အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)

 
သင်္ကြန်ဆိုသည်နှင့်သံချပ်ဆိုသည် ခွဲလို့ရသည့်အရာမဟုတ်ချေ။ သင်္ကြန်ချိန်ခါရောက်တိုင်း စိတ်ဝင်တစား အားပေးနားဆင်ခဲ့ရသည့် သ င်္ကြန်သံချပ်များ နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ကွယ်နေခဲ့သည့်အတွက် အသက် (၂၀) ဝန်းကျင်လူငယ်များအဖို့ သံချပ်ဆိုတာ ရေရေ လည်လည်သိမြင်နိုင်ဖို့မှာ ခဲယဉ်းသည့် အရာပင်ပေသည်။ ယခုနှစ် (၁၃၇၃ ခုနှစ်) သင်္ကြန်တွင်တော့ တခေတ်တခါက ထင်ရှားသော သံချပ် အဖွဲ့များပါဝင်သလို (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့သည် ဟိုယခင်ကနာမည်ရခဲ့သည့် “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့” နှင့် ပူးပေါင်းကာ သင်္ကြန်ပထမအကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပွဲဦးထွက်စတင်ဖျော်ဖြေခဲ့ကာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်၊ ရပ်ကွက်များသို့ သွားရောက်လှည့် လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။
(၈၈) မျိုးဆက်ကျောင်းသားများထိုးသည့်သံချပ်များသည် အကျဉ်းထောင်ထဲ၌ရေးစပ်ခဲ့ သည့်သီချင်းများနှင့်အတူ ပြည်သူလူထုတို့၏ အသံ များအားကိုယ်စားပြုသည့် သံချပ်များရေးဖွဲ့ခဲ့သလို ဂီတစာဆို ဂန္တဝင်မောင်ဝိုင်း၏သားဖြစ်သူ ဒီဥက္ကာမှလည်း နိုင်ငံအတွင်း အခြေအနေ အချို့အားထည့်သွင်းရေးစပ်ကာ “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့” တို့ပူးပေါင်းကာ ရန်ကုန်မြို့တွင်း လှည့်လည်ဖျော်ဖြေခဲ့ကြပြီး မထင် မှတ်ဘဲ ဖျော်ဖြေရေးမှရရှိခဲ့ကြသည့် အလှူငွေများအား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ယနေ့ ၂၇.၄.၂၀၁၂ ညနေ (၅း၀၀) နာရီအချိန် ရုံးဆင်းချိန်၌ ဆိုင်းမဆင့် ဘုံမဆင့်ဖြင့် (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့တို့လာရောက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားတွင် (၈၈) ကျောင်းခေါင်းဆောင် ကိုမင်းကိုနိုင်မှ အလှူငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ နာရေးကူညီ မှုအသင်း (ရန်ကုန်) သို့ အလှူငွေပေးအပ်ခြင်း၊ “မောင်မောင်ဆိုလေ ထီးရိုးရှည်” အဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ ရွှေညဝါကျောင်းတိုက် (မှော်ဘီ) ၌ သင်္ကန်းစီး၍ သီတင်းသုံးနေကြသော (၈၈) ကျောင်းသားအဖွဲ့ သံဃာတော်များကပါ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အလှူ ငွေ တစ်သိန်းခွဲနှင့် သုခရိပ်မြုံ HIV မိဘမဲ့ကလေးဂေဟာသို့လည်း အလှူငွေ တစ်သိန်းခွဲ အသီးသီးလှူဒါန်းခဲ့ကြသည်။ (၈၈) ကျောင်းသား သံဃာတော်များသည် ပူပြင်းလှသော ရာသီဥတု၏အောက်ဝယ် ဖိနပ်မပါ ထီးမပါဘဲ ဆွမ်းခံကြွစဉ်က ပြည်သူလူထုမှ လှူဒါန်းမှုပြုကြသော ဝတ္ထုငွေများကို ယခုကဲ့သို့ သာသနာပြုရင်း အလှူဒါနပြုခဲ့ခြင်းဖြစ်သည်။ ထို့အတူ (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးစီးသော သင်္ကြန်သံချပ်အဖွဲ့သည်လည်း နွေရာသီ၏ ပူပြင်းသောဒဏ်ကို ကြံ့ကြံ့ခကာ ပြည်သူလူထုတို့အား သံချပ်သမိုင်းကို ပြန်လည်ဖော်ထုတ်ရင်းနှင့် ရရှိခဲ့သော အလှူငွေများထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ (၁၀) သိန်းကျပ်တိတိနှင့် “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့အား (၁၀) သိန်းကျပ်တိတိ ချီးမြှင့်ဂုဏ်ပြု လှူဒါန်းခဲ့သည်။
ထိုထိုသော ပေးဆပ်မှုများ၊ အနစ်နာခံမှုများဖြင့်ရရှိလာသော သန့်စင်မွန်မြတ်လှသည့် ငွေကြေးများကို ယခုကဲ့သို့ လူမျိုး ဘာသာ၊ ဆင်းရဲချမ်း သာမရွေးတို့အား (အခမဲ့) ကူညီပံ့ပိုးပေးနေသော ကျွန်တော် တို့နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းခြင်းသည် မြင့်မြတ်လှသော ကောင်းမှုအလှူ ပွဲတော်ကြီးပင်ဖြစ်တော့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment