မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၀၅ ၊ ၂၀၁၂


စင်္ကာပူ၌ မြန်မာ့သီးနှံထွက်ကုန်ပြပွဲ ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်


စင်္ကာပူနိုင်ငံ၌ မြန်မာ့သီးနှံထွက်ကုန်ပြပွဲအား ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့၌ သွားရောက်ပြုလုပ်မည်ဖြစ်ပြီး ပြပွဲဝင်ရောက်ပြသရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ စာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သတင်းရရှိသည်။
အဆိုပါ ပြပွဲအား မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မာလာမြိုင်ကုမ္ပဏီတို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပြည်ပဈေးကွက်၌ မြန်မာ့ထွက်ကုန်သီးနှံ ဈေးကွက်ရရှိရန်နှင့် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။



ဒိုဟာ-ရန်ကုန် ခရီးစဉ် ကာတာ အဲဝေးစ် ပြေးဆွဲမည်

 

ဒိုဟာ-ရန်ကုန် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ကာတာ အဲဝေးစ်က ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ ကာတာ အဲဝေးစ်က ဒိုဟာ-ရန်ကုန် ခရီးစဉ်ကို ၂၀၀၈ ဇန်နဝါရီလက ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ်မှ EVA အဲဝေးစ်သည်လည်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်-ဘန်ကောက်-တိုင်ပေ ခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment