ထွက်ပြေး တိမ်းရှောင်နေရသူများနှင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသူ စုစုပေါင်း ၉၀၀၀၀၀ နီးပါးရှိပြီး ၎င်းတို့အား အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းကာ ကူညီသွားမည်၊ ထာဝရငြိမ်းချမ်းရေးယူကာ ၀င်ရောက်လာမည့် တိုင်းရင်းသား လက်နက်ကိုင်များကိုပါ ကူညီရန်စီစဉ်ထား
နယ်မြေဒေသ မလုံခြုံ၍ နေရပ်ကိုစွန့်ခွာ တိမ်းရှောင်နေရသူ ဦးရေ ၄၄၆၀၀၀ နီးပါးရှိပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသူ ၃၅၀၀၀၀ ရှိကြောင်း၊ စုစုပေါင်း ၉၀၀၀၀၀ နီးပါးရှိကြောင်း သိရသည်။
အကူအညီပေးရန်အတွက် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ နိုင်ငံ တကာမှ အလှူရှင်များပူးပေါင်းပါ ၀င်မည့် Donar Support Group အားဖွဲ့စည်းကူညီသွားမည်ဖြစ် ကြောင်း သိရသည်။
“Donar Support Group ကို ဖွဲ့စည်းကူညီမယ်။ Donar Support Group မှာ UN လည်းပါမယ်။ မေလနောက်ဆုံးပတ်မှာ Donar Support Group Confrence တစ်ခုလုပ်ပါမယ်။ Donar Support Group က ဘာနဲ့သွားတူလဲဆိုရင် နာဂစ်တုန်းက ကူညီပေးတာနဲ့ သွားတူပါတယ်။ နာဂစ်ဖြစ်တုန်းကလည်း Donar Supporting Confrence လုပ်ပြီး Donar တွေရဲ့ လှူတဲ့ပိုက်ဆံတွေကို လက်ခံဆောင်ရွက်ခဲ့ပါတယ်။ ဒီပုံစံအတိုင်းပြန်လုပ်ပြီး ကူညီမှာပါ။ အဲဒီလိုလုပ်တဲ့အခါ ကျွန်တော်တို့ကို ကမ်းလှမ်းထားတာက နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံက အဖွဲ့တွေ အဓိက ပါဝင်တယ်။ အဲဒါကို ထပ်ပံ့ပိုးပေးမှာက အီးယူနိုင်ငံတွေက ပံ့ပိုးပေးပါမယ်။ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ US ၊ UK အဖွဲ့တွေအားလုံးက ပံ့ပိုးပေးပါမယ်။ ဒါကြောင့် ကျွန်တော် နော်ဝေးကိုသွားပြီး ညှိနှိုင်းခဲ့တာဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။
ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့တွင် အင်အား ၅၀၀၀၀ နီးပါး ရှိကြောင်းလည်း သိရသည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့မှ အင်အား ၅၀၀၀၀ ပြန်လည် ၀င်ရောက်လာ သည့်အခါတွင်လည်း နေထိုင်စရာ၊ စားသောက်စရာ၊ အလုပ်အကိုင်၊ စာသင်ကျောင်း၊ ဆေးရုံမှအစ လိုအပ်သည်များကို ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့က ၅၀၀၀၀ လောက် ရှိတယ်။ မလုံခြုံလို့ နေရပ်ကို စွန့်ခွာတဲ့သူ ၄၄၆၀၀၀ ရှိတယ်။ နယ်စပ် က Refugge ကန့် ၁၀ ခုမှာ ၃၅၀၀၀၀ ရှိတယ်။ သူတို့ပြန်လာရင် ထမင်း ကျွေးရမယ်၊ အိမ်ဆောက်ပေးရမယ်၊ လုပ်ငန်းခွင်လုပ်နိုင်အောင်၊ လုပ်ငန်း လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးရပါမယ်။ လမ်းတွေဖောက်ပေးရမယ်၊ တံတားတွေဆောက်ပေးရမယ်။ ကျောင်းတွေဆောက်ပေးရမယ်၊ သူတို့နယ်မြေတွေက မိုင်းတွေ ရှင်းပေးရမယ်။ ဆေးရုံတွေဆောက် ပေးရမယ်။ ဒါတွေကို ဒီကရတဲ့ အလှူငွေတွေနဲ့ လုပ်ကိုင်ပေးသွားမယ်။ ရတဲ့ငွေတွေကို နိုင်ငံတော်အစိုးရက မကိုင်ပဲ DONAR SUPPORT GROUP က ကိုင်ပါမယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အခါ လက်တစ်ကမ်းလေးမှာပဲ ရပ်ပြီး ကျေနပ်နေမယ့် အဖွဲ့အစည်းမဟုတ်ပါဘူး။ အစအဆုံး လုပ်ပေးဖို့အတွက် ဒီလောက်အထိ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေး ဆိုတာ ဒါပါပဲ။ ဒါဟာ အခုမေလ နောက်ဆုံးပတ်မှာ အဖြေပေါ်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကတိရထားတဲ့ ငွေပမာဏတွေ ရှိပါတယ်။ ပြောဖို့ နည်းနည်း စောနေသေးလို့ပါ”ဟု ပြောကြားခဲ့ပါသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment