ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ (လူထုစိန်ဝင်း)
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့
''ဝေဖန်ရေးဆိုတာမရှိ မဖြစ် လိုအပ်တဲ့အရာဖြစ်တယ်'' အားပေးရ မယ်၊ ကြိုဆိုရမယ်''ဆိုတာပဲ။ ဒါပေမဲ့ သူများကိုဝေဖန်တာကို ကြို ဆိုပေမယ့် ကိုယ့်ကိုဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော်ရှားပါတယ်။ ''ဒါဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ''လို့ စိတ် ဆိုးမာန်ဆိုး တုံ့ပြန်ကြတာသာများ တာကိုတွေ့ရတယ်။
တချို့က ဆတ် ဆတ်ထိမခံပြန်ပြီးချေပတယ်။ တချို့ က ပြန်မချေပဘဲနေပေမယ့် ရင်ထဲ မှာ တော့အောင့်သက်သက်နဲ့ မကျေ မနပ်ဖြစ်နေတတ်တယ်။ တချို့ကျ တော့လူရှေ့သူရှေ့မှာ ဟန်ဆောင် ပြုံးနေပြီး စိတ်ထဲကကြိတ်ဒေါသ ထွက်နေတယ်။ လိပ်ပြာသန့်သူမှ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လို ဝေဖန်မှုမျိုးကိုမဆို ဝမ်းသာ ခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုးဒေါသ ထွက် ခြင်းစတဲ့ တဒင်္ဂစိတ်လှုပ်ရှားမှု မျိုး တွေလုံးဝမရှိဘဲ ဥပေက္ခာပြုထား နိုင် စွမ်းရှိကြတယ်။ ဒီလိုလူမျိုးက တော် တော်ရှားတယ်။ ဒါကြောင့် တချို့ တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ် ဓာတ်နဲ့အတွေးအခေါ် အများကြီး ရင့်ကျက်နေသူများမှသာ စိတ်လှုပ် ရှားမှုမရှိဘဲ ဥပေက္ခာတရား လက် ကိုင်ထားနိုင်တာဖြစ်တယ်။
မူနဲ့လူခွဲဖို့မလွယ် အများစုကတော့ နည်းနည်း လေးဖြစ်ဖြစ် စိတ်ဆိုးသွားတတ် တယ်။ စိတ်မဆိုးတောင် ''ကျွဲမြီးတို တယ်''ဆိုတာလောက် တော့ဖြစ်သွား ကြတယ်။ အဲဒီအခါပုဂ္ဂိုလ် ရေးတိုက် ခိုက်တာပဲ''လို့ပြောမြဲဖြစ်တယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ ဘာကြောင့် ပြောသလဲဆိုတော့ ပညာတတ် လောကမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ဟာ အောက်တန်းကျတဲ့လုပ်ရပ် အဖြစ်ရှုမြင်ကြလို့ဖြစ်တယ်။ ဒါပေမယ့် လို့ ခက်တာကစာပေမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မူနဲ့လူကိုခွဲခြား ကြည့်မြင်ဖို့ဆိုတာ အင်မတန်မလွယ် တဲ့ကိစ္စဖြစ်တယ်။
သမ္မတရေဂန် လက်ထက်က ကာတွန်းဆရာတွေ သူ့ပုံကိုဆွဲရင်ကောင်း ဘွိုင်ဦးထုပ်ကြီး နဲ့ မြင်းစီးပြီးလက်ထဲက သေနတ် ဝှေ့ယမ်းနေတဲ့ပုံကိုဆွဲကြမြဲဖြစ်တယ်။ သူက ကောင်းဘွိုင်မင်းသားကနေ သမ္မတဖြစ်လာခဲ့တာကိုး။ မချိသွားဖြဲနေရ သူ့ကိုကောင်းဘွိုင်သမ္မတလို့ခေါ်တဲ့ အတွက်ရေဂန်က ဘယ်လိုမှမတုံ့ပြန် ခဲ့ပါဘူး။ သူ့လိုလူအများနဲ့ ဆက်စပ် ပတ်သက်နေရသူ Public Figure များကို လူတွေကစိတ်ဝင်စားမှုကြီး မားလွန်းတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အများအရေးဆိုပြီးခွဲခြားဖို့ ဘယ်လို မှမဖြစ်နိုင်ဘူးဆိုတာကိုကောင်းကောင်း သဘောပေါက်နားလည်ထားလို့ မတုံ့ ပြန်တာပါ။ ''သူလည်းလေလောကီ သားပေမို့'' ဆိုသလိုကျွဲမြီးတိုတာ လောက်တော့ ရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမဲ့ 'မချိသွားဖြဲ'ဆိုသလိုဟန်လုပ် ပြီးပြုံးနေရုံကလွဲပြီး ဘာမှမတတ် နိုင်ပါဘူး။
ဘယ်သူမပြုမိမိမှု ''ထင်ပေါ်ကျော်ကြားမှု''ဟာချိုမြိန် ပါတယ်။ ဒါပေမဲ့ပေးရတဲ့ တန်ဖိုး ကလည်းကြီးပါတယ်။ လူသား တစ်ယောက်ရဲ့ဘဝမှာ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ''ပုဂ္ဂလိကလွတ်လပ်ခွင့်''ကို ပေးလိုက်ရခြင်းဖြစ်တယ်။ ဒါဟာ ''ဘယ်သူမပြုမိမိမှု''ဆိုတဲ့ စကားလို ကိုယ်တိုင်ရွေးချယ် ဖန်တီးခဲ့တာဖြစ် လို့ပုဂ္ဂိလိက လွတ်လပ်ခွင့်ချိုးဖောက် ခံရတယ်ဆိုပြီး ဘယ်သူ့ကိုမှအပြစ်တင်လို့မရပါဘူး။ ရေဂန်သမ္မတရယ် လို့ ဖြစ်လာတာဟာ ပြည်သူလူထုက မဲပေးလို့ဖြစ်လာတာ မဟုတ်လား။ အလားတူပဲ ကောင်းဘွိုင်မင်းသား ရေဂန်လို့ဖြစ်တာလည်း ပြည်သူ လူထုကအားပေးကြလို့ပဲလေ။ ရေဂန် အတွက်တော့ ပြည်သူ့လူထုဟာ ကျေးဇူးရှင်ဖြစ်တယ်။
အဲဒီပြည်သူ တွေကတောင်းဆိုတာကို ရေဂန်မ ငြင်းနိုင်ဘူး။ လိုက်လျောဖြည့်ဆည်း ရမှာပဲ။ ဒါဟာ ပြည်သူလူထုကြောင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် (Somebody) ဖြစ်လာသူမှန်သမျှ မလွဲမသွေထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားဖြစ်တယ်။ ပတ္တမြားမှန်ရင် အရောင် မမှိန် ဝေဖန်ရေးမှာ မူနဲ့လူခွဲဖို့ခက်ပါ တယ်။ လူကြောင့်မှုဖြစ်လာရသလို လူကြောင့်ပဲ မှုပျက်သွားရပါတယ်။ အလားတူပဲမူကြောင့်လူကောင်းဖြစ်လာ နိုင်သလိုမူကြောင့်လည်း လူဆိုးဖြစ် သွားနိုင်ပါတယ်။
ပုဂ္ဂိုလ်ရေးအရလူကို အတိုက် အခိုက်မခံချင်ရင်ကောင်းဆုံး နည်းလမ်းက ကိုယ့်မှာဘာအစွန်း အထင်းအညစ်အကြေးမှ ကပ်ငြိမခံရ အောင်စောင့်စည်း နေထိုင်ဖို့ပါပဲ။ ကိုယ့်လိပ်ပြာက သန့်ရှင်း လှပနေရင် ဘယ်ပယောဂမှ ဝင်လို့မရပါဘူး။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment