ကမ္ဘာ့သတင်းများ 30/09/2012
နိုင်ငံတကာသတင်း
ဂျပန်နှင့် တရုတ် (တိုင်ပေ) ရေယာဉ်များ ရင်ဆိုင်တွေ့
ဂျပန်ကမ်းခြေစောင့်တပ် သင်္ဘောများ သည် တရုတ် (တိုင်ပေ) ကင်းလှည့် ရေယာဉ်များဝန်းရံထားသည့် ငါးဖမ်း မော်တော်များကို ရေပိုက်များဖြင့် ထိုးပက်ခဲ့သလိုပင် တရုတ် (တိုင်ပေ)သင်္ဘောများ ဘက်မှလည်း ၎င်းတို့၏အားကောင်းသည့် ရေပိုက်များဖြင့် ပြန်လည် ထိုးပက်ခဲ့သည့် မြင်ကွင်းများ ကို NHK ဂျပန် သတင်းဌာနက ထုတ်လွှင့် ခဲ့သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ၏ အချုပ်အခြာအာဏာကို အကြီးမားဆုံး ချိုးဖောက်ခြင်းများအနက် တစ်ခုအပါ အ၀င်ဖြစ် သည် ဟု ဂျပန် နိုင်ငံက ယူဆထားသည့် ယခုကဲ့သို့သော အင်အားပြင်း ရေပိုက်များဖြင့် အပြန် အလှန်ထိုးပက်မှုသည် ကျွန်းစုများ ပိုင်ဆိုင်မှုအရေးနှင့်ပတ်သက်၍ နှစ်ဖက် တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
ယင်းသို့ ဂျပန်ထိန်းချုပ်ခံဒေသသို့ တစ်ဖက်မှ ရေယာဉ်များ ၀င်ရောက်လာ ခြင်းသည် တရုတ်နိုင်ငံနှင့် ရှိရင်းစွဲနယ် မြေအငြင်းပွားမှု ကိစ္စရပ်ကို ပိုမိုရှုပ်ထွေး သွားစေသည်။ ၀င်ရောက်လာသည့် ကင်းလှည့်မော်တော် တချို့ပေါ်၌လိုက် ပါကြသည့် အရာရှိအချို့သည် လက်နက် အပြည့်အစုံပါဝင်ကြသော လက်ရွေးစင် ကမ်းခြေစောင့် တပ်သားများဖြစ်ကြောင်း တရုတ် (တိုင်ပေ) က ဆိုသည်။
တရုတ် (တိုင်ပေ) ကမ်းခြေစောင့် သင်္ဘောရှစ်စင်းနှင့် ငါးဖမ်းမော်တော် အစင်း ၄၀ တို့သည် ဂျပန်ရေပြင် အတွင်းရှိခဲ့ကြသည်ဟု ဂျပန်အစိုးရ အဖွဲ့အရာရှိချုပ် အိုဆာမူဖူဂျီမူရာက ပြောသည်။ တရုတ် (တိုင်ပေ) ကမ်းစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း ယင်း တို့၏ ရေယာဉ်အစင်း ၆၀ နီးပါးသည် ကျွန်းများအနီးသို့ ရောက်ရှိခဲ့ကြကာ အချို့ ရေယာဉ်များသည် နှစ်ဖက်ပိုင်နက် ကင်းမဲ့ဇုန် ရေမိုင် ၁၂ မိုင်အတွင်း ရေမိုင် သုံးမိုင်ခန့်အထိပင် ရောက်ရှိခဲ့ကြသည် ဟု အတည်ပြုပြောကြားခဲ့သည်။
သို့ရာတွင် ၀င်ရောက်လာသည့် ရေယာဉ်အားလုံးသည် နာရီအနည်းငယ် ခန့်အကြာတွင် အငြင်းပွားသည့် ရေပြင် အတွင်းမှ ပြန်လည် ထွက်ခွာသွားခဲ့ကြ သည်ဟု ဂျပန်နိုင်ငံကဆိုသည်။ ယင်းငါးဖမ်းမော်တော်များမှာ အစဉ် အလာ ငါးဖမ်းခွင့်ကို တောင်းဆိုရန် စက်တင်ဘာလ ၂၄ ရက်နေ့က တရုတ် (တိုင်ပေ) မှ ထွက်ခွာခဲ့ကြသည့် ငါးဖမ်းမော်တော်များပင် ဖြစ်ကြသည်။ တရုတ် (တိုင်ပေ) ကမ်းစောင့်တပ်ဖွဲ့ ကလည်း ယင်းငါးဖမ်းမော်တော်များကို လုံခြုံရေးအတွက် စောင့်ရှောက်လိုက်ပါ သွားရန် ကင်းလှည်ရေယာဉ် ၁၀ စင်း ကို လိုက်ပါစေခဲ့သည်။
(အေအက်ဖ်ပီ)
ကမ္ဘာ့အမြင့်ဆုံးဒေသမှ 'ရှေနဂါးပွဲတော်' မြင်းစီးပြိုင်ပွဲကျင်းပ
ယင်းပွဲတော်ကို ၁၂ နှစ်လျှင် တစ်ကြိမ် တိဗက်တို့၏ နဂါးနှစ်အတွင်း ကျင်းပလာခဲ့ရာ ယနေ့ခေတ် နီပေါနိုင်ငံတွင် မြင်းပွဲကို ကမ္ဘာ့အမြင့်ဆုံး ဒေသမှ မြင်းပွဲအဖြစ် ကမ္ဘာတစ်ဝန်း စိတ်ဝင်စားအောင် အသားပေး ကျင်းပလျက်ရှိသည်။ ယှဉ်ပြိုင် မြင်းစီးသူများကလည်း မြေယာရလို ရေး ထက် ထူးချွန်သည့် ဂုဏ်ရလိုရေးအတွက် ၀င်ရောက်ယှဉ်ပြိုင် လာကြသည်။
ဟိမ၀န္တာတောင်ရိုးတစ်လျှောက်ရှိ ရွာငယ်များမှ မြင်းစီးကျွမ်းကျင်သူ ၅၀ ၀န်းကျင်တို့ ပြိုင်ပွဲဝင်ရန် ပွဲတော်ကျင်းပ ရာနေရာသို့ ရောက်လာကြသည်။ ကမ္ဘာ့အမြင့်ဆုံး တောင်တန်း၏ ပါးလွှာသော လေထုလွှာအတွင်း ပင်လယ် ရေမျက်နှာပြင်အထက် မီတာ ၄,၃၀၀ (၁၄,၁၀၇ ပေ) အမြင့်တွင်ရှိသည့် ကျဉ်းမြောင်းပြီး အန္တရာယ်များလှသော မြစ်တစ်စင်း၏ ကြမ်းပြင်လမ်းတစ် လျှောက် မြင်းစီး ယှဉ်ပြိုင်ကြဖို့ဖြစ်သည်။
ဦးချိုကိုမှုတ်၍ ထွက်ပေါ်လာသည့် တာထွက်အချက်ပေးသံကြောင့် ပိုးသား ခေါင်းပေါင်းများ၊ ယပ်ခေါ် တိဗက် နွားထီး သားမွေးကွပ် သားရေအပြင် အင်္ကျီများ၊ ရွှေဆွဲကြိုးများနှင့် ယုံကြည်ရာ နတ်ဘုရား များ၏ ရုပ်တုများ အသီးသီးချိတ်ဆွဲ ၀တ်ဆင်ထားကြသော မြင်းစီးသူများ သည် စိတ်ကြိုက်တန်ဆာဆင်ထားသည့် ၎င်းတို့၏မြင်းများကိုစီးလျက် ၀ုန်းခနဲ စိုင်းပြင်း ထွက်ခွာသွားကြသည်။
ဤ 'ရှေနဂါးပွဲတော် (Shey Dragon Festival)' သို့ ရက်ချီ၍ ခြေလျင် လာရောက်ကြသော ထောင်နှင့်ချီသည့် ဘုန်းတော်ကြီးများနှင့် ဘာသာရေး ကိုင်းရှိုင်းသူများက မိမိတို့ကြိုက်နှစ်သက် သည့် မြင်းများ အနိုင်ရရေးအတွက် တတွတ်တွတ် ရွတ်ဖတ်ဆုတောင်းရင်း ၎င်းတို့ဆရာတော် သမားတော်ကြီးများ ၏ အလံများကို ဝှေ့ယမ်းကြသည်။
တစ်မိုင်ခန့် (၁ ဒသမ ၆ ကီလိုမီတာ) ရှည်သည့် မြင်းပြေးလမ်းမှာ ကြီးမား ချောမွေ့သည့် ကျောက်တုံးများ၊ ကျုံးငယ် မြောင်းငယ်များ နှင့်လည်း ပြည့်နေသည့် နက်ရှိုင်းကျဉ်းမြောင်းသော တောင်ကြား တစ်ခုဖြစ်နေသည့်အပြင် ခိုက်ခိုက်တုန် အောင် စိမ့်အေးသည့် ရေ အချို့လည်း ရှိနေသည်။ ကြမ်းတမ်းသော စမ်းချောင်းကြမ်းပြင်ထဲ ဟန်ချက်လွတ်၍ လဲကျသော မြင်း အချို့ကြောင့် ထပ်ဆင့် တိုက်ပြိုလဲ ကြသော မြင်းများ၏ ချမ်းစီးသည့် ရေထဲမှထွက်ပေါ်လာသော မြည်ဟည်း သံများကို ကြားကြရသည်။
ပြိုင်ပွဲတွင် နီညိုရောင် တိဗက်မြင်းပု 'တိုင်ကာ'ကိုစီးကာ ထိပ်ဆုံးမှပန်းဝင် လာသော ၂၃ နှစ်အရွယ် လယ်သမား ကလေး တင်ဇင်ဂူရန် က ဗိုလ်စွဲသွား သည်။ ဆုငွေအဖြစ် ရူပီးတစ်ထောင် (၁၁ ဒေါ်လာခွဲ) ဒါဇင်ဝက်ဝန်းကျင် ရရှိခဲ့သည်။ ဤနှယ် လောင်းတန်းကစားခြင်း နှင့် ပမာဏများလှသည့် ဆုငွေများမှာ ဗုဒ္ဓတရားတော်နှင့် မလျော်ကန်ဟု မြင်းပွဲ ဦးဆောင်ပြုလုပ်သူတို့က ယူဆကြသည်။
ဂူရန်အဖို့ကား ယင်းဆုငွေမှာ သူ့မြင်းကလေး တိုင်ကာကို မြက်ခင်း ပြင်တစ်ခုတွင် ထိန်းကျောင်းရင်း အစာကျွေးဖို့ပင်ဖြစ်သည်။ ယင်း မြင်းပွဲများသည် တိဗက်မြင်း များ၏ ခံနိုင်ရည်၊ သို့မဟုတ် ပြေးနှုန်းကို စစ်ဆေးသည့်အပြင် သူမတူသည့် စွမ်းအားနှင့် ခြေထောက်မြဲမြံ သန်မာ မှုကိုလည်း မှတ်ကျောက်တင်သည့် ပွဲများဖြစ်သည်။ ပြိုင်ပွဲဝင် အချို့မြင်းများသည် မွန်ဂိုလီးယားမျိုးမှပေါက်သော သာမန် ကြံ့ခိုင်သော တောင်ပေါ်မြင်းပုများ ဖြစ်ပြီး အချို့မှာ ကိုးရာစုကတည်းက တိဗက်နိုင်ငံမြောက်ပိုင်း ခမ်းဒေသတွင်သာ မျိုးပွား လာခဲ့ သော လျင်မြန်ပါးနပ်သည့် နန်ချင် မြင်းမျိုးများဖြစ်သည်။
၁၉၉၀ ပြည့်လွန်နှစ်များအထိ အနောက်နိုင်ငံများက မသိရှိခဲ့ကြသည့် အချို့ တိဗက်မြင်းပုမျိုးများကား ကျောက်ခေတ်သစ် မူလ အခြေခံပါသည့် မွန်ဂိုလီးယားတိရစ္ဆာန်ရိုင်း တစ်မျိုးဖြစ်သော ပါဇီဝေါ်စကီမြင်းနှင့် မျက်မှောက်ခေတ် မြင်းပု (ponies) များအကြား ပျောက်နေသည့် ကွင်းဆက်ဖြစ်နိုင်ကြောင်း သုတေသီတို့က ခန့်မှန်းသည်။
အပြင်ပန်းအားဖြင့် ဘာသာရေး ပွဲတော်ဟု ယူဆရသော ဤ ရှေနဂါး ပွဲတော်သည် ရှေးယခင် ဟိမ၀န္တာ တောင်ပေါ်ဒေသနေ စစ်ပြိုင် ဘက် လူမျိုးစုများ သီတင်းတစ်ပတ်ကြာ စစ်ပြေငြိမ်းပြီး အငြင်းပွားမှုများကို အားကစားကွင်းဆီသို့ ယူဆောင်လာ ကြသည့်ခေတ်မှစ၍ အစဉ်အလာ ကျင်းပပြုလုပ်လာခဲ့သည့် ပွဲတော်တစ်ခု ဖြစ်သည်။
ဟိမ၀န္တာတောင်ပေါ်သား မျိုးနွယ်စုများ ပုံမှန်စုရုံးကြမြဲ ပွဲကြီး တစ်ခုလည်းဖြစ်သည်။ တိဗက် ယာလန်မင်းဆက်ကာလ ရှစ်ရာစုနှစ်တွင် ဒေါ်လ်ပါ ဒေသဘက်ဆီသို့ လူများပြောင်းရွှေ့နေထိုင်မှု များပြားခဲ့ပြီးနောက် ဒေါ်လ်ပါကို နီပေါနိုင်ငံက သိမ်းပိုက်ခဲ့သည်။ ဗုဒ္ဓဘာသာ ၀င် ဘုရားဖူးများအဖို့ အရေးအပါဆုံး ပွဲတော်တစ်ခုဖြစ်သည့် ဤပွဲတော်ကို မွန်ဂိုမင်းအဆက်ဆက် တွင်လည်း ကျင်းပလာခဲ့ကြသည်။
ယခုနှစ် ဩဂုတ်လကုန်နှင့် စက်တင်ဘာ လအစပိုင်း ငါးရက်ကြာကျင်းပသည့် ယိုနှစ်ပွဲတော်သို့ ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓ ဘာသာဝင် ၁၅,၀၀၀ ၀န်းကျင် လာရောက်ဆင်နွှဲကြသည်။ ပွဲတော်ကာလအတွင်း၌ Tulku Lama Rinpoches တိဗက် ဘုန်းတော် ကြီးဦးဆောင်၍ ၀တ်ပြုဆုတောင်းသည့် ဘုရားဖူးများက Kora ဟုခေါ်သည့် ရှစ်နာရီကြာ လမ်းလျှောက်ပွဲကို အထွတ် အမြတ်ထားကြသော ကျောက် သလင်းတောင် (Crystal Mountain) အား ပတ်ချာလှည့် ဆင်နွှဲကြသည်။
ပွဲတော် ကျင်းပရာကွင်းကို တောင်ပေါ်မှ စီးမြင် နေရသည်။ ပွဲတော်လာ ဗုဒ္ဓဘာသာဝင်များသည် မြင်းပွဲနှင့် ဆုတောင်းပွဲများအပြင် မြားပစ်ပြိုင်ပွဲများနှင့် ရိုးရာကပွဲများတွင်လည်း ၀င်ရောက်ယှဉ်ပြိုင် ကခုန်လေ့ ရှိကြသည်။ ပွဲတော်ရက်များသည် ရိုးရာအစား အသောက် မျိုးစုံ ချက်ပြုတ်ပြသရောင်းချ သူများ အမြတ်အစွန်းများသည့် ကာလဖြစ်သည်။ momos နှင့် အခြား တိဗက် အကောင်း ဆုံးအစားအစာများ ရောင်းချသူတို့ တစ်နေ့ ရူပီး ၈၀,၀၀၀ အထိ ရရှိကြသည်။
ယခင်နှစ်က ဤပွဲတော်သို့ အသက် ကြီးပိုင်း လူများသာလာရောက်ခဲ့ကြပြီး ယခုနှစ်၌ လူငယ်များ လာရောက် ဆင်နွှဲသည်ကိုပါ တွေ့ရ၍ ၀မ်းမြောက်ကြောင်း၊ လူငယ်များ ယခုထက်ပို၍ ဆက်လက် ပါဝင်ဆင်နွှဲကြစေလို ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ Zhechen Rapjam Rinpoche ကဆိုသည်။
"နီပေါဟာ ကမ္ဘာမှာ အင်အားအနည်း ဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံပါ။ အထက်ဒေါ်လ်ပါဟာ နီပေါမှာ အဆင်းရဲဆုံးဒေသလည်း ဖြစ်နေတာ ကြောင့် ဒီပွဲတော်ဟာ ကမ္ဘာပေါ်မှာ လာရောက်ဖို့ အခက်ခဲဆုံး ဝေးသီ ခေါင်ဖျားပွဲတော် အမှန်တကယ် ဖြစ်ပါ တယ်။" (အေအက်ဖ်ပီ)
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment