မြန်မာသတင်းများ မေလ ၁၃ ရက် ၂၀၁၂ ခုနှစ်
မြန်မာ့အပြောင်းအလဲ အမေရိကန်အနီးကပ်စောင့်ကြည့်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ခြေလှမ်းတွေလှမ်းနေတာနဲ့အမျှ အမေရိကန် ပြည်ထောင်စုက လိုက်လျောညီထွေ တုံ့ပြန်နေပေမဲ့ အပြောင်းအလဲတွေဟာ အချိန်မရွေး နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အလားအလာ ရှိနိုင်တာကြောင့် စိစစ်ချိန်ကိုက်ပြီး ပုံမှန်ပြန်လည် ဆက်ဆံနေတာဖြစ်တယ်လို့ အမေရိကန်အကြီးတန်း သံတမန်တဦးက မေလ ၁၁ ရက်၊ သောကြာနေ့က ပြောဆိုလိုက်ကြောင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအထူးကိုယ်စားလှယ် Patrick Murphy ကအမေရိကန်က ပြုပြင် ပြောင်းလဲရေးလိုလားတဲ့ မြန်မာအစိုးရနဲ့ ထဲထဲဝင်ဝင် ဆက်ဆံပြီး ပိတ်ဆို့ အရေးယူ ဒဏ်ခတ် မှုတွေ ပိုမို လျှော့ပေးရေး အပါအ၀င် လာမယ့် သတင်းပတ်တွေအတွင်း အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရမယ့် အမေရိကန် သံအမတ်ကြီးတဦးကိုလည်း တာဝန်ပေးအပ်တော့မှာ ဖြစ်တယ် လို့ ပြောဆိုလိုက်ကြောင်းအပြောင်းအလဲတွေ အကောင်အထည်ဖော်နေတာကို အမေရိကန်က ကြိုဆိုကြောင်းနဲ့ အနီးကပ်စောင့် ကြည့်နေတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် Carnegie Endowment for International Peace မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ဒုတိယ အထူးကိုယ်စားလှယ် ပက်ထရစ်၊ မာဖီက ပြောဆိုခဲ့တာ ဖြစ်ကြောင်း
မြန်မာ့အပြောင်းအလဲတွေဟာ အာမခံလို့မရသေးကြောင်း၊ ပျက်လွယ်တဲ့အနေအထားနဲ့ ပြည်စုံမှု မရှိသေး ဘူးလို့ Patrick Murphy ကမှတ်ချက်ချပါတယ်။ ဆင်းရဲမွဲတေမှု၊ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲဖြစ်ပြီး ကချင်ပြည်နယ်က မပြီးဆုံးသေးတဲ့ စစ်ပွဲတွေကြောင့် နိုင်ငံတည်ငြိမ်မှု မရှိသေးဘူးလို့ ဆိုကြောင်းတူညီတဲ့ခြေလှမ်းတွေနဲ့ တုံ့ပြန်မယ့် အမေရိကန်ရဲ့ မူဝါဒအရ ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ် ပြုပြီး ပိတ်ဆို့မှုတွေကိုလျှော့ပေးနေကြောင်း၊ ဒါပေမဲ့ အမေရိကန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ၁၉၉၀ ကနေ ၂၀၀၈ ခုနှစ်အတွင်းပြဌာန်းထားတဲ့ ပြည်ထောင်စုဥပဒေ ငါးခုနဲ့ သမ္မတ အမိန့်ပြန်တမ်းလေးခု စတဲ့ ပိတ်ဆို့မှုတွေ ကို ပြန်လည် သုံးသပ်ရာမှာ အမေရိကန် ကွန်ဂရက် လွှတ်တော်နဲ့ မဖြစ်မနေ ပါဝင်ရ မယ့် သက်ဆိုင်သူတွေ တင်မကဘဲ ရှေ့နေ အယောက် ၂၀ လိုအပ်ပြီး သူတို့ တနေကုန်အလုပ် လုပ်ကြရပါလိမ့်မယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်ဒုတိယ အထူးကိုယ်စားလှယ် Patrick Murphy က ပြောဆို လိုက်ကြောင်း သိရသည်။
သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဖိနှိပ်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့တကွ ကျောင်းသား ပြည်သူတွေအနေနဲ့ မိမိတို့ ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တိုင်ကြားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် ခေတ္တရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မနေ့က ပြောကြားလိုက်ကြောင်း သိရသည်။
ရွှေဝါရောင် တော်လှန်ရေး ဖိနှိပ်ခံရမှု လွှတ်တော်သို့ တိုင်ကြားနိုင်
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေး ကာလအတွင်း အဖိနှိပ်ခံခဲ့ရသော ရဟန်းသံဃာများနှင့် ကျောင်းသားပြည်သူများ အနေနှင့် တွေ့ကြုံခံစားရသည့် အဖြစ်အပျက်များကို လွှတ်တော်သို့တိုင်ကြားပါက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဂျမနီနိုင်ငံတွင်လေ့လာရေး ခရီးရောက်ရှိနေသော အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေး နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က လွတ်လပ်သည့် အာရှအသံ RFA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးကျော်သူ ရုပ်ရှင် ရိုက်ခွင့်ပြန်ရပြီ
ရန်ကုန် နာရေး ကူညီမှုအသင်း၏ ဦးဆောင်သူ တဦးဖြစ်သော ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူအား ရုပ်ရှင်ရိုက်ခွင့် ၅ နှစ် ပိတ်ပင် ထားခြင်းကို ယခု ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ယင်းကိစ္စကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ရုပ်ရှင် အစည်းအရုံး က ကြားဝင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုကာလ၌ သံဃာတော်များအား ဆွမ်းကပ်သောကြောင့် ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု ဦးကျော်သူက ပြောဆိုထားကြောင်း သတင်းရရှိသည်။
ပြည်ပရောက်များ ပြန်လာရန် ဦးသိန်းစိန် ထပ်ပြော
ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လာရန် သမ္မတ ဦးသိန်းစိန်က ထပ်မံ ဖိတ်ခေါ်လိုက်သည်။ တိုင်းပြည် ပြုပြင်ပြောင်းလဲ တိုးတက်ရေးအတွက် ပြည်ပတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်မျိုးစုံလုပ်ကိုင်နေသူများ ပြန်လာကြရန် ဖိတ်ခေါ်လိုကြောင်း ယမန်နေ့က သမ္မတရုံးတွင် ကျင်းပ သော နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းစည်းဝေးပွဲ၌ ဦးသိန်းစိန်က ပြောကြားခြင်းဖြစ်သည်။ ယမန်နှစ် သြဂုတ်လ အတွင်းကလည်း ပြည်ပရောက်များ ပြန်လာရန် ဦးသိန်းစိန်က ကမ်းလှမ်းခဲ့၍ တချို့ ပြည်တော်ပြန်ခဲ့ကြ သည်။
The Voice နှင့် သတ္တုတွင်း အမှု အပြီးသတ် ကြားနာမည်
The Voice ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ဝန်ကြီးဌာန အချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော သတင်း နှင့် ပတ်သက်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူ တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားရာ မေလ၂၃ ရက်နေ့တွင် အပြီးသတ်ကြားနာ အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။SSA တောင်ပိုင်း ငြိမ်းချမ်းရေးနှင့် မူးယစ်တိုက်ဖျက်ရေး အဖွဲ့သစ်ဖွဲ့
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)သည် မကြာသေးခင်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။‘လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင် ဦးမြင့် ပါဝင်နိုင်မည် မဟုတ်
ဒုတိယ အဆင့် မဟာဗျူဟာ ပြောင်းလဲမှုအတွက် အထောက်အကူဖြစ်စေရန် လွန်ခဲ့သော တလကျော်ကတည်းက ဖွဲ့စည်းရန် စီစဉ်ခဲ့သည့် ‘မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင်
နိုင်ငံသမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် အနေဖြင့် ပါဝင်နိုင်လိမ့်မည် မဟုတ်ကြောင်း ထို အကြံပေးကောင်စီတွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်မည်၊ မည်သည့်အချိန်တွင် အပြီးသတ် ဖွဲ့စည်းမည်
ဆိုသည်ကို ၎င်းအနေဖြင့် မသိရှိသေးကြောင်း သမ္မတအကြံပေး ဦးမြင့် က ဆိုကြောင်း
သို့သော် မြန်မာ့လူမှုစီးပွား တိုးတက်ရေးအတွက် နိုင်ငံတော်ကောင်စီတရပ်ကို သုံးပွင့်ဆိုင် ဖွဲ့စည်းပြီး
နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်မည်ဖြစ်ကာ ၎င်းကောင်စီ၏အောက်တွင် အကြံပေးအဖွဲ့နှင့် Implementing Body (အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့)ထားရှိ၍ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း အမည်မဖေါ်လိုသော သမ္မတ အကြံပေးတဦးက ပြောကြောင်း သတင်းရရှိသည်။

RNDP ပါတီညီလာခံ မေလကုန်တွင် ကျင်းပမည်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို
မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စစ်တွေမြို့ရှိ ပါတီဌာနချုပ်တွင် လေးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။အဓိကအားဖြင့် ပါတီစည်းရုံးရေးအတွက် ရည်ရွယ်ကာ ညီလာခံ ကျင်းပရခြင်းဖြစ်ကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောကြောင်း
ညီလာခံသို့ ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်မှ ညီလာခံကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်ကြမည်
ဖြစ်ကြောင်း၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း “၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ရခိုင်ပြည်နယ်တွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်မလား။ တိုင်းရင်းသား ပါတီတွေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိလဲ မသိဘူး။ ဒါပေမယ့် NLD ၀င်လာမယ်ဆိုရင် အားလုံး သိတဲ့အတိုင်းပဲလေ။ အဲဒါကြောင့် ဘက်ပေါင်းစုံက ကြိုတင်ပြင်ဆင်တဲ့သဘောပဲ” ဟု ဦးဦးလှစော က ပြောကြောင်းပါတီဝင် လွှတ်တော် ကိုယ်စားလှယ် အားလုံးလည်း တက်ရောက်ကြမည် ဖြစ်ကြောင်းRNDP အား ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၈ ဦးဖြင့် ၂၀၁၀ ခုနှစ်က မှတ်ပုံတင်ထားခဲ့ပြီး တဦး ကွယ်လွန်သွားသည့်အတွက် ၁၇ ဦးဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် RNDP သည် လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး အနိုင်ရရှိထားပြီး တဦး ကွယ်လွန်သွားခဲ့ကြောင်း လက်ရှိပါတီအား ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က တာဝန်ယူထားကာ ဒု-ဥက္ကဋ္ဌများအဖြစ် ဦးတင်ဝင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်တို့က တာဝန်ယူထား ကြောင်း သတင်းရရှိသည်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment