ပြဿနာအဖြစ်ဆုံး စင်ကာပူသံရုံးအခွန်အကြောင်း
by ၀တ်မှုန် (စင်ကာပူ)
 
၂၃ ရက် တနင်္လာနေ့မနက် စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် အရင်စနစ်ဟောင်းအတိုင်း ရုံးရင်းဆန်ခတ်ဖြစ်နေစဉ်

Online Q စနစ်ကို ကောင်းမွန်စွာ update မလုပ်နိုင်ပဲ online တွင် Q ယူသမျှလူတိုင်းကို Q နံပါတ်မပါ နေ့စွဲသာပါရှိသော Form ကို ထုတ် ပေးလိုက်ရာ၊ သံရုံးရှေ့တွင် လူပေါင်း ၅၀၀ ကျော်မျှ Q နံပါတ်ရရှိရေးအတွက် ပြန်လည်တန်းစီခဲ့ကြရပါသည်။ နှစ်နာရီနီးပါးမျှ တန်းစီ ခဲ့ ရပြီးနောက် loud speaker နှင့် online မှ Form ထုတ်ယူခဲ့သူတိုင်း တန်းစီရန်မလိုပဲ Counter တွင် တိုက်ရိုက် Q ရယူနိုင်ကြောင်း ကြေငြာ လိုက်ရာ သံရုံးပြင်ပတွင် တန်းစီနေသောလူအုပ်ကြီးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အလွန်ကျဉ်းမြောင်းသော counter အပေါက်လေးသို့ ပြုံ တိုးခဲ့ကြရာ ရုပ်ရှင်ရုံတွင် တိုးကြိတ်တန်းစီသကဲ့သို့ ဖြစ်ပျက်ခဲ့ပြီး၊ ယင်းကဲ့သို့  တိုးကျိတ်မှုထဲတွင် Visa လာရောက်လျှောက်ထားသော နိုင်ငံ ခြားသားများပင် ချွေးသံရဲရဲ ပါဝင်ခဲ့ကြတဲ့အတွက် ရှက်ဖွယ်လိလိဖြစ်ခဲ့ရကြောင်း ယခုသံရုံးထဲမှနေ၍ update သတင်းပေးလိုက်ရပါတယ်။
၁၀ ရက်လောက် သင်္ကြန်ရုံးပိန်ရက်များနဲ့ အနားယူနေကြတဲ့ သံရုံးဝန်ထမ်းများ၊ ရုံးပြန်ဖွင့်ချိန် အံသြစရာဖြစ်ရပ်ကြုံလိုက်ရပါတယ်။ သံရုံး အွန်လိုင်းဘွတ်ကင်စနစ်ရဲ့အားနည်းချက်ကြောင့် လူပေါင်းများစွာ၊ ၂၃ ရက် တနင်္လာနေ့မှာရောက်လာတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ် သွားပါတယ်။ သံရုံးကအရေးပေါ် တန်းစီစနစ်ကို ပြန်ကျင့်သုံးခိုင်းလိုက်ပါတယ်။ လာရောက်သူများစွာ အလွန်စိတ်ပျက်ရပါတယ်။ နာရီပိုင်း လောက်နဲ့ ပြီးသွားမယ်ထင်သူများ၊ တရက်ခွင့်ယူပြီးလာသူများလည်း ကသိကအောက်ဖြစ်ရပါတယ်။ စာရေးဆရာကြီး ဦးအေးငြိမ်း မြန်မာ ပြည်ပြန်ပြီး နေပြည်တော်မှာ စင်ကာပူအင်ဂျင်နီယာ Safety & Health တင်ပြဖို့မသွားခင် ၂၃ ဧပြီလက၊ အခွန်ဆောင်ဖို့ကြိုးစားရာ မြန်မာ ပြည်ကြီး၊ ပြုပြင်ပြောင်းလဲရေးအတွက်အားတက်နေချိန် သံရုံးအခွန်သွားဆောင်စဉ် ကသိကအောင့် တော်တော်ကြီးဖြစ်သွားရပါတယ်။
နောက်ဆုံးတော့ သံရုံးဝန်ထမ်းများ အချိန်ပိုလုပ်အားပေးပြီး၊ ညသန်းကောင်ကျော်တဲ့အထိ အခွန်ဆောင်၊ ပတ်စပို့သက်တမ်းတိုးခြင်းများကို လုပ်ဆောင်ပေးလိုက်ပါတယ်။ ဒီရက်မှာ ပြီးကိုပြီးမှဖြစ်မယ်ဆိုသူများစွာ ညသန်းကောင်ထိ စိတ်ရှည်စွာစောင့်ကြပါတယ်။ သံရုံးဝန်ထမ်းများရဲ့ စေတနာနဲ့ ညလုံးပေါက်လုပ်ပေးကြပေမဲ့၊ ညသန်းကောင်ထိစောင့်လိုက်ရလို့၊ သံရုံးကို မကျေနပ်သူများစွာ ရှိနေဆဲပဲဖြစ်ပါတယ်။ မြန်မာသံရုံး ကို ဗီဇာလာလျှောက်တဲ့ဥရောပသားများလည်း တိုးကြိတ်မှုများနဲ့၊ အဲဒီနေ့က ချွေးသံရွှဲရွှဲဖြစ်သွားရတယ်လို့ ဆိုပါတယ်။
ဘယ်နိုင်ငံမှာမကောက်တဲ့အခွန်ကို မြန်မာစစ်အစိုးရကကောက်ခံနေတာ နှစ်ပေါင်းများစွာရှိပါပြီ။ စင်ကာပူက DTASA အဖွဲ့က ၂၀၀၇ က တည်းက အခွန်မဆောင်ရေးအတွက် အပြင်းအထန်လှုံ့ဆော်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါ။ ၂၀၁၁ အစိုးရသစ်ပြောင်းလဲချိန်မှာ အခွန်ကို ၂ ရာခိုင် နှုန်း ယာယီလျှော့ချပေးပါတယ်။ လူတွေက ဒီ ၆ လပြီးရင် အရင်တိုင်း ၁၀ ရာခိုင်နှုန်း ပြန်ကောက်မယ်ပြောဆိုကြပေမဲ့။ မမျှော်လင့်ပဲ မြန်မာ အစိုးရသစ်က ၂၀၁၂ ဇန္န၀ါရီကစပြီး အခွန်ပေးစရာမလိုတော့ကြောင်း ကြေငြာလိုက်ပါတယ်။
အခုအခါ မြန်မာပြည်တွင်းမှာ ၀င်ငွေကောင်းသူများစွာရှိနေတဲ့အတွက်၊ စင်ကာပူအလုပ်လာလုပ်သူများရဲ့ဝင်ငွေဟာ အခွန်ဆောင်စရာမလို တော့ဘူးလို့လဲ ပြောရင်ရပါတယ်။
• ကျန်ရှိတဲ့ပြဿနာများ

အခုအချိန် ယခင်နှစ်ပေါင်းများစွာ အခွန်မဆောင်ခဲ့သူများ၊ အခွန်ဆောင်၊ ပတ်စပို့သက်တမ်းတိုးလုပ်နေကြပါပြီ။ အချို့လည်း အခွန်ဆောင် လက်မှတ်နဲ့ ကားပါမစ်ကို ငွေကုန်ခံ၊ မြန်မာပြည်ပြန်ပြီး ရအောင်လုပ်ကြတယ်။ အဆင်မပြေသူများပေမဲ့ ပြေသူများလည်း ရှိပါတယ်။ နိုင်ငံ တကာရောက် မြန်မာများမှာ အခွန်မပေးမနေရ ပေးနေသူမြန်မာများမှာ၊ စင်ကာပူနေထိုင်သူများဖြစ်ပါတယ်။ အခွန်ပေးစရာမလိုတော့ခြင်းကို စင်ကာပူရောက် မြန်မာများပဲ အကျိုးခံစားရပါတယ်။

အခုလောလောဆယ် ပြဿနာအဖြစ်ဆုံးကတော့ တလကို စင်ကာပူဒေါ်လာ ၄၀ နှုန်းနဲ့ မြန်မာပြည်ပြန်ပြီး၊ အခွန်ဆောင်သူများကို စင်ကာ ပူမြန်မာသံရုံးက ခြားနားခွန်ထပ်မံကောက်လို့ မကျေနပ်ကြောင်း ခင်ကလျာစိုးက သူမရဲ့ဖေ့စ်ဘုတ်မှာ တင်ပြခဲ့ပါတယ်။ မိုမခမှ ဧပြီ ၂၆ ၂၀၁၂ ထပ်မံဖေါ်ပြပါတယ်။ စင်ကာပူမှာအလုပ်လုပ်တဲ့ S-pass နဲ့ PR များကို စင်ကာပူသံရုံးက တလ S $80, S $120 မနှစ်က အခွန် ဟောင်းများကိုတောင်းခံနေခြင်းဟာ ပြဿနာကြီးတခုဖြစ်နေပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment