၈၈ သတင်းများ အောက်တိုဘာ ၀၃ ၊ ၂၀၁၂
မိမိနေထိုင်ရာ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ ကိုမင်းကိုနိုင် ပြောကြား
ငြိမ်းချမ်းရေးနဲ့ပွင့်လင်း
လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့
လူထုတွေ့ဆုံပွဲ မိထ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာခမ်းမမှာ မနေ့ကကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က -" ကျွန်တော်တို့ ၈၈ ကျောင်းသားတွေ အနေနဲ့တော့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြား ဆက်ဆံတာမျိုးကို လုံးဝ လက်မခံပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ထဲကို ဘိုးစဉ်ဘောင်ဆက်ထဲက အခြေချ နေထိုင်ပြီးတော့
ဟော့ဒီမြေ ဟော့ဒီရေဟာ ငါတို့ပြည် ငါတို့မြေ။ ငါတို့ဟာ အခွင့်အရေးကြီး ပဲ တောင်းဆိုနေမှာ မဟုတ်ဘူး။ အရေးကြုံရင် ဒီမြေ ဒီရေ အပေါ်မှာ သစ္စာစောင့်သိပါမယ် ဆိုတဲ့ အသိတရားလည်း ရှိဖို့လိုပါတယ်။ "
- လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။
၅ ရက်ကြာမြင့်မယ့် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်အတွင်း ကျောက်ဆည်၊ သဲတော၊ ၀မ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ဘုရားငါးဆူနဲ့ ယင်းမာပင်မြို့တွေကို သွားရောက်မှာဖြစ်ပြီး မြို့ခံလူထုတွေနဲ့
တွေ့ဆုံမှာ ဖြစ်ပါတယ်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment