ကမ္ဘာ့သတင်းများ 09/05/2012

နိုင်ငံတကာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို Passport ထုတ်ပေးလိုက်တာ အမေရိကန် ကြိုဆို

 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နိုင်ငံကူးလက်မှတ်-Pass Port စာအုပ် ထုတ်ပေးလိုက်ပြီမို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး အကြိမ် ပြည်ပခရီးစဉ်တွေ ထွက်ခွင့်ရတော့မှာ ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် ခရီးသွားလက်မှတ် ပက်စ်ပို့စ်စာအုပ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ရန်ကုန်မြို့မှာ အင်္ဂါနေ့က ထုတ်ပေးလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ပြောကြောင်းဒါဟာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရှေ့လထဲ ဥရောပကို သွားဖို့စီစဉ်နေတဲ့ ခရီးစဉ်အတွက် အဆင်ပြေသွားစေတာ ဖြစ်ကြောင်းအခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့စ် စာအုပ်ရသွားတဲ့အတွက် ၀မ်းသာတဲ့ အကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တွေ က ပြောဆိုကြကြောင်း သိရသည်။


အကြမ်းဖက်မှုတိုက်ဖျက်ရေးပိုလုပ်သွားဖို့ ပါကစ္စတန်ကို ကလင်တန်တိုက်တွန်း


ပါကစ္စတန်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကို ပိုပြီးတော့ လုပ်ဆောင်သွားသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြောင်းအမေရိကန်ပြည်ထောင်စု၊ အာဖဂန်နစ္စတန်နဲ့ မဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက်အဖွဲ့တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုက်လံရှာဖွေ နှိမ်နင်းသွားဖို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က ဆိုကြောင်း
 အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး S.M. Krishna နဲ့ နယူးဒေလီမြို့မှာ အင်္ဂါနေ့က တွေ့ဆုံအပြီး မစ္စက်ကလင်တန်က သတင်းထောက်တွေကို ပြောရာမှာ အကြမ်းဖက်မှုကြောင့် ကြေကွဲဖွယ်ရာတွေကို အမေရိကန်ရော အိန္ဒိယမြေမှာပါ ကြုံတွေ့ခံစားခဲ့ရကြောင်းဒါ့အပြင် ပါကစ္စတန်ထဲက အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်နိုင်ငံသား ၃၀,၀၀၀ ကို သတ်ဖြတ်ခဲ့ကြ တယ်လို့လည်း ပြောကြောင်း
အာရှပစိဖိတ်ဒေသအတွက် ထားရှိတဲ့ ရည်မှန်းချက်တွေကို နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အိန္ဒိယမှာ ရှိစဉ် ပြောသွားကြောင်း
အထူးသဖြင့် လာမယ့် နိုဝင်ဘာ ကမ္ဘောဒီယားနိုင်ငံမှာ လုပ်မယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို နှစ်နိုင်ငံစလုံး တက်ရာက်ဖို့ရှိတာကို ရည်ညွှန်းပြောဆိုခဲ့ကြောင်း

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒနဲ့ ဒေသတွင်းမှာ အခိုင်အမာရှိလာတဲ့ အခန်းကဏ္ဍ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် ထောက်ခံမှုကို လည်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်က အိန္ဒိယကို ချီးကျူးစကားပြောခဲ့ကြောင်းအတွေ့အကြုံကြီးတဲ့ ဒီမိုကရေစီနိုင်ငံ တနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားအရှေ့တာင်အာရှနိုင်ငံတွေအကြား ကုန်သွယ်သွားလာမှုတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေးဖွံဖြိုး တိုးတက်မှုတွေအတွက် အကူအညီပေးနိုင်ပါလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကပြောခဲ့ကြောင်း သိရသည်။


ရုရှားလွှတ်တော် Dmitry Medvedev ကို ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြု


ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ရဲ့ အောက်လွှတ်တော်က သမ္မတဟောင်း Dmitry Medvedev ကို ဝန်ကြီးချုပ် အဖြစ် သမ္မတ ဗလာတီမီယာ ပူတင်က အဆိုတင်သွင်းလိုက်တာကို မေလရှစ်ရက်က အတည်ပြုခဲ့ကြောင်း
ဥပဒေပြုလွှတ်တော်အမတ်တွေရဲ့ကြား သမ္မတရဲ့အဆိုကို မဲခွဲဆုံးဖြတ်ကြရာမှာ ထောက်ခံမဲ ၂၉၉ မဲ၊ ကန့်ကွက်မဲ ၁၄၄ မဲနဲ့ မစ္စတာ မက်ဗီယဲဒက်ဗ်ကို နောက်ထပ်လေးနှစ်ကြာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ကြကြောင်းအခုလို သမ္မတနဲ့ဝန်ကြီးချုပ် ရာထူးချင်းအလဲအလှယ်လုပ်ခဲ့ကြတာကို ရုရှားလူထုများစွာက ဒေါသထွက်ခဲ့ ကြပြီးတော့ မနေ့က ဒူးမားလွှတ်တော် အစည်းအဝေးမစခင်မှာ သမ္မတ နန်းတော် ကရင်မလင်အနီး ပန်းခြံ တခုမှာ သမ္မတကိုဆန့်ကျင်တဲ့အနေနဲ့ တညလုံးထိုင်ပြီး ဆန္ဒပြကြသူတွေကို ရဲတွေက ဖြိုခွဲခဲ့ကြကြောင်းရဲတွေရဲ့ ဒီလုပ်ရပ်ကို မိမိအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူ Mark Toner က ပြောခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ရုရှားအနေနဲ့ ရုရှားလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖြည့်ဆီးပေးဖို့ သူလိုလားတယ်လို့ ပြေကြားလိုက်ကြောင်း သိရသည်။


တရုတ် - ဖိလစ်ပိုင် ဆက်ဆံရေး တင်းမာ

တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကျွန်းစုတွေကိစ္စအတွက် ဖိလစ်ပိုင်နိုင်ငံနဲ့ ရေကြောင်း ဆိုင်ရာ တင်းမာမှုတွေ လနဲ့ချီ ဖြစ်ပေါ်နေတဲ့အပေါ် ဖိလစ်ပိုင်ဘက်က အရှိန်မြင့်လုပ်ဆောင်လာတဲ့ ဘယ်ကိစ္စကိုမဆို သူတို့ဘက်က တုံ့ပြန်သွားဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ကြောင်းဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ၁၄၃ မိုင်လောက်အကွာမှာရှိတဲ့ Scarborough Shoal ပိုင်ဆိုင်မှုအပေါ် အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ အကောင်းမြင်တဲ့သဘောမရှိဘူးလို့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Fu Ying ပြောတာကို ကိုးကားပြီး အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဒီကနေ့ ဖော်ပြထားကြောင်း

အခုဖြစ်နေတဲ့ကိစ္စမှာ သံတမန်ပီပီ မှန်မှန်ကန်ကန်ရပ်တည် လုပ်ဆောင်ဖို့ တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးယာယီ တာဝန်ခံကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖူက တနင်္လာနေ့မှာ ခေါ်ယူ သတိပေးခဲ့တယ်လို့ ဆိုကြောင်း ဒီကိစ္စ စေ့စပ် ညှိနှိုင်း အဖြေရှာဖို့ ခက်ခဲအောင် ဖိလစ်ပိုင်ဘက်က ပြဿနာပိုကြီးထွားအောင် လုပ်နေတယ်လို့ ဖိလစ်ပိုင်သံရုံးတာဝန်ခံ Alex Chua ကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ခေါ်ယူ သတိပေးခဲ့ကြောင်း

နှစ်ဘက်စလုံးကို သူတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုနေတဲ့ ကျွန်းစုတွေအနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့တုန်းက တရုတ် ငါးဖမ်း သင်္ဘောသားတွေကို ဖိလစ်ပိုင်ဘက်က ဖမ်းဆီးဖို့ လုပ်ဆောင်တာကို တရုတ်စောင့်ကြည့်ရေယာဉ်တွေက တားဆီးလိုက်ရာက နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ စတင် ဖြစ်ပေါ်ခဲ့ကြောင်းဒီကိစ္စကို နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းဖို့ ဖိလစ်ပိုင်ဘက်က တောင်းဆိုတာကို တရုတ်တို့က ပယ်ချထားပြီး ဖြစ်ကြောင်း သိရသည်။


အယ်လ်ဂျာဇီးရားသတင်းထောက် တရုတ်နှင်ထုတ်


တရုတ်နိုင်ငံဆိုင်ရာ Al-Jazeera အင်္ဂလိပ်သတင်းဌာနရဲ့ တဦးတည်းသော သတင်းထောက်ကို တရုတ် အာဏာပိုင်တွေက ပြင်နှင်ဒဏ်ပေးလိုက်ပြီး pan-Arab သတင်းဌာကလူနဲ့လည်း အစားထိုးပေးဖို့ ငြင်းဆို လိုက်ကြောင်းအယ်လ်ဂျာဇီးရားသတင်းထောက် Melissa Chan ကို သတင်းထောက်အဖြစ် အသိအပြုတာကို သက်တမ်း ထပ်တိုးမပေးတဲ့အပြင် တခြား တယောက် နဲ့လည်း အစားဖို့ ခွင့်မပြုတာကြောင့် သူတို့အနေနဲ့ တခြား ရွေးချယ်လမ်းမရှိတော့တဲ့အတွက် ဘေဂျင်းဗြူရိုကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကာတာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးရား သတင်းဌာနက ပြောကြောင်း

ဒါဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ သတင်းဌာနတခုက သတင်းထောက်ကို တရုတ်နိုင်ငံအနေနဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြည်နှင်ဒဏ်ပေးခြင်းလည်း ဖြစ်ကြောင်းတရုတ်အစိုးရရဲ့ ဒီ ဆုံးဖြတ်ချက်အပေါ် သူတို့အနေနဲ့ အံ့အားသင့်မိကြောင်း နိုင်ငံခြား သတင်းထောက်များ အသင်း၊ တရုတ်နိုင်ငံက ဒီကနေ့ ပြောကြား လိုက်ပြီး ဒါဟာ နိုင်ငံခြားသတင်းထောက်တွေအပေါ် ဆင်ဆာဖြတ်ပြီး ကြောက်အောင် ခြိမ်းချောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြောင်းဒါ့အပြင် သတင်းထောက် Melissa Chan အနေနဲ့ ဘယ်ဥပဒေနဲ့ ဘယ်စည်းတွေကို ချိုးဖောက်တယ်ဆိုတာကို ရှင်းလင်းပြောကြားဖို့လည်း တရုတ်အာဏာပိုင် တွေဘက်က ပျက်ကွက်ခဲ့တယ်လို့ အဲဒီ နိုင်ငံခြား သတင်းထောက်များအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်းနိုင်ငံခြားသတင်းထောက်တွေနဲ့ တက်တက်ကြွကြွ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Melissa Chan ကို ဘာကြောင့် ပြည်နှင်ဒဏ် ပေးလိုက်တယ် ဆိုတဲ့အပေါ် တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei ရှင်းလင်း ပြောပြခဲ့ခြင်း မရှိကြောင်း
 ဒါပေမဲ့ နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမယ်လို့ သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment