မြန်မာ့ စီးပွားရေး သတင်းများ စက်တင်ဘာ ၂၈၊ ၂၀၁၂
မြန်မာကိုချေးငွေထုတ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ ပြင်ဆင်နေ
မြန်မာအစိုးရကို ဒေါ်လာ သန်း ၉၀၀ ထုတ်ချေးဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က စီစဉ်နေကြပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်း ပေးတော့မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောလိုက်ပြီးတဲ့နောက်မှာ အခုလို သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ နောက်ထပ် ချေးငွေအသစ်တွေ ရဖို့အတွက် ကြွေးကျန်တွေကို အရင်ဆုံး ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြန်ဆပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံဘဏ်ကြီးတွေက မြန်မာနိုင်ငံကို ကာလတိုချေးငွေတွေ ထုတ်ပေးဖို့ အလားအလာ ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန် ပယ်ဖျက်ပေး
မြန်မာနိုင်ငံမှ ပို့ကုန်တင်သွင်းမှု ပိတ်ပင်ထားခြင်းကို အမေရိကန်ပြည်ထောင်စုက အဆင့်လိုက် လျှော့ချပေးသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်သည်။ စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့တွင် သမ္မတ ဦးသိန်းစိန်နှင့် မစ္စ ဟီလာရီ ကလင်တန်တို့ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာ့ထွက်ကုန်များ ဥရောပဈေးကွက် တင်ပို့ရေး ဆွေးနွေး
ကားလ်ဘာ့ဂ် ဘီယာစက်ရုံ တည်ဆောက်ရေး ဆွေးနွေး
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment