Eleven Media Group ကို အာရှသတင်းကွန်ရက် (ANN) ၏ အဖွဲ့ဝင်အဖြစ် လက်ခံ

Eleven Media Group ကို အာရှသတင်းကွန်ရက် (ANN) ၏ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း Eleven Media Group ၏ Managing Director ဒေါက်တာသိန်းမြင့်က အောက်တိုဘာလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

Eleven Media Group ကို အဖွဲ့ဝင်အဖြစ်  လက်ခံရန် အာရှသတင်းကွန်ရက် (ANN) ၏ အယ်ဒီတာများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

''Eleven Media Group က သတင်းတွေနဲ့ ပတ်သက်လို့ရှိရင် အရည်အသွေးအရရော၊ အရေအတွက်အရပါ ထူးကဲပြောင်မြောက်လှပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ Eleven Media Group ကို ANN ရဲ့ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သဘောတူပါတယ်''ဟု ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ The Daily Yomiuri မှ Taka က ပြောကြားခဲ့သည်။

အာရှသတင်းကွန်ရက် (ANN) ကို အာရှဒေသတွင်း ၁၈ နိုင်ငံမှ နာမည်ကြီးသတင်းစာ ၂၁ စောင်ဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး (The Daily Star - ဘင်္ဂလားဒေ့ရှ်)၊ (KUENSEL - ဘူတန်)၊ (The BRUNEI TIMES - ဘရူနိုင်း)၊ ကမ္ဘောဒီးယား (Rasmei Kampuchea)၊ (China Daily - တရုတ်)၊ (The China Post -  ထိုင်ဝမ်) ၊ (The Statesman - အိန္ဒိယ)၊ (The Jakarta Post -  အင်ဒိုနီးရှား)၊ (The Daily YOMIURI, The YOMIURI SHIMBUN - ဂျပန်)၊ (Vientiane Times -  လာအို)၊ (THE KATHMANDU POST -  နီပေါ)၊ (SIN CHEW DAILY - မလေးရှား) (STAR - မလေးရှား)၊ (DAWN -  ပါကစ္စတန်)၊ (PHILIPPINE DAILY INQUIRER -  ဖိလစ်ပိုင်)၊ (The STRAITS TIMES -  စင်ကာပူ)၊ (The Island -  သီရိလင်္ကာ)၊ (The Korea Herald -  တောင်ကိုရီးယား)၊ (The Nation -  ထိုင်း)၊ (Viet Nam News - ဗီယက်နမ်) တို့ ပါဝင်သည်။

Eleven Media Group  နှင့် ထိုင်းနိုင်ငံအခြေစိုက် The Nation Multimedia Group တို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ The Nation Multimedia Group ၏ အကူအညီဖြင့် Eleven Media Group မှပေးပို့သည့် မြန်မာနိုင်ငံ၏ ထူးခြားသတင်းဖြစ်စဉ်များကို အာရှသတင်းကွန်ရက် (ANN) တွင် လတ်တလော၌ ဖော်ပြလျက်ရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် အာရှသတင်းကွန်ရက် (ANN) ၏ ANN' Coordinators အစည်းအဝေးတွင်လည်း Eleven Media Group မှ အယ်ဒီတာများက Eleven Media Group  နှင့်  
www.elevenmyanmar.com  အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်သစ်ကို မိတ်ဆက်ရှင်းလင်းခဲ့သည်။

www.elevenmyanmar.com ဝက်ဘ်ဆိုက်သည် မြန်မာနိုင်ငံ၏ နောက်ဆုံးရသတင်းများကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများ ဖတ်ရှုနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဖေါ်ပြသွားမည့် ဝက်ဘ်ဆိုက်ဖြစ်သလို အဆိုပါဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်း၊ သင်ပုန်းကွန်ပျူတာများမှ တစ်ဆင့် ဖတ်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။

ယင်း
www.elevenmyanmar.com  ဝက်ဘ်ဆိုက်သစ်ကို မြန်မာနိုင်ငံတွင် Soft Opening အဖြစ် ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး လွှင့်တင်ထားပြီးဖြစ်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment