ကမ္ဘာ့သတင်းများ 27/09/2012
နိုင်ငံတကာသတင်း
အီရန်သမ္မတမိန့်ခွန်း အထွေထွေညီလာခံမှာ အမေရိကန်သပိတ်မှောက်
မစ္စတာ မာမွတ်
အမာဒီနီဂျက်ဟာ ဆက်လက်ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ အီရန်သမ္မတ အနေနဲ့ မိန့်ခွန်းပြောဆိုနေပါတယ်။
အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေကတော့ သမ္မတ အမာဒီနီဂျက်ရဲ့ မိန့်ခွန်းကို သပိတ်မှောက်တဲ့
အနေနဲ့ ညီလာခံ ခန်းမကနေ ထွက်ခွာသွားခဲ့ပါတယ်။
အီရန်နိုင်ငံအနေနဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေမှုအပေါ် အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း အမေရိကန် သမ္မတဘရက်အိုဘားမားက သတိပေးစကားပြောဆိုခဲ့အပြီး နောက်တနေ့မှာ မစ္စတာ အမာဒီနီဂျက် မိန့်ခွန်းပြောခဲ့ပါတယ်။
အီရန်နျူကလီးယားကိစ္စအပေါ် သံတမန်ရေးအရ အဖြေရှာနေမှုဟာ တစထက်တစ အချိန်ကုန်လာနေပြီ လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ မစ္စတာ အမာဒီနီဂျက် က AP သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးခန်းမှာ အမေရိကန် သမ္မတရဲ့ သတိပေး ပြောဆိုချက်ကို ပယ်ချလိုက်ပြီး၊ ကမ္ဘာ့ရေးရာကိစ္စတွေမှာ အမေရိကန်ရဲ့ စိုးမိုးနေမှု ဟာ ဆုံးခန်းတိုင်တော့မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။အမာဒီနီဂျက်ရဲ့ ဒုတိယမြောက် သမ္မတ သက်တမ်းဟာ လာမဲ့ ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အီရန်နိုင်ငံ ဥပဒေ အရ သူဟာ တတိယ သက်တမ်းဆက်လက်တာဝန်ယူခွင့် ရမှာဟုတ်ပါဘူး။
အရှေ့အလယ်ပိုင်းမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အထိကရုန်းတွေအကြောင်းဟာ ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ ညီလာခံမှာ ဆက်လက် အာရုံစိုက်ဆွေးနွေးပြောဆိုဖို့ ရှိနေပါတယ်။ အီဂျစ်နိုင်ငံရဲ့ သမ္မတသစ် မိုဟာ မက် မော်စီကလည်း နိုင်ငံတကာ ခေါင်းဆောင်တွေကို ပထမဆုံးအကြိမ် မိန့်ခွန်းပြော မှာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာနေချိန်တွင် သမ္မတအိုဘားမားက အီရန်ကိုသတိပေးခဲ့ပြီး သံတမန်ရေးရာ ကြိုးပမ်းမှုများအတွက် အချိန်ကုန်လွန်နေပြီဖြစ်ကြောင်း နျူကလီးယား လက်နက် ပိုင်ဆိုင်သော အီရန်သည် ထိန်းချုပ်ရနိုင် မည့် စိန်ခေါ်မှုတစ်ခုမဟုတ်ကြောင်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှု၊ ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံမှု၊ အစ္စရေးနိုင်ငံ၏ တည်ရှိမှုတို့ကို ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြိုဆိုခဲ့ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန် ဦးစားပေးဆောင်ရွက်မည်
အမေရိကန်ပြည်ထောင်စု
နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံမှာ မနေ့ အင်္ဂါနေ့က
မိန့်ခွန်းပြောကြားအပြီး ကုလသမဂ္ဂဌာနချုပ်မှာပဲ ကျင်းပတဲ့ Clinton Global
Initiative ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး
ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ချပြခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာပဲ မြန်မာနိုင်ငံ
က ပြောင်းလဲတိုးတက်လာနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ချီးကျူးပြောခဲ့သလို အဓမ္မ
လုပ်အားပေးစေခိုင်းမှုနဲ့ ကလေးစစ်သားပြဿနာ ကိစ္စရပ်တွေကိုလည်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် သူ ဆွေးနွေး ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြော ဆိုခဲ့ပါတယ်။
အပြည့်အစုံကိုတော့ ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် Dan Robinson ပေးပို့ ထားတဲ့
ဆောင်းပါးကို အခြေခံပြီးတင်ပြပေးထားပါတယ်။
သမ္မတ ဘရက်ခ် အိုဘားမားက ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ Clinton Global Initiative ဆွေးနွေးပွဲမှာ လူမှောင်ခိုမှု တိုက်ဖျက်ရေး ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ကြေညာခဲ့ပြီး လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ကြီးမားတဲ့ လူ့အခွင့်အရေးကိစ္စရပ် တခု အဖြစ် ရည်ညွှန်းပြီး ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းမှာ မရှိသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
“လူသားမျိုးနွယ်အတွက် ဒီကိစ္စဟာ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ လုပ်ရပ်ပါ။ လူမှုအသိုင်းအ၀ိုင်းတိုင်းက စိုးရိမ်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းဆိုတဲ့ ဇာပုဝါကို ဆုတ်ဖြဲနေလို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတိုင်းမှာလည်း စိုးရိမ်စရာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါက ဈေးကွက်မှာ အနှောင့်အယှက် ဖြစ်တတ်လို့ပါ။ တိုင်းပြည်တိုင်းက စိုးရိမ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများပြည်သူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပြု နေသလို အကြမ်းဖက် မှုတွေ ရာဇ၀တ်ဂိုဏ်းတွေကိုလည်း အားပေးရာ ရောက်နေပါတယ်။ ကျနော်ပြောနေတာဟာ တရားမျှတမှု ကင်းမဲ့နေတဲ့အကြောင်းနဲ့ လူမှောင်ခိုကူးမှုဟာ ဒီကနေ့ခေတ် ကမ္ဘာကြီးရဲ့ ကျေးကျွန်လုပ်ငန်းလို့တောင် တကယ်တမ်း ခေါ်ရမယ့် ကိစ္စကို ပြောနေတာပါ။”
သမ္မတအိုဘားမားကတော့ အမေရိကန်အစိုးရရဲ့ ကန်ထရိုက် ငှားရမ်းခိုင်းစေတဲ့ ၀န်ထမ်းတွေဟာ အဓမ္မ လုပ်အားပေးစေခိုင်းမှု တွေနဲ့ ဆက်နွယ်မှု မရှိရလေအောင် ပိုမိုတင်းကြပ်တဲ့ မူဝါဒတွေ ချမှတ်ဖို့ သမ္မတရဲ့ အာဏာနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
လူမှောင်ခိုကူးမှုတွေကို ထောက်လှမ်းနိုင်ဖို့နဲ့ သားကောင်ဖြစ်ကြရသူတွေကို ကူညီဖို့ အစိုးရတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို လေ့ကျင့် သင်ကြားပေးဖို့ ကိစ္စတွေကိုလည်း သမ္မတက သူ့ရဲ့ အစီအစဉ်သစ်မှာ ထည့်သွင်းထားတာပါ။ ဒါ့အပြင် သားကောင် ဖြစ်ကြရသူတွေဟာ ရာဇ၀တ်သားတွေ မဟုတ်ကြဘူးလို့လည်း သမ္မတက အလေးထားပြောသွားပါတယ်။
လူမှောင်ခိုမှုရဲ့ သားကောင်ဖြစ်ကြရသူတွေကို အကူအညီပေးနိုင်ဖို့အတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်ရေးနဲ့ အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုမှုလုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နိုင်မယ့် မဟာဗျူဟာတရပ်ကို အကောင်အထည် ဖော်မယ့် အစီအစဉ်ကိုတော့ သမ္မတက အထူးတာဝန်ပေးထားတဲ့ အဖွဲ့ကနေ ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အစီအစဉ်သစ်တွေနဲ့ပတ်သက်လို့ ပြောဆိုရာမှာလည်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သားကိစ္စတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတဦးအဖြစ် မကြာသေးခင်တုန်းကမှ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတအိုဘားမား က ရည်ညွှန်းပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ ဆက်နိုင်အောင် ကျနော်တို့ အားပေးသွား မှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ဆိုတာဟာ တသံတည်း တညီတညွတ်တည်း ရှိဖို့လိုနေလို့ပါ။ ကျနော်တို့ သားသမီး တွေဟာ ရောင်းကုန်တွေ မဟုတ်ကြပါဘူး”
မဲခေါင်မြစ်ဝှမ်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ စီမံချက် UNIAP ရဲ့ စီမံချက်ညှိနှိုင်းရေးမှူး မဥမ္မာ အိအိချော ကတော့ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ လူကုန်ကူးမှု အခြေအနေနဲ့ပတ်သက်ပြီး ဗဟုသုတတွေ ပိုများလာတာဟာ တိုးတက်မှု လက္ခဏာတရပ်ဖြစ်ပြီး အစိုးရအနေနဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် ပိုပြီး ဖိဖိစီးစီး လုပ်ဆောင် နေတာ တွေ့ရပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေဆဲလို့ အခုလို ပြောဆိုခဲ့ပါတယ်။
“လူကုန်ကူးမှုရဲ့ သဘောသဘာဝအရပေါ့နော် လျော့သွားလား၊ တိုးသွားလား ဆိုတာကတော့ ပြောရ ခက်တာပေါ့။ မနှစ်ကကျတော့ တနှစ်လုံးမှာ ၁၃၆ မှု ရှိတယ်။ ဒီနှစ်မှာကျတော့ အခုအချိန်ထိကတော့ ၈၂ မှု ရှိတယ်ဆိုတော့လေ အမှု အရေအတွက်နဲ့ကတော့ တိုးသွားခြင်း၊ လျော့သွားခြင်း က သိပ်ပြီး မကွာတာကို တွေ့ရပါတယ်။ ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဆိုရင်တော့ ကျမ ထင်ပါတယ် အထူးသဖြင့်တော့ တရားဥပဒေ စိုးမိုးရေးအပိုင်း၊ ပြီးတော့ ဒီလိုမျိုးကိစ္စတွေမှာ ၀န်ထမ်းတွေရဲ့ အသိအမြင်တွေ ပိုရှိလာဖို့ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေနဲ့ ကိုယ့်ရဲ့ တာဝန်ယူမှုတွေကို ဒီ့ထက် ပိုပြီးတော့မှ တိုးမြှင့်လာဖို့က အဓိက လိုအပ်မယ်လို့ ထင်ပါတယ်။”
အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လူမှောင်ခိုမှုတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် ဦးဆောင်သွားမှာဖြစ်တယ်လို့ ကတိပြုရင်း သမ္မတအိုဘားမားက ကွန်ဂို၊ အင်ဒိုနီးရှားနဲ့ အမေရိကန်က လူမှောင်ခိုမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ တက်တက် ကြွကြွ ပါဝင်သူ အမျိုးသမီး ၃ ဦးကိုလည်း အသိအမှတ်ပြု ချီးကျူးစကားပြောဆိုသွားပါတယ်။
သန်းနဲ့ချီရှိနေကြတဲ့ လူမှောင်ခို ကူးခံရသူတွေအတွက် သတင်းစကား အဖြစ်နဲ့လည်း ဒီလူတွေကို ရှာဖွေ ကူညီရင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်အောင် ကူညီမယ်လို့လည်း ကတိပြု ပြောဆို သွားခဲ့ပါတယ်။

မြို့တော်ဒမတ်စကတ်တွင် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို သတင်းတင်ပြနေသော မာရာနတ်ဆာသည် လက်ဖြောင့်သေနတ်သမားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ကြောင်း အီရန်ရုပ်သံ Press TV က ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် Press TV ၏ ဒမတ်စကတ် ဗျူရိုအကြီးအကဲ ဟူစိန်မာတာဒါလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရုပ်သံက ပြောကြားခဲ့သည်။ ဆီးရီးယားတွင် လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်က ပုန်ကန်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သူပုန်တို့၏ ပစ်ခတ်မှုများကြောင့် ဆီးရီးယားဂျာနယ်လစ်များနှင့် နိုင်ငံခြားဂျာနယ်လစ်များ အမြောက်အများ သေဆုံးခဲ့ပြီးဖြစ်သည်။
အငြင်းပွားကျွန်းစုနှင့် ပတ်သက်ပြီး
ဂျပန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည် ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၅
ရက်နေ့ ဆွေးနွေးခဲ့သော်လည်း ပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း
သံတမန်များက ပြောကြားခဲ့သည်။
ဂျပန်သည် တရုတ်နိုင်ငံ၏
ပိုင်နက်စည်းမျဉ်းကို အလွန်အကျွံ ချိုးဖောက်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး
ယန်ကျယ်ချီက ဆွေးနွေးပွဲပြုလုပ်နေစဉ်တွင် စွပ်စွဲပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်
ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။တစ်နာရီခန့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင်
အကြိတ်အနယ်ပြောဆို ဆွေးနွေးမှုများရှိခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ကိုအီချီရိုဂမ်ဘက ပြောခဲ့ကြောင်း အမည်မဖော်သည့် သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
အရှေ့တရုတ်ပင်လယ်ရှိ (ဂျပန်အခေါ်
ဆင်ကာကူနှင့် တရုတ်အခေါ် ဒိုင်အိုယု)ကျွန်းစုများကို ပုဂ္ဂလိကပိုင်ရှင်တစ်ဦးထံမှ
ဝယ်ယူမည့် ဂျပန်အစိုးရ၏ လှုပ်ရှားမှုကြောင့် တရုတ်နိုင်ငံသည် အမျက်ဒေါသဖြစ်ခဲ့ရသည်။အငြင်းပွားကျွန်းစုကို
ဂျပန်အစိုးရက ယခုလအစောပိုင်းတွင် ၀ယ်ယူခဲ့ပြီးနောက် တရုတ်၊ ဂျပန်နှစ်နိုင်ငံအကြား
ဝန်ကြီးများအဆင့် ဆွေးနွေးမှုကို ပထမဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အရှေ့တရုတ်ပင်လယ်ရှိ လူမနေသည့်
ကျွန်းစုများကို တိုကျိုအုပ်ချုပ်ရေးအဖွဲ့က ၀ယ်ယူခြင်းသည် တရုတ်နိုင်ငံ၏ ခိုင်မာသည့်
သဘောထားနှင့် ရပ်တည်ချက်ကို အလေးမထားမှုဖြစ်သည်ဟု ယန်က ပြောကြားခဲ့သည်။ဂျပန်နှင့်
တရုတ်နိုင်ငံတို့ ကျွန်းစုပိုင်ဆိုင်မှုအတွက် ဆယ်စုနှစ်များစွာ အငြင်းပွားမှုများသည်
ပြီးခဲ့သည့် သီတင်းပတ်များတွင် ပိုမိုပြင်းထန်ခဲ့ပြီး
တရုတ်နိုင်ငံရှိမြို့များတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ပန်နာဆိုးနစ်၊
ဟွန်ဒါအပါအ၀င် တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဂျပန်ကုမ္ပဏီများ၏
ထုတ်လုပ်မှုများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် ရပ်နားခဲ့ရသည်။နှစ်နိုင်ငံမှ
ဒုတိယနိုင်ငံခြားရေးဝန်ကြီးများသည် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပေကျင်း၌ ဆွေးနွေးမှု
ပြုလုပ်ခဲ့သော်လည်း တင်းမာနေသည့် သံတမန်ဆက်ဆံရေးအတွက် ပြေလည်အောင်
ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။
တရုတ်သင်္ဘောများနှင့်
ထိုင်ဝမ်ငါးဖမ်းသင်္ဘော ဒါဇင်များစွာသည် ဂျပန်နိုင်ငံရေပိုင်အတွင်းသို့
ဝင်ရောက်ခဲ့မှုကြောင်း ရေအမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ သည်။
ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံးသော ၀န်ကြီးချုပ်ဖြစ်ခဲ့ဖူးသည့် အာဘေးသည် LDP ပါတီ ဥက္ကဋ္ဌရွေး ကောက်ပွဲဒုတိယအကျော့တွင် ပြိုင်ဘက် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရုအီရှီဘာကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အာဏာရ ဒီမိုကကရက်တစ် ပါတီကို လူထုထောက်ခံမှု နိမ့်ကျနေချိန်တွင် ၀န်ကြီးချုပ်ဟောင်းဖြစ်သည့် အာဘေးက LDP ပါတီခေါင်းဆောင်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
LDP ပါတီသည် ၂၀၀၉ ခုနှစ်က ဂျပန်ဒီမိုကရက်တစ်ပါတီကို ရှုံးနိမ့်ခဲ့ပြီး ထိုကာလမတိုင်မီအထိ ဂျပန်ကို ရာစုနှစ်ထက်ဝက်နီးပါးကျော် အုပ်ချုပ်ခဲ့သည့်ပါတီ ဖြစ်သည်။ အသက် ၅၈ နှစ်အရွယ် အာဘေးသည် ၀န်ကြီးချုပ်တာဝန်ကို တစ်နှစ်ခန့် ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ အာဘေးက ဥပဒေပြုအမတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ပြီး LDP ပါတီကို အာဏာပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။
ရှင်ဇိုအာဘေးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ဂျူနီချီယိုကိုအီ ဇုမိကိုဆက်ခံခဲ့ပြီး ၀န်ကြီးချုပ်ဖြစ်ခဲ့ သည်။ အထက်လွှတ်တော်ရွေးကောက်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အာဘေးသည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဂျပန်နှင့် အိမ်နီးချင်းများ၏ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ မြင့်တက်နေချိန်တွင် သဘောထားတင်းမာသည်ဟု သတ်မှတ်ခံရသော အာဘေး LDP ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
LDP ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးနောက် အာဘေးက သတင်းစာရှင်းလင်းပွဲတွင် ဂျပန်၏ သမုဒ္ဒရာနှင့် ပိုင်နက်နယ်မြေများကို ခြိမ်းခြောက်ခံနေရပြီး စီးပွားရေးမှာလည်း တုံ့နှေးနေကြောင်း ထိုအခက်အခဲများကို ကျော်လွှားကာ ခိုင်မာတောင့်တင်းပြီး ကြွယ်ဝသည့် ဂျပန်နိုင်ငံ တည်ဆောက်ရန်မှာ သူ၏ရည်ရွယ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပက်ချုံဟီသည် ၁၉၆၁ ခုနှစ်တွင် စစ်ဘက်အာဏာသိမ်းမှုဖြင့် အာဏာရလာခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် လုပ်ကြံခံရသည့်အချိန်အထိ နိုင်ငံကို တင်းကျပ်သော စည်းမျဉ်းများဖြင့် အုပ်ချုပ်ခဲ့သည်။ သို့သော် နိုင်ငံစီးပွားရေး တိုးတက်မှုအတွက် အုတ်မြစ်များချ ပေးခဲ့သည်ဟုလည်း ရှုမြင်ခံခဲ့ရသည်။
ပက်ချုံဟီလုပ်ရပ်နှင့် ပတ်သက်ပြီး သမီးဖြစ်သူက မည်သို့ ရပ်တည်မည်နည်းဟုဖိအားများ ပေးခံရချိန်တွင် ပက်ဂျွန်ဟီက သူ့အဖေလက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုခံစားခဲ့ရသူများနှင့် သူတို့၏ မိသားစုဝင်များအတွက် စိတ်ထဲမှနေ၍ ရိုး ရိုးသားသား တောင်းပန်စကားပြောလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၀ မိနစ်ကြာမြင့်သော ယင်းတောင်းပန်စကားကို သတင်းထောက်များ ထံပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းပြောကြားမှုကို အာဏာရ ကွန်ဆာဗေးတစ် New Frontier ပါတီဌာနချုပ်မှနေ၍ တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာရန် ပြီးခဲ့သောလက ရေပန်းစားခဲ့သော ပက်ဂျွန်ဟီသည် မကြာသေးမီ သီတင်းပတ်များအတွင်း ကောက်ယူခဲ့သော လူထုသဘောထားစစ်တမ်းများတွင်မူ ပြိုင်ဘက်များဖြစ်သော အတိုက်အခံပါတီ ကိုယ်စားလှယ် Moon Jae-In နှင့် ဆော့ဝဲဖ်လုပ်ငန်းရှင် Ahn Cheol-Soo တို့ထက် ထောက်ခံမှု ကျဆင်းနေခဲ့သည်။
ပက်ချုံဟီလုပ်ရပ်များအတွက် တောင်ကိုရီးယားတွင် သဘောကွဲလွဲမှု နက်ရှိုင်းနေဆဲဖြစ်ပြီး စိတ်လှုပ်ရှား ထိခိုက်စေနိုင်သော ကိစ္စတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ပက်ချုံဟီကို ထောက်ခံသူများက တောင်ကိုရီးယားကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ရန်အ တွက် သူ၏အုပ်ချုပ်မှုပုံစံ လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ကန့်ကွက်သူများကမူ ပက်ချုံဟီသည် အတိုက်အခံများကို နှိပ်ကွပ်ခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အကွက်ချ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။
ပက်ဂျွန်ဟီက ယင်းကဲ့သို့ ဘက်နှစ်ဘက်ဖြစ်နေမှုကို ချိန်ညှိရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သူ့အဖေလက်ထက်တွင် တောင်ကိုရီးယား၌ စီးပွားရေးတိုးတက်ရေးနှင့် နိုင်ငံလုံခြုံရေးကိစ္စနှစ်ခုမှာ အဖိစီးဆုံးဖြစ်သည်ဟု ပက်ဂျွန်ဟီက ပြောကြား ခဲသ့ည်။
စီးပွားရေး တိုးတက်မှုနောက်ကွယ်တွင် တင်းကျပ်ဖိနှိပ်သော အလုပ်ခွင် အခြေအနေများအောက်၌ အလုပ်သမားများမှာ စွန့်လွှတ်အနစ်နာခံခဲ့ရကြောင်း၊ မြောက်ကိုရီးယားရန်မှ ကာကွယ်နိုင်ရေးအတွက် နိုင်ငံလုံခြုံရေး လုပ်ဆောင်ရာတွင် အစိုးရ အာဏာဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိခဲ့ကြောင်း ပက်ဂျွန်ဟီက သူ့အဖေလက်ထက် ကြုံတွေ့ခဲ့ရမှုများအတွက် ဖြေရှင်းခဲ့သည်။
နိုင်ငံအရှေ့မြောက်ပိုင်း အာသံဒေသရှိ ရပ်ကွက် ၂၇ ခုအနက် ၁၉ ခုရေ ဖုံးလွှမ်းခဲ့ပြီး ရေကြီးမှုကြောင့် ပြီးခဲ့သည့်အပတ်က လူ ၁၃ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံသဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးဌာနက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက် များတွင် ဖော်ပြထားသည်။ ဆင်းရဲမွဲတေသော နိုင်ငံအနောက်မြောက်ပိုင်းဒေသတွင် ယခုနှစ်အတွင်း ဗြဟ္မပုတြမြစ် ရေလျံမှုကြောင့် ရေကြီးမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။ တိဘက်နယ်နိမိတ်မှ မြစ်ဖျားခံလာသော ဗြဟ္မပုတြမြစ်သည် မုတ်သုံရာသီတွင် မြစ်ကမ်းပါးများ မကြာခဏ ကျိုးပဲ့လေ့ရှိသည်။
အစိုးရအဖွဲ့များမှလည်း ရေကြီးမှုကြောင့် သောင်တင်နေသူ နေရာရွှေ့ပြောင်းလိုသူများအား ကူညီရန် ကြိုးပမ်းလျက်ရှိသော်လည်း ရာသီဥတုဆိုးဝါးမှုကြောင့် အနည်းငယ်နှောင့်နှေးလျက်ရှိနေသည်။သို့သော် ပြီးခဲ့သည့်ရက်များက ဒေသခံများနှင့် အတိုက်အခံပါတီဝင်များသည် ရေကြီးမှုဖြစ်ပွားရာ နေရာများတွင် အစိုးရ၏ အထောက်အပံ့များ မလုံလောက်သောကြောင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အာသံနှင့် အခြားဆယ်ပြည်နယ်တွင် ဗြဟ္မပုတြမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်တွင်ပင် ရှိနေဆဲဖြစ်ကြောင်း ဗဟိုရေအရင်းအမြစ်ဌာနမှ ထုတ်ပြန်ခဲ့သည်။
အာသံပြည်နယ်၏ ကျန်းမာရေးဝန်ကြီးံ Himanta Biswa Sarmah သည် ရေကြီးမှုဖြစ်ပွားရာနေရာများတွင် ၀မ်းပျက်ဝမ်းလျောခြင်းနှင့် တိုက်ဖိုက် စသောရောဂါများ မဖြစ်ပွားစေရန် အမြင့်ဆုံး ကျန်းမာရေးနှိုးဆော်ချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။
နှစ်စဉ်မုတ်သုံရာသီသည် အိန္ဒိယလယ်သမားများ၏ စိုက်ပျိုးရေးအတွက် အလွန်အရေးကြီးသော်လည်း ယခုနှစ် မိုးများမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်လာကာ သေဆုံးပျက် စီးမှုများပြားခဲ့သည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment