မြန်မာသတင်းများ မေလ ၀၂ ရက် ၂၀၁၂ ခုနှစ်


ပြည်သူ့ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား မေလ ၂ ရက်နေ့တွင် NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို



ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါဇယား ၄ ၏ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သည့်စာသားများအတိုင်းသာ ကျိန်ဆိုသွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

NLD ကိုယ်စားလှယ်များ နေပြည်တော် ရောက်ပြီ

မေလ ၂ ရက်တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် တက်ရောက်ကျမ်းကျိန်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ အင်္ဂါနေ့ နံနက်ပိုင်းက ရောက်ရှိလာကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှ အပ ကျန်NLD  လွှတ်တော်ကိုယ်စားလှယ် အားလုံး နံနက်ပိုင်းက နေပြည်တော်သို့
ရောက်ရှိလာကြပြီး နေပြည်တော် ရုံးအမှတ် ၂၀ (လွှတ်တော်ရုံး) တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ခြင်း၊ အသုံးစရိတ်ဆိုင်ရာ စာရင်းအင်းများ စသည့် ရုံးလုပ်ငန်းကိစ္စများကို ပြုလုပ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အစိုးရရုံးပိတ်ရက် ဖြစ်သော်လည်း NLD ကိုယ်စားလှယ်များ၏ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော် ရုံးအမှတ် ၂၀၊ လွှတ်တော်ရုံးက လက်ခံပြုလုပ်ပေးခဲ့သည်။
NLD ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ မေလ ၂ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ လာရောက်ပြီး ပြည်သူ့လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။

မေလ ၂ ရက်တွင် လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ညနေပိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များသည် နေပြည်တော်မှ
ပြန်လည်ထွက်ခွာမည် ဖြစ်သည်။လက်ရှိတွင် NLD ကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည်နေပြည်တော် စည်ပင် တည်းခိုရိပ်သာတွင် တည်းခိုနေကြသည်။

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို


NLD ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အပျော့ပြောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒီဆုံးဖြတ်ချက်ဟာ ခက်ခက်ခဲခဲ ချလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ နားလည် သဘောပေါက်ပါတယ် လို့လည်း ပြောဆိုပါတယ်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက - ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အတွက် စစ်မှန်ခိုင်မာတဲ့ democracy ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို လေးစား တန်ဖိုးထားပါကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲ ရောက်သွားမယ် ဆိုရင် အရေးပါပြီး အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံ အတွက် အကောင်းဆုံး လုပ်ငန်းစဉ်တွေကို စတင်နိုင်မှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုပါတယ်။ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို


လွှတ်တော်တက်ရောက်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ မနေ့ က ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Mr. Mark Toner က -
NLD နဲ့ အစိုးရတို့ဟာ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အတူတကွ ဆက်လက် ဆောင်ရွက်သွားကြလိမ့်မယ်လို့ မျှော်လင့်နိုင်တဲ့ လက္ခဏာတစ်ရပ် အဖြစ် မိမိတို့ရှုမြင်နိုင်တယ်လို့ ယူဆပါတယ်၊ အသစ်ရွေးကောက် တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ရှိနေတာ တွေ့ချင်ပါတယ်၊ အစိုးရနဲ့အတူ လက်တွဲ တည်ဆောက်နေကြတာကို မြင်ချင်ပါတယ်၊ တိုးတက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာကို တွေ့မြင်ချင်ပါတယ် လို့ Mr. Mark Toner က ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ခန့်အပ်မယ့် ကိစ္စ မသိရသေးကြောင်း၊ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်တွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ဆိုတာ ခန့်မှန်းလို့ ရပါကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် Mr. Mark Toner က ဆိုပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပသမဂ္ဂ မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ အခုအခါ NLD ဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်ကြောင်း မနေ့က ကျင်းပတဲ့ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
သူက မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ တွေ့ခဲ့ရပါတယ်၊ ဒါပေမဲ့ ရှေ့ဆက် ဆောင်ရွက်ရမှာတွေ ကလည်း အများကြီး ရှိပါတယ်၊ မိမိတို့ အမြင်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာတာဟာ အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

SSA တောင်ပိုင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်


ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားပြီးဖြစ်သော ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ မေလထဲတွင်တွေ့ဆုံကြရန်ရှိပြီး အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေးတိုက်ပွဲဆင်နွဲမှုများအပေါ် ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်သွားရန်ရှိကြောင်း SSA ကပြောသည်။

ဆွေးနွေးပွဲ ပြန်စရန် KIO ကမ်းလှမ်း


ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်းလိုက်သည်။

ကမ္ဘာ့အလုပ်သမားနေ့ ရခိုင်နှင့် ရန်ကုန်တို့တွင် ကျင်းပ

ဒီကနေ့ကျရောက်တဲ့ ၁၂၂ ကြိမ်မြောက် မေးဒေးနေ့ ခေါ် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂက ဦးဆောင်ပြီး မနေ့ က မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

စီးပွားကြပ်တံငါသည်များ သမ္မတထံ ငါးဖမ်းခွင့်တောင်းဆို


မျိုးရိုးစဉ်ဆက် ငါးဖမ်းခဲ့သည့်အင်းကြီးတွင် ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် ဧရာဝတီတိုင်း ကျုံပျော် မြို့နယ်အတွင်းရှိ တံငါသည် ၂၆၂ ဦးက နိုင်ငံတော်သမ္မတထံ ယမန်နေ့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြသည်။ အကျယ် ၅ မိုင်ပတ်လည်ခန့်ရှိသည့် ရှားခဲအင်းကြီးအား ပုဂ္ဂလိက စီးပွားရေးသမားများက လေလံဆွဲ လုပ်ကိုင်ခဲ့ချိန်မှစ၍ ဒေသခံ တံငါသည်များ ငါးဖမ်းခွင့်မရတော့ဘဲ စီးပွားရေး ကြပ်တည်းလာနေသဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်းဆိုကြခြင်း ဖြစ် သည်။ ရှားခဲအင်းကြီးသည် ကျုံပျော်မြို့နှင့် မိုင် ၂၀ ကွာဝေးပြီး ဟင်္သာတနှင့် ကျုံပျော်ကြားတွင် တည်ရှိကာ ကျွဲခြံထောင့်၊ ရှားခဲ၊ ကန်စွန်း ကွင်းနှင့် အင်းဒရယ် အပါအ၀င် ကျေးရွာအုပ်စု ၆ စု၊ ရွာပေါင်း ၅၀ ကျော်မှ လူပေါင်း ၁ သောင်းကျော် မှီခိုအားထားနေသည့် အင်းကြီး ဖြစ်သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) စစ်အစိုးရ လက်ထက် ၁၉၉၈ ခုနှစ်က စတင်ကာ ရှားခဲအင်းအား ဧရာရွှေဝါကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အင်းပိုင်အဖြစ် စောကပေါကို လုပ်ကိုင်ခွင့် တဆင့်ချပေးထားသည်မှာ ၁၄ နှစ်ဆက်တိုက် ရှိပြီဟု ဒေသခံ တံငါသည်များက ပြောသည်။ ဧရာရွှေဝါ ကုမ္ပဏီသည် ယခု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏သား ဦးအောင်သက်မန်း ပိုင် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင်အင်း ဖြစ်သွားချိန်၌ ဒေသခံတံငါသည်များ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး ၀မ်းစာအတွက် နေပြည်တော်၊ ရန်ကုန်၊ မော် လမြိုင်စသည့် ဒေသများသို့ အလုပ်ကြမ်းများ သွားရောက် လုပ်ကိုင်နေကြကြောင်း သိရသည်။ မိဘများ၏ စီးပွားရေးကြပ်တည်းမှုကြောင့် ကျောင်းမတက်နိုင်သည့် ကလေးငယ်များ အလွန် များပြားနေသည်ဟု ယင်းဒေသတွင် လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများလုပ်ကိုင်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ရက်မှ ကိုမြင့်လှိုင်ကလည်း ပြော သည်။ ၎င်းအင်းကြီးတွင် ငါးဖမ်းခွင့် ရရှိမှသာလျှင် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် ကောင်းမွန်လာပြီး ကွဲကွာနေသည့် မိသားစုများ ပြန်လည်ပေါင်းစည်း နိုင်မည်ဟု ဒေသခံ တံငါသည်များက ပြောဆိုကြသည်။
မြန်မာတနိုင်ငံလုံးတွင် လက်ရှိ လုပ်ကိုင်နေသော အင်းပေါင်း ၃၇၂၁ အင်းရှိပြီး ပဲခူး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းတို့တွင် အင်းလုပ်ငန်း အများဆုံးရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ၁၅ ခုမှ နိုင်ငံတကာ သဘောတူညီမှု စာချုပ်တွင် လက်မှတ်ရေးထိုး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ၁၅ ခုမှ ကုလသမဂ္ဂမှ ချမှတ်ထားသော အချက် ၁၀ ချက်ပါဝင်သည့် ကမ္ဘာ့နိုင်ငံများ သဘောတူညီချက် Global Compact ကို မေလ ၁ ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း သတင်းရရှိသည်။ 
ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က လတ်တလောတွင် ၎င်း၏ ကုမ္ပဏီအပါအ၀င် ကုမ္ပဏီ၁၅ ခုမှ လက်မှတ်ရေးထိုးလိုက်ကြောင်း၊ နောက်ပိုင်းတွင် အခြားကုမ္ပဏီများလည်း ပါဝင်လက်မှတ် ရေးထိုးလာလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အဓိက ၁၀ချက်တွင် သဘာဝပတ်ဝန်းကျင် ကိစ္စတစ်ခုတည်းသာမကဘဲ force labour ကိစ္စ၊ အခြား လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ကြောင်း ပြောပြခဲ့သည်။ 
အဆိုပါ Global Compact တွင် principle ၁၀ ခုပါဝင်ပြီး၊ Force la- bour ၊ Child labour၊ Human rights ၊  Environmental နှင့်ပတ်သက်ပြီး ရေရှည်တည်တံ့သော Sustainable development ဖြစ်ရမည့် အနေအထားများကို သက်ဆိုင်ရာ ကုမ္ပဏီ များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ လက်မှတ်ရေးထိုးသည့် ကုမ္ပဏီများတွင် ဘိလပ်မြေစက်ရုံများ၊ အရက်ချက်စက်ရုံများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများ ပါဝင်သင့်ကြောင်း သစ်ထုတ်နေရင်းနှင့် ယခုကဲ့သို့ လက်မှတ်ထိုးခြင်းမျိုးမှာ အဓိပ္ပာယ်မရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရှိနေသော သစ်ထုတ်လုပ်သည့် လုပ်ငန်းများအားလုံး Sustainable ဖြစ်သည့် လုပ်ငန်းမျိုး သိပ်မတွေ့ရကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်တစ်ခုတည်းကိုသာ မကြည့်ဘဲ ၎င်းတို့၏ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာများတွင် တာဝန်ယူမှုရှိစေလိုသောကြောင့် UN ဦးဆောင်သည့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများအား ကိုယ်ကျိုးမကြည့်ဘဲ အများအတွက်လည်း တာဝန်ယူစေရန် ရည်ရွယ်ကြောင်း သုံးသပ်ကြပါသည်။

UN Global Compact သည် လူ့အခွင့်အရေး၊ အလုပ်သမားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ခြစားမှု တိုက်ဖျက်ရေးစသည့် မူ ၁၀ ချက်နှင့်အညီ ချိန်ညှိဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းများအတွက် မဟာဗျူဟာမြောက် မူဝါဒရေးရာ အစီအစဉ်ဖြစ်သည်။
နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ကော်ပိုရေးရှင်းနှင့် အခြားသက်ဆိုင်သူများ ၈၇၀၀ ကျော် ပါဝင်ဆောင်ရွက်နေကြပြီး ကမ္ဘာပေါ်တွင် ကော်ပိုရေးရှင်းတာဝန်ရှိမှုကို စေတနာအလျောက် ဆောင်ရွက်နေသည့် အကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်သည်။



လေကြောင်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းများကဲ့သို့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။

လုပ်ကိုင်ခွင့်ပြုရာတွင် အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူလုပ်ကိုင်ရမည့် Joint Venture ပုံစံမျိုးဖြင့် ခွင့်ပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတော်မှ စီမံနေသည့် လုပ်ငန်းများကို ပုဂ္ဂလိကသို့သာ အဓိကလွှဲပြောင်းကာ ပုဂ္ဂလိက ကဏ္ဍတိုးတက်စေရန် တွန်းအားပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ထိုသို့ လုပ်ကိုင်ရန် ပုဂ္ဂလိလုပ်ငန်းရှင်များအနေဖြင့် အများပိုင်ကုမ္ပဏီများဖွဲ့၍လည်း နိုင်ငံတော်မှ တာဝန်ယူစီမံနေသည့် မည်သည့်လုပ်ငန်းတွင် မြှုပ်နှံလိုကြောင်း လျှောက်ထားကာ ရယူလုပ်ကိုင်နိုင်ကြောင်းလည်း ဦးစိုးသိန်းက ထပ်မံပြောကြားခဲ့ပါသည်။ ခွင့်ပြုတဲ့အခါ နိုင်ငံအတွက် အကျိုးအမှန် တကယ်ရှိတဲ့ လုပ်ငန်း၊ ဒီလိုမြှုပ်နှံမှုမျိုးလုပ်မယ့် ကုမ္ပဏီဆိုလည်း The Best Company တွေကိုပဲ ရွေးချယ် ခွင့်ပြုပေးမှာ''ဟု ပြောကြားခဲ့ပါသည်။

LWIN PWIN
NLABR
Web-site:                    www.nlabr.com
Blog:                          http://wanna23-23.blogspot.com/

0 comments:

Post a Comment