၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ ပါဝင်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက်၏ အစီရင်ခံစာ အမှတ်(၁) ကိုထုတ်ပြန်


၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ပါဝင်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက်၏ အစီရင်ခံ အမှတ်(၁)ကို ဧပြီလ ၇ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုလည်း ဧပြီလ ၇ရက်နေ့ နံနက်ပိုင်းက ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးခန်းတွင် ပြုလုပ်ခဲ့ပါသည်။

"အားလုံး သိပြီးသားပါ။ ကျွန်တော်တို့ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ကျွန်တော်တို့ ပန်းတိုင်မဟုတ်ပေမယ့် ရှောင်လွှဲမရတဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ လေးလေးနက်နက် ဖြတ်သန်းခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တရားမျှတမှုနဲ့ လွတ်လပ်မှုကို မြတ်နိုးကြသူများပီပီ ဒီရွေးကောက်ပွဲဟာ မည်သို့သော အရေအတွက်ပင် ဖြစ်ပါစေ သန့်ရှင်းရဲ့လား၊ တရားမျှတရဲ့လား၊ လွတ်လပ်ရဲ့လားဆိုတဲ့ ပေတံနဲ့ တိုင်းတာနိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ အားနဲ့တော့ မရဘူးပေါ့။ ကျွန်တော်တို့ ထောင်ကထွက်လာတာ သိတဲ့အတိုင်း နှစ်လ၀န်းကျင်ဆိုတော့ မနည်းကိုယ့်ကို ကိုယ်တည်ဆောက်နေရတဲ့ အချိန်ဖြစ်တာကြောင့် ရှေ့က အတွေ့အကြုံရှိခဲ့တဲ့ မျိုးဆက်သစ်တွေနဲ့ ကျွန်တော်တို့ ပြန်သင်ယူပြီးတော့ တတ်နိုင်သမျှ အလုပ်လုပ်တာပါ။ အဲဒီအတွက် ကျွန်တော်တို့ Team ဖွဲ့ပါတယ်။ အဲဒီအဖွဲ့ကို ကိုကိုကြီးက ဦးဆောင်ပြီးတော့ ကြိုးပမ်းခဲ့တာပါ။ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့ဟာ ပြီးပြည့်စုံပြီလို့ ၀န်မခံရဲသော်လည်း ကျွန်တော်တို့ အစွမ်းရှိသမျှတော့ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ အချက်အလက်တွေကို ပြန်ပြီးတော့ ဒီမှာ အကြမ်းအားဖြင့် နံပါတ်-၁ အနေနဲ့ တင်ပြတာပါ"ဟု ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါသည်။

အဆိုပါ တင်ပြချက် အမှတ်- ၁ သည် အကြမ်းအားဖြင့် တင်ပြခြင်းသာဖြစ်ပြီး အချောမဟုတ်သေးပဲ အချက်အလက် အပြည့်အစုံဖြင့် ရေးသားသည့် အစီရင်ခံစာ အချောကို နောက်ထပ် အချိန်တစ်လကြာသည်နှင့် ဆက်လက်ထုတ်ပြန်မည်ဟု သိရပါသည်။ အစီရင်ခံစာများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပါအ၀င် ပါတီအသီးသီးသို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရွေးကောက်ပွဲတစ်ခုကို ဘယ်နိုင်ငံ ရွေးကောက်ပွဲကိုမှ ရာနှုန်းပြည့် လွတ်လပ်မျှတတယ်လို့ ပြောဆိုနိုင်တဲ့ အခြေအနေမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ က နှိုင်းယှဉ်ချက်အရပဲ ပြောရမယ် ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီး လွတ်လပ်မျှတမှု တွေရှိလာတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ နိုးကြားမှုအပိုင်း မြင့်တက်လာတယ်။ မီဒီယာလောက သားတွေရဲ့ ကူညီပံ့ပိုးမှု၊ သတင်း ရေးသား ဖော်ပြမှုတွေလည်းပဲ မြင့်တက်လာပါတယ်။ ဒါဟာ တိုးတက်တဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ ကျွန်တော်တို့ ရှုမြင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အားနည်းချက်၊ ချို့ယွင်းချက်တွေလည်း ကျွန်တော်တို့ နေရာ အနှံ့မှာ အများအပြားတွေ့ နေရာတွေကိုလည်း ကျွန်တော်တို့ ထောက်ပြထားပါတယ်"ဟု ကိုကိုကြီးက ပြောပါသည်။

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးကွန်ယက်၏ အစီရင်ခံစာ အမှတ်(၁) တွင် ရွေးကောက်ပွဲ အကြိုကာလ အခြေအနေ၊ ရွေးကောက်ပွဲနေ့ အခြေအနေနှင့် ရွေးကောက်ပွဲအလွန်ကာလများကို အကြမ်းဖျင်းအားဖြင့် တင်ပြခဲ့ပြီး ဝေဖန်သုံးသပ်ချက်အပိုင်းတွင် အချက်(၁၀)ချက်ကို ထည့်သွင်းပြောဆိုခဲ့ပါသည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက်၏ အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည့် ဝေဖန်သုံးသပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။






NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment