မြန်မာသတင်းများ မေလ ၂၇ ရက် ၂၀၁၂ ခုနှစ်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်
India နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာပါ ၂၅ နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး စဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာမှာ ဖြစ်ပါတယ်။လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့အခြေခံအဆောက်အဦးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကိုင်ရေးအတွက် မြန်မာသမ္မတဦးသိန်းစိန်နဲ့ Mr.Singh တွေ့ ဆုံဆွေးနွေးမှာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂါင်္နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
India နိုင်ငံရဲ့ အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးနေတဲ့ စီးပွားရေး အတွက် လောင်စာလိုအပ်မှုရှိသလို မြန်မာနိုင်ငံ အပေါ် တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုကို စိုးရိမ်တယ်ဆိုတာကို အခု ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က ထောက်ပြနေပါတယ်။ India ရဲ့ အရှေ့မျှော်မူဝါဒ အတွက် အရေးကြီးလှတဲ့ အိမ်နီးချင်းနိုင်ငံတခုနဲ့ အားကောင်း ခိုင်မာပြီး နှစ်ဘက် စလုံးအတွက် အကျိုးများစေမယ့် ဆက်ဆံရေး မျိုး ရရှိထားချင်ပါတယ်လို့လည်း India နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က သောကြာနေ့ကပဲ ပြောသွားတာပါ။
India နဲ့မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ဒေါ်လာ သန်း ၁,၂၀၀ လောက်ရှိပြီး ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ သန်း ၁,၅၀၀ အထိ ဖြစ်အောင် လုပ်ဆောင်ဖို့ နှစ်နိုင်ငံလုံးက မျှော်လင့်နေတာ ဖြစ်ပါတယ်။
အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ
အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း ပြောကြားလိုက်ပါတယ်။အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မနက်ဖြန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး မေလ ၂၅ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မြန်မာအစိုးရတပ်ဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးတဲ့ ကိစ္စဟ်ာသွားရောက်မဲ့ သူတို့ရဲ့ ၀န်ကြီးချုပ် ခရီးစဉ်နဲ့ မသက်ဆိုင်ဘူးလို့ အိန္ဒိယအတွင်းဝန်က ပြောပါတယ်။
"ကျွန်တော်တို့ အိန္ဒိယကနေ မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်ဖက်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဆက်လက်ပြီး ပေးနေတာဟာ (၂) နိုင်ငံ စစ်ရေး ပူးပေါင်းမှုနဲ့ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွေရဲ့ အစိတ်အပိုင်း တရပ် ဖြစ်ပါတယ်။ ဒါအပြင် မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်လက်နက်တွေ ဆက်လက်ပြီး ထောက်ပံ့ ပေးနေတာဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ အဲဒီလို လက်နက်တွေ ထောက်ပံ့ပေး နေတယ်ဆိုတာ ဟုတ်ပါတယ်" လို့ သူကပြောသွားပါတယ်။>သံဃာတော်တွေ ဦးဆောင်တဲ့ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းပြီးနောက် မြန်မာအစိုးရကို လက်နက်ရောင်းချ ထောက်ပံ့တာ မပြုလုပ်တော့ဘူးလို့ အိန္ဒိယအစိုးရက ကြေညာခဲ့ဖူးပါတယ်။အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ရဲ့ မနက်ဖြန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး မေလ ၂၅ ရက်နေ့က အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
လျှပ်စစ်မီး ၂၄ နာရီရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲ စတုတ္ထမြောက်နေ့
ပ်စစ်မီး ၂၄ နာရီရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲ စတုတ္ထမြောက်နေ့အဖြစ် မေ ၂၆၊ ယမန်နေ့ည ၇း၀၀ နာရီအချိန်က ရန်ကုန်မြို့၊ ဆူးလေဘုရားမှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ လူထုပရိသတ် ငါးရာခန့်က ဖယောင်းတိုင်မီးများထွန်းညှိကာ ဆူးလေဘုရားကို သုံးပတ် ပတ်ပြီးနောက် ဘုရားရင်ပြင်တော်ပေါ်မှာ မီးပူဇော်ခဲ့ကြပါတယ်။ လုံခြုံရေးတာဝန်ယူထား တဲ့ပုဂ္ဂိုလ်တွေက ဆန္ဒပြသူများအား ကူညီပြီး လမ်းရှင်းပေးကြတာကိုလည်း တွေ့ရပါတယ်။ဆန္ဒပြပွဲဦးဆောင်သူ ကိုဟန်ဝင်းအောင်က ပရိတ်သတ်သို့ ပြောကြားရာမှာ သမ္မတ အကြံပေး ဦးကိုကိုလှိုင်အနေဖြင့ို လျှပ်စစ်မီးနှင့်ပတ်သက်သည့် သူ၏ပြောကြားချက်များ အတွက် နှုတ်ထွက်ပေးရန်လိုကြောင်း၊ မိမိတို့မှာ ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက် အတွက် တောင်းဆိုခြင်းသာဖြစ်ပြီး မည်သည့်ဘေးပယောဂမျှ မပါကြောင်း၊ အမှန်တကယ် လိုအပ်သောနေရာများတွင် မီးမရဘဲ နေပြည်တော်တွင် ရှိသမျှဓါတ်အားကို ပုံအောသုံး ထားခြင်းမှာ တရားမျှတမှုမရှိကြောင်း၊ သမ္မတအနေဖြင့် ပြည်သူ့အသံကို နားထောင်ဖို့လို ကြောင်း၊ အစိုးရနှင့်ပြည်သူကြား စိတ်ဝမ်းကွဲပြားပြီး နောက်ကြောင်းပြန်မလှည့်စေလို ကြောင်း ပြောကြားခဲ့ပါတယ်။ဖယောင်းတိုင်မီးဆက်ထွန်းဖို့ ဆန္ဒရှိကြသူများအနေနဲ့ နောက်နေ့ည ၇း၀၀ နာရီ အရောက်လာကြဖို့နဲ့ မလာနိုင်သူများကလည်း မိမိတို့အိမ်ရှေ့ တွင် ဖယောင်းတိုင်ထွန်းခြင်းအားဖြင့် ဆန္ဒဖော်ထုတ်နိုင်ကြကြောင်း ကိုဟန်ဝင်းအောင်က ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှုများ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ်မီး လုံလောက်စွာရရှိရေး ဆန္ဒပြမှုများကို ထောက်ခံကြောင်း ယမန်နေ့ကပြောကြား လိုက်သည်။ သို့သော် တနိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီးရရှိရန် မဖြစ်နိုင်သေးကြောင်းလည်း ၎င်းကဆိုသည်။ ရန်ကုန်တိုင်း အလုံမြို့နယ် NLD ရုံးဖွင့်ပွဲ၌ ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းများအတွင်း ရန်ကုန်နှင့် မန္တလေး အပါအ၀င် နယ်မြို့တချို့တွင် လျှပ် စစ်မီး ရရှိရေး ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။
အမေရိကန် လူ့အခွင့်ရေးအဖွဲ့ နဲ့ ၈၈ မျိုးဆက် တွေ့ဆုံ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို မနေ့က သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့က HRW ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အီလီယန် တီရက်ဆန် ကို လက်ခံတွေ့ဆုံခဲ့တာပါ။ဒီတွေ့ဆုံမှုမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပြောဆိုကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုပြုံးချိုက ပြောပါတယ်။လက်ရှိပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်ရေး အတွက် အကျဉ်းထောင်ထဲမှာ မလွတ်ဘဲ ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်ရေးဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပပျောက်ရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံတဲ့ အခြေအနေဖြစ်မှ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပြီး စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောဆိုထားပါတယ်။
စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် မနေ့က ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။
"ပုလဲ အထည်ချုပ်စက်ရုံရယ်၊ စပယ်ပွင့် အထည်ချုပ်စက်ရုံရယ် အဲဒီ စက်ရုံ နှစ်ရုံကို ပိုင်တာက တရုတ် သူဌေးမတစ်ယောက်ထဲပဲ။ သူပိုင်တဲ့ စက်ရုံ ၂ ရုံစလုံးကို အရင်ရက်က ကလေးမလေးတွေက ပိုက်ဆံတိုးပေးဖို့ တောင်းဆိုချက်ကို သူက ပြေလည်အောင်ညှိနှိုင်းပေးလိုက်ပြီ။ အခြေခံလစာက မတူဘူး။ အနိမ့်ဆုံးက ရှစ်ထောင်။ အများဆုံးက တစ်သောင်း နှစ်ထောင်။ အခု နှစ်သောင်းစီပေါ့နော်။ ရှစ်ထောင်သမားကိုလည်း တိုးပေးတယ်။ တစ်သာင်း နှစ်ထောင်သမားကိုလည်း တိုးပေးလိုက်တယ်။"
ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ စလို့ တောင်းဆိုနေခဲ့ပြီး အခုပြေလည်သွားတာပါ။ ဒါပေမယ့် အခြားစက်ရုံတွေမှာတော့ ဒီနေ့အထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် နေမင်းအောင်စက်ရုံ အလုပ်သမားတွေ အတွက်ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအောင်သူက စက်ရုံတာဝန်ရှိသူတွေနဲ့ ဒီနေ့ သွားရောက် ညှိနှိုင်းနေတယ်လို့ မမာမာဦးက ပြောပါတယ်။
အလုပ်သမား ၂၅ ဦး အစာငတ်ခံ ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Crown သံမဏိစက်ရုံမှာ ပြေလည်မှု မရသေးဘူးလို့ ကြားရတဲ့အပြင် အဲဒီစက်ရုံကို သွားရာလမ်းက ဆိုက်ကယ်ကယ်ရီတွေ၊ အငှားယာဉ်တွေကို ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။
လှိုင်သာယာ ပုလဲ အထည်ချုပ်စက်ရုံ ထပ်မံဆန္ဒပြ
လှိုင်သာယာစက်မှုဇုန်ရှိ ပုလဲ အထည်ချုပ် စက်ရုံ စက်ရုံအလုပ်သမားများ ယနေ့နံနက်ပိုင်း မှစတင်ကာ လုပ်ခ လစာ အချိန်ပိုကြေး ရပိုင်ခွင့်များနှင့် ပတ်သက်၍ ထပ်မံဆန္ဒပြကြောင်း The Voice ဂျာနယ် အွန်လိုင်းတွင် ဖော်ပြထားသည်။ ကြာသပတေးနေ့ နံနက် ပိုင်းကလည်း လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo နှင့် Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံတွင် ၂၀၀၀ နီးပါးအစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး အလုပ်သမ ၂၅၀ ကျော်မှာ ကျန်းမာရေးထိခိုက်မှု ဖြစ်ပွားခဲ့သည်။
ဝမ်းတွင်း လယ်မြေသိမ်းမှု ကန့်ကွက်စာပို့
မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ်အတွင်း သန်းဇော်ရွှေ ကုမ္မဏီက လယ်မြေဧက ၆၀၀ ကျော် သိမ်းယူမှုနှင့်ပတ်သက်ပြီး ကုမ္ပဏီနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသို့ လယ်သမား ၁၀၀ ကျော်က လက်မှတ်ထိုး၍ ယမန်နေ့ က ကန့်ကွက်စာ ပို့ကြောင်း သိရသည်။ ယင်းလယ်မြေများကို ၂၀၁၁ ခု နှစ်ဆန်းက စတင်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သိမ်းမြေများ ပြန်မပေးလျှင် ဆန္ဒပြမည်ဟု စစ်တပ်ကို အရပ်သားများ သတိပေး
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် ကရင်တော်လှန်ရေး ပြောက်ကျားတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့စဉ် အစိုးရတပ်က သိမ်းယူခဲ့သော ခြံမြေများကို ပြန်ရရှိရန် ပိုင်ရှင်အရပ်သားများက သမ္မထံတိုင်ကြား၍ တောင်းဆိုလျက်ရှိပြီး မရရှိပါက ဆန္ဒပြမည်ဟု ခြံပိုင်ရှင်များက စစ်တပ်ကို သတိပေး ပြောဆိုလိုက်သည်။မြောင်းမြမြို့နယ် တဇင်ကုန်းကြီး ကျေးရွာအုပ်စုပိုင် ဥယာဉ်ခြံမြေ ဧက ၂၈၀ ကျော်ကို ၁၉၉၁ ခုနှစ်က ကရင်တော်လှန်ရေး အဖွဲ့များနှင့် အစိုးရတပ်တို့ ဖြစ်ပွားခဲ့သော အုံးပင်စုတိုက်ပွဲ ကာလကတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း (၉၃) က နယ်မြေစိုးမိုးရေးကို အကြောင်းပြ၍ သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုမြေများကို မူလပိုင်ရှင်များက ပြန်ရရှိရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
လျှပ်စစ်မီးပြတ်၍ မန္တလေး စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်
မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာပြီး အရှုံးပေါ်လျက်ရှိကာ လုပ်ငန်းများကို မီးစက်များနှင့် လည်ပတ်ရသဖြင့် ထုတ်ကုန်ပစ္စည်း အရင်းအနှီးများလည်း ပိုမိုကုန်ကျလျက်ရှိကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ
ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှု့မယ်လို့ မနေ့က ထုတ်ဝေတဲ့ The Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။ကိုဇာဂနာ ဗြိတိန်နိုင်ငံကို မကြာခင် သွားမည်
Amnesty International အဖွဲ့ရဲ့ဖိတ်ခေါ်ချက်အရ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာ ဗြိတိန်နိုင်ငံကို မကြာခင် သွားရောက်မယ်လို့ သိရပါတယ်။သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်
နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်ဖ်အေကို ပြောဆိုပါတယ်။ကလေးတဦးကို ထိုးကြိတ်မှုအတွက် မျိုးကျော့မြိုင် တိုင်ကြားခံရ
အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တဲ့ သတင်းနဲ့ အဲဒီလို နှိပ်စက်ခံထားရတဲ့ ကလေးရဲ့ ဓါတ်ပုံတွေကို အင်တာနက်အီးမေးတွေ ကနေ တဆင့် လက်ခံရရှိခဲ့ပါတယ်။ရွေညဝါ ဆရာတော် အလုပ်သမားတွေကို ဆက်လက်ကူညီ
အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆို ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုံမှာ ရှိတဲ့ Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က တနေ့ ထမင်းနှစ်နပ်စာ ဒီနေ့လည်း ဆက်လက်လှူဒါန်း ပါတယ်။အခွန်နှုန်းထားများ တနှစ်တခါ စောင့်ကြည့်ထိန်းညှိသင့်
ပြည်သူတို့အတွက် အဆင်ပြေသော အခွန်နှုန်းထားတရပ် ဖြစ်ရန်အတွက် သက်ဆိုင်ရာမှ တနှစ်တခါ စောင့်ကြည့်ကာ ထိန်းညှိသွားရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံမှ ပါမောက္ခ
ရောဘတ်ကောနတ်က မေလ ၂၅ ရက်နေ့က ပြုလုပ်သော ဟောပြောပွဲတခုတွင် ပြောကြားသွားသည်။
“ဘတ်ဂျက်နှစ် ရောက်တိုင်းမှာ ပြီးခဲ့တဲ့နှစ်က အခွန်ကိစ္စ အဆင်ပြေရဲ့လားဆိုပြီး သက်ဆိုင်ရာ အခွန်သတ်မှတ်တဲ့လူတွေက ပြန်လည်လေ့လာ သုံးသပ်မှုတွေပြုပြီး ထိန်းညှိဖို့ လိုအပ်ပါတယ်”ဟု Reform strategy and People-centered Development ဆွေးနွေးပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်သူလူထုအနေဖြင့် အခွန်နှုန်းထား မပိဖို့ အရေးကြီးကြောင်း၊ ပြည်သူနိုင်နင်းသော ၀င်ငွေအခွန်တရပ် ပေးနိုင်မှသာ လူထုအဆင်ပြေမည်ဖြစ်ကြောင်း Myanmar Development and Resource Institute မှ ကြီးမှူး ပြုလုပ်သော အဆိုပါ ဟောပြောပွဲတွင် ၎င်းက သုံးသပ်ပြောကြားခဲ့သည်။
သမ္မတ အကြံပေး ဦးမြင့် ကလည်း ပြည်သူလူထု ပေးထားသောအခွန်သည် ပြည်သူအတွက် အလွန်အရေးပါပုံကို လတ်တလော ကြုံတွေ့နေရသော ဥပမာတခုဖြင့် ပြောကြားခဲ့သည်။
“အခွန်ထမ်း ပြည်သူတွေအတွက် အရေးပါတဲ့ ဥပမာတခု ပြရရင် မီးတွေ ပျက်တယ်ဆိုရင် အဲယားကွန်း ဖွင့်လို့မရဘူး။ ပူရင် အိပ်လို့မရဘူး။ အခွန်ပေးထားတဲ့လူတွေအတွက် ၅ မိနစ်အိပ်မပျော်ရင် အခွန်အတွက် ဆုံးရှုံးပါတယ်”ဟု ပြောကြားသွားသည်။
အင်္ဂလန်နိုင်ငံမှ ပါမောက္ခ Paul Colllier က ပြည်သူဗဟိုပြု ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရာတွင် အဖွဲ့အစည်းများ၏ အင်အား၊ အရပ်ဘက် လူ့အဖွဲ့အစည်းတို့၏ အားဖြင့် ဗဟိုပြုကာ ပြည်သူတို့အတွက် အမှန်တကယ် ထိရောက်သည့် အပြောင်းအလဲများဖြစ်ရန် လျှင်မြန်စွာ ဖော်ဆောင်ရန် လိုအပ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အမိန့်အာဏာအလွဲသုံးပြီး လယ်ယာမြေသိမ်းပိုက်မှုအား နိုင်ငံတော်သမ္မတထံ စုပေါင်းလက်မှတ်ထိုး၍ အသနားခံစာတင်
၂၀၁၂ ဇန္န၀ါရီလ (၁၈)ရက်နေ့က မိတ္ထိလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာ၊ လယ်သမားဥိးမြင့်မောင်ထံ သန်းဇော်ရွှေကုမ္မဏီက ဦးနေမျိုး ဆိုသူနှင့် မြို့နယ်မြေစာရင်းမှ ဦးစိန်အောင်၊ ဦးသန်းမြိုင်တို့ ရောက်ရှိလာပြီး၊ ရိတ်သိမ်းရန်ရက်ပိုင်းမျှသာလိုသော ကုလားပဲ စိုက်ခင်း ၁ ဧက ခွဲ နှင့် ပဲစဉ်းငုံ ၁ ဧကခန့်ကို အလုပ်သမားများဖြင့် လာရောက်ဖျက်စီးပြိး၊ ၄င်း မြေဧကများ သိမ်းလိုက်ကြောင်းပြောကြားခဲ့သည်ဟု သိရှိရသည်။
ပထမသမ္မာန်စာကို ရက်ကြို အကြောင်းကြားသော်လည်း ရိတ်သိမ်းပြိးသည်အထိ စောင့်ဆိုင်းပါရန် မေတ္တာရပ်ခံချက်ကို လျှစ်လျူခဲ့သည်ဟု လယ်သမားတို့က ပြောသည်။ အခြားသောလယ်သမားအများစုမှာ ရိတ်သိမ်းပြိးဖြစ်၍ အတင်းအဓမ္မ ဖျက်စီးခြင်းမှ ကင်းလွတ်သော်လည်း သူတို့လယ်ဧကများပါ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။
ဘိုးဘွားလက်ထက်မှ နှစ် ၄၀ ကျော် လုပ်ကိုင် စားသောက်လာခဲ့သော လယ်သမား၊ ဆင်းရဲသားများအနေနှင့် အချင်းအရာပါ ကိစ္စရပ်အား၊ ပြည်ထောင်စုဝန်ကြီးနှင့် လယ်ဆည် ၀န်ကြိးတို့အား စာဖြင့်၊ လူကိုယ်တိုင်တင်ပြခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ကြောင်း၊ လျှော်ကြေးပေးခြင်း၊ အခြားကိစ္စများ ဆောင်ရွက်ပေးခြင်းမရှိဘဲ ထိုလယ်မြေများပေါ်တွင် စပျစ်နှင့် ဇီးပင်များကို ကုမ္မဏီပိုင်အဖြစ် စိုက်ပျိုးလျှက်ရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
မြို့နယ် မြေစာရင်း ဦးသန်းမြိုင်က သန်းဇော်ရွှေကုမ္မဏီပိုင် သိမ်းထားသည်မှာ ဧက ၆၆၅ ဧက ရှိ၍ အသိမ်းဆည်း မခံလိုပါက ငွေ ကျပ် ( ၃ သောင်း) ပေးရမည်ဟု တောင်းဆိုကြောင်း၊ သိမ်းဆည်းခံလယ်သမားများ၏ ကိုယ်စားပြုအဖွဲ့မှ မြို့နယ်မြေစာရင်းမှူးနှင့် ရဲသတင်းတပ်ဖွဲ့သို့ အကြောင်းကြားပြီး လယ်သမားထု၏ လက်မှတ်များဖြင့် သမ္မတထံ အသနားခံစာကို မေ ၂၄၊ ၂၀၁၂ နေ့တွင် တင်ပြထားကြောင်း၊ တစ်ပတ်အတွင်း ထူးခြားမှုမရှိပါက
သန်းဇော်ရွှေ ကုမ္မဏီရှေ့တွင် လယ်သမားများ စုပေါင်းဆန္ဒပြမည် ဟု (လယ်သမားကိုယ်စားပြု) ကိုလွင်မောင်နှင့် ကိုမျိုးဝင်းသန်းတို့မှ ပြောကြားခဲ့သည်ကို လက်ခံသတင်းရရှိပါသည်။
သန်းဇော်ရွှေ ကုမ္မဏီရှေ့တွင် လယ်သမားများ စုပေါင်းဆန္ဒပြမည် ဟု (လယ်သမားကိုယ်စားပြု) ကိုလွင်မောင်နှင့် ကိုမျိုးဝင်းသန်းတို့မှ ပြောကြားခဲ့သည်ကို လက်ခံသတင်းရရှိပါသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment