မြန်မာသတင်းများ ဧပြီလ ၀၄ ရက် ၂၀၁၂ ခုနှစ်
ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ အင်္ဂါနေ့ညနေတွင် ပြီးသတ်ကြေညာလိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ အင်္ဂါနေ့ကြေညာချက်အရ အနိုင်ရရှိသူ ငါးဦးတွင် NLD ကိုယ်စားလှယ် သုံးဦး ထပ်မံ ပါဝင်လာသည်။ပြည်သူ့လွှတ်တော်အတွက် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီနှင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တို့မှဒေါ်ခင်မွှေးလွင်တို့ အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် အမှတ် ၃ အတွက် ဒေါက်တာမြင့်နိုင် က NLD ကိုယ်စားလှယ်များအဖြစ် အရွေးချယ်ခံရခြင်း ဖြစ်သည်။

တနင်္လာနေ့က ထုတ်ပြန်သည့် ကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၅ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတို့တွင် NLD က အနိုင်ရရှိထားပြီး ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီသည် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ NLD သို့ ကူးပြောင်းလာ၍ NLD အတွက် အမျိုးသားလွှတ်တော် အမတ်နေရာ ၅ နေရာ ရရှိမည် ဖြစ်သည်။
ထို့ကြောင့် NLD ၏ လွှတ်တော်အမတ် စုစုပေါင်းမှာ ၄၄ ယောက်ရှိနေသည်။ထို NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးအနက် နှစ်ဦးမှာ ပဲခူးနှင့်ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်များတွင် တက်ရောက်ကြမည်ဖြစ်ပြီး ကျန် ၄၂ ဦးသာ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် တက်ရောက်ကြမည်ဖြစ်သည်။
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး ရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃၂ ဦးသာ ရှိနေမည် ဖြစ်သည်။
လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၆၅၆ ဦး ရှိမည် ဖြစ်သည်။
ထို့ကြောင့် အသစ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော်တွင် NLD လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦးမှာ ၆.၄ ရာခိုင်နှုန်းအဖြစ် ပါဝင်ကိုယ်စားပြုနေမည် ဖြစ်သည်။ကော်မရှင်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်း က လည်းကောင်း၊ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြ ကလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။

ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ၄၃နေရာ အနိုင်ရ
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ဖို့ ကျန်နေသေးတဲ့ (၅) နေရာရဲ့ အနိုင်အရှုံးစာရင်းကို ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေငြာလိုက်ပြီမို့ ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ် အကုန်လုံးရဲ့ စာရင်းတွေ ထွက်လာပြီ ဖြစ်ပါတယ်၊ လစ်လပ် မဲဆန္ဒနယ်တွေမှာ NLD ကအများစု အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲတွင်း မသမာမှုရှိခဲ့တာတွေကို အသေးစိတ် ပြန်လည် စစ်ဆေးပြီး လိုအပ်ရင် တိုင်ကြားတာတွေ လုပ်မယ်လို့ NLD ပါတီက ပြောပါတယ်၊
လစ်လပ် မဲဆန္ဒနယ်တွေရဲ့ ရွေးကောက်ပွဲ ရလဒ် အဖြေတွေထဲက ကျန်နေသေးတဲ့ ၅ နေရာရဲ့ အဖြေတွေကို ဒီကနေ့ ညနေ ၆ နာရီက ထုတ်ုပြန်လိုက်ပြီမို့ မဲဆန္ဒနယ် ၄၅ နေရာစလုံးရဲ့ ကိုယ်စားလှယ်တွေ စာရင်းတွေ ထွက်လာပါပြီ၊ လစ်လပ်နေရာ ၄၅ နေရာမှာ ၄၄ နေရာယှဉ်ပြိုင်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၄၃ နေရာ အနိုင်ရပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ၁နေရာ၊ ရှမ်း ကျားဖြူပါတီက ၁နေရာစီနဲ့ အနိုင်ရသွားပါတယ်၊ ဒီစာရင်းဟာလည်း NLD က ကြိုတင် ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်၊
ရွေးကောက်ပွဲရလဒ် ကြံခိုင်ရေးပါတီလက်ခံ
ကာချုပ်ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဟု သတင်းစာ ဖော်ပြ
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဖြစ် ရာထူးတိုးမြင့်သွားကြောင်း သိရသည်။ ယမန်နေ့က ဘင်္ဂလားဒေ့ရှ် လေတပ်ဦးစီးချုပ် နှင့် တွေ့ဆုံသည့် သတင်းကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြရာ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟု ပါရှိသည်။
ကာကွယ်ရေးဦးစီးချုပ် ရာထူးတိုး
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့အား ရာထူးတဆင့် တိုးမြှင့် ဖော်ပြထားသည်ကို အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ရန်
နေပြည်တော် လေဆိပ်မှ ဧပြီလ ၂ ရက်နေ့က ထွက်ခွါသွားသည်ကို လိုက်ပို့သည့် ထိပ်တန်းအရာရှိများ စာရင်းတွင် ကာ/ချုပ်နှင့် ဒု-ကာ/ချုပ်တို့၏ အမည်များလည်း ပါဝင်ရာ ယခုကဲ့သို့ ရာထူးတဆင့်တိုး ဖော်ပြထား
ခြင်း ဖြစ်သည်။
“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း”ဟု မြန်မာ့အလင်း သတင်းစာ တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။၎င်းတို့၏ယခင်ရာထူးများမှာ ဗိုလ်ချုပ်ကြီးနှင့် ဒု-ဗိုလ်ချုပ်ကြီးတို့ဖြစ်ပြီး ယခုကဲ့သို့ တပ်မတော်အတွင်း ရာထူးအဆင့် တိုးမြှင့်လိုက်ခြင်းများကို နိုင်ငံပိုင်သတင်းစာများတွင် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများမှ တဆင့် ဖော်ပြပေးလေ့ရှိသည်။

မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန် မတန်သေး
မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက ဒီဖိအားတွေကို ရုပ်သိမ်းဖို့ရာ အချိန်မကျသေးကြောင်း အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က ရီပတ်ဗလီကင် အမတ် Mitch McConnell က ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အမတ်တွေ ရွေးကောက် တင်မြှောက်ခံရတာဟာ တိုင်းပြည်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေး ကြောင်းဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်အမတ် Joseph Crowley ကလည်း အပြည်ပြည်ဆိုင်ရာ မိသားစုအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့မှုတွေကို အလျင်စလို ရုပ်သိမ်းရမယ့် အချိန်မဟုတ်သေးဘူးလို့ အစောပိုင်းကတည်းက ပြောဆိုထားကြောင်းပိတ်ဆို့ အရေးယူမှု အများစုဟာ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအောက်မှာ ချမှတ်ထားတာဖြစ်လို့ ရုပ်သိမ်းရာမှာလည်း လွှတ်တော်နှစ်ရပ်စလုံးက အမတ်အများစုတွေ သဘောတူကြရမှာ ဖြစ်ကြောင်းဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အစုအဖွဲ့  AIPMC က ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆင်နွဲနိုင်တာဟာ စစ်အစိုးရ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မေ့ပျောက်ပစ်ရမယ်လို့ မဆိုလိုကြောင်း
ဒါ့အပြင် လာမဲ့ ရက်သတ္တပတ် ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပတဲ့အခါ အာဆီယံနိုင်ငံတွေ အနေနဲ့ ဝမ်းသာပီတိဖြစ်ကြောင်း ပြသမနေဖို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်လည်း မျှမျှတတ စဉ်းစားပေးဖို့ လိုအပ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲအား ၈၈ နှင့် NCUB ကြိုဆို၊ ဗကပ အကြံပြု
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ ကြေညာချက်ဖြင့် သဘောထားများ ထုတ်ပြန်ကြရာတွင် ပြည်တွင်းမှ ၈၈ မျိုးဆက် ကျောင်းသားများ၊ ထိုင်း-မြန်မာ အခြေစိုက်
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB နှင့် တရုတ်-မြန်မာ နယ်စပ်ရှိ ဗကပ တို့လည်း ပါဝင်သည်။
NCUB ၏ ‘ကြားဖြတ်ရွေးကောက်ပွဲမှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆီသို့’ ခေါင်းစဉ်တပ် ကြေညာချက်တွင်မူ တနင်္ဂနွေနေ့ ရွေးကောက်ပွဲရလဒ်အား “လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု”လိုက်ပြီး ငြိမ်းချမ်းရေး အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် နောက်တဆင့် တက်လှမ်းနိုင်မည့် အနေအထားသို့ ရောက်ရှိလာပြီဟု ဆိုသည်။
ဦးသိန်းစိန် အစိုးရ အနေဖြင့် “နိုင်ငံအဝှမ်း အပစ်အခတ် ရပ်စဲရေး လုပ်ရန်နှင့် တနိုင်ငံလုံးလွှမ်းခြုံသည့် လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ခြင်း” များ လုပ်ရန် NCUB က အင်္ဂါနေ့ထုတ် ကြေညာချက်တွင် တိုက်တွန်းထားသည်။ထို့အပြင် နိုင်ငံတကာ အကူအညီပေးသူများနှင့်ပတ်သက်၍ “လူထုအနေဖြင့် ချက်ချင်း အလုပ်အကိုင်ရရှိစေမည့်နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း” ကိစ္စရပ်များနှင့် “ပြည်တွင်းရေကြောင်းလမ်းနှင့် မီးရထားလမ်းစနစ်များ ခိုင်မာအောင် တည်ဆောက်ခြင်း” များအတွက် အကူအညီပေးသည့်ကြောင်းလည်း NCUB မှ အင်္ဂါနေ့ထုတ် ကြေညာချက်မှာပင် အကြံပြုထားသည်။
NCUB ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရက်တစ် အတိုက်အခံများဖြင့် စုပေါင်းဖွဲ့စည်းထားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေဖြင့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှ “ရဲရင့်တဲ့ ပြည်သူ၊ စစ်အာဏာရှင်ကို မုန်းတီးတဲ့ ပြည်သူရဲ့ ဆန္ဒကို အထင်အရှား မြင်လိုက်ရပါတယ်”ဟု သဘောထားထုတ်ပြန်ထားသည်။

KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့်ဆွေးနွေးမည်
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို သောကြာနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် “အပစ်အခတ် ရပ်ဆိုင်းဖို့အတွက် ပဏာမ သဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ဖို့အတွက် ဘာတွေလိုမလဲဆိုတာ ဆွေးနွေးသွားမှာပါ” ဟု နော်မေဦး က ပြောသည်။
KNU နှင့် အစိုးရတို့ကြား အပစ်ရပ်ရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပဏာမ သဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် အပြစ်အခတ် ရပ်စဲရန်၊ နှစ်ဘက်လုံး ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်မှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။KNU ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် KNU က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တပ်များရုပ်သိမ်းပေးခြင်း မရှိသေးဟု နော်မေဦးက
“တိုက်ပွဲတွေဖြစ်နေတာ မရှိပေမယ့် အပြောင်းမလဲ ကြီးကြီးမားမားကြီးတော့ မရှိပါဘူး။ ဒါ့အပြင် ဆိုးဆိုးရွားရွား အခြေအနေလည်း ဖြစ်မနေပါဘူး တိုက်ပွဲဖြစ်သလိုမျိုးပေါ့။ ကရင်ရွာတွေမှာ အစိုးရရဲ့ တပ်တွေရှိနေတုန်းပဲ၊ စစ်ဒေသ ဆိုတာ သေနတ်တွေ အမြဲတမ်းတဒုန်းဒုန်းနဲ့ ပစ်နေမှ မဟုတ်ဘူး” ဟု ရှင်းပြခဲ့သည်။
သောကြာနေ့ ဆွေးနွေးပွဲသို့ KNU ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့နှင့်အတူ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၂၁ ဦး လိုက်ပါသွားမည်ဟုလည်း သိရသည်။KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်မှ စစ်ဌာနချုပ်များမှ တပ်မှူးများ၊ ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်လူထုနှင့်လည်း တွေ့ဆုံရန်ရှိသည်။
KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၆ ရက် ၇ ရက်နေ့များတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိပြီး “နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှု သဘောထား၊ သူတို့တွေနဲ့ ဘယ်လိုနေရာမျိုးတွေမှာ အင်အားဖြည့်ပြီးတော့ အလုပ် လုပ်လို့ရမလဲ။ ဒီဟာတွေကို ကျမတို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ကျမတို့အားလုံး စုပေါင်းပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်”
KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို အစိုးရမှ လွှတ်ပေးခြင်းသည် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး
ဆွေးနွေးမှု အတွက် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုကို ရရှိစေပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ဝင်ခဲ့သည့် NLD ပါတီမှ အမတ်များ လွှတ်တော်တွင်း ဝင်ရောက်ခွင့် ရရှိခြင်းကလည်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်စေမည်ဟုလည်း KNU ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦးဖြစ်သူ နော်မေဦးက ယူဆသည်ဟု လည်းပြောသည်။

DKBA နိုင်ငံရေးအဖွဲ့ ဖွဲ့စည်း
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) က အနာဂတ်တွင် နိုင်ငံရေးအရ စီမံချမှတ်မှုများ လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ကလို့ထူးဘော ကရင်အစည်း အရုံး(KKO)ဟု ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မြဝတီအခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး မောင်လေး က ပြောသည်။ KKO ကို ဥက္ကဌ အဖြစ် မန်းရောဘတ်ဇန် ၊ ဒု ဥက္ကဌ ဗိုလ်ချုပ် စောမို ရှေး၊ အထွေထွေ အတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဖက် အတွင်းရေးမှူး (၁) နော်ကော်သူးလေ လားဖော၊ တွဲဖက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့နှင့် ပါဝင်ဖွဲ့စည်းထားသည်။ KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေး ဌာန၊ ကျန်း မာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအ၀င် ဌာန ၁၂ ခု ပါရှိမည်ဖြစ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ အပြုသဘောမြင်
ဧပြီ ၁ ရက်ကျင်းပပြီးသည့် ကြားဖြတ်ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန် ၊ ကနေဒါ စသည့် နိုင်ငံ တကာက အပြု သဘော ပြောဆို လိုက်ကြသည်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးအတွက် အရေးပါသည့် ခြေ လှမ်း တရပ် ဖြစ်ကြောင်း ချီးကျူး လိုက်ပြီး မြန်မာနိုင်ငံသည် ပွင်းလင်းမြင်သာပြီး ပြုပြင်ပြောင်း လဲမှုများပိုရှိသည့် လမ်းကြောင်းကို ဆက်သွားမည်ဟု မျှော်လင့်ကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က ပြောဆို သည်။
မြန်မာကို နိုင်ငံတကာ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရန် အာဆီယံ လိုလား
မြန်မာနိုင်ငံတွင် ဧပြီ ၁ ရက်က ကျင်းပပြီးစီခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည် မျှတပြီးကောင်းမွန်သည့် ရွေးကောက်ပွဲတရပ် ဖြစ် ၍ ကြိုဆိုကြောင်းနှင့် နိုင်ငံတကာက မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းသင့်ကြောင်း အာဆီယံက တောင်းဆိုလိုက် သည်။ ယင်းရွေးကောက်ပွဲသည် ဒီမိုကရေစီ လမ်းကြောင်းကို ရှေးရှုသည့် အပြုသဘောဆောင်သော ခြေလှမ်းတရပ်ဖြစ်သည်ဟု လည်း လက်ရှိ အာဆီအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက ထုတ်ပြန်ပြောဆိုသည်။
ရှမ်းပြည်နယ်၌ ရှမ်းပါတီ SNDP တနေရာ အနိုင်ရ
ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းယယ်၊ ကွန်းလုံ အမျိုးသားလွှတ်တော် တနေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)က ကိုယ်စားလှယ် ဦးစိုင်းစံမင်းက မဲ လ၂၀၀၀ ကျော်အကွာဖြင့် NLD နှင့် ကြံ့ခိုင်းရေး ပါတီ ကို အနိုင် ရရှိကြောင်း VOA သတင်းဌာန က ထုတ်ပြန်သည်။
KNU ငြိမ်းချမ်းရေး ဆွေးနွေးရန် မနက်ဖြန် ရန်ကုန် သွားမည်
ကရင်အမျိုးသား အစည်းအရုံး(KNU) သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် မနက်ဖြန်တွင် ရန်ကုန်မြို့သို့ သွားရောက် မည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးရာတွင် နိုင်ငံရေးအရ ဆွေးနွေးမည်ဖြစ်သည်ဟု ဆိုသည်။ KNU က ဗဟို အစိုးရနှင့် သာ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြောဆိုထားသည်။
KNU နှင့် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် တွေ့မည်
ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ရက်ပိုင်းအတွင်းတွေ့ဆုံမည်ဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါက ယနေ့ ပြောလိုက်သည်။KNU ကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရန်ကုန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း ထိုသို့ တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ထိုသို့ တွေ့ဆုံခြင်းဖြင့် အပြုသဘော ဆွေးနွေးရေး၊ နှစ်ဖက် ရင်းနှီးမှု ရရှိရေးတို့ ဖြစ်ပေါ်လာမည်ဟု KNU က မျှော်လင့်ထားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ ကိုယ်စားလှယ်လောင်းများ မဲအပြတ်သတ် အနိုင် ရရှိခဲ့ခြင်းအား KNU က ဂုဏ်ယူကြောင်း၊ သို့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး နှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ လွှတ်တော်ထဲတွင် နေရာ အများစု ရရှိထားသည့် ကြံ့ခိုင်ရေးပါတီကလည်း စိတ်ရင်း စေတနာမှန်နှင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မတီ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရသည်။KNU မှ ခွဲထွက်သွားသည့် အဖွဲ့တခုဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် ဖေဖော်ဝါရီလဆန်းပိုင်းက အစိုးရနှင့် ဆွေးနွေးမှု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ပြီး ဆွေးနွေးခဲ့ကြသေးသည်။
အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ၁၆ ဦးပါ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကြာသပတေးနေ့တွင် ဘားအံမြို့၌ ပြည်နယ်အဆင့်၊ သောကြာနေ့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးကြမည်ဟု သိရသည်။KNU နယ်မြေအတွင်း တပ်စွဲထားသော အစိုးရတပ်များ ရွေ့ပြောင်းပေးရေး၊ နှစ်ဖက်တပ်များ ကူးသန်း သွားလာရန် နယ်မြေ သတ်မှတ်ရေး စသည့် ကိစ္စရပ်များကို တကြိမ်ထက်မက ဆွေးနွေးညှိနှိုင်းရဦးမည်ဟု သူက ဆက်ပြောသည်။
အပစ်အခတ် အမှန်တကယ် ရပ်စဲနိုင်ပါက နယ်မြေ သတ်မှတ်ရေး၊၊ နှစ်ဖက်တိုက်ပွဲများကြောင့် ကရင်ပြည်နယ် အတွင်း နှစ်ကာလများစွာ အိုးအိမ် စွန့်ခွာ ပုန်းရှောင်နေရသည့် ရွာပုန်း၊ ရွာရှောင် ဒုက္ခသည်များ၊ ထိုင်းနိုင်ငံသို့ ထွက်ပြေး နေရသော ဒုက္ခသည်များ ပြန်လည် နေရာချထားရေးတို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။
KNU နှင့်ဆက်နွယ်၍ အကျဉ်းကျနေသူများအပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုထားပြီး ဖြစ်ကြောင်း၊ အစိုးရနှင့် ဆွေးနွေးမှုတွင် အများစု စိတ်ဝင်စားနေသော KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ဓာတ်သတ္ထုများ တူးဖေါ်ရေး နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စသည့် ကိစ္စများကို ဆွေးနွေးရန် အစီအစဉ် မရှိသေးကြောင်း ဒေးဗစ်သာကပေါက ပြောသည်။
အပစ်ခတ်ရပ်စဲရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အချက်၁၁ ချက် ပါရှိသော ပဏာမ သဘောတူညီချက် စာချုပ်အား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခင်လ ၂၄ ရက်နေ့ကလည်း သမ္မတ အမိန့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်သွားသည့် KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်အား မဲဆောက်မြို့သို့ သွားရောက် ပို့ဆောင်ခဲ့ကြသည့် မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။
NLD အနိုင်ရကြောင်း ကော်မရှင်အတည်ပြု
ဧပြီ ၁ ရက်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က မဲဆန္ဒနယ်နေရာ ၄၀ တွင် အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာသည်။ ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၃ နေရာ နှင့် တိုင်းဒေသကြီး လွှတ်တော်အတွက်၂ နေရာ ဖြစ်ကြောင်း သိရသည်။ ယခုကြားဖြတ်ရွေူးကောက်ပွဲ၌ လစ်လပ် မဲဆန္ဓနယ် ၄၅ နေရာတွင် NLD က ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ ခေါင်းဆောင်များ ချီးကျူး ဂုဏ်ပြု
ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်နီးပါး အနိုင်ရရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။ပိုကောင်းသည့် အနာဂတ် ဦးတည်သည့် ရွေးကောက်ပွဲဟု ဘန်ကီမွန်း ပြော
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ၌ ဧပြီ ၁ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက် ပွဲသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဦးတည်သည့် ခြေလှမ်းတရပ် ဖြစ်သည်ဟု ပြောကြားသည်။ ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ပြီးဆုံးသွားသည့်အတွက်လည်း မြန်မာပြည်သူများကို ချီးကျူးကြောင်း၊ တိုင်းပြည်တည်ဆောက်ရေးအတွက် လက်ရှိအစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစုများနှင့် လက်တွဲဆောင်ရွက်ရန် တိုက်တွန်း ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ABSDF ဒေါ်စုနှင့်ပါ တွေ့ဆုံလို
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF က ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ အစိုးရကိုယ်စားလှယ် များနှင့် တွေ့ဆုံမည့် ခရီးစဉ်အတွင်း အန်အယ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံနိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။“ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးရင် ဒီမိုကရေစီအင်အားစုတွေ၊ လူထု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကျနော်တို့ ကြိုးစားသွားမှာဖြစ်ပါတယ်။” ဟု အဖွဲ့ ဥက္ကဌ ရဲဘော်သံခဲက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် ABSDF ဒုတိယအကြိမ်မြောက် တွေ့ဆုံကြမည် ဖြစ်ပြီး ABSDF ဘက်က တစ်ပြည်လုံး အပစ် ခတ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်စေရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ ဆွေးနွေးနိုင်ဖွယ် ရှိသည်ဟု သိရသည်။
ကော့မှူးမြို့ မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်း
ကော့မှူးမြို့ဒေသခံများ စိတ်ချမ်းသာရေး လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ပြိုင်ဘက်အမတ်လောင်း ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းက ယနေ့နံနက်ပိုင်း ထုတ်လွှင့်သွားသည့် ဘီဘီစီသတင်းဌာနနှင့် မေးမြန်းခန်းတွင် တိုက်တွန်းလိုက်သည်။ဒေါက်တာစိုးမင်းက ကော့မှူးမြို့အား သူ၏ သမီးအဖြစ် တင်စား ပြောဆိုလိုက်သည်။
“ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ထောင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြုသွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်”
ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ကိုယ်စားလှယ်အဖြစ် ဧပြီ ၁ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။မဲဆွယ်သည့် ကာလအတွင်း ဒေါက်တာစိုးမင်းသည် ဒေသခံအများအပြားကို အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။သို့သော်လည်း ရွေးကောက်ပွဲ ကာလတွင် ကော့မှူးမြို့သူ မြို့သား တို့၏ မဲအပြားအများကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။
လယ်ယာမြေ ဥပဒေ ပြဌာန်းချက် ထုတ်ပြန်
ကြားဖြတ်ရွေးကောက်ပွဲ အလွန်အောင်မြင်ဟု ဦးသိန်းစိန် ပြော
အချုပ်ခန်း ဖောက်ပြေးလို့ ရဲကပစ်ခတ်ရာ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာရ
ကချင်ပြည်နယ် မိုးညင်းမြို့နယ် ရဲစခန်းရှိ အချုပ်ခန်းထဲက တရားခံတွေဟာ မနေ့ မနက်ပိုင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဟန့်တားခဲ့ရာ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိတယ်လို့ သတင်းရရှိပါတယ်။ မိုးညင်းရဲစခန်းရှိ အမျိုးသားအချုပ်ခန်း ၃ အတွင်းက တရားခံတွေဟာ ဧပြီ ၂ ရက်နေ့ မနက် ၂ နာရီကျော်ခန့်မှာ အချုပ်ခန်း ဖောက်ထွက်ဖို့ ကြိုးစားခဲ့တာကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ သိရှိသွားပြီး ဟန့်တားပေမယ့် တားဆီးမရတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်တားခဲ့ရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။"သူတို့ ထွက်ပြေးချင်လို့  မီးအရင်ရှို့တာလေ၊ မီးရှို့တော့ အစိုးရပစ်လိုက်တာပေါ့၊ သေတာက နှစ်ယောက်တဲ့၊ ကျန်တဲ့ ၈ ယောက်က ဆေးရုံတက်နေတယ်"
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးကတော့ ရဲစခန်းအတွင်း သစ်သားဖျက်သံကြားရလို့ တာဝန်ကျ ရဲကင်းမှူးက ကြည့်ရှု့စစ်ဆေးခဲ့ရာ အချုပ်တံခါး သစ်သားတန်းတွေကို ဖျက်ဆီးပြီး အချုပ်ခန်းအပြင်ကို တရားခံတချို့ ရောက်နေတာတွေ့လို့ ၀ိုင်းတားခဲ့ရာ မရတာကြောင့် သေနတ် ၅ ချက် မိုးပေါ်ထောင်ဖောက် ချောက်လန့် ခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် အချုပ်သား တရားခံတွေက တားမရဘဲ စောင်တွေ အ၀တ်အစားတွေ မီးရှို့ကြတဲ့အတွက် နောက်ထပ် သေနတ် ၅ ချက် ထပ်ပစ်ခဲ့ရာ တစ်စုံတစ်ရာ ငြိမ်သက်မသွားတာကြောင့် နောက်ထပ် သေနတ် ၇ ချက် ဆက်တိုက်ပစ်ခတ်ခဲ့ရာက အခုလို သေဆုံး ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်ရဲစခန်းကို ဆက်သွယ်လို့ မရတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျဝန်ထမ်း အမျိုးသမီးတစ်ဦးက မသိရှိကြောင်း ပြောပါတယ်။
ပစ်ခတ်ဟန်တားမှုကြောင့် သေဆုံးခဲ့ရသူတွေဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားတဲ့ အသက် ၃၇ နှစ်အရွယ် အောင်မြင့်သန်းနဲ့ လက်နက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အသက် ၃၅ နှစ်အရွယ် မောင်ဇော်တို့ နှစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရသူ ၈ ဦးကတော့ မိုးညင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသနေရကြောင်း သိရပါတယ်။
ဒဏ်ရာရတဲ့သူတွေ အခြေအနေနဲ့ ပတ်သက်ပြီး မိုးညင်းပြည်သူ့ဆေးရုံကြီးကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဆရာမတစ်ဦးက ပြောပိုင်ခွင့် မရှိကြောင်း ပြောပါတယ်။
မိုးညင်းရဲစခန်းက အချုပ်ခန်း ၅ ခန်းမှာ အမျိုးသား တရားခံ ၁၀၀ ကျော်နဲ့ အမျိုးသမီး တရားခံ ၃၀ ခန့် ရှိပြီး အချုပ်ခန်း ဖောက်ထွက်ဖို့ ကြိုးစားခဲ့တဲ့ အချုပ်ခန်း ၃ မှာ တရားခံ ၇၀ ခန့်ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အထက်မြန်မာပြည် တောင်သူ လယ်သမားများ ဆွေးနွေးပွဲ ကျင်းပ
ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးက တောင်သူလယ်သမား အယောက် ၈၀ ကျော် ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဒီကနေ့ကျင်းပပြီး သူတို့လယ်မြေတွေ အသိမ်းခံရတာတွေ နစ်နာချက်တွေကို စုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ILO တို့ကို တင်ပြ တိုင်တန်းသွားမယ်လို့ သဘောတူလိုက်ကြပါတယ်။အဲဒီ အထက်မြန်မာပြည် တောင်သူလယ်သမားများ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် နောင်ချို၊ စစ်ကိုင်းတိုင်းက စလင်းကြီး၊ ကန့်ဘလူ၊ ကန္နီ၊ မန္တလေးတိုင်းက တံတားဦး၊ စဥ့်ကိုင်၊ ပြင်ဦးလွင်၊ မတ္တရာ၊ မြစ်သားစတဲ့ မြို့နယ် တော်တော်များများက တောင်သူဦးကြီးတွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ILO ကွန်ယက်အနေနဲ့ တောင်သူဦးကြီးတွေ နစ်နာဆုံးရှုံးမှုတွေကို မှတ်တမ်းတင်ပြီး ရှေ့ဆက် လုပ်ဆောင်ရမှာတွေအတွက် ပြင်ဆင်တာပါလို့ ဦးဆောင်စီစဉ်သူ တစ်ဦးလည်းဖြစ် အိမ်ရှင်လည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းက ဦးကိုကိုကြီးက ပြောပါတယ်။
“ကျွန်တော်တို့ ILO ကွန်ယက်အနေနဲ့ တောင်သူ လယ်သမားရေးရာ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးရေး ညှိနှိုင်းရေး အစည်းအဝေးမှာ၊ ကျွန်တော်တို့ နစ်နာဆုံးရှုံးနေတဲ့ တောင်သူ လယ်သမားတွေအပေါ် ဘာဆက်ပြီးတော့ အကူအညီပေးရမလဲ ဆိုတာကို ဆွေးနွေးကြတာပါ၊ ဒီကိစ္စတွေကို ကျနော်တို့က ဒေါ်အောင်ဆန်း စုကြည်ဆီနဲ့ သမ္မတဆီ တင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ တောင်းဆိုနေကြတာပါပဲ”
ဒီဆွေးနွေးပွဲမှာ စလင်းကြီးမြို့နယ် ကြေးနီတောင်မှာ ရွာပြောင်းရွှေ့ရမှုများ၊ စဥ့်ကိုင်မြို့နယ် ကံလူးကျေးရွာမှာ မြေယာများကို စစ်တပ်ကသိမ်းယူပြီး ကိုယ်တိုင်လုပ်ကိုင်မှုမရှိဘဲ ပြန်လည်အငှားးချစားမှု၊ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးဒေသမှာ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ရဲ၊ မီးသတ်သင်တန်းကျောင်း စတာတွေအတွက် သိမ်းဆည်းတာတွေ စသည်ဖြင့် တောင်သူလယ်သမားတွေ ဆွေးနွေးရာမှာ ပါဝင်ပါတယ်လို့ ဦးကိုကိုကြီးကပြောပါတယ်။
တောင်သူတွေရဲ့ သဘောထားနဲ့ ပတ်သက်လို့လည်းသူက -
“နိုင်ငံတော်အတွက်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်အတွက်၊ မီးသတ်အတွက်၊ ရဲသင်တန်းကျောင်းအတွက်ဆိုတဲ့ အဆောက်အဦတွေနဲ့ သင်တန်းပို့ချသွားတဲ့ နေရာတွေကိုတော့ တောင်သူလယ်သမားတွေက ကျေနပ်ကြတယ်ပေါ့ဗျာ။ ပိုနေတဲ့မြေတွေကို သူတို့လည်း မလုပ်နိုင်ဘဲနဲ့ တခြား နီးစပ်ရာသူတွေကို အခကြေးငွေယူပြီးတော့ အဲဒါတွေချစားတဲ့အပေါ်မှာ အဲဒါတွေကို အခကြေးငွေ မယူဘဲနဲ့ သူတို့ ပြန်လည်ရရှိရေးအတွက် သူတို့ တောင်းဆိုနေကြတာပါ”
တက်ရောက် ဆွေးနွေးသူတွေအထဲက ပြင်ဦးလွင်မြို့နယ် ညောင်တုန်းကျေးရွာက ဦးနေလင်းဦးက-
“အခုမြေယာသိမ်းတဲ့ ကိစ္စတွေက လျော်ကြေးတွေလည်း ပေးပါတယ်။ လျော်ကြေးရတဲ့ တောင်သူတွေတော့ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့က မတရား လက်မှတ်ထိုးခိုင်းတယ်။ မလိုချင်တဲ့ ဟာတွေကို အတင်းထိုးပေးတယ်" လို့ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို အာဏာပိုင်တွေဘက်က ဘာအတားအဆီးမှ ပြုလုပ်တာမရှိဘဲ လယ်ယာမြေ အသိမ်းခံရမှုအပါအဝင် ပြဿနာပေါင်း ၂၀ ကျော်ကို တောင်သူတွေက တင်ပြ ဆွေးနွေးသွားတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ILO ကွန်ယက်မှ ဦးအေးသိန်းက ပြောပါတယ်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment