ရခိုင်သတင်းများ ဇူလိုင် ၂၆၊ ၂၀၁၂




ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော / ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် ဗီဇာ အငြင်းပယ်ခံရ




ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော



ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိခဲ့ကြောင်း Burma Campaign (UK) ၏ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

လက်ရှိ အကြပ်အတည်းသည် မြန်မာအစိုးရ ခေါင်းဆောင်ပြုလုပ်နေသည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်သည့်အဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း ဤကြေညာချက်တွင် ရေးသားထားသည်။
ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ရိုဟင်ဂျာ အရပ်သားများကို အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်းနှင့် အရမ်းကာရော သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း
လွန်ခဲ့သော ရက်သတ္တပတ်များ အတွင်း သတင်းများ ရရှိထားသည်ဟု BC (UK) က ပြောသည်။

ဒုက္ခသည် စခန်းများတွင်လည်း လုံလောက်သော စားနပ်ရိက္ခာနှင့်ဆေးဝါးကုသပေးမှုများ မရှိကြောင်းလည်း သတင်းများ ရရှိထားသည်ဟု သူတို့က ဆိုသည်။

“အရေအတွက် မသိရသည့် ထောင်ပေါင်းများစွာသော လူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ဝင်ရောက်ခဲ့ကြပြီး သူတို့သည် အကာအကွယ်ပေးမှု သော်လည်းကောင်း၊ အကူအညီ အထောက်အပံ့
သော်လည်းကောင်း မရရှိခဲ့ကြဘဲ ထောင်ပေါင်းများစွာသည် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာသေနတ်နှင့်ချိန်၍ ပြန်လည် နှင်ထုတ်ခြင်းကို ခံခဲ့ရသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

ဒေသန္တရ အာဏာပိုင်များသည် ရိုဟင်ဂျာ အများအပြားကို သူတို့၏ ကျေးရွာများ၊ ဈေးဆိုင်များ၊ အိမ်များသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုခဲ့ဘဲ ယင်းသည် ဒေသအတွင်း ရိုဟင်ဂျာလူမျိုး `သန့်စင်ရေး´ရည်ရွယ်ပြုလုပ်သည့် မူဝါဒတရပ် လည်း ဖြစ်ကြောင်း BC (UK) က ပြောဆိုထားသည်။သမ္မတ ဦးသိန်းစိန် က လူမျိုးသန့်စင်ရေး ပြုလုပ်ရာရောက်သည့် မူဝါဒတရပ်ကို တင်ပြခဲ့ပြီး ယင်းမူဝါဒအရ ရိုဟင်ဂျာ များကို မြန်မာနိုင်ငံမှ ရှင်းလင်းဖယ်ရှားပြီး တတိယနိုင်ငံသို့ ပို့ဆောင်ပေးရေး စီစဉ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့ သည်။

“ယင်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန်စိုးရိမ်ဖွယ်ရာ ကောင်းသည့် အခြေအနေတရပ် ဖြစ်ပြီး အခြေအနေမှာ အလွန်လျှင်မြန်စွာပင် ယိုယွင်းလာနေသည်” ဟု BC (UK) ၏ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောသည်။

“ဤသို့သော အတိုင်းအတာဖြင့် ဖြစ်ပွါးနေသော အကြပ်အတည်းတွင် မျှော်လင့်ထားအပ်သည့် နိုင်ငံတကာ၏ တုံ့ပြန်မှု မျိုးကို မရရှိခဲ့ပါ။ အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရေး၊ ဖမ်းဆီးခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ရပ်တန့်နိုင်ရေး၊ လူများကို သူတို့နေအိမ်များသို့ လုံခြုံစွာ ပြန်ခွင့်ပြုနိုင်ရေးတို့အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ရန်လို အပ်ပါသည်” ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပြည်တွင်းတွင် သိရှိကာ အရေးတယူ ရှိလာရေး အတွက် ဗြိတိန်နိုင်ငံအနေဖြင့် သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားချက်အားပြန်လည် ရုတ်သိမ်းသင့်ကြောင်း ရောဘတ် က ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတယူရှိလာရေး လှုပ်ရှားဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဦးဆောင် ပါဝင်သင့်ကြောင်း လည်း သူကပြောသည်။ သို့သော် အစိုးရသည် အပြုသဘော ဆောင်သည့် သတင်းများအပေါ်တွင်သာ ပိုမိုအာရုံစိုက်နေပုံရပြီး ဝန်ကြီးများ အနေဖြင့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဝေဖန်ပြောကြားမှုများမှာလည်း ရှားရှားပါးပါးသာ ရှိသည်ဟု သူက ဆိုသည်။

“ဤသို့ ပြုလုပ်ခြင်းဖြင့် ရိုဟင်ဂျာများကို ဝိုင်းဝန်းဖမ်းဆီးပြီး တိုင်းပြည်တွင်းမှ နှင်ထုတ်ရေး ဆောင်ရွက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ပိုအားရှိသွားအောင် လုပ်ပေးလိုက်သလို ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း မရှိပါက အခြေအနေသည် ဆက်လက်ဆိုးရွားနေမည်သာ ဖြစ်သည်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။



ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် ဗီဇာ အငြင်းပယ်ခံရ


ပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Ansar Burney (ဓာတ်ပုံ - wikipedia)




ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် ဗီဇာ အငြင်းပယ်ခံရ


ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အချက်အလက်များ လာရောက်လေ့လာရယူရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Ansar Burney နှင့် လုပ်ဖော်ကိုင်ဖက် တဦးတို့အား မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့်
ဗီဇာ ငြင်းပယ်လိုက်ကြောင်း သိရသည်။
မည်သည့် လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာနယ်ဇင်းသမားများကိုမှ အချက်အလက် ရှာဖွေလေ့လာရေး မစ်ရှင်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခွင့် မပြုနိုင်ကြောင်း လန်ဒန်ရှိ Ansar Burney Trust International သို့ မြန်မာသံရုံးမှ အကြောင်းကြားလာခြင်း ဖြစ်သည်။

“သူတို့နိုင်ငံကို စာနယ်ဇင်းသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို ၀င်ခွင့်မပေးဘူးလို့ သံရုံးက ကျနော့်ကို ပြောလာပါတယ်။ ကျနော် လုံးဝကို အဖျက်ဆီးခံလိုက်ရတာပါပဲ။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီးကနေ ထိန်ဝှက်ထားစရာ တစုံတရာ ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ” ဟု Ansar Burney အား ကိုးကား၍ International The News တွင် ဖော်ပြပါရှိသည်။

ပါကစ္စတန် ဖက်ဒရယ် လူ့အခွင့်အရေး ၀န်ကြီးဟောင်းလည်းဖြစ်၊ လန်ဒန်ရှိ ပါကစ္စတန် သတင်းစာကလပ်၏ အတွင်းရေးမှူးလည်း ဖြစ်သည့် Ansar Burney သည် ဇူလိုင်လ ၁၉ ရက်နေ့က ဗီဇာလျှောက်ထားခဲ့ပြီး ခွင့်ပြုရန်အတွက် သံရုံးမှ အားမခံချက် ရရှိထားပြီးသော်လည်း ဇူလိုင်လ ၂၄ ရက်နေ့တွင် ယခုကဲ့သို့ ငြင်းပယ်ခံရခြင်းဖြစ်သည်။ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြံပေးပုဂ္ဂိုလ်ဟောင်း တဦးဖြစ်သည့် Ansar Burney သည် မြန်မာနိုင်ငံအတွင်း မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံနေရသည် ဟူသော အစီရင်ခံစာများနှင့်ပတ်သက်၍ ကိုယ်တိုင် သွားရောက် လေ့လာကာ အချက်အလက်များ ရှာဖွေစုဆောင်းပြီး အမှန်တရားကို ဖော်ထုတ်မည်ဟု ဆိုထားသည်။ယခုကဲ့သို့ မြန်မာအစိုးရ၏ ပြုမူချက်မှာ ၎င်းနိုင်ငံတွင်း အပြစ်မဲ့ မူဆလင်များအား သတ်ဖြတ်နေမှုများ၊ မူဆလင် အမျိုးသမီးငယ်များအား အဓမ္မပြုကျင့်နေမှုများ၊ အခြားသော ယုတ်မာရက်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်နေသည်ဟူသော မြန်မာအစိုးရအပေါ် ထွက်ဆိုချက်များအား သက်သေပြလိုက်ခြင်းသာ ဖြစ်ကြောင်း Ansar Burney က မှတ်ချက်ပြု ပြောဆိုသွားသည်ဟု Pakistan Today သတင်းတရပ်တွင်လည်း ဖော်ပြပါရှိသည်။



LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Facebook: Sa Maung

0 comments:

Post a Comment