ရခိုင် သတင်းများ  စက်တင်ဘာ ၂၀ ၂၀၁၂ 





ကလေးမြို့တွင် ခိုးဝင်လာသော ဘင်္ဂါလီ ၁၀ ဦးကို ပေါက်တော ကျေးရွာရေနံမှော်၌ လိုက်ပါပို့ဆောင်သူနှင့်အတူ ဖမ်းဆီးရရှိမိပြီး ကလေးမြို့ ရဲစခန်းမှဥပဒေအတိုင်း တရားစွဲဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်နေသည်ဟု သတင်းရရှိပါသည်။

''သူတို့ကို တွေ့တာကကလေးမြို့နဲ့နည်းနည်းဝေးတဲ့ ပေါက်တောကျေးရွာ ရေနံမှော်မှာပါ။ ဒေသခံတွေကတွေ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေက သွားရောက်ဖမ်းဆီးပြီး မြို့နယ်ရဲစခန်းနဲ့ လ၀ကတွေကို အကြောင်းကြားခဲ့တာပါ။ အခု ကလေးမြို့ ရဲစခန်းကို ခေါ်ဆောင်သွားကြပြီး တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်အောင် လုပ်နေတယ်လို့ သိရပါတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါဘင်္ဂါလီလူမျိုးများသည် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု သိရှိရပါ သည်။ ဘင်္ဂလီလူမျိုးများသည် နယ်စပ်မှတစ်ဆင့် စစ်ကိုင်းတိုင်းအတွင်းသို့ ၀င်ရောက်လာခြင်းမှာ ယခုမှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ယခင်ကလည်း ဖမ်းဆီးရရှိမှုများလည်းရှိခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ဖမ်းဆီးရရှိမိသူများကို  မှတ်ပုံတင်အက်ဥပဒေ ၆(၂) အရ ထောင်ဒဏ် နှစ်နှစ်စီချပြီး ကျန်ရှိနေသော လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)၊ ၁၃ (၅) နှင့် အခြားစွဲ ချက်များအတွက်လည်း ပြစ်ဒဏ်ကျခံရမည်ဟု ကလေးမြို့ရဲစခန်းမှ ပြောကြားချက်အရ သိရှိရသည်။
ဖမ်းဆီးရရှိသော တရားခံများသည် အသက် ၂၀ ၀န်းကျင်အရွယ်များဖြစ်ကြကာ အချို့မှာ မြန်မာစကားအနည်းငယ် တတ်ကျွမ်းကြပြီး အချို့မှာ ဘင်္ဂါလီစကားသာ တတ်ကျွမ်းသည်ဟု သိရှိရပါသည်။
''ကလေးမြို့မှာတော့ သမ္မတကြီးထောက်ခံပွဲအပြီး နောက်နေ့မှာမိတာဆိုတော့  ဒီကိစ္စကို စိတ်ဝင်စားနေကြတယ်။ ဟိုနားဒီနားမှာလည်း ဘင်္ဂါလီတွေ ခိုးဝင်နေတာရှိတယ်ဆိုတဲ့ ကောလဟာလတွေကလည်း ပျံ့နှံ့နေပါတယ်။ အရင်က ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကြားရတော့ အရင်ကတည်းက ၀င်ရောက်နေတယ်ဆိုတာ သေချာတာပေါ့။ ဒေသခံတွေရဲ့ ပူးပေါင်းမှုနဲ့ဆိုရင် ခိုးဝင်လာသူတွေရဲ့ ရန်က ကာကွယ်ရမှာပါ။ လိုက်ပါပို့ ဆောင်ပေးသူက မြန်မာလူမျိုးပါ''ဟု ဒေသခံတစ်ဦးက သူ၏အမြင်ကို ပြောပြခဲ့ပါသည်။




ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့်လေ့လာမှုများ ထားမည်

ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံးအကျိုးအတွက် လူသားချင်း စာနာထောက်ထား သည့် အစီအစဉ်တခု အကောင်အထည်ဖော်ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

OIC အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ၁၆ ရက်ကြာ မြန်မာပြည်
လေ့လာရေး ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် အဆိုပါ စာချွန်လွှာအရ ရန်ကုန်နှင့် စစ်တွေမြို့များတွင် “လူသားချင်းစာနာသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စောင့်ကြည့်လေ့လာဖို့ တာဝန်ချထားခြင်း” ပြုလုပ်မည်ဟု OIC ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြပါရှိသည်။

ထိုလုပ်ငန်းများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အာဏာပိုင်များ၏ ကူညီမှုအောက်တွင် လုပ်ဆောင်သွားမည်ဟုဆိုသည်။

မြန်မာအစိုးရနှင့် OIC အကြား ရေရှည် ထိစပ်ဆောင်ရွက်မှုတခု တည်ဆောက်ရန်အပြင် ပြည်တွင်း လူမှုအုပ်စုများ အချင်းချင်း ပြန်လည်သင့်မြတ်မှုနှင့် ပြန်လည်နေရာ ချထားရေးများ အပြုသဘောဆောင်သည့် ခြေလှမ်းများအတွက် တိုက်တွန်း အားပေးရန် OIC သံတမန်ကြီး အူဖက် ဂေါ့ကန် Ufuk Gokcen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အာဏာပိုင်များနှင့် ကျယ်ပြန့်သော ဆက်သွယ်မှုများ ရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။


LWIN PWIN
NLABR      
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment