ကမ္ဘာ့သတင်းများ 13/05/2012
နိုင်ငံတကာသတင်း
အကျဉ်းကျခံ ယူကရိန်းဝန်ကြီးချုပ်ဟောင်းကို လစ်သူရေးနီးယားသမ္မတတွေ့
ယူကရိန်းနိုင်ငံမှာ အခွန်တိမ်းရှောင်မှု၊ ရုရှားနိုင်ငံကို သဘာဝ ဓာတ်ငွေ့ရောင်းချရာမှာ လာဘ်ယူမှုတွေ နဲ့ ထောင်ဒဏ်(၇)နှစ် ကျခံနေရတဲ့ ၀န်ကြီးချုပ်ဟောင်း မစ္စ၊ ယူလီယာ တိုင်မိုရှဲန်ကို (Yulia Tymoshenko) ကို လစ်သူရေးနီးယားနိုင်ငံရဲ့ သမ္မတ ဒါလီယာ ဂရိုင်ဘောစကိတ် (Dalia Grybauskaite) က မစ္စ တိုင်မို ရှဲန်ကိုရှိရာ အကျဉ်းထောင်ထဲမှာ မေလ(၁၁)ရက်နေ့က သွားရောက်တွေ့ ဆုံခဲ့ကြောင်း
ဒါဟာ အကျဉ်းထောင်ထဲမှာ မစ္စ၊ တိုင်မိုရှယ်န်ကို ကို နိုင်ငံခြား ခေါင်းဆောင်တစ်ဦးက ပထမဦးဆုံး လာရောက် တွေ့ဆုံမှု ဖြစ်ပါကြောင်း
ယူကရိန်းနိုင်ငံမှာ ကျင်းပမယ့် ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက နိုင်ငံများရဲ့ ထိပ်သီး ညီလာခံကို တက်ရောက် ဖို့ ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်တွေက သပိတ်မှောက်နေကြ တာကနေ ယူကရိန်းအစိုးရနဲ့ ဥရောပတို့ ကြားမှာ ယုံကြည်မှု ပျက်ပြားတဲ့ အရေးအခင်းတစ်ရပ် ပေါ်ပေါက်လာမှာကို ၀န်ကြီးချုပ်ဟောင်း မစ္စ တိုင်မိုရှဲန်ကိုက စိုးရိမ်ပူပန်နေတယ်လို့ လစ်သူရေးနီးယား သမ္မတ ဂရိုင်ဘောစကိတ်က သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်းယုံကြည်မှုပျက်ပြားခြင်းဆိုတဲ့ နှင်းခဲလုံးတစ်လုံး ပစ်ပေါက်မိရာ ကနေ နှင်းတောင်ကြီး ပြိုကြလာမဲ့ အရေး ကို သူ့ အနေနဲ့ ရှောင်လွှဲလိုတယ်လို့ မစ္စ၊ တိုင်မိုရှဲန်ကိုက သမ္မတ ဂရိုင်ဘောစကိတ်ကို ပြောကြားခဲ့ပါကြောင်း
ဒေသတွင်းနိုင်ငံတွေရဲ့ ထိပ်သီးညီလာခံကို ယူကရိန်းနိုင်ငံ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ ယော်လတာ (Yalta) မှာ မေလ (၁၁) ရက်နဲ့ (၁၂) ရက်၊ နှစ်ရက်တာ ကျင်းပဖို့ရှိနေပြီးတော့ မစ္စ တိုင်မို ရှဲန်ကို ကို ထောင်သွင်းအကျဉ်းချတာနဲ့ ထောင်တွင်းမှာ အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ တာတွေကြောင့် ဂျာမန်သမ္မတ ယိုအာချင် ဂေါက် (Jaochin Gauck) နဲ့ ချက်နိုင်ငံသမ္မတ ဗားဆလပ်စ် ကလော့စ် (Vaclav Klaus) အပါအ၀င် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၁၀)နိုင်ငံက ခေါင်းဆောင်တွေ က ယော်လတာထိပ်သီးညီလာခံကို မတက်ရောက်ဘဲ သိပ်တ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း
ဒါ့အပြင် မစ္စ တိုင်မို ရှဲန်ကိုကို ဂျာမဏီနိုင်ငံမှာ သွားရောက်ဆေး ကုသခွင့်ကို ငြင်းဆိုခဲ့တဲ့ သမ္မတ ဗစ်တာ ယာနူကိုဗစ်(ခ်ျ) (Victor Yanokovych) ရဲ့ ဟူကရိန်း အစိုးရဟာ နိုင်ငံ တကာရဲ့ ပြစ်တင်ဝေဖန်မှုလည်း ခံနေရကြောင်း သိရသည်။
လိုင်ဘေးရီးယားသမ္မတဟောင်း ထောင်ဒဏ်နှစ် ၈၀ ချဖို့ တရားလိုရှေ့နေတွေ အဆိုတင်
ဆီးယားရားလီယွန်နိုင်ငံက ပြည်တွင်းစစ်ကာလမှာ စစ်ရာဇ၀တ်ပြစ်မှုတွေ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်စော်ကားတဲ့ ပြစ်မှုတွေ ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) မှာ တရားစွဲဆိုခံနေရတဲ့ လိုင်ဘေးရီးယားနိုင်ငံ သမ္မတဟောင်း ချားလ်(စ်)တေလာ (Charles Taylor) ကို ထောင်ဒဏ် နှစ်(၈၀) ချမှတ်ဖို့ ဥပဒေအကျိုးဆောင်အရာရှိတွေရဲ့ တောင်းဆိုမှုကို ချားလ်(စ်)တေလာ ရဲ့ ရှေ့နေတွေက မေလ (၁၁) ရက်နေ့က ကန့်ကွက်လိုက်ကြကြောင်း
အခုလို ထောင်ဒဏ် ဘယ်ရွေ့ဘယ်မျှ ချမှတ်ပေးပါလို့ တောင်းဆိုနေတာဟာ ရန်ငြိုးအာဃာတနဲ့ လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ ဆီးယားရားလီယွန်ဘ ပြည်တွင်းစစ် ကာလကက ကျူးလွန်ခဲ့ကြတဲ့ ရက်စက်ကြမ်းကြုပ်မှုတွေအတွက် ချားလ်(စ်)တေလာ တစ်ဦးတည်းအပေါ် ပုံချနေသလို ဖြစ်နေတယ် လို့ သူ့ရဲ့ ရှေ့နေတွေက ဆိုပါကြောင်း
ပြီးခဲ့တဲ့လက ကုလသမဂ္ဂက ကမကထပြုတဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့က နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက ချားလ်(စ်) တေလာအပေါ်မှာ အကြမ်းဖက် မှု၊ လူသတ်မှု၊ မုဒိန်းမှုတွေ အပါအ၀င် စွဲချက် (၁၁) ခုနဲ့ စွဲဆိုခဲ့တာဖြစ်ပြီးတော့ လာမယ့် မေလ (၃၀) ရက်နေ့မှာ သူ့အပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်မှာ ဖြစ်ကြောင်း
၁၉၉၀ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆီးယားရားလီယွန် ပြည်တွင်း စစ်ကာလမှာ သူပုန်တွေကို လိုင်ဘေးရီးယား သမ္မတအနေနဲ့ ချားလ်(စ်)တေလာက တိုက်ရိုက်အမိန့်ပေးမှု မရှိပေမယ့် ဒီသူပုန်တွေထိန်းချုပ် တဲ့ စိန်တွင်းတွေက စိန်တွေရလိုမှုနဲ့ သူပုန်တွေရဲ့ လူမဆန်တဲ့ ရာဇ၀တ်ပြစ်မှုတွေကို သိရှိပါလျက်နဲ့ အားပေးအားမြှောက်လုပ်တဲ့အနေနဲ့ လက်နက်နဲ့ တခြားသော လိုအပ်မှုတွေကို ပံ့ပိုးပေးခဲ့ကြောင်း ICC ရဲ့ တရားခွင်မှာ ဥပဒေအကျိုးဆောင်အရာရှိတွေ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment