သင်္ခန်း စာ တွေ ပြည့် နှက် နေ တဲ့ အတိတ် သမိုင်း by သင်း နီနီ
၁၈၂၄ (၁၁၈၆ ) = ပထမ အင်္ဂလိပ် မြန် မာ ကျူး ကျော် စစ်။ (၃၂ ) ကြာ ခဲ့ ပြီး နောက် (၁၈၅၆ ) (၁၂၁၈) မှာ ဒုတိယ အင်္ဂလိပ် -မြန်မာကျူးကျော် စစ်။ထို မှ တစ် ဖန် (၂၉) နှစ် ကြာ ပြီး နောက် (၁၈၈၅) (၁၂၄၇ ) တွင် တတိ ယ အင်္ဂလိပ် -မြန် မာ ကျူး ကျော် စစ် ။ရ ရာ လက် နက် တွေ နဲ့ ကိုင် စွဲ တော် လှန် ခဲ့ ကြ တယ် ။ အား မတန် တော့ မာန် လျှော့ ခဲ့ ရ တယ် ။လက် နက် ကိုင် တော် လှန် ရေး တွေ ခေတ္တ ငုပ် ရှိုး သွား ခဲ့ ရ တယ် ။ အဲ့ ဒီ နောက် ပိုင်း နှစ် (၂၀ ) ကြား လာ တဲ့ (၁၉၀၅ ) (၁၂၆၇ ) မှာ လူ မှု့ ရေး /ဘာသာရေး ကို အခြေ ပြီး အဖွဲ့ တွေ အသင်း တွေ ပေါ် ပေါက် လာခဲ့ ပါ တယ် ။ အထင်အရှား ဆုံး က တော့ YMBA လို့ ခေါ် တဲ့ အသင်းချုပ် ကြီး ပါ ပဲ။အသင်း ကြီး ရဲ့ စည်း ရုံးရေး စွမ်း အား /စွမ်း ပကားထိရောက် ထက် မြက် ခဲ့ လို့ နှစ် (၂၀) ကြာ လာ တဲ့ (၁၉၂၀ ) ((၁၂၈၂ ) မှာ မြန်မာအသင်းချုပ် ကြီး GCBA လို့ ပြောင်း လဲ ပြင် ဆင် ဖွဲ့ စည်း လှူုပ် ဆောင် ခဲ့ ကြ ပါ တယ် ။ အဲ့ဒီ ကာလ အတွင်း မှာ ပဲ (ပထမ ဆုံး ) ကျောင်း သား သပိတ် တိုက် ပွဲ အောင် မြင် စွာ နွဲ နိုင် ခဲ့ တယ် ။ဦးဘဖေ/ဦးပု/ဦးထွန်းရှိန် /အစရှိတဲ့ မျိုး ချစ် ပုဂ္ဂိုလ် တွေ အပြင် ။ သာသနာ့ အာ ဇာနည် တွေ ထဲ က ဆရာ တော် ဦးဥတ္တမ / ဆရာ တော် ဦးဝိ စာ ရ တို့ အား လုံး ဟာ နယ် ချဲ့ တော် လှန် ရေး တပ် ဦး မှာ ဦဆောင် မှု့ ပေးခဲ့ ကြ ပါ တယ် ။ အင်္ဂလိပ် ဘုင် ခံ ကို မော် မကြည့် ရဲ တဲ့ ခေတ် ကြီး မှာ “ ဘုရင် ခံ ဆာရယ် ဂျီ နယ်လ် က ရက် ဒေါက် ကို ” မြန် မာ့ မြေ ပေါ် မှ မောင်း ထုတ် ခဲ့ တာ ဆရာ တော် ဦး ဥတ္တမ ပါ ။ အစာငတ် ခံ(၁၆၆)ရက် ဆန္ဒ ပြ ရင်း နောက် ဆုံး အချိန် အ ထိ ရ ဟန်း ဘ၀ နဲ့ ထောင် ထဲ မှာ ပျံ လွန် တော် မူ ခဲ့ တာ ဆရာ တော် ဦး ၀ိ စာ ရ ပါ ။
(၁၉၂၀)((၁၂၈၂) ပြီး တဲ့ နောက် ပိုင်း (၁၆) နှစ် ကြာ တဲ့ အခြေ အနေ ကို တင် ပြ ရ မယ် ဆို ရင် (၁၉၃၆) (၁၂၉၈) ကာလ ဟာ ဆို ရင် ဖြင့် နယ် ချဲ့ ကို ဆန့် ကျင် တိုက် ပွဲ ၀င် ရာ မှာ အရှိန် အကောင်း ဆုံး ရ နေ ပြီး ဖြစ် တဲ့ အချိန် ပါ ။ ဒို့ လူ မျိုး ဟာ ကျွန် လူ မျိုး မဟုတ် ဘူး။သခင် လူ မျိုး ဖြစ် တယ် လို့ ခံ ယူ ချက် ထား ပြီး အမည် အရှေ့ မှာ “ သခင် ” တပ် ခေါ် ကြ တဲ့ ကာ လ ပေါ့ ။ ဒုတိ ယ ကျောင်း သားသပိတ် ဖြစ် ခဲ့ တဲ့ ကာ လ ပါ ။ လှုပ် ရှား မှု့ တွေ ကို အသေး မစိတ် တော့ ပါ ။စာ လေး မှာ စိုး တာ က တစ် ကြောင်း ပြော လို ရင် ဦးတည် ချက် ပျောက် မှာ စိုး လို့ က တစ် ကြောင်း မို့ ပါ ။
(၁၉၃၆ )(၁၂၉၈ ) မှ (၂) ကြာ လွန် မြောက် လာ ပြီး နောက် ++(၁၉၃၈ ) ++ (၁၃၀၀)++ ပြည့် နှစ် ကို တော့ မြန် မှာ သမိုင်း မှာ တိုင်း ပြည် တည် သရွေ့ ။ လူ မျိုး တည် နေ သေး သရွေ့ ဘယ် လို မှ မေ့ မကောင်း တဲ့ အထွေ ထွေ သပိတ် လှုပ် ရှား မှု့ ကြီး တစ် ခု ဖြစ် ခဲ့ ပါ တယ် ။နိုင် ငံ သမိုင်း မှာ ***တစ် ထောင့် သုံး ရာ ပြည့် အရေး တော် ပုံ တော် ” လို့ ကမ္မည်းမော် ကွန်း တင် ထား နိုင် ခဲ့ ကြ တဲ့ နေ့ ကြီး ရက် မြတ် တစ် ရက် ဆို ပါ ပဲ ။အဘယ် အကြောင်းကြောင့် ဆို သော် ထို နှစ် အတွင်း မှာ ပင် လယ် သမားအရေး တော် ပုံ / အလုပ် သမား အရေး တော် ပုံ / တတိယ ကျောင်း သား သပိတ် / အို င် စီ အက်စ် ၀န်ထမ်း တွေ ပါ အပါ အ၀င် တစ် နိုင် ငံ လုံ နယ် ချဲ့ အုပ် ချုပ် သူ လူ တန်း စား တွေ ကို တစ် ခဲ နက် အုံ ကြွ တော် လှန် ဆန့် ကျင် ပုန် ကန် ခဲ့ တဲ့ နှစ် တစ် နှစ် ပါ ။
၁၃၀၀ ရာ ပြည့် အရေး တော် ပုံ ကြီး ကြောင့် နိုင် ငံ ရေး အသိုး ကြား လာ တဲ့ လူငယ် တွေ ဟာ လုံးဝ လွတ် လပ် ရေး ဆို တဲ့ အတွေး အခေါ် ကို တွေး ခေါ် လာ နိုင် ခဲ့ ကြ ပါ တယ် ။ လက် နက် နဲ့ ရန် သူ ကို လက် နက် နဲ့ ပဲ ပြန် တော် လှန် ရ မယ် ဆို တဲ့ အသိ မျိုး ရင် တွင်း မှာ ကိန်း အောင်း လာခဲ့ ကြ တယ် ။ တိုင်း ပြည် အတွက် ပြင်း ပြ တဲ့ ရင် တွင်း ဆန္ဒး ကို အကောင် အထည် ဖေါ် ဖို့ “ ရန်သူ ရဲ့ ရန် သူ ဘယ် သူ လဲ ဆို တာ ကို ရှာ ဖွေ စူး စမ်း ကြ ပါ တော့ တယ် ။” “ ရန် သူ ရဲ့ ရန် သူ ဟာ မိတ် ဆွေ ” ဆို တဲ့ အသိ ကို နှလုံး ပိုက် မိ ခဲ့ ကြ တယ် ။ “ရန်သူ အင်္ဂလိပ် အခက် - ဗမာ့ အချက် လို့ သဘောပေါက် ခံယူ ချက် ထား ပြီး ဂျပန်ပြည် သွား /စစ် ပညာသင် တဲ့ လူ ငယ် တစ် စု ဟာ နောင် တွင် “ ရဲ ဘော် သုံး ကျိပ် ” ဆို ပြီး ထင် ရှားလာ ခဲ့ ကြ ပါ တယ် ။(BIA ) လွတ် လပ် ရေး တပ် မတော် ကို ဘန် ကောက် မှာ ဖွဲ့ နိုင် ခဲ့ တယ် ။ရန် သူ ပေး တဲ့ ရွှေ ရည် စိမ် လွှတ် လပ် ရေး ကို ရှိခဲ့ တယ် ။BIA တပ် မတော် ကို လည်း အဆင့် နဲ့ အရေ အတွက် လျှော့ ချ ခဲ့ ကြ တယ် ။(BDA )ခေါ် ဗမာ့ ကာ ကွယ် ရေး တပ် မတော် တဲ့ ။။လူတစ် စု ပဲ လွှတ် လပ် တဲ့ လွတ် လပ် ရေး အတု ပါ ။အချိန် တန် ရင် ဂျပန် ကို လည်း ပြန် တော် လှန် ရ မယ် ဆို တဲ့ အသိ က မူ လ ကတည်း က စိတ် ကူး ဆန္ဒ ရှိ ခဲ့ ပြီး သား မို မဟာ မိတ် အကူ အညီ ကို ပြန် လည် ရ ယူ ပြီး ဖက် ဆစ် ဂျပန် ကို တိုက် ထုတ် နိုင် ခဲ့ ပြန် ပါ တယ် ။ တော် လှန် ရေး နေ့ ကို ပေါ် ပေါက် စေခဲ့ တယ် ။ “ အနီး ဆုံး ရန် သူ ကို တိုက် ” ဆို တဲ့ စစ် သေနင်္ဂဗျူ ဟာ တစ် ရပ် နံ မည် ကျော် ခဲ့ ပါ တယ် ။
နယ်ချဲ့ ကို တိုက် / ဖက် ဆစ် ကို တွန်း လှန် ရင် “ မိ အေး နှစ် ခါ နာ တိုင်း ပြည် “ ဘ၀ ရောက် ခဲ့ ရ တယ် ။နယ်ချဲ့ တွေ ပြန် ၀င် လာ ပြီး တော် လှန်ရေး အင် အား စု တွေ ကို ထိန်း ချုပ် နိုင် ဖို့ ခေတ် နောက် ပြန် ဆွဲ တဲ့ အုပ် ချုပ် ရေး ကို ပြန် လည် အသက် သွင်း ဖို့ ကြိုး စား ခဲ့ ကြ ပါ တယ် ။ အဲ့ ဒီ အချိန် မှာ မြန်မာ ပြည် တော် လှန် ရေး အင် အား စု တွေ မှာ နိုင်ငံရေး အဖွဲ့ အင်အား(ဖဆပလ )ကြီး ရှိ နေ ပြီး ။ခါး တောင်း ကျိုက် မဖြုတ် သေး တဲ့ လက် နက် ကိုင် တပ် မတော် ရှိ နေ ပြီး ။ ရန် သူ က လွှတ် လပ် ရေး စကား ထည့် ပြော လာ ခဲ့ ရ ပါ ပြီး။အောင် ဆန်း +အက် တလီ စာ ချုပ် ချုပ် တာ မျိုး။ ပြည် ထောင် စု နေ့ ကို ဖြစ် ပေါ် စေ ခဲ့ တဲ့ ပင်လုံ ညီ လာ ခံ ကျင်း နိုင် ခဲ့ တာ မျိုး။ နယ်ချဲ့ လက် ပါး စေ တစ် စု ကြောင့်အာဇာနည် ခေါင်း ဆောင် ကြီး များ ကျ ဆုံး ခဲ့ ရ တဲ့(၁၉၀၇-၁၉၄၇ )အဖြစ် များ။ဆို လို တာ က (၁၃၀၀) ပြည့် (၁၉၃၈) မှ စတင် ရေ တွက် သော် (၁၀) နှစ် အကြာ ( ၁၉၄၈ )(၁၃၁၀ ) မှာ အား လုံး တောင့် တ နေ ခဲ့ ကြ တဲ့ လုံး ၀ လွှတ် လပ် ရေး အောင်ပန်း ကို ဆွတ် ခူး နိုင် ခဲ့ ကြ ပါယ် ။
၁၃၀၀ ပြည့် (၁၉၃၈) ++ မှ သည် (၁၀ ) နှစ် ကြာ ပြီး နောက် (၁၉၄၈) (၁၃၁၀ ) မှ (၁၉၅၈) (၁၃၂၀ ) ဆို တဲ့ (၁၀ ) ကြာပိုင်း ကို ခွဲခြမ်း စိတ် ဖြာ သုံး သပ် ရ ရင် မြန်မာ ပြည် ရဲ့ သမိုင်း တစ် ကွေ့ မှာ ထူးခြား ပြီး ရှုတ် ထွေး ပွေ လီ လှ တဲ့ အဖြစ် ဆိုး တွေ နဲ့ ကြုံ ဆုံ ခဲ့ ရ တဲ့ လွှတ် လပ် ပြီး နောက် ပိုင်း ကိုယ့် မြေ ကိုယ့် ရေ ကို ကိုယ့် လူ မျိုး တွေ က ပဲ ကိုယ့် မင်း ကိုယ့် ချင်း နဲ့ စတင် အုပ် ချုပ် စီ မံ ခန့် ခွဲ ရ တဲ့ (၁၀ ) နှစ် ကာ လ ပါ ။ “တိုင်း ပြည် က နုနု ။ မုန် တိုင်း က ထန် ထန်ကာ လ တစ် ခု ပါ ။ သည့် ထက် တင်း ပြော ဆို ရ မယ် ဆို ရင် “ ဆူး ကြား ထဲ က ဗူး သီး ဘ၀ ” ပါ ။ သေချာ စွာ ထပ် ဆင့် ပြော ရ မယ် ဆို ရင်“ မင်း သား ကြီး မလုပ် ရ လို့ ပတ် မ ကြီး ထိုး ဖေါက် မယ့် ” စစ် တပ် ထဲ က နိုင် ငံ ရေး အင် အား စု တွေ က တိုင်း ပြည် ရဲ့ အာဏာ ကို စတင် မျက် စောင်း ထိုးနေ ပြီး ဖြစ် ပါ တယ် ။
(၁၉၅၈) ((၁၃၂၀ ) အောက် တို ဘာ (၂၈ ) မှာ အာဏာ သိမ်း မှု့ တစ်ခု ကို စစ် တပ် မှ ဖန် တီးယူခဲ့ တာ ပါ ။
ဖက်ဒရယ်မူ ကို ခွဲ ထွက် ခွင့် နဲ့ မှား ယွင်း ကြောင် ရွ့ မှု အကြောင်း ပြချက် တွေ နဲ့ ပါ။ အိမ်စောင့် အစိုး ရ အမည် နဲ့ (၆) လ ကတိ ပေး ပြီး အာဏာ ကို ဓါး မြ တိုက် ခဲ့ တာ ပါ ။ (၂) နှစ် အထိကြာမြင့် ခဲ့ ပြီး မှ ရွေး ကောက် ပွဲ လုပ် ပေး ပြီး (၁၉၆၀ )(၁၃၂၂) မှာ အနိုင် ရ (ပထစ ) အစိုး ရ ကို အာဏာ ပြန် လွှဲ ပေး ခဲ့ တာ ပါ ။ အာဏာ ပါ ၀ါ ရဲ့ အရ သာ ကို အကောင်း ဆုံး သိ သွား တဲ့ စစ် တပ် ။ စား ဖူး တဲ့ ကလေး ငတ် တယ် ဆို တဲ့ အတိုင်း အာဏာ ရူးဖို့ တစ် စခန်း ထလာ ပါ တော့ တယ် ။ပြည် ထောင် စု ပြို ကွဲ နိုင် တယ် ဆို တဲ့ အကြောင်း ပြချက် ပါ ။ တိုင်း ပြည် လည်း ချောက် ကမ်းပါး ထဲ ပြုတ် ကျ ဖို့ လက် နှလုံး ပဲ လို ပါ တော့ တယ် ” ဆို ပြီး (၁၉၆၂ - မတ် လ ၂ရက် နေ့ )((၁၃၂၄ ) မှာတိုင်း ပြည် ရဲ့ အာဏာ (၃) ရပ် စလုံး ကို ဓါး မြ တိုက် ထိန်း ချုပ် လိုက် ပါ တော့ တယ် ။ နေ၀င်း နဲ့ အာဏာရူးတစ် သိုက် ရဲ့ အာဏာ ဓါးမြ တိုက် တဲ့ လုပ် ရပ် ကို မကျေ နပ် တဲ့ ရဟန်း ရှင် လူ ကျောင်း သား ပြည် သူ တွေ က စတင် အန် တု ပုန် ကန် ထကြွ တော် လှန် ခဲ့ ကြ ပါ တယ် ။ တိုင်း ပြည် နဲ့ လူ မျိုး အတွက် အရေး ကြုံ တိုင်း စွန့် လွှတ် စွန့် စား တဲ့ လူ တန်း စား တစ် ရပ် ကို အမိ မြန်မာပြည် က ပိုင်ဆိုင် ထားခဲ့ တာ အမိ မြန်မာ ပြည် အတွက် ကြီး မား တဲ့ အကျိုး ရ လဒ် ဆု ထူး ဆု မြတ် ကြီး တစ် ခု ပါ။ ကျောင်း သား လူ ငယ် ထု ကို ဆို လို တာ ပါ ။ (၁၉၆၂ ) ဆဲ ဗင်း ဇူ လိုင် အုံ ကြွ မှု။
ထို မှ (၂) နှစ် ကြာ ပြီး နောက် (၁၉၆၄ ) (၁၃၂၆ )မှာတော်လှန် ရေး ကောင် စိ က နောင် တစ် ချိန် (မဆလ ) ဖြစ် လာ မယ့် အမြူတေ ပါ တီ ကို စတင် ဖွဲ့ စည်း ခဲ့ ပါ ပြီး။ စစ် ကျွန် သက် ရှည် စေ ဖို့ နဲ့ စစ် တပ် ပထမ နိုင် ငံ တော် အာ ဏာ တည် ဆောက် ဖို့ ခြေ လှမ်း ပြင် ခြင်း ပါ ပဲ။
(၁၉၆၄) (၁၃၃၆ ) မှ (၁၀) နှစ် ကြာလာ သော ကာ လတစ် ခု(၁၉၇၄)(၁၃၃၆ ) မှာအလုပ် သမား အုံ ကြွ မှု့ ဖြစ် ပေါ် ခဲ့ ပါ တယ် ။ အဲ့ဒီ ကာ လ မှာ ပဲ ၁၉၇၄ -ဇန် ၀ါ ရီ လ - ၃ ရက် နေ့ )မှာ (မဆလ )ပါ တီ ကို အကာ အကွယ် ပေး မယ့် တစ်ပါတီ စနစ် ဖွဲ့ စည်း အုပ် ချုပ် ပုံအခြေ ခံ ဥပဒေ ကို ရေးဆွဲ ပြဌာန် ခဲ့ ကြ ပါ တော့တယ် ။အဲ့ ဒီ ရဲ့ နောက် ဆက် တဲံ ရ လာဒ် ကတော့ ရဟန်း ရှင် လူ ကျောင်း သား ပြည်သူတွေ အပါအ၀င်(၁၉၇၅ )(၁၃၃၇ ) မှာ အလုပ် သမား အုံ ကြွ မှု့ နှစ် ပတ် လည် ဆန္ဒ ပြ ပွဲ ဖြစ် ခဲ့ ရ ပါ သေး တယ် ။ဆက် တိုက် ဆို သလို ဦး သန့် အရေး အခင်း မိုင်း ရာ ပြည့် (၁၉၇၆)(၁၃၃၈ ) မှာ ဆက် တိုက် ဆို သ လို ဖြစ် ခဲ့ ပါ တယ် ။
မဆလ ရဲ့ ဖွဲ့ စည်း ပုံ အခြေ ခံ ဥပဒေ အတည် ဖြစ် ပြီး (၁၄ ) နှစ် ကြာ လာ တဲ့ (၁၉၈၈) (၁၃၅၀ )ကာလ မှာ ကမ္ဘာ့ ဆင်း ရဲ မွဲ သေ မှု့ နဲ့ ဖွံ့ဖြိုးမှု့ အနိမ့် ဆုံး အဆင့် အဖြစ် ( L D C )နိုင် ငံ အဖြစ် သတ် မှတ် ခြင်း ခံ ခဲ့ ရ ပါ တယ် ။ (LDC ) ဆို တာ ဘာလဲ လို့ မေး လာ ခဲ့ သည် ဆို သော် အရပ် စကား ဈေး စကား နဲ့ ပဲ ဖြေ လိုက် ပါ့ မယ် ။မြန်မာ တစ် နိုင်ငံ လုံး ကို သူ တောင်း စား နိုင် ငံ အဖြစ် သတ် မှတ် လိုက် တာ ပါ ပဲ။ တိုင်း ပြည် လူ ထု က ချွတ် ခြုံ ကျနေ ကြ တဲ အထဲ ပြည် သူ တွေ လက် ထဲ မှာ ရှိ တဲ့ ငွေစက္ကူတွေ ကို တရား မ၀င် ကြေင်းနဲ့ ငွေ မည်း ဖြစ် ကြောင့် ကြောငြာ ပြီး (၇၅/ ၂၅/၃၅ ) ကျပ် တန် တွေ ကို နိုင် ငံ တော် က ဦး စီး တဲ့ ဓါးမြ တိုက် မှူ့ ကြီး ကို ကျူး လွန် ခဲ့ ကြ တယ် ။(၇၅ + ၂၅ x ၃၅ ) = ၁၃၅ ကျပ် ။ (၃) မျိုး ပေါင်း ကို တရား မ၀င် သိမ်း ပြီး ( ၉၀ +၄၅ ) = ၁၃၅ ကျပ် ။ ပြန် ထုတ် ပေး ခဲ့ တယ် ။အား လုံး တွက် စစ် လိုက် ရင် ငွေ စက္ကူ (၄) မျိုး ကို သုံ မရ အောင် ငွေ မည်း ကြေငြာ လိုက် တော့ တယ်။အဲ့ ဒီ အဖြစ် အပျက် က နောင် တစ် ချိန် လောင် စာ ဆီ ဈေး တက် လိုက် လို့ ဖြစ်သွား ခဲ့ ရ တဲ့ (၂၀၀၇)ရွှေဝါ ရောင် တော် လှန်း ဖြစ် စဉ်နဲ့ခပ် ဆင် ဆင် ရယ် ပါ ။ဆင်း ရဲ တွင်း နက် နေ တဲ့ တိုင် သူ ပြည်သာ လက် လုပ် လက် စာ တွေ ရဲ့ အ့ဒီ အချိန် က ဘ၀ တွေ ကို မျက်စေ့ ထဲ ပြန်မြင် ကြည့်ပေး ကြ ပါ ။ ဖွတ် ကျော ပြာစု ဘ၀ ကြီး ပါ ။ ဆင်း ရဲ တွင်း က ရုံး ကန် လွှတ် မြောက် ဖို့ နည်း လမ်း တစ် ခု ပဲ ရှိ ပါ တော့ တယ် ။
အဲ့ ဒီ နည်း လမ်း က လူ ထု အုံ ကြွ မှု့ နည်း လမ်း ပဲ ဖြစ် တယ် ။ အယ် ကိစ္စ ရပ် မှာ မဆို အကြောင်း တရား ကြောင့် အကျိုး တရား တွေ ဖြစ် ပေါ် စမြဲ ပါ ။ (၁၉၈၈- မတ်လ -၁၃ ) လုံထိန်း နဲ့ ကျောင်း ထိပ် တိုက် တွေ့ တယ် ။ ကျောင်း ခေါင်း ဆောင် ရဲ ဘော် ဗိုလ် ဖုန်း မော် ကျ ဆုံး ခဲ့ ရ ပါ တယ် ။အခြေ အနေ နဲ့ အချိန် ကာ လ က လည်း လွန် ခဲ့ တဲ့ နှစ် ပေါင်း (၅၀ ) (၁၉၃၈ ) ကဖြစ် ခဲ့ တဲ့ (၁၃၀၀) ရပြည့် အရေး တော် ပုံ ကြီး ရဲ့ ရွှေ ရ တု ကာ လ လည်း တိုက် ဆိုင် မှု့ အပြည့် နဲ့ အပြောင်း အလဲ တစ် ရပ် လုပ် ဖို့ တွန်း အား ပေး သလို ဖြစ် နေ ပြန် တယ် ။ အဲ့ ဒီ လို အခြေ ခံ ကျ တဲ့ အကြောင်း တွေ ကြောင့် ကျောင်း သား ထု ရဲ့ (မဆလ ) ဆန့် ကျင် ရေး စိတ် ဓါတ် တွေ ပြင်း ထန် လာ သကဲ့ သို့ အင်အား အရာ မှာ လည်း တိုး ပွါး များ ပြားလာ ခဲ့ ပါ တော့ တယ် ။ တက္ကသိုလ် နယ် မြေ အသီသီး ကို ကိုယ် စား ပြု ပြီး ဗကသ အပါ အ၀င် သမဂ္ဂ မျိုး စုံ ကို အလျင် အမြန် ဖွဲ့ စည်း ထူ ထောင် ခဲ့ ကြ ပြီး (မဆလ ) ဆန့် ကျင် ရေး ကျေောင်း သား လူ ထု လှုပ် ရှား မှု့ လှိုင်း ကြီး ကို အရှိန် မြင့် တင် နိုင် ခဲ့ ကြတယ် ။ နာ ဘူ နေ ၀င်း ထွက် ပေး လိုက် ရ တယ် ။သား သတ် သမား စိန် လွင် လည်း ပြုတ် သွား ပြန် တယ် ။ လူ ထု ကျေ နပ် အောင် အရပ် သား အဖြစ် လူ သိ များ တဲ့ ဗိုလ် မှု့ (ငြိမ်း) ဒေါက်တာမောင် မောင် (ထောင် ချ သမား )ကို မဆလ ဗဟို က ထပ် တင် ပြန် တယ် ။ရက် ပိုင်း ပဲ ခံ တယ် ။ပြုတ် သွား ပါ တယ် ။ မဆလ ပါ တီ ရဲ့ ပါ တီ ဌာန ကြီး မှူး ရုံး က ၀န် ထမ်း တွေ / နိုင် ငံ တော် ကောင် စီ ရုံး က ၀န် ခမ်း တွေ အား လုံး လဲ အာ ဏာ ရှင် အသိ အမှတ် မပြု တော့ ပဲ ကျော ခိုင်း ပြီး ရဟန်း ရှင် လူ ကျောင်း ပြည် သူ တွေ နဲ့ ပါ ၀င် ပူး ပေါင်း လာ ခဲ့ ကြ တယ် ။ ထို့ ပြင် တစ် တပ် မတော် လေ တပ မှာ အရာ ရှိ အရာ ခံ အကြပ် တပ် သား များ။တပ် မတော် ရေ မှ အရာ ရှိ အ ရာ ခံ တပ် မတော် သား များ အရပ် ဖက် /နယ်ဖက် ရဲဘက် စစ်ဘက် ပညာရေးဝန် ထမ်း ကြီးများ။ကျန်း မာ ရေး ဌာဝန် ထမ်း များ အိမ် ရှင် မ များ/အထက်တန်း အလယ်တန် မူ လတန်း ကျောင်း သား /ူ များ နှင့်အတူ မူ ကြို နေ့ ကလေး ထိန်း ကျောင်း မှ သားသမီ ငယ် လေး များ ပါ မကျန် အား လုံးက လည်း အချိန် နဲ့ တစ် ပြေး ညီ လူ ထု လှုပ် ရှား မှု့ အရေး တော် ပုံ ကြီး အတွင်း ပါ ၀င် အား ဖြည့် လာ ခြင်း ကြောင့် နိုင် ငံ လုံး ဆိုင် ရာ အထွေ ထွေ သပိတ် ကြီး အသွင် ကို ဆောင် ခဲ့ ပါ တယ် ။
ရလဒ် အနေ နဲ (မဆလ ) (၂၆) နှစ် အုပ် ချုပ် မှု့ ကို ဖြုတ် ချ နိုင် ခဲ့ တယ် ။ လူထု အုံ ကြွ မှု့ သမိုင်း မှာ သမ္မတ (၃)ကောင် ကို ရက် ပိုင်း /လပိုင်း မခြား ပဲ ဖြုတ် ချ ဖယ် ရှား နိုင် ခဲ့ တယ် ။ တိုင်း ပြည် ရဲ့ အာဏာ (၃) ရပ် ကို အဓမ္မ နည်း နဲ့ သိမ်း ပိုက် ခဲ့ တဲ့အာ ဏာာ ရှင် တော် လှန် ရေး ကောင် စီ မျိုးဆက် ဖြစ် တဲ့ မဆလ အမျိုး ယုတ် တွေ ကို ကျနော် တို့ နောင် တော် ကြီး တွေ ဖြစ် တဲ့ ဆဲ ဗင်း ဇူ လိုင် မျိုးဆက် ဖြစ် တဲ့ (၈၈) မျိုး ဆက် က ဖယ် ရှား နိုင် ခဲ့ ကြ တာ မျိုး ကမ္ဘာ့ သမိုင်း မှာ ဘယ် နိုင် / ဘယ် လူ မျိုး က မှ မချိုးနီုင်တဲ့ စံချိန် တစ် ခု ကို စိုက် ထူ ကမ္မည်း ထိုး မှတ် တမ်း တင် နိုင် ခဲ့ ကြ ပါ တယ် လို့ ပြော ပြန် ရင် လည်း သင်း နီ နီ ပဲ လွန် ရာ ကျ မ လား မသိ ပါ ။
ပြည် လုံး ကျွတ် အထွေ ထွေ သပိတ် ကြီး ရဲ့ နောက် ဆုံး အန္တိ မ ရည် မှန်း ချက် ဖြစ် တဲ့ “ ကြား ဖြတ် အစိုး ရ ” (ခ) အမျိုး သား အသွင် ကူး ပြောင်း ရေး အစိုး တစ် ရပ် ” ဆို တဲ့ စိတ် ကူ ယဉ် အိမ် မဟုတ် တဲ့ လက် တွေ့ အကောင် အထည် ဖေါ် မယ့် အစီ အစဉ် ကို ဖျက် လို ဖျက် ဆီး အ လုပ် ခံ လိုက် ရ တဲ့ အချိန် က တော့ (၁၉၈၈ ခု နှစ် စက် တင်္ဘာလ-၁၈ )ရက် နေ့ ညနေ ( ၄း၀၀ ) တိတိ ပဲ ဖြစ် ပါ တော့ တယ် ။
ဖြစ် ပျက် ခဲ့ တဲ့ အခြေ အနေ အရပ် ရပ် ကို သမိုင်း ရက် စွဲ တွေ နဲ့ ယှဉ် တွဲ ဖေါ် ပြ ခဲ့ တာ က အကြောင်း ရှိ လို့ ပါ ။ ဘာ ကြောင့် ဆို့ လူ တစ် ယောက် ရဲ့ သမိုင်း က အစ နိုင် ငံ တစ် နုင် ငံ ရဲ့ သမိုင်း အဆုံး အား လုံး မှာ အပြောင်း အလဲ ဖြစ် သွား လာ နိုင် လောက် တဲ့ အချိုး အကွေ့ တွေ ဖြစ် ပေါ် စမြဲ မို့ ပါ ။ နှစ်ကာလ ဘယ် လောက် ကြာ ရင် ဘယ် ကဲ့ သို့ သော လှုပ် ရှား မှု့ တွေ နဲ့ ဘယ် ကဲ့သို့ သော အပြောင်း အလဲ တွေ ဖြစ် တတ် သလဲ ဆို တာ ရန် သူ ထက် ကိုယ် က ပို ပြီး ကြို ပြီး သိ ထား နိုင် ရင် အောင် ပွဲ ဆင် နိုင် မှာ မြေ ကြီး လက် ခံ မလွှဲ ပါ ။
စစ်ကျွန် ပြု စံနစ် ဆိုး ကို မြေလှန် ပစ် ကြ ပါ စို့
စစ် ကျွန် စနစ် ကင်း စင် ရမည် ------- အမိ မြန် မာ ပြည်
စတုတ္ထ အတွေးအခေါ်များ နှင့် စတုတ္ထ အင်း အား စု များ ဖြင့် ပဉ္စမ ပြည် ထောင် စု နိုင် ငံ တော် ကြီး ကို ပြန် လည် ထူ ထောင် ကြ ပါ စို့
အရေးတော် ပုံ ------------- အောင် ရ မည်
အရေးတ်ာပုံ ---------------အောင် ရ မည်
အရေးတော်ပုံ အောင် ရ မည်
တာဝန် /ယုံ ကြည် ချက် / ခံယူ ချက် အ ရ ။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးး======== ရဲ ဘော် သင်း နီနီ ခေတ္တ - တော် လှန် ရေး နယ် မြေ
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment