ကမ္ဘာ့သတင်းများ 07/04/2012
နိုင်ငံတကာသတင်း
ဆီးရီးယားပြဿနာ ပိုဆိုးလာနေ
ကြာသာပတေးနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တညီတညွတ်တည်းပဲ ဆီးရီးယားအစိုးရကို အရပ်သားတွေနေထိုင်ရာဒေသတွေကနေ အစိုးရတပ်ဖွဲ့တွေ စတင်ဆုတ်ပေးရေး တောင်းဆိုလိုက်တဲ့ သဘာပတိအဖွဲ့ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ကြောင်းဒီကြေညာချက်ကို အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဖြစ်တဲ့ မစ္စ် ဆူဆဲန်ရိုက်စ်က ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ဖတ်ကြားခဲ့ကြောင်းလာမယ့် ဧပြီ(၁၂)ရက်နေ့က စပြီး အပစ်အခတ်ရပ်စဲမှု စတင်သက်ရောက်မှာ ဖြစ်ပေမယ့်လည်း အစိုးရက အတိုက်အခံတွေကို အကြမ်းဘက်နှိမ်နင်းနေမှု တွေ အဆုံးသတ်ရေးကတော့ နှေးကွေးနေဆဲ့ ဖြစ်တယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂနဲ့အာရပ်အဖွဲ့ချုပ်တို့ရဲ့ အထူးသံတမန် အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်က ဧပြီလငါးရက်နေ့က ၀န်ခံပြောကြားခဲ့ကြောင်း
ဧပြီ (၁၂) ရက်နေ့မတိုင်မီ အရပ်သားလူနေ ထူတပ်တဲ့နေရာတွေကနေ အစိုးရတပ်တွေ ရုပ်သိမ်းဖို့ကို ဆီးရီးယားအစိုးရက အာမခံထားပေမယ့်လည်း အစိုးရတပ်တွေက အရပ်သားတွေနေထိုင်ရာနေရာတွေကို တိုက်ခိုက်နေမှုတွေ လျော့သွားခြင်း မရှိဘဲ ဆီးရီးယားပဋိပက္ခဟာ ပိုမိုနက်ရှိုင်းလာနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကြသာပတေးနေ့က အထွေထွေညီလာခံမှာ ပြောကြားသွားခဲ့ကြောင်း
ဒါ့အပြင် ဆီးရီးယားပြည်သူတွေဟာ အစိုးရရဲ့ ကြောက်စရာကောင်းလှတဲ့ အနိုင်ကျင့်ခံ သားကောင်တွေ ဖြစ်နေကြရပြီး မြို့တွေရွာတွေဟာလည်း စစ်မြေပြင်တွေ ဖြစ်လာခဲ့ရပြီလို့ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ပြောကြားသွားခဲ့ကြောင်းကုလသမဂ္ဂအထွေထွေညီလာခံကို ဗီဒီယိုနဲ့ သတင်းပို့ခဲ့တဲ့ ကိုဖီအာနန်ကလည်း သူကမ်းလှမ်းခဲ့ပြီး ဆီးရီးယားအစိုးရက လက်ခံခဲ့တဲ့ အချက် (၆) ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာကျင့်သုံးဖို့ တိုက်တွန်းခဲ့ကြောင်းအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ဆီးရီးယားမှာ အကြမ်းဘက်မှုကြောင့် သေဆုံးရသူတွေ တနေ့တခြား များပြား လာနေပြီး တော့ အစိုးရတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဘက်မှုအပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်နေမှုတွေကြောင့် ထောင်ပေါင်းများစွာသောလူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြ ရပြီး ဘေးကင်းလုံခြုံရာနဲ့ ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေနေကြရတယ်၊ သမ္မတဘာရှာအယ်လ်အာဆဒ် အနေနဲ့ ခေါင်းဆောင်မှုနဲ့ အမြင်ကျယ်မှုကို ပြသပြီး ဧပြီ (၁၂) ရက်နေ့မှာ ပေးထားတဲ့ကတိအတိုင်း အရပ်သားတွေအပေါ် အကြမ်းဘက်တိုက်ခိုက်မှုတွေကို အဆုံးသတ်ပါလိုကြောင်းပြောကြားသွားခဲ့တယ်လို့သိရပါတယ်။
ဆာရာယေဗိုအထိမ်းအမှတ် အောက်မေ့ဖွယ်ကျင်းပ
ဘော့စနီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ကလေးငယ် တဦးချင်း စီကို ရည်စူးပြီး အနီရောင် ထိုင်ခုံပေါင်း ၁၁,၅၄၁ လုံးကို ဆာရာယေဗိုမြို့တော် အဓိကလမ်းမပေါ်မှာ စီတန်းချထားပြီး အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။
တိုင်းပြည်လူဦးရေ ထက်ဝက်လောက်ရှိတဲ့ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ စစ်ပွဲစတင်ခဲ့တာ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ် ဘော့စနီးယားနိုင်ငံသားတွေ သောကြာနေ့က ဆင်နွှဲခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ ဘော့စနီးယား မွတ်ဆလင်တွေ၊ ဆာဗီးယန်းတွေနဲ့ ခရိုအက်တွေ ဆာရာယေဗိုမြို့တော်ရင်ပြင်မှာ စုဝေးပြီး ငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ တယောက်နဲ့တယောက် ရန်သူတွေ အဖြစ်နဲ့ တိုက်ခိုက်ခဲ့ကြပြီး ဆာရာယေဗိုမြို့ဟာဆိုရင်လည်း ၄၄ လကြာ တိုက်ပွဲတေဒဏ် ခံခဲ့ရတာပါ။
ဆာရာယေဗိုမြို့ခံတဦးကတော့ အဲဒီအချိန်တုန်းက အဖြစ်အပျက်တွေကို ပြန်မစဉ်းစားရဲလောက်အောင် ဖြစ်ခဲ့ရပေမဲ့ ဒီအခက်အခဲတွေ အောက်ကနေ ရုန်းကန်ရှင်သန်နိုင်ခဲ့တာ၊ လွတ်လပ်ခွင့်အရသာကို ခံစားနိုင်တာက အခုအခါ ပိုအရေးကြီးပါတယ်လို့ အောက်မေ့ဖွယ် အခမ်းအနားတွေ သောကြာနေ့က ကျင်းပချိန်မှာ ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စုက ကြားဝင်စေ့စပ်ပြီး ၁၉၉၅ ခုနှစ်မှာ ပြည်တွင်းစစ် အဆုံးသတ်သွားပေမဲ့ ဘော့စနီးယားဟာ လူမျိုးစု ၃ ဖွဲ့ကြား တကွဲတပြား ဖြစ်ကျန်ရစ်ခဲ့တာပါ။ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး (ICC) ကတော့ ဘော့စနီးယား ဆာဗ်စစ်တပ် အကြီးအကဲဟောင်း Ratko Mladic အပါအ၀င် စစ်ပွဲအတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေကို ခုံရုံးတင် စစ်ဆေးနေပါတယ်။
အာရှ၊ အာဖရိက မြို့နေလူဦးရေအလျင်အမြန်တိုးဖွယ်ရှိ
အာဖရိကရဲ့မြို့နေလူဦးရေဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ အခုရှိနေတဲ့ ၄၁၄ သန်းကနေ သန်းပေါင်း ၁ ထောင့် ၂ ရာအထိ သုံးဆနီးပါးလောက် တိုးလာမှာဖြစ်ပြီးတော့ အာရှဒေသရဲ့လူဦးရေဟာလည်း သန်းပေါင်း ၂ ထောင်ကနေ ၃ ထောင့် ၃ ရာအထိ တိုးလိမ့်မယ်လို့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ လေ့လာချက် တခုထဲမှာ ဖော်ပြထားကြောင်း တရုတ်နဲ့နိုင်ဂျီးရီးယားနိုင်ငံတွေပြီးရင် အိန္ဒိယနိုင်ငံမှာ အများဆုံး မြို့နေလူဦးရေတိုးလာမှာဖြစ်ကြောင်းအမေရိကန်ပြည်ထောင်စု နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း လာမယ့် ၂၀၅၀ ခုနှစ်ကျရင် မြို့နေလူဦးရေဟာ သိသိသာသာတိုးလာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလို မြို့နေ လူဦးရေတိုးလာမှုက အာဖရိကနဲ့အာရှနိုင်ငံသားတွေအတွက် ပညာရေးဆိုင်ရာအခွင့်အလမ်းသစ်တွေ ပိုပြီးတော့ တိုးလာစေမှာဖြစ်သလို အိမ်၊ ယာ၊ အလုပ်အကိုင်၊ စွမ်းအင်လိုအပ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေတော့ ဖြစ်လာလိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း
လူဦးရေတသန်းကျော်အထိ သိပ်သည်းတဲ့ မြို့အချက်အခြာနေရာတွေမှာ ငလျင်နဲ့ရေကြီးမှု အန္တရာယ်တွေ ကျရောက်နိုင်တယ်လို့လည်း ဆိုကြောင်းအဲဒီလိုဘေးအန္တရာယ်တွေကို အာရှဒေသတွေမှာ ပိုပြီးတော့ ကြုံရနိုင်ဖွယ်ရှိပြီးတော့ ဥရောပနဲ့ အာဖရိကဒေသကတော့ အနည်းဆုံးကြုံရနိုင်ဖွယ်ရှိတယ် လို့ ဖော်ပြထားကြောင်း သိရှိရသည်။
ဖော့ကလန်ကျွန်းစုတိုက်ပွဲ နှစ် ၃၀ ပြည့် နှစ်နိုင်ငံစလုံး၌ကျင်းပ
လေယာဉ်ပျက်ကျ၍ ၁၆ ဦးထက်မနည်း သေဆုံး
မာရီယာနာချောက်အတွင်း သက်ဆင်းခဲ့သည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်
ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုနှင့် ဟာဗာနာတွင် တွေ့ဆုံ
ဩစတြေးလျကမ်းခြေ လှိုင်းစီးသူများငါးမန်းအန္တရာယ်ကြုံနေ
ဂွာတီမာလာ မြေယာအခွင့်အရေး ဆန္ဒပြချီတက်
မတော်တရော် နှိပ်စက်ညှဉ်းပန်းသည့် ရုရှားရဲ အရေးယူ
ကမ္ဘာပေါ်တွင်အရပ်အမြင့်ဆုံးလူသား ကြီးထွားဖွံ့ဖြိုးမှု ရပ်ဆိုင်းသွားပြီဟုဆို
ကမ္ဘာ့ဘဏ်အကြီးအကဲအဖြစ် အမေရိကန်အဆိုပြုသူအား တောင်ကိုရီးယားသမ္မတ လီမြောင်ဘက် ထောက်ခံ
စင်ကာပူ ကာဗွန်အများဆုံးထုတ်လွှတ်
စင်ကာပူ- ကြွယ်ဝချမ်းသာသော စင်ကာပူနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က လူ တစ်ဦး၏ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏသည် အာရှ-ပစိဖိတ်ဒေသ၌ အများဆုံးဖြစ်ခဲ့ကြောင်း ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (WWF) က မတ်လ ၅ ရက်တွင် ကြေညာသည်။
ရေလွှမ်းမိုးမှုဒဏ် အကြီးအကျယ် ခံနေရသော ဖီဂျီ
သေပြီဟု အထင်မှားခံရသူအသက် လုနေရ
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment