မြန်မာသတင်းများ        မတ် ၂၀ ရက်၊ ၂၀၁၂


ရွေးကောက်ပွဲ မတရားမှု ပိုမိုများပြားလာဟု NLD ထုတ်ပြန်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင်
ရွေးကောက်ပွဲဆိုင်ရာ မတရား လုပ်ဆောင်ချက်များ ပိုမိုများပြားလာပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့၏ အဆိုပါ ထုတ်ပြန်ကြေကြာချက်တွင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကြောင့် “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်” ဟု ဖေါ်ပြထားသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဆန်းဝင်း မှ ကျေးရွာလူထုကို မတ်လ ၁၆ ရက်နေ့တွင် သူ၏ပါတီ အစည်းအဝေးသို့ တအိမ်တယောက် မတက်မနေရ တက်ရောက်ရန် အမိန့်ပေး ဖိတ်ကြားခြင်းရှိသည်ဟု NLD မှ စွပ်စွဲထားပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဒေါက်တာဆန်းဝင်း က ပုတ်ခတ် ပြောဆိုမှုများရှိသည်ဟုထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားကြောင်းထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ မတ်လ ၃၀ နှင့် ၃၁ ရက်နေ့များတွင်သာ ကြိုတင်မဲ ကောက်ယူရန် ညွှန်ကြား ထားသော်လည်း တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင် ကြိုတင်မဲများ ကောက်ယူနေသည်ဟု အဆိုပါ ကြေညာချက် တွင် ဖေါ်ပြထားသည်။
ကြေညာချက်အရ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင်လည်း NLD ၏ ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ တနင်္ဂနွေနေ့ မဲဆွယ်စည်းရုံးမှုအတွင်း သစ်သားချွန်ဖြင့် ပစ်ခတ်မှုကြုံခဲ့ရပြီး လုံခြုံရေး အဖွဲ့ဝင် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။NLD က ထုတ်ပြန်သည့် မတ်လ ၁၆ ရက်နေ့က ကြေညာချက်တွင်လည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းတွင် ရွာပေါင်း ၅၄ ရွာမှ သေဆုံးပြီးသူ ၄၁၃ ယောက် ပါဝင်နေခြင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်တွင် မတ်လ ၅ ရက်နေ့အထိ မဲဆန္ဒရှင် အရေတွက် ထုတ်ပြန်ပေးမှု မရှိသေးကြောင်းထိုဖြစ်ရပ်များအပြင် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ရှမ်းရေကျော် ကျေးရွာတွင်လည်း NLD ရုံးအတွင်း စိုက်ထူထားသော အလျား ၆ ပေ၊ အနံ ၄ ပေရှိ မဲဆွယ် ပိုစတာကြီး သုံးချပ်၊ မဲပေးနည်း ပိုစတာ တချပ်၊ စုစုပေါင်း လေးချပ်တို့အား မတ်လ ၁၆ ရက်နေ့က ချွန်ထက်သည့် အရာဖြင့် လှီးဖြတ်ထားမှု ကြုံခဲ့ရသည်ဟု မြောင်းမြမြို့နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင် ဦးဝင်းရွှေက ပြောကြောင်း

“ဖျက်တာက ဦးမန်းဂျော်နီရဲ့ ပုံကို ထွင်းလှီးသွားတယ်။ ပိုစတာတိုင်းမှာ ဦးမန်းဂျော်နီရဲ့ပုံကို ထွင်းလှီးတာပေါ့။ မဲပေးနည်း လမ်းညွှန်မှာက ဦးမန်းဂျော်နီဆိုတဲ့ ပိုစတာနဲ့ အလယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမှတ်အသားနဲ့နောက်က ကွက်လပ်ထဲမှာ အမှန်ခြစ် ပြထားတာပေါ့။ အဲဒီမှာ ဦးမန်းဂျော်နီဆိုတဲ့ စာသားကို လှီးထုတ်သွားတယ်” ဟု ပြောကြောင်းအဆိုပါဖြစ်ရပ်ကို မြောင်းမြမြို့နယ် မြို့မရဲစခန်းတွင် တနင်္ဂနွေနေ့က အမှုဖွင့် တိုင်ကြားထားရာ ရဲစခန်းက အမှုအမှတ် ပ/၇၄ ဖြင့် လက်ခံထားပြီး ရှမ်းရေကျော်ရွာသို့ သွားရောက် စစ်ဆေးနေပြီဟုလည်း “ဟုတ်ပါတယ်ခင်ဗျာ့၊ ကျနော့် အမှုစစ် ခုပဲ ဆင်းသွားပါပြီခင်ဗျာ့” ဟု မြောင်းမြမြို့မ စခန်းမှူး ဦးစိန်ဝင်းက ပြောကြောင်း

ယင်းကဲ့သို့သော ဖြစ်ရပ်မျိုး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာတွင်လည်း မတ်လ ၁၂ ရက်နေ့တွင်
ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာရွက်ငယ်များ ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သိရသည်။

ဖဒို မန်းငြိမ်းမောင်ကို နှောင်ကြိုးမဲ့လွှတ်ပေး

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္ဂလာနေ့ နံနက်တွင်
နှောင်ကြိုးမဲ့ လွှတ်ပေးလိုက်
ကြောင်း “မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။”
သမ္မတ၏ ညွှန်ကြားချက်ကို သမ္မတရုံး တာဝန်ခံ ဗိုလ်မှူးကြီး ချစ်ကိုကိုမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် အမိန့်စာကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ လက်မှတ်ထိုး ထုတ်ပြန်သည်ဟုKNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က ပြော
ကြောင်းယခုအချိန်တွင် ဖဒိုမန်းငြိမ်းမောင်သည် သမ္မတရုံးတာဝန် ဗိုလ်မှူးကြီး ချစ်ကိုကို၏ အထူးဧည့်သည်တော် အဖြစ် KNU ငြိမ်းချမ်းရေး အတွက် ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်နေကြောင်း  ဖဒိုမန်းငြိမ်းမောင်သည် နေပြည်တော်တွင် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု လည်း သိရသည်။ အသက် ၇၀ ရှိ ဖဒိုမန်းငြိမ်းမောင်ကို သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော KNUသို့ယခုလ၂၄ရက်နေ့တွင် မြဝတီမြို့၌ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း

ဖဒိုမန်းငြိမ်းမောင်ကို အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူး တရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ယခုလ၁၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်
ကြောင်း၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံကူမင်းမြို့မှရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ အစိုးရမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို မန်းငြိမ်းမောင် ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးကြောင်း အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်းကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးကြောင်း သိရသည်။

မွန်ခေါင်းဆောင်မွေးနေ့ NLD၊ ၈၈ နှင့် တိုင်းရင်းသားများတွေ့

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် အတူတကွ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်သွားရန် တနင်္လာနေ့က ကျင်းပသည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ MNDF ဥက္ကဋ္ဌ နိုင်ငွေသိမ်း၏ အသက် ၈၉ နှစ်ပြည့်မွေးနေ့ပွဲတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၈၈ ကျောင်းသားခေါင်းဆောင် များ ဆွေးနွေးခဲ့ကြကြောင်း
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးတွင် ကျင်းပသည့် မွေးနေ့ပွဲသို့ NLD မှ ဦးဝင်းတင်နှင့် ဦးဖြိုးမင်းသိန်း၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာနှင့် ကိုကိုကြီး၊ ၁၉၉၀ တိုင်းရင်းသား ပါတီများမှ ဦးခွန်ထွန်းဦးနှင့် ဦးအေးသာအောင် တို့အပြင် မွန်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၁၅၀ ခန့်လည်း တက်ရောက်ခဲ့ကြ
ကြောင်း
အသက် ၁၉ နှစ်အရွယ် ၁၉၄၂ တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် BIA မှ စပြီး နိုင်ငံရေး လောကသို့ ဝင်ရောက် လာခဲ့သည့် နိုင်ငွေသိမ်းကို ၁၉၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ရွာတွင် အဖ နိုင်သာဒွန်းနှင့် အမိ မိငွေသုန်တို့မှ မွေးဖွားခဲ့ပြီး၊ မောင်နှမ ၅ ဦးအနက် အကြီးဆုံးသား ဖြစ်
ကြောင်း မွန်လူမျိုးရေးရာအဖွဲ့ အထွေထွေ အတွင်းရေးမှူး၊ အာရှ လူငယ်အစည်းအရုံးဝင်၊ ရာမညတိုင်းလုံးဆိုင်ရာ မွန်ရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်၊ မွန်ရေးရာအဖွဲ့နှင့် မွန်တိုင်းရင်းသားအဖွဲ့ ပူးတွဲတပ်ဖွဲ့ စစ်ရေးတာဝန်ခံ၊ မွန်ပြည်သူ့တပ်ဦး နိုင်ငံခြားရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၈ မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်း ဝင်ရန် ဦးနု အစိုးရထံ လက်နက်အပ်စဉ်တွင် ပါဝင်ခဲ့ကြောင်း နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၄၈ ခုနှစ်တွင် တကြိမ်၊ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင် တကြိမ်၊ ၁၉၉၁ မှ ၁၉၉၄ ခုနှစ်တွင် တကြိမ်၊ ၁၉၉၈ မှ ၂ဝဝ၄ ခုနှစ်တွင် တကြိမ် ထောင်ဒဏ် လေးကြိမ် ကျခံခဲ့ရ ကြောင်း၁၉၉၈ MNDF စတင် ဖွဲ့စည်းရာမှ ပါတီ ဒုဥက္ကဋ္ဌ၊ ၂ဝ၁၁ နိုဝင်ဘာလမှ စ၍ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီးပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) တွင်လည်းအမြဲတမ်း သဘာပတိ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း

၂ဝဝ၉ ခုနှစ်တွင် နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တိုင်းရင်းသားအဖွဲ့အချို့မှ ချီးမြှင့်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဖဒိုမန်းရှာ၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် တို့နှင့်အတူ ရရှိခဲ့
ကြောင်းမတ်လ ၁၁ ရက်နေ့ကလည်း သူ၏ အသက် ၉ဝ အကြို ဂုဏ်ပြုပွဲကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့ကာ MNDF အနေနှင့် ဧပြီလတွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ကန့်ဘလူ မဲစာရင်း အလွဲအမှား တသောင်းနီးပါးရှိဟု NLD ဆို

စစ်ကိုင်းတိုင်း၊ အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၃ နယ်မြေတွင် ပါဝင်သည့် ကန့်ဘလူမြို့နယ် မဲစာရင်း လွဲမှားမှု အရေအတွက် တသောင်းနီးပါး ရှိနေကြောင်း ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၉၆ စု၌ ကျေးရွာပေါင်း ၂၇၁ ရွာ ရှိရာတွင် မဲပေးနိုင်သူဦးရေ ၁ သိန်း ၆ သောင်းကျော် ရှိသည့်အနက် လူဦးရေ တသောင်းနီးပါးမှာ မဲစာရင်း လွဲမှားမှု အမျိုးမျိုး ဖြစ်နေသည်ဟု NLDရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီဝင် ကိုဝင်းအောင် က ပြောကြောင်း စစ်ကိုင်းတိုင်း အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၃) တွင် မဲရုံပေါင်း ၄၅၆ ရုံရှိပြီး ကန့်ဘလူမြို့နယ်တွင် ၁၈၆ ရုံ၊ ရေဦးမြို့တွင် ၇၉ ရုံ၊ ကျွန်းလှမြို့တွင် ၇၇ ရုံနှင့် တန့်ဆည်မြို့တွင် ၁၁၃ ရုံ ရှိကြောင်း ကန့်ဘလူ ကဲ့သို့ပင် ကျွန်းလှ၊ ရေဦး၊ တန့်ဆည် များတွင်လည်း မဲစာရင်း လွဲမှားမှုများ တွေ့ရကြောင်း၊ အရေအတွက် အတိအကျကို NLD အနေဖြင့် အသေးစိတ် စာရင်းပြုစုနေဆဲ ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာရှိ ဘုရားဝင်းအတွင်း တနင်္ဂနွေနေ့က ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဟောပြောမှုများ ရှိသလို ပါတီနှင့် ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ပြောဆိုခြင်းများ ရှိခဲ့သဖြင့် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်ရာ ရောက်
ကြောင်း  ထိုမဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမြင့်နိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးတင်မောင်ဝင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီမှ ဦးဘိုမြင့်အောင် နှင့် ပြည်သူ့ဒီမိုကရေစီပါတီမှ ဦးလှဆန်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း

NLD ဗဟိုအောင်နိုင်ရေးအဖွဲ၏ တနင်္လာနေ့ သတင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ အစည်းအဝေးသို့  တအိမ် တယောက် မတက်မနေရ တက်ရောက်ရန် မတ်လ ၁၆ ရက်နေ့က ဆင့်ခေါ်ခြင်း၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စန်းဝင်းက ပုတ်ခတ်ဟောပြောခြင်းများ ရှိသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေသည်ဟု  ဖော်ပြထားကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ မဲ မသမာမှု ကို တိုင်တန်း

လာမယ့် ၁၀ ရက်ကျော်လောက်မှာ ကျင်းပတော့မယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ ဥပဒေ ချိုးဖောက်မှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေ ဟာလည်း တိကျ မှု မရှိတာတွေက ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်စေနိုင်တယ်လို့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတချို့က ပြောဆိုလိုက်ပါကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စားလှယ် တဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ထိခိုက် ပြောဆိုပြီး မဲဆွယ်တာဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ အန်အယ်လ်ဒီက ပြောဆိုလိုက်ကြောင်း သိရသည်။

မီဒီယာ ပြုပြင်ရေးအတွက် ခြေလှမ်းသုံးဆင့်၊ နှစ်လမ်းသွား မဟာဗျူဟာ

မီဒီယာ ပြုပြင်ပြောင်းလဲရေး အတွက် ခြေလှမ်းသုံးဆင့်နှင့် နှစ်လမ်းသွား မဟာဗျူဟာ တို့ကို ချမှတ် အကောင်အထည်ဖော်နေကြောင်း ရန်ကုန်မြို့တွင် တနင်္လာနေ့မှ စတင်၍ နှစ်ရက်တာ ကျင်းပနေသည့် ‘မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်’တွင်ပြန်ကြားရေးဌာန ဝန်ကြီးနှင့် ညွှန်ချုပ်တို့က ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ‘ခြေလှမ်းသုံးဆင့်’ ချမှတ် အကောင်အထည်ဖော်မှုဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းလိုက်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးတို့ ပူးပေါင်းကျင်းပ သည့် အဆိုပါကွန်ဖရင့် အဖွင့်မိန့်ခွန်းတွင် ဝန်ကြီးဦးကျော်ဆန်း က ပြောကြားလိုက်ကြောင်း

“စာနယ်ဇင်းတွေအပေါ် တင်းကြပ်ထားမှုတွေကို တဆင့်ချင်း လျှော့ချလာပြီးဖြစ်ပါတယ်။ ဒီအဆင့်မှာ ပြည်တွင်း အပါတ်စဉ်ထုတ် ဂျာနယ်တွေကို စာနယ်ဇင်းလတ်လပ်ခွင့်ကို တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိရှိ ကျင့်သုံးနိုင်ဖို့ လမ်းဖွင့်ပေးနေပါတယ်” ဟု ပြောကြောင်း
ထိုအဆင့်အရ ဂျာနယ် ၁၇၃ စောင်နှင့် မဂ္ဂဇင်း ၁၂၄ စောင်မှာ စိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တင်စရာမလိုဘဲ ထုတ်ဝေနိုင်ပြီဟု ပြောဆိုသွားကြောင်း

“ဒုတိယအဆင့်အနေနဲ့ ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေကို ပယ်ဖျက်ပြီးသကာလ အခြေခံဥပဒေပါ စာနယ်ဇင်း လွတ်လပ်ခွင့်များအား ရရှိစေမည့် ပုံနှိပ်မီဒီယာ ဥပဒေသစ်ကို ပြဋ္ဌာန်းရန်ပဲ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောဆို
ကြောင်း ၎င်းဥပဒေသစ်အတွက် အစိုးရအနေနှင့် ၂ဝဝ၈ ကတည်းက ဒေသဆိုင်ရာ မီဒီယာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပြီး လက်ရှိအခြေအနေတွင် မူကြမ်း ရေးဆွဲလျက်ရှိရာ ယခုကွန်ဖရင့်မှ ရရှိချက်များကို ဒုတိယမူကြမ်းတွင် ထည့်သွင်းသွားမည် ဟုလည်း ဆိုကြောင်း

ဝန်ကြီးအဆိုအရ တတိယအဆင့်တွင်မူ မီဒီယာဥပဒေသစ်အရ လွတ်လပ်မှုနှင့် တာဝန်ယူမှုတို့ကို သဟဇာတဖြစ်စွာ ကျင့်သုံးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက မီဒီယာများအား ပံ့ပိုးကူညီသွားမည်ဟု ဆို
ကြောင်းအဆိုပါ ကွန်ဖရင့်တွင်ပင် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေး အတွက် ‘နှစ်လမ်းသွား မဟာဗျူဟာ’ ချမှတ် အကောင်အထည် ဖော်လျက်ရှိကြောင်း

“ဦးစွာအားဖြင့် ပုံနှိပ်မီဒီယာ ဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ခြင်းနဲ့ ဒုတိယအားဖြင့်ကတော့ မီဒီယာ ဝန်းကျင်သစ် အတွက် ပြင်ဆင်သည့်အနေဖြင့် တဖြည်းဖြည်း လျှော့ချမှုများ ပြုလုပ်သွားရန်” ဟု ဦးရဲထွဋ်၏ Power point ဖြင့် တင်ပြဆွေးနွေးမှုတွင် ဖော်ပြပါရှိကြောင်း၎င်းတို့အစိုးရအနေဖြင့် လွန်ခဲ့သော နှစ် ၅၀ အတွင်းက‘အလွန်အကျွံ’ ဖြစ်မှုများကို ရှောင်ကြဉ်လိုကြောင်းဦးရဲထွဋ်၏ ဆွေးနွေးချက်များတွင် မြန်မာ့မီဒီယာလောက ဖြစ်ပေါ်ပြောင်းလဲမှုများအား ဖြစ်စဉ်အလိုက် တင်ပြဆွေးနွေး ထားကြောင်း
၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် တသွေး-တသံ-တမိန့် တည်ဆောက်မှုမှာ နိုင်ငံရေးတွင် သာမက အခြား လူမှုရေးကဏ္ဍ အသီးသီးလည်း ပါဝင်ခဲ့ပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေ ပြဋ္ဌာန်းခဲ့ကြောင်း ထိုစဉ်က စာပေစိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တောင်းရန်မလိုသေးဘဲ ထုတ်ဝေပြီး မိတ္တူ လေးခုသာ တင်ပြခဲ့ရာမှ ၁၉၆၄ ခုနှစ်တွင်မှ မထုတ်ဝေမီ ကြိုတင်ခွင့်ပြုချက် တောင်းခံရသည့်အနေအထားသို့ ပိုမိုတင်းကြပ်လာခဲ့ကြောင်းမူလက နိုင်ငံရေးစာပေလောက်သာ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး ၁၉၇၇ တွင်မူ မည်သည့်စာပေ အမျိုးအစား မဆို စိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံ၍ ထုတ်ဝေရတော့ကြောင်းယခုမူကြမ်းရေးဆွဲထားသည့် ပုံနှိပ်မီဒီယာ ဥပဒေသစ်အား နိုင်ငံတော် ရှေ့နေချုပ်ရုံးမှ သုံးသပ် အကြံပြုချက်များပြုထားပြီး ဒုတိယမူကြမ်းတွင် UNESCO ကျွမ်းကျင်သူများနှင့် ဤကွန်ဖရင့်မှ ထွက်ရှိချက်များလည်း ထည့်သွင်းသွား မည်ဟု ဦးရဲထွဋ်က တင်ပြ ဆွေးနွေးသွားကြောင်း စာနယ်ဇင်းသမားများနှင့် အခြားသက်ဆိုင်သူများထံမှ အကြံဉာဏ် များလည်း ဝန်ကြီးဌာနက ရယူထားပြီး ဖြစ်ကြောင်း
အဆိုပါ မီဒီယာ ဥပဒေသစ် ပြဋ္ဌာန်းပြီးပါက ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေကိုလည်း ဖျက်သိမ်းပစ်ပြီး မည်သည့်စာနယ်ဇင်းမျှ စိစစ်ရေးသို့ ကြိုတင် တင်ပြရန် မလိုတော့ဟု ဆိုကြောင်း ၎င်းတွင် အပါတ်စဉ်ဂျာနယ် ၂၁၂စောင်၊ လစဉ်မဂ္ဂဇင်း ၁၈၉ စောင်နှင့် အခြားအမျိုးအစား ၅၃၂ မျိုးလည်း အကြုံးဝင်မည်ဟု ဆိုကြောင်း

အဆိုပါ ကွန်ဖရင့်သို့ ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများမှ ကိုယ်စားလှယ်ပေါင်း ၁၅ဝ ကျော် တက်ရောက်ကြပြီး အစိုးရ တာဝန်ရှိသူများအပြင် နိုင်ငံခြားနှင့် မြန်မာ စာနယ်ဇင်းသမားများလည်း ပါဝင်ဆွေးနွေးခဲ့ရာ ဦးကျော်မင်းဆွေ (The Voice)၊ ဦးကိုကို (ရန်ကုန်မီဒီယာ)တို့လည်း ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြကြောင်းအင်္ဂါနေ့ အစီအစဉ်တွင်လည်း နိုင်ငံခြား စာနယ်ဇင်းသမားများနှင့် ပညာရှင်များအပြင် မြန်မာစာနယ်ဇင်းသမားများ ဖြစ်ကြသည့် မောင်ဝံသ (ပြည်သူ့ခေတ်)၊ ဦးစိုးမြင့် (မဇ္ဈိမ)၊ ရဲနိုင်မိုး (မီဒီယာ သင်တန်းဆရာ)တို့လည်း ဦးဆောင်ဆွေးနွေးကြမည် ဖြစ်ကြောင်း
သတင်းရရှိသည်။

အစိုးရ မီဒီယာ ဥပဒေ မီဒီယာသမားများကို ကာကွယ်ရန်လိုအပ်

အစိုးရ ရေးဆွဲနေသည့် မီဒီယာဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ အပေါ်တွင်အခြေခံ၍ သတင်းသမားများကို ကာ ကွယ် စောင့်ရှောက်သောဥပဒေတရပ် ဖြစ်ရန်နှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်အတွက် အစိုးရ၏ တင်းကျပ်သည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ပြည်ပ အခြေစိုက် မြန်မာ မီဒီယာအဖွဲ့များက တောင်းဆို တိုက်တွန်း လိုက်သည်။အစိုးရ ရေးဆွဲနေသည့် မီဒီယာဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ အပေါ်တွင်အခြေခံ၍ သတင်းသမားများကို ကာ ကွယ် စောင့်ရှောက်သောဥပဒေတရပ် ဖြစ်ရန်နှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်အတွက် အစိုးရ၏ တင်းကျပ်သည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ပြည်ပ အခြေစိုက် မြန်မာ မီဒီယာအဖွဲ့များက တောင်းဆို တိုက်တွန်း လိုက်သည်။ပြည်ပအခြေစိုက် ဧရာဝတီ၊ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ တိုင်းရင်းသားမီဒီယာများအပါအ၀င် သတင်းမီဒီယာ ၁၁ ဖွဲ့ပူးပေါင်း ဖွဲ့စည်းထားသော Burma News International(BNI) အဖွဲ့များ၏ ယနေ့ထုတ်ပြန်ချက်တွင် ယင်းသို့ တိုက်တွန်း ပြောဆိုထားခြင်း ဖြစ်သည်။

လယ်ယာမြေ ဥပဒေ လယ်သမား အခွင့်အရေး အပြည့်အဝ မကာကွယ်နိုင်

မြေလွတ်မြေရိုင်း ဥပဒေနဲ့ လယ်ယာမြေ ဥပဒေ တွေကို မနေ့က တနလာင်္နေ့မှာ ပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက် တာဖြစ်ကြောင်း ဒီ ဥပဒေတွေက လယ်ယာမြေ အဓမ္မ သိမ်းဆည်း ခံနေရမှု တွေကိုတော့  အနည်း ငယ် အကာအကွယ် ပေးနိုင်မယ့် သဘောရှိပေမဲ့ လယ်သမားတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင် လုပ်ကိုင်ခွင့် နဲ့  မြေလွတ် မြေရိုင်း ပိုင်ဆိုင်ခွင့်တွေကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ကြောင်းပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ မြေလွတ်မြေရိုင်း ဥပဒေမှာ ဆိုရင် စီးပွားရေး လုပ်ငန်းရှင် ကြီးတွေကို ဧက ငါးသောင်းအထိ ရယူ လုပ်ကိုင်ခွင့် ပေးထားပေမဲ့ မိရိုးဖလာ ဒေသခံ လယ်သမားတွေ မြေလွတ် မြေရိုင်း တွေ လုပ်ကိုင် လိုတယ် ဆိုရင်တော့ ဧက (၅၀) ထိဘဲ ပေးမယ်လို့ ဆိုကြောင်း သတင်းရရှိသည်။

မန္တလေးတွင် ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးသေဆုံး

မန္တလေးမြို့ စက်မှုဇုန် ရပ်ကွက် ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ သခင် ဖိုးလှကြီး လမ်းပေါ်ရှိ သံရည်ကျို အလုပ်ရုံတခုတွင် ယနေ့ နေ့လယ်ပိုင်းက ကျည်ဆန် ခွံ ကဲ့သို့ ပစ္စည်းတခုကို တူနှင့်ထုရာမှ ပေါက်ကွဲမှုဖြစ်ပြီး လူငယ် အလုပ်သမား၂ ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးကြောင်း မျက်မြင် တဦးက ပြောကြောင်းသေဆုံးသူများကို ဆေးရုံသို့ ပို့ဆောင်ပြီးနောက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ နောက်ဆက်တွဲ အသေးစိပ်ကို မသိရသေးကြောင်း သတင်းရရှိသည်။

မန္တလေး သံရည်ကျိုစက်ရုံ ဗုံးပေါက်ကွဲ၊ လူငယ် ၃ ဦး သေဆုံး

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပြီး လူငယ်သုံးဦး သေဆုံးသွားပ ကြောင်းစစ်အတွင်း က လက်ကျန်လို့ယူဆရတဲ့ ဗုံး ပေါက်ကွဲပြီး သေဆုံးခဲ့ကြရတာလို့ မန္တလေးမြို့ခံတဦးက ပြောကြောင်း ဒါ့အပြင် နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း တွေ့ရတယ်လို့ ဆိုကြောင်း ပေါက်ကွဲမှုဟာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က စက်မှုရပ်ကွက်မှာ မနက် ၁၀ နာရီခွဲပတ်ဝန်းကျင်က ဖြစ်ခဲ့ကြောင်းအဲဒီက သံရည်ကျိုလုပ်ငန်းတခုမှာ စုဆောင်း ၀ယ်ယူထားတဲ့ သံထည်အဟောင်းတွေကို ထုနှက် တဲ့အချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ကြောင်း၊ နောက်ဆက်တွဲ အသေးစိပ်ကို မသိရသေးကြောင်း သတင်းရရှိသည်။

NLD နိုင်လျှင် တရုတ် စီးပွားရေးသမားများ မထိခိုက်နိုင်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က NLD အနိုင်ရလျှင် တရုတ် စီးပွားရေး လုပ်ငန်းရှင်များ၏ အကျိုးစီးပွား ထိခိုက်နိုင်သည်ဟူ သော ပြောဆိုချက်များနှင့် ပတ်သက်ပြီး“နိုင်ငံသားများအတွက် အကျိုးရှိမည့်စနစ်တခုကို ဦးတည်မည်ဖြစ်ကြောင်းနှင့် တခြားသူများကို အကျိုးယုတ်စေမည့်အလုပ်များကို ဦးစားပေးလုပ်မည် မဟုတ်ကြောင်း” ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက လားရှိုး ၊ သိန္နီ မြို့များ အပါအ၀င် ရှမ်းပြည်မြောက်ပိုင်း သို့ မဲဆွယ်စည်းရုံးရေး ခရီးထွက်ရာတွင် လားရှိုး၌ ယင်းသို့ ဒေါ်အောင် ဆန်းစုကြည် က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၅ တွင် အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်တော့မည်

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော အဓမ္မ လုပ်အားပေး ခိုင်းစေမှုများကို ၂၀၁၅ ခုနှစ်တွင် လုံးဝပပျောက်ရေးအတွက် အစိုးရနှင့် အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) တို့ မတ်လ ၁၆ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည်။  အလုပ်သမား ဒု ၀န်ကြီး ဦးမြင့်သိန်းနှင့် ရန်ကုန်မြို့ရှိ ILO ဆက်သွယ်ရေး အရာရှိ တို့ လက်မှတ်ထိုးခြင်း ဖြစ်ကြောင်း သိရသည်။

ပဒို မန်းငြိမ်းမောင်ကို အစိုးရ ပြန်လွှတ်

KNU ခေါင်းဆောင်တဦး ဖြစ်သော ပဒို မန်းငြိမ်းမောင်ကို အစိုးရက ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် တသက်တကျွန်းနှင့် ထောင် ၃ နှစ် ချမှတ်ထားရာမှ ယနေ့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း KNU က ပြောသည်။ မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တရုတ်ပြည် ကူမင်းလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက် စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီး အရေးယူ ခံခဲ့ရပြီးနောက် မတရားအသင်း ကြေညာထား သည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရား အသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့ခြင်းဖြစ်သည်။

ပြင်ပငွေလဲ ဈေးကွက် ဆက်ရှိနေဦးမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင် ပြောင်းလဲကျင့်သုံးရန် အစိုးရက စီစဉ်နေသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေ၊ ကန့်သတ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ခြင်း မပြုလျှင် မှောင်ခိုဈေးကွက် ပျောက်သွားရန် မလွယ်ကူဟု ပြည်တွင်းစီးပွားရေး လေ့လာ သုံးသပ်သူများက စိုးရိမ်နေကြသည်။
အစိုးရငွေလဲနှုန်း အမေရိကန် တဒေါ်လာလျှင် ရှစ်ရာကျပ် ပြောင်းလဲမှုကို လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ဖွယ်ရှိသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမှု လုပ်ဆောင်ခြင်းမရှိသေးဘဲ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ပါက ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်ဆိုသော ဥပဒေမှာ အသက်ဝင်နေဆဲဖြစ်သောကြောင့် လွတ်လပ်သည့် ဈေးကွက်အဖြစ် အကောင်အထည်ဖော်မည်ဆိုလျှင် အတားအဆီးဖြစ်နိုင်သည်ဟု ဆိုကြသည်။


၂၀၁၂ခုနှစ်၊ မတ်လ၁၃ရက်နေ့က မြန်မာသင်္ဘောသား၁၀ဦးပါ ၀င်သော ‘Kenos Athena’ သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင် တွင်နစ်မြုပ်ခဲ့ကြောင်း ဆာလဖျူရစ်အက်ဆစ်များ တင်ဆောင်လာသော ဓာတုဗေဒ ကုန်တင်သင်္ဘော ‘Kenos Athena’ သည် တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်၊ ဇူဟိုင်းမြို့သို့ မောင်းနှင်လာစဉ် ယင်းသို့နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းယင်းသင်္ဘောတွင် မြန်မာ ၁၀ဦး၊ အင်ဒိုနီးရှား ၄ ဦးနှင့် တောင်ကိုရီးယား ၄ဦးတို့ ပါဝင်ကြောင်း သိရသည်။ သင်္ဘောတွင် ပါဝင်သော မြန်မာသင်္ဘောသားများ အပါအ၀င် သင်္ဘောသား၁၈ဦးစလုံးအား တရုတ် ငါးဖမ်းသင်္ဘောတစ်စီးမှ ကယ်တင်ခဲ့ကာ တာဝန်ရှိသူများထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သင်္ဘောသားများ၏ ပြောကြားချက်အရ သိရပါသည်။


လျော်ကြေး ငွေ၁၂၀၀၀ကျပ်ဖြင့် ပြန်လည်သိမ်းခံခဲ့ရသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေကွက်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြ နိုင်ရန် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်သည့် ကျောင်းသားဟောင်းများနှင့် မြေကွက်ပိုင်ရှင်များ မတ်လ ၁၇ ရက် နေ့ကဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ၁၂၆ ရပ်ကွက်ရှိ အနန္တမေတ္တာ ကျောင်းတိုက်တွင် တွေ့ဆုံခဲ့ကြောင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အစိုးရ၀န်ထမ်းများသို့ မြေကွက်ချထားခဲ့မှုများ ပယ်ဖျက်ခဲ့မှုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၄ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်ပြခဲ့ကြောင်းယင်းသို့တွေ့ဆုံရာတွင် ၈၈မျိုး ဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက “လက်ရှိကြုံ တွေ့နေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်စားပြုဒီမိုကရေစီနဲ့ တိုက်ရိုက်ဒီမိုကရေစီ ဆိုတဲ့ပုံစံနှစ်ခုနဲ့ ကြိုးစားသွားမယ်။ ကိုယ်စားပြု ဒီမိုကရေစီနည်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပြီး တိုက်ရိုက် ဒီမိုကရေစီကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပေမယ့် ပြည်သူတွေဘက်က ရပ်တည်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟုဆိုခဲ့ကြောင်း
မြေကွက်များ ချထားပေးစဉ်က စည်းကမ်းချက် အချို့နှင့် အပိုစည်းကမ်းများ ထုတ်ထားသည်ကိုတွေ့ရကြောင်း၊ အပိုစည်းကမ်းများတွင် သုံးလအတွင်း လာရောက်နေထိုင်ခြင်း၊ ဆောက်လုပ်ခြင်း မပြုလုပ်ရဟု ပါရှိကြောင်း၊ နေထိုင်မည်ဆိုပါကလည်း မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီ မှု မရှိသည့်အတွက် သွားရောက်နေထိုင်မှု မပြုခြင်းဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်သည့် အခြေအနေများကို မြို့ပြစီမံကိန်းချထားသူက ဖန်တီးပေးမှ ပြည်သူများ နေနိုင်မည် ဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိသေးဘဲ သွားရောက်နေထိုင်ခြင်း မပြုသေးသည့် ပြည်သူများအပေါ် မြေကွက်သိမ်းမည်ဆိုသည့် ထုတ်ပြန်ချက် မှာ မဆီလျော်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်းသိရပါသည်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment