မြန်မာသတင်းများ မေလ ၂၄ ရက် ၂၀၁၂ ခုနှစ်

မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ဆဲ၊ AI ဝေဖန်

 
လန်ဒန်အခြေစိုက် Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ ၂၀၁၂ ခုနှစ် နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံ အတွင်း မြန်မာစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
စစ်ပွဲတွေဖြစ်နေတဲ့ဒေသက ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လည်း အာဏာပိုင်တွေ ဘက်က ပိတ်ပင်ထားပြီး မြန်မာစစ်တပ်က စစ်သားတွေဟာ အရပ်သားတွေပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း ကျူးလွန်ကြတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အကန့်အသတ်နဲ့ လုပ်ဆောင်နေပေမဲ့ အခုနှစ်အတွင်းမှာပဲ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်မှုတွေ ရှိနေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ဝေဖန်ထားပါတယ်။
အဲဒီအထဲ အချို့အမှုတွေဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ် မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ် အတွင်းက အခြေအနေတွေ ကို ထောက်ပြဝေဖန်ထားရာမှာ ဖြစ်ရပ်တွေကိုပါ အသေးစိတ်ရေးသားထားပါတယ်။ ရှမ်းပြည်နယ်အတွင်း မှာ အရပ်သားတွေကို ညှင်းပမ်းနှိပ်စက်မှု မတရားဖမ်းဆီး ချုပ်နှောင်မှုတွေရှိတဲအ့ပြင် ကျေးရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းမှုတွေပါ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ခိုင်မာတဲ့ အထောက်အထားတွေအရ စစ်တပ်ဟာ အကျဉ်းသားတွေကို ပေါ်တာအဖြစ် အသုံးပြုတာ၊ မိုင်းရှင်းတဲ့နေရာ လူသားဒိုင်းလို အသုံးပြုတာမျိုးတွေ ရှိတယ်လို့လည်း ဝေဖန်ပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတာရှိပေမယ့်လည်း နိုင်ငံရေးအရလှုပ်ရှားသူတွေကို အပြစ်ပေးထောင်ချတာတွေ ဆက်ရှိနေသလို နိုင်ငံရေးအကျဉ်းသားတွေ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်တွင်း အခြေအနေဟာလည်း အတော်လေး ဆိုးဝါးနေဆဲပဲလို့ ထောက်ပြပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေရှိပေမဲ့ လူ့အခွင့်အရေးအရ တိုးတက်ဖို့ လုပ်ဆောင်စရာတွေ ကျန်နေသေးတယ်လို့ နိုင်ငံတကာက ဝေဖန်တာခံနေရဆဲပါ။ ဒီနေ့ဆိုရင်တော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ဖို့ရှိပါတယ်။ အဲဒီအထဲ မြန်မာနိုင်ငံအခြေအနေကိုလည်း ထည့်သွင်းဖော်ပြမယ်လို့ မျှော်လင့်ရပါတယ်။

ရန်ကုန်၊ မန္တလေး လူစုလူဝေး ဟန့်တားခံရ

၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုလှုပ်ရှားမှုတွေကို ဒီကနေ့ သက်ဆိုင်ရာရဲ့ တားမြစ် မှုတွေကြားက ရန်ကုန်မြို့မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမြို့ မှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဒုတိယမြောက်နေ့မှာ ဆက်လက် ဆန္ဒထုတ်ဖော်ဖို့အတွက်  ထောင်နဲ့ချီတဲ့ ရန်ကုန်မြို့ခံတွေဟာ မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားအနီးမှာ ညနေ ၆ နာရီဝန်းကျင်က စုဝေးခဲ့ကြတာပါ။ ဒါပေမဲ့ အာဏာပိုင်တွေ ရောက်ရှိလာပြီး - ဦးဆောင်သူတချို့နဲ့တွေ့ဆုံပြီး - ဆန္ဒပြတောင်းဆိုမှုတွေ ဆက် မလုပ်ဖို့နဲ့ ရဲချုပ်ရဲ့ စာကို ပေးအပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုခင်ဇော် က ပြောပြပါတယ်။
“ဖယောင်းတိုင်မီးထွန်းပြီး ချီတက်ပွဲလုပ်မယ့်အချိန်မှာပဲ အနောက်ပိုင်းခရိုင်၊ ဒု-ရဲမှူးကြီး ဦးမျိုးအောင် ကနေပြီးတော့ စာတစောင်ထုတ်ပြတယ်ဗျ။ စာတစောင်လာပေးတယ်ပေါ့နော်၊ ဒီ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုဟန်ဝင်းအောင်ကိုလေ- လျှပ်စစ်မီးပြတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ကနေပြီးတော့ သတင်းစာမှာ အတိအလင်းကြေညာထားပြီးတော့ ပြည်သူလူထုကို မေတ္တာရပ်ခံထားပြီးလည်း ဖြစ်တယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ တည်ဆဲဥပဒေတွေအရ ၅ ယောက်ထက်ပိုပြီးတော့ စီတန်းလမ်းလျှောက်မယ်ဆိုလို့ရှိရင် ဥပဒေ အရ ဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းကို ပြောတယ်ခင်ဗျ။ အဲဒီစာကို လာပေးသွားတဲ့အချိန်မှာ ကိုဟန်ဝင်းအောင်က အဲဒီစာကို ဖတ်ပြလိုက်တယ်။ ဖတ်ပြပြီးသွားတော့ လုပ်မယ်ဆိုတဲ့အတိုင်းပဲ ဆက်ပြီးတော့ ကျနော်တို့လုပ်တယ်ခင်ဗျ။ အဲလိုလုပ်တဲ့အခါမှာ ကျနော်တို့ ဘယ်ကနေ စသွားသလဲ ဆိုတော့- လက်ရွေးစင်ရှေ့ကနေပြီး ဖရေဇာလမ်းဘက်ကို ပြန်ထွက်လာပြီးတော့ ဖရေဇာလမ်းဘက်မှာ ဂုံးကျော်တံတားရှိတယ်။ အဲဒီ ဂုံးကျော်တံတားကနေ ပတ်ပြီးတော့ ဆူးလေးဘုရားပေါ်ကိုတက်လာတယ်။ ဆူးလေဘုရားကို သုံးပတ်ပတ်ပြီးတော့ ကျနော်တို့ အခု အဆုံးသတ်ပွဲကို လုပ်နေတယ်ခင်ဗျ။”
င်ရက်တွေလောက် ရဲတွေကို ကျုံးဘေးမှာ ချထားတာ မတွေ့ရတော့ပါဘူး။”
မြန်မာအစိုးရက လျှပ်စစ်မီး အလုံအလောက် မရှိတဲ့အတွက် ဖြန့်ဝေမှုတွေကို ဖြတ်တောက်မယ် လို့ ကြေညာခဲ့ရာက မန္တလေးမြို့ကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ ရေနံ၊ သဘာဝဓာတ်ငွေ့ သာမက ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေ အကြီးအကျယ် ရှိနေပေမဲ့လည်း အများစုကိုတော့ အိမ်နီးချင်း ထိုင်း၊ တရုတ် စတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။

ဒေါ်လာ သန်း ၅ဝဝ တန် ချေးငွေနှင့် ပတ်သက်သည့် စည်းမျဉ်းများ အိန္ဒိယ ဖြေလျှော့ဖွယ်ရှိ

မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အနေဖြင့် “ဖွံ့ဖြိုးရေးနှင့် (နှစ်နိုင်ငံ) ဆက်သွယ်ရေး” ကို အရှိန် မြှင့်တင်နိုင်ရေးအတွက် ယူဆောင် လာမည့် ကမ်းလှမ်းချက်များတွင် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်သည့် စည်းကမ်း သတ်မှတ်ချက် များ လျှော့ပေါ့ပေးခြင်းများလည်း ပါဝင်ဖွယ်ရှိသည်ဟု အိန္ဒိယသတင်းစာများက သုံးသပ်ကြကြောင်း

အိန္ဒိယ ဝန်ကြီးချုပ် အနေဖြင့် အိန္ဒိယမှ မြန်မာနိုင်ငံအား ထုတ်ချေးထားသော ချေးငွေများနှင့် ပတ်သတ်၍ ပြန်လည် ဆပ်ရမယ့် အချိန်ကာလကို နောက်ဆုတ်ပေးခြင်းအားဖြင့် ချေးငွေစည်းကမ်းများအား လျှော့ပေါ့ပေးလိမ့်မည်ဟုမျှော်လင့်ရပြီး အဆိုပြုထားသော ရေအားလျှပ်စစ် စီမံကိန်းများတွင် အိန္ဒိယနိုင်ငံ ပါဝင်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်များကို ၄ဝ ရာခိုင်နှုန်း လျှော့ပေါ့ ပေးလိမ့်မည်ဟု Indian Express သတင်းစာက ဆိုကြောင်းနယ်စပ်မြို့ မိုရေးကို ဖြတ်သန်း၍ အိန္ဒိယ နိုင်ငံ Imphal နှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကား ပြေးဆွဲရန် အစီအစဉ်နှင့် တပတ်တွင် နှစ်ကြိမ် နှစ်နိုင်ငံအကြား ပျံသန်းပြေးဆွဲနေသည့် လေကြောင်းခရီးစဉ် ကို တိုးချဲ့ရန် အပြင် အိန္ဒိယနှင့် နယ်စပ် ဒေသများတွင် မြန်မာနိုင်ငံ၏ မီးရထားလုပ်ငန်း ဖွံ့ဖြိုးရေးအား ၂ဝ၁၆ ခုနှစ်ထက် နောက်မကျစေပဲ အကူအညီပေးရန် ကမ်းလှမ်းချက်များ ပါဝင်လိမ့်မည်ဟု သိရသည်။

ယခုခရီးစဉ်အား အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ အဓိက ကျသော အခိုက်အတန့် တခု ဖြစ်လာလိမ့်မည်ဟု အိန္ဒိယ သတင်းစာများက အမွှမ်းတင်ခဲ့ကြပြီး၊ တောင်အာရှဒေသတွင် အင်အားအကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် “အရှေ့မျှော်” မူဝါဒကို ကျင့်သုံးကာ ပိုမိုရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန် စိတ်အားထက်သန် နေလိမ့်မည်ဟုလည်း ဆိုကြောင်းယခုခရီးစဉ်သည် အိန္ဒိယ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၏ ၁၉၈၇ ခုနှစ် ခရီးစဉ်အပြီး အိန္ဒိယ ဝန်ကြီးချုပ် တဦး၏ ပထမဆုံးမြန်မာခရီးစဉ်လည်း ဖြစ်ကြောင်း

အခြားကမ်းလှမ်းချက်များတွင် တတိယမြောက် နယ်စပ် ကုန်သွယ်ရေး စခန်း (Avakhung-Pansat/Somrai) ဖွင့်လှစ်ရန်၊ တမံသီနှင့် ရွှေစရေး ရေအားလျှပ်စစ် စီမံကိန်း နှင့် Rhi-တီးတိန် ကားလမ်း၊ တမူး-ကလေးဝ-Kalmvo ကားလမ်းများနှင့် တံတား ၇၆ ခု အား အဆင့်မြှင့်တင်ရန်၊ ဒေသတွင်း ငွေကြေးများဖြင့် ကုန်သွယ်ရေး တိုးမြှင့်ရန် အတွက် Union Bank of India နှင့် Bank of India တို့၏ ဘဏ်ခွဲများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန်အပြင် ဘဏ်အရာရှိများအား သင်တန်းများ ပေးရန်တို့ ပါဝင်သည်ဟု သတင်းစာက ဆိုကြောင်းမြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ကြောင်းအိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏအား နှစ်ဆတိုးမြှင့်ရန် သဘောတူညီထားပြီး ၂ဝ၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,ဝဝဝ ပမာဏ အထိ ရောက်ရှိရန် ကုန်သွယ်ရေး တိုးမြှင့်မည် ဖြစ်သည်။ ယခု လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ခန့်ရှိကြောင်းအိန္ဒိယ အနေဖြင့် မြန်မာနိုင်ငံတွင် ဆေး၊ မီးရထား၊ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့၊ သတ္ထုတူးဖော်ရေး နှင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း

ထို့ပြင် နှစ်နိုင်ငံ အနေဖြင့် ကုလားတန် ဘက်စုံ စီမံကိန်း တည်ဆောက်မှုများအား ၂၀၁၃ ခုနှစ် တွင် အပြီးသတ်ရန်မျှော်လင့်ထားပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကျော်ခန့် ကုန်ကျမည် ဖြစ်ကြောင်း
အိန္ဒိယ နှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ စီးပွါးရေး အကျိုးအမြတ်များ ရရှိရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်ဟု မီဒီယာများက ဖော်ပြကြောင်း သိရသည်။

အိန္ဒိယ၀န်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်တွင် မဏိပူရပြည်နယ်၏ မြို့တော်နှင့် မန္တလေးကို တိုက်ရိုက်ဘတ်စ်ကား ထားရှိရေး အဆိုပြုသွားမည်

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရာ၌ မြန်မာနိုင်ငံအပေါ် ကြွေးမြီအမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မဏိပူရပြည်နယ် ၏ မြို့တော်အင်ဖာနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ချိတ်ဆက်သော ဘတ်စ်ကားလိုင်း ထားရှိရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ ဖွင့်လှစ်ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု The Indian Express သတင်းစာမှ ဖော်ပြသွားသည်။ ၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီပြီးလျှင် မန်မိုဟန်ဆင်းသည် ပထမဆုံး လာရောက်မည့် ၀န်ကြီးချုပ် ဖြစ်သည်။ အိန္ဒိယ၀န်ကြီးချုပ်သည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပေးဆပ်ရမည့် ကြွေးမြီများကို ပြန်ပေးဆပ်ရန် အချိန်ကာလ တိုးမြှင့်ပေးလိုက်ခြင်းဖြင့် ဖြေလျော့ပေးခြင်းဖြစ်သည်။
 အင်ဖာနှင့် မန္တလေးတိုင်းဒေသကြီး တိုက်ရိုက်ဘတ်စ်ကားလမ်းကို အိန္ဒိယနယ်စပ် မြို့ဖြစ်သည့် မိုရေးမြို့ကိုဖြတ်ကာ ဖောက်လုပ်ရန်၊ လေကြောင်းလိုင်းများကိုလည်း လက်တလောတွင် တစ်ပတ်နှစ်ကြိမ် ပျံသန်းရာမှ တိုးမြှင့်ပျံ သန်းသွားရန်၊၂၀၁၆ခုနှစ်အမီ အိန္ဒိယနယ်စပ်ဒေသများမှ မြန်မာ့မီးရထားလမ်းများ အဆင့်မြှင့်တင်ရေးလုပ် ဆောင်သွားရန်တို့ ပါဝင်သည်။ အခြားအဆိုပြုမည့် အချက်များ တွင် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံအတွင်း ထမံသီနှင့် ရွှေဇာယီရေအားလျပ်စစ်စီမံကိန်းများကို တည်ဆောက်ရေး၊ တမူး-ကလေးဝ-ကမ်ဗိုလမ်းပေါ်ရှိ တံတား ၇၆ စင်း အဆင့်မြှင့်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရန် မြန်မာနိုင်ငံတွင် The Union Bank of India နှင့် Bank of India တို့၏ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်သွားရန်တို့ ပါဝင်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက အိန္ဒိယသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၁၅ ခုနှစ်အမီ အမေရိကန် ဒေါ်လာ ၃ဘီလျံအထိ လက်ရှိ ကုန်သွယ်မှု ပမာဏ၏ နှစ်ဆမြှင့်တင်ရန် သဘောတူခဲ့သည်။

မန္တလေးတွင် ပုံမှန်ထက် လုံခြုံရေးတိုးမြှင့်ချထား

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့တွင် ယူနီဖောင်းအပြည့် လုံထိန်းနှင့် ရဲအထူးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားကြောင်း ကြောင်းမေလ ၂ဝ ရက်နေ့မှ စတင်ကာ သုံးညဆက်တိုက် လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲများ မန္တလေးမြို့တွင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ သာမန်ထက် ထူးခြားစွာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခြင်း ဖြစ်နိုင်ကြောင်း မည်သည့်အတွက်ကြောင့် လုံခြုံရေး တိုးချထားသည်ကို သက်ဆိုင်ရာမှ ပြောဆိုခြင်း မရှိသလို အချက်အချာ ကျသည့်နေရာများအပြင် မန္တလေးတောင်ပေါ်အထိ ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည့်အတွက် ထူးခြားကြောင်း

လူအသွားအလာ၊ မော်တော်ယာဉ်အသွားအလာများ ပုံမှန်အတိုင်းရှိနေသည်။ လုံခြုံရေး တိုးမြှင့်ချထားသည့် အတွက် ပြီးခဲ့သည့်ရက်များက ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် ကျောင်းသားလူငယ်များနှင့် ပြည်သူများ အပေါ် ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ရန် နှိုးဆွသလို ဖြစ်နေကြောင်း ဆန္ဒပြပြီးနောက် လျှပ်စစ်မီးများမှာမူ ပုံမှန် သတ်မှတ်ခွဲတမ်းအတိုင်း ပြန်လည် ရရှိနေသည် ဟုလည်း ဦးမျိုးနိုင်က ဆိုသည်။မုံရွာမြို့တွင်လည်း မေလ ၂၁၊ ၂၂  ရက်နေ့များက လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့တာကြောင့် ၂၃ ရက်နေ့တွင် မုံရွာမြို့၏ ဗိုလ်ချုပ်ကြေးရုပ်၊ နာရီစင်နှင့် ဘုရားကြီး စသည့် အထင်ကရနေရာတို့တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားကြောင်း မုံရွာမြို့ခံတဦး၏ ပြောပြချက်အရ သိရှိရသည်။

ပဲခူး လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှု ရက်ရွှေ့ဆိုင်းထား

ပဲခူးမြို့၌ လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင် ထွန်း၍ ဆန္ဒပြမည့် အစီအစဉ်အား
ရွှေ့ဆိုင်း လိုက်ပြီဖြစ်ကြောင်း
ဆန္ဒပြရန် အစီအစဉ်အား ရက်အကန့်အသတ် မရှိရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ပဲခူးမြို့ရှိ လျှပ်စစ်မီး ပြတ်တောက် မှုများကို အာဏာပိုင်များမှ ထိန်းထိန်း သိမ်းသိမ်းဖြင့် ကိုင်တွယ်လျက် ရှိသည်။ နောက်ဆုံး အတည်ပြု မေးမြန်းချိန်အထိတွင် ပဲခူးတွင် တနေ့လျှင် ၈ နာရီ လျှပ်စစ်မီး ရရှိနေသည်ဟု သိရှိရပါသည်။ ရန်ကုန်တွင် ၆ နာရီသာ မီးပေးဝေ နေပါသည်။ မန္တလေး မြို့၌မူ ၁ နာရီခန့်သာ လျှပ်စစ်မီး ပေးဝေလျက် ရှိနေသည်။

ပေါင်းတည်မြို့တွင်လည်း လျှပ်စစ်မီးအရေး ဆန္ဒဖော်ထုတ်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် မြို့ခံပြည်သူများက လျှပ်စစ်မီးရရှိရေး ဗုဒ္ဓဟူးနေ့ညတွင် ဖယောင်းတိုင်များ မီးထွန်းကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ပေါင်းတည်မြို့ခံ လမ်းလျှောက်ချီတက် ဆန္ဒပြတာမျိုး မဟုတ်ဘဲ ရန်ကုန်ပြည်လမ်းဘေးရှိ မြို့မဈေးကြီးတွင် မြို့ခံများ စုဝေးကာ ဖယောင်းတိုင်များ ထွန်းညှိ၍ ဟစ်အော်ခြင်းမရှိဘဲ ရပ်လျက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းမြို့ခံများ၏ အဓိက မကျေနပ်ချက်မှာ မီတာထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁,၀၀၀ ကို မီးလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ပေးဆောင်ရကြောင်းနှင့် တတိုင်းပြည်လုံး ခံစားနေရသည့် လျှပ်စစ်မီးပြဿနာကို ပေါင်းတည်မြို့ ပြည်သူများ လည်း ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။အာဏာပိုင်အဖွဲ့အစည်းများက နှောက်ယှက်ဟန့်တားမှု မရှိဘဲ တာဝန်ကျ ယာဉ်ထိန်းရဲများကလည်း လမ်းရှင်းပေးခဲ့ကြောင်း သိရသည်။

RNDP ပါတီ ညီလာခံကျင်းပရန် နေရာ ငှားရမ်းခွင့်မပြု

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ၏ ပထမ အကြိမ် ညီလာခံ ကျင်းပရန်အတွက် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ အား အသုံးပြုခွင့်မရကြောင်း သိရသည်။ RNDP ညီလာခံကို မေ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တခုလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်၍ ဦးဥတ္တမ ခန်းမ ၌ ကျင်းပရန် ငှားရမ်းသော်လည်း ပြည် နယ် ၀န်ကြီးချုပ်နှင့် စည်ပင်သာယာ ၀န်ကြီးတို့က အကြောင်းအမျိုးမျိုးပြ၍ ငှားရမ်းခွင့် မပြုခြင်းဖြစ်သည်ဟု RNDP က ပြော သည်။ ဦးဥတ္တမ ခန်းမ အသုံးပြုခွင့်မရ၍ စစ်တွေဘုရားကြီး အနီးရှိ ပညာလင်္ကာရ ဘုန်းကြီးကျောင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်း ညီလာခံ၌ ဥက္ကဌ သစ်နှင့် ဗဟို အလုပ်အမှုဆောင် သစ်များ ရွေးချယ်ရန် ရှိသည်ဟုလည်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံ ကျင်းပမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် New Myanmar Investment Summit 2012 အမည်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံ တခုကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံကို Parkroyalဟိုတယ် ၌ လာမည့် ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တူ တူးဖော်ရေး၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ လယ် ယာ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေး စသည့်စီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိကြောင်း နည်းပညာဆိုင်ရာ အင်တာနက်စာမျက်နှာ cmt.com ၌ ဖော်ပြထားသည်။

အလုပ်ရှင်များသို့ ပန်ကြားလွှာ ၈၈ ကျောင်းသားများ ထုတ်ပြန်

“စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များသို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ပန်ကြားလွှာ” တစောင်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ ပန်ကြားလွှာတွင် ယခုရက်များအတွင်း စက်မှုဇုန်အသီးသီး၌ အလုပ်သမား ဆန္ဒပြမှုများ နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများက အလုပ်သမားများနှင့် တွေ့ဆုံကာ အလုပ်ရှင် အလုပ်သမားကြား ပူးပေါင်းဆောင်ရွက်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီဖော်ဆောင်ရာတွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ အားကောင်းခိုင်မာရန်လိုကြောင်း၊ ထို့အတွက် အလုပ်ရှင်နှင့် အလုပ်သမား များအကြား ဖြစ်ပေါ်လာသော ပြဿနာများ ညှိနှိုင်းဆွေးနွေးရန်လိုကြောင်း၊ ပန်ကြားလွှာတစောင်ကို ထုတ်ပြန်လိုက်သည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ထပ်ဆောက်ရန် စီစဉ်

မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော လျှပ်စစ်မီး မလုံလောက်မှု အခက်အခဲ ပြေလည်ရေးအတွက် အမေရိကန်၊ ဂျပန် နှင့် တောင်ကို ရီးယားနိုင်ငံများမှ ကုမ္ပဏီများနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ အမေရိကန်မှ General Electric နှင့် Caterpillar ကုမ္ပဏီ ၊ ဂျပန်မှ J Power နှင့် တောင်ကိုရီးယားမှ BKB ကုမ္ပဏီများ ဖြစ်ကြောင်း၊ ဂျပန်မှ J Power နှင့် တောင်ကိုရီးယား BKB ကုမ္ပဏီများ က ရန်ကုန်မြို့အနီးတွင် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင်များဖြင့် ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းက မြန်မာ ၇၀၀ ကျော် ပြန်လွှတ်ပေး

ထိုင်းနိုင်ငံ ခေါကန်မြို့နယ်ရှိ အကျဉ်းထောင်တွင် တရားမ၀င် နိုင်ငံတွင်း ၀င်ရောက်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ၎င်းတို့ကို နယ်စပ်မှ တဆင့် သက်ဆိုင်ရာ အရပ်ဒေသများသို့ ပြန်လည်ပို့ ဆောင်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အဆိုပါ မြန်မာ နိုင်ငံသားများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း က ဖမ်းဆီးခံထားရ ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ရဲ အဖွဲ့အကြီးအကဲများနှင့် ဦးသိန်းစိန် တွေ့

နေပြည်တော်၌ ကျင်းပသော ၃၂ ကြိမ်မြောက် အာဆီယံ ရဲချုပ်များ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရဲအဖွဲ့ အကြီး အကဲများနှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က တွေ့ဆုံသည်။ အင်္ဂါနေ့က စတင်သည့် ၃ ရက်ကြာ ယင်းအစည်းအဝေးတွင် အာဆီယံ နိုင်ငံများ အပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျ နိုင်ငံများနှင့် နိုင်ငံတကာ ရဲအဖွဲ့(Interpol)လည်း တက်ရောက်ကြောင်း သိရသည်။

ကမ္ဘောဇ ဘဏ်ကို ဂျပန် SMBC ဘဏ် ကူညီမည်

ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ဘဏ်တခုဖြစ်သော Sumitomo Mitsui Banking Corp(SMBC) ဘဏ်က မြန်မာ ပုဂ္ဂလိက ဘဏ် ကမ္ဘောဇ (KBZ)ဘဏ်ကို လုပ်ထုံး လုပ်နည်းဆိုင်ရာ အကူအညီများနှင့် ဘဏ်ဝန်ထမ်းများအတွက် သင်တန်း အကူအညီများ ပေးမည်ဖြစ်ကြောင်း ယင်းအစီအစဉ်ကို အနာဂတ်ကာလတွင် ဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဂျပန် သတင်းများက ဆိုသည်။

၂၀၁၄-၂၀၁၅ တွင် တဦးချင်း ၀င်ငွေ ၃ ဆ တိုးရန် ရည်မှန်း

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တဦးချင်း ၀င်ငွေ ၃ ဆ တိုးရန် ရည်ရွယ်ထားကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် လယ်ယာ ကဏ္ဍနှင့် ပတ်သက်၍ ညှိနှိုင်း အစည်အဝေးတွင် ပြောကြားခြင်း ဖြစ်ပြီး အမျိုးသား အသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု တန်ဖိုး(GDP) လျာထား ရည်မှန်းချက် ကိုလည်း ၃ ဆ တိုးရေး အကောင်အထည်ဖော်ရန် ပြောဆိုကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ထားဝယ်စီမံကိန်းအတွက် ထိုင်းအစိုးရ ဒေါ်လာ ၁ ဘီလီယံ ခွင့်ပြု

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး အထောက်အကူဖြစ်စေမည့် စီမံကိန်း ၂၀၃ ခုအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ထိုင်းအစိုးရက ခွင့်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ ဖော်ပြချက်အရ သိရသည်။

ဒေသခံများပါ မြေမြှုပ်မိုင်း သုံးစွဲနေ

မြန်မာနိုင်ငံ အရှေ့ပိုင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သော ဒေသ ၇ ခုတွင် မြေမြှုပ်မိုင်း များကို တိုက်ခိုက်ရေးအတွက် လက်နက်ကိုင် အဖွဲ့များက အသုံးပြုနေသကဲ့သို့ ဒေသခံ ရွာသားများကလည်း ၎င်းတို့ ကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့(KHRG) ပြောသည် ဘားအံ၊ ဒူးပလယာ၊ ဖာပွန်၊ ညောင်လေးပင်၊ တနင်္သာရီ၊ တောင်ငူနှင့် သထုံ ခရိုင်များရှိ တိုက်ပွဲအဖြစ်များခဲ့သော နေရာများတွင်ဒေ သခံရွာသားများက အစိုးရတပ်များ ဝင်ရောက်လာလျှင် အချက်ပေး ကိရိယာအဖြစ် ရွာအနီးနှင့် တောလမ်းတချို့တွင် မြှုပ်နှံ အသုံးပြုခြင်းဖြစ်ကြောင်း မေလ ၂၁ ရက်က ထုတ်ပြန်သော KHRG ၏ “စိတ်ချသေချာမှု မရှိသော မြေ” အစီရင်ခံစာတွင် တွေ့ရှိရသည်။

စွမ်းအင်သုံးစွဲ ရောင်းချမှု အစိုးရ ပွင့်လင်းရန် လို

အစိုးရအနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရောင်းချမှု၊ ခွဲဝေသုံးစွဲမှုစသည်တို့နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း သဘာဝစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ ရောင်းချနေသည်ဆိုသော်လည်း နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း၊ ပြည်ပသို့ လျှပ်စစ်နှင့် တခြားသော စွမ်းအင်ရင်းမြစ် မည်မျှရောင်းချသည်၊ မည်သို့သုံးစွဲသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြောသည်။

ကျန်းမာရေး အထူးစိုးရိမ်ရတဲ့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ပေးဖို့ AAPP တောင်းဆို

ကျန်းမာရေး အထူးစိုးရိမ်စရာ ဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်း မြန်မာနယ်စပ်အခြေစိုက် AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တောင်းဆိုလိုက်ပါတယ်။

အရည်အချင်းပြည့် ကိုယ်စားလှယ်ဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မနေ့က နေ့လည်ပိုင်းက NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံပွဲမှာ NLD ကိုယ်စားလှယ်တွေအနေနဲ့ အရည်အချင်း ပြည့်ဝပြီး ပြည်သူတွေ အားကိုးရလောက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်အောင် ပြင်ဆင်ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း သိရပါတယ်။

သတင်းထောက်နာမည် ဖော်ထုတ်ပေးရေး တောင်းဆိုချက် တရားရုံးက ပယ်ချ

သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက သတင်းရေးသားသူ သတင်းထောက် နာမည်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုချက်ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးက မနေ့က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန် အလုပ်သမားဆန္ဒပြပွဲ ပိုမိုတင်းမာနိုင်

ရန်ကုန်၊ လှိုင်သာယာစက်မှုဇုံ ၄ က အလုပ်သမားတွေ ဆန္ဒပြနေတဲ့အခြေအနေဟာ ဒီကနေ့မှာတော့ ဒီကနေ့မှာတော့ ပိုရှုပ်ထွေး တင်းမာလာပါတယ်။ အလုပ်ရှင်တွေဘက်က အတင်းအကျပ်အပြုအမူ လုပ်လာတာတွေ ရှိခဲ့ပြီးတော့ တချို့စက်ရုံတွေကတော့ အလုပ်သမားတွေကို အလုပ်က ထုတ်ပယ်တယ် လို့ ကြေညာခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အလုပ်သမားတွေကို အဖျက်လုပ်ငန်းတွေ လုပ်ကြဖို့ ဖျားယောင်းသွေးဆောင်မှုတွေလည်း ရှိခဲ့ပါတယ်။ သပိတ်မှောက်အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေတာ ရက်ကြာလာတာနဲ့အမျှ အခြေအနေက အနည်းငယ် ရှုပ်ထွေးလာနေတာပါ။ စက်ရုံတရုံချင်းအလိုက် အခြေအနေအမျိုးမျိုး ကွဲပြားနေတာမှာ အပြင်းထန်ဆုံးဖြစ်ခဲ့တာကတော့ တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှာဖြစ်ပါတယ်။ အဲဒီစက်ရုံက အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုတာ ဒီကနေ့က၄ရက် မြောက်နေ့ဖြစ်ပါတယ်

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့တွင် တည်ဆောက်မည့် စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ် ထိုင်းဘတ်ငွေ ၃၁ ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဘီလျံ)အား ထိုင်းအစိုးရမှ အတည်ပြုလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသား ဖော်ပြထားချက်များအရ သိရှိရသည်။

အဆိုပါ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ထိုင်းနိုင်ငံအတွက် အာဆီယံဒေသနိုင်ငံများနှင့် ချိတ်ဆက်၍ရသော ပေါင်းကူးသဖွယ် ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုင်းအစိုးရအနေဖြင့် ထားဝယ်ဒေသ ဖွံ့ဖြိုးရေး အပါအ၀င် ရေနက်ဆိပ်ကမ်း စက်မှုဇုန် ဖွံ့ဖြိုးရေးများကိုပါ ဆောင်ရွက်နေကြောင်း၊ အဆိုပါစီမံကိန်းမှာ မြန်မာ့စီးပွားရေးကိုပါ တိုးတက်လာစေမည့်အပြင် စီမံကိန်းပြီးစီးပါက ထိုင်းနိုင်ငံ အနောက်ဘက်ခြမ်းဒေသအား နိုင်ငံတကာ စီးပွားရေးအရဗဟိုအချက်အချာကျသောနေရာတစ်ခုဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံ ကစ်ရှနာဘူရီမှ မြန်မာနိုင်ငံ ထားဝယ်သို့ ဖောက်လုပ်မည့် အဝေးပြေးလမ်း ဖောက်လုပ်ရေး စီမံကိန်းအတွက် မြန်မာအစိုးရဘက်မှလည်း အကူအညီပေးရန် တိုက်တွန်းထားကြောင်း သိရှိရသည်။


မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်ဆုံး၌ ရပ်တည်နေသော စင်ကာပူနိုင်ငံက ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ၂၀၁၂ ခုနှစ် မေလ ဒုတိယပတ်က တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း
စင်ကာပူနိုင်ငံ International Enterprise (IE) Singapore Business Development Trip To Myanmar မှ Group Director Southeast Asia Group Mr.Tan Soon Kin ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင်အဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်ခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်လာ ရောက်သော စင်ကာပူစီးပွားရေး လုပ်ငန်းရှင်အဖွဲ့အား ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် အရေးပါနေကာ လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်လျက်ရှိသော ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံ ၃၁ လုံးရှိကြောင်း၊ အခန်းအရေတွက် ၅၁၄၅ ခန်းရှိပြီး ရင်းနှီးမြှုပ်နှံမှုအားဖြင့် အမေရိကန်ဒေါ်လာ ၈၈၅ ဒသမ ၉၂ သန်းရှိကာ စီမံကိန်းငါးခုမှာ ဆောက်လုပ်နေဆဲဖြစ်ကြောင်း
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ သန်းရှိနေပြီး စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံထားသည်။

ယင်းအနက် စင်ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၉၇ ဒသမ ၇၅၆ သန်းဖြင့် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံ ၁၂ ခုတွင် မြှုပ်နှံထားသည်။ ထိုင်းနိုင်ငံသည် ဒုတိယအများဆုံးအဖြစ် ရှိနေပြီး အဆောက်အအုံ ၁၁ ခု၌ ရင်းနှီးမြှုပ်နှံထားမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၂၅၀ သန်းဖြစ်သည်
စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၊ မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်၊ ရန်ကုန်မြို့ရှိ PARKROYAL ဟိုတယ် စသည့် အဆောက်အအုံများ ပါဝင်သည်မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားရာတွင် ဟိုတယ်နှင့် စီးပွားရေးအဆောက် အအုံကဏ္ဍသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပြီး လက်ရှိတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ တိုးတက်မှု အလားအလာများကြောင့် အမေရိကန်အပါအ၀င် အခြားနိုင်ငံများရှိ ဟိုတယ် လုပ်ငန်းများကပါ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန်လည်း လေ့လာမှုများရှိနေသည်။    



ပြည်တွင်းအန်ဂျီအို အဖွဲ့ရှစ်ဖွဲ့ ပူးပေါင်းကာ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ပဋိပက္ခကြောင့် အမျိုးသမီးနှင့် အမျိုးသားတို့၏ လူမှုဘ၀ သက်ရောက်မှုများကို လေ့လာဆန်းစစ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း လူမှုဘ၀ သက်ရောက်မှု လေ့လာဆန်းစစ်မှု ပြုလုပ်မည့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့ ဖြစ်ပြီး လာမည့် ဇွန်လဆန်းပိုင်းမှ စတင်ကာ တစ်လကြာ လေ့လာဆန်း စစ်မှုများပြုလုပ်သွားမည်လက်ရှိဖြစ်ပျက်နေသည့် ပဋိပက္ခများကြောင့် အမျိုးသမီးနှင့်အမျိုးသားများ အပေါ်တွင် မည်သို့သက်ရောက်မှု ရှိသည်၊ အမျိုးသမီးများတွင် မျိုးဆက်ပွား ကျန်းမာရေးများနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ အမျိုးသားများ၏ ပဋိပက္ခကာလအတွင်းနှင့် ကာလအပြီးတွင် ရှင်သန်နေထိုင်မှုပုံစံနှင့် Gender အခြေပြု အကြမ်းဖက်ခံရခြင်း အစရှိသည့် အချက်များကို အခြေခံကာ လေ့လာဆန်းစစ်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment