ကချင်
၊ ကရင် ၊ ချင်း ၊ ရခိုင် ၊ ရှမ်း နဲ့ မွန် သတင်းများ အောက်တိုဘာ ၀၁ ၊ ၂၀၁၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရ
ပန်းဝါ ခေါ် ရာမူးဒေသမှာ မနေ့ည ၁၀ နာရီလောက်ကနေ မနက် ၃ နာရီကျော်လောက်အထိ မူဆလင် အစွန်းရောက် နှစ်သောင်းငါးထောင်လောက် ချီတက်ဆန္ဒပြကြရင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကို မီးရှို့ခဲ့ကြတာပါ။
အဲဒီလို မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုမှာ အနည်းဆုံးလူပေါင်း ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု စတင်ခဲ့တာက ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ မီးလောင်ကျွမ်းနေတဲ့ ကိုရမ်ကျမ်းစာဓာတ်ပုံ တွေ့ရှိရာက စတင်ခဲ့တာလို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက နာမည်ကြီး အင်္ဂလိပ်သတင်းစာ Daily Star အဆိုအရ ဆယ်ကျော်သက် လူငယ်တစ်ဦးက မီးလောင်ကျွမ်းနေတဲ့ ကိုရမ်ကျမ်းစာဓာတ်ပုံကို အမှတ်မထင် ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာပေါ် တင်လိုက်မိရာက အခုလို အကြမ်းဖက်မှုတွေ ဖြစ်စေခဲ့တာလို့ ရေးသားပါတယ်။
အခုတော့ အဲဒီလူငယ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကို လည်း ပိတ်လိုက်ပြီး သူနဲ့ သူ့မိခင်ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ အေပီ သတင်းဌာနက ရေးသားပါတယ်။
ကော့ဘဇားခရိုင် ဒုတိယအကြီးအကဲ Jashim Uddin ပြောတာက ခရိုင်အတွင်းမှာ လူ ၄ ယောက်ထက် ပိုမစုရ အမိန့်ထုတ်ပြန်ထားလိုက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အခင်းဖြစ်တဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့် ချထားလိုက်တယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ အခြေအနေကို ထိန်းချုပ်ထားလိုက်နိုင်ပေမယ့် တင်းမာမှုတွေတော့ ရှိနေဆဲလို့ ဆိုပါတယ်။
ဘင်္ဂလာဒေ့ရှ် Cox's Bazaar မှာ ဘုန်းကြီးကျောင်းအချို့ တိုက်ခိုက်ခံရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
အရှေ့တောင်ပိုင်းက Cox’s Bazaar မှာ အခု တနင်္ဂနွေနေ့ အစောပိုင်း ဒေါသဖြစ်နေကြတဲ့ ရာနဲ့ချီတဲ့
မူစလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ငါးကျောင်းနဲ့ အိမ်အချို့ကို
မီးတင်ရှို့ခဲ့ကြပါတယ်။ Facebook လူမှုကွန်ယက်မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဓာတ်ပုံတပုံကို
ဗုဒ္ဓဘာသာဝင်တဦးက ဖော်ပြခဲ့တာမို့ မူစလင်တွေဘက်က ဒေါသဖြစ်ခဲ့ကြတာပါ။
မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အဲဒီ Cox’s Bazaar မှာရှိတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင် တဦးဟာ မူစလင်တွေ အထွဋ်အမြတ် ထားတဲ့ ကိုရမ်ကျမ်းစာကို မထေမဲ့မြင်လုပ်တဲ့ ဓာတ်ပုံ ဖော်ပြခဲ့တယ်လို့ အကြမ်းဖက်မှုမှာ ပါဝင်နေတဲ့ ဒေါသထွက်နေတဲ့ မူစလင်တဦးက ပြောပါတယ်။
စနေနေ့ ညနေပိုင်းကတည်းက ဒီအတွက် မူစလင်တွေ အဲဒီမှာ ဆန္ဒပြခဲ့ကြတာပါ။ အခု တနင်္ဂနွေနေ့မှာပဲ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီလို့ ရဲတပ်ဖွဲ့ကတော့ ပြောပါတယ်။ အဖမ်းအဆီးနဲ့ အထိအခိုက် သတင်းတွေတော့ မရသေးပါဘူး။
မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အဲဒီ Cox’s Bazaar မှာရှိတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင် တဦးဟာ မူစလင်တွေ အထွဋ်အမြတ် ထားတဲ့ ကိုရမ်ကျမ်းစာကို မထေမဲ့မြင်လုပ်တဲ့ ဓာတ်ပုံ ဖော်ပြခဲ့တယ်လို့ အကြမ်းဖက်မှုမှာ ပါဝင်နေတဲ့ ဒေါသထွက်နေတဲ့ မူစလင်တဦးက ပြောပါတယ်။
စနေနေ့ ညနေပိုင်းကတည်းက ဒီအတွက် မူစလင်တွေ အဲဒီမှာ ဆန္ဒပြခဲ့ကြတာပါ။ အခု တနင်္ဂနွေနေ့မှာပဲ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီလို့ ရဲတပ်ဖွဲ့ကတော့ ပြောပါတယ်။ အဖမ်းအဆီးနဲ့ အထိအခိုက် သတင်းတွေတော့ မရသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘုန်းကြီးကျောင်းများ၊ နေအိမ်များကို မူဆလင်တို့ မီးရှို့ – Bangladesh: Muslims torch Buddhist temples, homes
မြန်မာနယ်စပ်အနီးရှိ အနည်းဆုံး ဘုန်းကြီးကျောင်း ၁၀ ကျောင်း နှင့် နေအိမ် ၄၀ ကို မီးရှို့လိုက်ကြောင်း အာဏာပိုင်တို့က တနင်္ဂနွေနေ့တွင် ပြောဆိုလိုက်သည်။
စနေနေ့ညနှောင်းပိုင်းတွင် စတင်သည့် အကြမ်းဖက်မှုသည် တနင်္ဂနွေနေ့အစောပိုင်းအထိ ကြာခဲ့ကြောင်း ကော့ဆက်ဘဇားခဒေသ ရဲချုပ် Nojibul Islam က ပြောသည်။
ထိုဒေသအတွင်း လူစုလူဝေးမှု တားမြစ်ခြင်း၊ လုံခြုံရေးအစီအစဉ်များ တိုးချဲ့ခြင်းများ ပြုလုပ်ပြီးနောက်ပိုင်း တနင်္ဂနွေနေ့ခင်းပိုင်းတွင် အခြေအနေကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားလိုက်သည်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ အနည်းဆုံး ၂၀ ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဆူပူသူတို့က ဓာတ်ပုံကို ဒေသခံ ဗုဒ္ဓဘာသာဝင် အမျိုးသားငယ်တဦးက Facebook တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြကြောင်း၊ သို့သော်လည်း ဓာတ်ပုံကို ထိုကလေးက အမှန်တကယ် ဖော်ပြခဲ့ခြင်း ရှိမရှိ အတိအကျ မသိရသေးပေ။
ဓာတ်ပုံကို Facebook တွင် မတော်တဆ ဖော်ပြမိခြင်းဖြစ်သည်ဟု ထိုကလေးက ပြောဆိုကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘင်္ဂလားဒေ့ရှ် သတင်းစာ Daily Star က ရေးသားထားသည်။
ဆူပူမှုပေါ်ပေါက်ပြီးမကြာမီမှာပင် သူ၏ Facebook အကောင့် ပိတ်သွားကြောင်း၊ သူနှင့် သူ့မိခင်ကို ရဲတို့က လုံခြုံရာသို့ ခေါ်သွားကြောင်း Daily Star သတင်းစာက ရေးသားထားသည်.
ကော့ဆက်ဘဇားခဒေသ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Joinul Bari က ပြောဆိုရာတွင် အာဏာပိုင်များက ထိုသားအမိကို ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။
မူဆလင်အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ သန်း ၁၅၀ ရှိပြီး ထိုအထဲတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ ၁% ထက် လျော့နည်းသည်။
AP သတင်းကို မိုးမခမီဒီယာက ဘာသာပြန်သည်။
၂၀၁၂ ခုနှစ်အတွင်း နယ်မြေ မတည်ငြိမ်မှုများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင်ရွှေ့ပြောင်းနေထိုင်ရသူဦးရေမှာ ပြီးခဲ့သည့် ဇူလိုင်လအထိ တိုးလာနေပြီး ၎င်းတို့အတွက် ကူညီထောက်ပံ့မှုများမှာ ၂၀၁၃ခုနှစ်အထိ လိုအပ်နေဦးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရက ပြောကြားခဲ့သည်ဟု သိရှိရသည်။
အထောက်အပံ့ ပစ္စည်းများတွင် ဦးစားပေးအဖြစ် အစားအစာထောက်ပံ့ပေးမှု၊ အသက်မွေးမှုဖန်တီးပေးမှု၊ အစားအသောက် မဟုတ်သော ပစ္စည်းများထောက်ပံ့မှု၊ စခန်းများ ဆောက်လုပ်ပေးမှု၊ ကျန်းမာရေးနှင့် အာဟာရထောက်ပံ့မှု၊ ရေသန့်ရှင်းမှု များဆိုင်ရာ အထောက်အပံ့များပေး အပ်မှု၊ ပညာရေးအတွက် သင်ကြား ရေးပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် ယာယီကျောင်းများ ဆောက်လုပ်ပေး မှု၊ ကလေးသူငယ်များဆိုင်ရာကာ ကွယ်စောင့်ရှောက်မှုတို့ကိုလုပ်ဆောင် ပေးရန်ဖြစ်သည်ဟု သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ အလှူရှင်အဖွဲ့အစည်း အသီးသီးမှ လူသားချင်းစာနာ ထောက်ထားသည့် အစီအစဉ်များအတွက် အမေရိကန် ဒေါ်လာ ၂၁ သန်း ရရှိထားပြီး ဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါငွေကြေးကို Response Plan ၏ဦးစားပေး အစီအစဉ်များအတိုင်း အသုံးချပြီးဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များအတွက် ငွေကြေး လိုအပ်မှုတွင် အစားအသောက်အတွက် လိုအပ်မှုက အများဆုံးဖြစ်ပြီး အမေ ရိကန်ဒေါ်လာ ၁၄၃ သိန်းကျော် ရှိနေကြောင်း အစီအစဉ်ထုတ်ပြန်မှုအရ သိရသည်။ မိုးရာသီကာလအတွင်း တွင် ကျိုးပျက်နေသော တံတားများနှင့် ရေကြီးမှုများကြောင့် ဒုက္ခသည် စခန်းများသို့ အထောက်အပံ့ပစ္စည်း များပေးအပ်ရန် စိန်ခေါ်မှုများရှိနေ ကြောင်းလည်း သိရသည်။
စက်တင်ဘာလအတွင်း ကွင်းဆင်းလေ့လာမှုများအရ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး အသက် ၁၈ နှစ် အောက်ကလေးများ က ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သိရသည်။
ဒုက္ခသည်စခန်းများတွင် ဆေးဝါးရှားပါးမှု၊ ခြင်ထောင်ရှားပါးမှုများနှင့် ကြုံတွေ့နေရပြီး မကြာခဏ ဖြစ်ပွားသည့် ရောဂါများတွင် ၀မ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ကြောင်း အစီအစဉ် တင်ပြချက်အရ သိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook:
Sa
Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment