မြန်မာသတင်းများ ဇွန် လ ၆ ရက် ၂၀၁၂
ပြုပြင်ပြောင်းလဲမှုတွေ အကဲခတ်ဖို့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ရောက်
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဘော့(ဘ်)ကားရ် (Bob Carr) ဟာ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အဖြစ် ရန်ကုန်မြို့ကို ဇွန်လ(၅)ရက်နေ့က ရောက်လာပြီး မြန်မာအစိုးရ နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြားသော နိုင်ငံရေးအတိုက်အခံတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။
ဒီကနေ့ ဇွန်လ (၆) ရက်နေ့ညနေမှာ ၀န်ကြီး ဘော့(ဘ်)ကားရ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ မနက်ဖြန် ဇွန်လ (၇) ရက်နေ့မှာ ၀န်ကြီး ဘော့(ဘ်) ကားရ်ဟာ နေပြည်တော်ကို လေကြောင်းခရီးနဲ့ သွားရောက်ပြီး ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ် ပါတယ်။ သောကြာနေ့ ဇွန်လ (၈) ရက်နေ့မှာ သြစတြေးလျအကူအညီနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို သွားရောက်မလေ့လာခင်မှာ ၀န်ကြီး ဘော့(ဘ်)ကားရ် ဟာ သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖွယ်ရာ ရှိနေပါတယ်။
မနှစ်က ၂၀၁၁ မတ်လ မြန်မာအစိုးရသစ်တက်လာပြီးကတည်းက စတင် လုပ်ဆောင်လာခဲ့ပြီးတော့ အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့ဒဏ်ခတ်မှု ဆိုင်ရာတွေကို လျှောပေါ့ပေးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေကို သမ္မတဦးသိန်းစိန်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ သူ့အနေနဲ့ တိုက်တွန်းအားပေးမယ်လို့ သူရည်ရွယ်ထားကြောင်း ၀န်ကြီး ဘော့(ဘ်)ကားရ်က ပြောဆိုပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ရဲရင့်စွာလုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေ နောက်ပြန်ဆုတ်ဖို့ လုပ်ခဲ့ရင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျရောက်လာစေမယ့် စွန့်စားမှုမျိုးကို မြန်မာအစိုးရ ထဲက ခေါင်းဆောင်အဆင့်ဆင့်က ရှောင်လွှဲချင်ကြတယ်ဆိုတာ သူ့အနေနဲ့ အသေအချာ ယုံကြည်ကြောင်း လည်း ၀န်ကြီးဘော့(ဘ်)ကားရ်က ပြောဆိုသွားခဲ့ပါတယ်။
အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများစုနဲ့ပတ်သက်ပြီး မကြာသေးခင်က သြစတြေးလျအစိုးရရဲ့ ဆုံးဖြတ် ချက်တွေကို ပြန်ပြီးပြင်ဆင်ဖို့ အခွင့်အရေးကို သူ့အနေနဲ့ ရရှိနေပြီးတော့ မြန်မာအစိုးရခေါင်းဆောင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးရင် ဒီအတွက် သူဆုံးဖြတ်ချက်ချမယ်လို့လည်း ၀န်ကြီးဘော့(ဘ်)ကားရ်က ရန်ုကန်မြို့မှာ သြစတြေးလျက The Age သတင်းစာရဲ့ သတင်းထောက်ကို ပြောခဲ့ ပါတယ်။
သြစတြေးလျအစိုးရဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် (၃၉၂) ဦးအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားရာကနေ မကြာသေးခင်က ဒီဒဏ်ခတ်မှုစာရင်းမှာ (၁၂၆) ဦးအထိ လျှော့ချပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ သြစတြေးလျရဲ့အကူအညီတွေကိုလည်း လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၃၀% တိုးမြှင့်ပြီး အမေရိကန်ဒေါ်လာ (၆၃.၈) သန်းအထိ ပေးအပ်ဖို့ ရှိနေပါတယ်။
ဒီအတောအတွင်း အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီရးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Maria Otero ဟာ လောနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံကို ဇွန်လ ၉ ရက်နေ့ ဆိုက်ရောက်မယ့်လက်ထောက်ဝန်ကြီး Otero ဟာ ချင်းမိုင်၊ မဲဆောက်နဲ့ ဘန်ကောက်တို့ကို သွားရောက်ပြီး မြန်မာဒုက္ခသည်အရေး၊ လူကုန်ကူးမှုအရေး၊ ဒေသန္တရပုးပေါင်းဆောင် ရွက်ရေး၊ လူငယ်အရေးတို့ကို ထိုင်းအစိုးရကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ ပါတယ်။
ဒါ့အပြင်သူဟာ ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်
မနေ့ ညက မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လြုံခုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။VOA နဲ့ MRTV သဘောတူညီချက်
မြန်မာနိုင်ငံက သတင်းအချက်အလက်တွေကို ပြည်တွင်းမှာ စုဆောင်း ရယူနိုင်ဖို့ ဗွီအိုအေ အမေရိကန် အသံ မြန်မာပိုင်းရဲ့ သတင်းထောက် တွေ ပြည်တွင်းမှာ သတင်းယူခွင့်ပြုဖို့နဲ့ ဗွီအိုအေ က ထုတ်လွှင့်တဲ့ အစီအစဉ် တချို့ကို မြန်မာနိုင်ငံမှာ ပြန်လည် ထုတ်လွှင့်ဖို့ စတာတွေကို မြန်မာ အစိုးရဘက်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အင်္ဂါ နေ့မှာ လက်မှတ်ရေးထိုး သဘောတူညီချက် ရရှိခဲ့တာလို့ ဗွီအိုအေ မြန်မာပိုင်းကို ညွှန်ကြားရေးမှူး David Ensor က ပြောပြပါတယ်။
“မြန်မာအစိုးရ ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာန ညွန်ကြားရေးမှူးချုပ်နဲ့အတူ ဒီကနေ့ လက်မှတ်ရေးထိုးကြ တာ ဖြစ်ပါတယ်။ သဘောတူညီချက် မှာတော့ ဗွီအိုအေက ထုတ်လုပ်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတို တချို့ကို မြန်မာရေဒီယိုတွေကတဆင့် ပြန်လည် ထုတ်လွှင့်ဖို့နဲ့ ရုပ်မြင်သံကြား မှာလည်း အလားတူ ပြသနိုင်ဖို့တွေ ပါဝင်ပါတယ်။ ဒါဟာ တိုးတက်မှု တခုပါ၊ ကြီးကြီးမားမား မဟုတ်ပေမဲ့ အရေးကြီးတဲ့ ဖြစ်ထွန်းမှု တခု ဖြစ် သလို၊ ဒီထက် ကြီးကြီးမားမား အခြေအနေတွေ ပေါ်ပေါက်လာဖို့လည်း မျှော်လင့်ထားပါတယ်။ ဒုတိယ အနေနဲ့ကတော့ မြန်မာပြန်ကြားရေး ၀န်ကြီးနဲ့ တွေ့ချိန်မှာ ဗွီအိုအေ မြန်မာပိုင်းဌာန အနေနဲ့ ပြည်တွင်းကို အကြိမ်ကြိမ် ၀င်ပြီး အလုပ်လုပ်ခွင့် ရနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး ရေး အစီအစဉ်ကို အားပေးတဲ့အကြောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ ဗွီအိုအေ အနေနဲ့ တရားဝင် ရုံးခွဲတခု ဖွင့်လှစ်ပြီး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိရေးအတွက်လည်း မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ညွန်ကြားရေးမှူး David Ensor က ပြောပါတယ်။ ဒီလို အခြေအနေတွေ ပေါ်ပေါက်လာမယ် ဆိုရင်တော့ ဒါဟာ မီဒီယာ လုပ်ငန်း အပါအ၀င် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း လည်း သူက ပြောခဲ့တာပါ။ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်း ကတော့ ရုံးခန်းဖွင့်လှစ်ပြီး လုပ်ကိုင်နိုင်ဖို့ ကိစ္စအတွက် လိုအပ်တဲ့ ဥပဒေရေးရာ ပြင်ဆင်မှုတွေ ရှိနေသေး တာမို့ လတ်တလောမှာ မဖြစ်နိုင်သေးတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးက ရှင်းပြတယ်လို့ ပြောပါတယ်။
“VOA ရုံးခန်းဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဒီ ၀န်ကြီး ဦးကျော်ဆန်းက ပြောတာက ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ အခု လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ အသံလွှင့်မီဒီယာ ဥပဒေကြမ်းတခုကို တင်သွင်းဖို့ ရှိတယ်၊ အဲဒါက ဇူလိုင်လထဲမှာ ဖြစ်မယ်လို့ သူတို့ ပြောပါတယ်။ အဲတော့ ဇူလိုင်လအတွင်းမှာ ဒီ အသံလွှင့်မီဒီယာဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးလိုက်ပြီးတဲ့အခါကျလို့ ရှိရင်တော့ VOA အပါအ၀င် တခြား မြန်မာ့မီဒီယာတွေ အနေနဲ့ ရုံးခန်းဖွင့်ဖို့ ကိစ္စတွေ အတော်လေး တရားဝင် အားဖြင့် ပြေပြေ လည်လည်ဖြစ်သွားမယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ပြောတဲ့သဘောက ဇူလိုင်၊ သြဂုတ် လ အလွန်ဆုံးပဲပေါ့။ အဲဒီနောက်ပိုင်းမှာတော့ ရုံးခန်းတွေ တရားဝင် ဖွင့်ဖို့ ကိစ္စ တွေက ဖြစ်လာနိုင် ပါတယ်လို့ သူ ပြောပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ခုလောလောဆယ်မှာ ၀န်ကြီးအနေနဲ့ အသေ အချာ ပြောလိုက်တဲ့ VOA သတင်းထောက်တွေ မြန်မာနိုင်ငံထဲကို အကြိမ်ကြိမ် ၀င်ခွင့်ရမယ့် ဗီဇာမျိုး ကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ထောက်ခံချက်နဲ့ ရရှိအောင် ဆောင်ရွက်ပေးမယ် ဆိုတာလောက်နဲ့ပဲ ကျနော်တို့အနေနဲ့ တော်တော်လေး ကျေနပ်ရမယ်ဆိုတဲ့ သဘော ရှိတာပေါ့။”
ဗွီအိုအေ တာဝန်ရှိသူတွေရဲ့ မြန်မာနိုင်ငံခရီးစဉ် ကြာသပတေးနေ့ အဆုံးမသတ်မီမှာတော့ နိုင်ငံရေး ပါတီတွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံ သွားဖို့ ရှိသလို၊ အသံလွှင့်လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက မီဒီယာ လုပ်ငန်းက သက်ဆိုင်သူတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဦးသန်းလွင်ထွန်း က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အရပ်သား အစိုးရတရပ်အဖြစ် တက်လာပြီးတဲ့နောက် နိုင်ငံရေး အပြောင်း အလဲတွေ နဲ့အတူ သတင်းမီဒီယာ အပေါ် ထိန်းချုပ်မှု တချို့ကိုလည်း လျှော့ပေါ့လာရာမှာတော့ ဗွီအိုအေ အပါအ၀င် ပြည်ပသတင်းဌာနတွေရဲ့ အင်တာနက် ၀ဘ်ဆိုဒ်တွေကို အရင်က ပိတ်ပင် ထားတာတွေကို လည်း ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
သမ္မတရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင်
သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ မပတ်သက်ဘဲ ပြည်တွင်းရေး ကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်ဖွယ်ရှိ
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ Francois Hollande ရဲ့ ဖိတ်ကြားချက်အရ ဒီလ ၂၆ ရက်နေ့ ကနေ ၂၉ နေ့အတွင်း ပြင်သစ်နိုင်ငံကို အလည်အပတ် လာရောက်မယ်လို့  ပြင်သစ် သမ္မတရုံးက မနေ့က ကြေညာပါတယ်။ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထား
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ မြန်မာနိုင်ငံမှာ ဇိုမီးလူမျိုး ရှိတယ်လို့ ပြန်လည် လက်ခံလိုက်ပြီးတဲ့နောက်မှာ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ (ZNC) ကမနေ့က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။ကော့သောင်းခရိုင် ကျေးရွာ ၉ ရွာတွင် အိမ်တချို့ရေနစ်မြုပ်
မြန်မာနိုင်ငံတောင်ဘက်စွန်းမှာ ၁၀ ရက်ကျော်ကျော် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ပါချန်မြစ်ရေ လျှံတက်လာပြီး ကော့သောင်းခရိုင် အရှေ့ဘက်ကမ်းရိုးတန်း ကျေးရွာတချို့ရှိ အိမ်တွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်။၈၈ မျိုးဆက် တာချီလိတ် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေး
ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ၊ ကျင့်ဝတ်ကျင့်စဉ်နဲ့ ညီညွတ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်တရပ် ပေါ်ပေါက်လာဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင်တွေ မနေ့ကဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ မန္တလေးနှင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုး
ဒီကနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့နဲ့ မကွေးမြို့တို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက လူမှုရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ
လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို မနေ့က အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်ကုလ စားနပ်ရိက္ခာယာဉ်တန်း ကချင်ပြည်နယ် ရောက်ရှိ
ကချင်ဒုက္ခသည်များအတွက် အစားအသောက် ထောက်ပံ့မှု လမ်းကြောင်းများအား
မြန်မာ အစိုးရက မေလ မှ စတင်ပိတ်ဆို့ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းတွင် ကချင် ရိုမန်ကက်သလစ် ဘုရားကျောင်းတွင်း နေထိုင်ကြသည့် လူ ၂ဝဝ အတွက် တလစာ အစားအစာ အလုံအလောက် သယ်ဆောင်လာသည့် ကုလသမဂ္ဂ ယာဉ်တန်းတခု လွယ်ဂျယ်မြို့သို့ ရောက်ရှိလာကြောင်း
၎င်းရိက္ခာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသတွင်းရှိ အခြား ဒုက္ခသည်စခန်းများက လာမည့်ရက်များ တွင် လက်ခံရယူကြမည် ဖြစ်ကြောင်း KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသည့် အစားအစာ များ တင်ဆောင်လာသည့် အမေရိကန် အကူအညီပေးရေး ယာဉ်တန်းမှာမူ လမ်းခုလတ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းထိုယာဉ်တန်းမှာ ကချင်ပြည်နယ်သို့ တနလာင်္နေ့က ထွက်ခွာခဲ့ခြင်း ဖြစ်သည်ဟု အကူအညီပေးရေး အဖွဲ့များက ကချင်သတင်းဌာနသို့ ပြောကြားခဲ့ကြောင်းရပ်မိရပ်ဖများ အဆိုအရ လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည့် တရုတ်နိုင်ငံ အတွင်းရှိ La Ying ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ကျောင်းသားများ အများစု ပါဝင်သည့် ဒုက္ခသည် ၄၀၀ ခန့်သည် လွန်ခဲ့သည့်လက လွယ်ဂျယ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ကျောင်းဝင်းထဲသို့ ပြောင်းရွှေ့ပြီးကတည်းက ကုလသမဂ္ဂ အေဂျင်စီများထံမှ မည်သည့် အကူအညီကိုမျှ လက်ခံရရှိခြင်း မရှိသေးဟု ဆိုကြ ကြောင်းနယ်စပ်မြို့ လွယ်ဂျယ်ရှိ ခရစ်ယာန်ကျောင်း အဖွဲ့ဝင်များထံမှ အကူအညီတချို့ ရရှိခဲ့သည်ဟု သိရသည်။
ကချင်သတင်းဌာနက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် အကူအညီပေးရေး ယာဉ်တန်းသည် KIO ထိန်းချုပ်နယ်မြေများ အနက် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုင်ဂျာယန် ရှိ Kahteng Dabang ဒုက္ခသည် စခန်းသို့ သွားရောက်မည် ဖြစ်ပြီး Pa Kahtawng Dabang နှင့် Ung Lung ဒုက္ခသည် စခန်းများအတွက် တလစာ ရိက္ခာများ ပေးအပ်မည် ဖြစ်သည်။မကြာသေးခင်က တည်ထောင်ခဲ့သည့် Pa Kahtawng Dabang စခန်းမှာ မိုင်ဂျာယန် အနီးရှိ Seng Mai Pa စခန်း၊ Ung Lung စခန်း နှင့် Gat Pa Kadawng စခန်းများ ပေါင်းစည်းထားခြင်း ဖြစ်ပြီး ဒုက္ခသည် ၂,၄ဝဝ ကျော်ခန့် နေထိုင်ကြ သည်ဟု ကချင်သတင်းဌာနက ဖော်ပြထားသည်။
မေလအတွင်းက ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့သည် KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းများသို့
ပြန်လည် သွားရောက်ကာ အကူအညီများ ထောက်ပံ့ပေးအပ်ရန် ကြိုးစားရာတွင် အပြန်ခရီးအား မြန်မာအစိုးရက မကြာခဏ ကန့်သတ်ခဲ့သည်ဟု KIO ၏ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ IRRC ၏ အကြီးအကဲက ဆိုသည်။Human Rights Watch ၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဒေသတွင်းတွင် ခန့်မှန်းခြေ ဒုက္ခသည်ပေါင်း ၇၅,၀၀၀ ခန့် ရှိသည်ဟု သိရပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်ဒေသများတွင် နေထိုင်နေကြ သည်ဟု သိရသည်။၁၇ နှစ်ကြာ ခံခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို မြန်မာအစိုးရက လွန်ခဲ့သည့် တနှစ်ခန့် ကတည်းက ချိုးဖောက်ခဲ့ပြီး နောက်ပိုင်းတွင် KIO အနေဖြင့် မြန်မာအစိုးရက ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ပေးပို့ရန် ကမ်းလှမ်းလာမှုကို ငြင်းဆန်ပယ်ချ ထားခဲ့သည်။
မြန်မာ အစိုးရက မေလ မှ စတင်ပိတ်ဆို့ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းတွင် ကချင် ရိုမန်ကက်သလစ် ဘုရားကျောင်းတွင်း နေထိုင်ကြသည့် လူ ၂ဝဝ အတွက် တလစာ အစားအစာ အလုံအလောက် သယ်ဆောင်လာသည့် ကုလသမဂ္ဂ ယာဉ်တန်းတခု လွယ်ဂျယ်မြို့သို့ ရောက်ရှိလာကြောင်း
၎င်းရိက္ခာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသတွင်းရှိ အခြား ဒုက္ခသည်စခန်းများက လာမည့်ရက်များ တွင် လက်ခံရယူကြမည် ဖြစ်ကြောင်း KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသည့် အစားအစာ များ တင်ဆောင်လာသည့် အမေရိကန် အကူအညီပေးရေး ယာဉ်တန်းမှာမူ လမ်းခုလတ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းထိုယာဉ်တန်းမှာ ကချင်ပြည်နယ်သို့ တနလာင်္နေ့က ထွက်ခွာခဲ့ခြင်း ဖြစ်သည်ဟု အကူအညီပေးရေး အဖွဲ့များက ကချင်သတင်းဌာနသို့ ပြောကြားခဲ့ကြောင်းရပ်မိရပ်ဖများ အဆိုအရ လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည့် တရုတ်နိုင်ငံ အတွင်းရှိ La Ying ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ကျောင်းသားများ အများစု ပါဝင်သည့် ဒုက္ခသည် ၄၀၀ ခန့်သည် လွန်ခဲ့သည့်လက လွယ်ဂျယ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ကျောင်းဝင်းထဲသို့ ပြောင်းရွှေ့ပြီးကတည်းက ကုလသမဂ္ဂ အေဂျင်စီများထံမှ မည်သည့် အကူအညီကိုမျှ လက်ခံရရှိခြင်း မရှိသေးဟု ဆိုကြ ကြောင်းနယ်စပ်မြို့ လွယ်ဂျယ်ရှိ ခရစ်ယာန်ကျောင်း အဖွဲ့ဝင်များထံမှ အကူအညီတချို့ ရရှိခဲ့သည်ဟု သိရသည်။
ကချင်သတင်းဌာနက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် အကူအညီပေးရေး ယာဉ်တန်းသည် KIO ထိန်းချုပ်နယ်မြေများ အနက် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုင်ဂျာယန် ရှိ Kahteng Dabang ဒုက္ခသည် စခန်းသို့ သွားရောက်မည် ဖြစ်ပြီး Pa Kahtawng Dabang နှင့် Ung Lung ဒုက္ခသည် စခန်းများအတွက် တလစာ ရိက္ခာများ ပေးအပ်မည် ဖြစ်သည်။မကြာသေးခင်က တည်ထောင်ခဲ့သည့် Pa Kahtawng Dabang စခန်းမှာ မိုင်ဂျာယန် အနီးရှိ Seng Mai Pa စခန်း၊ Ung Lung စခန်း နှင့် Gat Pa Kadawng စခန်းများ ပေါင်းစည်းထားခြင်း ဖြစ်ပြီး ဒုက္ခသည် ၂,၄ဝဝ ကျော်ခန့် နေထိုင်ကြ သည်ဟု ကချင်သတင်းဌာနက ဖော်ပြထားသည်။
မေလအတွင်းက ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့သည် KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းများသို့
ပြန်လည် သွားရောက်ကာ အကူအညီများ ထောက်ပံ့ပေးအပ်ရန် ကြိုးစားရာတွင် အပြန်ခရီးအား မြန်မာအစိုးရက မကြာခဏ ကန့်သတ်ခဲ့သည်ဟု KIO ၏ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ IRRC ၏ အကြီးအကဲက ဆိုသည်။Human Rights Watch ၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဒေသတွင်းတွင် ခန့်မှန်းခြေ ဒုက္ခသည်ပေါင်း ၇၅,၀၀၀ ခန့် ရှိသည်ဟု သိရပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်ဒေသများတွင် နေထိုင်နေကြ သည်ဟု သိရသည်။၁၇ နှစ်ကြာ ခံခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို မြန်မာအစိုးရက လွန်ခဲ့သည့် တနှစ်ခန့် ကတည်းက ချိုးဖောက်ခဲ့ပြီး နောက်ပိုင်းတွင် KIO အနေဖြင့် မြန်မာအစိုးရက ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ပေးပို့ရန် ကမ်းလှမ်းလာမှုကို ငြင်းဆန်ပယ်ချ ထားခဲ့သည်။
ကချင်ပြည်နယ် တိုက်ပွဲများ တနှစ်ပြည့် လှုပ်ရှားမှု စတင်
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ရပ်စဲရန်နှင့် လူမှုဘေးဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အတွက် ကချင်လူငယ်များက ဦးဆောင်လှုံ့ဆော်ထားကြောင်း မြန်မာပြည်တွင်းနှင့် နိုင်ငံတကာရောက် အစည်းများက ဇွန်လ ၇ ရက်မှ ၁၄ ရက်နေ့ထိ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ လုပ်ဆောင်သွားရန် ၂၇ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၆၄ ဖွဲ့က လက်မှတ်ရေးထိုးကာ လှုပ်ရှားမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားလူငယ်သမဂ္ဂ AKSYU အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့်က ပြောသည်။
“နိုင်ငံပေါ်မူတည်ပြီးတော့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဝဏ်လွှာကို သမ္မတကို ပေးမယ်။ သံရုံးမရှိတဲ့နေရာမှာ ဆုတောင်းတာတို့၊ ဂျိုးငှက် လွှတ်တာတို့၊ ပိုစတာ ကိုင်တာတို့၊ ပန်းချီပြတာတို့ လှုပ်ရှားမှုတွေလုပ်လို့ ရတယ်။
ပြည်တွင်း အနေအထားက ဒေသပေါ် မူတည်ပြီးတော့ လှုပ်ရှားကြမယ်။ ဆုတောင်းပွဲ၊ ကိုယ်ကျွမ်းကျင်နဲ့ အနုပညာ တင်ဆက်မှု၊ ကချင်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တခု လုပ်ပေးဖို့ နိုးဆော်ထားတယ်”ဟု ပြောသည်။၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာအစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သော တနှစ်ပြည့် အထိမ်းအမှတ်များ ကမ္ဘာတဝှန်း လုပ်ဆောင်သွားမည် ဖြစ်သည်။အင်္ဂါနေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် လူ ၄ဝ ခန့်က ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြ သည်။
“ကချင်စစ်ပြေးဒုက္ခတွေလည်း ၇ သောင်းကျော်ရှိလာပြီ။ သူတို့ကိုလည်း အမြန်ဆုံး ကူညီစေချင်တယ်။ စစ်မှန်တဲ့ အနှစ်သာ ရရှိတဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ပေးဖို့ တောင်းဆိုချင်တာပါ”ဟု ကိုနော်ဆန့်က ပြောသည်။
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ ငါးကြိမ်ထက် မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးသဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုကို အမြန်ဆုံး လုပ်ဆောင်စေလိုသည်ဟု သူက ပြောသည်။“တွေ့ဆုံနေပေမယ့် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အထက်ကို တင်ပြမယ် ဆိုတာပဲဆိုတော့ ဘယ်နှစ်ကြိမ်တွေ့တွေ့ ထူးမလာဘူး။ အထက်ကို တင်ပြမယ် ဆိုတာလောက်နဲ့ ပြီးသွားတာမျိုးက အချိန်ပုပ်တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင်း စစ်ပွဲများရပ်စဲရေးနှင့် လူမှုဘေးဒုက္ခများ ရပ်စဲရန်အတွက် သမ္မတ ဦးသိန်းစိန်သို့ လိပ်မူထားသည့် အဖွဲ့အစည်းပေါင်း ၇၁ ဖွဲ့က ပူးပေါင်း အရေးဆိုလိုက်သည့် စာကို ဘန်ကောက်မြို့ မြန်မာသံရုံးမှတဆင့် ပေးပို့လိုက် သည်။ ထိုစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားထံသို့လည်း မိတ္တူပေးပို့ခဲ့သည်။မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည် သွားမည်
“နိုင်ငံပေါ်မူတည်ပြီးတော့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဝဏ်လွှာကို သမ္မတကို ပေးမယ်။ သံရုံးမရှိတဲ့နေရာမှာ ဆုတောင်းတာတို့၊ ဂျိုးငှက် လွှတ်တာတို့၊ ပိုစတာ ကိုင်တာတို့၊ ပန်းချီပြတာတို့ လှုပ်ရှားမှုတွေလုပ်လို့ ရတယ်။
ပြည်တွင်း အနေအထားက ဒေသပေါ် မူတည်ပြီးတော့ လှုပ်ရှားကြမယ်။ ဆုတောင်းပွဲ၊ ကိုယ်ကျွမ်းကျင်နဲ့ အနုပညာ တင်ဆက်မှု၊ ကချင်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တခု လုပ်ပေးဖို့ နိုးဆော်ထားတယ်”ဟု ပြောသည်။၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာအစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သော တနှစ်ပြည့် အထိမ်းအမှတ်များ ကမ္ဘာတဝှန်း လုပ်ဆောင်သွားမည် ဖြစ်သည်။အင်္ဂါနေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် လူ ၄ဝ ခန့်က ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြ သည်။
“ကချင်စစ်ပြေးဒုက္ခတွေလည်း ၇ သောင်းကျော်ရှိလာပြီ။ သူတို့ကိုလည်း အမြန်ဆုံး ကူညီစေချင်တယ်။ စစ်မှန်တဲ့ အနှစ်သာ ရရှိတဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ပေးဖို့ တောင်းဆိုချင်တာပါ”ဟု ကိုနော်ဆန့်က ပြောသည်။
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ ငါးကြိမ်ထက် မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးသဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုကို အမြန်ဆုံး လုပ်ဆောင်စေလိုသည်ဟု သူက ပြောသည်။“တွေ့ဆုံနေပေမယ့် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အထက်ကို တင်ပြမယ် ဆိုတာပဲဆိုတော့ ဘယ်နှစ်ကြိမ်တွေ့တွေ့ ထူးမလာဘူး။ အထက်ကို တင်ပြမယ် ဆိုတာလောက်နဲ့ ပြီးသွားတာမျိုးက အချိန်ပုပ်တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင်း စစ်ပွဲများရပ်စဲရေးနှင့် လူမှုဘေးဒုက္ခများ ရပ်စဲရန်အတွက် သမ္မတ ဦးသိန်းစိန်သို့ လိပ်မူထားသည့် အဖွဲ့အစည်းပေါင်း ၇၁ ဖွဲ့က ပူးပေါင်း အရေးဆိုလိုက်သည့် စာကို ဘန်ကောက်မြို့ မြန်မာသံရုံးမှတဆင့် ပေးပို့လိုက် သည်။ ထိုစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားထံသို့လည်း မိတ္တူပေးပို့ခဲ့သည်။မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည် သွားမည်
မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည် သွားမည်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဟု ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက်ခြင်း ဖြစ်ကြောင်း
တရုတ်နိုင်ငံအနေနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင်း လျှပ်စစ်အား မလုံလောက်မှုနှင့် ပတ်သက်၍ ကူညီနိုင်ရန်အတွက် မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးစနစ်နှင့် ပတ်သက်၍ အဆင့်မြှင့်တင်နိုင်ရန် ဆွေးနွေးပူးပေါင်းဆောင်ရွက်ကြဖို့ မေလ ၃၁ ရက်နေ့က တိုက်တွန်းထားသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိစဉ်
မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ပတ်သက်၍ ပိုမိုတိုးတက်ရန် မျှော်လင့်ထားကြောင်း ဆင်ဟွာသတင်းဌာနကို
ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံအနေနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင်း လျှပ်စစ်အား မလုံလောက်မှုနှင့် ပတ်သက်၍ ကူညီနိုင်ရန်အတွက် မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးစနစ်နှင့် ပတ်သက်၍ အဆင့်မြှင့်တင်နိုင်ရန် ဆွေးနွေးပူးပေါင်းဆောင်ရွက်ကြဖို့ မေလ ၃၁ ရက်နေ့က တိုက်တွန်းထားသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိစဉ်
မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ပတ်သက်၍ ပိုမိုတိုးတက်ရန် မျှော်လင့်ထားကြောင်း ဆင်ဟွာသတင်းဌာနကို
ပြောဆိုခဲ့သည်။
အစိုးရနှင့် KIA စစ်ရေး အခြေအနေ ဆွေးနွေး
ကချင် ဒေသ ငြိမ်းချမ်းရေး အတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ရထား ၀န်ကြီး ဦးအောင်မင်းနှင့် မကြာခင်သေးခင်ရက်ပိုင်းက တွေ့ဆုံခဲ့ပြီး စစ်ရေးကိုအဓိကထား၍ ဆွေးနွေးခဲ့ကြောင်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။ယင်း ဆွေးနွေးပွဲကို KIA တပ်မဟာ ၃ ထိန်းချုပ်ထားသော မိုင်ဂျာယန် ဒေသတွင် ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့ရာ အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်၍ ကိုယ်စားလှယ် ၅ ဦးခန့် တက်ရောက်ခဲ့ပြီး KIA ဘက်က ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင် တက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်းKIAဘက်က တင်ပြဆွေးနွေးချက်များကိုလည်း ဦးအောင်မင်းက အထက်ကို တင်ပြမည်ဟု ပြန်လည် ပြောဆိုကြောင်း
အကောင်းဆုံး ဖြစ်အောင် ဆောက်ရွက်ပေးမည်ဟု ပြောဆိုသော်လည်း အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီမှ ဆုံးဖြတ်ပိုင်ခွင့် ရှိသူတို့၏ သဘောထားများ လိုအပ်ကြောင်း၊ မည်သည့် နေ့ရက်၌ ထပ်မံဆွေးနွေးမည်ကို မသိရသေးဘဲ အစိုးရတာဝန်ရှိသူများနှင့် ပြန်လည် ညှိနှိုင်းမှု အပေါ် မူတည်ကြောင်းကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစန်းအောင်ကမူ ယခုလ ၁၂ ရက်နေ့ နောက်ပိုင်း အစိုးရနှင့် KIA ခေါင်းဆောင်များ ထပ်မံ တွေ့ဆုံဆွေးနွေးရန် ရှိပြီး မကြာခင် အဆင်ပြေမည်ဟု ယုံကြည်ကြောင်း မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIA ခေါင်းဆောင်များကို ဒုတိယအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ် သည်။ ထိုင်းနိုင်ငံ ချင်းရိုင်နယ်စပ်တွင် ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်တချို့နှင့် KIA မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ် မော်တို့ ပြီးခဲ့သည့်လ ၂၁ ရက်နေ့က နောက်ဆုံး တွေ့ဆုံခဲ့ကြကြောင်းရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီး၌ မေ ၂၈ ရက်နေ့က အစိုးရတပ်နှင့် KIA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မူဆယ်-လားရှိုး လမ်းကိုလည်း KIA လက်အောက်ခံနယ်မြေခံ တပ်ရင်း တချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များကြောင့် လုံခြုံရေး အကြောင်းပြကာ ယာယီ ပိတ်ထားကြောင်းKIAသည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ကြောင်းအစိုးရနှင့် KIAအကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။KIA နှင့် အစိုးရ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင်းနှင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် ခန့်မှန်းခြေ ၇၅၀၀၀ ခန့်ရှိကြောင်း မကြာသေးခင်က ထုတ်ဝေသော လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့(HRW) အစီရင်ခံစာ တခုတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း
တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ မနေ့က မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
ရန်ကုန်၌ အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ ဆန္ဒပြ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ရိုးမ သစ္စာကားပေါ်မှ အစ္စလမ်ဘာသာဝင် ခရီးသည် ၁၀ ဦး သတ်ဖြတ်ခံရခြင်းနှင့် ရခိုင် အမျိုးသမီးလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း များနှင့်ပတ်သက်ပြီး တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် မနေ့က ရန်ကုန် မြို့တွင် အစ္စလမ် ဘာသာဝင်တချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြောင်းရန်ကုန်မြို့ ဆူးလေစေတီ အနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့က တရားဥပဒေ စိုးမိုးရေးနှင့် အမှုအခင်းအား အစိုးရ သတင်းစာက ဖော်ပြရာ၌“မွတ်ဆလင်ကုလား”ဟူသော အသုံးအနှုန်းကို ပြောဆိုသုံးနှုန်းမှု အပေါ် ပြန်လည် တောင်းပန်ရန်လည်း တောင်းဆိုကြကြောင့်း နေ့လယ် ၁၂ နာရီဝန်းကျင်က စတင် ဆန္ဒပြပွဲဖြစ်ပွားသည့်နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး လည်း ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ဆန္ဒပြသူများကို ပြောကြောင်း
အသက်အိုးအိမ်များ ထပ်မံဆုံးရှုံးမှုမဖြစ်စေလိုကြောင်း၊ အစိုးရ သတင်းဌာန၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်းလည်း ၄င်းကဆက်လက် ပြောဆိုကြောင်း ကိုမြအေးသည် အစ္စလမ် ဘာသာဝင် တဦး ဖြစ်ကြောင်း သိရသည်။
ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာ၌ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ”ဟူ၍ သတင်း ခေါင်းစဉ်၌ ဖော်ပြထားကြောင်းဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးအား တောင်ကုတ်မြို့တွင် လူအုပ်စု တစုက သတ်ဖြတ်ခဲ့မှု သတင်းဖော်ပြချက်၌ မြန်မာ့ အလင်း သတင်းစာက ထိုသို့ သုံနှုန်းထားခြင်း ဖြစ်ကြောင်း
အစိုးရ သတင်းဌာန၏ သုံးနှုန်းမှုသည် ကျင့်ဝတ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေးသမားများ နှင့် သတင်း မီဒီယာ သမားများကလည်း ပြောဆိုကြကြောင်းမေလ ၂၈ ရက်ကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာ အုပ်စု သပြေချောင်း ကျေးရွာနေ အသက် ၂၇ နှစ် ရှိ မသီတာထွေး ကို လူငယ် ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်၍ လက်ဝတ် လက်စား ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည့် အမှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍လည်း ယခု ဆန္ဒပြသူများက တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြခြင်း ဖြစ်သည်။
နိုင်ငံပိုင်သတင်းစာ အရေးအသား လူအများ ဝေဖန်
ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ အစိုးရသတင်းစာများ၏ စကားလုံး အသုံးအနှုန်းအား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေကြောင်း သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး” ဟု ဆိုကြောင်းရခိုင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွက် တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားကြောင်းမြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲပြဌာန်းပြီး ဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ရပ်များ အား လက်ခံ၍ မရကြောင်း သတင်းစာများက ဖော်ပြထားကြောင်း
စစ်တွေမြို့ ရဲစခန်းအား ဖျက်ဆီးမှု၊ သံတွဲမှ ရန်ကုန်သွားသည့် ရိုးမ သစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၁၀ ဦး အသတ်ခံရမှု၊ သပြောင်ချောင် ကျေးရွာမှ အမျိုး သမီးတဦးအား လူသုံးဦးက အဓမ္မပြုကျင့်ပြီး ဓားဖြင့် ထိုးသတ်ကာ ရွှေထည် ပစ္စည်းများ ယူဆောင်မှုတို့၌ ပြစ်မှု ကျူးလွန် သူများကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားကြောင်း
သို့သော် ရိုးမသစ္စာ ယာဉ်ပေါ်၌ လိုက်ပါလာ သူများအား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများ၌ “မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု သုံးနှုန်းထားခြင်း အပေါ် ဝေဖန် ခံနေရခြင်း ဖြစ်ကြောင်း
လက်ရှိ အခြေအနေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ သွားရောက်မည့် အချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ပြဿနာ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ သတင်းစာ များ၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။
“အခုဖြစ်ရပ်က အချိန်ကိုက် ဖြစ်နေတယ်၊ လူမျိုး တမျိုးကို ရက်စက်တဲ့ လူမျိုးဖြစ်အောင် လုပ်နေတာလား၊ ရိုဟင်ဂျာကို တိုင်း ရင်းသားတခု ဖြစ်အောင် ဖန်တီးနေတာလား၊ အစိုးရ သတင်းစာတွေက ဒီဖြစ်ရပ်ကို မီးလောင်ရာလေပင့် မလုပ်သင့်ဘူး။
သတင်းစာက ရေးတဲ့ အသုံးအနှုန်းတွေကို ကန့်ကွက်ပါတယ်” ဟု ၎င်းက ဆိုကြောင်း
အစိုးရ သတင်းစာများ အနေဖြင့် ဆင်ခြင်ချိန်ဆ ရေးသင့်ကြောင်း၊ မဖြေရှင်းနိုင်သေးသည့် ပြဿနာအစစ် အမှန်အား ဖြေရှင်း နိုင်ရေး ကိစ္စသည် အားလုံးတွင် တာဝန်ရှိကြောင်း၊ သမိုင်းကို လိမ်လည်နေကြသည့် ပုဂ္ဂိုလ်များ လည်းရှိကြောင်း၊ အခုပြဿနာ ဖြစ်ပွားရသည့် ရည်ရွယ်ချက်ကို ဖော်ထုတ်ရန်လိုအပ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိသေးသည့်အတွက် စစ်တပ် မရှိမဖြစ် လိုအပ်နေသေးသည့် အခြေအနေမျိုး ဖော်ဆောင်လာနိုင်သည်ကို သတိထားရမည်ဖြစ်ပြီး ယခုဖြစ်ရပ်သည် စဉ်းစား စရာများ ရှိနေ၍ မီဒီယာများ အနေဖြင့် တည်ငြိမ်မှုရရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်းလူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု လုပ်ဆောင်ခြင်း မပြုရန် လူ့အခွင့်အရေး ကြေညာစာတမ်း၌ ဖော်ပြထားသော်လည်း အစိုးရသတင်းစာ များက လိုက်နာခြင်း မရှိကြောင်း၊ ထိုလုပ်ရပ်သည် နောက်ကြောင်း ပြန်လှည့်လိုသည့် ကိစ္စ ဟုတ်မဟုတ် စဉ်းစားစရာ ဖြစ်စေနိုင်ကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူများနှင့် တိုင်ပင်၍ ပြန်ကြားရေး ၀န်ကြီးဌာနကို ကန့်ကွက်စာ ပေးပို့သွားမည်ဖြစ်ကြောင်း
သတင်းမီဒီယာများ အနေဖြင့် ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ရေးသားရာ၌ ပြည်သူများထံ အချက်လက်ပေးရန်သာ ဖြစ်ပြီး ပဋိပက္ခ ပိုမိုကြီးထွားလာစေရန် လှုံ့ဆော်သည့် သဘော မရေးသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများ ထည့်သွင်း မရေးသင့်ကြောင်း လူမျိုးရေး၊ ဘာသာရေး ထည့်သွင်း ဖော်ပြခဲ့သည့် အတွက် အိန္ဒိယ နိုင်ငံ၌ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာ၊ ဇာတ်နိမ့်၊ ဇာတ်မြင့် တို့အကြား လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ ထို့ကြောင့် အသုံးအနှုန်း သတိထားရေး သားရန် အိန္ဒိယ စာနယ်ဇင်း ကောင်စီက အတိအလင်း ထုတ်ပြန်ထားကြောင်း
ဦးရဲထွဋ်၏ ရေးသားမှုသည် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်များနှင့် ဆန့်ကျင်နေကြောင်းလည်း ဝေဖန်မှု တချို့ ထွက်ပေါ်နေကြောင်း
အစိုးရ သတင်းစာပါ “မွတ်ဆလင် ကုလား” ဆိုသည့် အသုံးအနှုန်းအတွက် အစိုးရက တောင်းပန်ရန်၊ တရားဥပဒေ စိုးမိုးရန်နှင့် သတ်ဖြတ်ခံရသူများအား တရားဥပဒေ အတိုင်း စီရင်ပေးရန် စာတမ်းများပါသည့် ပိုစတာ ကိုင်ဆောင်ထားသော လူ ၁၅ ဦး ခန့်သည် ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဗလီတခုရှေ့တွင် ယနေ့ နေ့လယ်က ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရခြင်းသည် ကျောက်နီမော်ဒေသခံ အမျိုးသမီး တဦးအား လူ ၃ ဦးက အဓမ္မကျင့် သတ်ဖြတ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့နယ် နာဇီဈေးအတွင်း ကောက်ခံသည့် အခွန်အခ များပြားသောကြောင့် ဦးဆောင်ဆန္ဒပြသူ ဦးအောင်သန်းဝေ အသတ်ဖြတ် ခံရသည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့သဖြင့် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ရာမှ အာဏာပိုင်များဘက်က သေနတ်ဖောက် ဖြေရှင်းခဲ့မှုအပေါ် မကြေလည်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေး ပါတီ (RNDP) တို့ကလည်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း
ပဋိပက္ခ ဖြစ်ပွားခဲ့သည့် စစ်တွေမြို့၏ ယနေ့ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် လုပ် ရပ်များနှင့် ပတ်သတ်၍လည်း ကြေညာချက် ၂ စောင်ကို ယနေ့ ထုန်ပြန်ခဲ့ကြောင်း RNDP ပါတီ၏ စစ်တွေမြို့နယ် ဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ကျောက်နီမော်ဒေသ အမျိုးသမီး တဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုကို ရှုံ့ချတယ်၊ တောင်ကုတ်မှာ လူ ၁၀ ဦးကို စစ်တွေမြို့လူထု အုံကြွမှုအတွင်း အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ လူတစုက ရဲစခန်းနှင့်အနီးတ၀ိုက် ကို ခဲနှင့်ပေါက်ခြင်း၊ အနီးရှိ မော်တော်ယာဉ်ကို ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို လုံးဝရှုံ့ချကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။
လူသတ်မီးရှို့မှုနှစ်ခု ရန်ကုန်တွင် ရက်ပိုင်းအတွင်း ဖြစ်ပွား
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတဦးအား သတ်ဖြတ်ကာ မီးရှို့ အလောင်းဖျောက်ဖျက်သူအား အခင်းဖြစ်ပွားပြီး ၄၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြောသည်။လမ်းမတော် ၇ လမ်း အထပ်မြင့်တိုက်ခန်းတခုတွင် ထိုအမှု ဖြစ်ပွားခဲ့သည့် မေလ ၃၀ ရက်နေ့နံနက်က ရွှေပုဇွန်မုန့်တိုက်မှ မုန့်ထုပ် ကိုင်ဆောင်ထားသူ အမျိုးသားတဦးအား တိုက်လှေကားအတွင်း မသင်္ကာဖွယ် တွေ့လိုက်ရသည်ဟု သတင်းရခဲ့ကြောင်း၊ ထိုမုန့်တိုက်ရှိ လုံခြုံရေးကင်မရာမှတ်တမ်းမှတဆင့် ပြစ်မှုကျူးလွန်သူအား ခြေရာခံမိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
“သူက သွေးအေးတယ်။ သေသေ ချာချာ စီစဉ်ပြီး အမှုကို ကျူးလွန်တယ်။ သူ့ကို ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့တာက ပြည်သူတွေရဲ့ ကူညီမှုကြောင့်ပါ” ဟု မှုခင်းဌာနမှ ရဲမှူးမြင့်ထွေးက ရှင်းပြသည်။
ပြစ်မှုကျူးလွန်သူသည် သာကေတမြို့နယ် ၁ ရပ်ကွက်၊ ထူပါရုံ ၉ လမ်းတွင် နေထိုင်သူ ကိုမျိုး (ခေါ်) ကိုမျိုးလွင် ဆိုသူ ဖြစ်ကြောင်း၊ သားငါးရောင်းချသူ ကိုမျိုးလွင်သည် သေဆုံးသူ၏ မိခင် ဒေါ်စန်းရီထံမှ အတိုးနှုန်းကြီးကြီးဖြင့် ချေးယူထားသောငွေများ ပြန်မဆပ်နိုင်သည့်အတွက် အငြိုးအတေးထားခဲ့ကြောင်း၊ တခြား အိမ်သူအိမ်သားများ မရှိခိုက် တိုက်ခန်းတွင်း ၀င်ရောက်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ပြောသည်။
လူသတ်မှုကျူးလွန်ပြီး ရုပ်အလောင်းပေါ်သို့ အ၀တ်အထည်များ ပုံကာ မီးရှို့ခဲ့သည်ဟု ၀န်ခံ ထွက်ဆိုကြောင်း၊ တိုက်ခန်းတွင်းမှ သူယူဆောင်ခဲ့သည့် သိန်းတရာကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၁ မျိုး ပြန်လည် သိမ်းဆည်းရရှိခဲ့ကြောင်း ရဲအရာရှိက ဆက်ပြောပြသည်။
ကိုမျိုးလွင်အား လူသတ်မှု ၊ အလောင်း ဖျောက်ဖျက်မှု၊ မီးရှို့မှု၊ ခိုးမှု တို့ဖြင့် အရေးယူထားကြောင်း သိရှိရသည်။
ရန်ကုန်နေပြည်သူများ ထိတ်လန့်ခဲ့ရသည့် ဒုတိယမှုခင်းဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့က ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်၊ ၇ လမ်းတွင် ဖြစ်ပွားခဲ့သည်။ အသက် ၂၅ နှစ် အရွယ် လွင်ဦးဆိုသူသည် အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သူ ညီအစ်မနှစ်ဦးထံ ထိုနေ့က သွားရောက်ပြီး ဓာတ်ဆီဖြင့်ပက်ကာ မီးရှို့ခဲ့ကြောင်း၊ ထိုနှစ်ဦးအနက် ဒဏ်ရာအပြင်းအထန် ရရှိသွားသူ သွားဖက်ဆိုင်ရာ ဆရာဝန် အမျိုးသမီးသည် ဆေးရုံသို့ရောက်ပြီး ရက်ပိုင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။
ထိတ်လန့်တုန်လှုပ်ဖွယ် မှုခင်းနှစ်ခု ဖြစ်ပွားအပြီး ဒေသခံအများအပြားက လုံခြုံရေး ပိုမို ဂရုစိုက်လာကြသည်။
“အထပ်မြင့်တိုက်တာတွေကတော့ လှေကားတွေ သော့ခတ်တာတွေ ပိုပြီး ဂရုတစိုက် လုပ်လာကြတယ်” ဟု ရန်ကုန်မြို့ တရုတ်တန်းတွင် နေထိုင်သူတဦးက ပြောသည်။
လူဦးရေ ထူထပ်လွန်းပြီး လူမျိုးပေါင်းစုံ နေထိုင်သည့် ရန်ကုန်တွင် အမှု အမျိုးအစား စုစုပေါင်း ၄၀ နှင့် ၄၅ အကြား နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ထွေးက ပြောဆိုသည်။
ရဲတပ်ဖွဲ့က ကြိုးစား စုံစမ်းလေ့ရှိသော်လည်း အမှုမှန် ဖော်ထုတ်ခြင်း မပြုနိုင်သော အမှုအခင်းများလည်း ရှိကြောင်း၊ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဖြစ်ပွားခဲ့သော ကမာရွတ်မြို့နယ် ငါးလောင်းပြိုင် လူသတ်မှုကိုလည်း ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်နီလမ်းထိပ်တွင် ဓားလွတ်ကိုင်လူပေါင်းမြောက်မြားစွာက လူတဦးကို ၀ိုင်းဝန်း တိုက်ခိုက်မှု၊ ရန်ကုန် မြို့လယ်တွင် ရုပ်ရှင်ဒါရိုက်တာ လူငယ်တဦးအား တုပ်နှောင်ပြီး ကားဖြင့် တရွတ်တိုက်ဆွဲခေါ်မှုတို့မှာ လူပြောများသည့် ထိတ်လန့်ဖွယ် မှုခင်းများ ဖြစ်သည်။
နိုင်ငံခြားငွေ လဲလှယ်သူများအတွက် အခက်အခဲများ ရှိနေသေး
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာ များစွာ ထပ်မံ ဖွင့်လှစ်ခဲ့သော်လည်း ငွေလဲလိုသူ နိုင်ငံသားများအတွက်အဆင်ပြေခြင်း မရှိသေးသကဲ့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် များအတွက်လည်း အခက်အခဲများ ရှိနေသေးသည်ဟု သိရကြောင်းငွေလဲလှယ်ရာတွင် အချိန်ကြာမြင့်သကဲ့သို့ အစွန်းအထင်းပါသည့် ဒေါ်လာ အဟောင်းများမယူသဖြင့် နိုင်ငံခြားသားနှင့် ဆက်ဆံရာတွင် မျက်နှာပျက်စရာ ဖြစ်ရကြောင်းတရားဝင် နိုင်ငံခြားငွေ လဲလှယ်ပေးသည့် ကောင်တာများကြောင့် မြန်မာနိုင်ငံ ခရီးသွားဝန်ဆောင်မှုနှင့် ပတ်သက်၍ နိုင်ငံခြားသားများ ရှေ့တွင် မျက်နှာပျက်စရာ ဖြစ်နေကြောင်း၊ လက်ရှိအနေအထားအရ ယာယီ ဧည့်သည်များသာ ရှိနေသေးသော်လည်း ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာချိန်တွင် ယင်းကိစ္စနှင့် ပတ်သတ်ပြီး အခက်အခဲ တွေ့မည်ဖြစ်ကြောင်း၊ တရားဝင် ငွေလှဲလှယ်သည့်ကောင်တာသို့ သွားရောက်လဲလှယ်မှု အဆင်မပြေသဖြင့် လဲလှယ်သူများ မရှိသလောက်နည်းပါးကြောင်းမကြာသေးခင်က ထိုင်းနိုင်ငံမှ ပြန်လာသူတဦးက “ထိုင်းက လေဆိပ်မှာ ထိုင်းဘတ်ကနေ ဒေါ်လာလဲဖို့လုပ်တော့ မြန်မာပြည်အတွက် ဒေါ်လာအသစ်တွေ သူတို့မှာ မရှိဘူးဆိုပြီး လဲမပေးဘူး” ဟု ဆိုကြောင်း
မြန်မာပြည်ရှိ တရားဝင်ငွေလဲ ကောင်တာများတွင် အမေရိကန်ဒေါ်လာမှလွဲ၍ ကျန်သည့် နိုင်ငံသုံးငွေများ လဲလှယ်ရာ အဆင်မပြေကြောင်း၊ ထို့ကြောင့် လေဆိပ်များတွင် ထိုင်း ဘတ်ငွေကဲ့သို့သော တခြားနိုင်ငံသုံး ငွေများအား အမေရိကန် ဒေါ်လာဖြင့် လဲလှယ်ကြကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံသားများ ငွေလဲလှယ်ရာ၌ ဒေါ်လာအသစ်များဖြင့် လဲပေးရန် တောင်းဆို ကြသောကြောင့် နိုင်ငံခြားလေဆိပ် ငွေလဲ ကောင်တာများက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ငွေလဲ ကောင်တာများသည် နိုင်ငံခြား ဧည့်သည်များနှင့် ချိတ်ဆက်သည့် အခန်းကဏ္ဍ ရှိနေသဖြင့် ဖျက်သိမ်းသင့်သည့် ဥပဒေတချို့ကို ဖျက်သိမ်းရန် လိုအပ်ကြောင်း
လက်ရှိတွင် AGD ဘဏ်၏ ငွေလဲကောင်တာများအဖြစ် ရန်ကုန်တွင် ၄ နေရာ၊ နေပြည်တော်တွင် ၁ နေရာနှင့် မန္တလေးတွင် ၁ နေရာ ဖွင့်လှစ်ထားကြောင်း ငွေလဲ ကောင်တာများ ထပ်မံဖွင့်လှစ်ရာတွင် စည်းမျဉ်း စည်းကမ်းများနေပါက မည်မျှထပ်မံဖွင့်စေကာမူ အဆင်ပြေမည် မဟုတ်ကြောင်း ယခုအခါ ရန်ကုန်၊ နေပြည်တော် အပါအ၀င် မြန်မာပြည်ရှိ မြို့ကြီးများတွင် နိုင်ငံခြားငွေလဲ ကောင်တာသစ် စုစုပေါင်း ၆၂ ခု ထပ်မံ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားသည်။
ဦးတင်အောင်မြင့်ဦးကို ဆေးခွင့် နှစ်လ ပေးထား
ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ၏ ကျန်းမာရေး အခြေအနေအရ အနားယူရန် တင်ပြထားသော နုတ်ထွက်လွှာကို သမ္မတ ဦးသိန်းစိန် က လက်မခံသေးဘဲ ဆေးခွင့် နှစ်လ ခွင့်ပြုထားကြောင်း သမ္မတရုံး က ဦးတင်အောင်မြင့်ဦး ၏ နုတ်ထွက်လွှာကို လက်မခံသေးဘဲ မေလဆန်း ပိုင်းမှ ဇူလိုင်လဆန်းပိုင်း အထိ ဆေးခွင့်အဖြစ် သတ်မှတ်၍ ခွင့်ပေးထားကြောင်း နိုင်ငံတော် သမ္မတ ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ဦးတင်အောင်မြင့်ဦး သည် ယခုအခါ ကျန်းမာရေးအခြေအနေ တဖြည်းဖြည်းချို့ယွင်းမှု ရှိလာကြောင်း တပ်မတော်သား ကိုယ်စားလှယ် တချို့ထံမှ သိရှိရသည်ဟု ပြောဆိုသည်။
ဦးတင်အောင်မြင့်ဦး၏ နေရာတွင် မည်သူကို အစားထိုးခန့်အပ်မည်ဆိုသော မေးခွန်းအပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များက မသိရှိကြသည့်အပြင် မည်သူနှင့် အစားထိုးမည်ကိုလည်း စိတ်ဝင်တစား ရှိကြကြောင်း ဦးဖုန်းမြင့်အောင်က ပြောဆို သည်။
သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်ကမူ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး သည် လက်ရှိရာထူး တွင် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း မေလ၂၄ ရက်နေ့က ကျင်းပသည့် ဒေါက်တာ ဦးမြင့်၏“ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ် အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ”နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ အခမ်း အနားတွင် ထည့်သွင်း ပြောဆို သွားသည်။ ဒေါက်တာ ဦးမြင့်သည် သမ္မတ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဖြစ်သည်။
သမ္မတရုံးကမူ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၏ သတင်းနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၏ နေရာတွင် ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း(သို့မဟုတ်) ကြည်း၊ရေ၊လေ ညှိုနှိုင်း ကွပ်ကဲရေးမှူး ဒု ဗိုလ်ချုပ်ကြီး လှဌေးဝင်း တို့ဖြင့် အစားထိုး ခန့်သွားရန်ရှိသည်ဆိုသော အတည်မပြုနိုင်သည့် သတင်းများလည်း စစ်တပ်နှင့်နီးစပ်သော အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်လျက် ရှိသည်။
မေလဆန်းပိုင်းမှ စတင်၍ ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဦးတင်အောင်မြင့်ဦးသည် ဒု သမ္မတ ရာထူးမှ နုတ်ထွက်စာ တင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒု သမ္မတ ဦးတင်အောင်မြင့်ဦးသည် DSA အပတ်စဉ် ၁၂ ကျောင်းဆင်းဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ကာ နအဖ စစ်အစိုးရ၏ အတွင်းရေးမှူး(၁) တာဝန်လည်း ထမ်းဆောင်ခဲ့သည်။ လတ်တလောတွင် ဒု သမ္မတ အဖြစ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ တွင် ဒု သမ္မတ တဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ တစုံတခုသော အကြောင်းကြောင့် နုတ်ထွက်ခဲ့ပါက နုတ်ထွက်ခွင့်ပြုရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်ပါက ခုနစ် ရက် အတွင်း ဒု သမ္မတ တဦး ထပ်မံတင်မြှောက်နိုင်ရေး နိုင်ငံတော် သမ္မတ က ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင် စွာ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပချိန်မဟုတ်ပါက ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် သမ္မတထံမှ အကြောင်းကြားစာရရှိသည့်နေ့မှစပြီး ၂၁ ရက်အတွင်း လွှတ်တော် အစည်းအဝေး ခေါ်ယူပြီး ဒု သမ္မတ တဦးရွေးချယ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment