ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းပေါင်းချုပ် သြစတြေးလျမှာ ဖြန့်ချိ


ဒေါ်စု မိန့်ခွန်းပေါင်းချုပ်စာမူကို  ထိုင်းနိုင်ငံမှာရိုက်နှိပ်ပြီး သြစတြေလျနိုင်ငံမှာ ဖြန့် ချိမှာဖြစ်ပါတယ်။ ထုတ်ဝေသူကတော့ သြစတြေလျနိုင်ငံ The Trustee for Building Brighter Burma Trust က ဒေါက်တာမနုရီ  ဖြစ်ပါတယ်။ စာအုပ်ဒီဇိုင်းကိုသီဟမောင်မောင်ကပြုလုပ်ပေးပြီး စာမျက်နှာ ၄၅၇ရှိပါတယ်။ ၁၉၈၈သြဂုတ်လက ရွှေတိဂုံစေတီတော် လူထုအစည်းအဝေးပွဲ၌ ပြောခဲ့သောမိန့် ခွန်းမှ နောက်ဆုံး၂၀၁၂စက်တင်ဘာ၂၇နေ့က Yale တက္ကသိုလ်၌ ပြောခဲ့သော ဒေါ်စုမိန့် ခွန်းအထိ ထည့်သွင်းထား ပါတယ်။ စာအုပ်ကို အောက်တိုလကုန် စတင်ဖြန့် ချိမှာဖြစ်ပါတယ်။

ဝယ်ယူရမဲ့လိပ်စာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
The Trustee for Building Brighter Burma Trust
ABN:33 498 300 132
Fax: +61 2 96661 8472
http://buildingbrighterburma.comဖြစ်ပါတယ်။

တအုပ်ကို US ဒေါ်လာ၁၅ကျပြီး၊ သြစတြေလျနိုင်ငံတွင်းဆို ပို့ ခပေးရန်မလိုပါ။ အခြားနိုင်ငံများက မှာယူရင်တော့ ပို့ ခကိုထပ်ဆောင်းပေးရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ နယ်စပ်မှာ နေထိုင်တဲ့ မိုးမခရဲ့ ပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်က မိုးမခမီဒီယာရဲ့ ရန်ပုံငွေအတွက် အမေရိကန်ပြည်တွင်းမှာ ရိုက်နှိပ်ထုတ်ဝေဖို့ ခွင့်ပြုတယ်လို့လည်း ပြောကြားပါတယ်။ မြန်မာပြည်တွင်းမှာ စာအုပ်အနေနဲ့ ထုတ်ဝေနိုင်ဖို့ကိုလည်း ဆန္ဒရှိကြောင်း ပြောဆိုလိုက်ပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment