သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ
တူမောင်ညို။
(NLD) ပါတီ က (၃၀ ဧပြီ၊ ၂၀၁၂ ) တနင်္လာနေ့က ထုတ်ဝေတဲ့ ”ဒီလှိုင်းစာစောင်” အတွဲ ၁။ အမှတ် ၁၅ မှာ ပါရှိတဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာ့အာဘော်နဲ့ ဦးဝင်းတင် ဆောင်းပါး - ဒီချုပ်နဲ့ “ သော့ခလောက်ကြီး ” ပြည်သူလူထုရဲ့မေးခွန်းပုစ္ဆာ … ကျုပ်တော့ဖြင့် မျက်စေ့လည်နေပြီဗျာ” ဖတ်ကြည့်ပါဗျာ။ သဘောထားထင်မြင်ချက်လည်းလွတ်လပ်စွာပေးကြပါဗျာ။ထွက်လာတဲ့အာဘော်၊ အာဘော်ဆောင်းပါးတွေက ဒီချုပ်ပါတီထဲမှာဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကိုလှစ်ဟပြနေတယ်ဆို တာတွေ့ရပါလိမ့်မယ်။


ဦးဝင်းတင်ဆောင်းပါးထဲကအတိုင်းဆိုရင်တော့“သော့ခလောက်ကြီးတန်းလန်းနဲ့လွှတ်တော်ထဲ ဝင်သွားလို့ကတော့ရဟန်း၊ဗိုလ်၊လူ၊ကျောင်းသား၊ပြည်သူတွေကဝိုင်းမေးကြမှာ
မြေကြီးလက်ခတ်မလွဲပဲလို့ပြောချင်တယ်ဗျ” တဲ့
အခုတော့ ၃၀ ဧပြီ ၂၀၁၂ ဒီချုပ်ကြေညာချက်အမှတ် ( ၁၇/၀၄/၁၂) မှာတော့ “ပြည်သူလူထုဆန္ဒကိုလိုက်လျောလိုသော ကြောင့်” ဆိုပါလား။



 
တစ်နေ့ထဲထုတ်ဝေတဲ့ “ဒီလှိုင်းစာစောင်” မှာ ဖေါ်ပြပါရှိသော သဘောထားနဲ့  (NLD)ပါတီကြေညာချက်ပါသဘောထား က ဖြောင့်ဖြောင့်ကြီး ဘာကြောင့် ကွဲပြားခြားနားနေတာပါလိမ့်။ ဒါကိုရှင်းလင်းပေးဖို့(NLD)ပါတီမှာတာဝန်ရှိပါတယ်။ ပြည်သူ လူထုကိုလက်တစ်လုံးခြားမလှည့်ဖျားသင့်ပါ။ ပြည်သူလူထုကိုလိမ်ညာလှည့်ဖျားသူတွေကို (NLD) ပါတီအပါအဝင်  နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ ပြည်သူတိုင်း ကဆန့်ကျင်ရှုံ့ချရမှာပါ။
လူထုဆန္ဒကိုရိုသေလေးစားလျက်
တူမောင်ညို


LWIN PWIN

NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment