စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအစိုးရ
ဟန်တင်အောင်


ကနေ့ မြန်မာနိုင်ငံရဲ့ လွှတ်တော်နိုင်ငံရေး တခုလုံးကို ချုပ်ကိုင်ထားတာ အခြေခံဥပဒေ ၂၀၀၈ ဖြစ်တယ်။ လွှတ်တော်နိုင်ငံရေးထဲဝင်မယ်ဆိုတာ ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားချင်လို့သာဖြစ်တယ်။ ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ဟာ ဒီမိုကရေစီရေးကို အာမခံတဲ့၊ ဒီမိုကရေစီလမ်းကြောင်းကို ဖွင့်ပေးတဲ့ ကွန်စတီကျုးရှင်းဖြစ်သလားဆိုတာ အရေးကြီးတယ်။
ဒီအတောအတွင်း အခြေခံဥပဒေ ၂၀၀၈ ဟာ စစ်တပ်ကို အာဏာအလွန်အကျွံပေးထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Washington Post သတင်းစာနဲ့ အင်တာဗျူးမှာ ပြောလိုက်တယ်။ ဒါ့ပြင် ဒေါ်စုဆက်ပြောတာက သမတက နိုင်ငံအကြီးအကဲဆိုပေမဲ့ အမြင့်ဆုံးအာဏာရထားသူ မဟုတ်ပါ။ လိုအပ်တယ်လို့ယူဆရင် ကာကွယ်ရေးဦးစီးချုပ် (ကာချုပ်)က အချိန်မရွေး အာဏာသိမ်းခွင့်ရှိတယ်လို့ ပြောသွားတာပါ။ အန်အယ်ဒီက ပြင်မယ်လို့ ကြွေးကြော်ထားတဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီရေးကို အာမခံနိုင်ပါ့မလားဆိုတာ ပိုပြီး သံသယရှိစရာဖြစ်တယ်။
ဒေါ်စုပြောစကားသာမှန်ရင် ဦးသိန်းစိန်အစိုးရဟာ သူတို့ကြော်ငြာနေသလို အရပ်သားအစိုးရမဟုတ်ပဲ စစ်တပ်ကြိုးကိုင်ထားတဲ့အစိုးရလို့ သေချာပေါက်ပြောနိုင်တယ်။ ဒါကြောင့် ဒေါ်စုပြောတာမှန်မှန် သက်သေထူကြည့်မယ်။

စစ်တပ်အပေါ် သမ္မတ ဦးသိန်းစိန်သဘောထား

ဝါရှင်တန်ပို့စ်သတင်းစာက သမ္မတ ဦးသိန်းစိန်ကို အင်တာဗျူးချိန်မှာ စစ်တပ်နဲ့ ပတ်သက်ပြီးခုလိုမေးတယ်။ (ကောက်နှုတ်ချက်-မြန်မာလင်း ဇန္န၀ါရီ ၂၀-၂၀၁၂)
Washington Post။ ။ လွှတ်တော်ထဲမှာ ၂၅% ကို တပ်မတော်အတွက် လျာထားတယ်ဆိုတာ ဟုတ်ပါသလား။ ယခုပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တပ်မတော်ဘက်ကလဲပါဝင်နေတာမျိုး ဖြစ်နေပါတယ်။ အကြောင်းကတော့ ဒီမိုကရေစီဆိုတာ ပြည်သူကအုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့အစိုးရဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ဦးသိန်းစိန်။ ။ တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်ရောက် စွက်ဖက်တာမရှိပါဘူး။ လွှတ်တော်ထဲမှာတော့ ခင်ဗျားမြင်တဲ့အတိုင်းဘဲ တပ်မတော်အင်အားက ၄ ပုံတပုံ (၂၅%) ပါတယ်။ ကျွန်တော်တို့လိုနိုင်ငံမှာ တပ်မတော်ကို ပစ်ပယ်ထားလို့မရပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်တဲ့နေရာမှာ တပ်မတော်ကလဲ အစိတ်အပိုင်းတခုကနေ ၀င်အကူအညီပေးတာဘဲ ဖြစ်ပါတယ်။ တပ်မတော်က ၀င်အုပ်ချုပ်တာမဟုတ်ပါဘူး။

Washington Post။ ။ တပ်မတော်ပါဝင်ရမယ်ဆိုတာ ကျွန်မတို့နားလည်ပါတယ်။ ဒါပေမဲ့ ပြည်သူ့အာဏာက လွှမ်းမိုးရမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေရဲ့အာဏာဟာ ဘယ်အရာပေါ်မှာမဆို လွှမ်းမိုးနိုင်မှုရှိရမယ်။ ကျွန်မတို့ အမေရိကန်မှာလဲ သမ္မတရဲ့အာဏာက တပ်မတော်အကြီးအကဲထက် ပိုပါတယ်။
ဦးသိန်းစိန်။ ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါဘဲ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ခင်ဗျားနည်းနည်း ပြန်လေ့လာပေးပါ။ အခြေခံဥပဒေအရ တပ်မတော်မှာ အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကနေ ခန့်တာဖြစ်ပါတယ်။
စစ်တပ်နဲ့ ပတ်သက်တဲ့ ၀ါရှင်တန်ပို့စ်အမေးကို ချုပ်ကြည့်ရင် ဒီမိုကရေစီဆိုတာ ပြည်သူကအုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့အစိုးရမျိုး ဖြစ်ရမယ်။ ပြည်သူ့အာဏာကသာ လွှမ်းမိုးရမယ်။ ပြည်သူတွေရဲ့အာဏာဟာ ဘယ်အရာပေါ်မှာမဆို လွှမ်းမိုးနိုင်မှုရှိရမယ်။ အမေရိကန်မှာလဲ သမ္မတရဲ့အာဏာက တပ်မတော်အကြီးအကဲထက် ပိုတယ်လို့ ထောက်ပြသွားတာပါ။
စစ်တပ်နဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ပြောတာ ၂ ချက်ရှိတယ်။
ပထမ အချက်က တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်ရောက် စွက်ဖက်တာမရှိပါဘူးဆိုတဲ့အချက်နဲ့ ဒုတိယအချက်က ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်ထားပါတယ်ဆိုတဲ့အချက်ဖြစ်တယ်။ ဦးသိန်းစိန်ပြောစကားမှန်မမှန် ဆန်းစစ်ကြည့်မယ်။
စစ်တပ်ဟာ လွှတ်တော်အသီးသီးမှာ ၂၅% စစ်ဗိုလ်အမတ်တွေနဲ့ ဖြည့်ဆည်းထားတဲ့ပြင်

(က) ပြည်ထောင်စုဝန်ကြီးအဖွဲ့မှာလဲ စစ်ယူနီဖောင်းဝတ် ၀န်ကြီး ၃ ပါးကို တိုက်ရိုက်ခန့်ထားတယ်။ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ၃ ဦးဟာ စစ်ယူနီဖောင်းဝတ်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်ထားသူတွေ ဖြစ်တယ်။

(ခ) အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးရာထူးဆိုတာ သာမန်အားဖြင့် သမ္မတက တိုက်ရိုက်ခန့်ထားသူတွေဖြစ်တယ်။ ဒါပေမဲ့ အထက်ပါ စစ်ယူနီဖောင်းဝတ် ၀န်ကြီး ၃ ဦးကတော့ သမ္မတက တိုက်ရိုက်ခန့်ထားခွင့်မရှိတဲ့ စစ်တပ်ရဲ့ အခွင့်ထူးခံ ၀န်ကြီး ၃ ပါးဖြစ်နေတယ်။ ဒါကြောင့် ဒီ စစ်ဗိုလ်ဝန်ကြီးတွေဟာ အုပ်ချုပ်ရေးယန္တယားမှာ တိုက်ရိုက် စွက်ဘက်နေသူတွေဖြစ်တယ်။

(ဂ) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲ ပြန်ကြည့်ရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေ ဖြစ်တယ်။ တနည်းပြောရရင် ကာကွယ်ရေး ပြည်တွင်းနိုင်ငံရေးနဲ့ နယ်စပ်တိုင်းရင်းသားရေးတွေမှာ အရပ်သားနိုင်ငံရေးသမား ရာသက်ပန် ၀င်စွက်ခွင့်မရအောင် အခြေခံဥပဒေသုံးပြီး စစ်တပ်က ပိတ်ထားလိုက်တာဖြစ်တယ်။
ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလည်း ကြံ့ဖွံ့အမတ်တွေက တင်မြှောက်တဲ့ ဒု-သမ္မတမဟုတ်ဖဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒု-သမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်တယ်။ တွက်ကြည့်ရင် ကာလုံရဲ့ ၅၅ % က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပြီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမယ့် ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော်၊ တတိယ ၅ နှစ်သက်တမ်းလွှတ်တော် ... စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလည်း ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတမ်း ၆ မဲ အသာစီးရနေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒု-သမ္မတ စိုင်းမောက်ခမ်းကလွဲရင် လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်နေလို့ ဒီငါးဦးလုံးကို အရပ်သားလို့ ထားတွက်ကြတာ ဖြစ်တယ်။
ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ ဆိုပေမယ့် လက်တွေ့မှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့အတွက် တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထဲမှာသာ ရှိတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းလို့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ယူဆတာ ဖြစ်တယ်။
အုပ်ချုပ်ရေးမှာ စစ်တပ်စွက်ဖက်သလား
ဒီမိုကရေစီဆိုတာ ပြည်သူကအုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစိုးရဖြစ်တယ်လို့ ယုံကြည်တယ်ဆိုတဲ့ Washington Post ရဲ့အမေးကို ဦးသိန်းစိန်က ပြန်ဖြေရာမှာ တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်ရောက် စွက်ဖက်တာမရှိပါဘူးလို့ ပြောခဲ့တယ်။ ဒီစကား မမှန်ကြောင်း ဆက်ပြီး သက်သေပြမှာဖြစ်တယ်။
ထင်ရှားတဲ့ ဥပမာတခုကတော့ ကာကွယ်ရေးဝန်ကြီးဌာနကနေ နိုင်ငံခြားရေးဝန်ကြီးဌာန ကို မကြာခင်က ပြောင်းရွှေ့ပေးလိုက်တဲ့ ရေတပ်နဲ့လေတပ်က ဗိုလ်မှူးချုပ် ၂ ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီးခန့်အပ်လိုက်တဲ့ကိစ္စဖြစ်တယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးကနေ ၁၂-၁-၂၀၁၂ နေ့စွဲပါ အမိန့်နဲ့ ရေ ၁၂၄၈ ဗိုလ်မှူးချုပ် မြင့်သန်းကို သံအမတ်ကြီးရာထူုးတနေရာအတွက် ၂၀၁၂ ခု ဇန္န၀ါရီ ၂၇ ရက်ကစပြီး ခန့်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်ထားတယ်။ အလားတူဖဲ ကာကွယ်ရေးဝန်ကြီးဌာနကနေ ၁၆-၁-၂၀၁၂ အမိန့်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွဲပြောင်းပေးတဲ့ လေ ၁၇၂၆ ဗိုလ်မှူးချုပ်ဇော်ထွန်းကိုလည်း သံအမတ်ကြီးရာထူုးတနေရာအတွက် ၂၀၁၂ ခု ဇန္န၀ါရိ ၂၇ ရက်ကစပြီး ခန့်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်ထားတယ်။

ဒီအမိန့် ၂ ခုကိုကြည့်ရင် ကာကွယ်ရေးဝန်ကြီးဌာနက (ဘာကြောင့်မှန်းမသိဘဲ) အရပ်ဘက် ပြောင်းရွှေလာတဲ့ ဗိုလ်မှူးချုပ် ၂ ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ လစ်လပ်ရာထူး မရှိဘဲနဲ့ သံအမတ်ကြီးတန်းခန့်လိုက်ရတယ်။ စစ်အစိုးရလက်ထက်မှာ စစ်အုပ်ချုပ်ရေး ဘမ်းပြပြီး ခုလိုမျိုး လုပ်ခဲ့ ဗိုလ်ကျခဲ့ခွင့်ရပေမဲ့ အရပ်သားအစိုးရဆိုတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စစ်တပ်က ဘာကြောင့် ခုလို လူတန်းစားသစ် ဆက်ဖြစ်နေရသလဲဆိုတာ မေးစရာဖြစ်တယ်။
စစ်တပ် ဗိုလ်မှူးချုပ် ၂ ဦးကို ဘယ်နိုင်ငံမှာ သံအမတ်ခန့်မယ်ဆိုတဲ့ Posting မရှိပဲ မိုးကျရွှေကိုယ်သံအမတ်ခန့်လိုက်တဲ့အတွက် လုပ်သက်ရှိတဲ့ အရပ်သား သံတမန်တွေ တက်လမ်း ပိတ်သွားတယ်။ ကျွန်တော်တို့မသိသေးတဲ့ ဒီလိုကိစ္စပေါင်း မြောက်များစွာရှိနိုင်ပေမဲ့ သိတဲ့ကိစ္စ အနည်းအကျဉ်းသာ တင်ပြနိုင်ခြင်းဖြစ်တယ်။
စစ်အစိုးရလက်ထက်က နည်းတွေအတိုင်း စစ်တပ်က ဦးသိန်းစိန်ရဲ့ အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းထဲမှာ လာပြီး အဓမ္မ ဗိုလ်ကျနေဆဲဖြစ်နေတာ တွေ့ရတယ်။ စစ်တပ်ကို လူတန်းစားသစ်ဖြစ်အောင်လည်း သမ္မတဦးသိန်းစိန်အစိုးရက အကာအကွယ်ပေးထားတယ်။
အရပ်သားအစိုးရပါဆိုတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာန အထက်ရောက်နေတယ်။ တိတိကျကျ ပြောရရင် စစ်တပ်က အရပ်သားအုပ်ချုပ်ရေးထဲကို ၀င်စွက်နေတဲ့ အကောင်းဆုံး နမူနာဖြစ်တယ်။
ခုလိုမျိုး ကာကွယ်ရေးဝန်ကြီးဌာနက မလိုချင်တော့တဲ့ စစ်ဗိုလ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံအမတ်ကြီးရာထူးပေးရမယ်လို့ အခြေခံဥပဒေ ဘယ်ပုဒ်မနဲ့ ပြဌာန်းထားသလဲဆိုတာ မေးစရာဖြစ်တယ်။ စစ်တပ်က စစ်ဗိုလ်တွေကို အရပ်ဘက် ၀န်ကြီးဌာနတွေကို ကြိုက်သလို ပို့နေတာကို ဘယ်သူတွေက ခွင့်ပြုထားသလဲဆိုတာ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်သင့်တယ်။
အထက်ပါ အထောက်အထားတွေအရ အုပ်ချုပ်ရေးပိုင်းမှာ အခြေခံဥပဒေ ၂၀၀၈ အကာအကွယ်ယူပြီး စစ်တပ်က ၀င်ရောက်စွက်ဖက်နေတယ်ဆိုတာ ထင်ရှားတယ်။ သမ္မတ ဦးသိန်းစိန် Washington Post ကို ပြောတာတွေနဲ့ အလွဲကြီး လွဲနေတယ်။





ဒီအမိန့်ကိုကြည့်ရင်-
-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းလို့ ခေါင်းစဉ်တပ်တာကိုက အစဉ်အလာမဟုတ်ဖဲ ထူးခြားနေတယ်။

-ပြန်လည်အတည်ပြု ခန့်အပ်တယ်ဆိုတဲ့အမိန့်မျိုး အရင်ကမရှိခဲ့ပါ။ သတင်းစာတွေမှာ ပါနေကျက ဥပမာ-ညွှန်ကြားရေးမှုးချုပ်တဦးကို အစမ်းခန့်ကာလ တနှစ်ပြည့်တဲ့အတွက် အတည်ပြုခန့်တယ်ဆိုတဲ့ အရေးအသား အမိန့်မျိုးသာ ရှိခဲ့ဘူးတယ်။
တဘက်ကကြည့်ရင် ကာချုပ်လိုရာထူးကို အစမ်းခန့်ဆိုတာ မရှိပါ။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ကာချုပ်ရာထူးခန့်ခဲ့တာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်။ ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးကနေ ၂၀၁၁ ခု မတ်လ ၃၀ ရက်နေ့စွဲနဲ့ အတည်ပြု ခန့်ခဲ့တာ ဖြစ်တယ်။ ၂၀၁၁ ခု မတ်လ ၃၀ ရက်ဆိုတာ ဦးသိန်းစိန်အစိုးရ စတင်အသက်ဝင်တဲ့နေ့ဖြစ်တယ်။ အစိုးရသစ်တက်တဲ့နေ့မှာ (အနားယူပြီဆိုတဲ့) ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ကာချုပ် ခန့်ခဲ့တာက ရှေ့နောက်မညီ ဖြစ်နေတယ်။
အခြေခံဥပဒေအရဆိုရင် ကာချုပ်မင်းအောင်လှိုင်ကိုခန့်တဲ့အမိန့်ရက်စွဲအရ လက်မှတ်ထိုးရမှာက သမ္မတဦးသိန်းစိန်သာ ဖြစ်သင့်တယ်။ ဒါပေမဲ့ ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်သူ လက်မှတ်ထိုး ခန့်ခဲ့သလဲဆိုတာ ပဟေဠိ ဖြစ်နေတယ်။ ဒီအချက်ဟာ ဦးသိန်းစိန် ၀ါရှင်တန်ပို့စ်ကိုပြောသလို ကာချုပ်ကို သမ္မတကခန့်တာပါဆိုတာနဲ့ မကိုက်ညီဘဲ လွဲနေတယ်။
ဒီမှာတင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုး ခန့်ခဲ့တဲ့ ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အခြေခံဥပဒေနဲ့ အတင်းကိုက်ညီအောင်ဆိုပြီး ထုတ်ပြန်တဲ့သဘောနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းဆိုတဲ့ ကိုယ့်ယိုးကားယား ခေါင်းစဉ်မျိုးတပ်ပြီး ဦးသိန်းစိန် ကတိုက်ကရိုက် လက်မှတ်ထိုးခဲ့ရတဲ့ပုံ ဖြစ်နေတယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းဆိုတဲ့အမိန့်ကို သမ္မတဦးသိန်းစိန်က ပြန်လည်အတည်ပြုပါသည်လို့ ထပ်ဆင့် အမိန့်ထုတ်ရတာကိုကြည့်ရင်
-စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတယ်
-ကာချုပ်ကို စစ်တပ်ကသာ ခန့်တာဖြစ်တယ်ဆိုတာ ထင်ရှားနေတဲ့အတွက် သမ္မတ ဦးသိန်းစိန် Washington Post ကို လက်လွတ်စပယ်ပြောတာနဲ့ ဆန့်ကျင်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျပ်အတည်း
ဖော်ပြခဲ့တဲ့ အထောက်အထားတွေအရ အခြေခံဥပဒေမှာ စစ်တပ်က သမ္မတထက် သြဇာကြီးလွန်းနေတယ်လို့ Washington Post သတင်းစာကို ဒေါ်အောင်ဆန်းစုကြည်ပြောတာ သွေးထွက်အောင် မှန်နေတယ်။ အဲသလို စစ်တပ်သြဇာကြီးလွန်းတဲ့ အခြေခံဥပဒေမျိုးနဲ့ ဒီမိုကရေစီ လမ်းကြောင်းရောက်အောင် သွားနိုင်ပါ့မလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်တယ်။

လွှတ်တော်နိုင်ငံရေးကို ၀င်ကထဲက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြေခံဥပဒေ ၂၀၀၈ ကို လေးစားလိုက်နာပါမည်ဆိုတဲ့ကတိကလည်း ရွေးကောက်ပွဲ ဥပဒေအရ အလိုလို ပေးထားပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတွေဘက်က အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဖို့နေနေသာသာ ဝေဖန်မိရင်တောင် ဒီကတိချိုးဖောက်မှုနဲ့ အရေးယူခံရမဲ့ကိန်း။ လက်ရှိ လွှတ်တော်နိုင်ငံရေးအတိုင်း ဆက်လိုက်ရင်လဲ အခြေခံဥပဒေ ပုဒ်မ (၇) ပါ စည်းကမ်းပြည့်ဝတဲ့ ရွှေရည်စိမ် ဒီမိုကရေစီဆိုတာပဲရမယ်။
နိုင်ငံရေးစနစ်တခုရဲ့အခြေခံဆိုတာ အစိုးရကွန်စတီးကျူးရှင်းတွေဖြစ်လာအောင်လုပ်ပေးဖို့ ဖြစ်လာတဲ့ ကွန်စတီကျူးရှင်းတွေကို ပြင်နိုင်ဖို့ဆိုတာတွေဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျော့ဝါရှင်တန် တချိန်က ပြောဘူးတယ်။
ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ကနေ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ဘယ်လိုဖယ်ရှားမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်တယ်။ ဒီအခြေခံဥပဒေမှာ ကပ်ပါးပိုးလို တွယ်ငြိနေတဲ့ စစ်တပ်သြဇာကို မဖယ်ရှားနိုင်ရင် ဒီမိုကရေစီလမ်းကြောင်း မရောက်နိုင်တာ ထင်ရှားတယ်။ စစ်တပ်သြဇာ ဖယ်ရှားဖို့ ကြိုးစားရင်လဲ စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ်။ ဒီအချက်ဟာ လွှတ်တော်နိုင်ငံရေးမှာ ဒေါ်စု မုချကြုံတွေ့ရမဲ့ နိုင်ငံရေး အကျပ်အတည်းဖြစ်တယ်။
တကယ်တော့ ဒေါ်စုတဦးတည်းသာမဟုတ်။ အစိုးရစပွန်ဆာလုပ်တဲ့ လွှတ်တော်နိုင်ငံရေးကို ဖြတ်သန်းနေတဲ့ နိုင်ငံရေးသမားတိုင်း အခြေခံဥပဒေထဲက (ပြင်လဲ ပြင်သင့်တဲ့) စစ်တပ်သြဇာဖယ်ရှားဖို့ ပြင်မယ်ဆိုရင် ဒီအကျပ်အတည်းကို ကြုံတွေ့ရမှာဖြစ်တယ်။ သူတို့ရွေးချယ်တဲ့လမ်းကြောင်းဟာ တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်တယ်။


NLABR & Lwin Pwin
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/



ကာချုပ်ကို ဘယ်သူခန့်သလဲ

တခါ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်ထားတယ်လို့ ဦးသိန်းစိန်က Washington Post ကို ပြောပြန်တယ်။ ဒီစကား မှန်မမှန်လဲ အခြေခံဥပဒေနဲ့ ပြန်စစ်ကြည့်မယ်။

အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၄၂ မှာ ပြဌာန်းထားတာက နိုင်ငံတော်သမ္မတသည် ကာလုံ၏အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်လို့သာ ရေးထားတယ်။ သမ္မတက တိုက်ရိုက်ခန့်ခွင့်ရှိသည်လို့ ဦးသိန်းစိန်ပြောသလို ရေးမထားပါ။

သဘောကတော့ ကာလုံရဲ့ထောက်ခံချက်မရပဲ ကာချုပ်ကို သမ္မတက သူ့သဘောနဲ့ တိုက်ရိုက်ခန့်ထားခွင့်မရှိဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ ကာလုံအဖွဲ့ဟာ ၁၁ မဲမှာ စစ်တပ်က ၆မဲကိုင်ထားတာမို့ စစ်တပ်က ခန့်ချင်သူကိုသာ ကာချုပ်ခန့်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်။ ဒါကြောင့်လဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနားမယူခင် သူကြိုက်တဲ့သူ ခေါင်းခေါက် ခန့်ခဲ့တာဖြစ်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်ထားတယ်လို့ ဦးသိန်းစိန်က Washington Post ကိုပြောတာနဲ့ အခြေခံဥပဒေ ပုဒ်မ ၃၄၂ နဲ့ မကိုက်ညီဘူးဆိုတာ ရှင်းရှင်းကြီး ပေါ်လာတယ်။

စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတဲ့အကြောင်း ပိုပြီးထင်ရှားတဲ့ ဥပမာပြရရင် မကြာခင်ကပဲ ကာချုပ်မင်းအောင်လှိုင်ကို ကာချုပ်အဖြစ် ပြန်လည်အတည်ပြု ခန့်အပ်ခြင်းဆိုတဲ့ အောက်ပါအမိန့်ကို သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တယ်။

0 comments:

Post a Comment