တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်
See results
မြန်မာ သတင်းများ အောက်တိုဘာ ၂၂ ၊ ၂၀၁၂
ဥပဒေနဲ့ မညီ မသဲကွဲလည်း ခွထိုင်လို့ ရပါတယ်
သမ္မတဦးသိန်းစိန် ဒု-သက်တမ်းအတွက် စဉ်းစားမည်
အမေရိကန်ရဲ့ စစ်ရေးနည်းပညာ အကူအညီ လိုချင်ဟု ဦးသိန်းစိန် ပြော
အမေရိကန်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာရန် မြန်မာကို ဖိတ်ရန် စဉ်းစားနေပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကလည်း ပြောသည်။ အင်အား တသောင်းကျော်ပါဝင်မည့် ယင်းစစ်ရေးလေ့ကျင့်မှုကို တခြား အာရှ နိုင်ငံတွေလည်း ပါဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံက အမေရိကန်ကို မြန်မာအား ဖိတ်ကြားရန် ကြားဝင် တိုက်တွန်းနေခဲ့သည်။ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့်နိုင်ငံများ အားလုံး သဘောတူညီမှုလိုကြောင်း ပြောဆိုထားသည်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကမူ ယင်းသတင်းအပေါ် ၎င်းအနေနှင့် သတင်းအချက် အလက် တစုံတရာ မရရှိသေးကြောင်း ဆိုသော်လည်း မကြာသေးမီက အမေရိကန် ကာကွယ်ရေး လက်ထောက် ၀န်ကြီးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရပ်သား ထိန်းချုပ်သည့် စစ်တပ်၏ အခန်းကဏ္ဍ အပါအ၀င် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်းသွားကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကလည်းက မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ လျော့ချသွားရန်ရှိပြီးအင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ဥပမာပေး ပြောဆိုသွားသည်။သို့ရာတွင် တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ လျော့ချရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မပြင်ဆင်ရေးနှင့် ပတ်သက်နေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်မူ မိမိတဦးတည်းဆန္ဒနှင့် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။ သမ္မတ၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းသမား တရာကျော် တက်ရောက်ခွင့်ပြုခဲ့ပြီး ၂ နာရီကျော်ကြာ စိတ်ရှည်လက်ရှည်ဖြင့်ဖြေကြားပေးခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပြီးသတ်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် မျှော်လင့်
မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု
မြှင့်တင်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတရပ်ကို မကြာခင်ရက်ပိုင်းအတွင်းမှာပဲ
ချမှတ်နိုင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်ပါတယ်။
ဒီဥပဒေပြဌာန်းနိုင်ဖို့ လုပ်ဆောင်နေတာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး လွှတ်တော်မှာ
လအတော်ကြာ ညှိနှိုင်းဆွေးနွေး ငြင်းခုံမှုတွေ လုပ်ခဲ့ရသလို လွှတ်တော်နဲ့
သမ္မတရုံးတွေမှာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပေမဲ့ မကြာခင်ရက်ပိုင်း အတွင်းမှာပဲ
အပြီးသတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း တရပ် ထွက်ပေါ်လာတော့မှာ
ဖြစ်ကြောင်း တနင်္ဂနွေနေ့ ပြည်တွင်း သတင်းမီဒီယာတွေနဲ့ နေပြည်တော်
တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့လို့သိရပါတယ်။
Myanmar Independent ဂျာနယ်မှမေးမြန်းခဲ့သော "တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်တဲ့ စီမံကိန်းတော်တော်များများကို မြန်မာပြည်သူတွေက မကျေနပ်ကြဘူး။ သမ္မတကြီးကိုယ်တိုင်လည်း မြစ်ဆုံစီမံကိန်းကို ရပ်ထားတယ်။ အခုလက်ပံတောင်းတောင် စီမံကိန်းကိုလည်း ပြည်သူတွေက ဆန့်ကျင်တယ်။ ရှေ့ဆက်တရုတ်နိုင်ငံနှင့် စီးပွားရေးမည်ကဲ့သို့ လုပ်ဆောင်သွားမည်နည်း"ဟူသော မေးခွန်းကို ဖြေကြားရာ၌မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် နေပြည်တော် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားချိန်၌ အကူအညီပေးမှုများရှိခဲ့သည့်အတွက် ကျေးဇူးရှိသောနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။
အိုအိုင်စီ ရုံးဖွင့်ခွင့်မပြုလို့ သမ္မတ ထပ်မံကတိပေး
ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေးကော်မရှင်ထံမှ အကြံပြုချက်များ မရှိသေးဟုဆို
ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင်ထံမှ အကြံပြုချက်များ မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
Favourite News မှ အယ်ဒီတာချုပ် ဖိုးသောကြာ မေးမြန်းသည့် "တစ်ပါတီစနစ်အုပ်ချုပ်ရေး၊ ၁၉၄၇ခုနှစ် အခြေခံဥပဒေ၊ အစိုးရလမ်းစဉ်ပါတီနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ အုပ်ချုပ်ရေးစနစ်များမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ် မေလ ၁၉ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွက် တပ်မတော်၏ အင်အားကို ထိုစဉ်က အခြေအနေများအရ မုချလိုအပ်ချက်တစ်ခုအဖြစ် အချုပ်အခြာအာဏာကို ကျင့်သုံးရာတွင် ပါဝင်ရန် ထည့်သွင်းပြဌာန်းထားသည်ဟု နားလည်ကြပါတယ်။ သို့ပါ၍ ဒီမိုကရေစီစနစ်သို့ အလျှင်အမြန် ကူးပြောင်းလာသည်နှင့်အမျှ လွှတ်တော်အဆင့်ဆင့်တွင် အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်များက အလိုအလျောက် ပါဝင်မှုရာခိုင်နှုန်းကို တစ်ဆင့်ချင်းလျှော့ချပေးရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်အဆင့်ဆင့်တွင် လည်းကောင်း စဉ်းစားနိုင်ပါမည်လား" ဆိုသည့်မေးခွန်းကို ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတို့၊ ဘာတို့ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့က အစပေါ့လေ။ ဒီကနေ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံရဲ့ဦးဆောင်မှု အပိုင်းကဏ္ဍမှာ တပ်မတော်ကိုလည်း ပါဝင်ခွင့်ပေးထားပါတယ်။ ယူနီဖောင်းကြီးနဲ့ လွှတ်တော်ထဲမှာ ၀င်ထိုင်နေတယ်ဆိုပြီးတော့ ဒီလိုကျွန်တော်တို့ မြင်ကြမှာပါ။ သို့သော်လည်းပဲ နိုင်ငံရေးရာကိစ္စတွေကို အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကူညီပြီးတော့ ဆောင်ရွက်ပေးတဲ့ သဘောပဲဖြစ်ပါတယ်။ သူ့ကိုတော့ ဒီမိုကရေစီ ရင့်သန်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ လျော့သွားစရာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ပါဘူး။ အင်ဒိုနီးရှားတို့၊ ဘာတို့လည်း ဒီအတိုင်းပဲ လုပ်သွားတာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ ပထမဆုံးတွေ့ဆုံပွဲပြုလုပ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အခွင့်အလမ်းပေးထားပြီးဖြစ်ကြောင်းနှင့် ပြင်ရေး၊ မပြင်ရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ ပထမဦးဆုံးအကြိမ် တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင်၌ ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းမီဒီယာများနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များအပါအ၀င် စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အခွင့်အလမ်းပေးထားပြီး ဖြစ်ကြောင်းနှင့် ပြင်ရေး၊ မပြင်ရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က Eleven Media Group မှ ကိုဝေဖြိုး(အယ်ဒီတာချုပ်)၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။
''ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး၊ မပြင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးထားပြီးဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါသည်။
အိုအိုင်စီရုံး မဖွင့်လှစ်ရေး ဆန္ဒပြပွဲတွေ
နိုင်ငံရေး အကျဉ်းသားဟောင်းများကော်မီတီ ဖွဲ့မည်
ဒီလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းနိုင်မယ်ဆိုရင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်ကို တိတိကျကျသိရှိနိုင်ပြီး အခြားလှုပ်ရှားမှုတွေလည်း တစ်စုတစ်စည်းထဲ လုပ်လာနိုင်မယ်လို့ ကော်မတီ အဖွဲ့ဝင် ကိုညိုထွန်းက မီဒီယာ ကို ပြောပါတယ်။ ဒီပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း (၁၅၀)ကျော် တက်ရောက်ခဲ့ပါတယ်။ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနဲ့ ဆင်းရဲ့တဲ့ အခြေခံကျောင်း (၁၁)ကျောင်း ကို ကျပ် (၇၂) သိန်းဖိုး စာရေးကိရိယာပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ် မြန်မာနိုင်ငံတွင်ထုတ်ဝေ
မြန်မာပြည်က HIV ဝေဒနာရှင်တွေရဲ့ ဆေးဝါးအခက်အခဲ
မြန်မာနိုင်ငံမှာ HIV/AIDS ခုခံအား ကျဆင်းတဲ့ရောဂါ ဝေဒနာ ခံစားနေရတဲ့သူ ခန့်မှန်းချေ ၂ သိန်း ၄ သောင်း လောက် ရှိပါတယ်။ ဒါပေမဲ့ ဒီအရေအတွက် တ၀က်လောက်ဟာ ဆေးဝါးကုသမှု မရကြဘဲ ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရသူတွေ လောက်သာ ကုသမှုတွေကို ရရှိကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက HIV/AIDS ရောဂါဝေဒနာရှင်တွေရဲ့ ဘ၀ အခြေအနေတွေကိုတော့ စုစည်း တင်ပြထားပါတယ်။
ရန်ကုန်မြို့ပြင်မှာရှိတဲ့ HIV ဝေဒနာသည်တွေကိုကူညီတဲ့ ဂေဟာတခုက ဆောက်ထားတဲ့ အဆောက်အဦး ငယ်လေး နှစ်ခုထဲမှာ ကျပ်ကျပ်သိပ်သိပ် ခိုလုံနေကြတဲ့ အိပ်ခ်ျအိုင်ဗွီဝေဒနာရှင် ၂၀၀ မှာ အတော်များများကတော့ သေဖို့အတွက် စောင့်နေရုံ သက်သက်လို ဖြစ်နေပါပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကူအညီနဲ့ ဖွင့်ထားတဲ့ ဒီ အိပ်ခ်ျအိုင်ဗွီ ရောဂါသည်တွေ ခိုကိုးရာ ဂေဟာမှာ ဆရာဝန်တွေ၊ သူနာပြု ဘယ် ဆေးဝန်ထမ်းမှာ ရှိမနေပါဘူး။ ဝေဒနာရှင်တွေ အချင်းချင်း ကူညီရိုင်းပင်းပြီး နေထိုင်နေကြရတာ ဖြစ်ပါတယ်။
မိဘတွေ သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ ဝေဒနာရှင် ကလေးငယ်တွေလည်း လူတွေ ပြည့်သိပ် မွမ်းကျပ်နေတဲ့ အခန်းလေးတွေထဲမှာပဲ ဖိနပ်မပါ ဆော့ကစားနေကြတာပါ။ ဖျားနာနေတဲ့သူတွေ၊ တချို့ဆိုရင် အသက်ရှူနေတာက လွဲလို့ လူသေရုပ်ကြွင်းတပိုင်း ဖြစ်နေကြတဲ့သူတွေလည်း ကြမ်းပြင်ပေါ်မှာ တန်းစီပြီး လဲလျောင်းနေကြရတာပါ။ ဒီလူတွေကို အနားမှာ ပြုစုစောင့်ရှောက်ပေး နေကြတဲ့ သူတွေ ကိုယ်တိုင်ကလည်း ဒီရောဂါ ကူးစက်ခံထား ရသူတွေပါ။ အနားမှာ နာရီနဲ့ချီ ထိုင်ပြီး ယပ်ခပ်ပေးရုံ၊ ကူညီလုပ်ကိုင်ပေး ရုံကလွဲလို့ သူတို့တွေလည်း ဘာမှ မလုပ်ပေးနိုင်ကြပါဘူး။
အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီး အမြင်မကျယ်နိုင်သေးဘဲ ခွဲခြား ဆက်ဆံမှုတွေ များဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီလို ဝေဒနာရှင်တွေအတွက် ကူညီစောင့်ရှောက်ရေး ဂေဟာတွေကသာ အကောင်းဆုံးနဲ့ တခုတည်းသော ခိုလုံရာ နေရာ ဖြစ်ပါတယ်။ ဒီဂေဟာတွေက ဝေဒနာရှင်တွေကို အသက်အရွယ်မရွေး ကူညီ စောင့်ရှောက် ပေးပါတယ်။ ခင်ပွန်းဖြစ်တဲ့သူ ဖျားနာပြီး အိပ်ခ်ျအိုင်ဗွီ ရောဂါ ရှိနေတယ် ဆိုတဲ့နောက် သူကိုယ်တိုင်မှာလည်း ဒီရောဂါ ရှိနေပြီဆိုတာကို သိလိုက်ရတဲ့ အသက် ၃၆ နှစ်အရွယ် ရောဂါသည်တစ်ဦးက သူ့ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။
“ကိုယ်တွေ ဒီဆေးတွေကို သောက်နေပေမဲ့ ဆိုးကျိုးတွေနဲ့ ကြုံသွားရင် ဒီကလေးတွေ အတွက်ကို စိုးရိမ်တာ။”
သူ့မှာက ၆ နှစ်ရွယ် နဲ့ ၆ လသာ ရှိသေးတဲ့ ကလေးငယ် နှစ်ယောက် ရှိနေတာပါ။
ဒီလိုပဲ အိပ်ခ်ျအိုင်ဗွီ ဂေဟာမှာပဲနေထိုင်ရင်း သူတို့ရဲ့ ကလေးငယ်ကို မွေးခဲ့တဲ့ ဝေဒနာရှင် ဇနီးမောင်နှံ ကလည်း သူတို့ ကလေးငယ် နောင်ရေး စိုးရိမ်နေတာပါ။
“ကိုယ်တွေကတော့ ဖြစ်တဲ့သူ ဆိုတော့ ဖြစ်တဲ့အတိုင်းပေါ့။ ကလေးကတော့ ကိုယ်အသက်ရှင်တဲ့ ကာလပတ်လုံး လုပ်ပေးနိုင်သလောက် အဆင့်ထိတော့ လုပ်ပေးသွားမယ်။”
အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကုသပေးတဲ့ အေအာဗွီ ဆေးဝါးဟာ အရင်က အနောက်နိုင်ငံတွေမှာ သာ သုံးနိုင်တာ ဖြစ်ပေမဲ့လို့ အခုတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာလည်း ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်လို့ရနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ခ်ျအိုင်ဗွီ ရောဂါဟာ တချိန်က အာဖရိက ဒေသမှာ ကလေးငယ်ပေါင်း ထောင်နဲ့ချီကို မိဘမဲ့စေခဲ့တဲ့၊ လူတွေ အများအပြားကို သတ်ခဲ့တဲ့ ရောဂါအဖြစ် ရှိမနေတော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ ကတော့ ထူးခြားတဲ့ ဖြစ်ရပ်တခု အနေနဲ့ ဒီဆေးဝါးရှားတဲ့ နေရာတခု ဖြစ်နေတာပါ။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်မှာ အမှောင်ဖုံးခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ သန်း ၆၀ ကျော် လူထုအတွက်တော့ တခြား အကူအညီလိုအပ်တဲ့ နိုင်ငံတွေမှာလည်း နိုင်ငံတကာ အကူအညီတွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ဆေးဝါးနဲ့ ကုသရေး ၀န်ဆောင်မှုတွေ မရှိသလောက် ဖြစ်နေရတာပါ။
ဒါကြောင့်လည်း ခုလို အိပ်ခ်ျအိုင်ဗွီ ဂေဟာတွေမှာ နေထိုင်ပြီး ရောဂါသည် အချင်းချင်း ဖေးမ ကူညီမှုတွေနဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် အများအပြား နေထိုင်နေကြရတာပါ။
“ဒီမှာကတော့ ၀ိုင်းလုပ်ဝိုင်းစား အချင်းချင်း ကူညီခြင်းပါပဲ။ ၀ိုင်းလုပ်ဝိုင်းစားပါပဲ။ ကောင်းသွားတဲ့ လူနာတွေက မကောင်းသေးတဲ့ လူနာတွေ အပေါ်မှာ ကူညီမှု များစွာနဲ့ ကိုယ်ချင်းစာနာစိတ် များစွာနဲ့ ကူညီပေးရပါတယ်။ ဒါဟာ ဒီက လုပ်ငန်းတခုပါပဲ။”
သူကိုယ်တိုင် ရောဂါ ခံစားနေရပြီး အိပ်ခ်ျအိုင်ဗွီ ရောဂါ ကူးစက်ခံထားရတဲ့ မိဘမဲ့ ကလေးငယ် တဦးကို လည်း မွေးစားထားတဲ့ ဝေဒနာရှင်တဦး ပြောသွားတာပါ။
မြန်မာနိုင်ငံဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေအတွက် အခက်ခဲဆုံး တိုင်းပြည်တခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းခဲ့တဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု စနစ် ပြန်လည် ကောင်းမွန်အောင် တည်ဆောက်ဖို့ နှစ်တွေ အတော်ကြာ အချိန်ယူရဦးမှာ ဖြစ်တယ် လို့ ကျန်းမာရေး ပညာရှင်တွေကလည်း သတိပေး ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး ဆေးဝါး ကုသမှု လိုအပ်နေတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် ၇၅ % အတွက် အကူအညီတွေ ရအောင် လမ်းဖွင့်ပေးဖို့နဲ့ နိုင်ငံတကာကနေ အကူအညီတွေ တိုးမြင့်တောင်းခံဖို့ Global Fund အဖွဲ့က တိုက်တွန်းနေပါတယ်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ကလည်း နိုင်ငံထဲက ဝေဒနာရှင် တ၀က်ကျော် အတွက် ဆေးဝါး ဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ကြိုးစားမှုတွေ ရှိနေပေမဲ့လို့ အကူအညီတွေကတော့ လိုအပ်သလောက် မပြည့်မီနိုင်ဘဲ ဖြစ်နေတာပါ။
မြန်မာနိုင်မှာ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် ခန့်မှန်းချေ ၂ သိန်း ၄ သောင်းလောက် ရှိပြီး သူတို့ထဲက တ၀က်ကျော်ဟာ ဆေးဝါးကုသမှု မရကြဘဲ၊ နှစ်စဉ် အိပ်ခ်ျအိုင်ဗွီ ရောဂါကြောင့် သေဆုံးသူ ၁ သောင်း ၈ ထောင် ရှိတယ်လို့ UNAIDS အဖွဲ့က ဆိုပါတယ်။
MSF အဖွဲ့က ဖွင့်ထားတဲ့ ဆေးခန်း ၂၃ ခုမှာ ဆေးဝါး မလုံလောက်မှုကြောင့် နေ့စဉ် ဆေးခန်း ကနေ ပြန်သွားခိုင်းနေရတဲ့ လူနာတွေ အများအပြား ရှိနေပါတယ်။ မဖြစ်မနေ ဆေးဝါး ကုသမှု ခံဖို့ လိုအပ်တဲ့အဆင့်ကို သွေးထဲမှာ ဒီရောဂါ ခံနိုင်ရည်အား သတ်မှတ်တဲ့ CD4 ၁၅၀ ရှိတဲ့ သူတွေကိုပဲ အဓိက လက်ခံ ကုသပေးနိုင်တာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကို ကြည့်ပြီး လူနာတွေကို ပြန်လွှတ်ဖို့ ဆုံးဖြတ်ရတာ တကယ်တော့ နာကျင်စရာ ကောင်းတယ်လို့ MSF အဖွဲ့ တာဝန်ခံ တဦးဖြစ်တဲ့ ဒေါက်တာ သင်းသင်းသွယ် က ပြောပါတယ်။
“လူနာတွေကို လက်ခံ ကုသမှု မပေးနိုင်လို့ နေ့စဉ် ကျမတို့ ပြန်သွားခိုင်းနေရတာတွေ ရှိပါတယ်။ ဒါက သူတို့တွေ တနေ့တခြား ရောဂါဝေဒနာဒဏ် ပိုပြီး ခံစားခွင့် ပေးလိုက်ရ သလိုပါပဲ။ သူတို့ရဲ့ ခံနိုင်ရည်အား CD4 ၁၅၀ အောက် ကျသွားပြီးရင် ဒီလူတွေ အသက်ရှင်ခွင့်ရမယ် မရဘူး ကျမတို့လည်း မသေချာပါဘူး။ ဒီ အခြေအနေက ကျမတို့အတွက် အဓိက စိန်ခေါ်မှုပါ။ CD4 ၁၅၀ အထက် ရှိတဲ့ ဝေဒနာရှင်တွေကို ပြန်လွှတ်ဖို့ ဆုံးဖြတ်ရတာ ကျမတို့အတွက်လည်း သိပ်ကို နာကျင်ရပါတယ်။” - လို့ ဒေါက်တာ သင်းသင်းသွယ်က ပြောသွားတာပါ။
ရန်ကုန်မြို့ တခုတည်းမှာတင် လစဉ် ဆေးကုသမှုခံသင့်တဲ့ ဝေဒနာရှင် ၁၀၀ လောက် ဆေးကုသမှု မရဘဲ ဖြစ်နေတယ်လို့ MSF အဖွဲ့က ပြောပါတယ်။ ခုလို ဆေးဝါး ကုသမှု မရတာက သူ့ကို အကြီးအကျယ် စိတ်ထိခိုက်မှု ဖြစ်စေတယ်လို့ ဒီရောဂါ ကူးစက်ခံနေရတဲ့ အရာခံဗိုလ်တဦး က ပြောပါတယ်။
“ဆေးမသောက်ရတော့ ရေရှည်မှာ ရပ်တည်ဖို့ မလွယ်တော့ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကိုယ်ခံအားက ပြောမယ်ဆိုရင် တနေ့တကြိမ် ကျ ကျလာတာကိုး။ အဲဒီတော့ ကိုယ်ခံအားကျမယ် ဆိုရင် သူများတန်းတူ မလုပ်နိုင်ဘူး။ မလုပ်နိုင်ရင် တပ်က ထွက်ရတော့မယ်။ တပ်က သိသွားရင်တော့ ထွက်ရတာကတော့ သိပ်တော့ ဘာမှ မပြောပလောက်ပေမဲ့ ဘာဖြစ်မလဲဆိုရင် အရှက်ကွဲမှာပေါ့နော်၊ လူကြားထဲမှာ။”
သူ ဒီရောဂါ ခံစားနေရတယ်ဆိုတာကို လူတွေ မသိစေဖို့မှာ ဆေးဝါး ကုသမှုရဖို့က သူ့အတွက် အရေးကြီးနေတာပါ။ ပထမအကြိမ် ဆေးစစ်မှုမှာ သူ့ရဲ့ ခံနိုင်ရည်အား CD4 ၄၆၀ ရှိခဲ့ပြီး ဒုတိယအကြိမ် စစ်ဆေးမှုမှာတော့ ၂၈၉ သာ ရှိခဲ့တယ်လို့ အဲဒီ အရာခံဗိုလ်က ပြောပါတယ်။ အမေရိကန် လို နိုင်ငံမျိုးမှာ CD4 ၄၀၀ ရောက်နေပြီ ဆိုရင် ဒါကို မဖြစ်မနေ ဆေးဝါးကုသမှု ယူရမယ့်အဆင့်လို့ သတ်မှတ်ပေမဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာတော့ ဒီအဆင့်လောက် နဲ့ ဆေးဝါးကုသမှု မရကြပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက အိပ်ခ်ျအိုင်ဗွီ ရောဂါ ဝေဒနာသည်တွေ အတွက် ဆေးကုသမှု ခံရဖို့အတွက် စောင့်ဆိုင်းရတာဟာ တကယ့်ကို စိတ်ဖိစီးစရာ ကိစ္စတခုပဲ ဖြစ်ပါတယ်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment