ကမ္ဘာ့သတင်းများ 10/05/2012
နိုင်ငံတကာသတင်း
လိင်တူချင်းထိမ်းမြားမှု Obama ထောက်ခံ
အမေရိကန်ပြည်ထောင်စုမှာ လိင်တူချင်း လက်ထပ်ပေါင်းသင်းချင်တဲ့ စုံတွဲတွေကို လက်ထပ်ခွင့်ပြုသင့်တယ် လို့ သူ ယူဆတဲ့အကြောင်း အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားက ပြောလိုက်ကြောင်းဒါကြောင့်မို့လို နိုဝင်ဘာမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာတော့ ဒီကိစ္စဟာ အမြင် အယူအဆ ကွဲပြားနိုင်တဲ့ အနေအထား ဖြစ်သွားစေပါကြောင်းသူက ABC ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဒီလိုမျိုး ပြောသွားတာဖြစ်ပါကြောင်း အရင်တုန်းကတော့ လိင်သူချစ်သူတွေ လက်ထပ်တာကို မဖြစ်နိုင်သေးဘူး၊ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေးအခေါ်တွေဟာ ပြောင်းလဲလာနေတယ်ဆိုပြီး သမ္မတအိုဘားမား က ပြောခဲ့ဖူးကြောင်းအခုတော့ မစ္စတာအိုဘားမားက ဒါဟာ သူ့ရဲ့ကိုယ်ပိုင် ထင်မြင်ယူဆချက်ဖြစ်တဲ့အကြောင်း၊ သူဟာ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နှစ်ပေါင်းများစွာ ဒီကိစ္စကို ဆွေးနွေး ပြောဆိုလာပြီးတော့မှ အခုလို အယူအဆဖြစ်လာတာ ဖြစ်တဲ့အကြောင်း ABC ရုပ်/သံဌာနကို ပြောသွားကြောင်း
အခုလို မစ္စတာအိုဘားမားရဲ့အယူအဆကို အမျိုးသား၊ အမျိုးသမီး လိင်တူချင်း စိတ်ဝင်စားတဲ့အဖွဲ့ကြီးက ကြိုဆိုလိုက်ပါတယ်။ ဒီလိုမျိုးထောက်ခံချက်ပေးတဲ့ ပထမဦးဆုံးသမ္မတအဖြစ်နဲ့ သမိုင်းဝင်သွားပါပြီလို့လည်း ပြောဆိုထားကြောင်း သိရသည်။
မြောက်ကိုရီးယား GPS ပိတ်ဆို့မှု ကုလသို့ တိုင်မည်
နိုင်ငံတကာသုံး GPS စနစ်ကို အနှောင့်အယှက်ပေး မှုနဲ့ မြောက်ကိုရီးယား အစိုးရကို တောင်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂမှာ တရားဝင် တိုင်တန်းစာ တင်သွင်းတော့မှာဖြစ်ကြောင်း
တောင်ကိုရီးယားနိုင်ငံမှာ သုံးစွဲနေတဲ့ GPS စနစ်ကို မြောက်ကိုရီးယားဘက်က ၁၂ ရက် ဆက်တိုက် နှောင့်ယှက်မှုတွေ လုပ်နေတာမို့ ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ တောင်ကိုရီးယား အစိုးရက ပြောကြောင်းဒီကိစ္စအတွက် မကြေနပ်ကြောင်း အကြောင်းကြားစာကို မြောက်ကိုရီးယား အစိုးရ၊ ITU နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂနဲ့ ICAO နိုင်ငံတကာ အရပ်ဘက် လေကြောင်း အဖွဲ့တွေကို ပေးပို့ခဲ့တယ် လို့ ကူးသန်းသွားလာရေး ၀န်ကြီးဌာန၊ လေကြောင်းဆက်သွယ်ရေး ဒါရိုက်တာ Kim Choon-oh က VOA ကိုပြောကြောင်း
မြောက်ကိုရီးယား အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အပြောရခက်ပေမယ့် ဒီလို အနှောင့် အယှက်ပေးနေတာတွေ ရပ်တန့်သွားစေဖို့ သိပ်အရေးကြီးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုတိုင်တန်းခဲ့ပေမယ့် သူတို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ငြင်းဆိုခဲ့တာမို့ ဒီနှစ်တိုင်တန်းချက်ကိုလည်း ဒါမျိုးပဲ တုံ့ပြန်လိမ့်မယ်လို့ ထင်ကြောင်းပြောကြောင်း
ဒါမျိုး အနှောင့်ယှက်ခံရမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိ နိုင်ငံတကာ သဘောတူညီချက်တွေမှာ ပစ်ဒဏ်ခတ် အရေးယူတာမျိုး မရှိသေးဘူးလို့လည်း ဆိုကြောင်း မြောက်ကိုရီးယားက GPS စနစ်ကိုနှောင့်ယှက်တယ် လို့ တောင်ကိုရီးယားက စွပ်စွဲတာ သုံးကြိမ်ရှိပြီ ဖြစ်ပေမယ့် အခုတကြိမ်ဟာ ရက်အကြာဆုံးဖြစ်ကြောင်း
တောင်ကိုရီးယားနိုင်ငံက ရေကြောင်း၊ လေကြောင်း ကွပ်ကဲမှုတွေ အတွက် အနှောက်ယှက်ခံရမှုတွေကို ဧပြီလ ၂၈ ရက်နေ့ကစပြီး တွေ့နေရကြောင်း အာဏာပိုင်တွေက ပြောကြောင်းတောင်ကိုရီးယား နိုင်ငံ မှာ အခြေချထားတဲ့ အမေရိကန်တပ်တွေမှာလည်း အနှောင့်ယှက်ခံရမှုတွေ ရှိနေပေမယ့် အခုထိ တရားဝင် မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးကြောင်းသိရသည်။
ရုရှား ဂျက်လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျောက်ဆုံး
လူ ၄၆ ယောက် တင်ဆောင်လာတဲ့ ရုရှားဂျက်လေယာဉ်တစီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာ အနီးမှာ ပျောက်ဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်းဗုဒ္ဓဟူးနေ့၊ နေ့လည်ပိုင်းမှာ အစမ်းပျံသန်းပြနေတဲ့ Sukhoi Superjet ၁၀၀ အမျိုးအစား ဂျက်လေယာဉ်ဟာ ဂျကာတာမြို့ရဲ့တောင်ဘက်မှာ ပျံသန်းနေရာကနေ ဒေသ စံတော်ချိန် နေ့လည်နှစ်နာရီလောက်မှာ ရေဒါ အတွင်းက ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ လေယာဉ်ကို လိုက်လံရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန် ရှိသူတွေက ပြောကြောင်း
ခရီးသည် ၁၀၀ ကိုတင်ဆောင်နိုင်ပြီးတော့ အလယ်အလတ်အကွာအဝေး မောင်းနှင်နိုင်တဲ့ လေယာဉ်ဟာ အစမ်းပျံသန်းပြနေတဲ့ ဒုတိယလေယာဉ်ဖြစ်ပြီးတော့ မြို့ရဲ့တောင်ဘက်က တောင်တန်းတွေထူထပ် တဲ့ နေရာမှာ ပျောက်ဆုံးသွားတာဖြစ်ကြောင်း အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ပြင်သစ်သတင်းဌာနက ဖော်ပြထားကြောင်း
ပျောက်ဆုံးသွားတဲ့လေယာဉ်ပေါ်မှာ လိုက်ပါသူတွေဟာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ အမြင့်ပေ ၁၀,၀၀၀ နီးပါးကနေ ၆ ထောင်နီးပါးကို ပြုတ်ကျသွားခဲ့တယ်ဆိုတဲ့ အကြောင်း အဆက်အသွယ်ရစဉ်က သိရှိခဲ့ရတယ်လို့ တခြားတာဝန်ရှိသူတဦးက ပြောပြပါတယ်။ အဲဒီလေယာဉ်ကို အာရှတောင်ပိုင်းနဲ့ အလယ်ပိုင်း ကာဇီကစ္စတန်၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတွေမှာ စမ်းသပ်ပြသမှုတွေ မကြာခင်တုန်းက ပြုလုပ်ခဲ့တဲ့အကြောင်း ရုရှားရဲ့ Itar-Tass သတင်းဌာနက ဖော်ပြခဲ့ ကြောင်းသိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment