘောထား ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
SYCB အထွေထွေ အတွင်းရေးမှူး နော်ဆန်းက “ယုံကြည်မှုတွေ တည်ဆောက်နေတဲ့ကာလမှာ တကယ့် လက်တွေ့ အပြောင်းအလဲ တည်ဆောက်ချင်ရင်တော့ တိုင်းရင်းသားခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုနဲ့ ဆက်စပ် တဲ့သူတွေအားလုံးနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ကို ကျနော်တို့ တောင်းဆိုတယ်”ဟု ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကာလတွင် အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး လည်း ပါဝင်ရန် လိုအပ်ကြောင်း နော်ဆန်းက ဖြည့်စွက်ပြောဆိုသည်။
KNU ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို လာမည့် မနက်ဖြန် မတ်လ ၁၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်မှ ၃နှစ်အထိ ကျခံရနိုင်သည့် တရားမ၀င် အသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် သေဒဏ် (သို့) တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ကို အင်းစိန်ထောင် အထူးတရားရုံးမှ အပြီးသတ် စီရင်ချမှတ်တော့မည် ဖြစ်သည်။
ပဒိုမန်းငြိမ်းမောင်သည် မဟာမိတ်အဖွဲ့တချို့နှင့် တွေ့ဆုံရန်အတွက် ၂၀၁၁ခုနှစ်၊ ဇူလိုင်လက တရုတ်နိုင်ငံ ကူမင်လေဆိပ်တွင် နိုင်ငံကူး လက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဆိုပြီး ရန်ကုန်လေဆိပ်သို့ ပြန်ပို့ခံခဲ့ရကာ မြန်မာအစိုးရ အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ယနေ့ကာလတွင် တိုင်းရင်းသားညီအစ်ကိုများအားလုံးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်ထောင်စု၏ ရေရှည် အကျိုးစီးပွားအတွက်ကို မျှော်မှန်းကာ နှစ်ပေါင်း ၆၀ကျော်ကြာနေပြီဖြစ်သည့် ပြည်တွင်းစစ် ပြဿ နာနှင့် နိုင်ငံရေး ပဋိပက္ခများကို အဆုံးသတ်နိုင်ရေး ဦးစားပေး အရေးတကြီး ဆောင်ရွက် အထူးလိုအပ်သည်ဟု SYCB နှင့် NYF က ဆို သည်။
SYCB ကို တိုင်းရင်းသားလူငယ်နှင့် ကျောင်းသားများအကြားတွင် အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်ပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန် ရည်ရွယ်၍ ကျောင်းသားလူငယ်အဖွဲ့အစည်းများဖြင့် ၁၉၉၆ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ကရင်၊ ကချင်၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားလူငယ်အဖွဲ့ပေါင်း (၁၅)ဖွဲ့ဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များ၌ အခြေစိုက်လျှက်ရှိသည်။
တိုင်းရင်းသားလူငယ်များအင်အားစုကိုမူ သျှမ်း၊ ကရင်နီလူငယ်အဖွဲ့တို့ ဦးစီးပြီး ၁၉၉၆ခုနှစ်တွင် ထိုင်းနယ်စပ်တစ်နေရာ၌ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ရာ ယခုအချိန်တွင် တိုင်းရင်းသားလူငယ်အဖွဲ့ ၁၃ဖွဲ့ ပါဝင်သည်။

အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစု ၄င်းတို့ ပိုင်စီးပွါးရေးလုပ်ငန်းများမှာ လျှပ်စစ်မီးခမပေးပဲသုံးစွဲနေ

နေပြည်တော်တွင်ဦးသန်းရွှေ၏သား/သမီးများဗိုလ်ကျစိုးမိုးနေဆဲဖြစ်ကြောင်း၊ အောက်ပါအကြောင်းအရာများနှင့်အတူတင်ပြလိုက်ပါသည်။

အသုံးမကျသောအမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဝန်ကြီးအပါအ၀င်အင်ဂျင်နီယာများကိုလည်းရှုံ့ချလိုက်ပါသည်။ လက်ရှိနေပြည်တော်တွင် ဦးသန်းရွှေ သားသမီးများလုပ်ကိုင်နေသော စည်းပွားရေးလုပ်ငန်းများဖြစ်သည့်----
၁။ မြတ်မင်္ဂလာဟိုတယ်တွင် 1000 KVA Transfer (၁)လုံး
၂။ ဟိုတယ်အမှတ်(၂၂)(ဒက္ခိဏသီရိဟိုတယ်ဇုံ) တွင် (1000) KVA Transfer (၁) လုံး၊
၃။ မြေကွက်အမှတ် (၄၃) (ဒက္ခိဏသီရိမြို့နယ်)တွင် (500) KVA Transfer (၁) လုံး
စုစုပေါင်း(၃)လုံးအား၎င်းတို့ဖခင်အရှိန်အ၀ါသုံး၍ခိုင်းစေမှုကြောင့်အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဝန်ကြီးအပါအ၀င် အင်ဂျင်နီယာ(ထိုလူသိသလောက်ပြောပြသော)
အောက်ဖော်ပြပါ ဇယားမှ စတပ်ဆင်သည့်အချိန်မှလက်ရှိအချိန်(ခန့်မှန်းခြေစုစုပေါင်း၂နှစ်ကျော်)မီတာခဆောင်ရန်မလိုပဲ ဇယားအတွင်းမှ အချို့သောအင်ဂျင်နီယာများကိုယ်တိုင်ဦးစီး၍ဌာနပိုင်ပစ္စည်းနှင့်လူအင်အားစိုက်၍တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
၎င်း Transfer (၃) လုံး၏ လစဉ်သုံးစွဲမှု တန်ဖိုးမှာ ယခင်မီတာခများမတက်ခင်ကပင် ကျပ်ငွေ သိန်းတစ်ရာ ၀န်းကျင်ရှိကြောင်း ၊ ယခုဈေးနှုံးနှင့်ဆိုလျှင် သိန်း တစ်ရာ အထက်တွင်ရှိကြောင်း၊ ၄င်းငွေပမာဏသည် ဌာနမှ လစဉ်အနစ်နာခံနေသော်လည်း အမှန်တစ်ကယ်တွင် ပြည်သူလူထုမှ နစ်နာနေခြင်းလည်းဖြစ်ပါသည်။
လစဉ်၎င်းတို့ဗိုလ်ကျ၍မီတာခမဆောင်သော ငွေပမာဏကိုဖွံ့ဖြိုးမှုအားနည်းသော ဒေသများတွင်အသုံးချလျှင် တော်တော် အကျိုးရှိမည်ဖြစ်သည်။ သာမန်ပြည်သူ လျှပ်စစ်မီး ခိုးသုံးလျှင် ဌာနမှ လျော်ကြေးငွေအား အောက်ပါတိုင်းတွက်
ချက်ခြင်းဖြစ်ကြောင်းသိရှိရသည်။ လုပ်ငန်းသုံးအတွက် ၂၀၀၀ ၀ပ်(2kW)ပမာဏ လျှပ်စစ်မီးခိုးသုံးနေလျှင် တွက်ချက်ပုံမှာ-
(2kW/1kWh)x12 hr x 365 days x 75 Ks = 657000 Ks( ခြောက်သိန်းငါးသောင်းခုနစ်ထောင်ကျပ်)1000 KVA(800 KW) Transfer (၁) လုံးဖြင့် လျှပ်စစ်မီး တရားမ၀င်သုံးစွဲလျှင် ပေးဆောင်ရမည် လျော်ကြေးငွေမှာ-
(800 kW /1kWh) x 12 hr x 365 days x 75 Ks = 262800000 ( နှစ်ထောင့်ခြောက်ရာနှစ်ဆယ့်ရှစ်သိန်း)ဟု ၄င်း ပုဂ္ဂိုလ်ပြောပြ၍ သိရှိရသည်။
Transfer(၃)လုံးအတွက်နှင့်(၂)နှစ်ကျော်မီတာခမဆောင်သော ငွေပမာဏကိုအများပြည်သူများကိုယ်တိုင်တွက်သာကြည့်ပေတော့..ကျွန်တော်ကတော့ရင်နာလွန်း
လို့မတွက်တော့ပါ..မယုံကြည်သူများကျွန်တော်ပြထားသောအင်ဂျင်နီယာများထံသို့သက်ဆိုင်ရာဖုန်းနံပါတ်များဖြင့် စုံစမ်းကြည့်နိုင်ပါသည်.. ၄င်းအင်ဂျင်နီယာများ.. အရှက်ရှိလျှင် အမှန်တိုင်းဖြေဆိုလိမ့်မည်..အရှက်မရှိသော အင်ဂျင်နီယာများသာလျှင် အကြောင်းအမျိုးမျိုးပြဖြေလိမ့်မည်.. ဒီ ဘလော့ ကိုဖတ်သူများထဲမှ ဒီမတရာမှုကြီးကို အများပြည်သူများအတွက် ဖြေရှင်းပေးနိုင်မဲ့သူပါ ပါစေလို့ဆိုတောင်းလျှက်.....
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏သား/သမီးများပိုင်ဆိုင်သောစီးပွားရေးလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားကိုအလကားတိုက်ရိုက်ပေးထားခြင်းအားဝန်ကြီးအပါအ၀င်ကိုယ်တိုင်ဆောင်ရွက်ပေးသောအင်ဂျင်နီယာများနှင့်သိရှိသော်လည်းအရေးမယူသော
အင်ဂျင်နီယာများ စဉ် အမည်
ရုံးအမည် ဖုန်းနံပါတ်
၁ ရာထူး Minister ရုံးအမှတ်(၂၇) 067-414139
၂ ဦးအောင်သန်းဦး Vice Minister ရုံးအမှတ်(၂၇) 09-8303200
၃ ဦးခင်မောင်ဇော် Director General ရုံးအမှတ်(၂၇) 067-410483
၎ ဦးညိုမြင့် Head Officer ရုံးအမှတ်(၂၇) 09-8603003
၅ ဦးမြင့်အောင် Mananging Director ရုံးအမှတ်(၅၃) 09-8600134
၆ ဦးအောင်မြင့် Chief Engineer ရုံးအမှတ်(၅၃) 067-440064
၇ ဦးကျော်ငြိမ်း Deputy Chief Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302992
၈ ဦးမြင့်သန်း Superindentent Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49202881
၉ ဦးမျိုးသန့်ထွန်း Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202897
၁၀ ဦးသက်ပိုင်မျိုး Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202896
၁၁ ဦးအောင်မျိုးသွင် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202883
၁၂ ဦးခန့်ထက် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202895
၁၃ ဦးလှဖုန်း Executive Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-2018504
၁၄ ဦးဝင်းလွင်ရှိန် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၅ ဦးဆန်းနိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၆ ဦးစိုးထွဋ်ခိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၇ ဦးအောင်သက်ဝေ Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302787
၁၈ ဦးကြည်မြင့် Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49344574
၁၉ ဦးတင်မျိုးအောင် Sub-Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49213842
၂၀ ဦးစိုးပိုင်ထွန်း Sub-Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49220318
၂၁ ဦးဆန်းလင်းထွန်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၄) 09-43079297
၂၂ ဦးဇေယျာလင်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၅) 067-419097
၂၃ ဦးအောင်ကျော်ငြိမ်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၆) 067-413252
၂၄ ဦးခိုင်မင်းဦး Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၇) 067-414521 ၂၅ ဦးဇော်မင်း Sub-Assitant Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) အပြည့်အစုံကိုPDF File မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ နီးလာချိန်မှာ အရေးကြီးဆုံး ရှောင်ရန်-ဆောင်ရန်

ကြားဖြတ် ရွေးကောက်ပွဲ နီးလာလေ All-inclusive politics (အားလုံးပါဝင်တဲ့ နိုင်ငံရေး) ဟာ အောင်မြင်ဖို့ ပိုပြီး နီးစပ်လာနေပါတယ်။ အောင်မြင်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ အတော်များများက ခန့်မှန်း တွက်ဆနိုင်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မင်းသားကြီး မလုပ်ရသူတွေဟာ နိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲဖို့ ကြိုးပမ်းတတ်ပါတယ်။ မအောင်မြင်တဲ့ နောက်ဆုံးမှာ ပတ်မကြီးကို ထိုးဖောက်တတ်ကြပါတယ်။ 
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်သာ ကျန်ပါတော့တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင် စာရင်းမှာ မှားယွင်းမှုတွေ အများအပြား ရှိနေပါတယ်။ ဒါဟာ ရွေးကောက်ပွဲ မသမာမှုကို ဖြစ်စေပြီး တဆက်တည်းမှာ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရည်မှန်းချက်တွေကို ထိခိုက်သွားစေနိုင်ပါတယ်။
ဒီလို အချိန်မျိုးမှာ ကျနော်တို့ဟာ မဲဆန္ဒရှင် စာရင်း မှားယွင်းမှု မှန်သမျှကို ဖော်ထုတ်ပြီး အမှန်အတိုင်း ပြင်ဆင်ဖို့၊ ပြည်သူတွေ မဲထည့်မမှားရအောင် စည်းရုံးဖို့၊ Free and fair ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စေဖို့၊ ပြည်သူအချင်းချင်း ညီညွတ်နေကြဖို့၊ မသမာသူတွေရဲ့ ဘေးအန္တရာယ်ပေးခြင်းမှ လူတိုင်း လူတိုင်း လုံခြုံစေဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်စေဖို့ကိုသာ အတတ်နိုင်ဆုံး ကြိုးပမ်းနေကြရမှာ ဖြစ်ပါတယ်။      
ဒီလို အချိန်မျိုးမှာ ကျနော်တို့ဟာ ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်နိုင်ရေး လမ်းကြောင်းကလွဲလို့ နည်းမျိုးစုံနဲ့ ဆွဲဆောင် တွန်းအားပေးလာတဲ့၊ မခံချိမခံသာ ဆွပေးလာတဲ့ အခြားကိစ္စတွေအပေါ်မှာ အာရုံ မစိုက်သင့်ပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်သွားတာဟာ ညီညွတ်မှု အင်အားတခုကို တည်ဆောက်ယူနိုင်ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ အမျိုးသားရေးကိစ္စ လုပ်စရာ အလုပ်တွေကို  ညီညွတ်မှု အင်အားနဲ့ တခုပြီးတခု အရှိန်အဟုန်ကောင်းကောင်း ဆက်တိုက် လုပ်ဆောင်သွားလို့ ရပါတယ်။
ဒါမျိုးကို မဖြစ်စေချင်သူတွေက ခုကတည်းက လမ်းကြောင်းလွဲပေးဖို့ ကြိုးစားနေကြတယ်။ ငြိမ်းချမ်းမယ့် အနာဂတ် မြန်မာနိုင်ငံမှာ နိုင်ငံသားအားလုံး ကြီးပွားနိုင်ကြမယ့် အရေးအတွက် အာရုံပြောင်း လမ်းလွဲခံရတာမျိုး မဖြစ်ရအောင် သတိပြု ဆင်ခြင် ရှောင်ရှားကြစေလိုပါတယ်။ 
လွင်အောင်စိုး

ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့် နှင့် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်ရန် အကြမ်းဖက်ခြင်း

ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့် နှင့် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်ရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရနိုင် Monday, 12 March 2012 09:40
မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင် ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ် ခံရနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။ မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေး တစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန်
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၁၃) ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်များပါ ပုဒ်မ ၅၇ တွင် “မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၅၈(က)(ခ)တွင် “မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်း အခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြား အခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှု ဆိုင်ရာအခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို သော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကို သော်လည်းကောင်း ခြိမ်းခြောက်ခြင်း ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟူ၍ ပြဋ္ဌာန်းထားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါဝင်သော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်း၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်မှုများ နှင့် ပြစ်ဒဏ်များကဲ့သို့ပင် ပြဋ္ဌာန်းထားသည်။
EMG မှကူးယူဖေါ်ပြပါသည်။

LETTER TO THE EDITOR

ဘဏ္ဍာရေးဝန်ကြီး ( ဗိုလ်ချုပ် ) နှစ်ဦး၏ နိုင်ငံခြားကြွေးမြီစာရင်းကွဲလွဲချက်

သို့
အယ်ဒီတာ ခင်ဗျာ
- မြန်မာနိုင်ငံမှာ နိုင်ငံခြားကြွေးမြီဒေါ်လာသန်းပေါင်း ( ၁၁၀၁၃ ဒဿမ ၂၉၈၁၁ ) ဘီလီယံကျော်ရှိကြောင်း ၊ ၁၉၈၈ မတိုင်မီကချေးငွေ ဒေါ်လာသန်းပေါင်း ၈၄၀၀ ကျော်နဲ့ ၁၉၈၈ နောက်ပိုင်း ချေးငွေဒေါ်လာသန်းပေါင်း ၂၆၀၀ ကျော်ဖြစ်ကြောင်း သိရှိရပါတယ် ။ ( The Voice Weekly Vol.8/No.8 )
- အတိအကျကတော့ ၁၉၈၈ မတိုင်မီချေးငွေ ၈၄၀၈ ဒဿမ ၃၄၈ သန်းဖြစ်ပြီး ၁၉၈၈ နောက်ပိုင်းချေးငွေ ၂၆၁၄ ဒဿမ ၉၅ သန်းဖြစ်ပြီး စုစုပေါင်း ၁၁၀၂၃ ဒဿမ ၂၉၈ သန်းဖြစ်ကြောင်း သိရပါတယ် ။ ( 7 Days News Vol.10 / No. 47 )
- ဒါက ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယအစည်းအဝေး ၃၁-၁-၂၀၁၂ ရက်နေ့မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း ( ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ (တပ်မတော် အစိုးရ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဗိုလ်ချုပ်လှထွန်း ) ဖတ်ကြားတင်ပြချက်ဖြစ်ပါတယ် ။
- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (တပ်မတော် အစိုးရ) သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့  ၅-၁၀-၉၀ ရက်နေ့ (၁၀၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဘဏ္ဍာရေးဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှုးချုပ် အေဘယ်လ် က မိမိတို့နိုင်ငံမှာ နိုင်ငံခြားကြွေးမြီ ၄ ဒဿမ ၂ ဘီလီယံ ( ၄၂၀၀ သန်းကျော် ) သာရှိကြောင်း တင်ပြခဲ့သည့်အပြင် ( ၁၀၂ ) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ဖော်ပြထားရာမှာ ၃၁-၃-၈၈ နေ့ထိ ရှိတဲ့ နိုင်ငံခြားကြွေးမြီ ၅ ဒဿမ ၈၇၈ ဘီလီယံ မှာ အသုံးမပြုရသေးတဲ့ ကြွေးမြီ ၁ ဒဿမ ၆၉၃ ဘီလီယံရှိတဲ့ အတွက် အသုံးပြုပြီး ကြွေးမြီ ၄ ဒဿမ ၁၈၅ ဘီလီယံ ( သန်းပေါင်း ၄၂၀၀ ကျော် ) ရှိကြောင်း ၊ ၁၉၈၉ မတ်လမှာ အသုံးမပြုရ သေးတဲ့ ကြွေးမြီ ၁ ဒဿမ ၄၄၆ ဘီလီယံနဲ့ အသုံးပြုပြီးကြွေးမြီ ၄ ဒဿမ ၂၃၃ ဘီလီယံ ရှိတဲ့ အတွက် စုစုပေါင်း ၅ ဒဿမ ၆၇၉ ဘီလီယံရှိကြောင်း ၊ ၁၉၉၀ မတ်လမှာ အသုံး မပြုရသေးတဲ့ ကြွေးမြီ ၁ ဒဿမ ၁၃၃ ဘီလီယံ ရှိပြီး အသုံးပြုပြီး ကြွေးမြီ ၄ ဒဿမ ၁၀၅ ဘီလီယံရှိတဲ့အတွက် စုစုပေါင်း နိုင်ငံခြားကြွေးမြီ ၅ ဒဿမ ၂၃၈ ဘီလီယံသာရှိကြောင်း ဖော်ပြထားပါတယ် ။

- ဒါကြောင့် ယခုပြည်ထောင်စုဝန်ကြီး ဦးလှထွန်းရဲ့  နိုင်ငံခြားကြွေးမြီစာရင်းဟာ ဗိုလ်မှုးချုပ် အေဘယ်လ် ပြောတာထက် နှစ်ဆတောင်ဖြစ်နေပါတယ် ။
- ဗိုလ်မှုးချုပ်အေဘယ်လ်လည်း သက်ရှိထင်ရှား ရှိနေသေးတာမို့လို့ ဘယ်သူရဲ့  စာရင်းက အမှန်လဲဆိုတာ ရှင်းလင်းသင့်ပါတယ်ခင်ဗျာ ။

ပြည်သူ့တပ်မတော်သား (အငြိမ်းစား) တစ်ဦး

The Voice Weekly Journal on Monday, March 12 - 18 - 2012
Vol.8 / No. 13 /page 38

ဒီမိုကရေစီအလုပ်ဖြစ်ဖို. အပေးအယူ အလျှော့အတင်း-

Compromise & Flexibility ဖြစ်ဖို.၊ စေ့စပ်ဆွေးနွေးညှိနှိုင်းတဲ့အရည်အချင်း Negotiation Skills တွေ ဒီထက် အားကောင်းအောင် ကျွမ်းကျင်အောင် ပြုစုပျိုးထောင်ဖို.လိုပါသည်။

လူထုကိုစကားပြောတဲ့အပိုင်း-Public Speaking နင့် အကြောင်းအရာတွေကို ရှင်းလင်းတင်ပြတဲ့အပိုင်း-Presentation တွေမှာလဲ ဒီထက် ပိုပြီး ရှင်းလင်းပြတ်သားဖို.နဲ. ဒေသခံ ပရိတ်သတ်တွေနဲ. တိုက်ရိုက် ဆက်စပ်ပတ်သက်တဲ့ Relevant Message တွေ ဖြစ်ဖို.လိုပါသည်။

အမြင်မတူ အယူအဆကွဲပြားတဲ့ အတိုက်အခံတွေကို ရန်သူလို.သဘောထားတဲ့ အယူအဆတွေကို ဖျောက်ပစ်ပြီး နိုင်ငံရေးအယူအဆတွေ မတူကွဲပြားတဲ့အမြင်ရှိသူတွေနဲ. အလုပ် အတူတူလုပ်တတ်တဲ့ကျင့်တွေ အားကောင်းဖို. ပျိုးထောင်ရမှာပါ။

ဒီမိုကရေစီအလုပ်ဖြစ်ဖို. အပြန်အလှန် ထိမ်းညှိမှု Check & Balance ရှိဖို.အရေးကြီးတာကြောင့် တဖွဲ. တပါတီ ပုဂ္ဂိုလ်တဦးတည်းမှာ သြဇာ အာဏာနဲ. လုပ်ပိုင်ခွင့်တွေ အဆမတန် ကြီးမားများပြားခြင်းဟာ ဒီမိုကရေစီအတွက် ကောင်းတဲ့အကျင့်တွေ မဟုတ်ပါ။ တဖွဲ. တပါတီ ပုဂ္ဂိုလ်တဦးမှာပဲ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်နဲ. သြဇာ အာဏာ ကြီးမားနေခြင်းတွေကို ထိမ်းငြိနိုင်ဖို. ယန္တရား-Mechanism တခုရှိဖို. လိုပါသည်။ လူအပေါ်အခြေမခံပဲ မူနဲ. အလုပ်လုပ်တဲ့အကျင့်တွေ ရင့်ကျက်ဖို. လိုပါသည်။

ဒီမိုကရေစီမှာ အထက်က ချပေးတာ မဟုတ်ရင် မဆလခေတ်က သမ၀ါယမလို ခွဲတမ်းနဲ. ဝေစုပေးတာမျိုးမဟုတ်ပဲ လူတွေက ကိုယ့်အရေး ကိုယ့်ကိစ္စ ကိုယ့်အကျိုးစီးပွားတွေအတွက် ကိုယ်တိုင်လှုပ်ရှား ရုန်းကန်ရတာဖြစ်ပြီး အဲဒီလို ရုန်းကန်လုပ်ရှားခွင့် ရှိနေခြင်းသာ ဖြစ်ပါသည်။

စီးပွားရေးပဲဖြစ်ဖြစ် NGOs တွေပဲဖြစ်ဖြစ် နိုင်ငံခြားအစိုးရတွေနဲ.ဆက်ဆံတာပဲဖြစ်ဖြစ် ကိုယ့်အခွင့်အရေးနဲ. ရပိုင်ခွင့်တွေကို ဘယ်လို ကာကွယ်ရမယ်။ ကိုယ့်ရပိုင်ခွင့်တွေကို ဘယ်လို အာမခံချက်တွေ ရှိအောင် လုပ်ရမယ်။ ရေရှည်မှာ ကိုယ့်ဖက်က ထိခိုက်နစ်နာမှုတွေ မရှိစေတဲ့အပြင် ကိုယ်ဟာ ပိုင်ရှင်-Stakeholder or Ownership တွေ အမြဲဖြစ်နေဖို. ကြိုတင်လာဒ်မြင်တတ်ဖို. ပြောတတ်ဆိုတတ် ညှိနိုင်တတ်ဖို. လုပ်တတ်ကိုင်တတ်ဖို.ဟာ ဒီမိုကရေစီအလုပ်ဖြစ်ရေးအတွက် အထူးလိုအပ်တဲ့ နိုင်ငံရေး လူမှုရေးအနုပညာတွေပဲ ဖြစ်ပါသည်။

စည်းလုံးညီညွှတ်မှုနှင့် စံတော်ချိန်မှားနေသော နာရီတစ်လုံး

အရှေ့မြောက်ဒေသတွင် ဗကပ ပါဝါပြိုလဲသွားပြီးနောက်  ပါဝါအသစ်တွေ ပေါ်ပေါက်ခဲ့တယ်။ ငြိမ်းချမ်းရေးရဲ့ ရောင်ချည်တွေဖြန်းပက်လို့  နယ်မြေအေးချမ်းဖွံ့ဖြိုးခဲ့ပြီပေါ့ ။ ကျွန်တော်တို့တွေးထင်ချက်တွေနောက်မှာ အလွန်အင်မတန်မှ နိုင်ငံအတွက် အန္တရယ်တွေ ရှိနေတယ်ဆို  တာမမြင်ခဲ့ကြပါ။ ပြဿနာပေါင်းစုံနဲ့   အိုမင်းရင့်ရော်ခဲ့တဲ့ နိုင်ငံထဲမှာ ဒီအန္တရယ်ကို ခပ်ပါးပါးလေးဘဲ စဉ်းစားခဲ့မှုဟာလဲ  ပေးဆပ်ခြင်းနက်နဲ  ရတော့မယ်။ 
၁၉၈၉ခုနှစ်၊ဗကပလက်အောက်ကခွဲထွက်ခဲ့တဲ့  (၀)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဟာ အခုဆိုရင် စစ်သည်အင်အား
(၃၀၀၀၀) နဲ့ (၅၀၀၀၀)ကြားရှိပြီး ပြောက်ကျားစစ်ပွဲဆင်နွှဲမှုမှသည် သမားရိုးကျ စစ်ပွဲများသို့ ဦးတည် တည်ဆောက်လာခဲ့လေပြီ။လက်နက်စက်ရုံများ၊ လေ့ကျင့်ရေးသင်တန်းကျောင်းများမှသည် တရားမ၀င်မူးယစ်ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများအထိ နိုင်ငံတော်၏ ဥပဒေပြင်ပမှ သီးခြားကင်းလွတ်စွာ ပြုမူဆောင်ရွက်လာသည်။
မိမိတိုင်းပြည်၊ တိုင်းရင်းသားအများစုနဲ့  သွေးသားဝေးကွာလွန်းတဲ့ ဒီအဖွဲ့အစည်းတွေကို အစိုးရအဆက်ဆက်၊ မနှစ်မြို့ခဲ့တာလဲ အသေအချာ  ပါ ပြည်တွင်းနိုင်ငံရေးပြဿနာပေါင်းစုံကြောင့် မိတ်ဆွေရှားပါးခဲ့တဲ့ ကျွန်တော်တို့နိုင်ငံကို  မိတ်ဆွေစစ်၊ ဆွေမျိုးပေါက်ဖော် စတဲ့ အသုံးအနှုံး တွေသုံးနှုံးပြီး အားကိုရာရှာခဲ့ကြတာ။ လွဲမှားမှုလို့ မခိုင်းနှိုင်းချင်ပေမဲ့  မှားယွင်းမှုလို့တော့  တဖြည်းဖြည်းသဘောပေါက်လာရတယ်။
တပ်မတော်အနေဖြင့် ဘိန်းရာဇာ ကိုးကန့်တပ်ဖွဲ့များအား အပြီးတိုင်ချေမှုန်းခဲ့ခြင်းဖြင့်  ၄င်းတို့အား ရာဇသံပေးခဲ့သည်။ သို့သော် ပေါက်ဖော်ကြီးမှ မနှစ်မြို့  ၀ဒေသအား လုံးဝမတိုက်ခိုက်ရန် အာဏာပိုင်များအား ဖိအားပေးခဲ့သည်။ ၀နယ်သည် ခေတ်အဆက်ဆက် မြန်မာပိုင်ဖြစ်သည်။ မြန်မာ့မြေဖြစ်သည်၊ ယခုမှုကား မြန်မာစာ ၊မြန်မာစကားကိုသုံးစွဲခြင်းမရှိသောအနှီဒေသတွင် မြန်မာစံတော်ချိန်အစား သွေးနီးသော ပေါက်ဖော်တို့၏ စံတော်ချိန်ဖြင့် အစားထိုးသုံးစွဲနေလေပြီ။
သင့်တင့်သော လူဦးရေ၊ဘာသာစကား၊ နယ်မြေအကျယ်အ၀န်းနှင့် ကိုယ်ပိုင်တပ်မတော်တစ်ရပ်တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုသည် ကုလသမဂ္ဂ ပဋိဥာဉ်များအရ နိုင်ငံတစ်ခုအဖြစ် တောင်းဆိုမှု ရှိလာမည်မှာ မုချပင်ဖြစ်ပေသည်။ထိုလိုအပ် ချက်များဖြင့်ကိုက်ညီရန် လုပ်ဆောင်မှုများကို တစိုက်မက်မက်ဆောင်ရွက်လာပြီး ပေါက်ဖော်ကြီးမှ ၄င်းနယ်မြေအခြမ်းရှိ (၀)တိုင်းရင်းခန့်မှန်း (၃)သိန်းမှ(၇)သိန်းခန့်အား စစ်ပညာများ သင်ကြားပေးပြီး၊ လိုအပ်ပါက လက်နက်တပ်ဆင်ပေးရန်အသင့်ရှိနေပါသည်။ တပ်ဖြန့်ခွဲထားပုံကိုကြည့်ပါ-
- ရှမ်းပြည်မြောက်ပိုင်း UWSA အဖွဲ့ခေါင်းဆောင် ပေါက်ယူချန်း (တရုပ်-မြန်မာနယ်စပ်)
   (က)တပ်မဟာ (၃၁၈)
   (ခ) တပ်မဟာ(၄၁၈)
   (ဂ ) တပ်မဟာ(၄၆၈)
-ရှမ်းပြည်တောင်ပိုင်း UWSA အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း(ထိုင်း-မြန်မာနယ်စပ်)
  (က) တပ်မဟာ (၇၇၈)
  (ခ ) တပ်မဟာ(၇၇၂)
  (ဂ  ) တပ်မဟာ(၂၄၈)
  (ဃ)တပ်မဟာ(၅၁၈)
ကျွန်တော်တို့နိုင်ငံအား နောက်ကြောဓါးနှင့် သူတို့ ထိုးနေလေပြီ၊ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်လေပြီနိုင်ငံခေါင်းဆောင်များသည် အတွေ့အကြုံနှင့် မျိုးချစ်စိတ်အရာ၌ ကြွယ်ဝပြီးသူများဖြစ်သည်  သမ္မတကြီးနှင့် ဒေါ်အောင်းဆန်းစုကြည်တို့၏ မတူတာတွေကိုဘေးဖယ်ခြင်းသည်  အနှီရန်သူ၏ အန္တာရယ်ကို ရင်ဆိုင်ရန် တစိတ်တပိုင်းဖြစ်လေသည်။ မြစ်ဆုံဆည်ကို သမ္မတကြီးရပ်တန့်ခြင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်များဖြင့်  ၀ါဒရေးရာ/စိတ်ဓာတ်ရေးရာ စစ်ပွဲကို ဆင်နွှဲခဲ့လေသည်။
နိုင်ငံတစ်ခုအတွင်း ဥပဒေနှစ်မျိုးမရှိသင့်သလို တပ်မတော်လည်း တစ်ခုထဲပင်ရှိသင့်ပါသည်။ တိုင်းရင်းသားတို့၏ ဓလေ့ရိုးရာ၊ယဉ်ကျေးမှု၊ဘာသာစကားများကို လေးစားချီးမြောက်ရန်လိုအပ်သလို  စံတော်ချိန်မှားနေသော နာရီအားလုံး ပြုပြင်ရန်လိုအပ်ပါသည်။ ကျွန်တော်တို့စည်းလုံးညီညွတ်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ နှစ်ပေါင်းများစွာအချင်းချင်း
တိုက်ခိုက်နေခြင်းများရပ်ဆိုင်းပြီး  ဘုံရန်သူအားရင်ဆိုင်သင့်ပါသည်။တစ်ယောက်နှင့် တစ်ယောက် လက်ညှိုးထိုး အပြစ်ပုံချနေမည့်အစား ဘုံရန်သူအား ရင်ဆိုင်ပါ။ ကျွန်တော်တို့ ပိုက်နက်မြေထု ပိုက်နက်လေထု၊ ရေထု များထဲမှ စံတော်ချိန်မှားနေသော နာရီတစ်လုံးအား စည်းလုံးညွတ်ညွတ်စွာဖြင့် ပြန်လည်ပြုပြင်ကြပါစို့ ။
                               လေးစားစွာဖြင့်( Tuntun Win)

မျက်စိအထူးကုဆရာဝန်၏ ဆေးလောက အတွေ့အကြုံ By Good Health
မျက်စိညောင်းရင် အနားပေးပါ

မျက်စိမညောင်းအောင် ဆိုပြီး မျက်စိသုံးပြီး လုပ်ဆောင်ရတဲ့ အလုပ်တွေကို ရှောင်လို့တော့ မရပါဘူး။ ဒါကြောင့် ဆင်ခြင်စရာ တွေကိုတော့ ကာကွယ် လိုက်နာသင့်ပါတယ်။ ဆရာတို့ဆီ လာပြတဲ့ လူနာတွေက ဇက်ကြောတက်တာနဲ့ ခေါင်းကိုက်တာတွေ အဖြစ်များပါတယ်။ ဒီလူနာတွေက မျက်လုံးကို ဘယ်လို ခိုင်းစေရမယ်ဆိုတာ မသိလို့ ဖြစ်တာပါ။ လမ်းလျှောက်တာ များလာရင် ခြေထောက်ညောင်းပါတယ်။ လမ်းလျှောက်တာကို နားလိုက်မှ သက်သာပါတယ်။ အဲ့ဒီလိုပဲ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ကြာကြာ အသုံးပြုတဲ့အခါ ညောင်းလာပါတယ်။ စာရေးတာ ကြာလာရင် လက်ညောင်းလာသလိုမျိုးပါပဲ။ အိပ်ရာကနိုးလို့ အလင်းရောင် ဝင်လာတာနဲ့ တစ်ပြိုင်နက် မျက်စိက အလုပ် စလုပ်နေရပါပြီ။ စာဖတ်တာ၊ တီဗီကြည့်တာ၊ ကွန်ပျူတာ သုံးတာတွေလို မျက်စိအတွက် ကြီးမားတဲ့အလုပ် (Heavy Duty) တွေ မလုပ်နေရင်တောင် ပေါ့ပါးတဲ့အလုပ် (Light Duty) တွေကိုတော့ လုပ်နေရတာပါပဲ။ အဲဒီတော့ မျက်စိညောင်းတာ ဖြစ်တတ်ပါတယ်။ ဒီလို မျက်စိမညောင်းစေဖို့ မျက်စိကို အနားပေးရပါမယ်။ စာဖတ်တာ၊ ကွန်ပျူတာသုံးတာနဲ့ တီဗီကြည့်တာ စတဲ့အလုပ်တွေကို လုပ်လိုက်ရရင်တော့ မျက်စိအတွက် ကြီးမားတဲ့အလုပ်  (Heavy Duty) ဖြစ်သွားပါတယ်။
ရှန်ဟိုင်းတက္ကသိုလ်မှာ လုပ်ထားတဲ့ သုတေသနအရ မျက်စိကြွက်သားတွေရဲ့ ခံနိုင်ရည်အားက မိနစ် ၃၀ ပဲရှိတယ်လို့ သိရပါတယ်။ မျက်စိအားသုံးပြီး လုပ်ရတဲ့ အလုပ်တွေကို နာရီဝက်ထက်ပိုပြီး မလုပ်သင့်ပါဘူး။ နာရီဝက်ကြာရင် ခဏနားပေးဖို့ လိုပါတယ်။ အနားယူတဲ့နည်းက မျက်စိကို တစ်မိနစ်လောက် စုံမှိတ်ပေးဖို့ပါပဲ။ မျက်စိပိတ်လိုက်တဲ့အခါ အပြည့်အဝ အနားရပြီး Dark Adaptation Cycle က လည်သွားတဲ့အတွက် ဘက်ထရီတစ်ခုလိုပဲ အားပြန်ပြည့်သွားပါတယ်။ အဲဒါကြောင့် နာရီဝက်လောက် မျက်စိသုံးပြီးတိုင်း တစ်မိနစ်လောက် မျက်စိစုံမှိတ်ပြီး နားပေးမယ်ဆိုရင် မျက်စိညောင်းညာတာ၊ မျက်ရိုးကိုက်တာတွေက လျော့နည်းသွားမှာပါ။ ဒါကြောင့် ဆရာ့အနေနဲ့ အကြံပေးချင်တာက မျက်စိကို သုံးပါ။ ဒါပေမဲ့ နာရီဝက်ပြည့်တိုင်း ခဏနားပေးပါလို့ အကြံပြုချင်ပါတယ်။ မျက်စိက မျက်ရိုးကိုက်လို့ ဆေးခန်းသွားပြရင် ဆလင်ဒါပါဝါနဲ့မျက်မှန် လုပ်ပေးတာတွေ ရှိပါတယ်။ ဒီဆလင်ဒါပါဝါနဲ့ မျက်မှန်တပ်လိုက်လို့ရှိရင် သက်သာသွားသလိုလို အကြံပေးကြပါတယ်။ လူနာတွေအနေနဲ့ မယုံကြည်ဖို့ လိုပါတယ်။ အဓိကကတော့ မျက်စိကို နာရီဝက်သုံးပြီးတိုင်း တစ်မိနစ်လောက် နားလိုက်ရင် လုံလောက်ပါပြီ။ မျက်မှန်တပ်ရသူတွေ အနေနဲ့ တစ်နှစ်တစ်ကြိမ် မျက်စိကို စမ်းသပ်သင့်ပါတယ်။  မျက်စိပါဝါက အသက် (၂၁) နှစ်ကျော်သွားရင် သိပ်ပြောင်းလဲမှု မရှိတော့ပါဘူး။ ဒါကြောင့် တစ်နှစ်တစ်ခေါက်လောက် စမ်းရုံနဲ့ လုံလောက်ပါတယ်။ အသက် ၄၀ အရွယ် ရောက်လာရင်တော့ အနီးမှုန် ဖြစ်လာနိုင်ပါတယ်။ အနီးမှုန် စစ်ဆေးမှု အတွက် တစ်နှစ် တစ်ကြိမ် ပြန်စမ်းပေးရပါမယ်။ 
Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment