ကမ္ဘာ့သတင်းများ 06/05/2012

နိုင်ငံတကာသတင်း

အိုဘားမား ဒုတိယသမ္မတ သက်တမ်းအတွက် မဲဆွယ်စည်းရုံးရေး စတင်
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် (Democratic) ပါတီက လက်ရှိသမ္မတ ဘရက် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ တရားဝင် မဲဆွယ်စည်းရုံးလှုပ်ရှားမှုကို မေလ ၅ ရက်နေ့ စနေနေ့က အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အလယ်ပိုင်းက အိုဟိုင်းယိုး (Ohio) ပြည်နယ်၊ ကိုလံဘတ်စ် (Columbus) မြို့က အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှာ စတင်လိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စုဟာ နက်နက်ရှိုင်းရှိုင်း စီးပွားရေးကျဆင်းနေမှုထဲကနေ ပြန်လည်ရုန်းထဖို့ အခက်အခဲဆုံး အချိန်တချိန်ကို ကျော်ဖြတ်ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပြီးတော့ အခုတော့ ဒီအခြေအနေဆိုးဆီ နောက်ပြန်လှည့်သွားနိုင်တဲ့ အနေအထားကတော့ သိပ်ကို ဝေးသွားပါပြီလို့လည်း သူ့ကို ထောက်ခံကြတဲ့ ပရိသတ်ကို မစ္စတာအိုဘားမားက အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှာ ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီ (Republican Party) ရဲ့ သမ္မတလောင်း မက်ဆာချူးဆက်ပြည်နယ် (Massachusetts State) အုပ်ချုပ်ရေးမှူးဟောင်း မစ်(တ်)ရော်မနီ (Mitt Romney) က ရီပတ်ဘလီကန် ပါတီရဲ့ ကျဆုံးနေတဲ့ မူဝါဒတွေကို မျက်စေ့မှိတ် ထောက်ခံနေတဲ့ အချိန်မှာ သူတို့ရဲ့ ဒီမိုကရက်တစ်ပါတီ ကတော့ နောက်ပြန်လှည့်မှာ မဟုတ်သလို နိုင်ငံကို ရှေ့သို့သာဆက်ပြီး ချီတက်နိုင်အောင် လုပ်ဆောင်နေပါတယ်လို့ မစ္စတာအိုဘားမားက ပြောဆိုခဲ့ပါတယ်။
လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် လူလတ်တန်းစားတွေ အတွက် သေရေးရှင်ရေး ရွေးချယ်ရမယ့် အနေအထား ဖြစ်နေတယ်လို့လည်း သမ္မတအိုဘားမားက ဆိုပါတယ်။ မေလ ၅ ရက် စနေနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ သမ္မတအိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့ဟာ ဗာဂျီးနီးယားပြည်နယ်က တက္ကသိုလ်တခုကို ခရီးဆက်ပြီး မဲဆွယ်စည်းရုံးကြမှာ ဖြစ်ပါတယ်။

9-11 တရားခံ တရားခွင်မှာ အသံတိတ်ဆန္ဒပြ

၂၀၀၁ ခုနှစ် အမေရိကန်ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်မှု ကြံစည်ဆောင်ရွက်မှုနဲ့ စွပ်စွဲခံထားရတဲ့ ဂွါတာနာမို အကျဉ်းစခန်းက အကျဉ်းသား ၅ ယောက်ရဲ့ စနေနေ့က အမှု ကြားနာပွဲမှာ စွပ်စွဲခံရသူတွေက နှုတ်ဆိတ် ဆန္ဒပြခဲ့ကြတာကြောင့် ကြားနာမှုအတွင်း အခက်အခဲတွေ ဖြစ်ခဲ့ရကြောင်းဒီတိုက်ခိုက်မှုကို စီစဉ်ဆောင်ရွက်သူလို့ သူ့ကိုယ်သူ ပြောထားတဲ့ Khalid Sheikh Mohammed နဲ့ သူ့အပေါင်းအပါ လေးယောက်တို့ဟာ ဘာသာပြန်ရဲ့အသံကို နားထောင်တဲ့ နားကျပ်တွေကို ဖယ်ရှားပြီး စစ်တရားသူကြီးမေးတဲ့ မေးခွန်းမှန်သမျှကို ဖြေဆိုဖို့ ငြင်းဆိုခဲ့ကြကြောင်း အမှုစစ်ဆေး ဆောင်ရွက်မှုတွေ တရား မျှတမှု မရှိမှာကို စိုးရိမ်တဲ့အတွက် အခုလို မိုဟာမတ်က ဘာကိုမှ မတုံ့ပြန်ဘဲနေခဲ့တာလို့ သူ ယူဆတဲ့အကြောင်း မိုဟာမတ်ရဲ့ အရပ်ဘက် ရှေ့နေ David Nevin က ပြောကြောင်း
သူတို့ကို ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ တရားစွဲမလဲဆိုတဲ့ အပေါ် တရားရေးအရရော နိုင်ငံရေးအရပါ တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားကပဲ ဒီလူငါးယောက်ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားရာ ကျူးဘားနိုင်ငံ ဂွါတာနာမို ပင်လယ်အော်က အမေရိကန် စစ်အခြေစိုက်စခန်းမှာ စနေနေ့က ကြားနာမှု လုပ်ခဲ့တာဖြစ်ပါတယ်။ စွပ်စွဲခံရသူ ငါးယောက်ဟာ လူပေါင်း ၃ ထောင်နီးပါး သေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်၊ ၀ါရှင်တန်နဲ့ Shanksville Pennsylvania ပြည်နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျူးလွန်သူတွေအဖြစ် စွပ်စွဲခံထားရတာ ဖြစ်လို့ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ သူတို့တွေ သေဒဏ်ချမှတ်ခံကြရမှာ ဖြစ်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးကလင်တန် ဘင်္ဂလားဒေ့ရှ်ရောက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပြီး ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု နောက်ထပ်အဆင့်သစ် တခု တိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရကြောင်း ၀န်ကြီး ကလင်တန်ဟာ သူ့ရဲ့ တောင်အာရှခရီး အဆုံးသတ်အဖြစ် ဘင်္ဂလားဒေ့ရှ် ဒါကာ မြို့တော်ကို စနေနေ့ကရောက်လာပါတယ်။ စနေနေ့မှာပဲ ၀န်ကြီး ကလင်တန် ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ ၀န်ကြီးချုပ် Sheikh Hasina နဲ့ တွေ့ဆုံဖို့ ရှိပြီး အတိုက်အခံခေါင်းဆောင် Begum Khalea Zia နဲ့လည်း တွေ့ဆုံမှာဖြစ်ကြောင်း
အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံဟာ မဟာဗျူဟာ နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အဓိကထား ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နှစ်ဘက်စလုံးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အမေရိကန်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်မှာ ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အားပေးရုံမက အမေရိကန် ဈေးကွက်ကိုလည်း ပိုပြီး ၀င်ရောက်ခွင့် ရချင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အင်မတန် ထူးခြား အရေးပါပါတယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ရဲ့ နိုင်ငံတကာရေးရာ အကြံပေး ပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောဆိုပါတယ်။ အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံလုံးဟာ အမြင်ကျယ်မှုနဲ့ လူမှု အကျိုးစီးပွား စိတ်ဝင်စားဆောင်ရွက်မှု တွေမှာ တူညီတဲ့အမြင်တွေ ရှိကြတယ်လို့ သမ္မတအကြံပေးပုဂ္ဂိုလ်က ပြောဆိုကြောင်း
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံကို အခြေအနေဆိုးစေမယ့်  နိုင်ငံရေး အကွဲအပြဲတွေ အဆုံးသတ် စေအောင် တိုက်တွန်းဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက လာရောက်ခဲ့တာ ဖြစ်ကြောင်းဝန်ကြီး ကလင်တန် ဟာ ဘင်္ဂလားဒေ့ရှ် အခြေခံ လူတန်းစားတွေအကျိုး အတွက် အသေးစားချေးငွေလုပ်ငန်း Gramee ဘဏ်ကို စတင်ခဲ့သူ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Muhammad Yunnus နဲ့လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း သတင်းရရှိသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment