ကွယ်လွန်သူ ဗိုလ်ချုပ်ကျော်ဇော သို့
By မောင်စွမ်းရည်


ပြည်သူ့ ကျော်ဇော၊ ဘကျော်ဇောအတွက်
နှုတ်ဆက်ကဗျာ ပူဇော်ပါ့အံ့။
နယ်ချဲ့ဆန့်ကျင်၊ တိုက်ပွဲဝင်သူ။
ဖက်ဆစ်ဂျပန်၊ တော်လှန်ခဲ့သူ။
ကျူးကျော်တရုတ် တိုက်ထုတ်ခဲ့သူ။
တော်လှန်တပ်မတော် ဖော်ဆောင်ရာမှာ
ဦးဆောင်ပါသူ။
မှိုင်းနဲ့အတူ ဒို့ပြည်လွှတ်သူ
ခေတ်အဆက်ဆက် ပြည်သူ့ဖက်က လက်နက်ကိုင်သူ။
ထိုသူသည်ကား …
ဘ၀တပါးသို့ ပြောင်းသွားခဲ့ပြီ
ကြယ်နီအဖြစ် မိုးပြာမြင့်သို့
လွင့်တက်သွားပြီ။
ထိုကြယ်နီသည်
ကမ္ဘာတည်သရွေ့ မြန်မာပြည်အတွက်
ကြယ်နီလမ်းပြ ဖြစ်စေသတည်း။
ကဗျာဆရာ ဒို့သူငှာလည်း
ကမ္ဘာဆက်ဆက် ဘ၀ဆက်ဆက်
ဒို့ဘသက်ရှည် ကြယ်နီနီကို
ကြည်ညိုဖော်ညွှန်း မော်ကွန်းကဗျာ
ရေးသည်ကာလည်း ပါရမီဖြည့်ဖက်
တော်လှန်ဖက်ဟု ရဲဘက် ရဲဘော်
ဖြစ်စေသော်။     ။

မောင်စွမ်းရည်
(၂၀၁၂၊ အောက်တိုဘာ ၁၃)

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment